HCF Myanmar

HCF Myanmar

Share

Healthcare Christian Fellowship (Myanmar) ၏ Official page ဖြစ်ပါသည်။

21/04/2022

HCFI မှ Daily Dose

အဘဘုရား
ကျွန်ုပ်တို့သည် ကိုယ်တော် မိန့်တော်မူသည့်အတိုင်း နောင်တရ၍ သခင်ယေရှုကို ကယ်တင်ပိုင်ရှင်အဖြစ် လက်ခံယုံကြည်ကြပါပြီ။
ဤသို့ဖြင့်လည်း ကိုယ်တော်နှင့် မိဿဟာရဖွဲ့၍ ငြိမ်သက်ခြင်းချမ်းသာကို ခံစားကြရပါပြီ။
ဟာလေလုယ
အာမင်။

20/04/2022

HCFI မှ Daily Dose

အဘဘုရား
ကျွန်ုပ်တို့ကို ကိုယ်တော် အဘယ်မျှ ချစ်တော်မူကြောင်း သိရှိခံစားရသည့်အတွက် ကျေးဇူးတော်ချီးမွမ်းကြပါ၏။
အပြစ်သဘောရှိသော ကျွန်ုပ်တို့ကို အပြစ်နှင့် ကင်းလွတ်စေရန် မစတော်မူပါပြီ။
ကိုယ်တော်၏ ကျေးဇူးတော်သည် ကြီးမားလှပါတကား။

ကျွန်ုပ်တို့နှင့် ပတ်သက်သမျှ သူအားလုံးအပေါ်လည်း ကိုယ်တော်၏ ငြိမ်သက်ခြင်း၊ ကြွယ်ဝခြင်းကောင်းကြီးမင်္ဂလာများ သက်ရောက်စေတော်မူပါ။
ကားတိုင်ပေါ်၌ ခရစ်တော်၏ အောင်မြင်ခြင်းအတိုင်း ကျွန်ုပ်တို့လည်း အသက်တာ၌ အသက်ရှင်စေတော်မူပါ။

ကိုယ်တော်၏ ဘုန်းတော် သာ၍ ထင်ရှားတော်မူပါစေသော်။
သခင်ယေရှု၏ နာမ၌ ဆုတောင်းကြပါ၏။
အာမင်။

ယုံကြည်သူကျန်းမာရေးဝန်ထမ်းအချင်းချင်း ပြန်လည် ဝေမျှခြင်းအားဖြင့် အတူတကွ ခွန်အားယူကြပါစို့။

18/04/2022

HCFI မှ Daily Dose

အဘဘုရား
ကျွန်ုပ်တို့သည် ကိုယ်တော်၏ အလိုတော်အတိုင်း အသက်ရှင်လိုပါသည်။
ကိုယ်တော်၏ စစ်ဆေးခြင်းကို ခံယူလိုပါသည်။
ထာဝရအသက် လက်ဆောင်ကို လက်ခံလိုကြပါသည်။

ကျွန်ုပ်တို့အား ကိုယ်တော်၏ သစ္စာရှိသော ငယ်သားကောင်းများ ဖြစ်စေတော်မူပါ။
ကိုယ်တော်၏ နိုင်ငံတော်ကို ဦးစွာ ရှာတတ်သူများ ဖြစ်စေတော်မူပါ။

ကိုယ်တော်၏ ဘုန်းတော် သာ၍ ထင်ရှားပါစေသော်။
သခင်ယေရှု၏ နာမ၌ ဆုတောင်းကြပါ၏။
အာမင်။

ယုံကြည်သူ ကျန်းမာရေးဝန်ထမ်းအချင်းချင်း ပြန်လည် ဝေမျှခြင်းအားဖြင့် ခွန်အားယူကြပါစို့။

17/04/2022

HCFI မှ Daily Dose

အဘဘုရား
သခင်ယေရှုနှင့် သူ၏ အမှုတော်များကိုသာ ကျွန်ုပ်တို့ အာရုံစိုက်ကြသောအခါ အလွန် စိတ်သက်သာခြင်း ရှိပါ၏။
ကျွန်ုပ်တို့သည်လည်း အခြားသူများအတွက် စိတ်သက်သာရာ ရစေသောသူများ ဖြစ်စေတော်မူပါ။

ဤသို့ဖြင့် ကျိုးပဲ့ကြေမွနေသော လောကကြီးထဲရှိ လူသားများကို ကူညီနိုင်စေတော်မူပါ။
ကိုယ်တော်၏ ဘုန်းတော် သာ၍ ထင်ရှားစေပါ။
သခင်ယေရှု၏ နာမ၌ ဆုတောင်းကြပါ၏။
အာမင်။

ယုံကြည်သူကျန်းမာရေးဝန်ထမ်းအချင်းချင်း ပြန်လည်ဝေမျှခြင်းအားဖြင့် အတူတကွ ခွန်အားယူကြပါစို့။

16/04/2022

အဘဘုရား
ကျွန်ုပ်တို့အတွက် ခရစ်တော်ကို ထင်ရှားစေသဖြင့် ကျေးဇူးတော် ချီးမွမ်းပါ​၏

ခရစ်တော်အားဖြင့်လည်း ဘုရားသခင်​၏ အလိုတော် ရှိသမျှကို ပြသတော်မူပါပြီ

ယခုတဖန် အငယ်ဆုံးသောသူ၊ ပျောင်ဆုံးနေသူများကို ကျွန်ုပ်တို့အားဖြင့် ခရစ်တော်နှင့် သိကျွမ်းစေတော်မူလိုပါသည်

မိသားစု၊ လုပ်ငန်းခွင်နှင့် သွားလာဆောင်ရွက်သမျှ၌ ထိုကဲ့သို့ အသက်ရှင်နိုင်ရန် သန့်ရှင်းသော ဝိညာဉ်တော်ဘုရား မစတော်မူပါ။

သခင်ယေရှုနာမ၌ ဆုတောင်းပါ​၏
အာမင်

15/04/2022

အဘဘုရား
တခါတရံ ကောင်းမွန်စွာ ပြု၍ ဆင်းရဲခံစေရန် ကျွန်ုပ်တို့ကို ကိုယ်တော် ရွေးချယ်ခန့်အပ်တော်မူတတ်ပါသည်။
ဤသည်မှာ မှောင်မိုက်ထဲ၌ ကိုယ်တော်​၏ အလင်းဖြစ်စေဖို့၊ ညစ်ညူးသော အရာများအတွက် ဆားဖြစ်စေဖို့ ကိုယ်တော် အလိုတော်ရှိသောကြောင့် ဖြစ်ပါ​၏။

သို့သော် ထိုအရာအတွက် တနေ့တွင် ကိုယ်တော် တရားစီရင်တော်မူပါမည်။
ကိုယ်တော် ဆုပေးချီးမြှောက်တော်မူပါမည်။
ကျွန်ုပ်တို့​၏မျက်ရည်ကိုသုတ်၍ အနာကိုလည်း စည်းတော်မူပါမည်။

ကိုယ်တော် နေရာချသော လမ်းကို အဆုံးတိုင်ပြေးနိုင်ဖို့ ကျေးဇူးတော်ဖြင့် မစတော်မူပါ။
သခင်ယေရှု​၏နာမ၌ဆုတောင်းပါ​၏။
အာမင်

14/04/2022

အဘဘုရား
ကျွန်ုပ်တို့သည် ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ ကိုယ်တော်၌သာ ချီးမွမ်းရန်၊ ဆုတောင်းရန် ကိုယ်တော် အလိုတော် ရှိပါသည်။

ကိုယ်တော်နှင့် စပ်ဆိုင်ရခြင်းသည် ဧရာမအခွင့်အရေးကြီး ဖြစ်ပါ​၏။

ကိုယ်တော်သည် ကျွန်ုပ်တို့ နှလုံးသားတွင်းမှ ဆန္ဒတိုင်းကို သိတော်မူပြီး ကရုဏာတော်ဖြင့် တုံ့ပြန်တော်မူပါသည်။

ကိုယ်တော်​၏ အတူရှိတော်မူခြင်းသည် ကြီးမြတ်လှပါ​၏။
ကိုယ်တော်​၏ အလေ့အလာသည် ကောင်းမြတ်ပါ​၏။
ဟာလေလုယ။

12/04/2022

အဘဘုရား
ကိုယ်တော်သည် ကျွန်ုပ်တို့ကို မေတ္တာဖြင့် မှန်သောစကားသာ ဆိုစေချင်ပါသည်။

နူးညံ့သိမ်မွေ့ပြီး ဖုံးကွယ်ခြင်းကင်းသော၊ ရင်းနှီးဖော်ရွေပြီးမ,စတတ်သော၊ လျှို့ဝှက်ခြင်းမရှိဘဲ​ရှေ့နောက်ညီညွတ်သော စကားကိုသာ နေ့စဉ်ပြောစေလိုပါသည်။

ကိုယ်တော်သည်လည်း ကျွန်ုပ်တို့အား ထိုအတိုင်း မိန့်တော်မူပါသည်။

ဟာလေလုယ၊ ကျေးဇူးတင်ပါ​၏
ကျွန်ုပ်တို့အား သမ္မာတရားအတိုင်းသစ္စာရှိစွာ ပြောဆိုတတ်သော ပုံသက်သေများဖြစ်စေတော်မူပါ

သခင်ယေရှုနာမ၌ဆုတောင်းပါ​၏။
အာမင်။

08/04/2022

အဘဘုရား
ကျွန်ုပ်တို့​၏ အမှားများ၊အားနည်းချက်များ၊အပြစ်များကိုဝန်ချတောင်းပန်ခြင်းဖြင့်ကျွန်ုပ်တို့အချင်းချင်းအလင်းထဲတွင်အသက်ရှင်နိုင်ကြောင်းကိုယ်တော်သွန်သင်ပါသည်။

ထိုသို့ဖြင့် ဖြောင့်မတ်ခြင်း၌အရှိန်ကြီးစွာဆုတောင်းနိုင်လာပါမည်။
ကျွန်ုပ်တို့​၏လျှို့ဝှက်ခြင်းကိုပယ်ရှင်းပြီးအောင်ခြင်းအခွင့်ပေးသည့်အတွက်ကျေးဇူးတင်ပါ​၏

နာခံခြင်းဖြင့်ပြည့်ဝသောအသက်တာဖြစ်စေတော်မူပါ
မိဿဟာရဖွဲ့ခြင်းဖြင့်ငြိမ်သက်ဝမ်းမြောက်စေပါ
အချင်းချင်းအသင့်အတင့်နေထိုင်ကြစေပါ

ကိုယ်တော်သည်ကျွန်ုပ်တို့အားကြွယ်ဝသောအသက်တာ၌အသက်ရှင်စေလိုပါသည်။

ဟာလေလုယ
အာမင်

07/04/2022

HCF Daily Dose 442
၁ ပေ ၄း၉

အဖဘုရား
အခြားသူတဦးသည် သူစိမ်းပင် ဖြစ်စေကာမူ ကျွန်ုပ်တို့၏ အိမ်ကိုသာမက နှလုံးသားကိုပါ ဖွင့်၍ ကြိုဆိုဧည့်ခံရန် ကိုယ်တော် အလိုတော် ရှိပါသည်။

ကျွန်ုပ်တို့တွင် ရှိသော အပြစ်သဘောကြောင့် ထိုကဲ့သို့ ပြုမူရသည့်အခါ မကျေမနပ်ဖြစ်ပြီး ညည်းတွားမြည်တမ်းတတ်သည်ကို ဝန်ခံကြပါ၏။

ကျွန်ုပ်တို့အား လွတ်မြောက်စေသော ကိုယ်တော်၏ မေတ္တာတော်နည်းတူ ကျွန်ုပ်တို့ကိုယ်တိုင်လည်း အခြားသူများကို ကောင်းကြီးပေးတတ်သူများ ဖြစ်စေတော်မူပါ။

သခင်ယေရှုဘုရား၏ နာမတော်မြတ်၌ ဆုတောင်းပါ၏။
အာမင်။

Want your place of worship to be the top-listed Place Of Worship in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

N0. (1209) U Pho Tun Street
Yangon
11011