NJ
Finally you found me
အမှတ်တရများစွာနဲ့တစ်နေ့ဆုံကြမယ်...
YT link
https://youtu.be/hPuxtBj87iY?si=JvXBmd-0NhzO_0Pu
#မရည်ရွယ်ဘဲ
11/09/2026
RB2ရဲ့ Album ကို YouTube မှာ ခံစားနားဆင်လိူ့ရပါပြီ ကျနော်အနေနဲ့လည်း အဖွဲ့နဲ့အတူမရည်ရွယ်ဘဲသီချင်းမှာ မောင်ချိုနဲ့အတူပါဝင်သီဆိုထားပါတယ်။
ပုံထဲကပန်းချီကတော့သူ့မွေးနေ့နဲ့ Album အတွက်ပေါင်းပြီးဆွဲပေးဖြစ်တာလေးပါ😎
https://www.facebook.com/share/18NzhBVahK/?mibextid=wwXIfr
09/09/2026
RB2 ရဲ့ Album အသစ်ကိုစောင့်မျှော် နားဆင်လို့ရပါပြီ🎶🖤🦾
RtotheB: You Already Know Me (Album Tracklist) 💿
ဒီ Album ထဲမှာ သီချင်းစုစုပေါင်း ၁၁ ပုဒ်ပါဝင်မှာဖြစ်ပြီး Album အပြည့်အစုံကို လာမယ့် ၁၁ ရက်နေ့ မှာ ကျွန်တော့်ရဲ့ RtotheB YouTube Channel မှာနားဆင်လို့ရတော့မှာဖြစ်ပါတယ် 🤩🤩🤩
Featured Artists - Su Hlaing, Draco, Y Mask, Eillie, Team 143, ChanMyae MgCho
Music Producers - RtotheB, Osiris, AG, JCZ
Mixing & Mastering - JCZ, RtotheB, AG
08/09/2026
နင်ဟာမရှိမဖြစ်မို့ ပြန်လာခဲ့...
#မရှိမဖြစ်
Ma Shi Ma Phit (Official Music Video) Ma Shi Ma Phit (Official Music Video)Artist- NJ,Feat - Su Hlaing ...
06/09/2026
မကြာခင် လာတော့မယ့် "မ" ဆိုတဲ့ဇာတ်လမ်းတွဲ အသစ်တစ်ခုရဲ့ Original Soundtrack (OST) အတွက် စတူဒီယိုထဲ အချိန်ကုန်ခဲ့ကြတဲ့ ပုံရိပ်လေးတွေပါ။ 🎬🎙️
ဒီသီချင်းမှာ တကယ့်ကို အသက်ဝင်စေတဲ့ Flute (ပလွေ) နဲ့ Violin (တယော) သံစဉ်တွေကို အနုစိတ် ဖန်တီးပုံဖော်ပေးထားတဲ့ Music Producer ကိုထက် ရဲ့ လက်ရာက တကယ်ကို ရင်ထဲထိစေပါတယ်။ ကိုထက် လိုချင်တဲ့ Note တွေ၊ ခံစားချက်တွေကို Player တွေနဲ့ကြား အကောင်းဆုံး နားလည်အောင် ကူညီ ချိတ်ဆက်ပေးတဲ့ ညီလေး ဟန်ထူးဇင် အပါအဝင် ပါဝင်ပေးကြတဲ့ Player ညီအစ်ကိုတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။
အားလုံး နှလုံးသားပါဝင် စီးမျောထားတဲ့ သီချင်းလေး မကြာခင် ပရိသတ်တွေဆီ ရောက်လာတော့မှာမို့ စောင့်မျှော် အားပေးကြပါဦးခင်ဗျာ။ ✨🎻
သုံးယောက်ပေါင်း ရှင်ကွဲလမ်း လေး ကြည့်ရှုခံစားပေးကြပါဦး😄🎶
မင်းသိဖို့
Artist : NJ . Ko Htett
Songwriter : NJ
Band : Daily Gita
Violin : Theint Thazin Aung
Music Arranger : Ko Htett
Mix & Mastering : Vithop Music
မနက်ဖြန် ကျနော်ရဲ့ Youtube Channel မှာ ညနေ ၆နာရီတင်ပေးသွားမှာမို့စောင့်မျှော်အားပေးကြပါဦးဗျ...
25/08/2026
၂၇ရက်နေ့ ကျနော်နဲ့ကိုထက်နဲ့သီဆိုထားတဲ့ "မင်းသိဖို့"သီချင်းကို ကျနော်ရဲ့youtube channel မှာနားဆင်ရတော့မှာမို့စောင့်မျှော်ပေးကြပါဦးဗျ...
25/08/2026
Soon 🖤🎶
🖤 ဒီနေ့ဟာ “အမှောင်ဆုံးနေ့” လား? 🖤
NJ လို့ ပြောလိုက်တာနဲ့ -
“သီတာရယ်… ဘာကြောင့်များ အမုန်းကြီး မုန်းရတာလဲ” ဆိုတဲ့ ရင်ထဲစွဲကျန်နေတဲ့ စာသားလေးကို သတိရမိနိုင်သလို၊ လှပတဲ့တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ “အမှောင်ဆုံးနေ့” ကိုလည်း ပြန်လည်ကြားယောင်မိကြမယ်ထင်ပါတယ် 😇
😍 ကိုယ်ပိုင်တေးသီချင်းတွေကို ကိုယ်တိုင်ရေးသားဖန်တီးပြီး ကိုယ်တိုင်သီဆိုထုတ်လုပ်နေတဲ့ လူငယ်တေးသံရှင်တစ်ဦးဖြစ်တဲ့ NJ ရဲ့ စာသားတွေဟာ အနုပညာဆန်ပြီး နက်ရှိုင်းလှပါတယ် 🥰
🔥ပရိသတ်တွေအတွက်ဆိုရင်လည်း အသေးစိတ်ကအစ ဂရုတစိုက်ပြင်ဆင်ပြီး အကောင်းဆုံးဖြစ်အောင် အမြဲကြိုးစားတတ်တဲ့ Artist တစ်ယောက်ပါ☝️
😍တေးသီချင်းတစ်ပုဒ်ချင်းစီ ထုတ်လုပ်ဖို့တောင် မလွယ်ကူတော့တဲ့ ဒီခေတ်မှာ တေးသီချင်းအများကြီးကို စုစည်းပြီး Album တစ်ချပ် ထုတ်လုပ်ဖို့ဆိုတာ တကယ်ကို သတ္တိလိုအပ်ပါတယ်😇
🤩ဒါပေမဲ့ NJ ကတော့ အကျိုးအမြတ်ကို ရှေ့တန်းမတင်ဘဲ ပရိသတ်တွေ အားရပါးရ နားဆင်နိုင်ဖို့ “လူသားမဝင်ရ” တေးအယ်လ်ဘမ်ကို သူ့ရဲ့ကိုယ်ပိုင် Record Label ကနေ သတ္တိရှိရှိ ထုတ်လုပ်ခဲ့ပါတယ်🥳
အဲဒီလောက်နဲ့လည်း မရပ်သေးပါဘူး…
😍 တေးသီချင်းတစ်ပုဒ်ချင်းစီအတွက် Music Video ရိုက်ကူးဖို့ အကြိမ်ကြိမ် စဉ်းစားနေရတဲ့ Music Industry ရဲ့ လက်ရှိအခြေအနေကြားမှာ NJ ကတော့ သူတတ်နိုင်တဲ့အတိုင်းအတာအတွင်းကနေ ပရိသတ်တွေအတွက် Music Video တွေကို တစ်ခုပြီးတစ်ခု ကြိုးစားရိုက်ကူးတင်ဆက်နေပါတယ်🎯
🥰ဒါဟာ NJ ရဲ့ အနုပညာအပေါ်ထားရှိတဲ့ ချစ်ခြင်းနဲ့ ပရိသတ်တွေအပေါ်ထားတဲ့ တန်ဖိုးထားမှုပါပဲ😊😍
အခုတော့…
ခင်ဗျားတို့ကိုချစ်တဲ့ NJ က သူကိုယ်တိုင်ရေးသားထားတဲ့ တေးသီချင်းကောင်းလေးတစ်ပုဒ်ကို ဒီတစ်ပတ်အတွင်း ချပြဖို့ အဆင်သင့်ဖြစ်နေပါပြီ😇
ဒီတစ်ခါ NJ က ဘယ်လိုခံစားချက်တွေနဲ့ ခင်ဗျားတို့ရဲ့နှလုံးသားကို ထပ်ပြီးဆွဲခေါ်ဦးမှာလဲ?
Stay Tuned… 🎶
🔥ဒီပို့စ်အောက်မှာလည်း NJ ကို ပြောချင်တဲ့စကား၊ အားပေးချင်တဲ့စကားတွေနဲ့ သူ့သီချင်းတွေအပေါ် ကိုယ့်ရဲ့ခံစားချက်၊ အမြင်လေးတွေကို ရေးခဲ့နိုင်ပါတယ်🖤
NJ ရဲ့ သီချင်းသစ်အတွက် -
ARE YOU READY? 🔥