MOD Marketing Service
မနေ့ကထက် ဒီနေ့ပိုပြီးရောင်းကောင်းစေဖို့
28/08/2026
$260 Ads Campaign Result 🔥
အခုလို ကျွန်တော်တို့ MOD ကို ယုံကြည်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။ 🥳🫶
#မနေ့ကထက်ဒီနေ့ပိုပြီးရောင်းကောင်းစေဖို့
24/08/2026
မနေ့ကထက် ဒီနေ့ပိုပြီးရောင်းကောင်းစေမယ့် Boost Service
Bass Cannon Music Festival x MOD
ကျွန်တော်တို့နဲ့အတူ Bass Cannon ရဲ့𝐁𝐚𝐜𝐤 𝐓𝐨 𝐋𝐢𝐟𝐞 𝐌𝐮𝐬𝐢𝐜 𝐅𝐞𝐬𝐭𝐢𝐯𝐚𝐥 အတွက် Social Media အပိုင်းကို တာဝန်ယူဆောင်ရွက်ခွင့်ရတဲ့တွက် ကျေးဇူးအထူးတင်ရှိပါသည်။
27/07/2026
❝ ကိုယ့်ပစ္စည်းကို မလိုတဲ့သူဆီ ဘယ်လိုရောင်းရမလဲ? ❞
-
-
-
-
-
အဲ့တာတော့ မသိပါဘူး... hehe
MOD Ads Services များအား
ယာယီရပ်နားပါတယ် ခင်ဗျ။
We’ll be back very soon.
22/07/2026
Campaign တစ်ခုတည်းကိုပဲ $200 ကျော်ထိ 🤩
အခုလို ကျွန်တော်တို့ MOD ကို ယုံကြည်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။ 🥳🫶
#မနေ့ကထက်ဒီနေ့ပိုပြီးရောင်းကောင်းစေဖို့
07/07/2026
❝ ဈေးဆိုင်က အမ်းလိုက်တဲ့ သကြားလုံးတစ်လုံးနောက်ကွယ်က သိန်းထောင်ချီ အမြတ်ငွေ ❞
အစ်ကို… အကြွေမရှိလို့ သကြားလုံ လေးပဲ ယူသွားလိုက်နော်
ဒီလိုမျိုးကို စတိုးဆိုင်တွေ၊ 𝐌𝐢𝐧𝐢-𝐦𝐚𝐫𝐭 တွေမှာ အကြွေ ၁၀၀ ကျပ်အစား သကြားလုံးတစ်လုံး အမ်းတာကို ခင်ဗျားတို့ နေ့တိုင်း ကြုံဖူးကြမှာပါ။
၁၀၀ ကျပ်တည်းပဲဟာ ဆိုပြီး ကျွန်တော်တို့ ပေါ့ပေါ့ပါးပါး ယူခဲ့တဲ့ ဒီသကြားလုံးတစ်လုံးရဲ့ နောက်ကွယ်မှာ...
လုပ်ငန်းရှင်ကြီးတွေက တစ်နှစ်ကို ကျပ်သိန်းထောင်ချီတဲ့ အသားတင်အမြတ်ငွေတွေ ဉာဏ်ဆင်ပြီး ရှာဖွေနေကြတယ်ဆိုတာ ခင်ဗျားတို့ သတိထားမိရဲ့လား?
တကယ်လို့်မထားမိသေးဘူးဆိုရင် ကျွန်တော် အဲ့နောက်ကွယ်က အသေးစား စီးပွားရေး (𝐌𝐢𝐜𝐫𝐨𝐞𝐜𝐨𝐧𝐨𝐦𝐢𝐜𝐬) အကြောင်းလေးကို နည်းနည်းရှင်းပြပေးပါမယ်။
ဆိုကြပါစို့ဗျာ အကြမ်းဖျင်းအားဖြင့် စျေးကွက်ထဲမှာ အလုံး ၁၀၀ ပါတဲ့ သကြားလုံးတစ်ထုတ် လက်ကားဈေး ၄၀၀၀ နဲ့ ဆိုရင်
▪️သကြားလုံးတစ်လုံးရင်းဈေး (𝐂𝐨𝐬𝐭 𝐏𝐫𝐢𝐜𝐞): ၄၀ ကျပ် ဝန်းကျင်။
▪️ပြန်အမ်းသည့် တန်ဖိုး (𝐒𝐞𝐥𝐥𝐢𝐧𝐠 𝐏𝐫𝐢𝐜𝐞): တစ်လုံးကို ၁၀၀ ကျပ်။
▪️တစ်လုံးအမ်းတိုင်းရမည့် အသားတင်အမြတ်: ၁၀၀ - ၄၀ = ၆၀ ကျပ် တိတိ။
ပျမ်းမျှအားဖြင့် တစ်နေ့ကို လူဦးရေ ၃၀၀ ဝင်ထွက်တဲ့ ဆိုင်တစ်ဆိုင်မှာ အကြွေမရှိလို့ လူ ၁၀၀ ကို သကြားလုံး အမ်းဖြစ်တယ်ဆိုပါစို့။
▪️တစ်နေ့စာ အမြတ် = ၆,၀၀၀ ကျပ်
▪️တစ်လစာ အမြတ် (ရက် ၃၀) = ၁၈၀,၀၀၀ ကျပ်
ဆိုင်ခွဲ ၅၀ ရှိတဲ့ 𝐆&𝐆 တို့ 𝐀𝐁𝐂 တို့လို့ ကုမ္ပဏီကြီးတစ်ခုအထိ 𝐒𝐜𝐚𝐥𝐞 ချဲ့ကြည့်လိုက်မယ်ဆိုရင်
▪️တစ်လစာ သကြားလုံးအမ်းမိမယ့် ဝယ်သူဦးရေ = ၁၅၀,၀၀၀ ယောက်
▪️တစ်လစာ စုစုပေါင်း အသားတင်အမြတ်ငွေ = ကျပ် ၉,၀၀၀,၀၀၀ ( သိန်း ၉၀ )
▪️တစ်နှစ်စာ ဆိုရင်တော့…ကြော်ငြာခတစ်ကျပ်မှ မကုန်ဘဲ ကျပ်သိန်းပေါင်း ၁၀၈,၀၀,၀၀၀ ကျော် ( သိန်း ၁ထောင် နဲ့ ၈၀ သိန်း ) ကို အသားတင်အမြတ် ရရှိသွားတာ ဖြစ်ပါတယ်။
ဒါက ကျွန်တော်တို့ ဆီကို အကြွေမရှိလို့ပါဆိုပြီး အမ်းလိုက်တဲ့ သကြားလုံးတွေကနေ လုပ်ငန်းရှင်တွေက တစ်နှစ်တစ်နှစ် သိန်းထောင်ချီရှာနေကြတယ်ဆိုတာ နည်းနည်းနားလည်သွားမယ်ထင်ပါတယ်။
ကဲ ဒါကဘာလို့အလုပ်ဖြစ်နေရတာလဲ ??
🧠 သူတို့အသုံးချသွားတဲ့ ဝယ်သူ့စိတ်ပညာကို 𝐂𝐨𝐧𝐬𝐮𝐦𝐞𝐫 𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐲 ခေါ်တယ် ..
ဒါက လူတွေက ငွေအမြောက်အမြား ကုန်ရမှာကိုပဲ နှမြောပြီး၊ ၁၀၀ ကျပ်လောက် အကြွေထွက်သွားတာကို ဦးနှောက်က နာကျင်မှုလို့ မသတ်မှတ်တာကို အကွက်ကျကျ အသုံးချတာပါ။
ဒါပေမဲ့ လက်ရှိ 𝐊𝐩𝐚𝐲, 𝐖𝐚𝐯𝐞 𝐏𝐚𝐲, 𝐐𝐑 𝐒𝐜𝐚𝐧 စတဲ့ 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐏𝐚𝐲𝐦𝐞𝐧𝐭 စနစ်တွေ တွင်ကျယ်လာတဲ့အချိန်မှာတော့ စားသုံးသူတွေဆီမှာ ဒီစိတ်ပညာထောင်ချောက်က အရင်လောက်အလုပ်မဖြစ်တော့တာကိုတွေ့လာရမှာပါ။
💬 ခင်ဗျားတို့ကော ဘယ်လိုမြင်လဲ?
စတိုးဆိုင်တွေမှာ အကြွေမရဘဲ သကြားလုံး အမ်းတာကို ခံရတဲ့အခါ အလိုက်သင့်ပဲ ယူခဲ့ကြလား?
ဒါမှမဟုတ် အခုလို သိန်းပေါင်းထောင်ချီတဲ့ အရောင်းဗျူဟာကြီး ရှိနေတာကို ရိပ်မိခဲ့ဖူးလား?
29/06/2026
Royal Client တစ်ဦးဖြစ်တဲ့ Bangkok SellNow ရဲ့ Surprise
MOD ကို အခုလို အမြဲတမ်းယုံကြည်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျ 🤩
23/06/2026
❝ လူတွေဟာ အမှန်တရားထက် သူတို့ယုံကြည်တဲ့ ပုံရိပ်နောက်ကိုပဲ မျက်စိမှိတ်ရွေးချယ်တက်ကြတယ် ❞
ထုံစံအတိုင်း အဖြစ်အပျက်လေးတစ်ခုနဲ့ အစချီကြတာပေါ့…
ဇာတ်လမ်းအစ ၁၉၇၅ ခုနှစ်လောက်မှာ ကမ္ဘာ့အချိုရည်ဈေးကွက်ထဲ Coca-Cola က အပြတ်အသတ် စိုးမိုးထားခဲ့တာပါ။
ဒါကို Pepsi က မကျော်နိုင်တဲ့အခါမှာ လူတွေကြားထဲကမ္ဘာကျော်သွားစေမယ့် မျက်စိမှိတ်ပြီး အရသာစမ်းသပ်ချက် ( Blind Taste )တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။
💁♂️ သူတို့ဟာ လမ်းသွားလမ်းလာတွေကို ခေါ်ပြီး၊ တံဆိပ် ကပ်မထားတဲ့ အဖြူရောင်ခွက်နှစ်ခွက်ထဲကို Coke နဲ့ Pepsi တစ်ခွက်စီ ထည့်ပြီး သောက်ခိုင်းပါတယ်။
အံ့သြစရာကောင်းတာက တံဆိပ်ကို မမြင်ရဘဲ လျှာပေါ်က အရသာသက်သက်နဲ့ပဲ ဆုံးဖြတ်ခိုင်းတဲ့အခါ
လူအများစုက Pepsi ရဲ့ အရသာကို ပိုမိုနှစ်သက်ကြတယ် လို့ တညီတညွတ်တည်း ရွေးချယ်ခဲ့ကြပါတယ်။
ဒါကို သိပ္ပံပညာရှင်တွေက လူတွေရဲ့ ဦးနှောက်ကို FMRI စက်နဲ့ ဓာတ်မှန်ရိုက်ပြီး ဒီစမ်းသပ်ချက်ကို ပြန်လုပ်တဲ့အခါမှာတော့ ..
🧠 လူတွေက တံဆိပ်ကို ဖျောက်ထားချိန်မှာ ဦးနှောက်က အရသာကို ခံစားတဲ့အပိုင်းပဲ အလုပ်လုပ်ပါတယ်။ ဒါပေမဲ့...
ဒီဟာက Coca-Cola ပဲလို့ တံဆိပ်ကို ပြပြီး သောက်ခိုင်းလိုက်တဲ့ အချိန်မှာတော့
ထူးဆန်းစွာပဲ လူတွေရဲ့ ဦးနှောက်ထဲက အမှတ်တရတွေ၊ စရိုက်လက္ခဏာတွေနဲ့ ခံစားချက်တွေကို ထိန်းချုပ်တဲ့ နေရာကြီးတစ်ခုလုံး (Medial Prefrontal Cortex) ဝင်းခနဲ လင်းထိန်သွားပြီး…
🤷♂️ Coke က ပိုသောက်လို့ ကောင်းတယ်ဆိုပြီး လူတွေရဲ့ ဆုံးဖြတ်ချက်က ချက်ချင်းပြောင်းလဲသွားပါတော့တယ်။ ( တက်လဲတက်နိုင်တယ် 😆)
ဒီအချက်ကပဲ ကုန်ပစ္စည်းရဲ့ အရသာထက်၊ အဲဒီတံဆိပ်က ပေးတဲ့ နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ ခံစားချက် က လူတွေရဲ့ ဦးနှောက်ကို လွှမ်းမိုး အနိုင်ယူသွားခဲ့တဲ့ သမိုင်းဝင် သက်သေပြချက်တစ်ခုပါပဲ။
==========================
🤔ဒါကို ကျွန်တော်နားလည်လွယ်အောင်ရှင်းပြကြည့်မယ်..
ဥပမာ- ကုန်ပစ္စည်း (Product) ဆိုတာက ခင်ဗျားရဲ့ ခန္ဓာကိုယ် (Body) ဖြစ်ပြီး၊Branding ဆိုတာကတော့ ခင်ဗျား ကွယ်ရာမှာ လူတွေ ခံစားနေရတဲ့ ခင်ဗျားရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ စရိုက် (Personality) ပေါ့။
💁♂️ လူတစ်ယောက်ဟာ အဝတ်အစား ကောင်းကောင်းဝတ်ထားလို့၊ ရုပ်ရည်သန့်ပြန့်နေလို့ အစပိုင်းမှာ သဘောကျမိနိုင်ပေမဲ့၊ အဲဒီလူ ကွယ်ရာမှာ
"ဒီလူကတော့ ယုံကြည်စိတ်ချရတယ်၊ စရိုက်ကောင်းတယ်" လို့ လူတွေက သတ်မှတ်ကြမှသာ ရေရှည်လက်တွဲဖို့ ဆုံးဖြတ်ကြတာပါ။ 🤷♂️
▪️စီးပွားရေးမှာလည်း ခင်ဗျားရဲ့ ပစ္စည်းက ဘယ်လောက်ပဲ ကောင်းနေပါစေ၊ စားသုံးသူရဲ့ ရင်ထဲမှာ စရိုက်လက္ခဏာနဲ့ စိတ်ခံစားမှုဆိုင်ရာ တွယ်တာမှုတစ်ခုကို မတည်ဆောက်နိုင်ခဲ့ရင်...
ပြိုင်ဘက်က ဈေးနည်းနည်းလျှော့လိုက်တာနဲ့ စားသုံးသူဟာ ခင်ဗျားကို ချက်ချင်း စွန့်ခွါသွားမှာပါ။
ဒီလိုဆိုရင်တော့ နားလည်လွယ်သွားမယ်ထင်ပါတယ်။
▪ ကမ္ဘာပေါ်မှာ ရှိတဲ့ ကုန်ပစ္စည်းတွေဟာ တစ်နေ့မှာ သက်တမ်းကုန်သွားနိုင်ပြီး ကွယ်ပျောက်သွားနိုင်ပေမဲ့၊ Customer တွေရဲ့ ရင်ထဲမှာ စိုက်ပျိုးထားခဲ့တဲ့ Branding ဆိုတဲ့ ယုံကြည်မှုကတော့ မျိုးဆက်ပေါင်းများစွာအထိ ရှင်သန်ကျန်ရစ်နေမှာ ဖြစ်ပါတယ်။
ခင်ဗျားတို့ရော Branding ဆိုတာကိုဘယ်လိုမြင်လဲ?
ကျွန်တော်နဲ့ မတူတဲ့ အမြင်မျိုးရှိရင်လည်း အောက်မှာ ရေးသွားပေးခဲ့ပါဦး.. ❤️
| မနေ့ကထက် ဒီနေ့ပိုရောင်းကောင်းစေဖို့
📞 Contact : 09 762 900 27
#မနေ့ကထက်ဒီနေ့ပိုပြီးရောင်းကောင်းစေဖို့
20/06/2026
Campaign တစ်ခုတည်းကို $90 ထိ တိုးသွားတဲ့ ရလဒ် 🤩🤩
#မနေ့ကထပ်ဒီနေ့ပို့ရောင်းကောင်းစေဖို့
Category
Website
Address
Alerts
Be the first to know and let us send you an email when MOD Marketing Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.