Feeling Mail Box
Crush post.Feel Post. Birthday.တင်ပေးပါတယ်နော်ဒါပေမယ့်ယောက်ျားရှိ၊မိန်းမရှိ၊ဈေးရောင်းခြင်းလုံးဝမတင်ပါ
23/01/2025
လွမ်းလွန်းလို့သာငိုနေပေမယ့်
မင်းနဲ့ငါကချစ်သူ တွေ
မဟုတ်ကြဘူးလေ
အဲ့တော့လဲကိုယ့်အပြစ်နဲ့ကိုယ့်ဒဏ်
ခံရုံပဲရှိတာပေါ့
(အကြင်သူသည်)
#6စိတ်တိမ်လွှာ
23/01/2025
ဝဋ်ကြွေးတေ ပါလာရင်လေ
ကံတေရော ဉာဏ် တေရော
မကယ်နိုင်ဘူး အစ်ကိုရဲ့
ကျွန်တော်တို့
မျက်ရည်တေနဲ့
ပေးဆပ်ကိုဆပ်ရတာဗျ
(ငါကြူးလွန်မိတဲ့ကံတစ်ပါးဟာမင်းပဲ)
#6စိတ်တိမ်လွှာ
19/01/2025
ကျွန်တော် Fb လောကကြီးနဲ့ အဆက်အသွယ်ဖြတ်ခဲ့တာကြာပါပြီ
ဘာကြောင့်လဲဆိုတော့
ကျွန်တော့်အတွက်
မလိုအပ်တော့ဘူးထင်မိလို့ပါ
အခုပြန်လာရတာကလဲ
အကြောင်းလေးတစ်ခုရှိလို့ရယ်
အဲ့အကြောင်းလေးသာမသေချာရင်
ပြန်နှုက်ဆက်ခဲ့ဦးမယ်နော်
#6စိတ်တိမ်လွှာ
19/01/2025
ဟျောင့်ညီလေး
မင်းခံစားချက်တေထုတ်မပြနဲ့
မင်းဟာဒီတိုင်း
ပြန်အပယ်ခံရလိမ့်မယ်
#6စိတ်တိမ်လွှာ
လူတေကသာ
နှစ်သစ်တစ်ခုလို့သာပြောတာပါ
ငါ့အတွက်တော့
မနှစ်ကဖုန်းအကွဲလေးရယ်
မနှစ်ကအလုပ်ရယ်နဲ့လည်ပတ်ပြီး
ပြက္ခဒိန်တေထဲက
မထူးသော နေ့ရက်လေးတစ်နေ့သာ
#6စိတ်တိမ်လွှာ
သတိရလိုက်တာ
အရိုးလေးရာ
မင်းဘက်က ငါ့ကို
ရှိတယ်လို့သဘောမထားနိုင်ပေမယ့်ငါ့ရင်ထဲမှာနင်ရှိတုန်းပါ
#6စိတ်တိမ်လွှာ
ကိုလိုချင်တာတေမရဘဲနဲ့
မလိုချင်တာတေကို ရနေတာ။သဘာဝကပေးတဲ့လက်ဆောင်းတစ်ခုရယ်သာ
#6စိတ်တိမ်လွှာ
စိတ်ရှုပ်စရာတေရှိမှ Mail Box ထဲလာသလိုဖြစ်နေတာဗျာ
#6စိတ်တိမ်လွှာ
" ဘဝမှာ မတန်တာတွေရှိတယ်"
ရန်ဖြစ်ဖို့ မတန်တာတွေ...
ရှင်းပြဖို့ မတန်တာတွေ...
ပြုံးပြဖို့ မတန်တာတွေ...
ပေးဆပ်ဖို့ မတန်တာတွေ...
ခင်မင်ဖို့ မတန်တာတွေ...
ချစ်မြတ်နိုးဖို့ မတန်တာတွေ...
သတိရဖို့ မတန်တာတွေ...
အများဆို အများကြီးရှိတယ်...
တစ်ခါတစ်လေကျရင်တော့ ကိုယ့်အတွက်.....
တန် မတန်
စဉ်းစားဖို့လိုပါတယ်...တဲ့
အခုနောက်ပိုင်း
ကိုယ့်တွက်မတန်တဲ့အရာတွေအတွက်
အဖက်လုပ်နေဖို့ရော
အချိန်ပေးဖို့
နေရာပေးဖို့
ခံစားနေဖို့ရော
ကိုယ်ကတော့ မတန်တဲ့အရာတွေ တော်တော်များများကို ဥပေက္ခာပဲ ပြုထားလိုက်တော့တယ် ။
အဲ့တာကြောင့် တစ်ခါတစ်လေ ရန်လာလုပ်သူတွေကို
ပြန်ရန်လုပ်ဖို့ မတန်တာမို့ ရှောင်ပစ်လိုက်တယ်။
ကိုယ့်အပေါ် မကောင်းတဲ့သူတွေအတွက်
ခံစားနေဖို့လည်း မတန်တာမို့ ဥပေက္ခာပြုတတ်လာတယ်။
မတန်ပါဘူး။
တကယ်ကို မတန်တာပါ။ ။
မတန်တာကိုမှ မာန်ကိုချ
ဟန်ပြ ဆက်ဆံနေမည့်အစား
နှလုံးသားမှာ အမုန်းမပွားမှီ ...
ဥပေက္ခာတရားဆီသို့
ဦးတည်ထားလိုက်ပါတော့တယ်..။
01/07/2023
ဦးနှောက်တာ phoneတလုံးလိုတာ
Restart ချလို့ရခဲ့ရင် 😮💨😮💨😮💨
#9တန်ခူး
15/06/2023
မိသားစု ဆိုတာ
ဝါးရုံလိုပါပဲ.....
ဘယ်နေ့ ဘယ်သူက
ဘယ်အလုံးခွဲထွက်ရမယ်ဆိုတာ
အချိန် အကန့်သတ်မရှိပါဘူး..
အိုမင်းရင့်ရော်တဲ့အထိ
အတူတူဆိုတာ
မဖြစ်နိုင်ပါဘူး..
အချိန်တန်တော့
ဝါးတွေလည်း သူ့မိသားစုကို
ခွဲခွာကြရတယ်..
အချို့ ဝါးလုံးက ခေါင်မိုးမှာရောက်ချင်ရောက်မယ်
အချို့ဝါးလုံးကလည်း အဝတ်ကြိုးတန်း
အချို့ဝါးလုံးကလည်း စည်းရိုး
အချို့ဝါးလုံးကလည်း ဖြာ
အချို့ဝါးလုံးကလည်း နှီး
အချို့ ဝါးလုံးက လည်း တံတား
အလိုလိုနဲ့ သူ့နေရာနဲ့ သူ
ရောက်ကုန်ကြရသလိုပေါ့..
မိသားစုတွေလည်း ဒီလိုပါပဲ
အချိန်တန် အရွယ်ရောက်လာတော့
တစ်နေရာဆီ ရောက်ကြရမှာ
သဘာဝ ပါ..
အဲ့တာ ကြောင့်
အတူရှိနေတုန်းက
မမုန်းကြနဲ့ မဆဲကြနဲ့
မရှိတော့မှ ဝေးသွားကြမှ
ချစ်တော့ ဘာထူးလဲ..
တနေရာဆီ မရောက်ခင်ချစ်ကြပါ
မှတ်တေ့ာ ထားပါ
မမုန်းကြပါနဲ့..
မိသားစုဆိုတာ
ကံကောင်းလွန်းလို့
မိသားစုဖြစ်ရတာပါ..
အချို့တွေက
ဝေးသွားမှ တမ်းတ
မရှိတော့မှ
တန်ဖိုးနားလည်တတ်လို့ပါ..
အချိန်တန်ရင်
မခွဲချင်လည်းခွဲကြရတာမို့
တန်ဖိုးထားပါ နော်
ပျော်ရွှင်သောမိသားစုတွေ ဖြစ်ကြပါစေ...။
Credit:
15/06/2023
#6စိတ်တိမ်လွှာ
Category
Website
Address
Alerts
Be the first to know and let us send you an email when Feeling Mail Box posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.