Shop In Heaven

Shop In Heaven

Share

အထည်နှင့်စားသောက်ကုန်

19/09/2026

#စကားထက် #လုပ်ရပ်
သားသမီး ၄ ယောက်၊ ၅ ယောက်ရှိတာနဲ့
#သားသမီးအားလုံးက မိဘအတွက် တူတူပေးဆပ်နေကြတာ မဟုတ်ပါဘူး။
တချို့က #လအတော်ကြာမှ တစ်ခါ၊
#အနည်းငယ်လောက် #ဖြည့်ဆည်းပေးနိုင်ကြတယ်။
တချို့ကတော့ #ဘာမှမပြောဘဲ
#နေ့စဉ်အသေးအမွှားကအစ စိတ်ပူပေး၊
လိုအပ်တာမှန်သမျှ စီစဉ်ပေးပြီး
မိဘဘေးမှာ #တိတ်တိတ်လေး ရပ်တည်ပေးနေကြတယ်။
ပေးတဲ့ပမာဏထက်
ဘယ်လောက်ကြာကြာ၊ ဘယ်လောက်မှန်မှန်၊ ဘယ်လောက်စိတ်ပါလက်ပါ ပေးဆပ်နေသလဲ ဆိုတာက ပိုအရေးကြီးပါတယ်။
တစ်ခါတလေ အနည်းငယ်ပေးတာကို
“ #ငါ့သားကလည်း ပေးတယ်”
" #ငါ့သမီး ဘယ်သူကလည်းပေးတယ်"လို့ ပြောတာထက်
#နေ့တိုင်း ကိုယ့်အတွက် စိတ်ပူပြီး ဖြည့်ဆည်းပေးနေတဲ့သူကို
#အသိအမှတ်ပြုပေးဖို့ မမေ့သင့်ပါဘူး။
မိဘကို ချစ်တာကို စကားနဲ့ ပြောလို့ရပါတယ်။
တကယ်ချစ်ပြီး #ပေးဆပ်နေတာကိုတော့ #လုပ်ရပ်နဲ့ပဲ မြင်ရတာမို့ ။
#အထူးသဖြင့်…
တိတ်တိတ်လေး ပေးဆပ်နေတဲ့ သားသမီးတစ်ယောက်ရဲ့ စိတ်ကို
“သူလည်းပေးပါတယ်” ဆိုတဲ့ စကားတစ်ခွန်းနဲ့
#မနာကျင်စေသင့်ပါဘူး။ ❤️

18/09/2026

#မိဘတစ်ယောက်မှာ သားသမီး ၄ ယောက်၊ ၅ ယောက်ရှိနိုင်ပါတယ်။
ဒါပေမဲ့ #အသက်ကြီးလာတဲ့အခါ မိဘအတွက် တကယ်လိုအပ်တာတွေကို ဖြည့်ဆည်းပေးနိုင်တဲ့သူက တစ်ယောက်တည်းလည်း ဖြစ်နိုင်ပါတယ်။

တချို့က #အဝေးကနေ စကားနဲ့တော့
“ငါ့သားလည်းပေးတယ်၊ ငါ့သမီးလည်းပေးတယ်” လို့ ပြောတတ်ကြပေမယ့်…

#တကယ်တမ်း နေ့စဉ်အသေးအမွှားကအစ
“အမေ ဘာလိုသေးလဲ”
“အမေ အဆင်ပြေရဲ့လား”
ဆိုပြီး စိတ်ပူပေး၊ လိုအပ်တာမှန်သမျှ စီစဉ်ပေးပြီး
အနားမှာ #တိတ်တိတ်လေး ဖြည့်ဆည်းပေးနေသူလည်း ရှိပါတယ်။

#မိဘကို ဘယ်သူက ပိုချစ်တယ်၊ ဘယ်သူက ပိုကောင်းတယ်ဆိုတာ စကားနဲ့ တိုင်းတာလို့မရပါဘူး။

ဘယ်သူက #တကယ်ပေးဆပ်နေသလဲဆိုတာတော့ လုပ်ရပ်တွေက ပြောပြနေပါတယ်။

#မိဘတစ်ယောက်အနေနဲ့လည်း
မိမိအတွက် အမှန်တကယ် ပူပန်ပေးပြီး ဖြည့်ဆည်းပေးနေသူရဲ့ #ကျေးဇူးကို မဖုံးကွယ်သင့်ပါဘူး။

သားသမီးအားလုံးကို #တန်းတူချစ်နိုင်ပါတယ်။
ဒါပေမဲ့ ပေးဆပ်သူကို ပေးဆပ်သူအဖြစ် အသိအမှတ်ပြုတာကတော့ သူ့အပေါ် #တရားမျှတခြင်းပါ။

တစ်ယောက်ယောက်ရဲ့ #မလုပ်ပေးတာကို
တစ်ယောက်က #လုပ်ပေးနေသလို ပြောလိုက်မိရင်
တိတ်တိတ်လေး ပေးဆပ်နေသူရဲ့ စိတ်ကိုတော့ မသိမသာ #နာကျင်စေနိုင်ပါတယ်။

မိဘကို ကျွေးမွေးပြုစုတာထက်
#ပြုစုနေသူရဲ့ #စေတနာကို #သိမြင်ပေးခြင်းကလည်း
မိဘရဲ့ #ကျေးဇူးတရားတစ်ခုပါပဲ။ ❤️

Photos from Shop In Heaven's post 18/09/2026

#နို့မထွက်တဲ့မေမေ (သို့မဟုတ် )နို့ထွက်နည်းတဲ့မေမေ တို့ ဖတ်ကြည့်နော်.🤱 Piùlatte Plus – မိခင်နို့ထွက်တိုးစေတဲ့တွက် ဒါလေးသောက်ကြည့်နော်.
💧 #နို့တိုက်မိခင်များအတွက် အစားအသောက်ဖြည့်စွက်စာ ဖြစ်ပါတယ်။
🥄 သောက်နည်း
ထုတ်လုပ်သူရဲ့ ညွှန်ကြားချက်အတိုင်း သောက်ပါ။ တစ်ချို့ကလည်း တစ်နေ့ နှစ်ကြိမ်သောက်တာ တွေ့ရပါတယ်.
⚠️ မိခင်နို့ထွက်မှုအတွက် supplement တစ်ခုတည်းကို အားမကိုးဘဲ ကလေးကို မကြာခဏ နို့တိုက်ခြင်း၊ နို့စို့ပြီးနောက် pump လုပ်ခြင်းတို့ကလည်း အရေးကြီးပါတယ်။
🤍 မိခင်နို့တိုက်နေသူများအတွက် ရည်ရွယ်ထားသော product ဖြစ်သော်လည်း ကိုယ်ဝန်ရှိသူ၊ ဆေးပုံမှန်သောက်နေသူများက မသောက်မီ ဆရာဝန်/ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ပါ။

မေမေတို့တွက်စေတနာဖြင့်

#မိခင်နှင့်ခလေး
#မိခင်နို့ #မိခင်နို့တိုက်မိခင်များ

Photos from Shop In Heaven's post 16/09/2026

ကြက်အူချောင်း၊ဝက်အူချောင်းလည်းစားခြင်တယ်..
Chemical တွေပါမှာလည်းကြောက်တယ်ဆိုရင်တော့ .
သုတဟုန်းမိတ်က chemical တွေ လုံးဝမသုံးထားတာမို့ စိတ်ချစွာစားသုံးနိုင်ပါတယ်100%အာမခံပါတယ်ရှင့်

15/09/2026

🇸🇬 Singapore အလုပ်အကိုင် မျှော်လင့်နေသူများအတွက် သတင်းကောင်း 🇸🇬
​"စင်ကာပူသွားချင်တယ်... ဒါပေမဲ့ Citi လက်မှတ်/စာရွက်စာတမ်း မရှိသေးလို့ စိတ်ဓာတ်ကျနေပါသလား?"
​စိတ်မပူပါနဲ့တော့! Citi လက်မှတ် မရှိသူများနှင့် Citi ရှိပြီးသားသူများအတွက်ပါ အလုပ်အကိုင် အခွင့်အလမ်းတွေ အပြည့်ရှိနေပါပြီ။
သဘ်ောကျင်း
ပိုက်ဆက် ပိုက်ဖြတ်
​ပရိဘောဂ
​Caregiver (ပြုစုစောင့်ရှောက်ရေး)
​Cleaning Job (သန့်ရှင်းရေး)
​Helper (အိမ်ကူအလုပ်)
​လူမျိုးစုံ၊ စာရွက်စာတမ်း အခြေအနေစုံအတွက် သင့်တော်တဲ့ လမ်းကြောင်းတွေ အကုန်ရှိတာမို့ မေးထားသူများ အမြန်ဆုံး လာရောက်စုံစမ်းလိုက်တော့နော်!
​📩 အသေးစိတ် စုံစမ်းရန် - [ဖုန်းနံပါတ် 09892792510
Telegram
Viber
What app
ဒီဖုန်းတစ်လုံးသာသုံးပါသည်

15/09/2026

♥️♥️အားလုံးပဲ မင်္ဂလာပါရှင်... ✨
" #အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ စိန်ခေါ်မှုတွေကြားက လမ်းသစ်ရှာနေပါသလား?"
#စိတ်မပူပါနဲ့တော့... သင့်အတွက် သင့်တော်မယ့် အလုပ်အကိုင် အခွင့်အလမ်းကောင်းများကို ဒီ Page လေးကနေ ပုံမှန် မျှဝေပေးသွားတော့မှာ ဖြစ်ပါတယ်။ 🤝💼
#အနာဂတ်အတွက် အခွင့်အလမ်းသစ်တွေကို ရယူဖို့ပဲဖြစ်ဖြစ်၊
လိုအပ်နေတဲ့ သူငယ်ချင်းတွေကို ကူညီ မျှဝေပေးဖို့ပဲဖြစ်ဖြစ် Page လေးကို Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်။
အားလုံးပဲ အဆင်ပြေ အောင်မြင်ကြပါစေရှင်... ❤️

01/04/2026

ကျေးဇူးမသိတတ်သောသူနှင့် ဆယ်ဖို့ တစ်ဖို့ မပေးခြင်းအမဂ်လာ

31/03/2026

ဒီနေ့ကစပြီး... လေပြင်းအန္တရာယ် အထူးသတိ

ကဲ... မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေ အားလုံးကို အခုပဲ Mention ခေါ်ပြီး သတိပေးလိုက်ကြရအောင်။ ဒီနေ့ကစပြီး ဧပြီလ (၁) ရက်နေ့အထိ မြန်မာနိုင်ငံရဲ့ နေရာအတော်များများမှာ လေပြင်းတိုက်ခတ်မယ့် အန္တရာယ်နေတယ်လို့ မိုးလေဝသခန့်မှန်းသူ ဒေါက်တာစိုင်းခွန်အာကာက သတိပေးပါတယ်။

📍 ဘယ်ဒေသတွေမှာ အထူးသတိထားရမလဲ?

နေပြည်တော်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)

ရှမ်းပြည်နယ်၊ ချင်းပြည်နယ် နဲ့ ကယားပြည်နယ်

အထူးသဖြင့် ရှမ်းပြည်တောင်ပိုင်း/အရှေ့ပိုင်း နဲ့ မန္တလေး၊ စစ်ကိုင်း၊ မကွေး တိုင်း (၃) ခုဆုံတဲ့ ဒေသတွေ မှာ လေတိုက်နှုန်း ပိုမိုပြင်းထန်နိုင်တာကြောင့် အိမ်အမိုးအကာတွေကို အခုကတည်းက ကြိုတင်စစ်ဆေးထားဖို့ လိုအပ်ပါတယ်။

🛠 ကြိုတင်ပြင်ဆင်ရန် လမ်းညွှန်ချက်များ

အိမ်အမိုးအကာ ခိုင်ခံ့ပါစေ: လေပြင်းဒဏ် ခံနိုင်အောင် အမိုးနဲ့ ကာရံတွေကို သေချာပြန်လည် ပြုပြင်ထားပါ။

မီးဘေးအန္တရာယ် သတိထား: လေပြင်းတိုက်ချိန်မှာ မီးစပေါ့လျော့မှုကနေ ကြီးမားတဲ့ ဆုံးရှုံးမှုတွေ မဖြစ်အောင် အထူးဂရုစိုက်ပါ။

လုပ်ငန်းခွင် သတိပြု: သီးနှံအခြောက်လှန်းတာတွေနဲ့ အပြင်ဘက် ပစ္စည်းတွေကို လေနဲ့မပါအောင် သေချာသိမ်းဆည်းပါ။

"မပေါ့ဆကြပါနဲ့နော်... ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးပါပဲ။"

အားလုံးပဲ ဘေးကင်းလုံခြုံတဲ့ နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

30/03/2026

ပျားရည်နှင့် ငှက်ပျောသီးစိမ်သည် ခန္ဓာကိုယ်ပိန်ပြီး အားအင်နည်းသော သက်ကြီးရွယ်အိုများအတွက် သင့်တော်ပါသည်။ ၎င်းသည် ခွန်အားကို တိုးစေပြီး ခန္ဓာကိုယ်ကို အာဟာရဖြည့်ပေးကာ အသက်ရှည်စေသော ဆေးတစ်မျိုးဖြစ်ပြီး အိုမင်းရင့်ရော်မှုကို နှေးကွေးစေပါသည်....။

🌿(ပါဝင်ပစ္စည်းများ)🌿
(1) ငှက်ပျောသီးမှည့် (လိုအပ်သလောက်)
(2) ပျားရည် (ငှက်ပျောသီးများကို မြုပ်အောင်လောင်းထည့်ပါ)

🌿(ပြုလုပ်နည်း)🌿
(1) ငှက်ပျောသီးမှည့်များကို အခွံနွှာပြီး အပြားလေးတွေလှီးပါ။

(2) ငှက်ပျောသီးများကို စိမ်မည့်ပုလင်းထဲ ထည့်ပါ။

(3) ငှက်ပျောသီးများကို မြုပ်အောင် ပျားရည်လောင်းထည့်ပါ။

(4) ပုလင်းကို အဖုံးပိတ်ပြီး အလင်းရောင်မထိသောနေရာတွင် သိမ်းဆည်းထားပါ။

(5) ၁ လ ၃ လ ကြာအောင် စိမ်ထားရပါမည်။

🌿(စားသုံးနည်း)🌿
တစ်ကြိမ်လျှင် ၁ ဇွန်းကို ရေတစ်ခွက်နှင့် ရောစပ်ပြီး သောက်သုံးပါ။ အရသာကို စိတ်ကြိုက်ပြင်ဆင်ပြီး ရေခဲထည့်သောက်နိုင်ပါသည်။

ငှက်ပျောသီး၏အသားကိုလည်း စားသုံးနိုင်ပါသည်။

CRD...............ကျန်းမာရေးဗဟုသုတ , လွှိုင်တိုင်း
#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ

Telephone

Address

Yangon