Fly With English

Fly With English

Share

English Language Instructor
| Career English | Singapore Job Interview Preparation |

28/09/2026

အလုပ်ရှင်တွေ တန်းခေါ်ချင်တဲ့ Professional Nurse Aide ဖြစ်ဖို့ English က ဘာကြောင့် အရေးကြီးတာလဲ?

ဟိုတယ်တွေ၊ ဆေးရုံတွေမှာ တာဝန်ယူနေရတဲ့ Nurse Aide တွေအတွက် လူနာနဲ့ တိုက်ရိုက်ဆက်ဆံရတဲ့အခါ "Comfort" နဲ့ "Discomfort" ကို တိကျစွာမေးမြန်းတတ်ဖို့က အလွန်အရေးကြီးပါတယ်။

ဆေးဘက်ဆိုင်ရာ အသုံးအနှုန်းတွေနဲ့ လူနာရဲ့ ခန္ဓာကိုယ်ဝေဒနာကို အင်္ဂလိပ်လို ယဉ်ကျေးစွာ ပြောဆိုနိုင်မှသာ ယုံကြည်စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတစ်ခုကို ပေးအပ်နိုင်မှာပါ။

🔴 တွေ့ကြုံရတဲ့ ပြဿနာများ
• ဘာသာစကားအခက်အခဲကြောင့် လူနာရဲ့ ခံစားချက်ကို တိတိကျကျ မမေးမြန်းနိုင်ခြင်း
• လူနာက မအမသာ ဖြစ်နေတဲ့အခါ (Discomfort) ကို ချက်ချင်းအကြောင်းမကြားတတ်လို့ စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာခြင်း
• အင်္ဂလိပ်စကားပြော Confidence မရှိတာကြောင့် လုပ်ငန်းခွင်မှာ နိုင်ငံတကာလူနာတွေနဲ့ ဆက်ဆံဖို့ တွန့်ဆုတ်နေခြင်း

⚠️ Career Growth ကို ထိခိုက်စေခြင်း _ အတွေ့အကြုံဘယ်လောက်ရှိရှိ၊ လက်တွေ့လုပ်ငန်းခွင်မှာ ကျွမ်းကျင်ပေမဲ့ အင်္ဂလိပ်လို လိုအပ်ချက်တွေကို ရှင်းရှင်းလင်းလင်း မထုတ်ဖော်ပြနိုင်ရင် Career Growth နှေးကွေးသွားနိုင်ပါတယ်။

နိုင်ငံတကာ အသိအမှတ်ပြု ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ လုပ်ကိုင်တဲ့အခါ ဘာသာစကား အတားအဆီးက ရာထူးတိုးဖို့နဲ့ လစာတိုးဖို့အတွက် ကြီးမားတဲ့ အတားအဆီးတစ်ခု ဖြစ်လာပါတယ်။

ဒီလေ့ကျင့်ခန်း ဗီဒီယိုထဲမှာပါတဲ့ လူနာကို ပြုစုစောင့်ရှောက်ရာမှာ အသုံးအများဆုံး စကားစုများကို လေ့လာနိုင်ပါတယ်—

• Please let me know if you feel any discomfort. (နာကျင်မှု ဒါမှမဟုတ် အနေရခက်တာ တစ်စုံတစ်ရာရှိရင် ပြောပေးပါနော်)
• The patient is nervous. (လူနာက စိုးရိမ်နေတယ်)
• I will reassure the patient. (လူနာ စိတ်အေးချမ်းသာယာအောင် ကျနော်/မ လုပ်ပေးပါမယ်)

နိုင်ငံတကာအဆင့်မီ ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်မှာ လုပ်ခွင့်ရဖို့နဲ့ ယုံကြည်မှုအပြည့်နဲ့ ရပ်တည်နိုင်ဖို့အတွက် Career English Training for Nurse Aide အတန်းကို ယနေ့ပဲ အမြန်ဆုံး စာရင်းသွင်းလိုက်ပါ။

27/09/2026

Interview မှာ English လိုပြောရင် မြန်ဖို့ထက် "ရှင်းရှင်းလင်းလင်း" ဖြစ်ဖို့က ပိုအရေးကြီးတယ်ဆိုတာ သိပြီးပြီလား။ 🎯

ကိုယ့်ဘက်က ပေးချင်တဲ့ message ကို တစ်ဖက်လူက သေချာနားလည်ဖို့ဆိုတာ အမြန်ပြောနေဖို့ မလိုပါဘူး။

အဓိကက ကိုယ်ပြောချင်တဲ့အချက်ကို ပိုပြီးသေချာဖို့၊ ရှင်းလင်းတိကျဖို့ပဲ လိုတာပါ။

မြန်မြန်ပြောလိုက်တဲ့အခါ တကယ်ပေးချင်တဲ့ information တွေ ပျောက်သွားတတ်ပါတယ်။

ဒီနေ့ကစပြီး Interview တွေမှာ -
• အမြန်ပြောဖို့ထက် မှန်မှန်နဲ့ ရှင်းရှင်းလင်းလင်း ပြောဖို့ လေ့ကျင့်ပါ။

• ကိုယ်ပြောလိုက်တဲ့ စကားကြောင့် တစ်ဖက်လူဆီကို ကိုယ့်ရဲ့ message သေချာရောက်သွားလား ပြန်ဆန်းစစ်ပါ။

Interview မှာ ယုံကြည်မှုရှိရှိနဲ့ ရှင်းရှင်းလင်းလင်း ပြောတတ်ချင်ရင် ယခုပဲ Cbမှာ Interviewလို့ပို့လိုက်ပါ။

26/09/2026

အင်တာဗျူးရင် ကြောက်နေတဲ့အခါ စိတ်ကို ဘယ်လိုထားရမလဲ...

25/09/2026

Singapore အလုပ်ခွင်မှာ အထက်လူကြီးကို ဘယ်လိုအကဲခတ်မလဲ...🤔

Career English

24/09/2026

Nurse Aide တစ်ယောက်အနေနဲ့ လူနာနဲ့ ဘယ်လို Communication လုပ်မလဲ? 🩺

နိုင်ငံရပ်ခြား (စင်ကာပူ၊ နိုင်ငံတကာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်) မှာ Nurse Aide သို့မဟုတ် Caregiver အဖြစ် လုပ်ကိုင်ချင်သူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ Communication Skills တွေကို မျှဝေပေးလိုက်ပါတယ်။

လူနာတွေနဲ့ ဆက်ဆံတဲ့အခါ ဒီအချက် (၄) ချက်ကို သေချာလိုက်နာဖို့ လိုအပ်ပါတယ်—

• 1. Observe (စောင့်ကြည့်ပါ) - လူနာရဲ့ အခြေအနေ၊ ခန္ဓာကိုယ်လှုပ်ရှားမှုနဲ့ လိုအပ်ချက်တွေကို အရင်ဆုံး စူးစမ်းလေ့လာပါ။
• 2. Ask (မေးမြန်းပါ) - လူနာကို သေချာဂရုတစိုက်နဲ့ လိုအပ်တာတွေ မေးမြန်းပါ။
• 3. Report (တင်ပြပါ) - ကိုယ်သိရှိရတဲ့ အချက်အလက်တွေကို သက်ဆိုင်ရာကို ပြန်လည်တင်ပြ/သတင်းပို့ပါ။
• 4. Reassure (စိတ်အေးချမ်းသာရအောင် ပြောဆိုပါ) - လူနာတွေ စိတ်သက်သာရာရစေဖို့၊ စိုးရိမ်ပူပန်မှုတွေ ကင်းစင်စေဖို့ အားပေးနှစ်သိမ့်တဲ့ စကားတွေ ပြောဆိုပေးပါ။

healthcare sector မှာသာမက နိုင်ငံတကာလုပ်ငန်းခွင်မှာ အလုပ်လုပ်မယ့်သူတွေအတွက်
အင်္ဂလိပ် comunication ကျွမ်းကျင်ဖို့ အရေးကြီးတာမို့ အခုပဲ Career English ကို လေ့လာဖို့ Page Cb ကို လာခဲ့လိုက်ပါ။💪

23/09/2026

Singaporeမှာ Nurse Aide သို့မဟုတ် ကုမ္ပဏီကြီးတွေမှာ အလုပ်လုပ်ချင်ပေမယ့် အင်္ဂလိပ်စာ ပြောရမှာ ကြောက်နေတုန်းပဲလား?

လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့ စွမ်းရည် ဘယ်လောက်ပဲ ကောင်းပါစေ၊ အင်္ဂလိပ်စာ ဆက်သွယ်ပြောဆိုမှု အားနည်းနေရင် အခွင့်အရေးကောင်းတွေ လက်လွတ်ဆုံးရှုံးရတတ်ပါတယ်။

အထူးသဖြင့် Singapore ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်နဲ့ ကော်ပိုရိတ်လုပ်ငန်းခွင်တွေမှာ လိုအပ်တဲ့ ဝေါဟာရနဲ့ ယုံကြည်မှု မရှိတာက ကိုယ့်ရဲ့ တိုးတက်မှုကို အဓိက တားဆီးနေတဲ့ အတားအဆီးပါပဲ။

ဒီ Career English Class မှာဆိုရင် Singapore လုပ်ငန်းခွင်သုံး စကားစုများ၊ အင်တာဗျူး ဖြေဆိုနည်းများနှင့် လူနာများ၊ ဖောက်သည်များနှင့် ယုံကြည်မှုရှိရှိ ပြောဆိုနိုင်မယ့် နည်းလမ်းတွေကို လက်တွေ့ဆန်ဆန် စနစ်တကျ သင်ကြားပေးပါတယ်။

နိုင်ငံရပ်ခြား လုပ်ငန်းခွင်မှာ အောင်မြင်တဲ့ Career တစ်ခုကို တည်ဆောက်ဖို့အတွက် Page cb ကနေ အခုပဲ ဆက်သွယ်စုံစမ်းလိုက်ပါ။

23/09/2026

Singapore အင်တာဗျူးတွေမှာ self-introduction ကြာချိန် ဘယ်လောက်ပဲရှိသင့်လဲ...🤔

22/09/2026

အလုပ်ခွင်မှာ English စကားပြောထွက်အောင် ဘယ်လိုလုပ်ရမလဲ...🤔

Career English Class

21/09/2026

အင်တာဗျူးတွေမှာ အလုပ်ခန့်ခံရဖို့ သေချာပြင်ဆင်ချင်တယ်ဆိုရင် Page ရဲ့ Messenger ကနေ "Interview" လို့ ပို့ပြီး အတန်းအတွက် အသေးစိတ် စာရင်းပေးသွင်းလိုက်ပါတော့ ရှင်။

20/09/2026

2 weeks Singapore အင်တာဗျူး training

အင်တာဗျူးအခန်းထဲ ဝင်ရမယ်ဆိုရင် ရင်တွေခုန်ပြီး၊ မေးခွန်းတွေမေးလာတဲ့အခါ ဘယ်လိုဖြေရမှန်းမသိ ဖြစ်နေလား။

ကိုယ့်ရဲ့ အတွေ့အကြုံနဲ့ အရည်အချင်းတွေကို Professional ဆန်ဆန် မပြောတတ်လို့ ရခဲတဲ့ အခွင့်အရေးတွေ လက်လွှတ်ဆုံးရှုံးနေရလား။

ပြင်ဆင်မှု အားနည်းချက်တစ်ခုတည်းကြောင့် ကိုယ့်အရည်အချင်းနဲ့ အမှန်တကယ် ကိုက်ညီတဲ့ အလုပ်အကိုင် အခွင့်အရေးကောင်းတွေ၊ နိုင်ငံတကာ လုပ်ငန်းခွင်နဲ့ နယ်ပယ်အသီးသီးမှာ ရှေ့ရောက်ဖို့ အခွင့်အလမ်းတွေကို လက်လွှတ်လိုက်ရတာဟာ ရေရှည်မှာ ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေကိုပါ အများကြီး နှောင့်နှေးကြန့်ကြာစေပါတယ်။

အမှန်တော့ အင်တာဗျူးဆိုတာ အင်္ဂလိပ်စကားပြော သဒ္ဒါမှန်မမှန် စစ်ဆေးတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ Value နဲ့ Professional ဆန်မှုကို စကားနဲ့ ထိထိရောက်ရောက် ဆွဲဆောင်ပြသနိုင်သလားဆိုတာကိုသာ အဓိက ကြည့်တာပါ။

💡 ဒီ 2-Week Interview Readiness Training မှာ ဘာတွေ ရမလဲ...

• Real Interview Mock Up & Answer Templates: HR တွေ မကြာခဏ မေးလေ့ရှိတဲ့ Interview Questions တွေကို သဘာဝကျကျနဲ့ Professional ဆန်ဆန် ဖြေဆိုနိုင်မည့် Answer Templates
• 1-on-1 Feedback & Practice: ကိုယ်တိုင် တိုက်ရိုက် လေ့ကျင့်ပေးပြီး လိုအပ်တဲ့ အချက်အလက်တွေကို ချက်ချင်း ပြင်ဆင်ပေးခြင်း
• Mindset Block & Confidence: ကြောက်စိတ်၊ စိုးရိမ်စိတ်တွေကို ဖယ်ရှားပြီး ယုံကြည်မှုရှိရှိနဲ့ စကားပြောဆိုနိုင်မည့် Techniques များ

📋 Class Details & Special Offer

⏳ Duration: 2 weeks (Intensive training)

📅 Start Date & Days: October 5th (Monday to Friday)

⏰ Time: 7:00 PM - 8:30 PM (Monday to Friday)

💻 Class Type: Zoom Live (Face to Face Practice)

💰 Standard Fee: 150,000 MMK

🎁 Early Bird Discount: 85,000 MMK (Sep 25th အတွင်းသာ)

စကားပြောလေ့ကျင့်မှုကို အထိရောက်ဆုံးနဲ့ လက်တွေ့ကျကျ ဆောင်ရွက်နိုင်ရန်အတွက် သင်တန်းသား အရေအတွက်ကို တင်းကျပ်စွာ ကန့်သတ်ထားပါတယ်။

နောက်ထပ် အင်တာဗျူး အခွင့်အရေးကောင်းတွေ လက်မလွှတ်ရအောင် ယခုပဲ အတန်းသစ်အတွက် စာရင်းပေးသွင်းလိုက်ပါ။

📥 တက်ရောက်လိုပါက Page Messenger သို့မဟုတ် Viber တွင် "Interview" လို့ စာပို့ပြီး Early Bird Discount ဈေးနှုန်းကို ချက်ချင်း ရယူလိုက်ပါ။

Category

Website

Address

Yangon