Sport House

Sport House

Share

Football & Game Service

20/09/2026

မန်ယူရဲ့ မကြာသေးမီ ရလဒ်တွေ ကျဆင်းနေတာရော အဝေးကွင်း ဖြစ်နေတာကြောင့်ပါ ဒိုင်တွေဘက်က မန်ယူကို သရေကျရင် အရှုံးပြမဲ့ L-90 လောက်နဲ့ပဲ သတိကြီးကြီးထား ချိန်ဆဖွင့်ပေးထားတဲ့ အနေအထားမျိုးပါ။

​မန်ယူဟာ မန်စီးတီးနဲ့ ဘရိုက်တန်တို့ကို ဆက်တိုက် ရှုံးနိမ့်ခဲ့လို့ နည်းပြ ကာရစ် ဖိအားဝင်နေပြီး လိဂ် ၄ ပွဲမှာ ၇ ဂိုးထိ ပေးထားရတဲ့ ခံစစ်အားနည်းချက် ရှိနေပေမဲ့ ၊ တိုက်စစ်ပိုင်းမှာတော့ လိဂ်အများဆုံး ဂိုးကန်သွင်းခွင့် ၈၄ ကြိမ်နဲ့အတူ အခွင့်အရေး ဖန်တီးမှုတွေ မြင့်မားနေဆဲပါ

၊ အထူးသဖြင့် ဖူဟမ်ရဲ့ ကွင်းဖြစ်တဲ့ ကရေဗင်ကော့တေ့ချ်မှာ နောက်ဆုံး ၁၀ ကြိမ် လာကစားခဲ့ရာမှာ ရှုံးပွဲလုံးဝ မရှိဘဲ ၈ ပွဲထိ အနိုင်ရထားတဲ့ သမိုင်းကြောင်း အသာစီးကလည်း ယူနိုက်တက်အတွက် ယုံကြည်မှု အပြည့် ဖြစ်စေပါတယ်။

တစ်ဖက်က ဖူဟမ်ကျတော့ နည်းပြသစ် အာဘီလိုအာ လက်အောက် လိဂ် ၄ ပွဲ ကစားပြီးချိန် နိုင်ပွဲ မရသေးသလို အိမ်ကွင်း နောက်ဆုံး နှစ်ပွဲစလုံး 2 - 3 တွေနဲ့ ဆက်တိုက် အရေးနိမ့်ထားတယ်။

ဒါပေမဲ့ ကြားရက် လိဂ်ဖလားမှာ ဝက်စ်ဟမ်းကို အနိုင်ရထားသလို အန်ဖီးလ်မှာ လီဗာပူးလ်ကို ဂိုးမရှိ သရေကစားပြခဲ့တဲ့ ခံစစ်မာဂုဏ်မျိုး ရှိနေတာကိုတော့ လျှော့တွက်လို့ မရပါဘူး။

​နှစ်သင်းစလုံး ခံစစ်ပိုင်း ၇ ဂိုးစီ ပေးထားရလို့ အားနည်းချက် ကိုယ်စီ ရှိနေပေမဲ့ ၊ ခံစစ်အမှား ပိုများနေတဲ့ ဖူဟမ်ကို ရပ်ရှ်ဖို့ဒ်တို့ရဲ့ မန်ယူတိုက်စစ်က သမိုင်းကြောင်း အစဥ်အလာ ကောင်းကောင်းနဲ့ ဖောက်ထွက်သွားနိုင်ခြေ ပိုများပါတယ် ၊

L-90 စျေးတန်းအရ မန်ယူ ကပ်နိုင်ရုံနဲ့ အပြည့်ရမှာဖြစ်သလို ဂိုးပေါင်း 3D ဖွင့်ထားတဲ့အတိုင်း အပြန်အလှန် သွင်းဂိုးတွေကြားကပဲ မန်ယူက အဝေးကွင်း နိုင်ပွဲနဲ့ မျက်နှာပန်း ပြန်လှသွားမယ်လို့ မြင်ပါတယ်။

​ရွေးချယ်မှု့ ~ မန်ယူ ဘော်ဒီ
​ခန့်မှန်း [ 1 - 2 ]
​အကြိုက်တူမှကစားပါ။

Photos from Sport House's post 18/09/2026

🗣️ "မန်ယူက အခုတလော ငါ့ကို တော်တော် ခေါင်းရှုပ်စေတယ်။ 😭

​ညာနောက်ခံမှာ ဒါလော့ (Dalot) ကို ပွဲထွက်ကစားခိုင်းလိုက်တာနဲ့ မာဇရာဝီ (Mazraoui) ကို လွမ်းလာရော။ နောက် မာဇရာဝီကို ပွဲထွက်ခိုင်းလိုက်တော့လည်း ဒါလော့ကို ပြန်လွမ်းနေပြန်ရော။ 😭

​ရှော (Shaw) ကို ကစားခိုင်းရင် ဒေါ့ဂူ (Dorgu) ကို လွမ်းကြတယ်။ ဒေါ့ဂူကို ပွဲထွက်ခိုင်းပြီး ၁၅ မိနစ်လောက် ကြည့်လိုက်တာနဲ့ ရှောကို ရုတ်တရက် ပြန်လွမ်းသွားကြပြန်ရော။ 😂

​ကူညာ (Cunha) ကို false nine အဖြစ် ကစားခိုင်းပြန်တော့လည်း ရှက်ရှကို (Šeško) ကို လွမ်းတယ်ဆိုပြီး ညည်းကြတယ်။ ပြီးတော့ ရှက်ရှကို ပွဲထွက်ကစားပြန်တော့လည်း ကူညာကို ပြန်လွမ်းလာကြပြီး ရှက်ရှကိုက မန်ယူဘက်က မဟုတ်သလို ကွင်းထဲ လမ်းလျှောက်နေတာပဲလို့ ပြောကြပြန်ရော။ 🙆😂

​မန်နေဂျာတွေ အပိုင်းကျတော့ ပိုဆိုးသွားတယ်။

​ပြဿနာရဲ့ အရင်းအမြစ်လို့ ထင်တဲ့မန်နေဂျာကို ထုတ်ပစ်ပြီး ဒါဟာ ဖြေရှင်းချက်ပဲလို့ ထင်တဲ့ မန်နေဂျာအသစ်ကို ခန့်လိုက်တဲ့ အခိုက်အတန့်မှာပဲ အရင်က အထုတ်ခံစေချင်ခဲ့တဲ့ မန်နေဂျာကို ရုတ်တရက် ပြန်လွမ်းလာကြရော။

​ဒီအခြေအနေအရဆို ငါတို့က ပွဲမကစားရတဲ့သူမှန်သမျှကိုပဲ လိုက်လွမ်းနေကြတာ ထင်တယ်" 😂😂

#အီဗရာ

Photos from Sport House's post 14/09/2026

"ဒီနေ့ပွဲကို ကြည့်ပြီးတဲ့နောက် မိုက်ကယ် ကာရစ်ခ်က ဒေါ်ဂူထက် လုခ်ရှောကို ဘာကြောင့် ဦးစားပေး ပွဲထွက်ခွင့်ပေးနေရသလဲဆိုတာ အခုမှပဲ ငါ နားလည်သွားတော့တယ်"

​"ဒေါ်ဂူက ဘယ်တောင်ပံ (LW) ရော ဘယ်နောက်ခံ (LB) နေရာမှာပါ တစ်ပြိုင်နက်တည်း အဆိုးရွားကြီး ဖြစ်နေခဲ့တာပါ။ ဒီနေ့ ဒေါ်ဂူ ပြသသွားတဲ့ ခြေစွမ်းထက် ဟယ်ရီ အမက်စ်သာဆိုရင် အများကြီး ပိုကောင်းအောင် လုပ်ပြနိုင်လိမ့်မယ်လို့ ငါ ယုံကြည်တယ်"

​"မန်ယူနိုက်တက်အနေနဲ့ အသင်းပြိုလဲပျက်စီးမသွားစေချင်ဘူးဆိုရင်တော့ လာမယ့် ဇန်နဝါရီမှာ အရည်အသွေးမြင့် ဖူးလ်ဘတ်ခ်တွေ ခေါ်ယူဖို့ ငွေကြေးသုံးစွဲဖို့ လိုအပ်နေပြီ"

#ပေါလ်စခိုး

Photos from Sport House's post 14/09/2026

"ဒီရှုံးနိမ့်မှုအတွက် မိုက်ကယ် ကာရစ်ကို ကျွန်တော် ၁၀၀% အပြစ်တင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားဆီမှာ တိုက်စစ်မှူးကောင်းတစ်ယောက် ရှိနေရဲ့သားနဲ့ အရန်ခုံမှာပဲ ထိုင်ခိုင်းထားခဲ့တယ်။ သူ့ရဲ့ လူစားလဲမှုတွေကလည်း လွဲချော်ခဲ့သလို ဒီနေ့ပွဲ သူ့ရဲ့ နည်းဗျူဟာပိုင်း အရာအားလုံးက ဆိုးရွားလွန်းခဲ့ပါတယ်။

​ထူးချွန်တဲ့ စွမ်းဆောင်ရည် ပြသနိုင်ခဲ့တဲ့ ကော့ဘီ မိုင်နူးကလွဲရင် ကျန်တဲ့ ကစားသမားတွေဟာ အမှိုက်လို အသုံးမကျအောင် ကစားခဲ့ကြပါတယ်။ ဒါပေမဲ့ ယူနိုက်တက် ရှုံးနိမ့်ခဲ့ရတာကတော့ ကာရစ်ရဲ့ ဆုံးဖြတ်ချက်တွေကြောင့်ပါပဲ။"

#နဗီးလ်

13/09/2026

မန်ချက်စတာ ဒါဘီပွဲ ဖြစ်တာရော အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်ရဲ့ အိမ်ကွင်းမာဂုဏ် ရှိနေတာကြောင့်ပါ ဒိုင်တွေဘက်က မန်စီးတီးကို ကြေးမတင်းဘဲ သရေရှုံး L-65 လောက်နဲ့ အငြိမ်ဖွင့်ထားတဲ့ စျေးအနေအထားမျိုး ဖြစ်ပါတယ်။

​ပြီးခဲ့တဲ့ရာသီ ဒီကွင်းမှာ ယူနိုက်တက်က မန်စီးတီးကို 2 - 0 နဲ့ နိုင်ခဲ့ဖူးသလို ကာရစ်လက်ထက် အိုးထရက်ဖို့ဒ် ၁၁ ပွဲမှာ ၁၀ ပွဲထိ အနိုင်ရထားတဲ့ မှတ်တမ်းကောင်း ရှိနေပါတယ် ၊ ဒါပေမဲ့ ယူနိုက်တက်ဟာ ဒီရာသီ လိဂ် ၃ ပွဲစလုံးမှာ တစ်ပွဲကို အနည်းဆုံး ၂ ဂိုး ပြန်ပေးထားရတဲ့ ခံစစ်အားနည်းချက် ရှိနေတဲ့အပြင် ၊

ကြာသပတေးနေ့မှ ချန်ပီယံလိဂ် ကစားခဲ့ရတာမို့ အင်္ဂါနေ့ကတည်းက ပေါ်တိုကို 2 - 0 နဲ့ နိုင်ထားတဲ့ မန်စီးတီးထက် ၄၈ နာရီ နားရက် ပိုနည်းနေတာက ထိုးနှက်ချက်ပါ ၊

တစ်ဖက်က မန်စီးတီးကျတော့ လိဂ် ၃ ပွဲစလုံး အနိုင်ရထားပြီး တိုက်စစ်ပိုင်း အရှိန်ကောင်းနေသလို ၊ ဟာလန်းကိုယ်တိုင်ကလည်း ယူနိုက်တက်နဲ့ လိဂ် ၇ ပွဲမှာ ၈ ဂိုးထိ သွင်းထားတဲ့ သမိုင်းကြောင်း အသာစီး ရှိနေတာတော့ အမှန်။

​အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်ရဲ့ တန်ပြန်တိုက်စစ်က အလုပ်ဖြစ်သွားရင် 1 - 1 ဒါမှမဟုတ် 2 - 1 လို ရလဒ်မျိုးနဲ့ အိမ်ရှင်ဘက်က အမှတ်ယူသွားနိုင်ခြေ ရှိပေမဲ့

၊ ကာရစ်ရဲ့ ယူနိုက်တက်ခံစစ် ဟာကွက်များနေချိန်မှာ ပိုပြီး အနားရထားတဲ့ မန်စီးတီးတိုက်စစ်ရဲ့ ဖိအားပေးမှုကို မိနစ် ၉၀ လုံး ထိန်းချုပ်ဖို့ မလွယ်ပါဘူး ၊ L-65 စျေးတန်းအရ မန်စီးတီး တစ်ဂိုးကပ်နိုင်ရုံနဲ့ အပြည့်ရမှာဖြစ်သလို ဂိုးပေါင်း 3-25 ဖွင့်ထားတဲ့အတိုင်း နှစ်သင်းစလုံးရဲ့ တိုက်စစ်အဖွင့်မှာ မန်စီးတီးကပဲ အဝေးကွင်း ကပ်နိုင်ပွဲ ယူသွားမယ်လို့ မြင်ပါတယ်။

​ရွေးချယ်မှု့ ~ မန်စီးတီး ဘော်ဒီ
​ခန့်မှန်း [ 1 - 2 ]
​အကြိုက်တူမှကစားပါ။

12/09/2026

“မိုက်ကယ် ကာရစ်အနေနဲ့ ပရီးမီးယားလိဂ်မှာ အခုထိ ကစားနိုင်သေးတယ်ဆိုတာ ငြင်းမရတဲ့ အမှန်တရားပါပဲ။ သူက ကျွန်တော့်ရဲ့ နည်းပြဖြစ်နေလို့ မျက်နှာလိုမျက်နှာရ အကောင်းပြောနေတာမျိုး လုံးဝ မဟုတ်ပါဘူး။

​ပထမဆုံး လေ့ကျင့်ခန်းဆင်းတဲ့နေ့မှာ သူ ရောက်လာပြီး ကွင်းလယ်လူတွေနဲ့အတူ ဘောလုံး အပေးအယူတွေ လုပ်ပြခဲ့ချိန်မှာ ကျွန်တော် တကယ့်ကို အံ့အားသင့်ခဲ့ရတယ်။ သူ့ရဲ့ ကြံ့ခိုင်မှုက အပြည့်ရှိနေသေးပြီး အခုထိ ကောင်းကောင်း ကစားနိုင်စွမ်း ရှိနေပါသေးတယ်။

​သူက ဘောလုံးကို အမြဲ အကောင်းဆုံး ထိန်းချုပ်ထားနိုင်ဆဲပါ။ ဒီရာသီမှာ အဝေးဘော ပေးပို့မှုတွေ အနည်းငယ် လွဲချော်တာမျိုး ရှိတတ်ပေမဲ့ ပြိုင်ဘက် ကစားကွက်ကြား နေရာလွတ်တွေထဲ ဘောလုံးပေးပို့မှုအပိုင်းမှာတော့ တကယ့်ကို မယုံနိုင်လောက်အောင် ကောင်းမွန်နေဆဲပါပဲ။”

#ကွန်ညာ

03/09/2026

JJ Gabriel နဲ့ ပတ်သက်ပြီး ဘရူနို ဖာနန်ဒက်စ် က

​"သူက အရမ်းတော်ပါတယ်။ ဒါပေမဲ့ သိသာတာတစ်ခုကတော့ သူက အသက်အရမ်းငယ်သေးသလို အများကြီးလည်း ပိုတိုးတက်လာဖို့ လိုပါသေးတယ်။ လူတွေအနေနဲ့ သူ့အပေါ် ဖိအားတွေ၊ မျှော်လင့်ချက်တွေ သိပ်မများစေချင်ပါဘူး။

ဘာလို့လဲဆိုတော့ ဒါက သူ့အတွက် မကောင်းတဲ့ အခြေအနေတစ်ခု ဖြစ်လာစေနိုင်လို့ပါ။
​ဒါပေမဲ့ သူဟာ ပါရမီအရမ်းကြီးတဲ့ ကစားသမားတစ်ယောက်ပါ၊ သူ လူငယ်အသင်းမှာ ကစားတာကို ကြည့်တာနဲ့တင် ဒါကို မြင်တွေ့နိုင်ပါတယ်။

ရာသီကြိုခြေစမ်းပွဲတွေမှာ သူ ကျွန်တော်တို့နဲ့အတူ တွဲကစားခွင့်ရခဲ့ပြီး အရမ်းလည်း ကောင်းခဲ့ပါတယ်။ သူ့ရဲ့ တိုးတက်မှုတွေ ဆက်လက်ထိန်းသိမ်းနိုင်ပြီး မန်ချက်စတာ ယူနိုက်တက်အတွက် အရမ်းအရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။"

#ဘရူနို

02/09/2026

ဒီနွေရာသီမှာ အာဆင်နယ်ဟာ ကွင်းလယ်နဲ့ ခံစစ်ပိုင်းကို ဘရူနိုဂီမာရက်စ်၊ အက်ဇရီကွန်ဆာတို့နဲ့ အကောင်းဆုံး အင်အားဖြည့်တင်းနိုင်ခဲ့ပေမဲ့ ရှေ့တန်းတိုက်စစ်ပိုင်းကတော့ မနှစ်ကထက် အားနည်းသွားခဲ့ပါတယ်။

​အာတီတာ စိတ်ကြိုက်ဖြစ်တဲ့ မော်ဂန်ရော်ဂျာစ်ကို ချယ်လ်ဆီးဆီ လက်လွှတ်လိုက်ရသလို ဗင်နီစီးယက်စ်နဲ့ အယ်လ်ဗာရက်ဇ်တို့လို ထိပ်တန်းကြယ်ပွင့်တွေကိုလည်း စပိန်ကလပ်တွေဆီကနေ အရမခေါ်ယူနိုင်ခဲ့ပါဘူး။

​တစ်ဖက်မှာလည်း ဘဏ္ဍာရေးစည်းမျဉ်းတွေ ညီမျှဖို့အတွက် ဂျေဆုစ်၊ ထရော့ဆာ့ဒ်နဲ့ မာတီနယ်လီတို့လို အဓိကတိုက်စစ်ကစားသမား သုံးယောက်လုံးကို ရောင်းထုတ်ခဲ့ရပြီး ရှေ့တန်းအတွက် ဇိုလစ်စ်တစ်ယောက်တည်းကိုသာ ဖြည့်တင်းနိုင်ခဲ့ပါတယ်။

​ဒါကြောင့် လက်ရှိရှေ့တန်းမှာ ရွေးချယ်စရာ လူအင်အား သိသိသာသာ နည်းသွားပြီး ဆာကာနဲ့ ဟာဗက်ဇ်တို့လို အဓိကလူတွေ ဒဏ်ရာမရဖို့အပေါ် အများကြီး မူတည်နေရပါပြီ။

​ခံစစ်နဲ့ ကွင်းလယ်ပိုင်း ဘယ်လောက်ပဲ ကျစ်လျစ်မာကျောနေပါစေ ထိပ်တန်းဂိုးသွင်းရှင် မရှိတာက ဒီရာသီ ချန်ပီယံဆုဖလား စိန်ခေါ်မှုတွေမှာ အာဆင်နယ်အတွက် အကြီးမားဆုံး အားနည်းချက် ဖြစ်လာနိုင်ပါတယ်။

Photos from Sport House's post 31/08/2026

🚨🗣️ ဂယ်ရီ နဗီးလ် :
​“မန်ချက်စတာ ယူနိုက်တက်ဟာ သူတို့ရဲ့ ခံစစ်ပိုင်းကို ပြန်လည်တည်ဆောက်ဖို့အတွက် နောက်ထပ် ၁၂ လ (တစ်နှစ်) လောက် စောင့်ဆိုင်းတော့မယ့်ပုံ ပေါ်နေပါတယ်။

​အကယ်၍ [ခေါ်ယူရရှိနိုင်တဲ့ ခံစစ်ကစားသမား တစ်ယောက်၊ နှစ်ယောက်လောက်] ရှိနေတယ်ဆိုရင် လာမယ့်ရာသီမှာ အသုံးစရိတ် လျှော့ချနိုင်ဖို့အတွက် အဲဒီဘတ်ဂျက်ငွေကို အခုလက်ရှိ အပြောင်းအရွှေ့ဈေးကွက်မှာ ကြိုတင်သုံးစွဲဖို့ မကြိုးစားသင့်ဘူးလား?

​ဘာဖြစ်လို့လဲဆိုတော့ သူတို့အနေနဲ့ ဗဟိုနောက်ခံလူ (Center-back) တစ်ယောက်နဲ့ (Full-back) တစ်ယောက်လောက်ကို ခေါ်ယူအားဖြည့်နိုင်မယ်ဆိုရင် တကယ့်ကို ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်သွားစေနိုင်လို့ပါပဲ။”

Category

Address

Yangon

Alerts

Be the first to know and let us send you an email when Sport House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.