K K Insurance
K K Life and General Insurance Agency
10/11/2025
ဘဝရဲ့ မထင်မှတ်ထားတဲ့ အခက်အခဲတွေအတွက်... KK Insurance က အသင့်ရှိနေပါသည်
ဘဝမှာ "မတော်တဆမှု" ဆိုတာ ကျွန်တော်တို့ ကြိုတင်မျှော်လင့်ထားလို့ ရတဲ့အရာမဟုတ်ပါဘူး။
လတ်တလောမှာပဲ ကျွန်တော်တို့ KK Insurance ရဲ့ client မိတ်ဆွေကြီးတစ်ဦး မထင်မှတ်ထားတဲ့ မတော်တဆမှု (Accident Case) တစ်ခုနဲ့ ကြုံတွေ့ခဲ့ရပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။ ဒီလို ကျန်းမာရေး အခက်အခဲကြုံနေရချိန်မှာ ငွေကြေးဆိုင်ရာ ပူပန်မှုတွေက ဒုတိယဒုက္ခတစ်ခုအနေနဲ့ ထပ်မံဖိစီးစေတတ်ပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့ရဲ့ မိတ်ဆွေကြီးဟာ ကျန်းမာရေးအာမခံကို ကြိုတင်ဝယ်ယူထားသူဖြစ်တာမို့ သူ့ရဲ့ ဆေးကုသမှုစရိတ်တွေအတွက် စိုးရိမ်ပူပန်စရာမလိုခဲ့ပါဘူး။
ဆေးရုံစတင်တက်ရောက်တဲ့ အချိန်ကစလို့ ဆေးရုံမှ ပြန်လည်ဆင်းခွင့်ရတဲ့နေ့အထိ လိုအပ်တဲ့ဆေးဝါးကုသမှုစရိတ် အားလုံးကို ကျွန်တော်တို့ KK Insurance က အစအဆုံး တာဝန်ယူကာ အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ခဲ့ပါတယ်။
ကျန်းမာရေးအာမခံဆိုတာ ဘာကြောင့် လိုအပ်တာလဲ?
ဒါဟာ "အပို" ကုန်ကျစရိတ်တစ်ခု မဟုတ်ပါဘူး။ ကိုယ်တိုင် ဒါမှမဟုတ် မိသားစုဝင်တစ်ဦးဦး ကျန်းမာရေးပြဿနာကြုံလာတဲ့အခါ၊ ကိုယ့်ရဲ့ စုဆောင်းငွေတွေ၊ ပိုင်ဆိုင်မှုတွေ မထိခိုက်သွားအောင် ကာကွယ်ပေးမယ့် "Risk Management" (စွန့်စားနိုင်ခြေကို စီမံခန့်ခွဲခြင်း) နည်းလမ်းတစ်ခုပါ။
ကျန်းမာရေး "အပူ" ကြုံနေရချိန်မှာ၊ ငွေကြေး "အပူ" ကိုပါ တစ်ပြိုင်တည်း မခံစားရစေဖို့ "ကျန်းမာရေးအာမခံ" က မရှိမဖြစ် လိုအပ်တဲ့ အကာအကွယ်တစ်ခုအဖြစ် လူတိုင်းအတွက် တကယ်ကို လိုအပ်နေပါပြီ။
ကျွန်တော်တို့ KK Insurance မှာ ကျန်းမာရေးအာမခံထားရှိလိုသူ မိတ်ဆွေများအားလုံးကိုလည်း စိတ်ပူပင်သောကများ လျော့နည်းပြီး အကောင်းဆုံးသော ဝန်ဆောင်မှုများရရှိစေဖို့ ကျွန်တော်တို့ဘက်က အခမဲ့ တိုင်ပင်ဆွေးနွေးမှုများနဲ့အတူ အစဉ်အမြဲ အသင့်ရှိနေပါတယ်။
13/04/2025
မြန်မာ့နှစ်ကူးအတာသင်္ကြန်အခါသမယမှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ✨✨
31/03/2025
Eid Mubarak to Everyone ✨
18/03/2025
K K Insurance Service တွင် ကားအာမခံထားရှိသွားသော နန်းရွှေလျံ logistics company ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ 💐
အနာဂတ်မှာလည်း နန်းရွှေလျံ ကုမ္ပဏီ၏ လုပ်ငန်းများအားလုံး အောင်မြင်တိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ် 🙏🏻🙏🏻
မိတ်ဆွေတို့ရဲ့ပစ္စည်းတွေ ဘယ်လောက်ကြီးပြီးဘယ်လောက်ပဲလေးပါစေ ပို့ဆောင်ရန်လိုအပ်လာပါက နန်းရွှေလျံကို သတိရလိုက်ပါ❕❕
ပစ္စည်းတွေအတွက် စိတ်ချလုံခြုံမှုအပိုဆောင်းလေးရလိုရင်တော့ Cargo insurance ကို ကျွန်တော်တို့ရဲ့ K K insurance မှာ အပ်နှံနိုင်ပါပြီဗျာ ❕❕
10/01/2025
ဆုံးရှုံးသွားမှပဲ နောင်တမရနေစေဖို့ သဘာဝဘေးအန္တရာယ်နဲ့ ကြုံတွေ့လာချိန်တောင် ကြံကြံ့ခိုင်ကျော်ဖြတ်နိုင်ဖို့ဆို မိတ်ဆွေတို့ဘဝအတွက် အာမခံဆိုတာ လိုအပ်ချက်တစ်ခုဖြစ်လာပါပြီ ❗️❗️
ယနေ့ခေတ်မှာ သဘာဝဘေးအန္တရာယ်တွေဆိုသည်မှာလည်း နေရာဒေသအသီးသီးကနေ မတူညီတဲ့ပုံစံကိုယ်စီနဲ့ဝင်ရောက်လာကြတာမို့ ရပ်ဝေးပဲသွားသွား မ်ိမိအိမ်မှာပဲနေသည်ဖြစ်စေ ပိုင်ဆိုင်မှုတွေအတွက် နောက်ကြောင်းမအေးရပဲပူပန်သောကတွေရောက်နေမည့်အစား အာမခံထားပြီး အပူတွေကိုလျှော့ချလိုက်ပါ ✅
⏭️ အထူးသဖြင့် ပျက်စီးဆုံးရှုံးမှုကြုံတွေ့လာချိန် ဦးဆုံးလိုအပ်လာတာက ပြန်ထူထောင်ဖို့အတွက်ငွေကြေးပဲဖြစ်သည်မို့ မိမိအိတ်ကပ်ထဲကပိုက်ဆံတွေတစ်လုံးတထွေးထဲထုတ်မည့်အစား မဖြစ်ခင်ထဲကကြ်ိုတင်ကာကွယ်ခြင်းအားဖြင့် မိတ်ဆွေတို့ရဲ့ ပိုင်ဆိုင်မှုတွေအတွက် ပမာဏသေးသေးလေးနဲ့ အာမခံစထားလိုက်ပါ
အာမခံနဲ့ပတ်သက်လို့ ဘယ်ကစရမလဲဆိုရင်တော့ ကျွန်တော်တို့ K K Insurance Services က မိတ်ဆွေတို့အတွက် အခမဲ့ကူညီရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ
ဒါကြောင့်မို့ မမျှော်လင့်သောဆုံးရှုံးမှုများကိုကြိုတင်ကာကွယ်ခြင်းဖြင့် မိတ်ဆွေတို့ရဲ့ဝန်ပိုတွေကိုလျှော့ချနိုင်ပါပြီ 🤍🤍🤍
“ K K ရှိရင် လုံခြုံတယ် “
K K Insurance Services မှာ အာမခံနဲ့ပတ်သက်လို့ စုံစမ်းနိုင်ပါပြီ ✅
Crd photo to original owner
04/01/2025
ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်သော(၇၇)ကြိမ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ကို K K Insurance service မှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
On the occasion of the 77th Myanmar Independence Day, which falls on January 4th, K K Insurance Service extends its heartfelt tribute and warm regards.✨
01/01/2025
Happy New year, 2025 ✨✨✨
နှစ်သစ်မှစလို့ မ်ိတ်ဆွေတို့ရဲ့ ကျန်းမာရေး လူမှုရေး စီးပွါးရေးအားလုံးအဆင်ပြေ၍ ပျော်စရာနှစ်သစ်ဖြစ်ပါစေကြောင်း K K Insurance မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် 🙏🏻🙏🏻
Wishing you and your loved ones a year filled with health, happiness, and peace of mind.
30/12/2024
ယနေ့ ၃၀.၁၂.၂၀၂၄ တွင်ကျရောက်သော ကရင်နှစ်သစ်ကူးနေ့တွင် မိတ်ဆွေအပေါင်း စိတ်ချမ်းသာကိုယ်ကျန်းမာ၍ ချစ်ခင်ရသူများနှင့်အတူပျော်ရွှင်ဖွယ်ရာအချိန်ကောင်းများပိုင်ဆိုင်နိုင်ကြပါစေကြောင်း K K Insurance မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ✨✨✨
On this Kayin New Year Day, December 30, 2024, K K Insurance wishes all friends happiness, good health, and the joy of spending delightful moments with your loved ones. ✨✨✨
24/12/2024
🎄 Merry Christmas from K K Insurance Services ✨ Wishing you joy, peace, and success this holiday season and beyond. 🎁🎅
ခရစ်စမတ်ကာလမှာ မိတ်ဆွေတို့ရဲ့ချစ်ခင်ရသူများနှင့်အတူ ပျော်ရွှင်ဖွယ်ရာအချိန်ခါလေးပိုင်ဆိုင်နိုင်ကြပါစေရန် k k insurance services မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် 🎄☃️
25/11/2024
သက္ကရာဇ် (၁၃၈၆) ခုနှစ် ၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက် (၂၅.၁၁.၂၀၂၄) နေ့တွင်ကျရောက်သော
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ အမျိုးသားအောင်ပွဲနေ့အား K K Insurance မိသားစု မှ ဂုဏ်ပြုကြိုဆိုလျက်
ယနေ့ကျရောက်သောနေ့ရက်လေးတွင်မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေကြောင်း K K Insurance မှ ဆုမွန်ကောင်းတောင်းလိုက်ပါသည် 🙏🏻🙏🏻🙏🏻
On this special occasion of National Victory Day of the Republic of the Union of Myanmar, which falls on the 10th day after the full moon of Tazaungmon in the year 1386 ME (November 25, 2024),
The K K Insurance Family proudly joins in celebrating this significant day.
We wish all our friends and loved ones happiness, good health, and success on this meaningful day. 🙏🏻🙏🏻🙏🏻
With warm wishes,
K K Insurance
Category
Website
Address
Yangon