Prime Auto Technology

Prime Auto Technology

Share

Automotive Knowledge and Education Reviews

Photos from Prime Auto Technology's post 10/08/2026

ကားဝါယာရိန်း နည်းပညာစာအုပ်များ ဝယ်ယူရရှိနိုင်ပါပြီ

ကားဝါယာရိန်း နည်းပညာများကို လေ့လာနေသူ မိတ်ဆွေတွေအတွက် Prime Auto Technology မှ ရေးသားထုတ်ဝေဖြန့်ချီထားတဲ့ ကားနည်းပညာစာအုပ်များကတော့

(1) လက်တွေ့ အသုံးချ ကားဝါယာရိန်း နည်းပညာများ စာအုပ် - ( 33000 ကျပ်)

အီလက်ထရောနစ် နည်းပညာတွေကို အခြေခံမှ စတင်ရေးသားထားပြီး ကားမီးလိုင်း ၊ ဟွန်းလိုင်း ၊ ဒိုင်နမို (Alternator) ၊ Fan Motor လိုင်း အစရှိတဲ့ ကားရဲ့ အရေးပါတဲ့ Body Electrical ပိုင်းတွေနဲ့ ၊ Digital Multimeter အသုံးပြုနည်းတွေ Wiring Diagram ဖတ်နည်းတွေကိုပါ ထည့်သွင်းရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။

(2) EFI Sensor နှင့် OBD Wiring နည်းပညာများ စာအုပ် - ( 35000 ကျပ် )

ခေတ်မီကားနည်းပညာများမှာ မရှိမဖြစ်အရေးပါတဲ့ EFI System မှာပါဝင်တဲ့ Sensor တွေ ၊ Actuator နဲ့ Wiring နည်းပညာတွေကို စာအုပ်တစ်အုပ်ထဲမှာ အစုံအလင်လေ့လာချင်သူတွေအတွက် ဖြစ်ပါတယ်။

(3) လက်တွေ့ အသုံးချ ကားအဲကွန်းနဲ့ ဝါယာရိန်း နည်းပညာများ စာအုပ် -
( 27000 ကျပ် )

ကားအဲကွန်း နည်းပညာတွေကို အခြေခံကျကျ စနစ်တကျလေ့လာလိုသူတွေ အတွက် အဲကွန်းစနစ် လည်ပတ် အလုပ်လုပ်ပုံ အခြေခံတွေကနေ စပြီး ကားအဲကွန်း ဝါယာရိန်းနည်းပညာတွေအထိ တဆင့်ခြင်း လေ့လာသွားနိုင်မယ့် စာအုပ်ဖြစ်ပါတယ်။

အသေးစိတ် မာတိကာတွေကို ပုံတပုံခြင်းဆီ ထောက်ကြည့်ပြီး လေ့လာနိုင်ပါတယ်။

စာအုပ်မှာယူလိုသူတွေ အနေနဲ့
နာမည်
လိပ်စာအပြည့်အစုံ
ဖုန်းနံပါတ်ပေးပြီး မှာယူနိုင်ပါတယ်။

Lynn Za Nee (P.T.U)
Prime Auto Technology
09799404454

10/08/2026

မတူရင် မတုပါနဲ့

ဟိုးရက်က ကျနော့်ကားပေစ့်မှာ အလုပ်ခေါ်စာလေးတင်တော့ ဘာမှ မတတ်သေးတဲ့ ပညာသင်အတွက် ၃လ လောက် လစာမပေးနိုင်သေးဘူး ပြောထားတော့

တချို့က ဝင်ရေးတယ် ၊ လူတယောက်တန်ဖိုး ဘာမှ မတတ်တောင် တနေ့ ၁ သောင်းတန်သည် ၊ ၂ သောင်းတန်သည်ပေါ့ ။ သူတို့ပြောချင်တာက ဘာမှမတတ်သေးလည်း လစာပေးရမယ်ပေါ့ ။

ကိုယ်လည်း လူ နဲ့ လူ့တန်ဖိုးတွေ ကောင်းကောင်းသိပါတယ် ။ ဒီလိုလူတွေ မသိတာက ကျနော့်ဆီမှာ အဲ့လို လာပြောတဲ့သူတွေ မပေးနိုင်တဲ့ အတတ်ပညာပိုင်းဆိုင်ရာတွေ စိတ်စေတနာပိုင်းဆိုင်ရာတွေ အများကြီးရှိပါတယ် ။

ကျနော့်ဆီမှာ လက်တွဲလုပ်နေတဲ့ ညီငယ်တွေကို

(၁) ကားနည်းပညာပိုင်းဆိုင်ရာတွေ ညပိုင်း အချိန်ရရင် ရသလို သီးသန့်သင်ပေးတယ် ။ အလုပ်လုပ်ရင်း ပြောပြတာအပြင် အချိန်သီးသန့်ပေး သင်တန်းတခုလိုကို သင်ပေးတာပါ ။

(၂) သိုင်းပညာဝါသနာပါရင် သိုင်းပညာကို သေချာစနစ်တကျသင်ပေးတယ် ။ အတူလေ့ကျင့်တယ် ။ အကွက် အခြေခံကစပြီး တကယ့်လက်တွေ့ တိုက်ခိုက်တတ်လာစေရမယ် ။

ဒီလို စေတနာထားပြီး အချိန်ကုန်ခံ အပင်ပန်းခံ လုပ်ပေးနိုင်တဲ့ လုပ်ပေးတဲ့ လူလက်ချိုးရေကြည့်လို့ရမှာပါ ။ တချို့ပညာရှိမယ် ၊ အချိန် မပေးနိုင်ဘူး ၊ တချို့ အချိန်ပေးနိုင်မယ် ဒါပေမယ့် ပညာမရှိဘူး ။ တချို့ အချိန်ရော ပညာရောရှိမယ် သင်မပေးတတ်တာလဲဖြစ်မယ် ။ တချို့ အကုန်ရှိရင်တောင် စေတနာရှိမှ ဖြစ်မှာမလား ။ တချို့ကားပညာသင်ပေးနိုင်ရင်တောင် ကိုယ်လုံပညာပါ တပါတည်း တွဲသင်ပေးနိုင်ဖို့ဆိုတာ မရှိသလောက်ပါဘဲ ။

ဒါကြောင့် အလုပ်သမား ရှားပါးပါတယ်ဆိုတဲ့ အခြေနေကြီးမှာတောင် ကျနော့်ဆီမှာ ပိုက်ဆံသိပ်မရလည်း လာလုပ်ချင်တယ် ၊ လစာမယူဘဲ ပညာလာသင်မယ်ဆိုတဲ့ သူတွေ အများကြီးရှိပါတယ် ။ တချို့ ကျွမ်းကျင် အဆင့်ရှိတဲ့သူတွေတောင် လစာသိပ်မရလည်း လာချင်တယ်လာပြောကြတာတွေ အများကြီးပါ ။

လာပြောတဲ့ ညီကိုတွေတိုင်း
ကူညီ ခေါ်ချင်ပေမယ့် အလုပ်ကလည်း အခုမှစတဲ့ အနေထားမို့ အနိမ့်ဆုံး နေဖို့ စားဖို့တွေ စီစဉ်ပေးရတာမို့ လူတိုင်းကို မခေါ်နိုင်သေးတာလည်း တကယ်အားနာရပါတယ် ။ ဒါ့ထက် လုပ်ငန်းတွေ တိုးတက်အောင် အများကြီးကြိုးစားရပါဦးမယ် ။

ပြောချင်တာကတော့ မတူရင် မတုဖို့ပါဘဲ ။ ကိုယ်လူတို့ ဘဝ တလျောက်လုံး တည်ဆောက်ထားတာတွေနဲ့ ကျနော် တည်ဆောက်ထားတာတွေဟာ မတူညီတာမို့ တန်ဖိုးထား တန်ဖိုးသိပုံခြင်းတွေဟာလည်း တူမှာ မဟုတ်ပါဘူး ။

ရေမြင့်ရင် ကြာတင့်တယ်ဆိုဒါလေး သိစေချင်တာပါ ။

06/08/2026

Power Window တွေ Auto ပြန်ကျကျ တယ်ဆို ဘယ်လို Reset လုပ်ရမလဲ ?

ဝါယာရိန်းနည်းပညာတွေကို အွန်လိုင်းကနေ လေ့လာချင်တယ်ဆိုရင် မကြာခင် ဖွင့်လှစ်မယ့် အွန်လိုင်း သင်တန်းတွေကို တက်ရောက်နိုင်ပါတယ် ။
https://www.facebook.com/share/p/1Dwe22KtNH/
https://www.facebook.com/share/p/1CCcqJAgFb/
• • ကားနဲ့ပတ်သတ်သော နည်းပညာပေါင်းများစွာ ဒီပေ့စ်မှာ လာရောက်လေ့လာနိုင်ပါတယ် ။
• • Prime Auto Technology ကထုတ်ထားတဲ့ ကားဝါယာရိန်း နှင့်ပတ်သတ်သော နည်းပညာစာအုပ်များ ဝယ်ယူလိုပါက
• https://www.facebook.com/share/p/1DjxMSfYxy/
ECU ပြုပြင်နည်း စာအုပ်များမှာယူလိုပါက
https://www.facebook.com/share/p/1K4W6JGx42/
• Prime Auto Technology ကနေ အသစ်ဖွင့်မယ် ကားဝါယာရိန်း နည်းပညာ သင်တန်းများ တက်ရောက်လိုပါက
https://www.facebook.com/share/p/1CCcqJAgFb/
• EFI Sensor နဲ့ OBD Wiring Online သင်တန်းတက်ရောက်လိုပါက
• https://www.facebook.com/share/p/15utwgmKCW/
• Prime Auto Technology ရဲ့ Telegram Channel ကို Join ပြီး နည်းပညာများလာရောက် လေ့လာနိုင်ပါတယ်ခမျာ ။
• https://t.me/Primeautotechnology
• Lynn Za Nee ( P.T.U)
• Prime Auto Technology

31/07/2026

လကုန်သင်တန်းအပ်မယ့်သူတွေ အပ်ရပါပြီ ။ ၃ ရက်နေ့ သင်တန်းစပါမယ်

EFI Sensor နှင့် OBD Wiring Online Training သင်တန်း အပတ်စဉ် (၄) မကြာမီ ဖွင့်လှစ်ပါမည်

EFI Sensor နှင့် OBD Wiring Online Training သင်တန်းဘယ်တော့ဖွင့်မလဲ မေးထားတဲ့ မိတ်ဆွေ ညီကိုတွေ အတွက် သင်တန်း အပတ်စဉ် (၄) ကို (3/8/2026) မှာ စတင်ဖွင့်လှစ်သင်ကြားပေးမှာဖြစ်လို့ စာရင်းပေးသွင်းအပ်နှံနိုင်ပါပြီ ။

ဒီ သင်တန်းမှာ သင်ကြားပေးမယ့် သင်ခန်းစာတွေကတော့ EFI စနစ်အတွက် မသိမဖြစ် သိဖို့ လိုအပ်တဲ့
(1) ဓာတ်ဆီ အင်ဂျင် ၊ ဒီဇယ် အင်ဂျင် အလုပ်လုပ်ပုံတွေ
(2) EFI System မှာ အသုံးပြုနေတဲ့ Sensor Signal အကြောင်းတွေ
(3) Sensor အမျိုးအစား အုပ်စုတွေ (Hall / Thermistor/Variable/….)
(4) Speed and Position Sensor တွေ အကြောင်း (CKP/CMP/WSS/VSS/…)
(5) Temperature Sensor တွေ အကြောင်း (ECT/IAT/MAF/…)
(6) Pressure Sensor တွေ အကြောင်း (Fuel Rail /TFPS/MAP/…)
(7) Emission Control Sensor တွေ အကြောင်း (Oxygen/AF Sensor/EGR/…)
(8) Actuator တွေ အကြောင်း (VVTi/Stepper Motor)
(9) OBD Wiring System တွေ အကြောင်း (K Line / Can Line)
(10) Diagnostic Scan Tool အသုံးပြုနည်းတွေ ၊ Live Data တွေကြည့်ပြီး (ပြစ်ချက်ရှာ ၊ ပြစ်ချက်ဖျက် ၊ ပြစ်ချက် ဖြေရှင်းနည်းတွေ)
(11) Oscilloscope တွေအသုံးပြုပြီး Wave Form Signal ကြည့်ရှုပြစ်ချက်ရှာနည်းတွေ စတဲ့ EFI System နဲ့ ပတ်သတ်တဲ့ အကြောင်းအရာအစုံအလင် ထည့်သွင်းသင်ကြားပေးမှာဖြစ်ပါတယ် ။
လက်တွေ့ပိုင်း တိုင်းတာစစ်ဆေးပုံတွေလည်း ပါရှိမယ့်အပြင် ၊ တကယ့်လုပ်ငန်းခွင်ထဲမှာ ပြစ်ချက်တွေရှာဖွေပြင်ဆင်ထားတဲ့ မှတ်တမ်းတွေကိုပါ လေ့လာခွင့်ရရှိမှာဖြစ်ပါတယ် ။

Prime Auto Technology ကနေ ထုတ်ဝေဖြန့်ချီထားတဲ့ EFI Sensor နှင့် OBD Wiring နည်းပညာများ စာအုပ်နဲ့ တွဲဖက်သင်ကြားပေးမှာဖြစ်ပါတယ် ။
သင်တန်းတက်ရောက်လိုသူတွေ အနေနဲ့ Page Messenger ကနေ ဖြစ်စေ ၊ 09799404454 ကိုဖြစ်စေ ဆက်သွယ်ပြီး သင်တန်းအပ်နှံနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ် ။

သင်တန်းကြေး = ၁၂၀၀၀၀ ကျပ် (စာအုပ်ပါအပြီး)
(စာအုပ်ရှိထားပြီးသားသူတွေ အနေနဲ့ သင်တန်းကြေး ၁ သိန်းကျပ်)
သင်တန်းကာလ = ၃ လခန့် ကြာမြင့်ပါမယ်
သင်ကြားပုံ = Facebook နဲ့ Telegram Group မှာ Video Record တွေနဲ့ သင်ကြားပေးမှာဖြစ်ပါတယ် ။ (အားလပ်ချိန်တိုင်းလေ့လာနိုင်ပါတယ်)
စတင်သင်ကြားမယ့်ရက် = (3/8/2026)

Photos from Prime Auto Technology's post 24/07/2026

အဲကွန်းဖွင့်ရင် အင်ဂျင်တုန်ပြီး စက်ပါထိုးထိုးသေချင်တဲ့ စက်ရုပ်လေး

ကျနော့်ဆီမှာတောင် ၂ ပတ်လောက်ပြစ်ချက်ရှာလိုက်ရပြီး မထင်ထားတဲ့ ပြစ်ချက်ကနေ ဖြစ်နေတာလေး တင်ပေးပါမယ် ။

စောင့်မျှော်ဖတ်ရှုနိုင်ပါတယ် ။

EFI သင်တန်းသားတွေတွက်ကတော့ Video File နဲ့ Live လေးတွေပါတွဲပြီး မကြာခင် တင်ပေးပါမယ် ။

21/07/2026

EFI Sensor နှင့် OBD Wiring Online Training သင်တန်း အပတ်စဉ် (၄) မကြာမီ ဖွင့်လှစ်ပါမည်

EFI Sensor နှင့် OBD Wiring Online Training သင်တန်းဘယ်တော့ဖွင့်မလဲ မေးထားတဲ့ မိတ်ဆွေ ညီကိုတွေ အတွက် သင်တန်း အပတ်စဉ် (၄) ကို (3/8/2026) မှာ စတင်ဖွင့်လှစ်သင်ကြားပေးမှာဖြစ်လို့ စာရင်းပေးသွင်းအပ်နှံနိုင်ပါပြီ ။

ဒီ သင်တန်းမှာ သင်ကြားပေးမယ့် သင်ခန်းစာတွေကတော့ EFI စနစ်အတွက် မသိမဖြစ် သိဖို့ လိုအပ်တဲ့
(1) ဓာတ်ဆီ အင်ဂျင် ၊ ဒီဇယ် အင်ဂျင် အလုပ်လုပ်ပုံတွေ
(2) EFI System မှာ အသုံးပြုနေတဲ့ Sensor Signal အကြောင်းတွေ
(3) Sensor အမျိုးအစား အုပ်စုတွေ (Hall / Thermistor/Variable/….)
(4) Speed and Position Sensor တွေ အကြောင်း (CKP/CMP/WSS/VSS/…)
(5) Temperature Sensor တွေ အကြောင်း (ECT/IAT/MAF/…)
(6) Pressure Sensor တွေ အကြောင်း (Fuel Rail /TFPS/MAP/…)
(7) Emission Control Sensor တွေ အကြောင်း (Oxygen/AF Sensor/EGR/…)
(8) Actuator တွေ အကြောင်း (VVTi/Stepper Motor)
(9) OBD Wiring System တွေ အကြောင်း (K Line / Can Line)
(10) Diagnostic Scan Tool အသုံးပြုနည်းတွေ ၊ Live Data တွေကြည့်ပြီး (ပြစ်ချက်ရှာ ၊ ပြစ်ချက်ဖျက် ၊ ပြစ်ချက် ဖြေရှင်းနည်းတွေ)
(11) Oscilloscope တွေအသုံးပြုပြီး Wave Form Signal ကြည့်ရှုပြစ်ချက်ရှာနည်းတွေ စတဲ့ EFI System နဲ့ ပတ်သတ်တဲ့ အကြောင်းအရာအစုံအလင် ထည့်သွင်းသင်ကြားပေးမှာဖြစ်ပါတယ် ။
လက်တွေ့ပိုင်း တိုင်းတာစစ်ဆေးပုံတွေလည်း ပါရှိမယ့်အပြင် ၊ တကယ့်လုပ်ငန်းခွင်ထဲမှာ ပြစ်ချက်တွေရှာဖွေပြင်ဆင်ထားတဲ့ မှတ်တမ်းတွေကိုပါ လေ့လာခွင့်ရရှိမှာဖြစ်ပါတယ် ။

Prime Auto Technology ကနေ ထုတ်ဝေဖြန့်ချီထားတဲ့ EFI Sensor နှင့် OBD Wiring နည်းပညာများ စာအုပ်နဲ့ တွဲဖက်သင်ကြားပေးမှာဖြစ်ပါတယ် ။
သင်တန်းတက်ရောက်လိုသူတွေ အနေနဲ့ Page Messenger ကနေ ဖြစ်စေ ၊ 09799404454 ကိုဖြစ်စေ ဆက်သွယ်ပြီး သင်တန်းအပ်နှံနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ် ။

သင်တန်းကြေး = ၁၂၀၀၀၀ ကျပ် (စာအုပ်ပါအပြီး)
(စာအုပ်ရှိထားပြီးသားသူတွေ အနေနဲ့ သင်တန်းကြေး ၁ သိန်းကျပ်)
သင်တန်းကာလ = ၃ လခန့် ကြာမြင့်ပါမယ်
သင်ကြားပုံ = Facebook နဲ့ Telegram Group မှာ Video Record တွေနဲ့ သင်ကြားပေးမှာဖြစ်ပါတယ် ။ (အားလပ်ချိန်တိုင်းလေ့လာနိုင်ပါတယ်)
စတင်သင်ကြားမယ့်ရက် = (3/8/2026)

Photos from Prime Auto Technology's post 16/07/2026

အွန်လိုင်းကနေ သင်ယူမယ်ဆို ဘယ်လောက်လုပ်တတ်နိုင်လဲဆိုတဲ့ အဖြေလေးတွေပါပဲ ။

ဝါယာရိန်းနည်းပညာတွေကို အွန်လိုင်းကနေ လေ့လာချင်တယ်ဆိုရင် မကြာခင် ဖွင့်လှစ်မယ့် အွန်လိုင်း သင်တန်းတွေကို တက်ရောက်နိုင်ပါတယ် ။
https://www.facebook.com/share/p/1Dwe22KtNH/
https://www.facebook.com/share/p/1CCcqJAgFb/
• • ကားနဲ့ပတ်သတ်သော နည်းပညာပေါင်းများစွာ ဒီပေ့စ်မှာ လာရောက်လေ့လာနိုင်ပါတယ် ။
• • Prime Auto Technology ကထုတ်ထားတဲ့ ကားဝါယာရိန်း နှင့်ပတ်သတ်သော နည်းပညာစာအုပ်များ ဝယ်ယူလိုပါက
• https://www.facebook.com/share/p/1DjxMSfYxy/
• Prime Auto Technology ကနေ အသစ်ဖွင့်မယ် ကားဝါယာရိန်း နည်းပညာ သင်တန်းများ တက်ရောက်လိုပါက
https://www.facebook.com/share/p/1CCcqJAgFb/
• EFI Sensor နဲ့ OBD Wiring Online သင်တန်းတက်ရောက်လိုပါက
• https://www.facebook.com/share/p/15utwgmKCW/
• Prime Auto Technology ရဲ့ Telegram Channel ကို Join ပြီး နည်းပညာများလာရောက် လေ့လာနိုင်ပါတယ်ခမျာ ။
• https://t.me/Primeautotechnology
• Lynn Za Nee ( P.T.U)
• Prime Auto Technology

Photos from Prime Auto Technology's post 16/07/2026

ကားရပ်ထားပြီး ဂီယာထိုးမရတော့ဘူးဆိုရင် အရေးပေါ် ဘယ်လိုလုပ်လို့ရမလဲ ?

ဒီနေ့ Customer တယောက်ရုံကို ရောက်လာတယ် ၊ သူ့ကားတစီးက ဘက်ဆုတ် (Back Gear) ထိုးပြီး နောက်ဆုတ် ၊ ပြီးတော့ ရှေ့ကို ဂီယာထိုးတာ ပြန်ထိုးမရတော့ဘူး ၊ နောက် ဂီယာတွေလည်း ရွှေ့မရတော့ဘူး လမ်းမှာ ကန့်လန့်ကြီးဖြစ်နေတယ် အဲ့ဒါလိုက်ကြည့်ပေးပါဆိုပြီး လာခေါ်တယ်ပေါ့ ။
ကျနော်တို့ အလုပ်ရုံနဲ့ မဝေးတာမို့ လိုက်ကြည့်ပြီး ရုံကို မောင်းလာလို့ရအောင် အနည်းငယ်ပြုပြင်ပြီး မောင်းလာ ၊ ရုံရောက်မှ အပြီးသတ် သေချာအောင် ပြုပြင်ပေးလိုက်ပါတယ် ။
အဲ့ဒါနဲ့ ကားမောင်းတဲ့ မိတ်ဆွေတွေ ခရီးသွားရင်း လာရင်း ဖြစ်စေ ၊ အမြန်လမ်းတွေမှာဖြစ်စေ ၊ ဝပ်ရှော့တွေနဲ့ ဝေးလံတဲ့နေရာတွေမှာ ဒါမျိုးပြဿနာတွေ ကြုံလာခဲ့ရင် အရေးပေါ် ကားမောင်းလို့ ရအောင် ဘယ်လိုများ လုပ်ဆောင်နိုင်မလဲဆိုတာလေး ပြောပြချင်လို့ပါ ။

ကားရပ်ပြီး စက်တော့နိုးတယ် ဂီယာထိုးမရတဲ့ အဖြစ်အများဆုံး ပြဿနာက ၂ မျိုးရှိပါတယ် ။
(၁) ဂီယာ Shift Lock Solenoid တွေ ပျက်စီးတာ ၊ ချို့ယွင်းတာ ၊ အလုပ်မလုပ်တာပါ
(၂) ဂီယာ Shift Link ဘွတ်တွေ ပြုတ်ထွက်တာပါ

(၁) ဂီယာ Shift Lock Solenoid တွေ ဆိုတာဘာလဲ ၊ ဘယ်လိုချို့ယွင်းနိုင်လဲ ၊ ဘယ်လို အရေးပေါ် ဂီယာထိုးရမလဲ

Shift Lock ဆိုတာ ဘာလဲ သေချာရှင်းပြရရင်တော့ ကားမောင်းသူတိုင်း နေ့စဉ်အသုံးပြုနေပြီး သတိမမူမိတဲ့ Lock လေးတခုပါပဲ ။ ကားကိုစက်စနှိုးလိုက်တယ် ၊ ကားစက်နိုးသွားတယ်ဆိုရင် ရှေ့သွားဖို့ Gear Position ( P ) ကနေ (D) ကို ထိုးတော့မယ်ဆို ဘရိတ်ကို နင်းမယ် ၊ ပြီးရင် Shift Lever ( ဂီယာတံက ) ဘု လေးကို နှိပ်ပြီး ထိုးမှ ဂီယာထိုးရပါတယ် ။ ကား Shift Lever က P ( Parking ) မှာရှိနေတဲ့အချိန် ဘရိတ်မနင်းဘဲ ဂီယာဘုပဲ နှိပ် ဂီယာထိုးကြည့်ရင် ဂီယာထိုးမရပါဘူး ။
ဘာကြောင့် အဲ့ဒီလို လုပ်ထားရတာလဲဆိုရင်တော့ Safety Feature ကြောင့်ပါပဲ ။ ကားပေါ်မှာ ကလေးတယောက်ယောက် ရှိနေမယ် ၊ ကားကလည်း စက်နှိုးထားမယ် ၊ ကားမောင်းသူ ကလည်း အပြင်ကိုထွက်နေတဲ့အချိန် ကလေးက ဆော့ကစားပြီး Shift Lever က ဘုကိုနှိပ်ပြီး Gear Position တွေ လိုက်ကစားလိုက်ရင် ကားက ဂီယာ၀င်ပြီး အကုန်၀င်တိုက်မိ အန္တရာယ် တွေ ဖြစ်နိုင်ပါတယ် ။
ဒါကြောင့် ကား Shift Lever (ဂီယာတံ) ကို P (Parking) နေရာကနေ အလွယ်တကူ ရွှေ့မရအောင် Shift Lock Solenoid လေးနဲ့ထိန်းပေးထားပါတယ် ။ Shift Lock Solenoid လေးက ဖွင့်ပေးမှ ဂီယာတံက P (Parking) နေရာကနေ အခြားဂီယာတွေကို ထိုးလို့ရပါတယ် ။

Shift Lock Solenoid လေးကိုတော့ သော့ဖွင့်လိုက်တာနဲ့ (IG) အပေါင်း (+) Voltage ရောက်အောင် လုပ်ထားပြီး နောက်ထပ် လိုအပ်တဲ့ အနှုတ်စ (-) ကိုတော့ ECU ကနေ ပေးပို့ပါတယ် ။
ECU ကနေလည်း ဒီအတိုင်းပို့မပေးဘဲ Gear Position က (P) မှာရှိရမယ် ၊ နောက်ထပ် Brake လည်း နင်းထားရမယ်ဆိုတဲ့ အချက် နှစ်ချက်ညီမှ ECU ကနေ အနှုတ် Signal ထုတ်ပေးပြီး Shift Lock Solenoid ကိုဆွဲစေကာ Shift Lever ( ဂီယာ ) ဘုကိုနှိပ် ဂီယာထိုးရစေပါတယ် ။

ဒါက Shift Lock ဆိုတဲ့ ဂီယာလက်တံ ရွှေ့ပြောင်းတဲ့ စနစ်ပါ ။ Shift Lock စနစ်က ဒီလို ထိန်းချုပ်ထား တာမို့ သူ့ပုံမှန်အတိုင်းဆို ဘရိတ်နင်းမှ ဂီယာလက်တံရွှေ့ရတာမို့ ဘာအန္တရာယ်မှ မရှိပါဘူး ။

ဒါပေမယ့် တချို့ချို့သော ကားတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ECU ကနေ လာမယ့် အနှုတ် (-) Signal ကြိုးကို Ground Direct ချထားတာတွေ ရှိတတ်ပါတယ် (ဒါမျိုး Ground တိုက်ရိုက် ချထားတဲ့ ကားတွေ ကျနော်ကိုယ်တိုင် မကြာမကြာတွေ့ရပါတယ် ) ။ ဒီလို Ground တိုက်ရိုက်ချထားတဲ့အတွက် Shift Lock Solenoid က သော့ဖွင့်တာနဲ့ ဆွဲနေပြီး ဘရိတ်နင်းစရာမလိုဘဲ ဂီယာဘုနှိပ် ဂီယာထိုးရနေပါပြီ ။

အဲ့လို့လုပ်ထားတဲ့ဟာမျိုးနဲ့ ဆော့တတ်ကစားတတ်တဲ့ ကလေးနဲ့သွားတွေ့ရင် ကားစက်လေးနှိုး (Idle) လေးနဲ့ လုပ်ထားချိန် ၊ ကလေးက ဂီယာလက်ကိုင်ဘုနှိပ် ဂီယာထိုးလိုက်ရင် ဂီယာ၀င်သွားပြီး ပြဿနာ အကြီးကြီး တက်သွားနိုင်ပါတယ် ။

Parking မှာထားရင်း ဂီယာထိုးမရတော့ဘူးဆိုရင် ဘာလုပ်မလဲဆိုရင်တော့ Shift Lock Release Button ဆိုတာလေးကို နှိပ်ရပါမယ် ။

ဒါကတော့ ဂီယာလက်တံ ရွှေ့မရဖြစ်တတ်တဲ့အခါ Emergency အနေနဲ့ ဂီယာလက်တံရွှေ့ရအောင် လုပ်ထားတဲ့ ခလုတ်လေးပါ ။ ကားမောင်းဖို့ စက်နှိုးပြီး ဂီယာလည်းထိုးရော ဂီယာလက်တံက ရွှေ့မရတော့ဘူး P ( Parking ) နေရာမှာပဲ ရှိနေတယ်ဆိုရင် ဒီ Shift Lock Release Button လေးကို Emergency အနေနဲ့ အသုံးပြုပြီး Gear Position တွေပြောင်းလဲရနိုင်ပါတယ် ။

ဂီယာသင်္ကေတ P, R, N, D, 2 စတဲ့ဂဏန်းတွေရဲ့ အပေါ်မှာ ဘေးမှာရှိတတ်ပါတယ် ။ တချို့အမျိုးအစား ကားတွေမှာ ဘုလေးတွေအဖြစ်ရှိနေပြီး ၊ တချို.ကားတွေမှာတော့ သော့တို့ ၊ ၀က်အူလှည့်တို့နဲ့ ထိုးမှ ရတဲ့ အချိုင့်လေးတွေ ထဲမှာ တည်ရှိတတ်ပါတယ် ။ ပုံမှာကြည့်နိုင်ပါတယ် ။

ဂီယာလက်တံ ရွှေ့မရတာမျိုးတွေကတော့
1. Brake Switch တွေပျက်တာ ၊
2. ကြိုးလိုင်းတွေပျက်တာ
3. Shift Solenoid ပျက်တာ အစရှိသဖြင့် အမျိုးမျိုးရှိတတ်ပါတယ် ။

ကားမောင်းဖို့ စက်နှိုးပြီး စစထွက်ဖို့ ကားဂီယာထိုးမရတော့ဘူး ဆိုတဲ့အချိန် ဘရိတ်နင်း ဒီခလုတ်လေးကို ဖိထားပြီး ဂီယာကို D ရွှေ့ရသလို ( ဒါမှမဟုတ် ) ကားကို တနေရာရာမှာ ရပ်ထားပြီး သော့ဖွင့်မရ စက်နှိုး မရတော့တဲ့အချိန် ကားကိုနေရာရွှေ့ဖို့ လိုလာတယ်ဆိုရင် ဒီ Shift Lock Release Button လေးကို နှိပ်ပြီး ကားကို N ( Neutral ) မှာထားပြီး ကားကိုတွန်း ရွှေ့လို့ရပါတယ် ။
ဒါလေးတွေကလည်း ကားမှာပါတဲ့ Safety Lock လေးနဲ့ ဆက်စပ်ပြီး သိသင့်သိထိုက်တဲ့ အရေးကြီး အချက်လေးတွေပါ ။ ဒီအချက်လေးတွေကို သိထားခြင်းဖြင့် မတော်တဆ ကြုံတွေ့လာရရင် ကိုယ်တိုင် ဖြေရှင်းနိုင်ပြီး ဘေးအန္တရာယ်ကင်းရှင်းမှာဖြစ်ပါတယ်။

(၂) ဂီယာ Shift Link ဘွတ်တွေ ပြုတ်ထွက်တာပါ
ဒီကောင်ကတော့ နည်းနည်း အန္တရာယ်ရှိတာမို့ သေချာဖတ်ရှုစေချင်ပါတယ် ။

ဒီ ဂီယာ Shift Link ဘွတ်တွေ ပြုတ်ထွက်တဲ့ ပုံစံက ရှေ့မှာပြောထားတဲ့ Shift Lock Solenoid ပျက်တဲ့ ပုံစံနဲ့ မတူပါဘူး ။ Shift Lock Solenoid ပျက်တဲ့ပုံစံက ဂီယာကို P ကနေ ဘယ်ကိုမှ ရွှေ့မရတာမျိုးပါ ။
ဒီ ဂီယာ Shift Link ဘွတ်တွေ ပြုတ်ထွက်တဲ့ ပုံစံက ဂီယာတွေက ရွှေ့လို့ရ (P,R,N,D,2,L) တွေ ရွှေ့လို့ရပေမယ့် ၊ ဂီယာ မဝင်တာ ၊ ဒါမှမဟုတ် ဝင်ထားပြီးသား ဂီယာကနေ ဘယ်ဂီယာကိုမှ မပြောင်းတော့တာမျိုးပါ ။
ဂီယာ Shift Link တွေ အလုပ်လုပ်ပုံက Shift Link တွေနဲ့ ဂီယာဘောက်ကို (ဂီယာဘောက် လက်ဝါး) ဂီယာကြိုးတွေနဲ့ ချိတ်ဆက်ထားတာပါ ။ ဒီ ဂီယာ Shift Link ဘွတ်တွေ ပြုတ်ထွက်သွားပြီဆိုတာနဲ့ အပေါ်က ဂီယာတံကို ဘယ်လိုပဲပြောင်းပြောင်း ဂီယာကြိုးနဲ့ ဂီယာတံ မချိတ်မိတော့မျိုးဖြစ်တာမို့ ။
နဂို ရှိနေပြီးသား ဂီယာကြီးပဲ ဝင်နေမှာဖြစ်ပါတယ် ။ ဥပမာ P မှာ ထားရင် ပြုတ်သွားရင် P ၊ D မှာ ထားရင် ပြုတ်ထွက်သွားရင် D ပဲဝင်နေတော့မှာဖြစ်ပါတယ် ။

ဒီလိုမျိုး ဂီယာထိုးမရဘဲ Link ပြုတ်သွားတယ်ဆိုရင်တော့ အရေးပေါ် ဝပ်ရှော့တွေနဲ့ အခြားသော နေရာတွေကို မောင်းရအောင် လုပ်လို့ရတဲ့ နည်းကတော့ရှိပါတယ် ။ ဒါပေမယ့် ဒီလိုပြုလုပ်တာဟာ အန္တရာယ်လည်း ရှိတတ်တာမို့ အသေးစိတ်သေချာဖတ်ရှုပြီး သတိထားလုပ်ဆောင်မှရပါမယ် ။ အရေးပေါ် အခြေနေမှလည်း ပြုလုပ်ဆောင်သင့်ပါတယ် ။
ဒါမျိုးဖြစ်လာရင် ဘယ်လိုလုပ်ရမလဲဆိုရင်တော့ Gear Box PNP Switch (လက်ဝါး) ကနေ တိုက်ရိုက်ဂီယာထိုးပြီး ကားကို မောင်းနှင်သွားလို့ရပါတယ် ။ လက်ဝါးပြားပုံလေးကို အောက်မှာဖော်ပြပေးထားပါတယ် ။ မိတ်ဆွေတို့ရဲ့ ကားတွေမှာ ကိုယ်တိုင် လေ့လာကြည့်ရှုထားသင့်ပါတယ် ။
အဲ့ဒီလက်ဝါးပြားလေးမှာပါတဲ့ လင့်ကလေးကို ဘယ်ညာရွှေ့ပြီး ဂီယာထိုးလို့ရပါတယ် ။ ဒါပေမယ့် ဂီယာမထိုးခင် လုပ်ဆောင်ရမှာတော့ကတော့
(၁) ဟန်းဘရိတ်ဆွဲထားရပါမယ် ။
(၂) ကားမှာ လူပို (ကားမောင်းသူအပြင်) ပါတယ်ဆို ဘရိတ်နင်းထားရပါမယ် ။ ကားဘီးတွေကို ဂျမ်းတုံး ခုထားနိုင်ရင် ပိုကောင်းပါတယ် ။
(၃) ကားသော့ဖွင့်လိုက်ပါ ။ သော့ On လိုက်ပါ ။ စက်မနှိုးပါနှင့်ဦး ။ ဒိုင်ခွက်ထဲမှာ ဂီယာ Position ဘယ်ဟာကို ပြနေလဲ ကြည့်ပါ ။ P / R / N / D / 2 / L စသည် ။
(၄) ဂီယာဘောက် လက်ဝါးကို ဘယ်ညာရွှေ့ပြီး ဒိုင်ခွက်ထဲမှာ ဘယ်ဂီယာဝင်နေသလဲ ကြည့်ပါ ။
P မှာထားပေးပါ ။
(၅) စက်နှိုးပါ ။
(၆) ဟန်းဘရိတ်ဆွဲထားတာ ၊ ဘရိတ်နင်းထားတာ ၊ ဂျမ်းတုံးခုထားတာ သေချာတယ်ဆို ဂီယာဘောက် လက်ဝါးကို ဘယ်ညာရွှေ့ပြီး ဂီယာ Position D ရောက်အောင် ထိုးပါ ။
အဲ့ဒါဆို အရေးပေါ် ဂီယာထိုးပြီး မောင်းလို့ရသွားပါပြီ ။
သတိပေးချက် ။ ။ စက်နိုးထားချိန် ဂီယာဘောက်လက်ဝါးကနေ တိုက်ရိုက် ဂီယာထိုးတာဖြစ်တဲ့အတွက် ဘရိတ်မကောင်းတာ ၊ ဒါမှမဟုတ် ဘရိတ်နင်းမထားတာ မျိုးတွေ ၊ ဂျမ်းတုံး မခုထားတာတွေဆိုရင်တော့ ဂီယာဝင်တာနဲ့ ရှေ့ကနေ ဂီယာထိုးနေတဲ့သူကို ဝင်တိုက်ပြီး ထိခိုက်မိနိုင်တာမို့ အန္တရာယ်ရှိပါတယ် ။ ဒါကြောင့် အပေါ်က အချက်တွေကို သေချာလိုက်နာပြီး အရေးပေါ် အခြေနေ ၊ မလွှဲမရှောင်သာ အခြေနေမှသာ အသုံးပြုစေချင်ပါတယ် ။
စာကို သေချာဖတ်ပြီး မရှင်းလင်းတာတွေရှိရင်လည်း မေးမြန်းနိုင်ပါတယ် ။

(ပုံလေးတွေ ကြည့်ပြီး လေ့လာနိုင်ပါတယ်ဗျာ)

ဝါယာရိန်းနည်းပညာတွေကို အွန်လိုင်းကနေ လေ့လာချင်တယ်ဆိုရင် မကြာခင် ဖွင့်လှစ်မယ့် အွန်လိုင်း သင်တန်းတွေကို တက်ရောက်နိုင်ပါတယ် ။
https://www.facebook.com/share/p/1Dwe22KtNH/
https://www.facebook.com/share/p/1CCcqJAgFb/

• • ကားနဲ့ပတ်သတ်သော နည်းပညာပေါင်းများစွာ ဒီပေ့စ်မှာ လာရောက်လေ့လာနိုင်ပါတယ် ။

• • Prime Auto Technology ကထုတ်ထားတဲ့ ကားဝါယာရိန်း နှင့်ပတ်သတ်သော နည်းပညာစာအုပ်များ ဝယ်ယူလိုပါက
• https://www.facebook.com/share/p/1DjxMSfYxy/

ECU ပြုပြင်နည်း စာအုပ်များမှာယူလိုပါက
https://www.facebook.com/share/p/1K4W6JGx42/

• Prime Auto Technology ကနေ အသစ်ဖွင့်မယ် ကားဝါယာရိန်း နည်းပညာ သင်တန်းများ တက်ရောက်လိုပါက
https://www.facebook.com/share/p/1CCcqJAgFb/
• EFI Sensor နဲ့ OBD Wiring Online သင်တန်းတက်ရောက်လိုပါက
• https://www.facebook.com/share/p/15utwgmKCW/
• Prime Auto Technology ရဲ့ Telegram Channel ကို Join ပြီး နည်းပညာများလာရောက် လေ့လာနိုင်ပါတယ်ခမျာ ။
• https://t.me/Primeautotechnology
• Lynn Za Nee ( P.T.U)
• Prime Auto Technology

Photos from Prime Auto Technology's post 15/07/2026

ECU ပြုပြင်နည်း အတွဲ (၁)

ဆရာအောင်ဟိန်း ရေးသားပြုစုထားတဲ့ ECU ပြုပြင်နည်း စာအုပ်တွေ Prime Auto Technology Page မှာ ဝယ်ယူရရှိနိုင်ပါပြီ ။

ECU ပြုပြင်လိုတဲ့ ကားနည်းပညာလေ့လာသူတိုင်း ဆောင်ထားသင့်တဲ့ စာအုပ်တအုပ်ဖြစ်ပြီး အခြေခံကနေစပြီး စတင်ရေးသားပေးထားတာဖြစ်ပါတယ် ။ စာအုပ်မှာ ပါဝင်တဲ့ မာတိကာတွေကို အောက်မှာ အသေးစိတ်ဖတ်ရှုနိုင်ပါတယ် ။

မှာယူချင်တယ်ဆိုရင်တော့
နာမည် လိပ်စာ ဖုန်းနံပါတ်အပြည့်စုံပေးပြီး မှာယူနိုင်ပါတယ် ။

09799404454 ကိုဖုန်းဆက်ပြီးဖြစ်စေ ၊ Viber ကနေဖြစ်စေ မှာယူနိုင်ပါတယ် ။

စာအုပ်တန်ဖိုး (၁၅၀၀၀၀) ကျပ် ဖြစ်ပါတယ် ။

12/07/2026

ကား Heat တက်တာလေးတွေ သတိထားကြပါ ။ သတိမမူလို့ ဖြစ်သွားရင် ပြင်ဆင်စရိတ်တွေ မသေးပါဘူးနော့ ။

ဝါယာရိန်းနည်းပညာတွေကို အွန်လိုင်းကနေ လေ့လာချင်တယ်ဆိုရင် မကြာခင် ဖွင့်လှစ်မယ့် အွန်လိုင်း သင်တန်းတွေကို တက်ရောက်နိုင်ပါတယ် ။
https://www.facebook.com/share/p/1Dwe22KtNH/
https://www.facebook.com/share/p/1CCcqJAgFb/
• • ကားနဲ့ပတ်သတ်သော နည်းပညာပေါင်းများစွာ ဒီပေ့စ်မှာ လာရောက်လေ့လာနိုင်ပါတယ် ။
• • Prime Auto Technology ကထုတ်ထားတဲ့ ကားဝါယာရိန်း နှင့်ပတ်သတ်သော နည်းပညာစာအုပ်များ ဝယ်ယူလိုပါက
• https://www.facebook.com/share/p/1DjxMSfYxy/
• Prime Auto Technology ကနေ အသစ်ဖွင့်မယ် ကားဝါယာရိန်း နည်းပညာ သင်တန်းများ တက်ရောက်လိုပါက
https://www.facebook.com/share/p/1CCcqJAgFb/
• EFI Sensor နဲ့ OBD Wiring Online သင်တန်းတက်ရောက်လိုပါက
• https://www.facebook.com/share/p/15utwgmKCW/
• Prime Auto Technology ရဲ့ Telegram Channel ကို Join ပြီး နည်းပညာများလာရောက် လေ့လာနိုင်ပါတယ်ခမျာ ။
• https://t.me/Primeautotechnology
• Lynn Za Nee ( P.T.U)
• Prime Auto Technology

Website

Address

Kannarlan , Nat Chaung , Tarmwe
Yangon