Bacipro
ဝမ်းလျှော ဝမ်းပျက် ပူစရာမလို အားလုံးအတွက် Bacipro
11/09/2026
ချိန်းတွေ့ပြီဆို အိမ်သာအမြဲသွားတတ်တဲ့ ကိုယ့်ရဲ့ချစ်သူတွေကို မန်းရှင်းခေါ်လိုက်ပါ 💩❤️
ဒိတ်လုပ်ကြပြီဆိုရင် ရုပ်ရှင်ရုံထဲ၊ စားသောက်ဆိုင်ထဲမှာထက် အိမ်သာရှေ့မှာ စောင့်ရတာ ပိုကြာနေတတ်တဲ့ ချစ်သူမျိုး သင့်မှာရော ရှိနေပြီလား?
"ခဏလေးနော် ဗိုက်ထဲက တစ်မျိုးကြီး ဖြစ်လာလို့" ဆိုပြီး ချိန်းတွေ့တိုင်း အိမ်သာပြေးနေရတာဟာ စိတ်လှုပ်ရှားလို့ပဲဖြစ်ဖြစ်၊ စားချင်တာတွေ လျှောက်စားမိလို့ပဲဖြစ်ဖြစ် အူလမ်းကြောင်း မအီမသာဖြစ်ပြီး အကျိုးပြုဘက်တီးရီးယား ပမာဏ နည်းပါးနေတာ ကြောင့် ဖြစ်နိုင်ပါတယ်။
ဒီလို ဒိတ်လုပ်တိုင်း အိမ်သာပြေးနေရတဲ့ သူတွေအတွက် Bacipro ရှိနေပါပြီနော်။
Bacipro မှာဆိုရင် အူလမ်းကြောင်း ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ အကျိုးပြု ဘက်တီးရီးယား Bacillus Clausii 2 Billion Spores ပါဝင်တာကြောင့်
- အူလမ်းကြောင်းထဲက ပိုးမွှားများကို ထိန်းညှိပေးခြင်း
- မကောင်းတဲ့ ဘက်တီးရီးယားတွေကို နှိမ်နင်းပေးပြီး အူလမ်းကြောင်း ကျန်းမာရေးကို စနစ်တကျ ပြန်လည် မြှင့်တင်ပေးပါတယ်။
ဝမ်းပျက်ဝမ်းလျှောနှင့် ဝမ်းဖောဝမ်းရာင်ဖြစ်ခြင်းကို သက်သာစေခြင်း - အစားမှားပြီး ဝမ်းဗိုက်ထဲမအီမသာဖြစ်တာ၊ ဝမ်းဗိုက်ဖောရောင်တာနဲ့ ဝမ်းခဏခဏ သွားချင်စိတ်ဖြစ်တာတွေကို သက်သာစေပါတယ်။
အစာချေစနစ်ကို ကူညီပေးခြင်း - အစာအိမ်နဲ့ အူလမ်းကြောင်း လုပ်ဆောင်ချက်တွေကို မှန်ကန်စေပြီး ကိုယ်ခံအားစနစ်ကို တိုးတက်အောင် အထောက်ကူပြုပေးပါတယ်။
ဒါကြောင့် ချိန်းတွေ့တိုင်း အိမ်သာရှေ့မှာ စောင့်ခိုင်းတတ်တဲ့ ချစ်သူလေးကို အခုပဲ မန်းရှင်း (Mention) ခေါ်ပြီး Bacipro လေးနဲ့ အူလမ်းကြောင်း ကျန်းမာရေးကို ဂရုစိုက်ပေးလိုက်တော့နော်။
အရွယ်ရောက်ပြီးသူများအနေဖြင့် တနေ့လျှင် ၂ - ၃ ပုလင်းထိသောက်နိုင်ပါသည်။
🏷𝐁𝐚𝐜𝐢𝐩𝐫𝐨 - 𝟑𝟒𝟎𝟎𝟎𝐤𝐬 (𝐘𝐆𝐍 - 𝐂𝐚𝐬𝐡 𝐨𝐧 𝐝𝐞𝐥𝐢𝐯𝐞𝐫𝐲) (𝐎𝐭𝐡𝐞𝐫 𝐜𝐢𝐭𝐢𝐞𝐬 - 𝐩𝐫𝐞𝐩𝐚𝐢𝐝)
☎️: 09944416655
📍: University Yeik Mon Housing, Bahan Township, Yangon.
17/08/2026
📢 ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း သိကောင်းစရာနှင့် ကြိုတင်ကာကွယ်နည်းများ
👉 ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ဘက်တီးရီးယားပိုးပါသော မသန့်ရှင်းသည့်ရေနဲ့ အစားအသောက်များ စားသောက်မိခြင်းကြောင့် ရုတ်တရက်ဖြစ်ပွားသော ဝမ်းပျက်ရောဂါဖြစ်ပြီး အချိန်မှီကုသရန် အရေးကြီးပါသည်။
🚨 သတိပြုရမည့် ရောဂါလက္ခဏာများ
👉ဆန်ဆေးရည်ကဲ့သို့ အရည်ဝမ်းများ ပမာဏအများကြီးနဲ့ အကြိမ်များစွာသွားခြင်း၊
👉အော့အန်ခြင်း၊ နှလုံးခုန်မြန်ခြင်း
👉ခန္ဓာကိုယ်တွင်းရှိ အရည်ဆုံးရှုံးမှုများသဖြင့် မျက်တွင်းချိုင့်ဝင်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ကြွက်တက်ခြင်း၊ သတိလစ်ခြင်းနှင့် ကုသမှုမခံယူပါက အသက်သေဆုံးခြင်းအထိဖြစ်နိုင်ပါသည်။
💊ကုသရန်နည်းလမ်းများ
👉 မပြင်းထန်သောလက္ခဏာများခံစားရသောလူနာများမှာ အရည်များများသောက်ခြင်း၊ ဓာတ်ဆားရည်သောက်သုံးခြင်းများဖြင့် ကုသနိုင်သည်။
👉 Zinc ဇင့်သည် ဝမ်းပျက်သည့်ကာလကို တိုစေသည်။
👉 ပြင်းထန်သောလူနာများမှာ သွေးပြန်ကြောမှတစ်ဆင့် အရည်များ လျင်မြန်စွာ သွင်းခြင်းနှင့် ပဋိဇီဝဆေးများ ပေးခြင်းဖြင့် အချိန်မှီကုသမှုခံယူရန်လိုအပ်သောကြောင့် ဆေးရုံသို့သွားရောက်ပြသရပါမည်။
👉သက်ကြီးရွယ်အိုများနှင့် ကလေးငယ်လေးများသည် ရေဓာတ်ဆုံးရှုံးမှုမြန်၍ အသက်အန္တရာယ်ရှိနိုင်တာကြောင့် အချိန်မဆိုင်းဘဲ ကုသမှုခံယူရန် အလွန်အရေးကြီးပါသည်။
🛡️ ကြိုတင်ကာကွယ်ရန် (သန့် ၄ သန့်)
(၁) ရေသန့် – ရေသန့် (သို့) သေချာ ဆူပွက်အောင်ကျိုချက်ထားသော ရေကျက်အေးကိုသာ သောက်သုံးပါ။
(၂) အစာသန့် – အစားအသောက်များကို သန့်ရှင်းစွာပြင်ဆင်ချက်ပြုတ်ပြီးမှ စားသုံးပါ။ ယင်မနားအောင် ဖုံးအုပ်ထားပါ။
(၃) လက်သန့် – အစာမစားမီ၊ အစားအသောက်များကိုင်တွယ်ခြင်းမပြုမီနှင့် အိမ်သာတက်ပြီးတိုင်း၊ အညစ်အကြေးများကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စင်ကြယ်အောင်ဆေးကြောပါ။
(၄) အိမ်သာသန့် – ယင်မနားနိုင်သော ယင်လုံအိမ်သာများကိုသာ အသုံးပြုပါ။ အိမ်သာကို သန့်ရှင်းအောင်ထားပါ။ အမှိုက်များကို စနစ်တကျစွန့်ပစ်ပါ။
💚 မိသားစုတိုင်း ဝမ်းရောဂါအန္တရာယ်မှ ကင်းဝေးပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ 𝐁𝐚𝐜𝐢𝐩𝐫𝐨 က အမြဲမပြတ် အတူရှိနေပါတယ်နော်... ✨
🏷𝐁𝐚𝐜𝐢𝐩𝐫𝐨 - 𝟑𝟒𝟎𝟎𝟎𝐤𝐬
🛒ရန်ကုန်မြို့တွင်းအိမ်ရောက်ငွေချေနဲ့ အခြားမြို့နယ်များငွေကြိုရှင်းပေးရပါမယ်}
☎️: 09944416655 (Mon to Sat - 9am to 5pm)
📍: University Yeik Mon Housing, Bahan Township, Yangon.
01/07/2026
Announcement Post
Neopaed Healthcare Company မှ ဝန်ထမ်းများ Company Trip လေးရှိပါသဖြင့် July 1 ရက်နေ့မှ 4 ရက်နေ့ထိ online order များနဲ delivery ပို့ဆောင်မှုများကိုရပ်နားထားမည်ဖြစ်ပြီး July 5 ရက်နေ့မှစတင်ပြီး အမြန်ဆုံးပြန်လည်ပို့ဆောင်ပေးသွားမည် ဆိုတဲ့အကြောင်း အသိပေးအပ်ပါတယ်ရှင့် ......
04/06/2026
𝐁𝐚𝐜𝐢𝐩𝐫𝐨 လေးတွေပြန်ရပါပြီရှင် …..
𝐁𝐚𝐜𝐢𝐥𝐥𝐮𝐬 𝐂𝐥𝐚𝐮𝐬𝐢𝐢 ဆိုတဲ့ အကျိုးပြုဘက်တီးရီးယားကောင်းတွေ အများကြီးပါဝင်ပြီး ကလေး၊ လူကြီး သာမက တိလေးတွေပါသောက်လို့ရတဲ့ 𝐁𝐚𝐜𝐢𝐩𝐫𝐨 လေးကို အခုဆိုရင် ပြန်လည်မှာယူနိုင်ပါပြီနော်။
ခုလိုမိုးရာသီမှာ မသန့်ရှင်းတဲ့အစားအသောက်တွေစားမိပြီး ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်တာမို့ 𝐁𝐚𝐜𝐢𝐩𝐫𝐨 လို ဖြည့်စွက်အားဆေးလေးက အစာခြေစနစ်ကို အထောက်အကူပြုပေးတဲ့အပြင် ခုခံအားကိုလဲကောင်းမွန်စေတာမို့ ပစ္စည်းလေးပြန်ရပြီဆိုတော့ မိသားစုအတွက် ဆောင်ထားလို့ရပါပြီရှင်။
🏷𝐁𝐚𝐜𝐢𝐩𝐫𝐨 - 𝟑𝟒𝟎𝟎𝟎𝐤𝐬 (𝐘𝐆𝐍 - 𝐂𝐚𝐬𝐡 𝐨𝐧 𝐝𝐞𝐥𝐢𝐯𝐞𝐫𝐲) (𝐎𝐭𝐡𝐞𝐫 𝐜𝐢𝐭𝐢𝐞𝐬 - 𝐩𝐫𝐞𝐩𝐚𝐢𝐝)
☎️: 09944416655
📍: University Yeik Mon Housing, Bahan Township, Yangon.
02/05/2026
ချစ်ရတဲ့ Customer တို့ရေ... 🌊✨
ကျွန်မတို့ Neopaed Healthcare Team တစ်ခုလုံး Annual Trip အဖြစ် ငွေဆောင်ကမ်းခြေသို့ သွားရောက်ကြမှာဖြစ်ပါတယ်ရှင်။ 🏖️🚐
ထို့ကြောင့် မေလ (၃) ရက်မှ (၆) ရက်နေ့ထိ Online Orders များနဲ့ Delivery ပို့ဆောင်မှုများ နှောင့်နှေးမှုရှိနိုင်ပါသဖြင့် ကြိုတင်၍ အသိပေးအပ်ပါရစေရှင့်။ 🙏📦
(၇) ရက်နေ့ကစပြီး ဝန်ဆောင်မှုများကို ပုံမှန်အတိုင်း အမြန်ဆုံး ပြန်လည်ဆောင်ရွက်ပေးသွားမှာဖြစ်လို့ နားလည်ပေးကြပါဦးနော်။ 🥰💖
အပန်းဖြေခရီးကအပြန်မှာ ပိုမိုလန်းဆန်းတက်ကြွတဲ့ စွမ်းဆောင်ရည်တွေနဲ့ ပြန်လည်ဆုံတွေ့ကြပါမယ်ရှင်။ 🤝🔥
30/03/2026
ဒီနှစ်သင်္ကြန်မှာ အသောက်အစားများလို့ ဗိုက်မကောင်းမှာ စိတ်ပူနေပြီလား? 🍻💦
သင်္ကြန်မှာ သူငယ်ချင်းတွေ နဲ့ တူတူ စတုဒီသာတွေပတ်စားပြီး စားရင်းသောက်ရင်း ပျော်ပျော်ပါးပါး ရေကစားဖို့ အစီအစဥ်ဆွဲနေကြပီလား?
ဒါဆိုရင်တော့ အူလမ်းကြောင်းခုခံအားကို မြှင့်တင်ထားဖို့ လိုတယ်နော်။
အစားတွေ စုံနေအောင်စားပြီး အသောက်များတဲ့ရက်တွေဆိုရင် အူလမ်းကြောင်းထဲမှာရှိတဲ့ ကောင်းတဲ့ ဘက်တီးရီးယား (Good Bacteria) လေးတွေ ပျက်စီးသွားပြီး -
❌ ဗိုက်အောင့် ဗိုက်ကယ်တာ
❌ လေပွတာ (Bloating)
❌ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ
❌ ကိုယ်ခံအားကျပြီး နောက်ရက်တွေမှာ ဖျားနာတာမျိုးတွေ ကြုံရတတ်ပါတယ်။
ဒါတွေကို ကြိုတင်ကာကွယ်ဖို့၊ အူလမ်းေကြာင်း ခုခံအားကို မြှင့်တင် ဖို့ နဲ့ အူလမ်းကြောင်းကို ပြန်လည်ပြုပြင်ဖို့ 𝐁𝐚𝐜𝐢𝐩𝐫𝐨 (Probiotic) က အကောင်းဆုံး အဖော်မွန်ဖြစ်မှာပါနော် 🛡️✨
"ပျော်လည်းပျော်ချင်တယ်၊ ကျန်းမာရေးလည်း ဂရုစိုက်ချင်တယ်ဆိုရင်တော့... သင်္ကြန်အသုံးအဆောင်တွေထဲမှာ 𝐁𝐚𝐜𝐢𝐩𝐫𝐨 လေးကိုပါ တစ်ပါတည်း ထည့်ဆောင်ထားဖို့ မမေ့နဲ့နော်" 💖🌿
🏷𝐁𝐚𝐜𝐢𝐩𝐫𝐨 - 𝟑𝟒𝟎𝟎𝟎𝐤𝐬
🛒ရန်ကုန်မြို့တွင်းအိမ်ရောက်ငွေချေနဲ့ အခြားမြို့နယ်များငွေကြိုရှင်းပေးရပါမယ်
☎️: 09944416655 (Mon to Sat - 9am to 5pm)
📍: University Yeik Mon Housing, Bahan Township, Yangon.
27/02/2026
👩⚕️နေ့စဉ်လုပ်ဆောင်ပေးသင့်တဲ့ အူလမ်းကြောင်းကျန်းမာစေမယ့် အလေ့အကျင့်များ
1️⃣ရေများများသောက်ပါ
💧ရေဓာတ်ပြည့်ဝမှ အူလမ်းကြောင်းထဲက အစာဟောင်းတွေ ကောင်းကောင်းရွှေ့လျားနိုင်မှာဖြစ်လို့ အစာခြေစနစ် ကို အထောက်အကူပြုမှာဖြစ်ပါတယ်။
2️⃣အမျှင်ဓာတ်ပါတဲ့အစားအစာတွေစားပါ
🥦🍍ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေများများစားပေးမှ အူလမ်းကြောင်း ကျန်းမာရေးကို အထောက်အကူပြုမှာဖြစ်ပါတယ်။
3️⃣အစာကို ညက်အောင်ဝါးစားပါ
🍽️အစားစားရင် အလျှင်စလိုမစားဘဲ ညက်အောင်ဝါးစားမှ အစာအိမ်နဲ့အူလမ်းကြောင်းက အစာခြေရတာ သက်သာမှာဖြစ်ပြီးလေပွတာကိုကာကွယ်ပေးမှာဖြစ်ပါတယ်။
4️⃣အူလမ်းကြောင်းအကျိုးပြုဘက်တီးရီးယား မှီဝဲပေးပါ
💪ကိုယ်ခံအားကောင်းပြီး ဝမ်းဗိုက်ကျန်းမာဖို့အတွက် လိုအပ်ရင် အကျိုးပြုဘက်တီးရီးယား (Probiotics) တွေကို မှီဝဲပေးဖို့လိုပါတယ်။
👍အူလမ်းကြောင်းကျန်းမာဖို့အတွက်ဆိုရင် Bacillus clausii ပါဝင်တဲ့ 𝐁𝐚𝐜𝐢𝐩𝐫𝐨 ကို Probiotics Supplement အဖြစ်သောက်သုံးနိုင်ပါတယ်ရှင် ….
🏷𝐁𝐚𝐜𝐢𝐩𝐫𝐨 - 𝟑𝟒𝟎𝟎𝟎𝐤𝐬
🛒ရန်ကုန်မြို့တွင်းအိမ်ရောက်ငွေချေနဲ့ အခြားမြို့နယ်များငွေကြိုရှင်းပေးရပါမယ်
☎️: 09944416655 (Mon to Sat - 9am to 5pm)
📍: University Yeik Mon Housing, Bahan Township, Yangon.
Category
Website
Address
Yangon
11201
Opening Hours
| Monday | 10:00 - 18:00 |
| Tuesday | 10:00 - 18:00 |
| Wednesday | 10:00 - 18:00 |
| Thursday | 10:00 - 18:00 |
| Friday | 10:00 - 18:00 |
| Saturday | 10:00 - 18:00 |
Alerts
Be the first to know and let us send you an email when Bacipro posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.