Yokai Project
•Introducing my daily lifestyle of a yokai •
Authentic Branded Items only
USA direct
Fun Blogs & Projects
13/11/2022
Naraya brand ထဲကကြိုက်တာလေးတွေ ရှိရင် မှာလို့ရတယ်နော် ❤️
waiting time 1 week ❤️
13/11/2022
အသားအိအိပျော့ပျော့လေးနဲ့ Naraya က အိတ်ပုစိလေးတွေ မှာလို့ရမယ်နော် ❤️
waiting time 1 -2 week
တစ်အိတ်ကို 11000 ပါရှင့်
pre order , half prepaid ❤️
အထဲမှာ မှန်ပါပါတယ် zip လည်းပါတယ် ❤️
04/07/2022
Yokai Project အက်မင် ဘယ်သူလဲ ? ဘယ်မှာလဲ ? ဘာလုပ်နေပြီး ဘယ်ရောက်နေတာလဲ ?
အားလုံးပဲ မင်္ဂလာပါ ၊ ပေ့ချ်လေးက်ို ၂နှစ်တာ ကာလအတွင်း အများကြီး ချစ်ခင်ပေးခဲ့ကြလို့ ကျေးဇူးတင်ပါတယ် ၊တစ်ခါမှ personally မမိတ်ဆက် ဖူးပေမယ့် Yokai Project ရဲ့ one and only admin လေး က်ိုယ်ထင်ပြပါပြီ ၊ ပြောရရင် ဒီနေ့က ရေမွှေး အကြောင်း review အစား admin အကြောင်းဖြစ်ပါလိမ့်မယ်၊ personal ရင်ဖွင့်စာလည်းနည်းနည်းဆန်တာမို့လို့ ကျော်သွားလို့လည်းရပါတယ်။
ပေ့ချ်လေးကနေ ကိုယ်ရေးတဲ့စာတွေက်ိုဖတ်ပြီး ကိုယ့်စာတွေကိုရော ကိုယ့်ရေမွှေးတွေကိုရော ချစ်ပေးခဲ့ကြတာ ကျေးဇူးတင်ပါတယ် ၊ ဒိီကြားထဲလည်း တချို့ cus တွေက ပါစင်နယ်အကောင့် သိချင်လို့ ဘာညာမေးကြတာမျိုးရှိတယ်ပေါ့နော် ၊ မင်မင်က အပြင်မှာ စာရေးသူ / cosplayer ဖြစ်ပါတယ်။ ၂၀၁၉ မှာ ပထမဆုံး ကိုယ်တိုင်ရေး ဝတ္ထုကို ပုံနှိပ်ထုတ်ဝေခဲ့ပြီး cosplay journey ကတော့ 2016 တည်းကစခဲ့တာပါ။
ဒါပေမယ့် တခြားသူတွေနဲ့ ယှဉ်ရင် စာရေးတာ တအားနည်းပါတယ်။
ဘာလို့လဲဆိုတော့ တကယ်တမ်း ပြန်စဉ်းစားကြည့်လိုက်တော့ကျ ဘဝမှာ ကိုယ်သဘောကျတာ ကိုယ်လုပ်တာ နည်းနေပါတယ် ၊ ကိုယ်အချစ်ဆုံးသူတွေ သဘောကျတာကိုပဲ အဓိက လိုက်လုပ်နေမိတာပါ ။ ဥပမာပြောရရင် ဒီနှစ်တွေထဲ အမေသဘောကျတဲ့ တက္ကသိုလ် ဘာသာရပ်ကို ယူထားရင်း ၊ အချစ်ဦး သဘောကျတဲ့ cosplay ကို လုပ်ရင်း ၊ တကယ်တမ်းပြောရရင် ဒီရေမွှေးတွေကလည်း ကိုယ်အချစ်ဆုံး လူတွေထဲကတစ်ယောက် သဘောကျတဲ့ အရာပါပဲ ။
၂၀၂၂ မှာ ဆုံးဖြတ်လိုက်တာကတော့ ကိုယ်သဘောကျတာပဲ ကိုယ်လုပ်တော့မယ်ဆိုပြီးတော့ပါ ၊ June လမှာ career စ change မယ်လို့တွေးလိုက်ပါတယ် ။
အခု စာရေးတာကို အလုပ်သဘောအနေနဲ့ စလုပ်နေပါတယ် ၊ ( career change ဖို့ လမ်းစရော ၊ အဆင်ပြေအောင်ရော ဝိုင်းတွန်းအားပေး ကူညီခဲ့ကြသူတွေက်ိုလည်း ကျေးဇူးတင်ပါတယ် )
အခုကတော့ အန်ဂျီအို ပရောဂျက် တွေရဲ့ ကောမစ် ပ်ိုင်းတွေမှာ script တွေရေးနေပါတယ် ၊ ဝတ္ထုရှည်နောက်တစ်ပုဒ် အစအဆုံးရေးဖို့ကတော့ အွန်လိုင်းပေါ်က သင်တန်းတွေနဲ့ မအားသေးတာလည်း ပါပါတယ် ။ တစ်ဖက်မှာ ဘာသာစကားလေ့လာတာတွေဘာတွေ သေချာလေး အချိန်ပေးချင်တာပါပါတယ်။
အခုတော့ စာရေးသူအနေနဲ့ ပေ့ချ်အသစ်လေး လုပ်ထားပါတယ် ၊ https://m.facebook.com/crystalmiyo22/
audience မရှိရင်တော့ ဒီတိုင်း အလုပ်တွေ လက်ခံဖို့ page တစ်ခု ပါပဲ ၊ တကယ်လို့ ဒီပေ့ချ်က က်ိုယ့် ရေမွှေးစာဖတ်သူတွေက ကိုယ့်စာလေးတွေ ဖတ်ချင်ရင်တော့ content လေးတွေ တင်ဖြစ်ပါလိမ့်မယ် ❣️
အဓိကက ဒီပေ့ချ်က လူတွေ နဲ့က နှလုံးသား အနီးဆုံးဖြစ်ခဲ့တာမို့ personal acc မှာတောင် မတင်ရသေးခင် ဒီမှာ အရင်ပြောတာပါ
yokai project ကရော ဘာဖြစ်သွားမှာလဲ ဆိုတော့ အချိန်တစ်ခုထိ ခဏလေးနားထားပါမယ် ၊ ဘယ်အချိန် ပြန်စမလဲဆိုတော့ အတိအကျမပြောတတ်ပေမယ့်
ပိုကောင်း၊ ပိုစုံတဲ့ variety တွေနဲ့ ရေမွှေး မင်မင်လေး ပြန်လာအုန်းမှာမို့ မပူပါနဲ့ 💕💕အစကတော့ ဘာမှ မရေးဘဲ တိတ်တိတ်လေးပျောက်သွားမလို့ပေမယ့်
inbox msg တွေမှာ စိတ်ရှည်လက်ရှည် လာမေးကြသူတွေ များလို့ ဒါလေးတင်လိုက်တာ ဖြစ်ပါတယ်
အဆုံးထိ ဖတ်ပေးလို့လည်းကျေးဇူးတင်ပါတယ်
မင်မင် ဒီနေ့ကနေစပြီး နောက်လ June 2 ရက်နေ့လောက်ထိ ခဏလေးနားပါမယ်နော် 💔
customer သစ်လေးတွေ ကို အဲ့ကျမှ စာပြန်ပါမယ် 💕
ပြောလက်စ cus အဟောင်းလေးတွေကိုတော့ အားရင် အားသလို စာပြန်ပေးမယ်နော် 💕💕
23/05/2022
ဒါလေး နောက်ဆုံးတစ်ဘူးပဲ ကျန်
ဦးသူရမယ်နော် ❣️❣️
21/05/2022
Love yourself (သို့မဟုတ်) Jimmy Choo ရဲ့ I want Choo
မိုးအေးအေးနဲ့ ရေမွှေး review လေး ပြန်လာပါပြီ ၊ ဆိုတော့ကာ ဒီတစ်ခါကတော့ မိန်းကလေးတွေ အကြိုက်တွေ့စေမယ့် Jimmy Choo ရဲ့ I want Choo ပါပဲ ။
အနံ့ကို counterstore တွေမှာ မဖြန့်ခင် စိတ်အဝင်စားဆုံးက ဒီတစ်ခါ ဒီရေမွှေးကို ဖန်တီးတဲ့သူက ရေမွှေးပညာရှင် perfumer မဟုတ်ဘဲ ဒီဇိုင်နာ Sandra Choi ကိုယ်တိုင်ဖန်တီးထားတာပါ ၊ Sandra Choi က ဘယ်သူလဲဆိုတော့ Jimmy Choo Brand ကြီး တစ်ခုလုံးရဲ့ ဒါရိုက်တာ အဆင့် ရာထူးပိုင်ရှင်ပါပဲ ၊ အာရှသူ ပီပီ မိဘနှစ်ပါးက သူ့ရဲ့ art college တက်ချင်တဲ့ အိပ်မက်ကို ငြင်းပယ်ခဲ့ကြလို့ အိမ်ပေါ်က ဆင်းလာပြီး အသက် ၁၇ နှစ်မှာ ဦးလေးနဲ့ အဒေါ်ဖြစ်သူရဲ့ Choo ဖိနပ်ဆိုင်လေးမှာ အလုပ်စဝင်ရင်း ကမ္ဘာကျော် Jimmy Choo ရယ်လို့ဖြစ်လာတဲ့အထိ ဒီဇိုင်းတွေ ဖန်တီးရင်း ဂျစ်ကန်ကန် ကလေးမလေးကနေ နှစ် နှစ်ဆယ်ကျော်အကြာမှာ ကိုယ့်အိပ်မက်ကိုယ်ဖန်တီးနိုင်တဲ့သူဖြစ်လာခဲ့ပါတယ် ။ သူ့ရဲ့ ခံယူချက်က " အမျိုးသမီးတွေရဲ့ ပင်ကိုယ်သဘာဝက ပြုစုပျိုးထောင်တာ ကိုကျွမ်းကျင်တယ် ၊ ချစ်ခြင်းမေတ္တာကိုဖြစ်ဖြစ် ဘယ်အရာကိုဖြစ်ဖြစ် ရှင်သန်ကြီးထွားအောင် ပြုစုပျိုးထောင်နိုင်တဲ့ မိန်းမတွေဟာ ကိုယ်ပိုင်စီးပွါးရေးလုပ်ငန်းတစ်ခုကို ပိုလို့တောင် အောင်မြင်အောင် ပျိူးထောင်နိုင်သေးတယ် " တဲ့ ။
ရေမွှေးပုလင်း ပုံစံနဲ့ ကြော်ငြာ က တအား bling bling ဖြစ်နေပေမယ့် တကယ်ကနေ့စဉ်ဘဝနဲ့ နီးစပ်ပြီး အတော် လက်တွေ့ဆန်ဆန် လှပတဲ့ အနံ့ပဲလို့ ခံစားမ်ိတယ် ။ ပြီးတော့ အနံ့သစ်ဆိုပေမယ့် စိမ်းမနေဘူး ရင်းနှီးနေတယ် ၊ တချို့တွေကတော့ Givenchy ရဲ့ L'Interdit edp နဲ့ vibe နည်းနည်း ဆင်တယ် ပြောကြတယ် ၊ မင်မင်ကတော့ personally ပြောရရင် ပစ္စည်းပြတ်နေတဲ့ micheal kors တွေ ကို လွမ်းနေကြတဲ့ MK fan တွေအတွက် ပိုလိုအပ်တယ်မြင်တယ် ၊ sexy amber နဲ့ wonderlust ကိုပေါင်းထားတဲ့ အနံ့မျိုး မို့ ရှယ်တကာရှယ် 2 in 1 ပဲ ။ အဓိက peach , lily , jasmine ကို vanilla နဲ့ ပါးပါး ပြန်ပုတ်တာ အနံ့ တအားလှတယ် ပြောရမယ် ။
အဲ့တော့ ဘယ်လိုလူတွေက ဒီရေမွှေးကို ယူသင့်လဲဆိုရင်
ရေမွှေး မသုံးဖူးတဲ့သူတွေ၊ ပြီးတော့ ရေမွှေးသုံးနေကျသူတွေ ။
လမ်းပျောက်နေလား ? ၊ ဒါလေးက မျှော်လင့်ချက်ပေးလိမ့်မယ် ။ ကိုယ်သွားချင်တဲ့ လမ်းပေါ်မှာလား ? ဟုတ်ပြီ ဒီ အနံ့လေးက ရှေ့ဆက်ဖို့ အင်အားပေးလိမ့်မယ် ။
တစ်စုံတစ်ယောက်ကို ချစ်မ်ိနေလား ? ၊ ဒီအနံ့လေးက ကြည်နူးစေလိမ့်မယ် ၊ ဘယ်သူကိုမှ မချစ်ဘူးလား ? ရတယ် ဘယ်သူမှ မလိုဘူး ၊ ကိုယ့်ကိုကိုယ်ချစ်လာအောင် ဒီရေမွှေးလေးကဖန်တီးပေးလိမ့်မယ် ။
I want you လား ? ဟင့်အင်း I want Choo ပါပဲ ။
❣️❣️❣️
price : 2ml - 6000 (instock )
2ml sample က အိတ်ပိတ် နဲ့ လာတာပါ ၊ လက်ဆောင်ပေးလို့လည်းကောင်းပါတယ် ၊ Shivers : Ed Sheeran (ft Jessi , Sunmi ) သီချင်းလေး ညွှန်းရင်း ဒါလေး ပေးလိုက်လို့ကတော့ Vibe လေး ထပ်တူကျပြီးရှယ်ပါပဲ ။
19/05/2022
ဒီအကောင့် ပိုင်ရှင်လေးအတွက်
miniature ရေမွှေးလေးတစ်ဘူး surprise gift ရောက်နေပါတယ်ရှင့် 💖
personalized လုပ်ပြီးအနံ့ကိုက်တဲ့ ဟာလေးကို SG အဖြစ်ပေးမှာပါတဲ့ ၊ ဒါကြောင့် အနံ့လေး လာရွေးပေးဖို့ အကောင့်ပိုင်ရှင်လေးကို မန်းရှင်း ခေါ်ပေးကြပါအုန်း ❣️
18/05/2022
နာမည်ကြီး Viktor & Rolf Flowerbomb လေး instock ရပါပြီ 💖
မေးထားကြတဲ့ သူလေးတွေ ဖို့ သတင်းကောင်းပဲနော် 😍 (stock သိပ်အများကြီး မရှိလို့ လက်မြန်ဖို့တော့ လိုမယ်နော် )
7ml size ကို 23000 ပါ
အနံ့လေးက rose x patchouli မို့ floral နဲ့ musky ကို အရောလေးပါ ၊ spicebomb လောက် မဟုတ်ပေမယ့် ရှတတ spice လေးလည်း နည်းနည်းပါတယ်
အရင် signorina eleganza , chloe parfum တို့ ကြိုက်ရင် ဒါလေး ကြိုက်မှာ 💖💖
17/05/2022
customer လေးတစ်ယောက်က သူ့မေမေ အတွက် လက်ဆောင်မှာထားတာလေး ❣️❣️ + မင်မင့် လက်ရာ handmade flower packing လေး နဲ့ လှနေရော
12/05/2022
လူရွေးမှန်ရင် ပျော်ရလား မသိပေမယ့်
ရေမွှေး အရွေးမှန်တဲ့သူတွေတော့ ပျော်ကုန်ကြပြီနော် 💕 တစ်ပတ်အတွင်း customer တွေရဲ့feedback လေးတွေပါ 💖
miniatures အမျိူးအစားသစ်လေးတွေ ရောက်ထားပြီး သေချာလေးရွေးပေးနေတာမို့ မြန်မြန်ပျော်ချင်ရင် မြန်မြန်လာလိုက်တော့နော် 😍
Website
Address
Alerts
Be the first to know and let us send you an email when Yokai Project posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.