EZY Way - Ticketing Service
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from EZY Way - Ticketing Service, Ticket sales, 383, Bo Thon Street, 51 Ward, NorthDagon, Yangon.
22/07/2023
EZ Way - Ticketing Service ကို အလည်တခေါက်ဝင်ကြည့်သူများ အားလုံးကို နှုတ်ခွန်းဆက်သပါတယ် 🌻🌻
ဆက်ပါမယ်နော်
လေကြောင်းလိုင်းတွေလား
အရင်တုန်းကတော့ BAC လို့ ခေါ်တဲ့ မြန်မာ့လေကြောင်းပေါ့ကွယ် ခုခောတ် အခေါ်ဝေါ်ကတော့ MAI (Myanmar Airways International)၊ MNA (Myanmar National Airline) ပေါ့
ခုကတော့ မြန်မာနိုင်ငံ အနေထားနဲ့ဆိုရင် အများကြီးပါ အရီးစဉ် အများဆုံး ပြေးဆွဲနေတာကတော့ Air KBZ ပေါ့ ၊ Manyadanabon၊ Golden Myanmar ၊ Air Thanlwin ၊ ရှိပါသေးတယ်
ဘယ်ဟာ safe ဖြစ်သလဲ မမေးပါနဲ့ အားလုံး အဟောင်းတွေပါ😥😥 ၊ လေယာဉ်မှူးကြီးတွေ အားလုံး ကျွမ်းကျင် တော်ကြပါတယ်၊ ဗုဒ္ဓဘာသာ ကို အများကိုးကွယ်တဲ့ နိုင်ငံဖြစ်တာကြောင့်လား တကယ်ကို ဘုရားမပါတယ်၊
ဘယ်လ ဘယ်နေရာ ဘယ်အချိန် သွားသွား ကိုယ်စီးချင်တဲ့ flight ၊ schedule နဲ့ သွားမယ့်ရက် ကို နည်းနည်းတော့ flexible ဖြစ်ရပါမယ်၊ ဥပမာ ဈေးသက်သာချင်ရင် ကြိုတင်ရမယ် Airline သိပ်ရွေးနေလို့မရဘူး ၊ promotion seat ရှိသေးတဲ့ ရက်သွားရပါမယ် ၊ မိမိက အရေးကြီး မနက်ဖန် သွားမှ ဖြစ်မှာမျိုးကတော့ ဈေးရော airline ရော schedule ရော ရွေးပိုင်ခွင့် အရမ်းနည်းသွားပါပြီ ရတဲ့ Flight ဘဲ လက်ခံရမှာဖြစ်သလို Go Show ဆင်းသင့် ဆင်းရတော့မှာပါ (လေဆိပ် counter မှာ walk in လက်မှတ်ဖြတ်ခြင်း)
အများကြီးဆို အချိန်ကုန်မှာမို့ ဒီမှာ ခဏ နားပါရစေ။
ပြင်ပရာသီဥတု ကြည်ကြည်လင်လင် ဆိုတော့ flight က ငြိမ့်ငြိမ့်ညောင်းညောင်းပေါ့
လိုအပ်တာလေးတွေ ဖြည့်စွက်ပေးကြပါ
ကျေးဇူးတင်စွာဖြင့်
Easy EZ Way - Ticketing Service
16/07/2023
Good Morning 🌞🌞 ပါ မိတ်ဆွေများ 👏👏👏
တချို့ မသိသေးတဲ့ အရီးသည်တွေ အတွက်ပြောပြပေးချင်တာပေါ၊
လေယာဉ် မဖြစ်မနေ စီးမှ ရောက်မဲ့နေရာ တချို့ ရှိပါတယ် ကားလမ်းမပေါက်လို့လား မဟုတ်ပါဘူး ခရီးဝေးတယ် လမ်းကြမ်းတယ် အထူးသဖြင့် အသက်အရွယ်ရသူတွေ အတွက်ပေါ့၊
အဲဒီ အရီးစဉ်လေးတွေကတော့ ကလေး၊ ခမ်းတီး ၊ ပူတာအို၊ ကော့သောင်း ၊ မြိတ်၊ထားဝယ်၊ ကျိုင်းတုံ၊ တာချီလိတ်၊ စစ်တွေ ၊ကျောက်ဖြူ ၊အမ်း တွေပါ ။
ကျန်တဲ့နေရာတွေကတော့ Express Bus တွေလဲ ရှိတယ် ၊ Bus facilities တွေလဲ ကောင်းတယ် ဆိုတော့ အမြန်လိုအပ်တယ် ၊သက်တောင့်သက်သာ သွားချင်တယ်ဆိုရင်တော့ လေကြောင်းရွေးကြပေါ့ ၊
အဲ ငွေတော့ပိုကုန်မယ်ပေါ့လေ၊ တချို့ကလဲ လေယာဉ်စီးရမှာကြောက်လို့ ကားနဲ့ သွားကြတာ ရှိပါတယ်၊ ဒါကတော့ ခရီးသည် ရွေးချယ်မှုပါ ။
တချို့ဒေသတွေဆို တပတ်မှ တရက် ခရီးစဉ်ရှိတာတွေ ရှိပါတယ် ၊ အရေးရုံရင် အနီးဆုံး မြို့ကိုကားနဲ့သွား အဲမှာ လေယာဉ်စောင့်စီး လုပ်ရတာတွေ ရှိပါတယ် ၊ ခရီးဖင့်တာပေါ့ ၊
ဆက်တင်ပါမယ်နော် ၊ အချိန်ပေးတဲ့ အတွက် ကျေးဇူးပါ ၊ ဗဟုသုတ ဖြစ်မယ်လို့ ယူဆပါတယ်။
သာယာသောနေ့လေး ဖြစ်ပါစေ။
အောက်ကပုံလေးက ကချင်ပြည်နယ်မှာ ရှိတဲ့ wet land အင်းတော်ကြီး ပါ #အင်းတော်ကြီး
07/07/2023
🌞🌞မိတ်ဆွေများအားလုံး သာယာတဲ့နေ့လေးဖြစ်ပါစေလို့ ဦးစွာ ဆုမွန်ကောင်းတောင်းပါရစေ။ 🌻🌻
ဘယ်လ ဘယ်နေရာ ဘယ်အချိန် သွားသွား ကိုယ်စီးချင်တဲ့ flight/Express ၊ schedule နဲ့ ဈေးနှုန်းကို အမြန်ဆုံး နဲ့ အမှန်ကန်ဆုံး သိချင်ကြမှာဘဲ၊
EZ Way Ticketing Serviceကို ဆက်သွယ်လိုက်ပါလို့ မပြောသေးပါဘူး။
လိုအပ်တဲ့ တခြားသော information တွေကိုလဲ ခရီးသည် အဆင်ပြေစေဖို့ EZ Way ကပြောပြပေးအုံးမှာ၊ ဈေးနှုန်းတူရင်တောင် ဒါလေးတွေက Bonus ပါနော် ၊
Phone No. Viber No မကြာခင်ပြောပြပါမယ် ၊
ခုမှ ပြင်တုန်းဆင်တုန်းပါ
အောက်ပုံလေးကတော့ ရခိုင်ပြည်နယ် #စစ်တွေ က #ရန်ကုန် ကို MAI နဲ့ အပြန်ပေါ့ ၊ ညနေ last flight လေး
Sunset view နဲ့
Category
Telephone
Website
Address
Yangon
Alerts
Be the first to know and let us send you an email when EZY Way - Ticketing Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.