GolfPro

GolfPro

Share

Available every golf accessories on our store.... We always try to serve you best....

15/07/2023

သူပြောတာ ဟုတ်လို့လား Golfer ကြီးများ

Golf ကွင်းပုံမှန်သွားနေတဲ့ လူတောင် သံသယဝင်ချင်လာပြီ.....

Golfer တွေ အနေအထိုင်ဆင်ချင်မှရတော့မယ်....😁😁😁😁

Photos from GolfPro's post 13/07/2023

🅢🅐🅛🅔 📣📣📣📣📣📣📣

မိတ်ဆွေ golfer များ အတွက် ပိုနေတဲ့

🏌️🏌️𝙏𝒂𝙮𝒍𝙤𝒓𝙢𝒂𝙙𝒆 𝑱𝙚𝒕𝙎𝒑𝙚𝒆𝙙 𝙍𝑬 𝑭𝙖𝒊𝙧𝒘𝙖𝒚 𝑾𝙤𝒐𝙙 🏌️🏌️

တစ်ချောင်း ရောင်းလိုပါတယ်......

စျေးပေးကြည့်ပြီး သင့်တော်တဲ့ စျေးနှုန်းနဲ့ ဆိုရောင်းပေးပါမယ်ဗျ...

brand new ဖြစ်ကြောင်းအာမခံပါတယ်....
စိတ်ဝင်စားရင် ပုံအစုံတောင်းကြည့်လို့ရပါတယ်ဗျ.....

☎️09695049566/09447576152

12/07/2023

==============================
မိမိနဲ့ ကိုက်ညီတဲ့ shaft length တစ်ခုကိုရွေးချယ်ခြင်း
==============================
မိမိရဲ့ စျေးကြီး တဲ့ ဂေါက်တံတစ်ချောင်း‌ကို ဝယ်တော့မယ်ဆို အလုံးစုံထည့်သွင်း တွက်ချက်ဖို့လိုပါတယ်.. စျေးကြီးပေးဝယ်ပြီး မိမိနဲ့ မကိုက်ညီရင် အချည်းနှီးဖြစ်ရပါတယ်.....ရွေး‌ချယ်တဲ့အခါ shaft length ကို တိတိကျကျ ရွေးချယ်ဖို့လဲ လိုအပ်ပါတယ်... အများစုက brand, flex(club shaft ability)swing လွှဲလိုက်ချိန် ကွေးညွတ်နိုင်စွမ်း နဲ့ degree စသည်လောက်ပဲ ရွေးတာများပါတယ်... length ကို တော့ သိပ်ထည့်မတွက်ချက်ကြပါဘူး.... ဘာလို့ length ကအရေးပါလဲ... ဘယ်အရွယ်အစားက ကိုယ်နဲ့ သင့်တော်လဲ ဆိုတာကို ဒီ post မှာ သိသလောက် မျှဝေပေးသွား မှာ ဖြစ်ပါတယ်ဗျ......
(၁) shaft length ဆိုတာဘာလဲ?
သိကြတဲ့အတိုင်း length ဆိုတာ အရှည်ပေါ့ တစ်နည်းအားဖြင့် ဂေါက်တံရဲ့ အရှည်ပေါ့.....ထုတ်လုပ်တဲ့ စံ shaft length က driver အတွက် ၄၅ လက်မ, iron, wedges နဲ့ putter များ အတွက် ၃၅ လက်မ ဝန်းကျင် ဖြစ်ပါတယ်...ဒါပင်မယ် စံသတ်မှတ်ချက်တိုင်းက ကိုယ်နဲ့ မကိုက်ညီနိုင်တာကို သတိထားဖို့လိုပါတယ်....အရပ် ၆ ပေ နဲ့ အထက် ဆို စံထက် လက်မဝက်မှ တစ်လက်မထိ ပိုလိုအပ်လာသလို ဆန့်ကျင်ဖက် ၅ ပေ ၇ အောက် ဖြစ်နေတယ်ဆို စံထက် လက်မဝက် ကနေ တစ်လက်မ ထိ လျော့လိုအပ်ပါမယ်....

(၂) ဘာလို့ length ကအရေးကြီးတာလဲ?
သက်တောင့်သက်သာရှိမှုကြောင့်ပါပဲ.... ဂေါက် swing လွှဲတဲ့အခါ သက်တောင့်သက်သာရှိဖို့နဲ့ ထိရောက်မှုကောင်းဖို့ အတွက် length က တစ်နေရာကနေ ပံ့ပိုးပေးနေတာကြောင့် ပါ..... မကိုက်ညီတဲ့ length နဲ့ ကစားမိရင် မသိစိတ်က နေ bad habitual action တွေရတတ်ပါတယ်.. ဥပမာ နောက်လှန် မိတာမျိုး....တိုတဲ့တုတ်နဲ့ ရိုက်မိရင် လှည့်ထုတ်နိုင်စွမ်း အားနည်းပီး ပါဝါမရပဲဖြစ်တတ်သလို....ရှည်လွန်းတဲ့ တုတ်နဲ့ ရိုက်မိရင်လည်း လိုတာထက်ပို မတ်ရတဲ့အတွက် body angle တွေပျောက်ပြီး ဘောလုံးကို ထိအောင် ရိုက်ဖို့ လိုအပ်တဲ့ body ထိန်းချုပ်မှု တွေကို မလုပ်နိုင်ပဲ ယိုင်နေနိုင်ပါတယ်....သင့်တော်တဲ့ length တစ်ခုဟာ body control ကို သက်တောင့်သက်သာနဲ့ stance လုပ်နိုင်သလို... swing ကိုလည်း မှန်မှန်ကန်ကန်, ပါဝါအားကောင်းကောင်းနဲ့ control ရစေမှာဖြစ်ပါတယ်...shaft length ကို ‌ရွေးချယ်ဖို့ နှစ်နည်းရှိပါတယ်...အရပ်ပေါ်် မှုတည်ရွေးချယ်ခြင်းနဲ့ လက်ကောက်ဝတ်ကနေ ကြမ်းပြင်အထိ တိုင်းတဲ့နည်း ဖြစ်ပါတယ်...
မိမိအရပ်ပေါ် မှုတည်ပြီး တိုင်းတာကတော့ အလွယ်ဆုံးနည်းဖြစ်ပြီးတော့ ပုံမှာ ဇယားနဲ့ ဖော်ပြပေးထားပါတယ်...
လက်ကောက်ဝတ်ကနေ စတိုင်းတဲ့နည်းကတော့ ပိုမိုတိကျပြီး အသေးစိတ်သွားပါတယ်... အရပ်ပုသော်လည်း လက်တံရှည်တဲ့လူတွေလဲရှိတတ်တာကြောင့်ပါ... လက်ကောက်ဝတ်ကနေတိုင်းဖို့ အတွက် ညီညာတဲ့ ကြမ်းပြင်တစ်ခုပေါ် မှာ လက်နှစ်ဖက်ကို ဘေးကိုချထားပြီး လက်ကောက်ဝတ်ကနေ ကြမ်းပြင်ထိ အမြင့်ကို တိုင်းတာကြည့်ပါ.. သတိထားရမှာက ဂေါက်ဖိနပ်ကိုစီးထားရမှာဖြစ်ပါတယ်...တိုင်းတာလို့ရတဲ့ အမြင့်ကို ပုံပါ ဇယားမှာ နှိုင်းယှဥ်ကြည့် ပြီး shaft length ကို ရွေးချယ် ကြည့်လို့ရပါတယ်...

ဆက်လက်ဖော်ပြပေး သွားပါမည်....
⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️
****ဂေါက်ရိုက်ခြင်းသည် စိတ်ရှည်သည်းခံမှုနှင့် ဇွဲရှိရန် လိုအပ်သော အားကစားတစ်ခုဖြစ်ကြောင်း သတိရပါ။***
⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️

T-5

10/07/2023

==========================================
လိုရာရောက်ဖို့အခြေခံလိုအပ်ချက်များ
==========================================
(3) Club Face Angle ပြဿနာ
club face Angle ပြောင်းလဲသွားတာနဲ့ ဘောလုံးရဲ့လားရာဟာလဲ ပြောင်းလဲသွားမှာဖြစ်ပါတယ်... သိထားကြတဲ့အတိုင်း club face open ဖြစ်ရင် slice ဖြစ်ပြီး club face close ဖြစ်ရင် hook ဖြစ်မယ်... club face ထောင့် ပြောင်းလဲသွားရတဲ့ အကြောင်းအရင်းကိုရှာဖို့ လက်ကောက်ဝတ်တွေကို သတိထားကြည့်ဖို့လိုပါတယ်ဗျ... ကစားသမားအများစုက နောက်ကိုဆွဲခြင်း backswing နဲ့ လွှတ်ချလိုက်ခြင်း downswing နှစ်ခုပြုလုပ်ချက်အမှားတစ်ခုခုကြောင့်သာ ရိုက်ချက်လွဲသွားတယ်ထင်တတ်ကြပါတယ်.. အမှန်တော့ တစ်ခါတစ်ရံမှာ ထို swing နှစ်ခုလုံး မှန်နေသည့်တိုင် ထိချက်များ impact လွဲပြီး ဘောလုံးလားရာတွေ လွဲသွားရခြင်းဖြစ်ပါတယ်....impact ဘာကြောင့်လွဲလဲဆိုတာကို မိမိ ရိုက်ချက်ကို video record ယူထားပီး ‌အနှေးပြကွပ်ဖြင့်ပြန်ကြည့်ကြည့်ပါ... ဘောလုံးကို impact ရချိန်မှာ club face angle မှားနေတာတွေ့ရပါလိမ့်မယ်...

(၄) ဘယ်လက်ကဦးဆောင်ပါစေ
ညာသန်ကစားသမားတွေအတွက် swingတစ်ခု လုံးအတွက် ဘယ်လက်က ဦးဆောင်သူဖြစ်ရပါမယ်.... ညာလက်က ဦးဆောင်ပီး ဆွဲခေါ် နေတယ် အားသုံးနေသလိုခံစားရတယ်ဆို မိမိရဲ့ ပုံစံကိုချက် ခြင်းပြင်ဖို့လိုပါပီ.. ဘယ်လက်ရဲ့ဦးဆောင်မှုဆိုတဲ့နေရာမှာ swing အပြည့်ဆွဲရတဲ့ distance shot တွေသာမက near game တွေမှာပါ ပါဝင်ပါတယ်...ဘယ်လက်သည် chipping နဲ့ putting လိုနေရာမျိုးမှာပါ ဦးဆောင် သူဖြစ်ရမှာပါ...ဘယ်က ဦးဆောင်နိုင်အောင် လေ့ကျင့်လေလေ သင့်ရဲ့ ဘောလုံးလားရာ တည့်တည့်ထွက်ဖို့ နီးစပ်လေလေဖြစ်ပြီး... ညာလက်ကို ကူညီသူအဖြစ်သာ သဘောထားလေ့ကျင့်ပါလို့ အကြံပြုတင်ပြပါရစေ....

ဆက်လက်ဖော်ပြပေး သွားပါမည်....
⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️
****ဂေါက်ရိုက်ခြင်းသည် စိတ်ရှည်သည်းခံမှုနှင့် ဇွဲရှိရန် လိုအပ်သော အားကစားတစ်ခုဖြစ်ကြောင်း သတိရပါ။***
⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️

T-4

07/07/2023

စီးပွါးရေးသမားနဲ့ အင်ဂျင်နီယာတို့
ဂေါက်ကွင်းမှာဂေါက်ရိုက်ကြတယ်။
စီးပွါးရေး သမား ဖြစ်သူက ၃ ၊ ၄ ချက်ရိုက်ပြီးတော့
တစ်ချက်မှမဝင်လို့ ဆဲဆိုထူပူနေပါရော။

အဲ့နောက် အင်ဂျင်နီယာ ရိုက်ရမယ့်အလှည့် ရောက်လာတယ်။
သူ့အလှည့်ရောက်ရောက်ချင်း သူမရိုက်ဘူး။ Golf Buggy ကားပေါ်မှာပါလာတဲ့ ရေပြင်ညီတိုင်းကိရိယာနဲ့
သူ စရိုက်ရမယ့် နေရာကနေ အပေါက်ရှိတဲ့နေရာအထိ လိုက်တိုင်းတယ်။

တိုင်းပြီးသွားတော့ ကားပေါ်က ပေကြိုးထုတ်လာပြီး ထပ်တိုင်းပါလေရော။
စီးပွားရေးသမားဖြစ်သူကတော့ ဘာကိုတိုင်းနေမှန်းမသိလို့ ဒီတိုင်း ကြည့်နေတယ်။

ဒီလိုနဲ့ ထပ်တိုင်းပြီးသွားတော့ စာအုပ်တစ်အုပ်ထုတ်လာပြီးတြိဂံတွေ စတုဂံတွေ စက်ဝိုင်းတွေ မျဉ်းတွေ ဆွဲတယ်။

နာရီဝက်လောက်ကြာလာတဲ့အခါမှာတော့
စီးပွားရေးသမားဖြစ်သူက အင်ဂျင်နီယာကို ပြောတယ်။

" မင်းရဲ့ ဂေါက်သီးကို မင်းရိုက်မလား ငါရိုက်ရမလား " တဲ့။

အင်ဂျင်နီယာလည်း အကုန်တိုင်းတာလို့ ပြီးသွားဟန်နဲ့
ဂေါက်ရိုက်တံကိုကိုင်ပြီး မြက်ခင်းစိမ်းပေါ်က ဂေါက်သီးကို
ယုံကြည်မှုအပြည့်နဲ့ ကျင်းရှိရာကိုရိုက်ချလိုက်တယ်။
"မဝင်ပါဘူး ...."

"ဒါကြောင့် ဘဝမှာ မလိုအပ်ပဲ
သောက်ကြီးသောက်ကျယ်တွေ
သောက်ပိုတွေသိပ်မလုပ်ပါနဲ့"

ဟာသအမြင်ဖြင့် သာ ဖတ်ပေးပါ.......😁😁

Crd

05/07/2023
04/07/2023
04/07/2023

==========================================
လိုရာရောက်ဖို့အခြေခံလိုအပ်ချက်များ
==========================================
ဂေါက်သီးတစ်လုံးကို စပြီး ရိုက်ထုတ်ဖို့ ပထမဆုံးလုပ်ရတာက ရိုက်မဲ့ ဘောလုံးအရှေ့မှာ မတ်တပ်စရပ်ရခြင်းပါပဲ....ဂေါက်အခေါ် (stance) ဝင်တယ်ပေါ့....ပြီးရင် အသုံးပြုရမဲ့ တုတ်ကို ကိုင်တယ်ပေါ့ (grip)..... ပြီး ရင် ချိန်တယ်(Aiming Target)...ပြီးရင် ရိုက်ဖို့ အရှိန်ယူတယ် (back swing).....ရိုက်လွှတ်လိုက်တယ်(down swing).....ရိုက်လွှတ်လိုက်တဲ့ အရှိန်ကိုချုပ်မထားပဲ လွှတ်ပေးလိုက်တယ်(follow through)....နောက်ဆုံးမှာ အရှိန်သေ ပြီး လုပ်ငန်းစဥ် ပြီးမြောက်ခြင်း(finish position)......
အထက်မှာ ဖော် ပြ လိုက်တဲ့ လှုပ်ရှားမှု အားလုံးမှန်မှ ဘောလုံးက လိုချင်တဲ့ နေရာကို ရောက်မှာ ဖြစ်ပါတယ်....‌လှုပ်ရှားမှု တစ်ခုလွဲသွားတာနဲ့ ဘောလုံးက လိုရာရောက်မှာ မဟုတ်တာကြောင့် ဒီအားကစားနည်းက အရမ်း အနုစိတ်ရတဲ့ ပညာရပ်တစ်ခုလို့ဆိုကြတာထင်ပါတယ်....ဒီလှုပ်ရှားမှု တစ်ခု စီထဲကမှ အခြေခံ လိုအပ်ချက်လေးတစ်ချို့ကို ပြန်လည်မျှဝေလိုက်ရပါတယ်...

(၁) နေရာယူမှု မှန်ကန်ခြင်း (stance Position)

ပထမဆုံး လုပ်ရတဲ့ လုပ်ငန်း ဖြစ်တဲ့ stance position မှာ စမှား နေရင် ကျန်တဲ့ အပိုင်းတွေ မှန်ကန်နေလဲ ဘောလုံးတစ်လုံးကို ချောချောမွေ့မွေ့ရိုက်လွှတ်နိုင်မှာမဟုတ်ပါဘူး... stance position တွေဟာ club တွေ ‌အပေါ် မှုတည်ပြီး ကွဲပြား‌ပါတယ်... သာမန်အားဖြင့် stance position တစ်ခု ဟာ comfort မဖြစ်နေဘူး ချုပ်နေသလို ဖြစ်မယ် တောင့်တောင့်တင်းတင်းကြီး ဖြစ်နေမယ်ဆို ပထမဆုံးစလွဲနေပါပီ... နေရာယူပြီးတဲ့ အခါမှာ လူဟာ သက်တောင့် သက်သာ ဖြစ်နေဖို့လိုပါတယ်.....stance Position မှာ သတိထား ပြင်ဆင်ပေးရမှာက ‌‌ခြေထောက်အကျယ်၊ အလေးချိန်မျှတမှု၊ club face ‌အနေအထားမှန်ကန်မှု စတဲ့ အရာတွေပဲဖြစ်ပါတယ်...မှန်ကန်တယ်ဆိုတာ ဘယ်လို အနေအထားလဲလို့မေးတဲ့အခါ အဖြေမပေးခင် အကြံပေးလိုတာကတော့ လေ့ကျင့်ရေးကွင်းမှာ အထက်က ပြောတဲ့အချက်တွေကို တစ်ခု ခြင်းပုံစံမျိုးစုံနဲ့ စမ်းရိုက်ကြည့်ပါ... ဘာဖြစ်သွားလဲဆိုတာကို ခံစားကြည့်ပါ... (ဥပမာ- stance ကို ကျဥ်းပီး ရပ်ကာ ရိုက်ကြည့်ပါ.. နောက်တစ်ခု ပုံမှန်အနေအထားမှာ တစ်ခါရိုက်ကြည့်ပါ.. ဒါ့အပြင် ခြေထောက်နဲ့ ဘောလုံအကွာအဝေးကို ချိန်ညှိပြီး စမ်းသပ်ရိုက်ကြည့်ပါ... မိမိ ရဲ့ anatomy နဲ့လိုက်ဖက်တဲ့ stance position တစ်ခုကို တွေ့ပါလိမ့်မယ်)

(၂) လက်ကောက်ဝတ်လှုပ်ရှားမှုနှင့် ဘောလုံး လမ်းကြောင်း

stance မှန်နေသည့်တိုင်အောင် သို့ မိမိနဲ့ ကိုက်ညီတဲ့ position ရနေသည့်တိုင်အောင် တုတ်ကိုကိုင်ထားတဲ့ လက်ကောက်ဝတ်အနေအထားမှားနေရင်လဲ လိုရာရောက်မှာမဟုတ်ပါဘူး.... players အများစု က stance ပြင်ကြတယ်၊ swing ပြင်ကြတယ်၊ ဒါပင်မယ့် အခြေခံသေးသေးလေးဖြစ်တဲ့ grip ပြင်ဖို့ တော့ အားနည်းနေတတ်ကြပါတယ်... လက်ကောက်ဝတ်လေးတစ်ခု ပြင်လိုက်တာနဲ့ ဘောလုံးလမ်းကြောင်းဦးတည်ချက်၊ ပျံသန်းမှု နဲ့ အကွာ‌အဝေးအကုန် သိသိသာသာပြောင်းလဲသွားပါတယ်.... လက်တွေ့စမ်းသပ်ကြည့်ပါ... grip လေးကို ပြင်ပြီး ကိုင်လိုက်နိုင်တာနဲ့ အခြား ကို့မှာဖြစ်နေတဲ့ တစ်ချို့ကို ပြေလည်သွားစေနိုင်တယ်ဆိုတာ မမေ့ဖို့လိုပါတယ်.... ပုံမှာ ပြထားသလို natural grip ကို ရအောင် ကိုင်နိုင်လေလေ ဘောလုံး ဘယ်ညာ ယိုင်ထွက်သွားတာ နည်းလေလေ ဆိုတာ ကိုယ်တွေ့ သိခဲ့ရပါတယ်....နောက်တစ်ခုက grip pressure ပါ position မှန်ပြီး pressure မမျှရင်လဲ လိုသလောက်ခရီးမပေါက်ပါဘူး....တင်းကြပ်စွာ ကိုင်လွန်းရင်လဲ လှုပ်ရှားမှုကန့်သတ်ချက်ဖြစ်ပြီး power မရတော့လို လျော့ရဲလွန်းရင်လဲ ဟန်ချက်ပျက်ဆီးပြီး impact ထိခိုက်နိုင်ပါတယ်.. grip position and power ကို ချိန်ညှိပြီး စမ်းသပ်ရိုက်ကြည့်ဖို့ မကြောက်ပါနဲ့ လို အကြံပြုတင်ပြပါရစေ....

ဆက်လက်ဖော်ပြပေး သွားပါမည်....
⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️
****ဂေါက်ရိုက်ခြင်းသည် စိတ်ရှည်သည်းခံမှုနှင့် ဇွဲရှိရန် လိုအပ်သော အားကစားတစ်ခုဖြစ်ကြောင်း သတိရပါ။***
⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️

T-3

03/07/2023

==============
winner Rickie Fowler
==============

လေးနှစ်ပေါင်းရာသီမှာ အောင်ပွဲပျောက်နေခဲ့တဲ့ Rickie Fowler ကြီး play-off မှာ rouge ထဲက ဆွဲတင်ပြီး ၁၂ ပေအကွာက birdie putt နဲ့ 2023 Rocket Mortgage Classic ရဲ့ winner ဖြစ်ခဲ့ပါပြီ...

⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️
****ဂေါက်ရိုက်ခြင်းသည် စိတ်ရှည်သည်းခံမှုနှင့် ဇွဲရှိရန် လိုအပ်သော အားကစားတစ်ခုဖြစ်ကြောင်း သတိရပါ။***
⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️

SP-2

Photos from GolfPro's post 02/07/2023

==========================
Taylormade Stealth 2 vs Ping G430 Max
==========================
Technical ပိုင်းအရဆို Taylormade ကြိုက်ပင်မယ့်..Design ပိုင်းအရဆို Ping ကိုပိုကြိုက်မိပါတယ်... အားသာချက်အားနည်းချက် ကိုယ်စီရှိနေပီးတော့
စျေးနှုန်းအရတော့ နှစ်ခုလုံး တူတူပါဘဲ.......... တစ်ဦးတည်းအမြင်အရဆို Taylormade ကိုပိုကြိုက်ပါတယ်... Carbon-composite face ဖြစ်လို့ပိုပေါ့ပါးတာကြောင့်ပါ...

Golfer ကြီးများရဲ့ အတွေ့အကြုံနဲ့ အကြိုက်လေးတွေကိုလဲ ဝေမျှပေးသွားပါအူးဗျ....

⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️
****ဂေါက်ရိုက်ခြင်းသည် စိတ်ရှည်သည်းခံမှုနှင့် ဇွဲရှိရန် လိုအပ်သော အားကစားတစ်ခုဖြစ်ကြောင်း သတိရပါ။***
⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️

R-2

02/07/2023

=======================================
🏌️‍♀️🏌️‍♀️🏌️‍♀️𝐘𝐞 𝐇𝐭𝐞𝐭 𝐀𝐮𝐧𝐠 𝐮𝐩𝐥𝐢𝐟𝐭𝐬 𝐭𝐢𝐭𝐥𝐞 𝐢𝐧 𝐒𝐈𝐍𝐆𝐇𝐀-𝐒𝐀𝐓 𝐍𝐚𝐤𝐡𝐨𝐧 𝐑𝐚𝐭𝐜𝐡𝐚𝐬𝐢𝐦𝐚 𝐂𝐥𝐚𝐬𝐬𝐢𝐜 𝟐𝟎𝟐𝟑 𝐨𝐟 𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝 𝐏𝐆𝐀 𝐓𝐨𝐮𝐫🏌️‍♂️🏌️‍♂️🏌️‍♂️
=======================================
ဇွန်၂၈ ရက်မှ ဇူလိုင် ၁ ရက်အထိ ထိုင်းနိုင်ငံ Khao Yai Country Club ၌ကျင်းပသည့် Thailand PGA Tour ၏ ပြိုင်ပွဲတစ်ခုဖြစ်သေ SINGHA-SAT Nakhon Ratchasima Classic 2023 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာပရော်ဖက်ရှင်နယ် ဂေါက်သီးရိုက်ကစားသမား ရဲထက်အောင် ချန်ပီယံဆု ဆွတ်ခူးရရှိခဲ့သည့် အတွက် 𝐆o𝐥f𝐏r𝐨 မိသားစုမှ အထူးပင်ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း မှတ်တမ်းတင်အပ်ပါ...

⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️
****ဂေါက်ရိုက်ခြင်းသည် စိတ်ရှည်သည်းခံမှုနှင့် ဇွဲရှိရန် လိုအပ်သော အားကစားတစ်ခုဖြစ်ကြောင်း သတိရပါ။***
⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️

SE-1

28/06/2023

📣📣📣မေးခွန်းအစီအစဥ်လေး လာပါပီဗျာ......📣📣📣

တီခုံပေါ် ရောက်ရင် ဘယ်သူက အရင်ရိုက်ရလဲ ❓❓
အဲ့မှာ အခြေအနေ ၂ ခုရှိတာ ပေါ့နော် ပထမဆုံးကျင်းမှာဆို တစ်မျိုးနဲ့
ဒုတိယကျင်းကစပြီး နောက်ဆုံးကျင်းထိက တစ်မျိုးပေါ့...❓❓

အဲ့တော့ မေး ခွန်း နှစ်ခု အတွက် အဖြေ ၂ ခုကို လေးစားရတဲ့ golf ဝါသနာရှင်များ ဖြေကြည့်ပေးပါဦးဗျာ.....👇👇

⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️
****ဂေါက်ရိုက်ခြင်းသည် စိတ်ရှည်သည်းခံမှုနှင့် ဇွဲရှိရန် လိုအပ်သော အားကစားတစ်ခုဖြစ်ကြောင်း သတိရပါ။***
⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️

Q-1

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address

Yangon
11071