Elite Brew Essentials
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Elite Brew Essentials, Coffee shop, Yankin/Moe Kaung Street, Yangon.
Your one-stop destination for premium coffee equipment and specialty beans.Elevate your brewing experience with Elite Brew Essential
(ရန်ကင်း / မိုးကောင်း / ကျောက်ကုန်းမှတ်တိုင်အနီး)
09-257 99 37 99
19/08/2026
ငယ်ငယ်တုန်းက ရပ်ကွက်ထဲမှာ မနက်ဆို အရက်သမားများလို ကော်ဖီမသောက်ရရင်မနေနိုင် လက်တုန် ခြေတုန် ဖြစ်တဲ့ ဘော်ဒါတစ်ကောင်ရှီခဲ့ဘူးတယ် အဲ့တုန်းက Super ကော်ဖီမစ်ခေတ် လက်ဖက်ရည်ဆိုင်ထိုင်လို့ လက်ခုပ်တီးလိုက်ရင် Super ကော်ဖီမစ်မှာတာ လာချဆိုတဲ့အထာပေါ့
တစ်နေ့တော့ဖြစ်ချင်တော့ လင်မယားနှစ်ယောက် ဘေးဝိုင်းမှာ မနက်စောစော မသိမသာ ကြိတ်ပြီးရန်ဖြစ်နေတာ အိမ်ကနေဘာတွေကွိုင်လာလည်းမသိ ဒီကောင်ကလည်း ကော်ဖီသောက်မယ်ဆိုပြီး အိမ်ကေနလက်ဖက်ရည်ဆိုင်ရောက်လာ ဝိုင်းထဲဝင်ထိုင်ပြီး ထုံးစံအတိုင်း လက်ခုပ်တီးပြီး လှမ်းမှာတာပေါ့ ဖြစ်ချင်တော့ စားပွဲထိုးလေးက ရေနွေးတည် ဘာတည်နဲ့မနက်အစောအလုပ်ရှုပ်နေတော့ တော်ယုံနဲ့မကြား ဒီကောင်ကလည်း သောင်ချင်ဇောနဲ့ထပ်တီးထပ်ခေါ စားပွဲထိုးလေးကလည်းမကြား အဲ့လိုနဲ့၃ခါလောက်ဖြစ်လာတော့ ဘေးဝိုင်းက လင်မယားအတွဲက ယောက်ကျားဖြစ်သူက သူတို့ကို $ခွက်ပြောင်ရမလားဆိုပြီး တင်းပြီးတော့ ဒီကောင့်ကို ဘာမဆိုင်ညာမဆိုင် ဆောင့်တွန်းပြီးထထိုး ကိုယ်တွေကလည်း ဘာလုပ်တာလည်းဟဆိုပြီး ဝိုင်းသမ သူ့မိန်းမကလည်း ဝင်ဆွဲ အို ဘာပြောကောင်းမလဲ ရုန်းရင်းဆန်ခက်တွေဖြစ်ပြီး မနက်အစောကြီး ရပ်ကွက်ရုံးကိုရောက်သွားကော ရပ်ကွက်လူကြီးတောင်မနိုးသေးဘူး😂
18/08/2026
ဈေးရောင်းမကောင်းတော့ အပြင်က မှာစားမနေတော့ဘူး ဘတ်ဂျက်အရ ဂဏန်းတစ်ကောင်2ထောင်နဲ့ တစ်သောင်းဖိုးဝယ်ချက်လိုက်တယ် 👌👌
17/08/2026
Up
16/08/2026
ဘာမှဖွဲ့နွဲ့ပြီးရေးမနေတော့ဘူး လိုချင်တာရှီ သိချင်တာရှီရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့သာ ဆက်သွယ်ပြီးမေးလိုက်တော့ အောက်မှာဆိုင်ဖုန်းနံပါတ်ထည့်ပေးထားတယ် မင်မင်ကတော့ သွားအိပ်လိုက်အုံးမယ်🛌🛌🛌
Ph = 09-77 44 10 180
16/08/2026
ချစ်တီးထမင်းဆိုင်တွေက ဘာလို့ ဟင်းနဲနဲလေးပဲပါရတာလဲဗျာ🥴
02/07/2026
☕ Binco French Press (350ml)
ရိုးရိုး French Press တွေထက် အပူထိန်းအား ပိုကောင်းပြီး လုပ်ဆောင်ချက်မျိုးစုံအသုံးပြုနိုင်မယ့် Premium Quality Binco French Press လေး ရရှိနိုင်ပါပြီ။
🌟 ထူးခြားချက်များနှင့် အားသာချက်များ
Premium Material: ခိုင်ခံ့ပြီး ရေရှည်အသုံးခံတဲ့ အဆင့်မြင့် 304 Stainless Steel ကို အသုံးပြုထားပါတယ်။
Double Wall Layer: ကိုယ်ထည်ကို အလွှာနှစ်ထပ်ပုံစံဖြင့် ပြုလုပ်ထားလို့ သာမန် French Press တွေထက် ကော်ဖီရဲ့အပူချိန်ကို ပိုမိုကြာရှည် ထိန်းသိမ်းပေးနိုင်ပါတယ်။
3-Layer Filter: ရေစစ် (Filter) ၃ ထပ် တိတိ ပါဝင်တာကြောင့် အနုစိတ်ဆုံး ကော်ဖီမှုန့် (Powder) အဆင့်အထိ သေသပ်စွာ စစ်ထုတ်ပေးနိုင်ပြီး အနည်ကင်းစင်တဲ့ ကော်ဖီအရသာကို ပေးစွမ်းနိုင်မှာပါ။
2-in-1 Multi-Function: ကော်ဖီနှပ်ရုံတင်မကဘဲ ခိုင်မာတဲ့ Steel Body ဖြစ်လို့ နွားနို့ကိုပါ Milk Foam (နို့မြှုပ်) အိအိလေးတွေရအောင် စိတ်ကြိုက်ရိုက်လို့ရပါတယ်။
💰 ဈေးနှုန်းနှင့် အသေးစိတ်အချက်အလက်များ
ဆံ့ဝင်ဆံ့အား (Capacity): 350ml
ဈေးနှုန်း (Price): 150,000 Ks
✨ ကော်ဖီစစ်စစ်ရဲ့ အရသာကို အကောင်းဆုံး ခံစားချင်သူတွေနဲ့ အိမ်မှာတင် Milk Foam လှလှလေးတွေနဲ့ ကော်ဖီဖျော်သောက်ချင်သူများအတွက် လက်မလွှတ်သင့်တဲ့ Accessories လေးတစ်ခု ဖြစ်ပါတယ်။
01/07/2026
ကမ္ဘာ့စျေးအကြီးဆုံးကော်ဖီ ကြောင်ကတိုးမစင်မှ ထုတ်လုပ်ထားပြီး ကပ်ရောဂါဘေး သင့်နိုင်
မဲခေါင်၊ ဇူလိုင် ၁
ကမ္ဘာ့စျေးကြီးဆုံးကော်ဖီဖြစ်သော Kopi luwak ကို ကြောင်ကတိုးမစင်မှ ထုတ်လုပ်ခြင်းဖြစ်ကာ ယင်းကြောင်ကတိုးများသည် လူနှင့် တိရစ္ဆာန်များအကြား ကူးစက်စေနိုင်သော ကပ်ရောဂါဗိုင်းရပ်စ်များကို ကြားခံလက်ခံထားနိုင်စွမ်း ရှိသဖြင့် ကမ္ဘာ့ကပ်ရောဂါဘေးအန္တရာယ် ရှိနိုင်ကြောင်း ပညာရှင်များက သတိပေးလာသည်။
Kopi luwak ကော်ဖီသည် အင်ဒိုနီးရှားနိုင်ငံမှ အဓိက ထုတ်ကုန်ဖြစ်ကာ ယူကေတွင် Harrods ကုန်တိုက်ကြီးများ အထိ တင်ရောင်းသလို ကမ္ဘာတစ်ဝန်း စျေးအကြီးဆုံးကော်ဖီအဖြစ် တစ်ခွက် ၁၁၄ ပေါင်နှုန်းဖြင့်ပင် ရောင်းချနေသည်။
အွန်လိုင်းပေါ်တွင် ရောင်းချနေသည့် ၅ ကီလိုဂရမ်ပါ ကော်ဖီစေ့တစ်ထုပ်တန်ကြေးသည် ၁၂၅၉ ဒသမ ၉ ပေါင် အထိရှိနေသဖြင့် ကမ္ဘာ့စျေးအကြီးဆုံးကော်ဖီအဖြစ် သတ်မှတ်ထားကြခြင်းဖြစ်သည်။
Tesco ကုန်တိုက်ကြီးမှ ၎င်းတို့ နာမည်အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သည့် စျေးအသက်သာဆုံး ၄၅၄ ဂရမ်ပါ ကော်ဖီမှုန့်တစ်ထုပ် တန်ကြေးသည် ၆ ဒသမ ၆၀ ပေါင်သာရှိကာ ၄၅၄ ဂရမ်ပါ Kopi luwak ကော်ဖီမှုန့်တစ်ထုပ် တန်ကြေးသည် ၁၂၈ ဒသမ ၉၉ ပေါင်နှုန်း ကျသင့်သည်။
ယင်းကော်ဖီကို ထုတ်လုပ်ရာတွင် အင်ဒိုနီးရှားရှိ အမြဲစိမ်းသစ်တောကြီးများအတွင်း အများအပြား မှီတင်းနေထိုင်သော ကြောင်ကတိုးများက ကော်ဖီသီးများစားပြီး စွန့်ပစ်သည့် မစင်အတွင်း ၎င်းကိုယ်တွင်းမှ အလွန်ပြင်းထန်သက်ရောက်သော အင်ဇိုင်းများကြောင့် ကော်ဖီစေ့များသည် ပဲစေ့များအသွင်ပြောင်းသွားကာ ထိုအစေ့ကို ရယူပြီး ကော်ဖီမှုန့်ထုတ်လုပ်ခြင်း ဖြစ်သည်။
ယခင် သဘာ၀အတိုင်း တောတွင်းမှ လိုက်ရှာဖွေကာ ထုတ်လုပ်သည်ဟု ဆိုသော်လည်း ယခု အင်ဒိုနီးရှားတွင် ကြောင်ကတိုးများစွာကို လှောင်အိမ်များအတွင်း ညစ်ပတ်စွာ အများအပြား လှောင်ပိတ်မွေးထားပြီး ကော်ဖီသီးများအား အတင်းစာခိုင်းပြီးနောက် ထိုမှရသည့် မစင်များအတွင်းမှ အစေ့များအား ရယူထုတ်လုပ်နေခြင်း ဖြစ်သည်။
အရှေ့တောင်အာရှတွင် အများဆုံးရှိသည့် ကြောင်ကတိုးများအား ထိုသို့ လှောင်အိမ်များအတွင်း မွေးထားမှုကို အောက်စ်ဖို့ဒ်တက္ကသိုလ်၏ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးသုတေသနဌာနမှ သုတေသီများသည် ဘာလီရှိ ကြောင်ကတိုးများ၏ နေထိုင်မှုအခြေအနေများကို အကဲဖြတ်ရန် လန်ဒန်အခြေစိုက် World Animal Protection အဖွဲ့နှင့် ပူးပေါင်းလေ့လာခဲ့ရာ မွေးမြူရေးရုံ ၁၆ ခုအတွင်း အကောင် ၅၀ ကျော်တွေ့ရှိခဲ့ရသည်ဟု ထုတ်ပြန်သည်။
တောရိုင်းတိရစ္ဆာန်များကို ညစ်ပတ်ပြီး ကျပ်ညပ်နေသော လှောင်အိမ်များအတွင်း ထားရှိခြင်းသည် အန္တရာယ်ရှိသော ရောဂါပိုးများအတွက် ပြီးပြည့်စုံသော ပေါက်ဖွားမှုကို ဖန်တီးပေးပြီး နောက်ထပ်ကပ်ရောဂါတစ်ခု ဖြစ်လာနိုင်သည်ဟု လန်ဒန်အခြေစိုက် တိရစ္ဆာန်အခွင့်အရေးရန်ပုံငွေအဖွဲ့ (PRTA) မှ ဒုဥက္ကဌ အီလစ်ဆာအယ်လန်က သတိပေးပြောဆိုခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်၊ SARS ရောဂါ ဗိုင်းရပ်စ်များကို ကြားခံထိန်းသိမ်းပေးထားပြီး တိရစ္ဆာန်မှ လူကို ကူးစက်စေနိုင်စွမ်းရှိသည့် လင်းနို့များကဲ့သို့ပင် ကြောင်ကတိုးများသည်လည်း ဖန်တီးနိုင်သောကြောင့် ကော်ဖီကို ထိုမစင်မှ ထုတ်လုပ်ခြင်းမှာ အန္တရာယ်ကြီးသည်ဟု လန်ဒန်အခြေစိုက် အီလစ်ဆာအယ်လန်က သတိပေးခဲ့သည်။
၂၀၀၄ ခုနှစ်၊ ဇန်နဝါရီလက ဟောင်ကောင်တွင် လူများစားသောက်ရန် ထားရှိသည့် ကြောင်ကတိုး ထောင်ပေါင်းများစွာကို ရောဂါပိုးများ ကူးစက်စေမည့် အန္တရာယ်ကြောင့် တရုတ်အစိုးရက သတ်ဖြတ် ရှင်းလင်းခဲ့သေးသည်။
ကိုကလင်း
Ref:Thesun
#ကမ္ဘာ့စျေးအကြီးဆုံးကော်ဖီ
#ကြောင်ကတိုးမစင်
#ကပ်ရောဂါဘေး
#သင့်နိုင်
28/05/2026
Coffee Electric Dripping Kettle
MoJae Brand 600ml (1000Watt)
Price - 380000ks
Electirc Kettle တလုံးဝယ်ရင် လိုကိုလိုအပ်တဲ့ သာမိုမီတာချောင်းလက်ဆောင်ပေးနေပါပြီရှင့်၊သာမိုမီတာသီးသန့် ပဲဝယ်ချင်ရင်လဲရပါတယ်ရှင့် တချောင်းကို ၂၅၀၀၀ကျပ်ပါရှင့်။
04/05/2026
နေအိမ်မှာတင် Café ကလို အရသာရှိတဲ့ ကော်ဖီသောက်ချင်သူတွေအတွက်... ☕✨
နေ့စဉ်သောက်နေကျ ကော်ဖီလေးကို စက္ကန့်ပိုင်းအတွင်း Creamy & Foamy ဖြစ်သွားစေမယ့် Electric Milk Frother (နို့အမြှုပ်ဖျော်စက်) လေး ရှိနေပြီနော်! 🥛💨
ဘာကြောင့် ဒါလေးကို ဝယ်သင့်တာလဲ?
Pro Level Coffee: ကော်ဖီဆိုင်သွားစရာမလိုဘဲ Latte, Cappuccino နဲ့ Macchiato တွေကို အိမ်မှာတင် ကိုယ်တိုင်ဖျော်နိုင်မယ်။
Powerful Motor: စက္ကန့် ၂၀ အတွင်းမှာတင် ထူထဲနူးညံ့တဲ့ နို့အမြှုပ်လေးတွေကို ရရှိစေမှာပါ။
3 Speed Modes: အနှေး၊ အလတ်၊ အမြန် ဆိုပြီး အမြန်နှုန်း ၃ ဆင့်ပါလို့ မိမိစိတ်ကြိုက် ချိန်ညှိနိုင်ပါတယ်။
Multifunctional: နို့အမြှုပ်တင်မကဘူး၊ ကြက်ဥခေါက်တာ၊ Matcha ဖျော်တာနဲ့ အားဖြည့်အချိုရည်တွေ ဖျော်တဲ့နေရာမှာလည်း အရမ်းအဆင်ပြေပါတယ်။
USB Rechargeable: ဘက်ထရီခဏခဏလဲစရာမလိုဘဲ USB နဲ့ အားသွင်းရုံပဲဆိုတော့ ပေါ့ပေါ့ပါးပါးနဲ့ အကြာကြီးသုံးလို့ရတယ်။
အသုံးပြုရတာလည်း လွယ်ကူတယ်!
ခေါင်းနှစ်မျိုး (နို့အမြှုပ်ဖျော်ခေါင်း နဲ့ ကြက်ဥခေါက်ခေါင်း) ပါဝင်လို့ လိုအပ်သလို လဲလှယ်အသုံးပြုနိုင်ပါတယ်။ သန့်ရှင်းရတာလည်း အလွန်လွယ်ကူပြီး သိမ်းဆည်းရတာလည်း နေရာမစားဘူးနော်။ 🏠👌
ဒီနေ့ပဲ ဝယ်ယူပြီး သင့်ရဲ့ မနက်ခင်းကော်ဖီချိန်လေးကို ပိုမိုပြည့်စုံအောင် ဖန်တီးလိုက်ပါ!
💰 ဈေးနှုန်း - ၅၀၀၀၀ ကျပ်
🚚 ပို့ဆောင်မှု - ရန်ကုန်/မန္တလေး အိမ်ရောက်ငွေချေရပါတယ် (နယ်မြို့များ ငွေလွှဲဝင်ပြီး ကားဂိတ်ပို့ပေးပါတယ်)
📩 အသေးစိတ်သိလိုပါက Messenger (သို့) ဖုန်း 09777054926 သို့ ဆက်သွယ်စုံစမ်းနိုင်ပါပြီ။
10/03/2026
Oil / Sauce Pump Dispenser Set
Product Name – Kitchen Oil Pump Dispenser with Rack
Bottle Material – Glass
Rack Material – Metal Stand
Capacity – ~500–1000 ml (per bottle)
Features
Pump Design – လက်နှိပ်ပြီး oil / sauce ထုတ်နိုင်လို့ အလွယ်တကူအသုံးပြုနိုင်
Glass Bottle – Food grade glass ဖြစ်လို့ healthy & safe
Metal Rack – Kitchen counter ကို neat & organized ဖြစ်စေတယ်
Multi Use – Oil, Soy Sauce, Vinegar, Syrup အတွက်အသုံးပြုနိုင်
Use For
Cooking Oil
Soy Sauce
Vinegar
Syrup / Honey
Suitable Places
Home Kitchen
Restaurant Kitchen
BBQ Shop
Cafe / Bakery
Category
Website
Address
Yangon
11081
Alerts
Be the first to know and let us send you an email when Elite Brew Essentials posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.