Ronin

Ronin

Share

MLBB News, Gameplay & Diamond Service 💎
Gaming Content တွေအတွက် Follow လုပ်ထားပေးပါဦး။ 🎮✨

Photos from Ronin's post 23/03/2026

"Marcel ရဲ့ လက်နက်က ဘာလို့ Camera ဖြစ်နေတာလဲဆိုတာ သိကြလား? 📸✨"
Hello Guys! ကျနော့်ရဲ့ ပထမဆုံး Hero Lore Post အနေနဲ့ အခု Season မှာ ထွက်ရှိထားတဲ့ Hero အသစ် Marcel ရဲ့အကြောင်းကို ရှင်းပြပေးသွားမှာဖြစ်ပါတယ်။
၁။ Paxley အိမ်တော်ရဲ့ စိတ်ဒဏ်ရာများ 🏰
Marcel က အားလုံးသိကြတဲ့ Gusion နဲ့ Aamon တို့ရဲ့ Paxley အိမ်တော်ကနေ ဆင်းသက်လာတဲ့ ကလေးတစ်ယောက်ပါ။ ဒါပေမယ့် သူက ငယ်စဉ်ကတည်းက အိမ်တော်ရဲ့ စိတ်ဒဏ်ရာတွေကို ခါးခါးသီးသီး ခံစားခဲ့ရပါတယ်။
အဲ့ဒီဒဏ်ရာတွေကြောင့်ပဲ သူကိုယ်တိုင်က 'Double Exposure' (ပုံရိပ်နှစ်ခုထပ်ခြင်း) တစ်ခုလိုမျိုး ဖြစ်နေပြီး လူတစ်ယောက်တည်းမှာ Personality နှစ်မျိုးကွဲနေတာပါ။
ပထမပုံရိပ်ကတော့ Paxley ရဲ့ သားကောင်း 'Marcel' * ဒုတိယပုံရိပ်ကတော့ Dark Magic ကြောင့် အစိတ်စိတ်အမွှာမွှာကွဲနေတဲ့ ဝိညာဉ် 'Clemar' ပဲဖြစ်ပါတယ်။
၂။ သစ္စာဖောက်ရဲ့သား 🗡️
Marcel ရဲ့အဖေက အိမ်တော်တွင်း အာဏာလုပွဲတွေအပြီးမှာ ပြစ်ဒဏ်ပေးခံရမှာကြောက်လို့ ကိုယ်တိုင်အဆုံးစီရင်ခဲ့ပါတယ်။ ဒါကြောင့် Marcel ဟာ 'သစ္စာဖောက်ရဲ့သား' ဆိုပြီး နာမည်တပ်ခံခဲ့ရတယ်။ ရွယ်တူတွေက သူ့ကို ဝိုင်းပြီးနှိပ်စက်ကြပေမယ့် Marcel ကတော့ အမြဲတမ်း မူးညံ့စွာ ပြုံးနေခဲ့ပြီး မယိုင်မလဲ ရပ်တည်ခဲ့ပါတယ်။
၃။ အမေပေးခဲ့တဲ့ နောက်ဆုံးလက်ဆောင် 📸
သူ့အမေက Paxley မျိုးနွယ်မဟုတ်ဘဲ အိမ်တော်မှာ ပိတ်လှောင်ခံထားရသူပါ။ သူမက ပန်းထိုးတာနဲ့ ဓာတ်ပုံရိုက်တာကို ဝါသနာပါပါတယ်။ Marcel ရဲ့ မွေးနေ့တစ်ခုမှာ "အခိုက်အတန့်တွေကို ရပ်တန့်ပြီး အမှတ်တရအဖြစ် သိမ်းဆည်းတတ်ဖို့" ဆိုပြီး Camera တစ်လုံး လက်ဆောင်ပေးခဲ့ပါတယ်။
၄။ Clemar ရဲ့ မွေးဖွားခြင်းနှင့် နိုးထလာသော အစွမ်း 🌑
တစ်ရက်မှာ သူ့အမေက သူ့ကိုထားခဲ့ပြီး ထွက်သွားခဲ့ပါတယ်။ နှိပ်စက်ခံရလို့ သတိလစ်ခါနီးမှာ နံရံမှာချိတ်ထားတဲ့ အမေပေးတဲ့ Camera ကို ကြည့်လိုက်မိရာကနေ... သူ့ရဲ့ ဝိညာဉ်က Camera ထဲဝင်သွားသလို ခံစားလိုက်ရတယ်။
သူသတိပြန်ရလာချိန်မှာတော့ Camera ထဲကနေ Dark Magic တွေထွက်လာပြီး ပတ်ဝန်းကျင်ကို အေးခဲရပ်တန့်သွားစေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ ဝိညာဉ်ဆိုး Clemar က Camera ထဲမှာ မွေးဖွားလာခဲ့တာပါ။
၅။ "It is better to be feared than loved" 🗡️🔥
နောက်ပိုင်းမှာ Marcel က သူ့ရဲ့ဝမ်းကွဲအစ်ကို Aamon ရဲ့ လက်ထောက်လိုမျိုး ဖြစ်လာခဲ့ပါတယ်။ အရင်က သူ့ကိုနှိပ်စက်ခဲ့တဲ့သူတွေဟာ အခုဆိုရင် Marcel ရဲ့ မျက်လုံးကိုတောင် တည့်တည့်မကြည့်ရဲဘဲ သူ့ရဲ့ Camera ကိုပါ ကြောက်ရွံ့လာကြပါတယ်။
ဒါဟာ Paxley တို့ရဲ့ ထုံးစံအတိုင်း Aamon ပြောသလိုပဲ "It is better to be feared than loved" (ချစ်တာထက် ကြောက်တာက ပိုကောင်းတယ်) ဆိုတာကို သက်သေပြလိုက်သလိုပါပဲ။
၆။ မထင်မှတ်ထားတဲ့ ညီမလေး Melissa 🧵
နောက်ပိုင်းမှာ Marcel သိလိုက်ရတာက သူ့အမေဟာ အိမ်ထောင်သစ်ထူထောင်ပြီး Melissa ဆိုတဲ့ သမီးလေးတစ်ယောက်ကို မွေးခဲ့တာပါ။ Clemar ကတော့ "ငါခံစားခဲ့ရတာတွေက ဘာအတွက်လဲ" ဆိုပြီး ဒေါသထွက်ခဲ့ပေမယ့်၊ Marcel ကတော့ ဒါဟာ Melissa ရဲ့ အပြစ်မဟုတ်ဘဲ သူ့အမေရဲ့ ရွေးချယ်မှုပဲဆိုတာ လက်ခံလိုက်ပြီး သူ့ညီမလေးကို စောင့်ရှောက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
Marcel ရဲ့ ဇာတ်လမ်းလေးကတော့ ဒီလောက်ပါပဲဗျ။ ကျနော်ရှင်းပြထားတဲ့အထဲမှာ မှားသွားတာရှိရင်လည်း Comment မှာ ပြင်ပေးသွားလို့ရပါတယ်။
နောက်နေ့ ဘယ် Hero အကြောင်း သိချင်လဲ? Like & Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်! See you on next post guys! ✨

23/03/2026

Hello Guys!
MLBB ကစားသမားတိုင်းအတွက် Gaming Content စုံစုံလင်လင်နဲ့ Diamond ဝန်ဆောင်မှုတွေကို တစ်နေရာတည်းမှာ ရရှိနိုင်ဖို့ RONIN Page ကနေ ကြိုဆိုလိုက်ပါတယ်။
ဘာတွေ တင်ပေးသွားမှာလဲ?
✅ Hero Guides & Meta Updates
✅ Epic Gameplay Reels
✅ Hero Lore
✅ Trusted Diamond Service (Coming Soon!)
Game နဲ့ ပတ်သတ်တဲ့ အကြောင်းစုံကို သိရ‌မယ့်အပြင် မကြာခင် Giveaway တွေလည်းပေးသွားဖို့ရှိတာကြောင့် Like And Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်
လက်ရှိ Season အသစ်မှာ ဘယ် Rank ရောက်နေကြပြီလဲ ကြွားသွားဦး! 👇

Website

Address

Yangon