NET AGE

NET AGE

Share

Desktop, Laptop and accessories

11/09/2026

Computer ထဲမှာ သွင်းထားတဲ့ software တွေက အစစ်အမှန်လား ၊ အတုအယောင်လားဆိုတာ ဘယ်လို သိနိုင်မလဲ ။

ကိုယ့်ရဲ့ Computer က သုံးနေရင်း Windows မတက်တော့တာ ၊ ရုတ်တရပ် data တွေ ပျောက်ကုန်တာ ဒါတွေက windows Error သို့မဟုတ် hardware error ကြောင့်လည်းဖြစ်နိုင်ပါတယ် ။ ပြီးဝောာ့ ဒါတွေအပြင်ကိုမှ virus/malware ဝင်သွားတဲ့အတွက်ကြောင့်လဲ ဖြစ်နိုင်ပါတယ် ။

Malware / virus တွေ ဘာလို့ဝင်လဲ ဆိုရင် မယုံကြည်ရတဲ့ Link တွေ နှိပ်မိတာ ၊ software တွေ down မိတာကတစ်ဆင့် ကိုယ့်ရဲ့စက်ထဲကို ဝင်ရောက်လာတာမျိုးဖြစပါတယ် ။

ဒါကြောင့် ဒီနေ့မှာ ကိုယ့်စက်ထဲမှာ သွင်းထားတဲ့ software တွေက စိတ်ချရတဲ့ မူရင်းလား ၊ အတုအ‌ေယောင်လားဆိုတာ ကိုယ်တိုင် အလွယ်တကူ စစ်လို့ရတဲ့နည်းလမ်းလေးကိုပြောပြပါမယ် ။

နည်းလမ်းလေးက ရိုးရှင်းပါတယ် ....

- စစ်ချင်တဲ့ software ( ဥပမာ - Chrome.exe ) ဖိုင်ပေါ်မှာ Right Click ထောက်
- ပြီးရင် Properties ကိုရွေး
- အဲ့နောက် ပေါ်လာတဲ့ Tab တွေထဲက Digital Signature ဆိုတဲ့ Tab ကိုရွေးရပါမယ် ။

ဘယ်လိုမျိုးပေါ်မလဲ ဆိုရင် Name of sign ဆိုတဲ့နေရာမှာ GoogleLLC ၊ Digest Algorithm မှာ sha256 ဆိုတဲ့ နံပါတ်လေး ပေါ်နေပါမယ် ။ ပြီးရင် Details ကို နှိပ်ကြည့်တဲ့အခါ The Digital Signature is ok ဆိုပြီး status လေးတစ်ခုပြနေပါမယ် ။ ဒီလိုအချက်တွေနဲ့ကိုက်ညီရင်တော့ software က အစစ်အမှန်ဖြစ်တယ်လို့ယူဆလို့ရပါတယ်။

အကယ်၍ အဲ့လို မဟုတ်ဘဲ Name of signer မှာ တစ်ခြားနာမည်ဖြစ်တာ သို့ ဆင်တူယိုးမှားဖြစ်‌တာ ၊ Digital Algorithm မှာ The Digital Signature is invalid ဆိုပြီးပြနေတယ်ဆိုရင်တော့ Software က အတုအယောင်ဖြစ်နိုင်ပါတယ် ။

ပြီးတော့ တစ်ခု သိထားရမှာက တစ်ချို့ Open-source software တွေနဲ့ Developer အသေးစားလေးတွေဟာ Certificate ဝယ်ဖို့ စရိတ်မတတ်နိုင်တာမျိုး ဒါမှမဟုတ် အကြောင်းအမျိုးမျိုးကြောင့် Digital Signature မထည့်ထားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သေချာတာကတော့ ကျွန်တော်တို့ အမြဲ သုံးနေတဲ့ Microsoft Office, Chrome စတဲ့ နာမည်ကြီး (Popular) ဖြစ်တဲ့ software တွေမှာတော့ မဖြစ်မနေ Digital Signature က ပါကိုပါပါတယ်။

08/09/2026

ကျွန်တော်တို့ Net Age မှာ Desktop RAM SP DDR4 3200Mhz 8GB လေးကို ဒီဈေး နဲ့ ဒီတစ်ချိန်ပဲရနိုင်တာမို့ လက်သွက်တဲ့သူ ဦးရာလူစနစ် နဲ့ရပါမယ်ဗျ ။

Special Price နဲ့မို့ ဟုတ်ပါ့မလားဆိုပြီး ပူပန်နေဖို့မလို ယူတန်စေရမယ်ဆိုတာ အာမခံပါတယ် ။ အသစ်ချွတ်ချွတ် ဖြစ်တဲ့အပြင် limited lifetime warranty လဲပါမယ်ဗျာ ။

မူရင်းဈေး - 490,000 ks ကို အထူးဈေးနှုန်း 250,000 ks နဲ့ဝယ်ယူရရှိနိုင်မှာဖြစ်လို့ လို အပ်ရင် အခုပဲ မှာယူလိုက်တော့ဗျို့ ။

ရန်ကုန်မြို့တွင်း ၊ မြို့ပြင် နှင့် တစ်ခြားမြို့များကို Royal Express Delivery ဖြင့်အိမ်တိုင်ရာရောက်ပို့ဆောင်ပေးတဲ့အပြင် အိမ်ရောက်ငွေရရှိသော မြို့ များကိုလည်း COD စနစ်ဖြင့် ပို့ဆောင်ပေးပါတယ်ဗျ ... 🚚

ဆက်သွယ်ရန်

------

📱 𝟎𝟗 - 𝟗𝟒𝟑𝟎𝟏𝟎𝟐𝟖𝟒 , 𝟎𝟗 - 𝟕𝟓𝟎𝟎𝟔𝟒𝟐𝟔𝟏

📍 No ( 5 ) , Yadanar Theinkha Street, Sangyi Qtr , Mingalardon Township , Yangon.

🗺 https://maps.app.goo.gl/n5EiLNP722Kwq9mp6

Photos from NET AGE's post 02/09/2026

Smartwatch ဆိုတာ အချိန်ကြည့်ဖို့ သပ်သပ်မဟုတ်ပါဘူး ။

သင့်ရဲ့ နေ့စဉ်လှုပ်ရှားမှု ၊ ကျန်းမာရေး နှင့် သင့်ရဲ့ Unique ဖြစ်တဲ့ style ကို ဖော်ပြပေးမယ့် အရာတစ်ခုဆိုတာ သင်ကိုယ်တိုင်လည်း သိသလို အကယ်၍ smartwatch တစ်လုံးကောင်းကောင်း ဝယ်ယူဖို့ စဉ်းစားနေတယ် ဆိုရင် ကျွန်တော်တို့ Net Age မှာ ရွေးချယ်ဝယ်ယူလို့ရမယ့် Infinix ရဲ့ Smartwatch Model ( 2 ) ရှိနေပါပြီ ဗျ ။

infinix GT Watch 5 Pro ( Black Colour )
230,000 Ks

infinix Watch N5 Pro ( Black Colour )
220,000 Ks

ရန်ကုန်မြို့တွင်း ၊ မြို့ပြင် နှင့် တစ်ခြားမြို့များကို Royal Express Delivery ဖြင့်အိမ်တိုင်ရာရောက်ပို့ဆောင်ပေးတဲ့အပြင် အိမ်ရောက်ငွေရရှိသော မြို့ များကိုလည်း COD စနစ်ဖြင့် ပို့ဆောင်ပေးပါတယ်ဗျ ... 🚚

ဆက်သွယ်ရန်

------

📱 𝟎𝟗 - 𝟗𝟒𝟑𝟎𝟏𝟎𝟐𝟖𝟒 , 𝟎𝟗 - 𝟕𝟓𝟎𝟎𝟔𝟒𝟐𝟔𝟏

📍 No ( 5 ) , Yadanar Theinkha Street, Sangyi Qtr , Mingalardon Township , Yangon.

🗺️ https://maps.app.goo.gl/n5EiLNP722Kwq9mp6

24/08/2026

Crypto သုံးသူများသတိပြုသင့်သည့် Browser Extension များအကြောင်း ...

ဒီဘက်ခေတ်မှာ ကွန်ပြူတာ Browser ထဲ Extension လေးတွေ ထည့်သွင်းပြီး သုံးရတာ တော်တော်လေး အဆင်ပြေပါတယ်။ ဒါပေမဲ့ မကြာသေးခင်က Mozilla Firefox ရဲ့ Add-ons စတိုးထဲမှာ နာမည်ကြီး Crypto Wallet တွေအဖြစ် ဟန်ဆောင်ထားတဲ့ Extension အတု ပေါင်း (၄၀) ကျော် ကို ပညာရှင်တွေက တွေ့ရှိခဲ့ပါတယ် ။

ဒါတွေဟာ Crypto အသုံးပြုစုဆောင်းနေသူတွေရဲ့ Crypto ပိုင်ဆိုင်မှုတွေကို အကုန် ခိုးယူဖို့ ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားတာ ဖြစ်ပါတယ်။

ဒီ Extension တွေက ဘယ်လိုအလုပ်လုပ်လဲ ?

ဒီ Extension တွေရဲ့ အဆိုးဆုံးအပိုင်းကတော့ အသုံးပြုသူတွေကို ယုံကြည်သွားအောင် အကွက်ကျကျ လှည့်စားထားတာပါပဲ။

ပထမတော့ ရိုးရိုးသားသား ဟန်ဆောင်တယ်
ဟက်ကာတွေဟာ Extension တွေကို ပထမဆုံး စတိုးထဲ တင်တဲ့အခါ ဘောလုံးပွဲ ရမှတ်ကြည့်တဲ့ Tool၊ မှတ်စုရေးတဲ့ Tool စတဲ့ လူတွေယုံကြည်ရလောက်တဲ့ နာမည်တွေနဲ့ add-ons store ပေါ်တင်ပါတယ် ။

အဲ့ software တွေကို user တွေ သွင်းပြီးမှ မဲလ်ဝဲလ်အဖြစ် ပြောင်းပစ်လိုက်တယ်။ စတိုးထဲမှာ နေရာရသွားပြီး လူတွေ ဒေါင်းလုဒ်ဆွဲသွင်းထားပြီးတဲ့ အခါကျမှ Crypto Wallet တွေဆီကနေ Data တွေ ခိုးယူမယ့် အန္တရာယ်ရှိတဲ့ Update တွေကို နောက်ကွယ်ကနေ တိတ်တဆိတ် ထည့်သွင်းလိုက်ပါတယ်။
နာမည်တွေကို ခပ်ဆင်ဆင် ပေးထားတယ်
Rabby Wallet၊ OKX၊ TronLink စတဲ့ နာမည်ကြီး Wallet တွေရဲ့ နာမည်ကို ယူပြီး ℞ab␢y Wa❘Iet လိုမျိုး မူရင်းနဲ့ ခွဲမရတဲ့ စာလုံးပေါင်း အဆန်းတွေနဲ့ ပေးထားတတ်ကြပါတယ်။
User တွေ အနေနဲ့ ဘာတွေ ဆုံးရှုံးသွားနိုင်သလဲ?

ဒီလို Extension အတုတွေကို ကိုယ့်ရဲ့ Browser ထဲမှာ ထည့်သွင်းမိလိုက်တာနဲ့ တစ်ပြိုင်နက် ...

" လျှို့ဝှက်ကုဒ်တွေ ဟက်ကာတွေရသွားနိုင်တယ် "

Wallet ဖွင့်တဲ့အခါ အရေးအကြီးဆုံးဖြစ်တဲ့ စကားလုံး ၁၂ လုံး/၂၄ လုံး (Recovery/Seed Phrase) တွေနဲ့ Private Key တွေကို ကြားဖြတ် ခိုးယူသွားနိုင်ပါတယ်။

" ကော်ပီကူးထားတဲ့ စာတွေကိုပါ ခိုးယူသွားနိုင်တယ်"

ကွန်ပျူတာမှာ Copy ကူးထားတဲ့ Password တွေ၊ Account အချက်အလက်တွေကိုပါ အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့် ခိုးယူနိုင်ပါတယ်။

Crypto ရဲ့ သဘောသဘာဝအရ ကိုယ့်ရဲ့ Recovery Phrase သို့မဟုတ် Key တစ်ခုခု သူများလက်ထဲ ရောက်သွားပြီဆိုရင် Wallet ထဲက ပိုက်ဆံတွေကို စက္ကန့်ပိုင်းအတွင်း အကုန်လွှဲထုတ်သွားနိုင်ပြီး ပြန်လည်ရရှိနိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ပါဘူး။

ဘယ်လိုကာကွယ်ရမလဲ ?

- Firefox Add-ons စတိုးထဲမှာ နာမည်ရိုက်ရှာပြီး တန်းတွေ့တဲ့ Extension ကို ချက်ချင်း Install မလုပ်ပါနဲ့။

- မိမိသုံးမယ့် Wallet (သို့) extension ရဲ့ တရားဝင် ဝဘ်ဆိုက် (ဥပမာ - rabby.io, okx.com) ဆီကို အရင်သွားပြီး အဲဒီက ညွှန်းပေးထားတဲ့ Browser Extension Link ကနေသာ တိုက်ရိုက် သွင်းယူပါ။

- Extension ရဲ့ Developer နာမည်၊ User အရေအတွက်နဲ့ Rating တွေကို သေချာ ကြည့်ပါ။ စာလုံးပေါင်း ထူးဆန်းနေတာမျိုး တွေ့ရင် လုံးဝ မသွင်းပါနဲ့။

- ပမာဏများတဲ့ Crypto တွေအတွက် Hardware Wallet သုံးပါ ။ မိမိအတွက် အရေးကြီးတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ ပမာဏများတဲ့ Asset တွေအတွက် Browser Extension ပေါ်မှာပဲ မထားဘဲ အင်တာနက်နဲ့ မချိတ်ဆက်ထားတဲ့ Hardware Wallet (Cold Wallet) တွေမှာ သိမ်းဆည်းတာက အလုံခြုံဆုံး ဖြစ်ပါတယ်။

12/08/2026

" Adobe နဲ့ Zoom Update လုပ်မယ်ဆို ... သိထားဖို့လို ၊ သတိထားဖို့လို "

လက်ရှိကာလ‌တွေမှာ တိုးတက်လာတဲ့ နည်းပညာနဲ့အတူ သတိထားစောင့်ကြည့်ရမယ့် Malware Campaign အသစ်တစ်ခုအကြောင်းကို ဝေမျှပေးချင်ပါတယ်။ အားလုံးရင်းနှီးပြီးသားဖြစ်တဲ့ Adobe နဲ့ Zoom Software Update တွေ၊ ဒါမှမဟုတ် Business Document Review လုပ်ခိုင်းတဲ့ ပုံစံမျိုးတွေနဲ့ လှည့်စားပြီး စက်တွေထဲကို Malware သွင်းနေတဲ့ ကိစ္စပါ။ Securonix က သုတေသီတွေကတော့ ဒီ Campaign ကို "SMOKE " လို့ နာမည်ပေးထားပါတယ်။

ဒီတိုက်ခိုက်မှုရဲ့ ထူးခြားချက်က သာမန် Malware တွေလို စက်ထဲရောက်တာနဲ့ ချက်ချင်းဖျက်ဆီးတာမျိုး မလုပ်ပါဘူး။ အဓိက ရည်ရွယ်ချက်က IT System Admin တွေ အသုံးများတဲ့ Remote Monitoring and Management (RMM) Tool တစ်ခုဖြစ်တဲ့ ConnectWise ScreenConnect ကို စက်ထဲ ခိုးသွင်းဖို့ပါ။ ဘာလို့ RMM ကို သုံးတာလဲဆိုတော့ Antivirus တွေ၊ EDR တွေကနေ "ဒါဟာ တရားဝင်သုံးနေတဲ့ IT Tool ပဲ" ဆိုပြီး အထင်မှားအောင် (Bypass လုပ်ဖို့) ချထားတာမျိုး ဖြစ်ပါတယ်။

သူက ဘယ်လို အလုပ်လုပ်လဲ ....

အဓိကကတော့ Phishing Email တွေကနေ စတင်ပါတယ်။ Email က လင့်ခ်ကို နှိပ်လိုက်တာနဲ့ VBScript တွေ၊ Batch file တွေ ဒါမှမဟုတ် .NET Executable တွေကို သုံးပြီး စက်ထဲကို ဝင်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက ဒီ Script က ချက်ချင်း အလုပ်မလုပ်သေးဘဲ ကိုယ့်စက်ထဲမှာ Wireshark, Process Monitor, ဒါမှမဟုတ် VirtualBox လိုမျိုး Tool တွေ Run နေသလားဆိုတာကို အရင်စစ်ဆေးပါတယ်။ (Anti-analysis Check ဝင်လုပ်တဲ့ သဘောပါ)။

အဲဒီ Tool တွေ မရှိဘူးဆိုတာ သေချာမှသာ PowerShell ကနေတစ်ဆင့် C # Payload ( Malicious Code ) ကို ဆွဲချပြီး အလုပ်လုပ်ပါတယ်။ ပိုဆိုးတာက Windows ရဲ့ Security System ဖြစ်တဲ့ AMSI (Antimalware Scan Interface) ကို ပိတ်တာ၊ UAC (User Account Control) ကို ကျော်တာနဲ့ SmartScreen ကို Registry ကနေ ဝင်ပိတ်တာတွေအထိ System အောက်ခြေထိကို အဆင့်ဆင့် ဝင်မွှေသွားနိုင်တယ်ဆိုတာကို တွေ့ရပါတယ်။ တချို့ Payload တွေကို Dropbox လို Whitelisted ဖြစ်နေတဲ့ နေရာတွေကနေ ဆွဲချတဲ့အပြင်၊ Cloudflare Quick Tunnel တွေကိုပါ အသုံးချပြီး C2 (Command and Control) Server တွေနဲ့ လှို့ဝှက်ချိတ်ဆက်ကြပါတယ်။

ဒါကိုဘယ်လို ကာကွယ်လိုရမလဲ ....

ScreenConnect လို Remote Access Tool သာ ကိုယ့်စက်ထဲ အောင်မြင်စွာ ရောက်သွားပြီဆိုရင်တော့ Attacker တွေက ကိုယ့်စက်ကို အချိန်မရွေး လှမ်းထိန်းချုပ်နိုင်သွားပါပြီ။ ကိုယ်တိုင် System ကိုင်တဲ့သူတွေ၊ သာမန် User တွေအနေနဲ့ ဒါကို ကာကွယ်ဖို့အတွက် အောက်ပါအချက်တွေကို သတိပြုသင့်ပါတယ် -

✅ မယုံရတဲ့၊ မသိတဲ့ MSI ဖိုင်တွေကို Run ခွင့်မပေးဖို့ (Software တွေကို Official Website ကနေပဲ ဒေါင်းလုပ်ဆွဲပါ) ။

✅ အဖွဲ့အစည်း၊ ရုံးတွေအနေနဲ့ RMM Tool တွေသုံးရင် မှန်ကန်တဲ့ ချိတ်ဆက်မှု ဟုတ်မဟုတ် သေချာ Audit လုပ်ပါ ။

✅ စက်ထဲမှာ မသင်္ကာစရာ PowerShell နဲ့ cmd.exe Process တွေ Run နေတာမျိုးကို စောင့်ကြည့်ဖို့နဲ့၊ UAC Setting တွေကို သေချာစစ်ဆေးပါ ။

Cybersecurity ဆိုတာ Attacker နဲ့ Defender ကြားက အဆုံးမရှိတဲ့ အပြိုင်အဆိုင်တစ်ခုပါ။ အခုနောက်ပိုင်း Hacker တွေက အရင်လို သီးသန့်ရေးဆွဲထားတဲ့ Trojan အကြမ်းစားတွေ သုံးတာထက်၊ ကိုယ်သုံးနေကျ Legitimate Tool တွေကိုပဲ အသုံးချပြီး (Living off the land) ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လာတာကို သတိပြုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပုံမှန် Update လုပ်ဖို့ တောင်းဆိုလာတိုင်း Yes မနှိပ်ခင်မှာ တကယ့် Official ကလာတာ ဟုတ်မဟုတ် သတိလေးတစ်ချက် ကပ်ထားဖို့ဆိုတာလေးကို အကြုံပြု ပြောကြားရင် ဖတ်ရှုပေးတဲ့ ‌အယောက်စီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ဗျ ။

27/07/2026

" သေးပေမယ့် ကြမ်း ... အသံစနစ် နဲ့ လန်း - JBL GO5 "

သီချင်းကောင်းတစ်ပုဒ်က သင့်ရဲ့ Mood ကို ချက်ချင်းပြောင်းလဲပေးနိုင်တယ်ဆိုတာ လက်ခံပါသလား?

မိုးရွာရွာ၊ နေပူပူ၊ ခရီးသွားရင်းဖြစ်ဖြစ်၊ အိမ်မှာပဲ အေးအေးဆေးဆေး နေချင်တဲ့အချိန်ဖြစ်ဖြစ်... သင့်ရဲ့ Vibe ကို အမြဲတမ်း အမိုက်ဆုံးဖြစ်အောင် ဖန်တီးပေးဖို လက်တစ်ဆုပ်စာ JBL Go 5 က အသင့်ရှိနေပါပြီ။

ရိုးရိုး Bluetooth Speaker တစ်လုံးထက် ပိုတဲ့ အတွေ့အကြုံကို ပေးစွမ်းမယ့် JBL Go 5 မှာ ဘာတွေထူးခြားသွားလဲ?

🎵 Legendary JBL Sound နဲ့ ပိုမိုက်လာတဲ့ Bass: အရင် Model တွေထက် ပိုမိုနက်ရှိင်းတဲ့ Bass အသံနဲ့ ကြည်လင်ပြတ်သားတဲ့ Audio Quality ကို ဒီအရွယ်အစားလေးထဲကနေ မယုံနိုင်လောက်အောင် အပြည့်အဝ ခံစားရမှာပါ။

✨ Ambient Edge Lighting: သီချင်းရဲ့ Vibe အတိုင်း လိုက်ဖက်တဲ့ မီးရောင်လေးတွေ (Light Themes) ပါဝင်လာပြီး ပါဝါဖွင့်တာ၊ Bluetooth ချိတ်တာတွေအတွက်ပါ အလန်းစား Visual လေးတွေနဲ့ အမိုက်စား ခံစားချက်ကို ပေးစွမ်းနိုင်ပါတယ်။

🔋 10 နာရီဆက်တိုက် Playtime: ပုံမှန် ၈ နာရီအပြင်၊ Playtime Boost လေး နှိပ်လိုက်တာနဲ့ နောက်ထပ် ၂ နာရီ ထပ်တိုးပြီး စုစုပေါင်း ၁၀ နာရီတိတိ သီချင်းတွေကို စိတ်ကြိုက်နားထောင်လိုရပါပြီ။

🛡 All the proofs - ရေစို၊ ဖုန်ဝင်၊ ပြုတ်ကျခံနိုင်ရည် : ရေစိုသွားတာပဲဖြစ်ဖြစ် ၊ မတော်တဆ ပြုတ်ပဲကျကျ (Drop-proof) ဘာမှစိုးရိမ်စရာမလိုတဲ့ အကြမ်းခံဆုံး (IP68) Build Quality နဲ့ တည်ဆောက်ထားပါတယ်။

အမိုက်ဆုံး Features တွေ အနေနဲ့ ဆိုရင် ...

🎶 JBL Portable App: ကိုယ့်စိတ်ကြိုက် အသံထွက်ဖြစ်အောင် 7-band EQ ကို စိတ်ကြိုက် ချိန်ညှိနိုင်ပါတယ်။

🎶 Auracast™ & AirTouch: Speaker အချင်းချင်း ကြိုးမဲ့ချိတ်ဆက်နိုင်ရုံမကဘဲ၊ Go 5 နှစ်လုံးကို ပွတ်တိုက် (Bump) လိုက်ရုံနဲ့ AirTouch နည်းပညာကနေတစ်ဆင့် ချက်ချင်း Stereo Sound ပြောင်းသွားမှာပါ။

🎶 Lossless USB-C Audio: သီချင်းကို အကြည်လင်ဆုံးနဲ့ အသန့်စင်ဆုံး (Lossless) နားဆင်နိုင်ဖို ထောက်ပံ့ပေးထားပါတယ်။

🌱 Eco-Friendly: သဘာဝပတ်ဝန်းကျင်အတွက် Recycled Plastic နဲ့ ပြုလုပ်ထားပြီး PVC-free ဖြစ်တဲ့အပြင် FSC Certified ရထားတဲ့ Packaging ကို အသုံးပြုထားလို Eco-friendly ဖြစ်တဲ့ Gadget တစ်ခုလည်း ဖြစ်ပါတယ်။

ခေတ်မီဆန်းသစ်တဲ့ ဒီဇိုင်း ၊ အမိုက်စား Features တွေ နဲ့အတူ နေ့စဉ်ဘဝမှာ သင့်ရဲ့ mood ကို သီချင်းသံစဉ်တွေ နဲ့ အသက်သွင်းဖို အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ကျွန်တော်တို Net Age မှာ အသေးစိတ် စုံစမ်း မေးမြန်း ဝယ်ယူရရှိနိုင်ပါပြီ ခင်ဗျာ ... 🎶

ရန်ကုန်မြိုတွင်း ၊ မြိုပြင် နှင့် တစ်ခြားမြိုများကို Royal Express Delivery ဖြင့်အိမ်တိုင်ရာရောက်ပိုဆောင်ပေးတဲ့အပြင် အိမ်ရောက်ငွေချေရရှိသော မြို များကိုလည်း COD စနစ်ဖြင့် ပိုဆောင်ပေးပါတယ်ဗျ ... 🚚

ဆက်သွယ်ရန်

------

📱 𝟎𝟗 - 𝟗𝟒𝟑𝟎𝟏𝟎𝟐𝟖𝟒 , 𝟎𝟗 - 𝟕𝟓𝟎𝟎𝟔𝟒𝟐𝟔𝟏

📍 No ( 5 ) , Yadanar Theinkha Street, Sangyi Qtr , Mingalardon Township , Yangon.

🗺️ https://maps.app.goo.gl/n5EiLNP722Kwq9mp6

25/07/2026

" ကလစ်တစ်ချက်နှိပ်ရုံနဲ့ သင့် WhatsApp အချက်အလက်တွေကို တိတ်တဆိတ် ခိုးယူသွားနိုင်တဲ့ Adobe Acrobat Chrome Extension အားနည်းချက် "

ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေတဲ့ Software တွေ၊ Browser Extension လေးတွေက တစ်ခါတစ်ရံမှာ မထင်မှတ်ထားတဲ့ လုံခြုံရေးပြဿနာတွေကို ယူဆောင်လာတတ်ပါတယ်။ အခုလတ်တလောမှာလည်း အသုံးပြုသူ သန်း ၃၁၄ ကျော်ရှိတဲ့ Google Chrome ပေါ်က "Adobe Acrobat Extension" မှာ သင့်ရဲ့ WhatsApp Web အချက်အလက်တွေကို တိတ်တဆိတ်ခိုးယူသွားနိုင်တဲ့ အားနည်းချက်တစ်ခုကို Guardio Labs က ဆိုက်ဘာလုံခြုံရေးသုတေသီတွေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

" HermeticReader " လို့ အမည်ပေးထားတဲ့ အားနည်းချက် ...

ဒီအားနည်းချက်ကို သုတေသီတွေက HermeticReader လို့ နာမည်ပေးထားပြီး တရားဝင်အားဖြင့် CVE-2026-48294 (အန္တရာယ်ရှိနိုင်ခြေ အဆင့် CVSS 7.4) လို့ သတ်မှတ်ထားပါတယ်။ နည်းပညာအခေါ်အဝေါ်အရဆိုရင်တော့ ဒါဟာ Universal Cross-Site Scripting (UXSS) လို့ခေါ်တဲ့ ဝက်ဘ်ဆိုက်တစ်ခုနဲ့တစ်ခုကြား ဒေတာပေါက်ကြားစေနိုင်တဲ့ အားနည်းချက် (Cross-origin data disclosure) ဖြစ်ပါတယ်။

အလွယ်ဆုံးရှင်းပြရရင်တော့ - သင်ဟာ Adobe Acrobat Extension (ဗားရှင်း 26.5.2.2 နဲ့ ၎င်းအောက်) ကို Chrome မှာ သွင်းထားမယ်၊ ပြီးရင် Hacker တွေ ဖန်တီးထားတဲ့ ဝက်ဘ်ဆိုက်လင့်ခ်တစ်ခုခုကို မတော်တဆ ဝင်ကြည့်မိလိုက်မယ်ဆိုတာနဲ့ သင့်ရဲ့ WhatsApp Web က စာတွေ၊ အချက်အလက်တွေကို Hacker တွေက အလွယ်တကူ ရယူသွားနိုင်တာပဲ ဖြစ်ပါတယ်။

ဘယ်လိုမျိုး အလုပ်လုပ်သွားတာလဲ?

ဒီနေရာမှာ စိတ်ဝင်စားစရာအကောင်းဆုံးအချက်က Hacker တွေအနေနဲ့ သင့်ကွန်ပျူတာထဲကို ဗိုင်းရပ်စ် (Malware) သွင်းဖို့မလိုသလို၊ Password တွေကို လိမ်လည်တောင်းခံတဲ့ Phishing နည်းလမ်းတွေလည်း သုံးစရာမလိုပါဘူး။ သင့်ကို သူတို့ဖန်တီးထားတဲ့ လင့်ခ်တစ်ခုကို နှိပ်မိအောင် လုပ်ရုံပါပဲ။

ဖြစ်စဉ်အဆင့်ဆင့်ကို ပြောရမယ်ဆိုရင် ...

ထောင်ချောက်ဆင်ခြင်း - သင်က Hacker တွေ ပြင်ဆင်ထားတဲ့ စာမျက်နှာတစ်ခုကို ဝင်ကြည့်လိုက်တာနဲ့ အဲ့ဒီစာမျက်နှာကနေ သင်သွင်းထားတဲ့ Adobe Acrobat Extension ဆီကို အချက်ပြမှုတွေ (Commands) လှမ်းပို့ပါတယ်။

လျှို့ဝှက်အသက်သွင်းခြင်း - အဲ့ဒီနောက် Extension ထဲမှာရှိတဲ့ WhatsApp နဲ့ ချိတ်ဆက်လုပ်ဆောင်ဖို့ တည်ဆောက်ထားတဲ့ 'Hermes Engine' ဆိုတဲ့ အစိတ်အပိုင်းကို အသက်သွင်းလိုက်ပါတယ်။

ဒေတာများကို ခိုးယူခြင်း - နောက်ကွယ်မှာ WhatsApp Web ကို Browser Tab အသစ်နဲ့ တိတ်တဆိတ်ဖွင့်ပြီး HTML နည်းပညာရဲ့ အားနည်းချက်ကို အသုံးချကာ သင့်ရဲ့ WhatsApp မျက်နှာပြင်မှာပေါ်နေတဲ့ Chat စာရင်းတွေ၊ Contact နာမည်တွေ၊ စကားပြောထားတဲ့ Message တွေ၊ Profile နာမည် စတာတွေအားလုံးကို Hacker ရဲ့ ဆာဗာဆီကို ပို့ဆောင်ပေးလိုက်တာပဲ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်မှာ WhatsApp Web ရဲ့ လုံခြုံရေးစနစ် (Content Security Policy) မှာ Form တွေနဲ့ပတ်သက်ပြီး တင်းကျပ်တဲ့ ကန့်သတ်ချက် (Form-action directive) မပါဝင်တာကလည်း Hacker တွေအတွက် ဟာကွက်တစ်ခု ဖြစ်သွားစေခဲ့ပါတယ်။

ယခုအခါမှာတော့ ဒီအားနည်းချက်ကို Adobe ဘက်က ပြင်ဆင် (Patch) လုပ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ နည်းပညာပညာရှင်တွေနဲ့ လုပ်ငန်းကြီးတွေဟာ အဓိကကျတဲ့ စနစ်ကြီးတွေ (Core Systems) ရဲ့ လုံခြုံရေးကိုပဲ အာရုံစိုက်လေ့ရှိပြီး သာမန်ချိတ်ဆက်မှု အစိတ်အပိုင်းလေးတွေ (Plumbing-level) ကိုတော့ သိပ်ပြီးဂရုမစိုက်မိတတ်ကြပါဘူး။ ဒါပေမယ့် အသုံးပြုသူ သန်းရာချီရှိတဲ့ Extension တစ်ခုမှာ အခုလို သေးငယ်တဲ့ ချိတ်ဆက်မှု အားနည်းချက်လေး ရှိနေတာကနေတစ်ဆင့် ကြီးမားတဲ့ လုံခြုံရေးပြိုလဲမှုတွေ ဖြစ်လာနိုင်တယ်ဆိုတာကို Guardio Labs သုတေသီတွေက ထောက်ပြသွားပါတယ်။

ဒါကြောင့် နည်းပညာတိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ အသုံးပြုသူတွေအနေနဲ့ အင်တာနက်ပေါ်မှာ မိမိတို့သုံးနေတဲ့ Browser Extension တွေကို အမြဲ Update ဖြစ်အောင်ထားဖို့၊ မိမိတကယ်အသုံးမပြုတဲ့ Extension တွေကို ဖြုတ် (Remove) ထားဖို့နဲ့ မသင်္ကာစရာ လင့်ခ်တွေကို မနှိပ်မိဖို့ အထူးသတိပြုကြဖို့လိုပါတယ် ။

21/07/2026

macOs အသုံးပြု‌သူတွေ အနေနဲ့ သတိထားသင့်တဲ့ Gaslight Malware ....

ကွန်ပျူတာ လုံခြုံရေးနယ်ပယ်မှာ မဲလ်ဝဲလ် (Malware) တွေနဲ့ ၎င်းတိုကို ရှာဖွေနှိမ်နင်းတဲ့ Security Tool တွေရဲ့ အားပြိုင်မှုဟာ ကြွက်နဲ့ကြောင်လိုပါပဲ။ အရင်တုန်းကဆိုရင် မဲလ်ဝဲလ်တွေဟာ သူတိုကို စစ်ဆေးမယ့် သီးသန့်စနစ် (Sandboxes) တွေကို ရှောင်ကွင်းဖို နည်းလမ်းမျိုးစုံ သုံးခဲ့ကြပါတယ်။ ဒါပေမယ့် အခု ၂၀၂၆ ခုနှစ် ဇွန်လပိုင်းမှာ SentinelOne လုံခြုံရေးအဖွဲက ရှာဖွေတွေ့ရှိခဲ့တဲ့ "Gaslight" လို အမည်ပေးထားတဲ့ macOS မဲလ်ဝဲလ်အသစ်ကတော့ အတော်လေးကို ထူးခြားပါတယ်။ သူက စစ်ဆေးမယ့်စနစ်ကို ပုန်းရှောင်တာမဟုတ်ဘဲ စစ်ဆေးမယ့် "AI" ကိုယ်တိုင် ဇဝေဇဝါဖြစ်သွားအောင် လှည့်စားတဲ့ (Prompt Injection) နည်းပညာကို ပထမဆုံး အသုံးပြုလာတာ တွေ့ရပါတယ်။

AI ကို ဘယ်လို လှည့်စားသွားတာလဲ?

ယနေ့ခေတ် လုံခြုံရေးပညာရှင် (Malware Analysts) တွေဟာ မဲလ်ဝဲလ်တွေကို စစ်ဆေးတဲ့နေရာမှာ အချိန်ကုန်သက်သာအောင် LLM (Large Language Model) တွေကို အခြေခံထားတဲ့ AI Tool တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါတယ်။ ဒီအခွင့်အရေးကို အသုံးချပြီး Gaslight ရဲ့ ဖန်တီးရှင်တွေက မဲလ်ဝဲလ်ရဲ့ Code ထဲမှာ သာမန်မျက်စိနဲ့မသိသာတဲ့ "Fake System Messages" ခေါ် Error အတု ၃၈ ခုလောက်ကို Markdown ဖောမတ်နဲ့ တမင်သက်သက် ထည့်သွင်းရေးသားထားပါတယ်။

ဒီမဲလ်ဝဲလ်ကို AI ထဲထည့်ပြီး စစ်ဆေးလိုက်တဲ့အခါ အထဲမှာထည့်သွင်းထားတဲ့ စာသားတွေက AI ဆီကို "Memory ပြည့်သွားပြီ"၊ "Disk နေရာမရှိတော့ဘူး"၊ "Session အချိန်ကုန်သွားပြီ" စတဲ့ Error Message တွေ တလစပ် ပိုပေးလိုက်ပါတယ်။ အကျိုးဆက်အနေနဲ့ AI က သူ့ရဲ့ စစ်ဆေးရေးလုပ်ငန်းစဉ်မှာ ပြဿနာတက်နေတယ်လို ထင်ယောင်ထင်မှားဖြစ်သွားပြီး (AI ရဲ့ Perception ကို တိုက်ခိုက်လိုက်တာပါ) မဲလ်ဝဲလ်ကို ဆက်မစစ်ဆေးတော့ဘဲ ရပ်တန့်ပစ်လိုက်ပါတယ်။ ဒီလိုနဲ့ Gaslight ဟာ AI ရဲ့ မျက်စိအောက်ကနေ အလွယ်တကူ ကျော်ဖြတ်သွားပါတော့တယ်။

Gaslight Malware ရဲ့ အဓိက ရည်ရွယ်ချက် ....

ဒီလောက် ဉာဏ်များတဲ့ Gaslight ဟာ အခြေခံအားဖြင့် Rust Programming Language နဲ့ ရေးသားထားတဲ့ Infostealer (အချက်အလက်ခိုးယူတဲ့ မဲလ်ဝဲလ်) အမျိုးအစား ဖြစ်ပါတယ်။ AI ရဲ့ စစ်ဆေးမှုကို ကျော်ဖြတ်ပြီး Apple ရဲ့ macOS စက်တွေထဲ ဝင်ရောက်သွားတာနဲ့ သူဟာ သိမ်းဆည်းထားတဲ့ စကားဝှက်တွေ (Keychain Credentials)၊ Chrome, Safari, Brave, Firefox စတဲ့ Browser တွေက Data တွေနဲ့ Terminal History တွေကို စတင်ခိုးယူပါတော့တယ်။ ပြီးရင်တော့ အဲဒီ အချက်အလက်တွေကို Telegram Bot API ကနေတစ်ဆင့် ဟက်ကာတွေဆီကို လျှိဝှက် ပေးပိုပါတယ်။

လုံခြုံရေးသုတေသီတွေရဲ့ အခိုင်အမာ ကောက်ချက်ချမှုတွေအရတော့ ဒီမဲလ်ဝဲလ်ရဲ့ နောက်ကွယ်မှာ မြောက်ကိုရီးယား ကျောထောက်နောက်ခံပြု ဟက်ကာအဖွဲ (DPRK-aligned threat actors) တွေ ရှိနေတယ်လို ဆိုပါတယ်။

ဘာကြောင့် သတိထားဖို လိုတာလဲ?

Gaslight ရဲ့ ပေါ်ထွက်လာမှုဟာ ဆိုက်ဘာလုံခြုံရေးလောကအတွက် အချက်ပေးခေါင်းလောင်းသံ တစ်ခုပါပဲ။ အရင်က ဟက်ကာတွေဟာ လူကိုပဲ လှည့်စား (Social Engineering) လို ရခဲ့ရာကနေ အခုဆိုရင် လုံခြုံရေးစနစ်တွေမှာ အားထားနေရတဲ့ AI တွေကိုပါ ပစ်မှတ်ထား လှည့်စားလာနိုင်ပြီ ဖြစ်ပါတယ်။ မဲလ်ဝဲလ်တွေကိုယ်တိုင်က AI နည်းပညာတွေသုံးပြီး ပိုမိုဆန်းသစ်လာတဲ့အတွက် ကာကွယ်ရမယ့် AI စနစ်တွေကိုယ်တိုင်ကလည်း ဒီလို Prompt Injection အန္တရာယ်တွေကို ခွဲခြားသိမြင်နိုင်တဲ့ ပိုမိုခိုင်မာတဲ့ စိစစ်နိုင်စွမ်းတွေ ရှိလာဖို လိုအပ်နေပြီဆိုတာ Gaslight က သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။

Photos from NET AGE's post 19/07/2026

နေ့စဉ်လူနေမှုဘဝမှာ Smart & Fit ဖြစ်နေစေဖို့ အကောင်းဆုံးနည်းပညာတွေ နဲ့ Huawei Band 11 Pro ....

✅ တိကျတဲ့လမ်းကြောင်းပြစနစ် ( Built-in GNSS ) ပါဝင်တာကြောင့် လမ်းလျှောက်တာ ‌၊ ပြေးတာ စတာနဲ့ပတ်သက်ပြီး သွားခဲ့တဲ့ လမ်းကြောင်းကို အတိအကျ မှတ်တမ်းတင်ထားနိုင်ခြင်း ။

✅ နှလုံးခုန်နှုန်း ၊ သွေးတွင်းအောက်ဆီဂျင် ( SpO2 ) နဲ့ အိပ်စက်မှုအလေ့အထကို နာရီပတ်ထားတဲ့အချိန်တိုင်းစောင့်ကြည့်ပေးနိုင်မယ့် စနစ် နှင့်အတူ စိတ်ဖိစီးမှုကို တိုင်းတာ နိုင်မည့် စနစ်ပါဝင်ခြင်း ။

✅ ကျန်းမားရေးလေ့လာ လိုက်စားသူတွေ အတွက် workout mode 100 ကျော်ကို မှတ်ထားပေးနိုင်ခြင်း ။

✅ ပါးလွှာပေါ့ပါးတဲ့ Metallic Design နှင့်အတူ တစ်ခါအားသွင်းရုံနဲ့ ကြာရှည်အသုံးခံသည့် Battery ပါဝင်ခြင်း ။

Available Items
---------

Product - HUAWEI Band 11 Pro
Case - Aluminium Alloy
Color - Blue Silver
Price - 240,000 MMK

Product - HUAWEI Band 11 Pro
Case - Aluminium Alloy
Color - Green
Price - 250,000 MMK

ရန်ကုန်မြို့တွင်း ၊ မြို့ပြင် နှင့် တစ်ခြားမြို့များကို Royal Express Delivery ဖြင့်အိမ်တိုင်ရာရောက်ပို့ဆောင်ပေးတဲ့အပြင် အိမ်ရောက်ငွေရရှိသော မြို့ များကိုလည်း COD စနစ်ဖြင့် ပို့ဆောင်ပေးပါတယ်ဗျ ... 🚚

ဆက်သွယ်ရန်

------

📱 𝟎𝟗 - 𝟗𝟒𝟑𝟎𝟏𝟎𝟐𝟖𝟒 , 𝟎𝟗 - 𝟕𝟓𝟎𝟎𝟔𝟒𝟐𝟔𝟏

📍 No ( 5 ) , Yadanar Theinkha Street, Sangyi Qtr , Mingalardon Township , Yangon.

🗺️ https://maps.app.goo.gl/n5EiLNP722Kwq9mp6

17/07/2026

ဖိုင် ဖြည်ဖို့ 7zip သုံးမယ်ဆို သတိထားဖိုလို ...

ကွန်ပျူတာသုံးသူ တော်တော်များများဟာ ဖိုင်တွေကို ချုံဖို (Compress လုပ်ဖို) 7-Zip ကို အသုံးပြုလေ့ရှိကြပါတယ်။ ပေါ့ပါးပြီး အခမဲ့သုံးလိုရတဲ့ ဒီလို နာမည်ကြီး Open-source ဆော့ဖ်ဝဲလ်တစ်ခုကို အသုံးချပြီး ဆိုက်ဘာရာဇဝတ်ကောင်တွေက သုံးစွဲသူတွေရဲ့ ကွန်ပျူတာတွေကို အဝေးထိန်း Proxy စက်တွေအဖြစ် ခိုးယူပြောင်းလဲနေတဲ့ အန္တရာယ်တစ်ခု အခုရက်ပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်‌နေပါတယ်။

ဒီတို-က်ခို-က်မှုကို လုပ်ဆောင်နေတဲ့ အဖွဲ (Security သုတေသီတွေကတော့ Lurking Lizard လို နာမည်ပေးထားပါတယ်) ဟာ 7-Zip ရဲ့ တရားဝင် ဝဘ်ဆိုက်ဖြစ်တဲ့ 7-zip.org အစား ဆင်တူယိုးမှား 7zip[.]com ဆိုတဲ့ ဒိုမိန်းအတုတစ်ခုကို ဖန်တီးပြီး ထောင်ချောက်ဆင်ထားတာ ဖြစ်ပါတယ်။ သုံးစွဲသူတွေက ကိုယ်ဝင်တဲ့ ဝဘ်ဆိုက်ဟာ အတုမှန်းမသိဘဲ 7-Zip Installer ကို ဒေါင်းလုဒ်ဆွဲ၊ Install လုပ်လိုက်တဲ့အခါ ကွန်ပျူတာထဲမှာ 7-Zip ကတော့ ပုံမှန်အတိုင်း အလုပ်လုပ်နေမှာပါ။ ဒါပေမယ့် နောက်ကွယ်မှာတော့ Uphero.exe လိုမျိုး Trojan မဲလ်ဝဲ (Malware) တွေကိုပါ တိတ်တဆိတ် ထည့်သွင်းသွားတာ ဖြစ်ပါတယ်။

ဒီမဲလ်ဝဲလ်ရဲ့ အဓိက ရည်ရွယ်ချက်က သင့်ကွန်ပျူတာကို 'Residential Proxy Node' အဖြစ် ပြောင်းလဲပစ်ဖိုပါပဲ။ ရှင်းအောင်ပြောရရင် သင့်အင်တာနက်လိုင်း၊ သင့် IP Address ကို ဖြတ်ပြီး သူတိုရဲ့ အင်တာနက် အသွားအလာ (Traffic) တွေကို ဖုံးကွယ်ဖို အသုံးပြုသွားတာ မျိုးဖြစ်ပါ။ ဆိုက်ဘာရာဇဝတ်ကောင်တွေဟာ ဒီလိုရရှိလာတဲ့ ကိုယ်ပိုင် Proxy ကွန်ရက်တွေကို အွန်လိုင်းလိမ်လည်မှုတွေ (Fraud) လုပ်ဖို၊ တရားမဝင် ဒေတာခိုးယူမှုတွေ (Web Scraping) လုပ်ဖိုနဲ့ သူတိုရဲ့ ခြေရာကို ဖျောက်ဖိုအတွက် တခြား ဒုစရိုက်သမားတွေကို ပြန်လည်ရောင်းချပြီး ငွေရှာကြပါတယ်။ သင်ကတော့ ဘာမှမသိဘဲ ကိုယ့်အင်တာနက်လိုင်း အကြောင်းရင်းမရှိ နှေးသွားတာမျိုး၊ ကိုယ့် IP ကနေ မသင်္ကာစရာတွေ လုပ်နေတဲ့အတွက် ဆာဗာတွေကနေ Blacklist (အမည်ပျက်စာရင်း) အသွင်းခံရတာမျိုးတွေ ကြုံတွေ့လာရနိုင်ပါတယ်။

ဒီ မဲလ်ဝဲလ်ဟာ ရိုးရိုးရှင်းရှင်း ရေးထားတာ မဟုတ်ပါဘူး။ သူတိုကို Antivirus တွေ၊ Security တွေက ဖမ်းမိနိုင်ခြေကို ရှောင်ရှားဖိုအတွက် Virtual Machine (VM) တွေ၊ Sandbox တွေပေါ်မှာ Run နေတာလား ဆိုတာကို အရင်စစ်ဆေးပါတယ်။ ပြီးရင် ကွန်ပျူတာပိတ်ပြီး ပြန်ဖွင့်တိုင်း အလိုအလျောက် အလုပ်လုပ်နိုင်ဖို Windows မှာ SYSTEM Privilege (အမြင့်ဆုံး လုပ်ပိုင်ခွင့်) ယူပြီး Auto-start Services တွေအဖြစ် နေရာယူပါတယ်။ ဒါ့အပြင် သူတိုရဲ့ Command and Control (C2) ဆာဗာတွေနဲ့ ချိတ်ဆက်တဲ့အခါမှာလည်း သာမန် DNS အစား Google ရဲ့ DNS-over-HTTPS စနစ်ကို အသုံးပြုပြီး Network Traffic ကို TLS နဲ့ ကုဒ်ဝှက် (Encrypt) လိုက်တဲ့အတွက် ရိုးရိုး Network Security စနစ်တွေကနေ ဖမ်းမိဖို တော်တော်လေး ခက်ခဲပါတယ်။

ဒါကို ဘယ်လို ကာကွယ်ရမလဲ ။

ဒီလို အန္တရာယ်မျိုးကနေ ကင်းဝေးဖိုဆိုရင် ဆော့ဖ်ဝဲလ်တွေကို ဒေါင်းလုဒ်လုပ်တဲ့အခါ တရားဝင် (Official) ဝဘ်ဆိုက် ဟုတ်၊ မဟုတ် သေချာစစ်ဆေးဖို အလွန်အရေးကြီးပါတယ်။ 7-Zip အတွက်ဆိုရင် .org နဲ့ဆုံးတဲ့ 7-zip.org ကသာ တရားဝင် ဖြစ်ပါတယ်။ သာမန်အားဖြင့် Search Engine တွေကနေ ရှာပြီး ပထမဆုံးပေါ်လာတဲ့ လင့်ခ်ကို မျက်စိမှိတ် ဝင်လိုက်တာမျိုး၊ YouTube လို နေရာမျိုးက Tutorial တွေမှာ ပေးထားတဲ့ လင့်ခ်တွေကို မစစ်ဆေးဘဲ နှိပ်လိုက်တာမျိုးတွေကို ရှောင်ကြဉ်ပြီး URL ကို သေချာဖတ်ပါ။

ဆိုက်ဘာလုံခြုံရေးဆိုတာ ကိုယ့်ရဲ့ သတိပြုမှု (Awareness) အပေါ်မှာ အများကြီး မူတည်နေတာမို ဆော့ဖ်ဝဲလ် အသေးလေးတစ်ခု သွင်းတာကအစ အလွယ်တကူ ပေါ့ဆလို မရတော့ဘူးဆိုတာ သတိထားဖိုလိုပါပြီ ။

Category

Website

Address

No 5, Yathanartheinkha Street, Sangyiwa Qtr, Mingalardon Township
Yangon