Shingakki Japanese Language Center

Shingakki Japanese Language Center

Share

ဂျပန်စာကို အလွယ်တကူလေ့လာကြရအောင်!

21/09/2026

🇯🇵 ဂျပန်သွားမယ့် လူငယ်များအတွက် သိထားရမည့် Ikusei Shūrō Visa စနစ်အသစ်အကြောင်းပါ။✨

ဂျပန်နိုင်ငံမှာ ယခင်က သုံးခဲ့တဲ့ Training Visa (Technical Intern) စနစ်နေရာမှာ အသစ်စက်စက် "Ikusei Shūrō" (育成就労) စနစ်နဲ့ အစားထိုးပြောင်းလဲလိုက်ပြီဖြစ်ပါတယ်။
ဂျပန်သို့အလုပ်ဖြင့်သွားရောက်လုပ်ကိုင်ချင်သူတွေအတွက် ပိုပြီး အခွင့်အလမ်းတွေ ကောင်းများရလာမှာဖြစ်ပါတယ်။

ဒီစနစ်အသစ်လေးက အလုပ်လုပ်ရင်းနဲ့ ကိုယ့်ရဲ့ Skill တွေကို တကယ်တမ်း တိုးတက်စေဖို့ရယ်၊ နောင်တစ်ချိန်မှာ ဂျပန်မှာ ရေရှည်ဆက်လုပ်လို့ရမယ့် Tokutei Ginō (သတ်မှတ်ကျွမ်းကျင်လုပ်သား) အဆင့်ကို ပိုမိုလွယ်ကူချောမွေ့စွာနဲ့ ကူးပြောင်းနိုင်ဖို့အတွက် အဓိက ရည်ရွယ်ထားတာပါနော် 💖

---

🛠️ Ikusei Shūrō Visa ဖြင့် လုပ်ကိုင်နိုင်မည့် လုပ်ငန်းကဏ္ဍ (၁၇) မျိုး

1. 介護 (Kaigo) - သက်ကြီးရွယ်အို
စောင့်ရှောက်ရေးလုပ်ငန်း

2. ビルクリーニング - အဆောက်အဦး သန့်ရှင်းရေးလုပ်ငန်း

3. 工業製品製造業 - စက်မှုထုတ်ကုန် ထုတ်လုပ်ရေး

4. 建設 - ဆောက်လုပ်ရေးလုပ်ငန်း

5. 造船・舶用工業 - သင်္ဘောတည်ဆောက်ရေးနှင့် သင်္ဘောစက်မှုလုပ်ငန်း

6. 自動車整備 - မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းရေး

7. 宿泊 - ဟိုတယ်လုပ်ငန်း

8. 農業 - စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း

9. 漁業 - ငါးဖမ်းလုပ်ငန်း

10. 飲食料品製造業 - အစားအသောက် ထုတ်လုပ်ရေးလုပ်ငန်း

11. 外食業 - စားသောက်ဆိုင်လုပ်ငန်း

12. 鉄道 - ရထားလုပ်ငန်း

13. 林業 - သစ်တောလုပ်ငန်း

14. 木材産業 - သစ်သားထုတ်လုပ်ရေးလုပ်ငန်း

15. リネンサプライ - ဟိုတယ်နှင့် စက်မှုဆိုင်ရာ အဝတ်အလျှော် (Linen Supply) လုပ်ငန်း

16. 物流倉庫 - Logistics နှင့် Warehouse (သိုလှောင်ရုံ) လုပ်ငန်း

17. 資源循環 - Recycling နှင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုလုပ်ငန်း

---

💡 ဘာတွေ ကြိုတင်ပြင်ဆင်ထားသင့်လဲဆိုတော့လေ...

🗣️ဂျပန်ဘာသာစကား - အနည်းဆုံး N4 အဆင့်နဲ့ အခြေခံပြောဆိုနိုင်စွမ်းလေးတွေကို ယခုကတည်းက ကြိုးစားထားဖို့ လိုမယ်နော်။

🛌လုပ်ငန်းကျွမ်းကျင်မှု - ကိုယ်ဝါသနာပါပြီး သွားချင်တဲ့ ကဏ္ဍအလိုက် အခြေခံကျွမ်းကျင်မှုတွေကို လက်တွေ့လေ့ကျင့်ပြင်ဆင်ထားမယ်ဆိုရင် အခွင့်အလမ်း ပိုများလာမှာပါ။

ဂျပန်နိုင်ငံမှာ တရားဝင် အလုပ်အကိုင်ကောင်းတွေနဲ့ အခြေကျချင်တယ်ဆိုရင်တော့ ဒီ (၁၇) မျိုးထဲက ကိုယ်ဝါသနာပါရာလေးကို ရွေးချယ်ပြီး အခုကတည်းက
စတင်ပြင်ဆင်လိုက်ကြရအောင်ပါ။

Fighting!
💪💪💪🍀🍀🍀🌸🌸🌸




Fighting💪🍀🌸

02/09/2026

📣 Shingakki Japanese Language School (Japan Job Connect)မှ တဆင့် Kaigo Scholar ဘိုးဘွားစောင့်ရှောက်ရေး ပညာသင်ဆု အစီအစဉ် အမြန်ဆုံး လာရောက်လျှောက်ထားပြီး2027/4လပိုင်းအမှီဂျပန်မှာကျောင်းသွားတက်မယ်

🎯 လျှောက်ထားဖို့ အရည်အချင်းလေးတွေကတော့...

💙 ဂျပန်စာ N4 အောင်မြင်ထားသူ ဖြစ်ရပါမယ်ရှင်။
💙 ဂျပန် COE Reject /COE Cancle ဖြစ်ဖူးခြင်း မရှိသူ ဖြစ်ရပါမယ်။ 🙅🏻‍♀️
💙 အထက်တန်း (ဆယ်တန်း) အောင်မြင်ထားသူ ဖြစ်ရပါမယ်ရှင်။ 🎓
GEDအောင်ပြီးထားသူတွေလည်းလျှောက်ထားနိုင်ပါတယ်ရှင့်။
💙 Kaigo ခေါ် ဘိုးဘွားစောင့်ရှောက်ရေး လုပ်ငန်းအပေါ် တကယ်စိတ်ဝင်စားပြီး ကြိုးစားချင်စိတ် ရှိသူလေးတွေ ဖြစ်ရပါမယ်နော်။ ❤️

✨ ၁၀လပိုင်း ပထမအပတ်တွင် ဂျပန်ကျောင်းဘက်မှ လူတွေ့အင်တာဗျူး ရှိမည့်အတွက် အမြန်ဆုံးလာရောက်လျှောက်ထားလိုက်တော့နော်✨

Zoom Seminar လေးလည်းကျင်းပပေးမှာဖြစ်လို့စိတ်ဝင်စားသူတွေအနေနဲအမြန်လာရောက်ဖို့တော့လိုအပ်ပါတယ်။
Seminar လေးကတော့၃/၉ည(၇:၀၀)မြန်မာစံတော်ချိန်မှာကျင့်ပပေးသွားမှာဖြစ်ပါတယ်။

💡 ဒီ Scholarship လေးမှာ ဘာတွေ ထူးခြားလဲဆိုတော့...

🎀 ၁။ ကျောင်းလခ လုံးဝ အခမဲ့
🎌 ‌ဂျပန် Language School ကျောင်းလခ တစ်နှစ် + ဘိုးဘွားစောင့်ရှောက်ရေး ကောလိပ် ၂နှစ် - အခမဲ့

🎀 ၂။ COE အောင်ချက် သေချာခြင်း

🎀 ၃။ ၁၀၀% အလုပ်အကိုင်နှင့် ဗီဇာ အာမခံ
👉🏻 ၃ နှစ်စာ ကျောင်းလခအခမဲ့ဖြင့် ပညာသင်ယူပြီးနောက် (Work Visa)ရရှိပြီးဂျပန်လူမျိုးများနည်းတူ လုပ်~ခ~လစာ အပြည့်အဝဖြင့် ၅နှစ်တာ အ~လုပ်~လုပ်ကိုင်ပေးရမှာပါရှင့်။(၅နှစ်ထက်ပိုလုပ်ချင်လည်းရပါတယ်ရှင့်)

ထို၅နှစ်အတွင်းမှာလည်းကျောင်းလခပြန်ဖျက်တာမရှိပါ။

🎀 ၄။လေယာဉ်လက်မှတ်ခ Loan
✨ ကျောင်းလခများ အခမဲ့ အပြင် ✈️ လေယာဉ်လက်မှတ်ခပါ (ချေးငွေ) ရရှိဦးမှာနော်။

🎀 ၅။ လစဉ်သုံးစရိတ် Loan လျှောက်ထားနိုင်ခြင်း
ဂျပန်ရောက်ပြီးပြီးချင်လည်း生活日(နေထိုင်စရိတ်)တလ(¥50000)ချေးပေးမှာဖြစ်ပါတယ်။

အချိန်ပိုင်းအလုပ်ကလည်းလုပ်ခွင့်ရှိပါတယ်။

👉🏻 Agency ဝန်ဆောင်ခ သိန်း၂၀ သာ ကျခံရမှာဖြစ်ပါတယ်။
အင်တာဗျူးအောင်ပြီးမှသာပေးသွင်းရမှာဖြစ်ပါတယ်။

📩 အသေးစိတ် စုံစမ်းရန်နှင့် လျှောက်ထားရန် 09-696251036(Viber)မှ တစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီ ရှင့်။

Shingakki Japanese Language Center ဂျပန်စာကို အလွယ်တကူလေ့လာကြရအောင်!

14/08/2026

#စက်မူကုန်ထုတ်စာမေးပွဲကိုအောင်မြင်လိုသူများအတွက်သင်တန်းဖြစ်ပါတယ်။

📚 သင်တန်းမှာ
✅ စက်မှုကုန်ထုတ်လုပ်ငန်းနဲ့ ပတ်သက်တဲ့ အခြေခံဗဟုသုတများ
✅ လုပ်ငန်းခွင်မှာ သိထားသင့်တဲ့ အခြေခံအချက်များ
✅ ဂျပန်နိုင်ငံ စက်မှုလုပ်ငန်းခွင်အတွက် လိုအပ်တဲ့ အသိပညာများ
🍀🍀မေးခွန်းဟောင်းလေ့ကျင့်ခြင်းများ🍀

ကို စနစ်တကျ လေ့လာနိုင်မှာဖြစ်ပါတယ်။

📅 သင်တန်းစမည့်ရက် — ၂၉.၈.၂၀၂၆
⏰ အချိန် — မနက် ၁:မှ ၄:၀၀ အထိ
💰 သင်တန်းကြေး — ၃၀၀,၀၀၀ ကျပ်
📖 စာအုပ်ဖိုးအပါအဝင် အပြီးအစီး

06/08/2026

အားလုံးမျှော်နေကြတဲ့ Shingakki Japanese Language Center ရဲ့N5အတန်းသစ်လေးကို
(2.9.2026)မှာ ဖွင့်ပါတော့မယ်နော်။

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

🌸ဂျပန်စာကို ကျကျနန တက်မြောက်ချင်လျှင်

🍀Special Group Classပုံစံ သင်တာကြောင့်
လူအများကြီးနှင့်သင်စရာမလိုဘဲ စိတ်
အေးဆေးစွာသင်ကြားနိုင်ချင်လျှင်

🌸Kanjiကိုအခြေခံပိုင်နိုင်ချင်ရင်
မဖြစ်မနေတက်ရမည့် အတန်းလေးဖြစ်ပါတယ်။

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

🏡🏠🏠🏠🏠ကျောင်းသူများအတွက်လည်း အဆောင်ပါစီစဉ်ပေးပါတယ်နော်။
ဒါ့ကြောင့် အမြန်ဆုံးစာရင်းပေးသွင်းဖို့တော့ လိုပါလိမ့်မယ်ရှင့်

28/07/2026

📢 ကျောင်းပိတ်ရက် အသိပေးကြေညာခြင်း 📢

မနက်ဖြန် (၂၉.၇.၂၀၂၆ - ဗုဒ္ဓဟူးနေ့) သည် ဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့) အများပြည်သူရုံးပိတ်ရက်ဖြစ်သည့်အတွက် သင်တန်းကျောင်းကို (၁) ရက် ပိတ်ထားမည်ဖြစ်ပါသည်။

📚 သင်တန်းများကို နောက်တစ်ရက်တွင် ပုံမှန်အချိန်အတိုင်း ပြန်လည်ဖွင့်လှစ်သင်ကြားမည် ဖြစ်ပါသည်။

ကျောင်းသား၊ ကျောင်းသူများအားလုံး ကောင်းမွန်သော ဥပုသ်နေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ ဟု ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏🌕

07/07/2026

လာမည့်အပါတ် (၁၁.၇.၂၀၂၆)မှာ Hotel Building Cleaning အတန်းသစ်စပါပြီ။
ဒါကြောင့်ဒီအတန်းလေး joinမယ်ဆိုအချိန်မှီပါသေးတယ်ရှင့်

"ဂျပန်သွားဖို့ အသေချာဆုံးလမ်းစ "

" Tokutei Building Cleaning အတန်းသစ်" 🇯🇵✨

ဂျပန်နိုင်ငံရဲ့ မြို့ကြီးတွေမှာ

အလုပ်လုပ်ကိုင်ခွင့်ရမယ့်

Building Cleaning ကျွမ်းကျင်မှုစစ်ဆေးခြင်းစာမေးပွဲအတွက် အောင်ချက်ကောင်းတဲ့ အတန်းကို ရှာနေပါသလား ? 🤔💼

သင်တန်းပြီးရင် အင်တာဗျူး တန်းထည့်ပေးတဲ့ နေရာလေးတွေ ရှာနေပါသလား ? 👀🤝

အဲ့တာဆို လှည်းတန်းနားမှာ အေးဆေးတက်လို့ရမဲ့ ဒီတန်းခွဲ အသစ်လေးကို လာ Join လိုက်တော့နော်။ 🥰📚🏃‍♂️

06/07/2026

ဂျပန်နိုင်ငံမှာ ကျောင်းလခ လုံးဝ (လုံးဝ) အခမဲ့နဲ့ ပညာသင်ကြားရင်း အလုပ်အကိုင်ပါ တစ်ခါတည်း အာမခံချက်ရမယ့် အခွင့်အရေးကြီး ရောက်ရှိလို့လာပါပြီရှင်။ 🌸✨

ဒီKaigo Scholarship" အစီအစဉ်လေး ဟာ2027 April Intake ဖြစ်ပြီး 2026, Oct မှာ အင်တာဗျူးတွေ စတင်ကျင်းပပေးမှာဖြစ်ပါတယ်ရှင့် 🥰

💡 ဒီ Scholarship လေးမှာ ဘာတွေ ထူးခြားလဲဆိုတော့...

🎀 ၁။ ကျောင်းလခ လုံးဝ အခမဲ့

🎀 ၂။ COE အောင်ချက် သေချာခြင်း

🎀 ၃။ လစဉ်သုံးစရိတ် Loan လျှောက်ထားနိုင်ခြင်း

🎀 ၄။ ၁၀၀% အလုပ်အကိုင်နှင့် ဗီဇာ အာမခံ
🎀 ၅။လေယာဉ်လက်မှတ်ခ Loan

🎯 လျှောက်ထားဖို့ အရည်အချင်းလေးတွေကတော့...

💙 ဂျပန်စာ N4 အောင်မြင်ထားသူ ဖြစ်ရပါမယ်ရှင်။
💙 ဂျပန် COE Reject /COE Cancle ဖြစ်ဖူးခြင်း မရှိသူ ဖြစ်ရပါမယ်။ 🙅🏻‍♀️
💙 အထက်တန်း (ဆယ်တန်း) အောင်မြင်ထားသူ ဖြစ်ရပါမယ်ရှင်။ 🎓
GEDအောင်ပြီးထားသူတွေလည်းလျှောက်ထားနိုင်ပါတယ်ရှင့်။
❌ကျောင်းနှင့်(၅)နှစ်ကင်းကွာနေသူမရပါ။
💙 Kaigo ခေါ် ဘိုးဘွားစောင့်ရှောက်ရေး လုပ်ငန်းအပေါ် တကယ်စိတ်ဝင်စားပြီး ကြိုးစားချင်စိတ် ရှိသူလေးတွေ ဖြစ်ရပါမယ်နော်။ ❤️

ငွေကြေးအတွက်လည်း စိတ်အေးရ၊ အနာဂတ်အလုပ်အကိုင်အတွက်လည်း အာမခံချက်ရှိတဲ့ ဒီလို အခွင့်အရေးမျိုးက တော်တော်လေးရှားလို့ လက်လွတ်မခံသင့်ဘူးနော်။ မိမိရဲ့ အနာဂတ်အိမ်မက်တွေကို ဂျပန်နိုင်ငံမှာ အောင်အောင်မြင်မြင် အကောင်အထည်ဖော်ချင်တယ်ဆိုရင်တော့ အခုပဲ ဆက်သွယ်ပြီး လျှောက်ထားလိုက်တော့နော်။ ✨

📩 အသေးစိတ် စုံစမ်းရန်နှင့် လျှောက်ထားရန်
Messenger or 09-696251036(Viber)မှ တစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီ ရှင့်။

20/06/2026

"ဂျပန်သွားဖို့ အသေချာဆုံးလမ်းစ "

" Tokutei Building Cleaning အတန်းသစ်" 🇯🇵✨

ဂျပန်နိုင်ငံရဲ့ မြို့ကြီးတွေမှာ

အလုပ်လုပ်ကိုင်ခွင့်ရမယ့်

Building Cleaning ကျွမ်းကျင်မှုစစ်ဆေးခြင်းစာမေးပွဲအတွက် အောင်ချက်ကောင်းတဲ့ အတန်းကို ရှာနေပါသလား ? 🤔💼

သင်တန်းပြီးရင် အင်တာဗျူး တန်းထည့်ပေးတဲ့ နေရာလေးတွေ ရှာနေပါသလား ? 👀🤝

အဲ့တာဆို လှည်းတန်းနားမှာ အေးဆေးတက်လို့ရမဲ့ ဒီတန်းခွဲ အသစ်လေးကို လာ Join လိုက်တော့နော်။ 🥰📚🏃‍♂️

20/06/2026

🇯🇵🇯🇵 ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုး (Hokkaido) တွင် Tokutei Ginou (ဆောက်လုပ်ရေး) အလုပ်ခေါ်ယူနေပါပြီ 🇯🇵🇯🇵

📢 ဂျပန်နိုင်ငံတွင် အလုပ်အကိုင်ကောင်းတစ်ခု ရှာဖွေနေသူများအတွက် အခွင့်အရေးကောင်း!

👷 အလုပ်အမျိုးအစား – ဆောက်လုပ်ရေး (建設)

📍 အလုပ်နေရာ – ဟော့ကိုင်းဒိုး (Hokkaido)

👨 ခေါ်ယူမည့်ဦးရေ – အမျိုးသား (၈) ဦး

🎂 အသက် – (၁၈) နှစ်မှ (၃၅) နှစ်အထိ

💰 လစာ
✅ အခြေခံလစာ – ၂၁၀,၀၀၀ ယန်း (အချိန်ပိုကြေး ပါဝင်)
✅ လက်ကျန်လစာ – ၁၇၇,၀၀၀ ယန်းခန့်
🏠 အဆောင်ခနှင့် 💡ရေ/မီးအသုံးစရိတ် – အမှန်တကယ်ကျသင့်ငွေအတိုင်း ပေးဆောင်ရမည်။

📌 လိုအပ်ချက်များ

✔️ Tokutei Ginou (ဆောက်လုပ်ရေး) အောင်လက်မှတ်ရှိသူ
✔️ ဂျပန်စကားဖြင့် ဆက်သွယ်ပြောဆိုနိုင်သူ
✔️ Katakana နှင့် Kanji ကို ဖတ်ရေးနိုင်သူ
✔️ အဖွဲ့လိုက်အလုပ်လုပ်နိုင်ပြီး စည်းကမ်းလိုက်နာနိုင်သူ
✔️ ယာဉ်မောင်းလိုင်စင်ရှိသူ ဦးစားပေး
✔️ ဧပြီလမှ အောက်တိုဘာလအထိ အချိန်ပို (OT) များနိုင်ပါသည်။

📝 ရွေးချယ်မှုအဆင့်

✅ စာရွက်စာတမ်းစိစစ်ခြင်း
✅ IQ Test
✅ လက်တွေ့ကျွမ်းကျင်မှု စမ်းသပ်ခြင်း
✅ အင်တာဗျူး

📩 လျှောက်ထားလိုသူများသည် CV Form ပေးပို့ပြီး အသေးစိတ်အချက်အလက်များကို Messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

🌸 လူဦးရေကန့်သတ်ထားသောကြောင့် စိတ်ဝင်စားသူများ အမြန်ဆုံးလျှောက်ထားရန် ဖိတ်ခေါ်အပ်ပါသည်။

Photos from Shingakki Japanese Language Center's post 14/06/2026

🍀Shingakki ကဘယ်လိုကျောင်းမျိုးလို့ သင်ထင်ပါသလဲ?

🍀ဂျပန်ဘာသာစကားတင်မက သိသင့်သိထိုက်တဲ့ဗဟုသုတတွေကောင်းမွန်တဲ့ mannerတွေကိုသေသေခြာခြာသင်ပေးတဲ့နွေးထွေးပြီးစိတ်ချလုံခြုံတဲ့ ပါတ်ဝန်းကျင်တခုပါလို့ပြောပါရစေ။

🌲အရေအတွက် ထက်အရည်အသွေးကိုအဓိကထားသင်ကြားတဲ့ကျောင်းလေးတကျောင်းပါဘဲ။

ဒီနေ့ကတော့ Hotel Building Cleaning အင်တာဗျူးအောင်ပြီး ဂျပန်မသွားခင် 5 Star Hotel တခုမှာ Intern ဆင်းနေတဲ့
ကျောင်းသူများမှာမှ သမီးတချို့ရဲ့ လက်ရာလေးတွေ အတွေ့အကြုံလေးတွေကိုဖော်ပြလိုက်ပါတယ်နော်။

🍀 #နှလုံးသားဖြင့်ပြုလုပ်သောလက်ရာလေးတွေပါရှင့်🍀🍀🍀🍀🍀

Website

Address

No. 3, 1 Quarter, The Corner Of Insein Road And Ywar Ma Kwe, In Front Of KBZ Bank And Next To Yoma Bank On The Right. Hlaing Township
Yangon
11051

Alerts

Be the first to know and let us send you an email when Shingakki Japanese Language Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.