Boom Boom

Boom Boom

Share

ကိုယ်တော်ကို ခိုလှုံကိုးစား အသက်ရှင်ခဲ့ခြင်း အတွက် ဘယ်သောအခါမှ နောင်တရလိမ့်မည်မဟုတ်ပါ။ အမှုတော်ဆောင်

05/10/2026

ခရစ်ဝင်ကျမ်း ၄ ကျမ်းကို Devotional အဖြစ်ဖတ်တာ
ဘဲဖြစ်ဖြစ်၊အချိန်တခုပေးပြီးလေ့လာကြတဲ့အခါဘဲဖြစ်
ဖြစ် The Method of Jesus Teaching ကိုတွေ့ရမှာဖြစ်
သလို့ သခင်ယေရှုရဲ့သွန်သင်ခြင်းနည်းတွေအများစုဟာ
ရှင်ပေါလုနဲ့ဖာရိရှဲတွေ၊ကျမ်းတတ်ဆရာတွေလိုမျိုးတင်း
ကျပ်တဲ့အယူဝါဒဆိုင်ရာစည်းမျဉ်းတွေ၊ စိတ်ကူးယဉ်ဆန်
တဲ့ (abstract) သီအိုရီတွေနဲ့တိကျတဲ့အဓိပ္ပာယ်ဖွင့်ဆို
ချက်တွေကိုအသုံးမပြုဘဲ၊နေ့စဉ်လူတွေထိတွေ့နေကျလူ
တိုင်းနားလည်နိုင်တဲ့လက်တွေ့သဘာဝလောကကိုအသုံး
ပြုပြီးမမြင်နိုင်သောဝိညာဉ်ရေးရာသမ္မာတရားကိုပုံဥပမာ
တွေနဲ့ရှင်းလင်းသွန်သင်ခြင်းနည်းဖြစ်တယ်လို့ပညာရှင်
အတော်များများကသုံးသပ်ထားကြတာပါ။

The Method of Jesus Teaching ချဉ်းကပ်တဲ့အခါ
ချဉ်းကပ်တဲ့ရှု့ဒေါင့်အပေါ်လိုက်ပြီးသုံးချက်တွေကွာခြား
ကြတာတော့ရှိကြပါတယ်။The Method of Jesus
Teaching ကို Theology Facts အနေနဲ့ချဉ်းကပ်ကြသူ
တွေလည်းရှိပါကြပေမယ့်အခုရေးထားတဲ့အကြောင်းအ
ရာကတော့ Biblical Theology စာအုပ်ထဲမှာဖော်ပြထား
တဲ့ The Method of Jesus Teaching (P-350-355)
ကိုလိုရင်းတိုရှင်းကောက်နူတ်ပြီးဖြည့်စွက်ရေးသားထား
ခြင်းဘဲဖြစ်ပါတယ်။ ဒီစာအုပ်ကိုကနေဒါကနေတကူးတ
ကဝယ်လာပေးတဲ့ ဆရာရိုဘင်ခိုင် Robin Khine ကို
လည်းအထူးဘဲကျေးဇူးတင်ကြောင်းပြောလိုပါတယ်။

The Method of Jesus Teaching (4) မျိုး

1.Similitudes

ခင်ယေရှုရဲ့သွန်သင်ခြင်းနည်းစနစ်တွေထဲမှာ Similitud
es ကလည်းအရေးပါတဲ့သွန်သင်ခြင်းနည်းစနစ်တခုဖြစ်
ပါတယ်။ဒီသွန်သင်ခြင်းနည်းလမ်းဟာ Parable (ပုံဥပ
မာ) အမျိုးအစားကွဲတစ်ခုဖြစ်ပေမယ့်လည်းဇာတ်လမ်း
ရှည်တွေလိုတည်ဆောက်ခြင်းမဟုတ်ဘဲနေ့စဉ်ဘဝထဲက
လူတွေသိနိုင်မြင်နိင်နားလည်နိုင်တဲ့အရာတွေကိုယူပြီး
နှိုင်းယှဉ်ပြခြင်းအပေါ် ပိုပြီးဗဟိုပြုတဲ့သွန်သင်ခြင်းနည်း
လမ်းဖြစ်ပါတယ်။

Similitudes နည်းစနစ်ထဲမှာများသောအားဖြင့်အချက်
4 ချက်လောက်ကိုနားလည်လွယ်အောင်ခွဲထုတ်ကြည့်ရင်
ပိုပြီးတော့ရှင်းပါတယ်။

1. ဖြစ်ရိုးဖြစ်စဉ်များကို အသုံးပြု၍ရှင်းလင်းခြင်း
(Customary Situations)

အတိတ်ကဖြစ်ခဲ့တဲ့သီးခြားဇာတ်လမ်းတစ်ပုဒ် (ဥပမာ -
ကောင်းသောရှမာရိလူ)ကိုပြောပြခြင်းမဟုတ်ဘဲ၊လူတိုင်း
နေ့စဉ်ဘဝမှာအမြဲတမ်းဖြစ်ပျက်နေကျဖြစ်တဲ့သာမန်ဖြစ်
ရိုးဖြစ်စဉ်တွေကိုအမြဲတမ်းအသုံးပြုတဲ့အတွက်နား
ထောင်သူတိုင်းချက်ချင်းနားလည်နိုင်စေတယ်။

2. "ကဲ့သို့ / ပမာ" ရှင်းလင်းပြတ်သားသောနှိုင်းယှဉ်ချက်
ဖြင့်ရှင်းလင်းခြင်း (Explicit Comparison)

ဝိညာဉ်ရေးရာသမ္မာတရားကိုမြင်သာထင်သာရှိတဲ့ရုပ်ဝ
တ္ထုတွေနဲ့တိုက်ရိုက်နှိုင်းယှဉ်ပြလေ့ရှိသလိုအထူးသဖြင့်
"ကောင်းကင်နိုင်ငံတော်သည်.နှင့်တူ၏" (The Kingdom
of Heaven is like...) ဆိုတဲ့အသုံးအနှုန်းတွေနဲ့အများ
ဆုံးအသုံးပြုပါတယ်။

3. လူတိုင်းရင်းနှီးတဲ့ပုံရိပ်များဖြင့်ရှင်းလင်းခြင်း
(Familiar Imagery)

ပါလက်စတိုင်းဒေသခံများ၏ အခြေခံဘဝအသက်မွေး
ဝမ်းကျောင်းဖြစ်သောလယ်ယာစိုက်ပျိုးရေး၊ငါးဖမ်း
ခြင်း၊သိုးထိန်းခြင်းနဲ့အိမ်မှုကိစ္စများကိုအဓိကအသုံးပြုပါ
သည်။ဒီနည်းအားဖြင့်ဘဲနက်နဲသောဝိညာဉ်ရေးရာကို
သာမန်လူတန်းစားများလက်လှမ်းမီနိုင်အောင်ရှင်းလင်း
သွန်သင်ပေးခဲ့တာပါ။

4. ဗဟိုချက်သမ္မာတရားတစ်ခုတည်းနဲ့ရှင်းလင်းခြင်း
(Single Point of Reference)
Similitude သည်အသေးစိတ်ကျတဲ့သင်ခန်းစာတွေကို
ပေးဖို့မဟုတ်ဘဲ၊အဓိကကျတဲ့သမ္မာတရားတစ်ခု (Single
Truth) ကိုဘဲအမြဲမီးမောင်းထိုးပြဖို့ရည်ရွယ်လေ့ရှိတာ
တွေ့ရမှာပါ။

သမ္မာကျမ်းစာထဲကသိသာထင်ရှားတဲ့ Similitudes တွေ
ကိုပြပါဆိုရင်

မုန်ညင်းစေ့ (The Mustard Seed) "ကောင်းကင်နိုင်ငံ
တော်သည် မုန်ညင်းစေ့နှင့်တူ၏..." (အလွန်သေးငယ်တဲ့
အစပျိုးမှုကနေပြီးကြီးမားတဲ့ဩဇာလွှမ်းမိုးမှုအထိကြီး
ထွားလာမယ့်နိုင်ငံတော်ရဲ့သဘော)

တဆေး (The Leaven) "ကောင်းကင်နိုင်ငံတော်သည်
မိန်းမယူ၍မုန့်ညက်သုံးတင်း၌ဖွက်ထားသောတဆေးနှင့်
တူ၏..." (မမြင်ရပေမယ့်လည်းအတွင်းကနေပြီးတိတ်
ဆိတ်စွာအလုံးစုံကိုပြောင်းလဲစေတဲ့နိုင်ငံတော်ရဲ့တန်ခိုး)

ပိုက်ကွန် (The Dragnet) "ကောင်းကင်နိုင်ငံတော်သည်
ပင်လယ်၌ချ၍အမျိုးမျိုးသောငါးတို့ကိုစုသိမ်းသော ပိုက်
ကွန်နှင့်တူ၏..." (နောက်ဆုံးသောကာလမှာတွေ့ရမယ့်
တရားစီရင်ခြင်းသဘော)

ပျောက်သောသိုး (The Lost Sheep) ရဲ့အစပိုင်း: "သင်
တို့တွင်တစ်စုံတစ်ယောက်သောသူသည်သိုးတစ်ရာရှိ၍
တစ်ကောင်ပျောက်လျှင်..." ဆိုတဲ့အမေးစကားနဲ့လူတွေ
ရဲ့သာမန်တုံ့ပြန်တတ်တဲ့သဘာဝကို ဘုရားသခင်ရဲ့မေ
တ္တာတော်နဲ့နှိုင်းယှဉ်ထားခြင်း မျိုးတွေကို ဒီ Similitudes
Method ထဲမှာအမြဲတွေ့ရမှာဖြစ်ပါတယ်။

ဒီလိုအချက်တွေကို သိထားခြင်းအားဖြင့် ခရစ်ဝင်ကျမ်း
တွေမှာပါတဲ့ သခင်ယေရှုရဲ့သွန်သင်ချက်တွေကိုအလွဲ
နက်ဖွင့်တာမျိုး၊နားလည်မှုလွဲတာမျိုးတွေအဖြစ်ကနေ
ကင်းဝေးစေမှာဘဲဖြစ်ပါတယ်။ နောက်ထက် ကျန်တဲ့
Method 3 ခုကိုလည်းဆက်ပြီး လိုရင်းတိုရှင်း လေ့လာ
နိုင်ဖို့အတွက်ဆက်ပြီးရေးတင်ပေးပါ့မယ်။
(5.10.2026)

04/10/2026

#နားလည်မှုအမြင်လွဲမှားတတ်သော
အရာနှင့်ဘုရား၏လက်တော်
(4.10.026)

03/10/2026

ကျွန်တော်တို့ယုံကြည်သူအသိုင်းအဝန်းမှာမှန်တာပြောလို့
ရွာပြင်ရောက်တာတို့၊ သမ္မာတရားဘက်ပြတ်ပြတ်ရပ်လို့
အရာအားလုံးဆုံးရှုံးတာတို့ ၊မိတ်ဆွေသင်္ဂဟမရှိတော့တာ
တို့ခဏခဏကြားဖူးသလို ကိုယ်တိုင်လည်း ဒီလိုပြဿနာ
တွေထဲမှာနေခဲ့ဖူးပါတယ်။ဒါပေမယ့်သေခြာဆန်းစစ်ကြ
ည့်ရင်ဒီကိစ္စတွေမှာကိုယ်မမှားဘဲသူတပါးတွေကြီးဘဲမှား
နေတာတော့မဟုတ်ဘူး။ကိုယ့်မှာလည်းပြုပြင်စရာတွေ
တော့ရှိနေတယ်ဆိုတာသတိချပ်မိဖို့ပါ။အကြောင်းအရာ၂
ချက်နဲ့ဝေမျှလိုပါတယ်။

ပထမတစ်ချက်ကသမ္မာတရားကိုသူတပါးကိုသိစေဖို့၊
သွန်သင်တဲ့နေရာ၊သင်ပေးတဲ့နေရာမှာ၊တင်ပြပုံနည်းလမ်း
စကားလုံးရွေးချယ်မှု၊စကားအပြောအဆိုအနေအထားနဲ့
ပြောတဲ့စကားအားလုံးအမှန်ဆိုရင်တောင်မှကိုယ်ပြောတဲ့
စကားထိရောက်ဖို့အတွက်အချိန်အခါကိုလည်းရွေးတတ်
ဖို့လိုပါသေးတယ်။ဒါ့ကြောင့်သုတ္တံကျမ်းကဒီလိုပြောပါ
တယ်။

သု ၁၂း၁၈ မှာ သန်လျက်နှင့်ထိုးသကဲ့သို့ စကားပြော
တတ်သောလူတချို့ရှိ၏ပညာရှိတို့၏လျှာမူကားအနာကို
ပင်ပျောက်စေတတ်၏

ကိုယ်ပြောတဲ့အချက်အလက်ဘယ်လောက်ဘဲမှန်နေပါ
စေ၊ပြောပုံဆိုပုံ၊စကားလုံးရွေးချယ်မှု၊အချိန်အခါကိုရွေး
ချယ်တတ်မှုမရှိရင်ဒါဟာအမှန်တွေပြောပြီး၊စေတနာတွေ
မှန်ပြီးဆိုးလွန်းတဲ့ရလဒ်တွေထွက်လာပါလိမ့်မယ်။ကိုယ်
တိုင်လည်းမှန်တာပြောပြီးစိန်သဘောထားတွေမှန်ပြီးရ
လဒ်ဆိုးတွေကြုံခဲ့ရဖူးပါတယ်။ဒါကြောင့်အတွေ့အကြုံ
နဲ့ယှဉ်ပြီးပြောရမယ်ဆိုရင်မှန်တာပြောလို့ရွာပြင်ရောက်
တာတို့၊ သမ္မာတရားဘက်ပြတ်ပြတ်ရပ်လို့အရာအားလုံး
ဆုံးရှုံးတာတို့ ၊မိတ်ဆွေသင်္ဂဟမရှိတော့တာမဟုတ်ဘဲ
ပညာမဲ့လို့ဖြစ်ရတဲ့ကိစ္စတာဖြစ်တယ်လို့ဆန်းစစ်မိရင်တ
ကယ်အကျိုးရှိစေပါလိမ့်မယ်။

နောက်ထပ်ဒုတိယအချက်ကဘာကြောင့်ဒီလိုတွေဖြစ်နေ
ရသလဲလို့ပြောရင်နောက်ထပ်အကြောင်းအရင်းတစ်ခုက
စိတ်ပိုင်းဆိုင်ရာပြဿာနတစ်ခုကြောင့်ဖြစ်ရတာပါ။နူတ်
ကပတ်တော်မပြတ်ခံယူနေပေမယ့်၊ကိုယ်တိုင်နူတ်ကပတ်
တော်ကိုသွန်သင်နေပေမယ့်ကိုယ်တိုင်က Narcissist
ဖြစ်နေတာမျိုးတွေအများကြီးတွေ့ဖူးပါတယ်။ဒီလို
Narcissist တစ်ယောက်ဖြစ်နေမယ်ဆိုရင် ခံယူချက်တူ
အချင်းချင်းတောင်ပေါင်းဖော်ရအလွန်ခက်စေပါတယ်။

Narcissist ကိုစာရေးဆရာကြီးတစ်ဦးက ဒီလိုဘာသာ
ပြန်ပါတယ် အတ္တလွန်ကဲပြီး မိမိကိုယ်ကို အလွန်အကြူး
ချစ်မြတ်နိုးသူ တဲ့လှလိုက်တဲ့ဘာသာပြန်ချက်ပါ။

၁။ မိမိကိုယ်ကို ဗဟိုပြုပြီး အမြဲအမွှမ်းတင်နေတာမျိုး
မိမိကိုယ်ကိုအခြားသူတွေထက်ပိုမိုတော်၊ပိုသိ၊ပိုစနစ်ကျ၊
ပိုရပ်တည်၊ပိုထူးခြားတယ်လို့ဘယ်သူမှမပြောလဲ၊အသိ
အမှတ်မပြုကြလည်းကိုယ့်ကိုကိုယ်အမြဲတွေးထင်နေတာ
မျိုးပေါ။

၂။ သူတပါးရဲ့ချီးကျူးစကားကိုအမြဲလိုချင်ငတ်မွတ်နေတာမျိုး
ဘယ်နေရာရောက်ရောက်ပတ်ဝန်းကျင်မှာသူတပါးတွေ
ထက်ကိုယ်ကဘဲလူတကာအသိအမှတ်ပြု၊ချီးမွမ်းခြင်းကို
လိုချင်နေတာမျိုး၊ ဘာဘဲလုပ်လုပ်အဲ့ဒီအသိအမှတ်ပြု၊
ထင်ပေါ်၊ချီးမွမ်းခံရဖို့လုပ်တာမျိုးနဲ့အပြုသဘောဆောင်
တဲ့ဝေဖန်မှုမျိုးတွေတောင်လက်မခံနိုင်သလိုသိမ့်ငယ်စိတ်
နဲ့အကြောက်တရားကို ဖုံးကွယ်ဖို့အတွက်အဲ့လိုလူတွေဟာ
ရန်လိုမှုပြင်းထန်တတ်ကြတယ်။

၃။ ကိုယ်ချင်းစာတရားကင်းမဲ့တာမျိုး
ကိုယ့်ဘက်ကဘဲကိုယ်ကြည့်ပြီးကိုယ့်အမြင်ကဘဲအမြဲမှန်
တယ်လိုအထင်ရှိပြီးသူတပါးရဲ့ခံစားချက်၊အားနည်း
ချက်၊လိုအပ်ချက်တွေကိေနားလည်ပေးတာမျိုး၊ဂရုစိုက်
ပေးဖို့ခက်ခဲပြီးကိုယ့်အကျိုးစီးပွားကိုဘဲအမြဲရှေ့တန်း
တင်တတ်ကြတာမျိုးပေါ့။

၄။ အမြဲတမ်း သူတစ်ပါးကိုထိန်းချုပ်ချင်နေတာမျိုး
Narcissist တွေရဲ့ အဓိကလက်နက်ကကိုယ်ဖြစ်စေချင်
တဲ့အတိုင်းဖြစ်လာအောင်ပတ်ဝန်းကျင် သို့မကိုထိန်းချုပ်
တာတမျိုး၊လုပ်ဖော်ဆောင်ဖက်၊လက်အောက်ငယ်သား၊
မိသားစု၊ဇနီးမှအစလွှမ်းမိုးထိန်းချုပ်ဖို့အမြဲကြိုးစားလုပ်
ဆောင်နေတတ်တာမျိုးပေါ့။

၅။ မနာလိုစိတ် ပြင်းထန်ခြင်း
အခြားသူတွေအောင်မြင်တာ၊တခုခုပေါက်ပေါက်မြောက်
မြောက်ဖြစ်သွားတာ၊တခုခုရသွားတာ၊ပိုင်ဆိုင်သွားတာ
နေရာတခုရသွားတာတွေကို မြင်ရကြားရရင်မနာလိုဖြစ်
ပြီးသူတပါးရဲ့ဇတ်ကြောင်းတွေ၊လုပ်နေကိုင်နေတဲ့
movement တွေ Activities တွေကိုအမြဲသိချင်ပြီး
လိုက်မေးမြန်းသတင်းယူနေလေ့ရှိတာမျိုးပေါ့၊ ပြီးရင် ဒီ
လူကဒါမျိုး၊ဒီလိုဆိုပြီး မဟုတ်ကိုအဟုတ်အကွက်ကျကျ
ပြောတတ်မျိုးတွေပေါ့တစ်ပါးသူများကလည်း မိမိကို မ
နာလိုဖြစ်နေကြသည်ဟု အမြဲထင်မြင်နေတတ်ကြတာ
မျိုးတွေပါ။

ဒီလို Narcissist စိတ်သဘောရှိနေရင်ကျွန်တော်တို့ရဲ့
လူမူဆက်ဆံရေးနဲ့အခြားသောဂဏ္ဍာတွေထိခိုက်ရှနာဖြစ်
ရတာမျိုးတွေထဲမှာလည်းနေတတ်ပြီး ဒိလိုစိတ်သဘော
သူတွေ အမှုတော်ဆောင်ထဲမှာအတော်များများကြီးကိုရှိ
နေတာပါ။ဒါတွေကိုသိထားရင်ကိုယ်တိုင်လည်းပြုပြင်ဖို့
လိုသလို၊ဒီလိုစိတ်သဘောရှိသူနဲ့လည်းအဆင်ပြေအောင်
ပေါင်းသင်တတ်လာစေမှာဖြစ်သလိုဘယ်ရှောင်ရှားရမ
လဲဆိုတာကိုပါကိုယ့်ကိုပညာရှိလာစေမှာပါ။
(3.10.2026)

02/10/2026

ကျွန်တော်တို့ရဲ့ဆုတောင်းခြင်းတွေကိုဖြစ်စေတဲ့တွန်း
အားနဲ့ဆုတောင်းချက်တွေ၊ စိတ်သဘောတွေကိုတစ်
ချက်လောက်ပြန်ဆင်ခြင်ကြည့်တဲ့အခါ

ငါလိုချင်တာ ၊ငါ့စိတ်ကြိုက် ၊ငါ့ဆန္ဒ ၊ငါသိသလောက်
ငါ့ဘက်ကနေကြီးပဲ ဘုရားထံကို ဆုတောင်းခဲ့တာများ
နေခဲ့လား?

ဘုရားလိုချင်တာ၊ဘုရားစိတ်ကြိုက် ၊ဘုရားဆန္ဒအတိုင်း
နားလည်းပြီး ဘုရားထံဆုတောင်းတဲ့ ဆုတောင်းချက်
တွေဟုတ်ခဲ့ရဲ့လား?

ဘာ့အတွက်၊ဘယ်လိုအရာတွေကကျွန်တော်တို့ကိုဆု
တောင်းဖို့တွန်းအားပေးနေသလဲ? ကိုယ်လိုဘတ်တစ်
ခုအတွက်လောက်ဘဲအမြဲဆုတောင်းနေမိသူလား?

#မပေးပဲမနေဆိုတဲ့အရာတွေကိုတောင်းနေမိသူလား ?

ရောမ ၈: ၃၂ အရ ''မိမိသားတော်ရင်းကိုမနှမြောဘဲ ၊
ငါတို့ရှိသမျှအဘို့အလို့ငှါစွန့်တော်မူသောသူသည်သား
တော်နှင့်တကွခပ်သိမ်းသောအရာ တို့ကို ငါတို့အား
မပေးပဲ အဘယ်သို့နေတော်မူမည်နည်း ။

ခပ်သိမ်းသောအရာဆိုတဲ့ကျွန်တော်တို့လိုအပ်ချက်တွေ
ကိုမပေးပဲမနေဘူးလို့ဆိုပါတယ်။တကယ်တမ်းခပ်သိမ်း
သောအရာနဲ့သားတော်နဲ့ယှဉ်ကြည့် လိုက်တဲ့အခါဘုရား
သခင်အတွက်ခပ်သိမ်းသောအရာဟာပါးပါးလေးပဲဖြစ်
နေလိမ့်မယ်။

ဒီတော့ မပေးပဲမနေဆိုတဲ့ အရာကိုထပ်တလဲလဲတောင်း
နေမိရင်တော့ကိုယ်ဝိညာဉ်ရေးရာဟာစိုးရိမ်စရာအခြေ
အနေမှာရှိနေပြီလို့နားလည်နိုင်ပါတယ်။

#မစိုးရိမ်ကြနှင့်ဆိုတဲ့အရာတွေကိုပဲတောင်းနေမိသူ
လား ?

မ ၆ :၂၅-၃၂ -အစားအသောက်ဖို့၊အ၀တ်ဖို့၊နေဖို့အ
တွက်ပဲတောင်းနေသေးရင်ဝိညာဉ်ရေးရာမတိုးတက်လား
တဲ့လက်ခဏာပါပဲ။

#နောက်မှထပ်၍ပေးမယ်ဆိုတဲ့အရာကိုတောင်းနေမိသူ
လား ?

မ ၆း၃၃ အရယုံကြည်သူတယောက်ဟာအရှေ့နဲ့နောက်
ကိုလွဲသွားလို့မရသလို၊ဝိညာဉ်ရေးရာအသက်တာမှာလဲ
အရင်ရှာရမဲ့အရာနဲ့နောက်မှထပ်ပြီးပေးမယ်ဆိုတဲ့အရာ
ကိုနားလည်မလွဲဖို့အရေးကြီးပါတယ်။

ဒီတော့အရင်ဆိုတဲ့နေရာမှာရှာရမဲ့အရာကိုမရှာပဲနောက်မှ
ထပ်ပြီးပေးမယ်ဆိုတဲ့အရာတွေကိုတောင်းနေမိရင်တော့
ဒါဟာလဲဆင်ခြင်စရာတခုပဲဖြစ်ပါတယ်။

အသက်တာပြောင်းလဲချိန်ကစလို့ဘုရားကမပေးပဲမနေ
ဆိုတဲ့အရာ၊ထပ်၍ပေးမယ်ဆိုတဲ့အရာတွေကိုပဲဆုတောင်း
နေသူဖြစ်ခဲ့မယ်ဆိုရင်သင်ဟာဝိညာဉ်ရေးရာမှာတိုးတက်
ကြီးထွားလာခြင်းမရှိသူလို့သင့်ကိုယ်သင်သတိထားပြီးအ
သက်တာပြုပြင်ဖို့နုတ်ကပတ်တော်ကိုပြန်ပြီးဆင်ခြင်နှ
လုံးသွင်းဖို့လိုပါတယ်။

#ဒါဆိုဘယ်လိုဆုတောင်းရမလဲ ?

ယုံကြည်သူတယောက်ဟာ အလိုရှိသမျှကိုပြည့်စုံစေမဲ့
ယေရှုခရစ်တော်ကို အပိုင်ရရှိထားပြီဖြစ်လို့ မပေးပဲမနေ၊
ထပ်၍ပေးမယ်ဆိုတဲ့ အရာတွေကိုချည်းပဲတောင်းနေ
ခြင်းထက်

*မိမိကိုကျိန်ဆဲသောသူအတွက်ဆုတောင်းပေးခြင်း
*နှောက်ယှက်သောသူအတွက်ဆုတောင်းပေးခြင်း
(မ ၅း၄၄-၄၈)
*မိမိကိုရန်လိုသူအတွက်ဆုတောင်းပေးခြင်း

ရန်သူကိုချစ်တတ်လာတဲ့စိတ်နှလုံးသဘောထား၊မိမိကို
ပြစ်တင်ကဲ့ရဲ့သူတွေကိုရန်တုံ့မမူပဲမေတ္တာထားတဲ့စိတ်ဟာ
ခရစ်တော်ရဲ့စိတ်သဘောပါပဲ။ (မလွယ်ကူတဲ့အရာပေမယ့်
ရင့်ကျက်ခြင်းဆိုတဲ့ခေါင်းစဉ်အောက်မှာမြင်တွေ့ရမယ်အ
သီးအပွင့်တွေမို့ဒီစိတ်သဘောဟာလိမ့်လည်လို့ရတဲ့အသီး
ပွင့်မျိုးလည်းမဟုတ်ပါဘူး။

၀ိညာဉ်ရေးရာရင့်ကျက်လာတာနဲ့အမျှဘုရားကိုမြင်တတ်
ခြင်းဟာဝိညာဉ်လူအတွက်အင်မတန်အရေးကြီးပါတယ်။
သတေဖန်ဟာသူကိုခဲနဲ့ပေါက်သတ်နေတဲ့သူတွေကိုတောင်
သူတို့မသိလို့လုပ်တာပါသူတို့အပြစ်ကိုလွတ်ပေးပါလို့သေ
အံ့ဆဲဆဲမှာတောင်ဆုတောင်းပေးခဲ့ပါတယ်။ဒါကကျွန်တော်
တို့မရောက်နိုင်သေးတဲ့ခွင့်လွတ်ခြင်းအသက်တာမျိုးပါပဲ။

ဒါကြောင့်ယုံကြည်သူဟာ ဆုတောင်းခြင်းအရာမှာလည်း
တဖြည်းဖြည်း ရင့်ကျက်လာဖို့လိုတယ်ဆိုတာလေးကိုပြန်
လည်သတိပြုဆင်ခြင်ရာဖို့ဝေမျှပါရစေ။
(2.10.2026)

30/09/2026

သမ္မာကျမ်းစာအနက်ဖွင့်လေ့လာခြင်း (exegesis) ဆို
တာကိုယ့်အမြင်ကို၊ကိုယ်နားလည်တဲ့ကိုယ့်အမြင်ကိကျမ်းစာရဲ့အနက်အဓိပ္ပါယ်လိုအတင်းသွတ်သွင်း (Eisegesis) မျိုးမဟုတ်ဘဲ ကိုယ်ဖတ်နေတဲ့ကိုယ်လေ့လာချင်တဲ့ကျမ်းပိုဒ်ရဲ့ မူလကျမ်းရေးသူရဲ့ဆိုလိုအရင်းအနက်အဓိပ္ပါယ်ကိုစနစ်တကျဆွဲထုတ်လေ့လာတာဘဲဖြစ်ပါတယ်။ သမ္မာကျမ်းစာအနက်ဖွင့်လေ့လာ (exegesis) မှာစနစ်တကျဖြစ်ဖို့အတွက်အောက်ပါအချက်တွေကိုမသိမဖြစ်သိဖို့လိုအပ်ပါတယ်။

ပထမအချက်အနေနဲ့ကျမ်းပိုဒ်ရဲ့မူလကျမ်းရေးသူ၊စာစောင်ကိုလက်ခံဖတ်ရှုသူ၊လူမှုရေးဓလေ့ထုံးတမ်းတွေနဲ့ဒီစာစောင်ကို၊ဒီအကြောင်းအရာတွေကိုဘာကြောင့်ရေးသားရတာလဲဆိုတဲ့အချက်တွေကိုစူးစမ်းဖို့အတွက် Historical-Cultural Context ကိုအလေးထားရပါမယ်။

ဒုတိယအချက်အနေနဲ့ ကိုယ်လေ့လာနေတဲ့ကျမ်းပိုဒ်ရဲ့အထက်အောက်ကျမ်းပိုဒ်တွေ (Immediate Context) အခန်းကြီးတခန်းလုံး (Chapter Context) နဲ့ကျမ်းတစောင်လုံး ရဲ့ဦးတည်ချက် (Book Context) တွေကိုချိတ်ဆက်ကြည့်တာမျိုးနဲ့စာစောင်အမျိုးအစားတွေနဲ့စာပေအမျိုးအစားတွေကို ခွဲခြမ်းစိတ်ဖြာလေ့လာစူးစမ်းတာမျိုးတွေပါရပါမယ်။

တတိယအနေနဲ့ကတော့ ကျမ်းစာရဲ့မူရင်းဘာသာစကားတွေနဲ့ ဝေါဟာရတွေ၊ သဒ္ဒါတည်ဆောက်ပုံ၊ဝါကျဖွဲ့စည်းပုံတွေကိုလေ့လာစူးစမ်းရမှာပါ။

စတုတ္ထအချက်အနေနဲ့ကတော့ အနက်ဖွင့်နားလည်ထားတဲ့အရာကို ဓမ္မဟောင်း၊ဓမ္မဟောင်းနှိုင်းယှဉ်ပြီးလေ့လာ (Biblical & Theological Analysis) လုပ်ရမှာပါ၊ ကျမ်းတစ်ပိုဒ်ထဲနဲ့အဖြေထုတ်မျိုးမဟုတ်ဘဲ အခြားကျမ်းပိုဒ်တွေနဲ့စမ်းစစ်အနက်ဖွင့်တာမျိုး (Scripture interprets Scripture) နဲ့ ကိုယ်လေ့လာနေတဲ့ကျမ်းချက်နဲ့အခြားကျမ်းပိုဒ်တွေနဲ့ဘယ်လိုချိတ်ဆက်မှုရှိသလဲ (Cross-refences) ဆိုတာကိုဆန်းစစ်တာမျိုးလုပ်ရပါမယ်။ဒါမှလည်းကျမ်းစာစောင်ကိုရေးသူရဲ့မူလအနက်အဓိပ္ပါယ်ကိုနားလည်နိုင်မှာဖြစ်ပါတယ်။

သမ္မာကျမ်းစာအနက်ဖွင့်လေ့လာ (exegesis) ရာမှာသတိပြုရှောင်ကျဉ်ရမယ့်အရေးကြီးတဲ့အချက်တွေလည်းရှိနေပါသေးတယ်။ဒါကတော့တကယ်ကိုအရေးပါတဲ့အရာလို့ပြောရင်လည်းမမှားပါဘူး။

ပထမအချက်အနေနဲ့ ကျမ်းစာကိုလေ့လာပြီးအနက်ဖွင့်တိုင်းမှာ ကိုယ့်ရဲ့ကိုယ်ပိုင်အမြင်တွေကို ကျမ်းစာရဲ့မူရင်းအဓိပ္ပါယ်အဖြစ်မသွတ်သွင်းဖို့ပါ။ဆိုလိုတာက ကိုယ်ပြောချင်တဲ့အကြောင်းအရာနဲ့ကိုက်ညီအောင်အတင်းဆွဲယူအနက်ဖွင့်တာမျိုး၊ ကိုယ်ခံယူထားတဲ့အယူအဆကိုအတည်ပြုဖို့အတွက်မရမကအတင်းလိုရာဆွဲအနက်ဖွင့်တာမျိုးမလုပ်မိဖို့အရေးကြီးပါတယ်။

ဒုတိယအချက်အနေနဲ့ကျမ်းစာကိုလေ့လာတဲ့အခါ ကျမ်းတပိုဒ်ထဲကိုဘဲဆွဲထုတ်ပြီးအထက်အောက်ကျမ်းစကားဆက်စပ်မှုကိုလစ်လျူရှုပြီးအနက်ဖွင့်တာမျိုး (Proof-texting) တွေကကျမ်းစာရဲ့မူရေးသားသူရဲ့ဆိုလိုရင်းအနက်အဓိပ္ပါယ်အမှန်နဲ့လွဲချော်သွားစေနိုင်တဲ့အတွက်သတိပြုရပါမယ်။

တတိယအချက်အနေနဲ့တော့ကိုယ်လေ့လာနေတဲ့ကျမ်းချက်ပါအဓိကစကားလုံး (Key word) စကားလုံးဝေါဟာရတွေရဲ့မူလဇစ်မြစ် (Etymology) တွေအတိုင်းအတင်းအနက်ဖွင့်လွန်ကဲတာမျိုး ဥပမာ ဖိ ၂းရ မှာပါတဲ့no reputation - G2758 κενόω kenoo (ke-no-ō') v. to make empty. ဆိုတဲ့စကားလုံးအဓိပ္ပါယ်ကိုယူပြီးယေရှုဟာဘုရားမဟုတ်ဘူးလို့အနက်ဖွင့်တာမျိုးကိုဆိုလိုတာပါ။တကယ်တော့ကျမ်းချက်ပါအဓိကစကားလုံး (Key word) စကားလုံးဝေါဟာရတွေရဲ့မူလဇစ်မြစ် (Etymology) လေ့လာခြင်းကမူရင်းဝေါဟာရအဓိပ္ပါယ်ကိုချဉ်းကပ်သလိုဝါကျတည်ဆောက်ပုံ၊စာပေးအရေးအသားနဲ့နောက်ခံသမိုင်းတွေအထိမူရင်းအနက်ကိုမလွဲချော်ရအောင်ချဉ်းကပ်ဖို့ဘဲဖြစ်ပြီးဝေါဟာရတစ်လုံးထဲကိုအခြေပြုပြီးအနက်ဖွင့်ဖို့မဟုတ်ဘူးဆိုတာကိုသတိပြုမိဖို့လိုပါတယ်။

စတုတ္ထအနေနဲ့ကတော့ ကိုယ်လေ့လာနေတဲ့ကျမ်းစာလက်ခံရရှိတဲ့မူလပရိတ်သတ်အတွက်ရေးသားရတဲ့ရည်ရွယ်ချက်ကို မလေ့လာမဆန်းစစ်ဘဲ ကျမ်းပိုဒ်ရဲ့ဆိုလိုရင်းကိုတိုက်ရိုတ်အနက်ယူတာမျိုးကိုလည်းသတိပြုရမှာဖြစ်ပါတယ်။

သမ္မာကျမ်းစာအနက်ဖွင့်လေ့လာခြင်း (exegesis) မှာအထောက်အကူဖြစ်စေမယ့် အခမဲ့အသုံးပြုလို့ရနိုင်မယ့် ဆော့ဖ်ဝဲတွေနဲ့ ဝက်ဘ်ဆိုက်တွေ (Lexicons, Commentaries, Interlinear) လေ့လာရာမှာအထောက်အကူပြုရာဖို့သိချင်တယ်ဆိုရင် Chat Box မှာလာပြီးမေးလို့ရပါတယ်။
(1.10.2026)

30/09/2026

#အဆုံးတိုင်အောင်တည်ကြည် (မာ 13:13)
မာကုခရစ်ဝင်ကျမ်းအခန်းကြီး 13 ကိုကျမ်းပညာရှင်အ
များစုက Olivet Discourse နဲ့ Little Apocalypse လို့
ခေါ်ကြပါတယ်။လိုရင်းတိုရှင်းပြောရရင် ဒီကျမ်းချက်
ဟာကယ်တင်ခြင်းရှုံးနိုင်တယ်ဆိုတဲ့အဓိပ္ပါယ်ရောက်တဲ့
ကျမ်းချက်မဟုတ်ဘဲနောက်ဆုံးသောတရားစီရင်ရာနေ့မှာ
ရမယ့် Eschatological Salvation ကိုဆိုလိုတဲ့ကျမ်း
ချက်ပါ။ဒါကိုလည်း End times အကြောင်းကိုသေခြာ
လေ့လာပြီးဝေငှကြသူတွေတိုင်းသေသေခြာခြာနားလည်
ထားကြပေမယ့်လည်းကျမ်းစာကိုလိုသလို၊ကိုယ်နား
လည်သလိုအနက်ဖွင့်ကြသူတွေ (eisegesis) အဖို့တော့
ကယ်တင်ခြင်းရှုံးနိုင်တယ်ဆိုတဲ့သက်သေအဖြစ်ဆက်ပြီး
အလွဲအသုံးပြုနေကြအုံးမှာပါဘဲ။

Chapter Context ကိုသေခြာဂရုစိုက်ပြီး Exegesis မ
လုပ်ဘဲ ကျမ်းစာသားနဲ့နောက်ခံအခြေအနေကိုဘဲအခြေ
ပြုမယ်ဆိုရင် ဒီကျမ်းစာကိုရေးသားချိန်မှာကြုံနေရတဲ့အ
ခက်အခဲတွေကိုပုံဖော်ထားတဲ့စကားလုံးအချို့နဲ့နောက်ခံ
အခြေအနေအရအဆုံးတိုင်အောင်တည်ကြည်မှကယ်
တင်ခြင်းရမယ်မတည်ကြည်ရင်ကယ်တင်ခြင်းရှုံးနိုင်
တယ်လို့ယူဆသွားစရာအကြောင်းတွေရှိပါတယ်။

ဒီကျမ်းချက်မှာပြောတဲ့မုန်းကြလိမ့်မည်ဆိုတာ အကျင့်
စာရိတ္တကြောင့်၊ကိုယ်ကျင့်တရားကြောင့်၊ပုံသက်သေမ
ဖြစ်တဲ့အသက်ရှင်ခြင်းမျိုးတွေကြောင့်မဟုတ်ဘဲ ခရစ်
တော်ကိုယုံကြည်ခြင်းကြောင့်နဲ့ဧကရာဇ်မင်းကိုသခင်အ
ဖြစ်မကိုးကွယ်ဘဲခရစ်တော်တစ်ပါးတည်းကိုဘဲသခင်
(Lord) ဖြစ်တယ်လို့ဝန်ခံခြင်းကြောင့်ဘဲနိုင်ငံတော်ပုန်
ကန်သူများအဖြစ်နဲ့အမုန်းခံရ၊ဆန့်ကျင်ခံရ၊ဒုက္ခပေး
ညှဉ်းဆဲခံကြရတာပါ။အဓိကအားဖြင့်ဘာသာရေးခေါင်း
ဆောင်တွေနိုင်ငံရေးအာဏာပိုင်တွေ၊အခြားသောဘာသာ
ဝင်တွေနဲ့လူမျိုးခြားတွေက ဘက်ပေါင်းစုံကနေဆန့်ကျင့်
မုန်းတီးခြင်းကိုခံရတယ်လို့ပြောရင်ပိုမှန်ပါလိမ့်မယ်။

အပိုဒ်ငယ် ၉-၁၂ မှာတပည့်တော်တွေကိုသခင်ယေရှုက
တရားဇရပ်တွေ၊မြို့ဝန်တွေနဲ့ရှင်ဘုရင်တွေရှေ့ကိုပို့
ဆောင်ခံရမယ့်အပြင်၊အဆိုးရွားဆုံးအနေနဲ့မိသားစုဝင်အ
ချင်းချင်း (ညီအစ်ကို၊ မိဘနှင့် သားသမီး) တွေတောင်
သေစေဖို့အပ်နှံကြလိမ့်မယ်လို့ကြိုတင်သတိပေးထားခဲ့
ပြီးအပိုဒ်ငယ် ၁၃ မှာတော့အဲ့ဒီဖိအားတွေဟာအထွဋ်ထိပ်
ကိုရောက်လာတယ်လို့ဆိုရမှာပါ။

ဒီလိုအခြေအနေတွေကြုံနေရတဲ့ရောမယုံကြည်သူတွေအ
တွက်မာကုရဲ့ခွန်အားပေးတည်ဆောက်တဲ့စကားကအဆုံး
တိုင်အောင်တည်ကြည်တဲ့သူကကယ်တင်ခြင်းသို့ရောက်
မယ်လို့ရေးခဲ့တယ်။အထူးသဖြင့်ဒီလိုအခက်အခဲမျိုးကို
မွေးကတည်းကခရစ်ယာန်ဖြစ်လာတဲ့သူတွေကမကြုံဖူး
ကြပေမယ့်အခြားဘာသာကနေပြောင်းလဲလာတဲ့သူတွေ
ကတော့ဒီလိုအချို့ကတော့ ရောမယုံကြည်သူတွေကြုံရ
တဲ့ဆင်းရဲခြင်းမျိုးမဟုတ်ပေမယ့်ခေါင်းစဉ်တူအခြေအ
နေကွာတာမျိုးတော့သူတို့ကြုံဖူးကြတာတွေ့ရမှာပါ။

အဆုံးတိုင်အောင်တည်ကြည်တယ်လို့ပြောတဲ့အခါအဓိပ္ပါ
ယ်နှစ်မျိုးနဲ့စဉ်းစာနိုင်ပါတယ်။

(၁) ယုံကြည်သူတစ်ဦးချင်းစီရဲ့အသက်တာဆုံးခန်းတိုင်
အောင်(အသေခံရသည်အထိ)သစ္စာရှိတာ
(၂) ကာလအဆုံး (ခရစ်တော် ဒုတိယအကြိမ် ပြန်ကြွလာ
သည့်အချိန်) တိုင်အောင်တည်ကြည်တာ။

အကယ်၍ ဒီလိုတည်ကြည်မှကယ်တင်ခြင်းရမယ်လို့ အ
နက်ဖွင့်ခဲ့မယ်ဆိုရင် ကျမ်းစာရဲ့ကယ်တင်ခြင်းသွန်သင်
ချက်နဲ့မကိုက်ညီသလိုဖြစ်သွားမှာပါ။အဆုံးတိုင်အောင်
တည်ကြည်ခြင်းဆိုတာကစစ်မှန်သောကယ်တင်ခြင်းကို
စစ်မှန်စွာယုံကြည်ခြင်းရဲ့သက်သေလက္ခဏာ Evidence
of true faith ဖြစ်တယ်လို့ပေါလုရဲ့ကယ်တင်ခြင်းဆိုင်
ရာသွန်သင်ချက်၊ဘုရားသားဖြစ်ခြင်းသက်သေ၊ဘုရား
သားဖြစ်တဲ့သူအပေါ်မှာ ဝိညာဉ်တော်ရဲ့အငန်းတာတွေကို
ဆန်းစစ်ခြင်းအားဖြင့်သိနိုင်မှာဖြစ်ပါတယ်။

ဒီကျမ်းပိုဒ်ရဲ့အဓိကသွန်သင်ချက်နဲ့ဆိုလိုရင်းကိုနားလည်
ဖို့အတွက်လစ်လျူမရှုသင့်တဲ့အရာကတော့အခန်းကြီး
တစ်ခန်းလုံးရဲ့ Context ဘဲဖြစ်တဲ့အတွက်အပိုဒ်ငယ် 14
ကနေ 33 အထိဖတ်ပြီးအနက်ဖွင့်မှာသာပြီးပြည့်စုံမှာဖြစ်
ပါတယ်။

ဒါကြောင့်ဓမ္မသစ်ကျမ်းရဲ့နေရာအတော်များများမှာယုံ
ကြည်ခြင်းနဲ့ဆိုင်တဲ့ဆင်းရဲဒုက္ခ၊အကြပ်အတည်း၊ညှဉ်းဆဲ
ခြင်းတွေကိုကြုံရတဲ့အပေါ်မှာဘယ်လိုအသက်ရှင်ရမလဲ
ဘယ်လိုသတိထားရမယ်၊ ဘယ်လိုနူတ်ကပတ်တော်ကိုနှ
လုံးသွင်းရမလဲဆိုတာကို သက်သောလောနိတ်ဩဝါဒစာ
ပထမစာစောင်၊ယာကုပ်ဩဝါဒစာ၊ရှင်ပေတရုဩဝါဒစာ
တွေကိုသေသေခြာခြာရေးသားသွန်သင်ထားတာတွေကို
လည်းဆင်ခြင်နှလုံးသွင်းမှသာဘုရားသခင်အတူရှိတယ်
ဆိုတဲ့စကာလုံးရဲ့အဓိပ္ပါယ်ရဲ့အနှစ်သာရ၊သတိနဲ့ကြည့်ရှု
တယ်ဆိုတဲ့အနှစ်သာရကိုအဓိပ္ပါယ်ရှိရှိနှလုံးသွင်းအသက်
ရှင်နိုင်မှာပါဖြစ်ပါတယ်။
(30.9.2026)

29/09/2026

#ရန်သူဆိုလည်းကြောက်ရ၊အချင်းချင်းဆိုလည်း
ပြဿနာတွေကများ၊အနာဂတ်ဆိုတဲ့မနက်ဖြန်ကို
စဉ်းစားပြန်တော့လည်းမရေမရာ၊မသေမခြာဆို
တော့ယုံကြည်သူဖြစ်ရတာကျေနပ်စရာဖြစ်ပါ့အုံး
မလား..
(29.9.2026)

28/09/2026

#ထာဝရအသက်ကိုကိုင်စွဲလော့ ဆိုတာ (၁တိ ၆း၁၂)
များသောအားဖြင့်ဒီကျမ်းကိုပိုဒ်ကိုအသုံးပြုကြတဲ့သူအ
များစုကကျမ်းပိုဒ်ထဲကစကားစုတစ်စုကိုဘဲကိုယ်ကြိုက်
သလိုယူပြီးအနက်ဖွင့်ကြလေ့ရှိတဲ့အမှားကိုမကြာမခဏ
တွေ့ရသလို၊ကယ်တင်ခြင်းရှုံးနိုင်တယ်ဆိုတဲ့သက်သေအ
ဖြစ်မှားယွင်းစွာနဲ့အသုံးပြုကြတဲ့ကျမ်းပိုဒ်ထဲကတစ်ခုဆို
လဲမမှားပါဘူး။

အခန်းကြီး ၆း၃-၁ဝ မှာ မှားယွင်းတဲ့ဩဝါဒသွန်သင်နေ
သူတွေဟာဘုရားဝတ်၌မွေ့လျော်ခြင်းကိုစီးပွားရေးလမ်း
ကြောင်းတခုအနေနဲ့အသုံးချနေကြတဲ့အကြောင်းကိုဖော်
ပြထားသလို အပိုဒ်ငယ် ၁၁-၁၂ မှာကျတော့ပေါလုကတိ
မောတေကို အဲ့ဒီလိုအပြစ်တွေကို ရှောင်ဖို့၊ဖြောင့်မတ်စွာ
အသက်ရှင်ဖို့၊ယုံကြည်ခြင်းတိုက်ပွဲဝင်ဖို့၊ထာဝရအသက်
ကိုကိုင်စွဲဖို့တိုက်တွန်းထားတာကိုအဓိကအချက်အနေနဲ့
တွေ့ရမှာပါ။

ကောင်းသောတိုက်လှန်ခြင်းဆိုတာ ဂရိဝေါဟာရအရ
(Agōnizomai) အားကစားပွဲမှာအစွမ်းကုန်ကြိုးစာယှဉ်
ပြိုင်တာ၊စစ်မြေပြင်မှာအစွမ်းကုန်တိုက်ခိုက်တယ်ဆိုတဲ့
Athletic metaphor ကိုပိုပြီးရည်ညွှန်းသလို၊ Present
Imperative ဖြစ်တဲ့အတွက်တစ်ကြိမ်တည်းမဟုတ်ဘဲအ
စဉ်အမြဲ အဆက်မပြတ်တိုက်ပွဲဝင်နေဖို့ဆိုလိုတယ်လို့နား
လည်နိုင်တယ်။

ဒီနေရာမှာဖော်ပြထားတဲ့တိုက်လှန်ခြင်းဆိုတဲ့အဓိပ္ပါယ်က
လူအချင်းချင်း ခိုက်ရန်ဖြစ်ပွားတာကိုမဆိုလိုဘဲယုံကြည်
ခြင်းကိုသွေဖယ်သွားအောင်၊ပျက်သွားအောင်၊လမ်းလွဲ
သွားအောင်ဖျားယောင်းသွေးဆောင်နေတဲ့အပြစ်ဒုစရိုတ်
တွေ၊မိစ္ဆာဆရာတွေကိုဝိညာဉ်ရေးရာအရတွန်းလှန်ခြင်း
ကိုပိုပြီးဆိုလိုတာပါ။
ထာဝရအသက်ကို "ကိုင်စွဲလော့" ဆိုတဲ့ ဂရိဝေါဟာရအရ
Epilambanomai ကမလွတ်တမ်းတင်းကျပ်စွာဆုပ်ကိုင်
ဖက်တွယ်ခြင်းလို့အနက်ရသလို Aorist Imperative ပုံစံ
အသုံးပြုထားတဲ့အတွက်စိတ်ပိုင်းဖြတ်မှုနဲ့အခိုင်အမာဆု
ပ်ကိုင်ထားဖို့ကိုပြီးရည်ညွန်းတဲ့အတွက်ကယ်တင်ခြင်းရှုံး
နိုင်တယ်ဆိုတဲ့သူတွေအတွက်သည်းခြေကြိုက်စကားစု
လည်းဖြစ်နေတာာမဆန်းပါဘူး။

တကယ်တမ်းတော့ကယ်တင်ခြင်းရှုံးနိုင်တဲ့အတွက်ပေါ
လုကတိမောတေကိုသတိပေးနေတဲ့ကျမ်းပိုဒ်မဟုတ်ပါ
ဘူး၊အဲ့လိုထင်နေရင်မှားသွားနိုင်ပါတယ်။ကယ်တင်ခြင်း
စိတ်ချထားပြီးသားတိမောတေကိုထာဝရအသက်ကိုကိုင်
ယူလော့လို့ပြောရခြင်းကကယ်တင်ခြင်းမဆုံးရှုံးဖို့ကြိုး
စားထားထုတ်ရမယ်ဆိုတဲ့သဘောမျိုးနဲ့ပြောနေခြင်းမ
ဟုတ်ဘဲနဲ့

၁တိ ၆း၉-၁၀ အရ မှားယွင်းတဲ့ဩဝါဒသွန်သင်တဲ့ဆရာ
တွေက ငွေကြေးနဲ့လောကီအရာတွေကိုဦးစားပေးရင်း၊ရရှိ
ဖို့၊တိုင်းတာဖို့ကြိုးစာရင်းယုံကြည်ခြင်းလမ်းလွဲသွားနေ
ကြတဲ့အချိန်မှာ တိမောတေကိုပေါလုကထာဝရအသက်
ဆိုတဲ့ ယောဟန်ရဲ့အနက်ဖွင့်ချက်အရ စေလွတ်တော်မူ
သောယေရှုခရစ်ကိုသိကျွမ်းခြင်း (ထာဝရအသက်ဆိုတာ
သေမှရတဲ့အရာမဟုတ်ဘဲမြေကြီးပေါ်မှာဘုရားသခင်နဲ့
သိကျွမ်းခြင်း၊မိတ်သဟရဖွဲ့အတူအသက်ရှင်ခွင့်ရခြင်းကို
ဆိုလို) ကိုပိုပြီး ပမာဏပြုဖို့၊ ဦးစာပေးဖို့၊ အဲ့ဒီသိကျွမ်း
ခြင်းနဲ့အသက်ရှင်ဖို့သွန်သင်သတိပေးနေခြင်းဘဲဖြစ်
တယ်။

အဓိပ္ပါယ်ကလောကမှာကျင်လည်နေပေမယ့်လောကီ
သားတွေကိုလောကီအရာတွေကိုပထမဦးစားပေးအနေနဲ့
ရှာဖွေကြတာ၊ကြိုးစားကြတဲ့စိတ်သဘောမျိုးနဲ့အထူးသ
ဖြင့်အမှုတော်ဆောင်တစ်ဦးအနေနဲ့အသက်မရှင်ဘဲ ဘု
ရားကိုသိကျွမ်းခြင်းနဲ့မြေကြီးပေါ်မှာအသက်ရှင်ဖြတ် သ
န်းခြင်းကိုပိုပြီးဦးစားပေးဖို့ဖြစ်တယ်ဆိုတဲ့သွန်သင်ချက်
ဘဲဖြစ်ပါတယ်။

ဒီနေ့ပေါလုကပြောတဲ့တိမောတေအတွက်ဝိညာဉ်ရေးရာ
ကိုတိုက်ခိုက်တဲ့မိစ္ဆာဆရာတွေရဲ့အန္တရာယ်နဲ့လောကီလို
အပ်ချက်တွေကြားမှာသတိပြုရမယ့်အရာနဲ့ရပ်တည်ရ
မယ့်အရာ ၂ ချက်ကသင့်ကိုဘယ်လိုသတိပေးနေသလဲ
ဆိုတာကိုဆင်ခြင်ရင်းပြုပြင်ရင်းအသက်ရှင်ကြပါစို့။
(28.9.2026)

27/09/2026

#လူ့ရှေ့စုံလင်ခြင်းကိုဦးစာပေးပြီးဝိညာဉ်သဘော
လမ်းလွဲနေခြင်းမျိုးအဖြစ်မှကင်းရှင်းပါစေ။
(27.9.2026)

26/09/2026

ကြည့်ရှုလော့။ထာဝရဘုရားသည်မကယ်မတင်နိုင်
အောင်လက်တော်တိုသည်မဟုတ်။မကြားနိုင်အောင်
နားတော်ထိုင်းသည်မဟုတ်။ (ဟေရှာ ၅၉း၁)

- ဘုရားရဲ့လက်တော်သက်သေမတွေ့ရတဲ့အခါမျိုး
- ဆုတောင်းသံနားမညောင်းဘူးလို့ခံစားရတဲ့အခါမျိုး
- လူဟာ မိမိဉာဏ်ကိုအမှီပြုပြီးလုပ်ချင်တာလုပ်လာ
တတ်ပါတယ် (ဆားမြေလိုလူမျိုး)
- အဓိကပြဿနာက ဖြစ်ချင်တဲ့ဆန္ဒကြီးလွန်တာ၊ဆန္ဒကို
ရှေ့တန်းတင်လွန်းတာ၊ သည်းခံခြင်းစိတ်၊ မစောင့်နိုင်
တော့တာ စိတ်မရှည်တာတွေကအကြောင်းအရင်းခံပါပဲ။

‌ဘုရားအပေါ်စိတ်ချခြင်း၊စကားတော်ပေါယုံကြည်စွဲလန်း
ခြင်းနာခံခြင်းအရာတွေထက်မိမိရဲ့ဆန္ဒဟာအရှေ့‌ရောက်
သွားတဲ့အခါဖြစ်ရတဲ့အကျိုးဆက်ကိုရှောလုဘုရင်၊ပေတ
ရု၊ဗလမ်နဲ့ဒါဝိဒ်တို့ထံကနေသင်ခန်းစာယူနိုင်တယ်။

ဘာတွေပဲကြုံကြုံ ဘုရားစကားကိုရှေ့မှာထားပြီးဆင်ခြင်
ဖြစ်၊နှလုံးသွင်းဖြစ်.နာခံအသက်ရှင်ဖြစ်တဲ့သူတွေလည်း
ကျမ်းစာထဲမှာသင်ခန်းစာယူစရာတွေရှိကြပါတယ်။

ဝိညာဉ်တော်၌လျှောက်လှမ်းခြင်း၊နူတ်ကပတ်တော်အား
ဖြင့်အသက်ရှင်ခြင်းဆိုတာဒီလိုအချိန်အခါမှကိုယ့်အသ
က်တာထဲမှာကိုယ်တိုင်မြင်တွေ့ရတာမျိုးပါ။ကိုယ့်ကိုကို
ယ်စစ်ကြောစုံစမ်းသောသူက မင်္ဂလာရှိပါတယ်။
(26.9.2026)

Telephone

Address

Hlaing
Yangon
1358

Opening Hours

Tuesday 07:00 - 20:00
Thursday 07:00 - 20:00
Sunday 07:00 - 20:00

Alerts

Be the first to know and let us send you an email when Boom Boom posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.