Golden Gate
Forex Trading , World Gold Trading Business Consultancy and Mentoring Services
နာမည်ကြီး Stock တွေကိုဝယ်တဲ့အခါ ဘာကြောင့် ထင်သလောက်အမြတ်မရကြသလဲ ??
05/09/2022
ရွှေပြားတွေ ရောင်းပါပြီတဲ့
တစ်ကျပ်သား -၂,၉၅၀,၀၀၀/- ကျပ်တဲ့ ၊
ပိတောက်သားဘူး -၄၀,၀၀၀/- ကျပ်
ပေါင်း -၂,၉၉၀,၀၀၀/- ကျပ်ပေါ့ ၊
နေပြည်တော် ကျောက်မျက်ပြတိုက် တစ်နေရာတည်းမှာရောင်းတယ်
သတင်းစာ မှာတော့ တစ်ကျပ်သား -၁၉ သိန်းကျော်
စျေးကွက် မှာ အရောင်းအဝယ် ဖြစ် နေတာ ကတော့ -၂,၉၈၀,၀၀၀/- လို့ ကြားသိရ။
🌝
Source:
https://m.facebook.com/story.php?story_fbid=10160554600268991&id=704278990
Credit: ဆွာဘို
02/09/2022
Youtube အစားထိုး Mtube ပလက်ဖောင်းကို မကြာခင်အစားထိုးအသုံးပြုမယ်လို့ စစ်ကောင်စီဆို
https://m.facebook.com/story.php?story_fbid=5592532014135971&id=166580710064489
Youtube အစားထိုး Mtube ပလက်ဖောင်းကို မကြာခင်အစားထိုးအသုံးပြုမယ်လို့ စစ်ကောင်စီဆို
ရုပ်သံဗီဒီယိုတွေ ကြည့်ရှုနိုင်တဲ့ ကမ္ဘာသုံး ဆိုရှယ်မီဒီယာပလက်ဖောင်းတစ်ခုဖြစ်တဲ့ Youtube နေရာမှာ ပြည်တွင်းကမြန်မာနိုင်ငံသားပညာရှင်တွေ ရေးဆွဲထားတဲ့ Mtube ကို စမ်းသပ်အသုံးပြုနေပြီလို့ စစ်ကောင်စီက ဒီကနေ့စက်တင်ဘာ ၂ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
မကြာခင်မှာ စတင်အသုံးပြုနိုင်မယ့်အချိန်ကာလကို ထပ်ကြေညာမယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ မြန်မာလူထုအများဆုံးအသုံးပြုတဲ့ Facebook နေရာမှာ ပြောင်းလဲအစားထိုးဖို့ ဆိုရှယ်မီဒီယာတစ်ခုကို ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားသူတွေဟာ ဒီဂျစ်တယ်သပိတ် (Digital Strike) အနေနဲ့ Facebook၊ Youtube တွေပေါ်မှာ ကလစ်ပြုလုပ်ကာ ရန်ပုံငွေရှာဖွေနေတာတွေကို လိုက်လံထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီ ဘက်က အခုလိုလုပ်ဆောင်လာတာလို့ သုံးသပ်နေကြပါတယ်။
ဒီသတင်းအပါအဝင် ဘီဘီစီရဲ့နောက်ဆုံးရသတင်းစုစည်းချက်။
https://www.bbc.com/burmese/articles/cp6l7xkeyk9o
01/09/2022
ဗဟိုဘဏ်က ထုတ်ပေးမယ့် ဒေါ်လာသန်း ၂၀၀ ဘဏ်ပေါင်ပစ္စည်းတင်မှ ထုတ်ယူခွင့်ရမယ့် ချေးငွေဖြစ်နေ
မဲခေါင်၊ စက်တင်ဘာ ၁
စက်သုံးဆီ တင်သွင်းဖို့ ထောက်ပံ့ပေးမယ် ဆိုတဲ့ သြဂုတ်လ ၃၁ ရက်နေ့ ရက်စွဲနဲ့ ဗဟိုဘဏ် ထုတ်ပြန်ချက်ပါ ဒေါ်လာသန်း ၂၀၀ ဟာ ဘဏ်ပေါင် ပစ္စည်းတင်မှ ထုတ်ယူခွင့်ပြုမယ့် ချေးငွေသာ ဖြစ်တယ်လို့ လုပ်ငန်းရှင် တွေက ပြောပါတယ်။
အဲဒီ ထောက်ပံ့ငွေ ရယူနိုင်ဖို့ စက်သုံးဆီ လုပ်ငန်းရှင်တွေ အနေနဲ့ ချိတ်ဆက် လုပ်ကိုင်နေတဲ့ ဘဏ်များမှာ အပေါင်ပစ္စည်းတင်ပြီး အချိုးကျ ထုတ်ယူရမှာ ဖြစ်ကာ ချေးငွေ ဖြစ်တဲ့ အတွက် ပြန်ဆပ်မယ့် ကာလ ဒေါ်လာ ပြင်ပ ပေါက်ဈေး မြင့်နေမှာကို စိုးရိမ်တယ်လို့ စက်သုံးဆီ လုပ်ငန်းရှင်တွေက ဆိုပါတယ်။
“ပထမ ပြောထားတာက သန်း ၄၀၀ ထောက်ပံ့မယ်လို့ သိရတယ်၊ အခုက သန်း၂၀၀ ကို လတ်တလော ထုတ်ချေးပေး သလို ရောင်းပေးတာပေါ့။ နိုင်ငံတော်ရဲ့ သတ်မှတ်ဈေးနဲ့ ရောင်းပေးတဲ့ အတွက် စက်သုံးဆီဈေး ကျတာက တစ်ကယ့် အဓိက အကြောင်းအရင်းပါ၊ သိရသလောက်က ၃ လ ပြည့်တဲ့အချိန် ပြန်ဆပ်ရမယ်၊ စက်သုံးဆီ လုပ်ငန်းရှင်းတွေ စိုးရိမ် နေတာ တစ်ခုက ပိုက်ဆံ ပြန်ဆပ်တဲ့ အချိန်မှာ ပြင်ပ ပေါက်ဈေး မတရား တက်နေရင် အခက်အခဲတော့ကြုံမယ်၊ ငွေဈေး တည်ငြိမ်ဖို့က အရေးကြီးတယ်၊ ကမ္ဘာ့ရေနံဈေး ကျတာ မကျတာ အပေါ် မှီခိုခြင်း မရှိတော့ဘူး၊ မြန်မာငွေ တန်ဖိုး ကျတာနဲ့ အမျှ စက်သုံးဆီ ဈေးက မြင့်နေမှာပဲ” လို့ စက်သုံးဆီလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။
မြန်မာ တစ်နိုင်ငံလုံးရဲ့ စက်သုံးဆီ သုံးစွဲမှုက ဒေါ်လာ သန်း ၂၀၀ ဖိုးလောက်ရှိလို့ အခု ထုတ်ချေးပေးတဲ့ ပမာဏဟာ တစ်လစာ အတွက်သာ ဖူလုံနိုင်မှာ ဖြစ်တဲ့ အတွက် ဒေါ်လာရှိမှသာ စက်သုံးဆီဈေး ကျဆင်းမယ်လို့ ၎င်းကသုံးသပ်ပါတယ်။
ဗဟိုဘဏ်က ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့မယ်ဆိုတဲ့ ကြေညာချက် ထွက်ပေါ်ခဲ့ပြီးနောက် ဒီကနေ့ စက်တင်ဘာ ၁ ရက်နေ့မှာ ဓာတ်ဆီ တစ်လီတာ ၂,၃၇၅ ကျပ်အထိ ကျဆင်းခဲ့တဲ့ နည်းတူ တစ်ဒေါ်လာ ကျပ် ၃,၈၀၀ သာရှိလို့ ဒေါ်လာဈေး အကျဘက်ကို ဦးတည်နေတယ်လို့ သိရပါတယ်။
ဲခေါင်သတင်းဌာနဖော်ပြချက်အားပြန်လည်ဖော်ပြသည်။
15/07/2022
ထုတ်လုပ်မှုစရိတ်ကြောင့်
ရွှေစျေးဆက်မြင့်နေ
+++++++++
ထုတ်လုပ်မှုစရိတ်မြင့်၍ ရွှေဈေးအမြင့်ပိုင်းတွင် ဆက်ရှိ
ဒီဇယ်ဆီဈေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် ရွှေသတ္တု တူးဖော်ရေးလုပ်ငန်းတွေမှာ ထုတ်လုပ်မှုစရိတ်တွေ မြင့်တက်နေတာကြောင့် ရွှေဈေးနှုန်းက အမြင့်ပိုင်းမှာ ဆက်ရှိနေတယ်လို့ ရွှေလုပ်ငန်းအသိုင်းအဝိုင်းက
သိရပါတယ်။
တနိုင်း ၊ချီဖွေစတဲ့ ရွှေတူးသတ္တု တူးဖော်ရေးနေရာတွေမှာ အရင်က ရွှေတစ်ကျပ်သားကို ကျပ်၁၃သိန်း ဝန်းကျင်လောက်သာ ရှိရာကနေ ခုချိန်မှာ တစ်ကျပ်သားကို ကျပ် ၁၉သိန်းထိ ပေါက်ဈေးရှိ လာနေပါတယ်။ ရွှေတူးဖော်တဲ့ ဒေသတွေကနေ ရန်ကုန်အထိက သယ်ယူပို့ဆောင်စရိတ်တွေကလည်း အရင်ထက် ကြီးမြင့်လာတာ ကြောင့် ကမ္ဘာ့ရွှေဈေးပြန်ကျနေပေမယ့်လည်း ပြည်တွင်းအခေါက်ရွှေဈေးက အမြင့်ပိုင်းမှာသာ ဆက်ရှိနေသေးတာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး
ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌဦးမျိုးမြင့်ကပြောပါတယ်။
အရင်က ဒီဇယ်တစ်ပေပါကို ကျပ် သုံးသိန်း ဝန်းကျင်သာရှိရာကနေ လက်ရှိမှာ တစ်ပေပါကို ကျပ် ခုနှစ်သိန်းထိ ရှိလာသလို ထုတ်လုပ်မှုမြင့်တက်တဲ့အတွက် ကြေးနီစတဲ့ သတ္တုအားလုံးရဲ့ ထုတ်လုပ်မှုစရိတ်တွေပါ မြင့်တက်လာနေတယ်လို့ သိရပါတယ်။ မိုးကာလဖြစ်လို့ လက်ရှိ ရန်ကုန်ရွှေဈေးကွက်ထဲမှာ တွင်းထွက်ရွှေကုန်ကြမ်း အဝင်နည်းနေပေမယ့်လည်း ရွှေဈေး အမြင့်တန်းမှာရှိနေလို့ ပြန်ရောင်းတဲ့သူများတာကြောင့် ရွှေကုန်ကြမ်း ပြတ်လပ်မှာကိုတော့ စိုးရိမ်စရာမရှိသေးပါဘူး။
ဇူလိုင်လ ၁၁ ရက်နေ့ ညနေပိုင်းက တစ်ကျပ်သားကို ကျပ်သိန်း နှစ်ဆယ် ငါးသောင်း ရှစ်ထောင်နဲ့ ဈေးကွက်ပိတ်ခဲ့တဲ့ အကယ်ဒမီမီးလင်း အခေါက်ရွှေဈေးဟာ ဒီနေ့ ဇူလိုင် ၁၃ရက်မနက် ၁၀နာရီမှာ တစ်ကျပ်သားကို ကျပ် သိန်း နှစ်ဆယ် လေးသောင်း နှစ်ထောင်နဲ့ ဈေးကွက်ဖွင့်ခဲ့တာကြောင့် ဇူလိုင် ၁၁ရက်နေ့ အပိတ်ဈေးနဲ့ နှိုင်းယှဉ်ရင် တစ်ကျပ်သားကို ကျပ် တစ်သောင်း ခြောက်ထောင် ဈေးနှုန်းကျဆင်းခဲ့တာကို တွေ့ရပါတယ်။
#
11/07/2022
ဒေါ်လာတန်ဖိုး၊စတော့၊ရွှေ နဲ့ကမ္ဘာ့စီးပွားရေး
၁) အခုနှစ်ပိုင်းတကမ္ဘာလုံးဒေါ်လာဈေးကောင်းပြီးတက်နေသဖြင့်ဒေါ်လာနှင့်ချိတ်ဆက်ဈေးဖွင့်ထားသောရေနံ၊ရွှေနှင့်စတော့တွေကိုအကုန်သက်ရောက်ပြီးဈေးများကျကုန်ပါသည်။ထိုမှတဆင့်နိူင်ငံများစွာ၏စီးပွားရေးများအပေါ်တွင်လည်းများစွာရိုက်ခတ်နေချိန်ဖြစ်ပါသည်။
၂) Investment လုပ်မည်ဆိုလျှင်ကမ္ဘာ့စီးပွားရေးအခင်းအကျင်းကိုသိဖို့လိုလာပါသည်။ မြန်မာနိူင်ငံသည်အခြားနိူင်ငံများနှင်စာလျှင်တိုက်ရိုက်သက်ရောက်မှုနည်းသည်ဟုသုံးသပ်ကြသော်လည်းတကယ်တန်းကအဆုံးတွင်သက်ရောက်ပါသည်။ဥပမာရွေဈေးသည်ကမ္ဘာ့ရွေဈေးကျချိန်တွင်တပြေးညီမကျသော်လည်းကမ္ဘာ့ရွေဈေးတက်ချိန်တွင်လိုက်တက်ပါသည်။
၃) အဓိကယခုချိန်ထိကမ္ဘာ့စီးပွားရေးကိုမောင်းနှင်နေသည့်နိူင်ငံမှာအမေရိကန်ဖြစ်ပါသည်။ထိုေကြာင့်အမေရိကန်စီးပွားရေးအလုပ်လုပ်ပုံကိုသိရန်အရေးကြီးပါသည်။ တရုပ်ပြည်သည်ကမ္ဘာ့စီးပွားရေးတွင်အကြီးဆုံးဖြစ်နေပြဟုသုံးသပ်ပင်ငြားအမေရိကန်စီးပွားရေကကမ္ဘာအပါ်တွင်သက်ရောက်မှုအတိုင်းအတာကိုမမှီသေးပါ။
၄)ယနေ့အမေရိကန်ဒေါ်လာသည်နှစ် ၄၀ အတွင်းကိုဗစ်ကြောင့်ငွေကြေးအဖောင်းအပွဆုံးဖြစ်နေပါသည်။ကိုဗစ်ကြောင့်စီးပွားရေးကျနေသောစီးပွားရေးကိုနိူးထစေရန်ဒေါ်လာထပ်မံရိုက်ထုပ်ပြီးစီးပွားရေးကိုမြင့်တင်သောကြောင့်ဖြစ်ပါသည်။ထိုသို့ဖောင်းပွနေသောဒေါ်လာကိုဈေးကွတ်ထဲမှပြန်သိမ်းရန်အမေရိကန်ဗဟိုဘဏ်ကထုပ်ဝေထားသောငွေချေးစာချုပ်များ၏အတိုးကိုတင်ပါသည်။
၅)ထိုသိုတင်သောအခါလူအများစုကငွေချေးစာချုပ်ကိုပိုဝယ်ကြပါသည်၊ပိုဝယ်ကြသဖြင့်လူတွေလက်ထဲရှိဒေါ်လာများအမေရိကန်အစိုးရဆီပြန်ရောက်သွားသဖြင့်ဈေးကွတ်ထဲဒေါ်လာရှားပါးသွားသဖြင့်ဒေါ်လာဈေးပြန်တက်ပါသည်။ ဒေါ်လာဈေးတက်သောအခါအခြားပစ္စည်းများဈေးကျသဖြင့်အမေရိကန်နိူင်ငံတွင်ကုန်ပစ္စည်းများဈေးတည်ငြိမ်လာပါသည်။
၆)တခြားတဘက်တွင်အတိုးနှုန်ူးတက်လာသဖြင့်ဘဏ်တိုးနှုန်းပါတက်လာပြီးအရာရာကိုအကြွေးဝယ်သောအမေရိကန်နိူင်ငံသားများယခင်ထက်ဝယ်ယူမှုကိုလျှော့ချလိုက်ပါသည်။ထိုအခါလူသုံးကုန်ပစ္စည်းများကိုရောင်းဝယ်နေသောလုပ်ငန်းများအရောင်းကျပြီးအမြတ်ကျပါသည်။လုပ်ငန်းများအမြတ်ကျသောအခါထို ကုမ္ပဏီမှထုပ်ရောင်းထားသောစတော့များကိုအမြတ်ခွဲဝေမှုနည်းသဖြင့်စတော့များပါဈေးကျလာပါသည်။
၇)စတော့ဈေးကျသဖြင့်လူတွေစတော့ကိုရောင်းပြီးအစိုးရငွေချေးစာချုပ်ကိုပိုဝယ်ကြပါသည်။တပြိုင်တည်းမှာပင်ဒေါ်လာကတန်းဖိုးတက်လာသဖြင့်ရွေနှင့်ရေနံကဲသို့ပစ္စည်းများဈေးကျပါသည်။ တဖက်တွင်လုပ်ငန်းများအမြတ်ကျလာသဖြင့်နိူင်ငံစီးပွားရေးနှေးကွေးလာပြီနောက်ဆုံးစီးပွားရေးပျက်ကပ်ရောက်တက်ပါသည်။ထိုအခါလူအများကရွေကိုပို၍ဝယ်ကြပါသည်။
၈)တဖန်ထိုသို့အမေရိကန်ဗဟိုဘဏ်ကအတိုးနှုန်းတင်ရာတွင်တခါတည်းအများကြီးမတင်ဘဲ၃လခြားတခါလောက်သတိထားထင်ပါသည်။ဒီနှစ်အတွင်းတင်ထားသောအတိုးနှုန်းမှာ စုစုပေါင်း ၁ကျပ်ခွဲ(၁.၅၀%) ရှိပြီဖြစ်သော်လည်းထင်သလောက်ငွေကြေးဖောင်းပွမှုနူန်းမကျသဖြင့်ဇူလိုင်လတွင် ၇၅ပြားထပ်တင်ရန်ရှိနေသဖြင့်ဒေါ်လာငွေမှာပိုမာလာနိူင်ခြေများပြီးအခြားနိူင်ငံငွေကြေးများပို၍တန်းဖိုးကျနိူင်ခြေ၂၀၂၂ခုနှစ်ဒုတိယ ၆ လတွင်အလား အလာပို၍ရှိနေပါသည်။
၉)တဖန်စီးပွားရေးပျက်သောအခါစီးပွားရေးပြန်တက်ရန်အမေရိကန်အစိုးရကအတိုးနှုန်းကိုပြန်လျှော့ပါသည်။ထိုသို့လျော့လိုက်သောအခါပြည်သူလူထူကအစိုးရငွေချေးစာချုပ်များကိုပြန်ရောင်းထုပ်ပြီးအမြတ်ပိုရနိူင်သောစတော့ကိုတဖန်ပြန်ဝယ်ကြသဖြင့်စတော့များဈေးပြန်တက်လာပါသည်။ထိုကြောင့်မည်သည့် investment လုပ်လုပ်ကမ္ဘာ့စီးပွားရေးအခင်း အကျင်း ကိုနားလည်ရန်လိုပါသည်။
-အမှားနဲ့အမှန်၊အဓိကနဲ့သာမညခွဲခြားနိူင်တဲ့အသိဉာဏ်ရကြပါစေ-
https://www.facebook.com/100050240690366/posts/566629888355029/
06/10/2021
ကမ္ဘာလုံးဆိုင်ရာ Energy Crisis အပေါ်စိုးရိမ်မှု ဒီရေမြင့်တက်လာပြီး ဆက်တိုက်မြင့်တက်လာတဲ့ ရေနံစျေး
•••••••••••••••••••••••••••••••••••••••••••••••••••••••••••
Oct6,2021(12:15 Pm)
စက်သုံးဆီဝယ်လိုအားနှေးကွေးလာခြင်း လက္ခဏာဖြစ်သည့် အမေရိကန်ရှိ ရေနံစိမ်းသိုလှောင်မှုများ မြင့်တက်လာသော်လည်း ရေနံ၊သဘာဝဓာတ်ငွေ့ နှင့်ကျောက်မီးသွေးစျေးကွက် တို့ကျပ်တည်းမှု အရှိန်ကလျော့မသွားသေးပဲ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ကြပ်တည်းအပေါ် စိုးရိမ် မှုဒီရေမြင့်တက်နေပြီး ရေနံစိမ်းစျေးများ ၆ ရက်ဆက်တိုက် တက်လာခဲ့ပါတယ်။
Energy Crisis နဲ့ပါတ်သတ်ပြီး စိုးရိမ်လာမှုများအပြင်အဓိကရေနံစိမ်းသုံးစွဲ တဲ့ US နှင့် India တို့ မှာ ငွေကြေးဖောင်းပွ မှု ဖိအားတွေပါရင်ဆိုင်နေရတာကြောင့် ယခုနှစ် အတွက် ရေနံစိမ်းစျေးနှုန်းတွေက ၅၀%တက်လာခဲ့တယ်လို့သိရပါတယ်။
US West Texas Intermediate (WTI Crude Oil) တစ်စည်လျှင် ယနေ့ မနက် နေ့လည် ၁၂ နာရီ အချိန်ထိ ၇၉.၀၀ ဒေါ်လာထိ အမြင့်ဆုံးတက်လာပြီး Brent ရေနံစိမ်းသည် ယနေ့မနက်တွင်၀.၁၅ ရာခိုင်နှုန်း ၈၂.၆၈ ဒေါ်လာထိ အမြင့်ဆုံးတက်ထားပြီး သုံးနှစ်အတွင်းအမြင့်ဆုံးစျေးကိုမနေ့ကတက်လှမ်းခဲ့ပါတယ်။
ကမ္ဘာ့အကြီးဆုံးရေနံသုံးစွဲသူ အမေရိကန်မှ စာရင်းအချက်အလက်များအရ စက်သုံးဆီဝယ်လိုအားနှေးကွေးနေသည့်လက္ခဏာအချို့ ရှိနေပါတယ်။ အောက် တိုဘာ ၁ ရက် ရက်သတ္တပါတ်အတွက် အမေရိကန်ရေနံသိုလှောင်မှုသည် တစ်ပတ်အတွင်းစည်ပေါင်း ၉၅၁,၀၀၀ အထိမြင့်တက်ခဲ့ပြီး ဓာတ်ဆီနှင့်ပေါင်းခံလောင်စာဆီသိုလှောင်မှုများလည်း တက်လာတယ်လို့ API အချက်အလက် များကဖော်ပြထားပါတယ်။
ထုတ်လုပ်မှု တိုးရန်ဖိအားပေးခံခဲ့ရတဲ့ OPEC+ သည် COVID-19 ကူးစက်မှု စတ္တုထလှိုင်းသည်ဝယ်လိုအား ပြန်လည်နာလန်ထူလာမှုကို ထိခိုက်မှာ စိုးရိမ် နေတယ်လို့ တနင်္လာနေ့က ဆွေးနွေးပွဲမတိုင်မီ သတင်းများက ဆိုလာပါတယ်။
တနင်္လာနေ့က ဆုံးဖြတ်ခဲ့တဲ့ OPEC+ ၏ သတ်မှတ်ချက်သည် ကမ္ဘာတစ်ဝှမ်းရှိစွမ်းအင်အကြပ်အတည်းတွေကိုချိန်ထိုးပြီးဈေးကွက်က မျှော်လင့်ထားသလို မဖြစ်ခဲ့သော်လည်း အကယ်၍ ဝယ်လိုအားများဆက်လက်မြင့်တက်နေပါက OPEC သည်လာမည့် အစည်းအဝေးမတိုင်မီ ၎င်းတို့ဆုံးဖြတ် ချက်ကိုပြင်ဖို့ ဖိအားပေးခံရနိုင်ခြေရှိကြောင်း ဖော်ပြပေးလိုက်ရပါသည်။
ကမ္ဘာ့ရွှေ ၊ရေနံ နှင့် နိုင်ငံတကာငွေကြေးတွဲများ ကို Online Trading ပြုလုပ်ရန်စိတ်ဝင်စားပါက လိုအပ်သည့် အချက် အလက်များ အသေးစိတ်ကို Golden Well Management & Consultant Co,ltd ရဲ့ Page Messenger (သို့မဟုတ်) Phone - 09971738581 သို့ ဆက်သွယ်၍ မေးမြန်းနိုင်ပါသည်။"
https://www.facebook.com/1251965701496315/posts/6861984783827684/
05/10/2021
OPEC+ ၏ Output Plan ကြောင့် ရေနံစိမ်းစျေးများ ၇ နှစ်တာအတွင်း အမြင့်ဆုံးစျေးနားထိ မြင့်တက်လာ
••••••••••••••••••••••••••••••••••••••••••••••••••••••
Oct 5,2021 (10:15 Am)
မနေ့က ရေနံစျေးနှုန်းများသည် ၂၀၁၄ ခုနှစ်နောက်ပိုင်းအမြင့်ဆုံးစျေးတန်းထိ တက်ခဲ့ပြီး ယနေ့မနက်အာရှချိန်မှာတော့ အတက်အနေအထားဖြင့် စျေးအနည်းငယ် ငြိမ်နေပါသေးတယ်။
ကမ္ဘာ့စွမ်းအင်စျေးကွက်လအကြပ်အတည်းဖြင့်ရင်ဆိုင်နေရသော်လည်း OPEC + သည် ၎င်းတို့ စီစဥ်ထားသည့်အတိုင်း Supply Rate ကို ဖြေးဖြေးချင်း ဆက်ထိန်းထားဖို့ဆုံးဖြတ်ခဲ့ပြီးနောက် ရေနံစျေးတွေပြန်တက်လာခဲ့တာပါ။
၎င်း မဟာမိတ်အဖွဲ့သည် နိုဝင်ဘာလအတွက် တစ်ရက်လျှင် စည်ပေါင်း ၄၀၀၀၀၀ အထိမြှင့်တင်ခဲ့တာကြောင့် တနင်္လာနေ့တွင် ရေနံက ၂.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး New York Futures Contract များ သည်တစ်စည်လျှင် ၇၈ ဒေါ်လာနီးပါးနှင့်အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။
OPEC+ အစည်းအဝေး မတိုင်မီ က သဘာဝ ဓာတ်ငွေ့ဈေးနှုန်းများမြင့်တက်မှုကြောင့်ဆောင်းရာ သီမတိုင်မီရေနံထုတ် ကုန်များဝယ်လိုအားပိုများလာနိုင်တာကြောင့် OPEC+ အနေဖြင့် ထုတ်လုပ်မှုကိုစီစဉ်ထားသည်ထက်ပိုမိုမြှင့်တင်လိမ့်မယ်လို့ စျေးကွက်စောင့်ကြည့်သူများက မျှော်လင့်ခန့်မှန်းထားကြတာပါ။
ဒါပေမယ့် OPEC+က လာမယ့် နှစ်လအတွင်း ရောင်းလိုအားကိုစီစဥ်ထားသည့်အတိုင်း သတ်မှတ်ခဲ့ပြီး အဆိုပါဆုံးဖြတ် ချက်က COVID-19 ကြောင့်စီးပွားရေးပြန်လည်ကောင်းမွန်လာသည်နှင့်အမျှ အထွက်နှုန်းတိုးမြှင့် ရန်အမေရိကန်နှင့်အိန္ဒိယတို့မှတောင်းဆိုမှုများကိုလျစ်လျူရှုခဲ့ပြီး တဖြည်းဖြည်းချင်းနှင့်လောင်စာဆီလိုအပ်ချက်အလားအလာကိုမြှင့်တက်စေခဲ့တာပါ။
သဘာဝဓာတ်ငွေ့ဈေးနှုန်းကြီးမြင့်နေတာကြောင့် အသုံးအဆောင်များအတွက်စွမ်းအင်ကို ဆီပြောင်းအသုံးပြုလာတာကြောင့် ယခုနှစ်နှောင်းပိုင်းတွင် ဝယ်လို အားဟာ တစ်ရက်လျှင် စည်ပေါင်း ၆၅၀၀၀၀ ပိုမိုလိုအပ်လာမယ် လို့ ရင်းနှီးမြှပ်နှံမှုဘဏ်ကြီးဖြစ်တဲ့Goldman Sachs Group Inc က ပြောထားပြီး ဆော်ဒီ Aramco ကလည်း ဓာတ်ငွေ့အကျပ်အ တည်းသည် ရေနံစိမ်းသုံးစွဲမှုကိုမြှင့်တင်နေပြီဟုပြောကြားခဲ့ပါတယ်။
ယနေ့ အင်္ဂါနေ့ မနက်အာရှချိန်တွင် US Crude Oil တစ်စည်လျှင် ၇၇.၈၀၂ ဒေါ်လာထိမြင့်တက်ထားပြီး UK Brent Oil တစ်စည်လျှင် အမြင့်ဆုံး ၈၁.၅၂၇ ဒေါ်လာထိ တက်ထားပါတယ်။ OPEC+ ဆုံးဖြတ် ချက်သည် စျေးကွက်အခြေအနေကိုပုံမှန်ဖြစ်စေလိမ့်မယ်လို့ Rossiya 24 နိုင်ငံပိုင်ရုပ်သံလိုင်းမှထုတ်လွှင့်သောအစည်း အဝေး၏မိန့်ခွန်းအတွင်းရုရှားဒုတိယဝန်ကြီးချုပ် Alexander Novak ကပြောကြားခဲ့ပြီး လာမည့် နိုဝင်ဘာ ၄ ရက်နေ့
တွင်ထုတ်လုပ်မှုမူဝါဒများအား ဆွေးနွေးရန် ၀န်ကြီးများထပ်မံတွေ့ဆုံဖို့ရှိကြောင်း ဖော်ပြပေးလိုက်ပါသည်။
ကမ္ဘာ့ရွှေ ၊ရေနံ နှင့် နိုင်ငံတကာငွေကြေးတွဲများ ကို Online Trading ပြုလုပ်ရန်စိတ်ဝင်စားပါက လိုအပ်သည့် အချက် အလက်များ အသေးစိတ်ကို Golden Well Management & Consultant Co,ltd ရဲ့ Page Messenger (သို့မဟုတ်) Phone - 09971738581 သို့ ဆက်သွယ်၍ မေးမြန်းနိုင်ပါသည်။"
29/09/2021
တရုတ်ပြည်ထက်ဝက်ကျော် မီးပြတ်လေပြီ
•••••••••••••••••••••••••••••••••••••••••••••••••••••
ပြည်နယ် (၃၁) ခုရှိရာမှာ (၁၆) ခုမှာ မီးတွေအဖြတ်ခံနေရလို့ စက်ရုံ၊ အလုပ်ရုံတွေ အခက်တွေ့နေကြရပါပြီ။ သံချောင်း၊ အလူမီနီယံနဲ့ ဘိလပ်မြေစက်ရုံတွေရပ်ကုန်လို့ ပစ္စည်းဈေးတွေ က်ကုန်ပါပြီ။ ကမ္ဘာ့ဈေးကွက်ကမှာထားတဲ့ လျှပ်စစ်ပစ္စည်းတွေ၊ အရုပ်တွေ၊ ကားအပိုပစ္စည်းတွေလည်း အချိန်ပိုကြာပြီးမှ ရပါလိမ့်မည်။ လမ်းမတွေထက်က မီးပွိုင့်တွေပါ မီးပျက်ကုန်လို့ ကားတွေဒုက္ခရောက်ကြာပါတယ်။ အရှိန်ရနေတဲ့ လျှပ်စစ်ကားဈေးကွက်လည်း ဘက်ထရီအားသွင်းရုံတွေပိတ်ကုန်လို့ ထိခိုက်ကုန်ပါပြီ။
ခုလိုမီးပျက်ရတာဟာ တရုတ်အစိုးရရဲ့ကျောက်မီးသွေးစက်ရုံပေါ်လစီအပြောင်းအလဲကြောင့် ဈေးတက်၊ ပစ္စည်းပြတ်လပ်ကာ ဖြစ်ခဲ့ရပါသတဲ့။ ခုလိုမီးကို အလှည့်ကျစနစ်နဲ့သာမပေးရင် ဘရိတ်ဒေါင်းကျကာ မီးလုံးဝမပေးနိုင်သည်အထိ ဆိုးသွားနိုင်တယ်လို့ တာဝန်ရှိသူတယောက်က ဆိုပါတယ်။ ခုချိန်ဟာ တရုတ်ပြည်တချို့နေရာတွေမယ် သုညအထိအေးခဲနေလို့ မီးဖျက်ခံရတဲ့အပေါ် ပြည်သူတွေက မကျေနပ်ကြပါဘူး။
တရုတ်စီးပွါးရေးတိုးတက်နှုန်းကိုလည်း အရင် ၅.၅% လောက်ခန့်မှန်းထားရာကနေ ၃% ကျော်အထိ အလျှော့ခံလိုက်ရပါတယ်။
Ref: SCMP
Ant Htet Ky
credit
29/09/2021
တောင်ငူမြို့အထွက်နားရှိ ရွှေဝါစက်သုံးဆီ အရောင်းဆိုင်တွင် ယနေ့ညတွင် လူအများအုံခဲကာ ဆီဝယ်ယူနေပုံဖြစ်သည်။ ရန်ကုန်-မန္တလေးလမ်းပေါ်ရှိ နီလာ ရိုးမ ဓာတ်ဆီ၊ ဒီဇယ်ဆီအရောင်းဆိုင်တွင် ရောင်းချစရာဆီမရှိ၍ ဆိုင်ပိတ်လိုက် သည်ဟု ကြေညာပြီးနောက် ဆီဝယ်မရဖြစ်မှာကို အထိတ် တလန့်ဖြစ်ပြီး ဝယ်ယူမှုဖြစ်လာခဲ့သည်ဟု အခြေအနေကို သိနားလည်သော မြို့ခံတစ်ဦးက ပြောသည်။ " လမ်းဘေးကွမ်းယာဆိုင်မှာရောင်းတဲ့ဆီကအစ ကုန်တာပဲ" ဟု သူက ပြောသည်။
ဓာတ်ပုံ- CJ
19/09/2021
Inventories ဆိုတာ
=============
ဒီတခါတော့ Inventoriesပဲ ခေါ်ခေါ် stockလို့ပဲ ပြောပြော ဒီအကြောင်းအရာလေးကို အနည်းငယ်လောက် ပြောပြချင်ပါတယ်နော်-
Inventoryကို အင်္ဂလိပ်တွေက Stock လို့ခေါ်ကြပါတယ်။ အမေရိကန်တွေက Stock လို့ခေါ်ရင် မျက်စိလည်သွားပါရော။ Inventory လို့ခေါ်မှကြိုက်ပါတယ်။
Inventories ကို သတ်မှတ်ထားတဲ့ စာရင်းကာလ တစ်ခုမှ စာရင်းကောက်ရပါသည်။ တန်ဘိုးသင့်ရပါတယ်။အကြမ်းအားဖြင့် Inventory ကို ၄ မျိုးခွဲခြားပါတယ်။အဲဒါတွေက
1) Retail Inventory
ဝယ်ထားတဲ့ ပုံစံအတိုင်း ပြန်ရောင်းသည့် Inventory အမျိုးအစား
2) Raw Materials Inventory
ကုန်ထုတ်လုပ်ရန်အတွက် ထားရှိသော Inventory
3) Work in Process Inventory
ထုတ်လုပ်ရာတွင် ကုန်ချောအဖြစ်မရောက်ရှိသေးသော Inventory
4) Finished Goods Inventory
ကုန်ချောအဖြစ်ထုတ်လုပ်ပြီးသော်လည်း မရောင်းချရသေးသည့် Inventory
Inventory ကို အခြားသူတစ်ဦးအား ဥပဒေ နှင့်လျှော်ညီစွာ လွှဲပြောင်းခြင်း မပြုရသေးလျှင် မိမိကုမ္ပဏီဧ။် Inventory စာရင်းတွင် ထည့်သွင်းရပါတယ်။
သို့ရာတွင် အချို့ သော ချွင်းချက်များကို ထည့်သွင်း စဉ်းစား ရပါသေးတယ်။
F.O.B. "free on board"
-------------------------------
F.O.B Shipping Point စနစ်ဖြင့် ရောင်းချလိုက်ပါက ရောင်းသူ က ပစ္စည်းသယ်ဆောင်ပို့ပေးသူ သို့ လွှဲပြောင်းလိုက်သည့်အချိန်တွင် ရောင်းသူက သူဧ။် Inventory မှ ထုတ်ပယ်ရပါတယ်။ တချိန်တည်း်မှာ ၀ယ်ယူသူက သူဧ။် Inventory တွင် ထည့်ပေါင်း ရပါတယ်။
F.O.B Destination စနစ်ဖြင့်ရောင်းချလိုက်ပါက ပစ္စည်းသယ်ယူ ပေးသူ က၀ယ်ယူသူလက်ထဲသို့ ပစ္စည်းပေးပို့သောအခါမှသာ ၀ယ်ယူ်သူက သူဧ။် Inventory စာရင်းတွင်ထည့်ရပါတယ်။
အကယ်လို့ ကုန်စည်ကို ရောင်းချပြီးသော်လည်း ဝယ်သူက မနှစ်သက် ပဲ ပစ္စည်းပြန်အပ်မည့် အရိပ်အရောင်ရှိလျှင် ရောင်းသူသည် အဆိုပါ ရောင်းချလိုက်သည့် အဆိုပါ ပစ္စည်းအား Inventory မှ ထုတ်ပယ် ခွင့်မရှိပါ။
ထိုအခါ "Allowance for estimated return" ဟု စာရင်း ထားရပါတယ်။ထိုစာရင်းဟာ ကြွေးဆုံးရာထား စာရင်း 'Allowance for doubtful account' စာရင်းမျိုးနှင့် ပုံစံတူပါတယ်။
အဆိုပါ "Allowance for estimate return" စာရင်းဆွဲရန် အောက်ပါ အချက်များပြည့်စုံရန်လိုပါတယ်။အဲဒါတွေက
1) The sales price is substantially fixed at the date of the sale
ရောင်းချသည့်နေ့တွင် ပစ္စည်းတန်ဘိုးကို သင့်ပြီးဖြစ်ရမည်။
2) The buyer assumes all risks of loss because the goods are buyer possession
ပစ္စည်းသည် ဝယ်သူဧ။် လက်တွင် ရောက်ရှိနေပြီးဖြစ်သောကြောင့် ပျက်ဆီးမှု့တစ်စုံတရာ ဖြစ်ခဲ့လျှင် ဝယ်သူက တာဝန်ယူရမည်။
3) The buyer has paid some form of consideration
ဝယ်သူသည် ထိုက်သင့်သော အဖိုးစားနား ကို ပေးချေပြီးဖြစ်ရမည်။
4) The product sold is substantially completed
ရောင်းချမှု့အဆင့် ပြီးမြောက်ပြီး ဖြစ်ရမည်။
5) The amount of future return can be reasonably estimated
ရောင်းချလိုက်သည့် ပစ္စည်းကို ဝယ်သူက ပြန်လည်အပ်နှံမည့် ပမာဏကို သင့်တော်စွာ တွက်ချက်ထားနိုင်ရမည်။
အကယ်လို့သာ Consigned Goods - အပ်ကုန်စနစ်ဖြင့် ရောင်းချလျှင် ပစ္စည်းသည် ဝယ်သူထံသို့ မရောက်ရှိသေးသည့်အတွက် ရောင်းချသူက မိမိဧ။် Inventory မှ ထုတ်ပယ်ခွင့်မရှိပါ။
Sales with a Mandatory Buyback - ရောင်းချမှု့သည် ပြီးဆုံးသွားသော်လည်း အနာဂတ်ကာလတွင် ရောင်းချသူက ထိုပစ္စည်းအား မဖြစ်မနေ ပြန်လည်ဝယ်ယူရမည်ဆိုလျှင်လည်း ရောင်းသူသည် သူဧ။် Inventory မှထုတ်ခွင့်မရှိပါ။
Installment Sales - အရစ်ကျစနစ်ဖြင့်ရောင်းချပါက Percentage of uncollectible method ကို မသုံးနိုင်လျှင် ရောင်းသူဧ။် Inventory မှ မထုတ်ပယ်ရပါ။ ငွေအပြည့်ရပြီးမှသာ ထုတ်ပယ်ရပါတယ်။
"Valuation of Inventories " IFRS
( ကုန်စည်တန်ဘိုး သတ်မှတ်ခြင်း)
------------------------------------------------
ကုန်စည်တန်ဘိုးကို တွက်ရာတွင် အောက်ပါ (၂)ခုမှ နည်းရာ တန်ဘိုးကို ယူရသည်။ (Lower of Cost or Net Realizable Value)
(၁) Cost - ၎င်းတွင် ကုန်ကြမ်းတန်ဘိုး၊လက်ခ၊ သယ်ဆောင်စရိတ််တို့ပါဝင်သည်။ ရောင်းချသော ကုန်ကျစရိတ် ၊ စီမံ ခန့်ခွဲစရိတ်၊ ပျက်ဆီး စရိတ်တို့မပါဝင်ပါ ။
(၂) Net Realizable Value - ဆိုသည်မှာ
Net Selling Price
Less- Cost to complete
Less- Dispose Cost
--------------------------------
Net Realizable Value
( Net Realizable Value ကို အမေရိကန် GAAP က Market ceiling ဟုခေါ်ပါသည်။)
"Reversal of Inventory Write-down"
----------------------------------------------------
အကယ်၍ ပထမနှစ်တွင် Lower of cost or Net Realizable Value စနစ်ကြောင့် Inventories ကို $500 လျှော့ပြီးပြခဲ့သည်။ ထိုကြောင့် ပထမနှစ် Cost of Good Sold တွင် $500 လျော့သွားခဲ့သည်။
ဒုတိယနှစ်တွင် Inventories တန်ဘိုးသည် $700 မြင့်တက် ခဲ့မည်ဆိုလျှင် ပထမနှစ် လျော့ပြခဲ့သော $500 အထိလောက်သာ Inventories တန်ဘိုးကို မြှင့်ခွင့်ရှိပါတယ်နော်။
အောင်မြင်ကြပါစေ။
Created by----
MYAT KHINE(SUCCESS WAY)
Myat Khine Success Way Management Team
Credit Sir U Ko Ko Gyi
20/05/2021
၂၀၂၁ အတွက် ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှေးကွေးနေဦးမည့်အခြေအနေများကြောင့် ရွှေဟာ ရင်းနှီးမြုပ်နှံသူအများစုရဲ့ စိတ်ဝင်စားမှု ပြန်ရလာတာကိုတွေ့ရပြီး ယခုနှစ် April လအစပိုင်းကနေစပြီး တရိပ် ရိပ်တက်လာခဲ့တဲ့ရွှေစျေးဟာ 1800 စျေးတန်းအထက်မှာ ခြေကုပ်စယူလာပြီး 1900 စျေးတန်းနားထိ ပြန်လည်ချဥ်းကပ်လာခဲ့တာပါ။
လွန်ခဲ့သောတစ်နှစ်ကသြဂုတ်လပထမပတ်တွင်ရွှေစျေးနှုန်းသည် ၂၀ ရာခိုင်နှုန်းတက်ခဲ့ပြီးနောက် ပြန်လည်ကျဆင်းလာခဲ့ပေမယ့်လဲ ယခုအခါမှာ Firms အကြီးစားများရဲ့ ငွေဖြစ်လွယ်စေရာ ကြားခံအရာတခုအဖြစ်မျက်စိကျခြင်းစခံလာရပါတယ်။ယခုကဲ့သို့ သုံးလတာကာလအတွင်း အမြင့်ဆုံးစျေးတန်းကိုပြန်လည်ရောက်လာခဲ့တာဟာ ငွေကြေးမန်နေဂျာများနှင့်လဲလှယ်ရောင်းဝယ်ရန်ပုံ ငွေရင်းနှီးမြှုပ်နှံသူများသည် ရွှေအပေါ်အပြု သ ဘောဆောင်လာခဲ့တဲ့သဘောထားများကို သိသိသာသာပေါိလွင်စေခဲ့ပါတယ်။
လွန်ခဲ့တဲ့တပါတ်မတိုင်ခင်ကတည်း က Hedge Funds မန်နေဂျာများက US Futures နဲ့ Options ဝယ်ယူမှုတွေကို 12% နှုန်းထိ တိုးမြင့်ခဲ့ပြီး Bloomberg မှကောက်ယူထားသောအချက်အလက်များအရ ETF ရင်းနှီးမြှုပ်နှံသူများကလည်း ရွှေ ချောင်းများဝယ်ယူလာခဲ့တယ်လို့ဆိုပါတယ်။ ဒေါ်လာဈေးကျလာတာ နဲ့ အမျှအရံငွေကြေးဈေး နှုန်း တွေကျဆင်းလာကာ ငွေကြေး ဖောင်းပွမှုမြင့် တက်နေတဲ့လက္ခဏာတွေ ရှိနေခဲ့တာတောင် အတိုးနှုန်းများ ဆက်နှိမ့်ချထားမှုကိုဆက်ထိန်းထားမယ်လို့ Federal Reserve ကအချက်ပြခဲ့တဲ့နောက် ရွှေဟာမတ်လထဲကနေ ပြန်ကန်တက်ဖို့ကြိုးစားနေခဲ့ပြီး နောက်ထပ် Consumer Price များမြင့်တက်လာဖို့ ခန့်မှန်းချက်တွေက ထပ်ပြီး ရွှေကို အမြင့်စျေးပြန်ရောက်အောင် တွန်းတင်စေခဲ့ပါတယ်လို့ စျေးကွက်လေ့လာသုံးသပ်သူများကလဲဆိုထားပါတယ်။
Technically အရမှာလည်း မနေ့က တစ်အောင်စကို 1890 ထိအမြင့်ဆုံးချီတက်ခဲ့ပြီးမှ အဖွင့်စျေးတန်းနားဖြစ်တဲ့ 1869 နားကိုပြန်လည်ကျဆင်း ကာ အဝယ်အရောင်းလွန်ဆွဲမှုများစွာနဲ့ စျေးကွက် ပိတ်ခဲ့ပေမယ့်လဲ ယနေ့ ကြာသပ တေး နေ့မှာတော့ ယခုည မြန်မာစံတော်ချိန် 10:30 မှာ 1880 နားထိ တက်လှမ်းလာနေခဲ့ပြီး ယမန်နေ့ကအမြင့်ဆုံးတက်ထားတဲ့ 1890ကို နောက်တကြိမ် test လုပ်ဖို့ ဟန်ပြင်နေပုံရပါတယ်။ Channel resistance zoneထဲရောက်နေတဲ့ 1880 စျေးတန်းဟာ ယခုညအတွက်အဆုံး အဖြတ် ဖြစ်လာမှာဖြစ်ပြီး 1885 အထက်မှာစျေးပိတ်ခဲ့ပြီးယမန်နေ့ 1890ကိုပါ ထပ်ကျော်ပြ လာနိုင်မယ်ဆိုရင်တော့ 1908 စျေးတန်းကို ပထမဆုံးလှမ်းမယ့် တကျော့ပြန်ခြေလှမ်းတခုဖြစ်လာမှာဖြစ်ပြီး လက်ရှိကမ္ဘာ့စီးပွားရေးအနေ အထားသာကြီးကြီးမားမားအလှည့်အပြောင်းတခု အရိပ်အယောင်မပေါ်ခဲ့ဘူးဆိုရင် စျေးကွက်ကျွမ်းကျင်သူများသုံးသပ်ထားတဲ့ လာမယ့် သြဂုတ်လမတိုင်မီ 2000စျေးတန်းကိုတကျော့ပြန်မယ့် အခြေအနေဟာ မဝေးတော့ဘူးလို့ ဆိုနိုင်ပါလိမ့်မယ်။
(20.5.2021)
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
11081
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |