HK Property Development

HK Property Development

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from HK Property Development, Property developer, Yangon.

Photos from HK Property Development's post 02/09/2026

Bond Beam များနှင့် Lintel Beam များကို စနစ်တကျထည့်သွင်းတည်ဆောက်ထားခြင်း

🔹အဆောက်အဦးတစ်ခု၏ Brick Wall Construction လုပ်ငန်းစဉ်တွင် အုတ်ရိုးများ ခိုင်ခံ့တည်ငြိမ်စေရန်နှင့် Structure တစ်ခုလုံးနှင့် ကောင်းမွန်စွာ ချိတ်ဆက်နိုင်စေရန် Bond Beam များနှင့် Lintel Beam များကို သတ်မှတ်ထားသော Drawing နှင့်အညီ စနစ်တကျ ထည့်သွင်းတည်ဆောက်ထားပါသည်။

🔹 Bond Beam များသည် အုတ်ရိုးတစ်လျှောက် အလျားလိုက် ချည်နှောင်ပေးပြီး Wall ၏ Stability နှင့် Strength ကို မြှင့်တင်ပေးပါသည်။

🔹 Lintel Beam များသည် တံခါး၊ ပြတင်းပေါက် စသည့် Opening များ၏ အပေါ်ပိုင်းတွင် ထည့်သွင်းတည်ဆောက်ပြီး အပေါ်မှ သက်ရောက်လာသော Load များကို ဘေးဘက်သို့ သင့်လျော်စွာ ဖြန့်ဝေပေးရန် အထောက်အကူပြုပါသည်။

📍Project Location - အမှတ် (၃၁၀)၊ ရွှေစင်လမ်း၊ (၄၄) ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်။

25/08/2026

အိမ်ဆောက်မယ်ဆိုရင်… အရင်ဆုံး ဘာကိုစဉ်းစားသင့်လဲ?

အိမ်ဆောက်ဖို့ စိတ်ကူးရှိပြီဆိုတာနဲ့ Design ဆွဲတာ၊ ဆောက်လုပ်ရေးစတာတွေကို ချက်ချင်းမလုပ်သင့်သေးပါဘူး။

အရင်ဆုံး “ဒီမြေက အိမ်ဆောက်ဖို့ တကယ်သင့်တော်ရဲ့လား?” ဆိုတာကို သေချာစစ်ဆေးဖို့ လိုပါတယ်။

🔹 မြေနေရာ – တည်နေရာကောင်းမွန်လား? လမ်းပန်းဆက်သွယ်ရေးနဲ့ ပတ်ဝန်းကျင်အခြေအနေက အဆင်ပြေလား?
🔹 BCC လူနေထိုင်ခွင့် – သက်ဆိုင်ရာ BCC လူထိုင်ခွင့်ကျခြင်း၊ ကိုယ်ပိုင် အမည်ပေါက်ဖောက်ခြင်း မြေပိုင်ဆိုင်ခွင့်နဲ့ သက်ဆိုင်ရာ စာရွက်စာတမ်းတွေ ခိုင်မာမှန်ကန်မှုရှိလား?
🔹 Soil Test Report – မြေသားအရည်အသွေး၊ မြေပြင်အနေအထား၊ ရေကြီးရေလျှံနိုင်ခြေ စတာတွေကို စစ်ဆေးထားလား?
🔹 Budget – အိမ်ဆောက်လုပ်ရေးကုန်ကျစရိတ်အပြင် မြေပြင်ဆင်ခြင်း၊ Foundation၊ Utility နဲ့ အခြားအပိုကုန်ကျစရိတ်တွေကိုပါ ထည့်တွက်ထားလား?
🔹 ဆောက်လုပ်ခွင့် – သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆောက်လုပ်ခွင့်တွေ ရရှိနိုင်လား?

ဒီအချက်တွေကို အရင်ဆုံး သေချာစစ်ဆေးပြီးမှ
ကိုယ့်မိသားစုအတွက် သင့်တော်တဲ့ Design၊ Budget နဲ့ Construction Plan ကို စတင်သတ်မှတ်သင့်ပါတယ်။

🏠 အိမ်ကောင်းတစ်လုံးရဲ့ အခြေခံကောင်းမွန်မှုဟာ Design ကနေစတာမဟုတ်ဘဲ၊ အိမ်ဆောက်မယ့်မြေကို မှန်ကန်စွာရွေးချယ်ပြီး သေချာစစ်ဆေးခြင်းကနေ စတင်ပါတယ်။
ကိုယ့်အိမ်ကို ကိုယ်တိုင်တည်ဆောက်ဖို့ စိတ်ကူးရှိတယ်ဆိုရင်

“မြေစစ်ဆေးခြင်းကနေ အိမ်ပြီးစီးတဲ့အထိ” အဆင့်တိုင်းကို သေချာစီစဉ်ပြီး ဆောင်ရွက်ဖို့ မမေ့ပါနဲ့။

Photos from HK Property Development's post 20/08/2026

𝐒𝐡𝐰𝐞 𝐒𝐢𝐧 𝐆𝐫𝐚𝐧𝐝 𝐕𝐢𝐥𝐥𝐚 ၏ Plinth Beam Work နှင့် တခြား Structure ပိုင်းတွေကို အရည်အသွေးပြည့်မှီအောင် အကောင်အထည်ဖော်နေခြင်း။

-HRB 400 Original Steel Rebar များကို အသုံးပြု၍ Structural Reinforcement Works များကို စနစ်တကျ ဆောင်ရွက်ထားပြီး၊

- Staircase & Slab Rebar Installation Process များကိုလည်း Structural Drawing နှင့် Specification များအတိုင်း တိကျစွာ ဆောင်ရွက်ခြင်း။

- Formwork နှင့် Rebar Installation ပြီးစီးပြီးနောက် Site Engineerမှ အရည်အသွေးကို စစ်ဆေးအတည်ပြုခြင်း။

- Beam၊ ကြမ်းခင်းနှင့် Slab Concrete Works များအတွက် AG Concrete (G-25) ကို အသုံးပြုထားပြီး၊ ခိုင်ခံ့မှုနှင့် အရည်အသွေးကို ဦးစားပေးတည်ဆောက်လျက်ရှိပါတယ်။

📍Project Location - အမှတ် (၃၁၀)၊ ရွှေစင်လမ်း၊ (၄၄) ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်။

Photos from HK Property Development's post 07/08/2026

Mat Foundation နှင့် Strip Footing များကို 𝐒𝐡𝐰𝐞 𝐒𝐢𝐧 𝐆𝐫𝐚𝐧𝐝 𝐕𝐢𝐥𝐥𝐚
တွင်စနစ်တကျထည့်သွင်းတည်ဆောက်ခြင်း။

- Structure Engineer များ၏ Drawing အတိုင်းစနစ်တကျတည်ဆောက်ထားခြင်း။

- 16mm HRB 400 Rebar များကို ထည့်သွင်း အသုံးပြုထားခြင်း။

- နေထိုင်သူများအတွက် အဆောက်အဦးကြံ့ခိုင်မှု၊ ရေရှည်တည်တံ့ရေး၊ ဘေးကင်းလုံခြုံရေး များကိုဦးစားပေးဆောင်ရွက်ထားပါသည်။

📍Project Location - အမှတ် (၃၁၀)၊ ရွှေစင်လမ်း၊ (၄၄) ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်။

Photos from HK Property Development's post 07/08/2026

မြောက်ဒဂုံ၊ ၄၄ ရပ်ကွက်တွင်ဆောက်လုပ်နေသော 𝐒𝐡𝐰𝐞 𝐒𝐢𝐧 𝐆𝐫𝐚𝐧𝐝 𝐕𝐢𝐥𝐥𝐚 ၏ Foundation လုပ်ငန်း

- HRB 400 Original Rebar များကို အသုံးပြုထားခြင်း၊

- Foundation, Beam, ကြမ်းခင်းများကို AG Concrete (G-25) လောင်းထားခြင်း၊

- ကျောက်ကြီးချ သဲကျပ်ခြင်း၊

- Lean concrete လောင်းခြင်း အစရှိသောလုပ်ငန်းများကို Myanmar Building Code နှင့်အညီ စံချိန်စံညွန်းပြည့်မှီအောင်ဆောက်လုပ်ပေးထားပါသည်။

Photos from HK Property Development's post 02/08/2026

𝐇𝐊 𝐏𝐫𝐨𝐩𝐞𝐫𝐭𝐲 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 ရဲ့ ပွဲဦးထွက် project ဖြစ်တဲ့ 𝐒𝐡𝐰𝐞 𝐒𝐢𝐧 𝐆𝐫𝐚𝐧𝐝 𝐕𝐢𝐥𝐥𝐚 ကို Soil Test စစ်ဆေးခြင်း။

ဆောက်လုပ်ရေး မစတင်မီ မြေဆီလွှာကို အရင်ဆုံး ဘာကြောင့် စမ်းသပ်တာလဲ။ ???

မုန်တိုင်းဒဏ်၊ ငလျင်ဒဏ်နှင့် ရာသီဥတုဒဏ်များကို ခိုင်ခံ့စွာ ခံနိုင်ရည်ရှိမည့် အဆောက်အအုံ ပုံစံထုတ်လုပ်ခြင်း (Structure Drawing) အတွက် တိကျသေချာသော Soil Test Report သည် မရှိမဖြစ် လိုအပ်ပါသည်။ HK Property Development အနေဖြင့် တိကျသော အင်ဂျင်နီယာဆိုင်ရာ တွက်ချက်မှုများဖြင့် Shwe Sin Grand Villa စီမံကိန်းကို ခိုင်မာသေချာစွာ အကောင်ထည်ဖော်လျက်ရှိကြောင်း ဝေမျှလိုက်ပါရစေ။

(English Version)
Records from the Construction Journey of HK Property Development’s First Landmark Project — Shwe Sin Grand Villa Soil Test

Why is soil testing conducted before the commencement of construction?

A precise Soil Test Report is an essential foundation for creating an accurate Structural Design (Structure Drawing) that ensures the building can withstand natural challenges such as storms, earthquakes, and varying weather conditions. We are pleased to share this milestone and the journey behind building a quality living environment for the future.

Address

Yangon

Opening Hours

Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00
Saturday 09:00 - 16:00
Sunday 09:00 - 16:00