Ctum Myanmar

Ctum Myanmar

Share

မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်
Confederation of Trade Unions Myanmar - CTUM

18/08/2026

ရန်ကုန်မှသည် အညာဆီသို့

"ရန်ကုန်မှသည် အညာဆီသို့" အညာဒေသမှာ ရေဘေးသင့်မှုကြောင့် အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရတဲ့ ပြည်သူတွေအတွက် အားလုံးအတူတကွ ပါဝင်ကူညီနိုင်မယ့် Live အစီအစဉ်လေး ရှိပါတယ်။

ဒီ Live အစီအစဉ်မှာတော့
🎭 မင်းသား ကိုငြိမ်း
🎭 မင်းသမီး ဝါဝါလှိုင်
🎶 **ကိုညီ (သောင်ရင်းသုခုမ) တို့နဲ့အတူ
အညာရေဘေးသင့်ပြည်သူများအတွက် ပါဝင်ကူညီသွားမှာဖြစ်ပါတယ်။

ထို့အပြင် တက်ကြွလှုပ်ရှားသူ လူငယ် ၂ ဦးရဲ့ ပန်းချီကားများကိုလည်း ရောင်းချပေးသွားမှာဖြစ်ပြီး ရရှိလာတဲ့ အလှူငွေအားလုံးကို စစ်ကိုင်းသပိတ်အင်အားစုနှင့် ချိတ်ဆက်ကာ အညာရေဘေးသင့်ပြည်သူများအတွက် အပြည့်အဝ လှူဒါန်းသွားမှာဖြစ်ပါတယ်။ ရေဘေးသင့်ပြည်သူတွေအတွက် တတ်နိုင်တဲ့နေရာကနေ တစ်စိတ်တစ်ပိုင်းဖြစ်ဖြစ် ပါဝင်ကူညီပေးကြပါဦးခင်ဗျာ။

🙏 **ရန်ကုန်မှသည် အညာဆီသို့ — အားလုံးအတူတူ လက်တွဲကြပါစို့။ 🤝

12/08/2026

🇲🇲 Under military rule, young workers in Myanmar are losing their freedom and their future.

From forced conscription and displacement to unemployment and lost education, youth face daily threats to their lives and livelihoods.

In this feature, Sandar Soe from Ctum Myanmar speaks on the critical impacts of the coup and why restoring democracy is essential for decent work and dignity of young workers. ✊

Trade unions must stand united to organise, defend worker rights, and rebuild a free, democratic Myanmar. ✨

12/08/2026
12/08/2026

Next up in our series: Myo Win Min from Ctum Myanmar shares what young workers in Myanmar are up against today. 🇲🇲
A just future for young workers in Myanmar is not possible without the restoration of democracy. The fight for decent work for young workers in Myanmar is inseparable from the .

Photos from Ctum Myanmar's post 08/08/2026

(၃၈)နှစ်ပြည့် (၈)လေးလုံးအရေးတော်ပုံ အောက်မေ့ဖွယ် အခမ်းအနား
"အကြောက်တရားမှ လွတ်မြောက်ရာဆီသို့"

(သွေးစည်းညီညွတ်မှုဖြင့် မြန်မာနိုင်ငံတောင်သူလယ်သမားနှင့်စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် - AFFM)

၁၉၈၈ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့တွင် စတင်ပေါက်ကွဲခဲ့သော ၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံသည် ကျောင်းသား၊ အလုပ်သမား၊ လယ်သမားနှင့် ပြည်သူလူထုတစ်ရပ်လုံး လွတ်လပ်မှု၊ တရားမျှတမှုနှင့် ဒီမိုကရေစီအတွက် အတူတကွ ရပ်တည်တိုက်ပွဲဝင်ခဲ့သော သမိုင်းဝင် လူထုလှုပ်ရှားမှုကြီးဖြစ်သည်။

အလုပ်သမားလူတန်းစားသည် ထိုတော်လှန်ရေးတွင် ရှေ့တန်းမှ ပါဝင်ခဲ့ရုံသာမက ယနေ့နွေဦးတော်လှန်ရေးအထိလည်း အလုပ်သမားသမဂ္ဂများနှင့် အလုပ်သမားထုသည် သပိတ်များ၊ သမဂ္ဂလှုပ်ရှားမှုများနှင့် အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲများတွင် မဆုတ်မနစ် ပါဝင်လျက်ရှိသည်။

အလုပ်သမားအခွင့်အရေး၊ လွတ်လပ်စွာ သမဂ္ဂဖွဲ့စည်းခွင့်၊ မျှတသောလုပ်ခလစာနှင့် ဘေးအန္တာရာယ်ကင်းရှင်းပြီး လုံခြုံသောအလုပ်ခွင်တို့သည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့နှင့် ခွဲခြား၍ မရသော အခြေခံအခွင့်အရေးများဖြစ်သည်။ ထို့ကြောင့် အလုပ်သမားများ၏ လွတ်မြောက်ရေးသည် မိမိတို့ မြန်မာနိုင်ငံ၏ ဒီမိုကရေစီလွတ်မြောက်ရေးနှင့် တစ်သားတည်း ဆက်နွယ်နေသည်။

"၈၈၈၈ ၏ မီးတောက်သည် မျိုးဆက်တစ်ဆက်မှ တစ်ဆက်သို့ ကူးဆက်လျက်ရှိပြီး၊ လွတ်လပ်မှုကို ယုံကြည်သော တော်လှန်ပြည်သူများ၏ နှလုံးသားထဲတွင် အစဉ်ထာဝရ ရှင်သန်နေမည်ဖြစ်သည်။"

(၃၈) နှစ်တိုင်ခဲ့သော်လည်း ၈ လေးလုံး၏ စိတ်ဓာတ်နှင့် အိပ်မက်များသည် မငြိမ်းသေးပါ။ အလုပ်သမားထုအပါအဝင် မြန်မာပြည်သူတစ်ရပ်လုံးသည် အကြောက်တရားကင်းသော၊ တရားမျှတပြီး ဒီမိုကရေစီအပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဆက်လက်လက်တွဲ ရုန်းကန်သွားမည်ဖြစ်သည်။

၈၈၈၈ စိတ်ဓာတ် မသေ — အလုပ်သမားတိုက်ပွဲ မရပ်!
ဒီမိုကရေစီအတွက် ဆက်လက်တိုက်ပွဲဝင်ကြစို့။

#8888
#ရန်ကုန်လူထုသပိတ်

Photos from Myanmar Labour Alliance's post 08/08/2026
Photos from Ctum Myanmar's post 08/08/2026

(၃၈)နှစ်ပြည့် (၈)လေးလုံးအရေးတော်ပုံ အောက်မေ့ဖွယ် အခမ်းအနား
"အကြောက်တရားမှ လွတ်မြောက်ရာဆီသို့"
(သွေးစည်းညီညွတ်မှုဖြင့် မြန်မာနိုင်ငံဆောက်လုပ်ရေးနှင့်သစ်လုပ်ငန်းအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် - BWFM)

၁၉၈၈ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့တွင် စတင်ပေါက်ကွဲခဲ့သော ၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံသည် ကျောင်းသား၊ အလုပ်သမား၊ လယ်သမားနှင့် ပြည်သူလူထုတစ်ရပ်လုံး လွတ်လပ်မှု၊ တရားမျှတမှုနှင့် ဒီမိုကရေစီအတွက် အတူတကွ ရပ်တည်တိုက်ပွဲဝင်ခဲ့သော သမိုင်းဝင် လူထုလှုပ်ရှားမှုကြီးဖြစ်သည်။

အလုပ်သမားလူတန်းစားသည် ထိုတော်လှန်ရေးတွင် ရှေ့တန်းမှ ပါဝင်ခဲ့ရုံသာမက ယနေ့နွေဦးတော်လှန်ရေးအထိလည်း အလုပ်သမားသမဂ္ဂများနှင့် အလုပ်သမားထုသည် သပိတ်များ၊ သမဂ္ဂလှုပ်ရှားမှုများနှင့် အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲများတွင် မဆုတ်မနစ် ပါဝင်လျက်ရှိသည်။

အလုပ်သမားအခွင့်အရေး၊ လွတ်လပ်စွာ သမဂ္ဂဖွဲ့စည်းခွင့်၊ မျှတသောလုပ်ခလစာနှင့် ဘေးအန္တာရာယ်ကင်းရှင်းပြီး လုံခြုံသောအလုပ်ခွင်တို့သည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့နှင့် ခွဲခြား၍ မရသော အခြေခံအခွင့်အရေးများဖြစ်သည်။ ထို့ကြောင့် အလုပ်သမားများ၏ လွတ်မြောက်ရေးသည် မိမိတို့ မြန်မာနိုင်ငံ၏ ဒီမိုကရေစီလွတ်မြောက်ရေးနှင့် တစ်သားတည်း ဆက်နွယ်နေသည်။

"၈၈၈၈ ၏ မီးတောက်သည် မျိုးဆက်တစ်ဆက်မှ တစ်ဆက်သို့ ကူးဆက်လျက်ရှိပြီး၊ လွတ်လပ်မှုကို ယုံကြည်သော တော်လှန်ပြည်သူများ၏ နှလုံးသားထဲတွင် အစဉ်ထာဝရ ရှင်သန်နေမည်ဖြစ်သည်။"

(၃၈) နှစ်တိုင်ခဲ့သော်လည်း ၈ လေးလုံး၏ စိတ်ဓာတ်နှင့် အိပ်မက်များသည် မငြိမ်းသေးပါ။ အလုပ်သမားထုအပါအဝင် မြန်မာပြည်သူတစ်ရပ်လုံးသည် အကြောက်တရားကင်းသော၊ တရားမျှတပြီး ဒီမိုကရေစီအပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဆက်လက်လက်တွဲ ရုန်းကန်သွားမည်ဖြစ်သည်။

၈၈၈၈ စိတ်ဓာတ် မသေ — အလုပ်သမားတိုက်ပွဲ မရပ်!
ဒီမိုကရေစီအတွက် ဆက်လက်တိုက်ပွဲဝင်ကြစို့။

#ရန်ကုန်လူထုသပိတ်
#8888

Photos from Union Aid Abroad - APHEDA's post 29/07/2026

🔺Sanction the Myanmar military regime now! Maung Maung Ctum Myanmar and Debbie Stothard ALTSEAN-Burma met with unionists and activists at Unions NSW to deliver an urgent message: the international community must stop legitimising Myanmar's military junta.
Maung Maung highlighted the crucial call to action:
“We need to put pressure on the military junta by sanctioning its access to jet fuel and cutting off the free flow of money. We are calling on the Australian Government to seriously pursue these measures within a clear timeframe. If it doesn't, it could be another 24 years before we regain democracy. We can't afford that."

Category

Telephone

Address

No. 384, Corner Of Sabae Street And Konbaung St, 15 Ward, East Dagon Township
Yangon
11451