JDS - Over The Counter

JDS - Over The Counter

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from JDS - Over The Counter, Medical and health, No. 6 (A) , Dawbon Jute Carpet Product Factory Compound, Min Nandar Road, Dawbon Township, Yangon.

31/08/2026

ကဲ... JDS OTC ရဲ့ ချစ်ပရိသတ်တွေအတွက် ပျော်ပျော်ပါးပါး ခန့်မှန်းရင်း ဖုန်းဘေလ် ကံစမ်းနိုင်မယ့် ဂိမ်းလေးလာပါပြီနော်! 😍

ဒီဆေးလေးကဆီးနဲ့ပတ်သက်တဲ့ ဝေဒနာရှင်တွေအတွက်လက်မလွှတ်သင့်တဲ့ဆေးလေးဖြစ်မှာပါ။ ဘာဆေးလေးဖြစ်နိုင်မလဲဆိုတာကိုခန့်မှန်းပေးသွားကြပါဦးနော်။

ဒီပိုစ့်လေးကို like လုပ်ပြီး Public နဲ့ Share ထားပြီးဖို့တော့မမေ့ပါနဲ့နော်။
ကောမန့်မန့်ထားတဲ့ထဲက (၅) ဦးတိတိကို ရွေးချယ်ပြီး မေတ္တာလက်ဆောင် ဖုန်းဘေလ် (၅၀၀၀)စီ
ပေးသွားမှာပါ။ ကဲ...အဖြေမှန်လေးကိုအမြန်လေးကောမန့်ပေးသွားကြပါဦး။

30/08/2026

ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာတွေဟာ ဖြစ်လာပြီဆိုရင် နေရထိုင်ရ ခက်ခဲစေရုံတင်မကဘဲ နေ့စဉ်လူမှုဘဝကိုပါ ထိခိုက်စေပါတယ်။

အထူးသဖြင့် ရေဓာတ်နည်းတဲ့အခါ ဒါမှမဟုတ် အိမ်သာခဏခဏ အောင့်ထားတဲ့အခါ ဆီးပူတာ၊ ဆီးအောင့်တာတွေ ဖြစ်လာတတ်ပါတယ်။

ဒါတွေကို မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ဖို့ Aoral ရှိပါတယ်။☺️

Aoralက….
👉🏻ဆီးလမ်းကြောင်းကို သန့်စင်ပေးပြီး ပိုးဝင်ခြင်းကို ကာကွယ်ပေးတယ်။
👉🏻ဆီးပူ၊ ဆီးအောင့်ခြင်းကြောင့် ဖြစ်တဲ့ မအီမသာဝေဒနာတွေကို သက်သာစေတယ်။
👉🏻ကျန်းမာတဲ့ ဆီးလမ်းကြောင်းစနစ်ဖြစ်ဖို့ ထောက်ပံ့ပေးပါတယ်။

မဖြစ်ခင်က ကြိုတင်ကာကွယ်တာက အကောင်းဆုံးမို့ ကျန်းမာရေးအတွက် Aoral ကို ယုံကြည်စိတ်ချစွာ ရွေးချယ်လိုက်ပါနော် 💙

#ဆီးပူ #ဆီးအောင့် #ဆီးလမ်းကြောင်း

26/08/2026

မိုးအေးအေးနဲ့မို့ စိတ်က ထိုင်းမှိုင်းပြီး ဦးနှောက်ထဲ မကြည်မလင်ဖြစ်နေပြီလား❓
တခဏအတွင်း လန်းဆန်းပြီး အားအင်ပြည့်သွားစေဖို့ Vitafresh C ရေဆူဆေးပြားကို မှီဝဲလိုက်ပါ🥤✨

Vitafresh C ရေဆူဆေးပြားက သောက်လိုက်ရင် ချက်ချင်း လန်းဆန်းစေရုံမကဘဲ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေကိုလည်း ဖြည့်ဆည်းပေးနိုင်ပါတယ်။

✅ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတဲ့ ဗီတာမင်စီ
✅ ဦးနှောက်နဲ့ အာရုံကြော လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေတဲ့ ဗီတာမင်ဘီအုပ်စု
✅ ဆံပင်သန်စွမ်းဖို့နဲ့ ခြေသည်းလက်သည်းတွေ ကျန်းမာဖို့အတွက် အထောက်အကူပြုတဲ့ ဘိုင်အိုတင်
✅ ဆုံးရှုံးသွားတဲ့ ဓာတ်ဆားတွေကို ပြန်လည်ဖြည့်တင်းပေးတဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။

သောက်ရတာလည်း အရသာရှိ၊ ဗီတာမင်တွေလည်း အပြည့်ရမယ့် Vitafresh C ကို အခုပဲ ဆောင်ထားလိုက်တော့နော်🍊🍋

#ရေဆူဆေးပြား

Photos from JDS - Over The Counter's post 24/08/2026

ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့ အချိန်မှာ အလိုအပ်ဆုံးက ရေဓာတ်ပြန်လည် အမြန်ဆုံး ဖြည့်တင်းပေးဖို့ပါပဲ။

ကာလဝမ်းရောဂါဖြစ်ပွားနေချိန်မှာ လိုအပ်တဲ့ သူများအတွက် အီလက်ထရယ် ဖို့(တ်) မြန်မာကနေ တန်ဖိုးငွေကျပ် ၁၄ သိန်းနဲ့ ညီမျှတဲ့ ဓာတ်ဆားထုပ်တွေကို သင်္ဃန်းကျွန်း စံပြဆေးရုံ သို့လည်းကောင်း ငွေကျပ် ၂၁ သိန်းဝန်းကျင် နှင့် ညီမျှသော ဓါတ်ဆားထုပ်မျာ ကို ရန်ကုန်ဆေးရုံ ကြီးသို့ လည်းကောင်း ဒေါက်တာစိုပြေနဲ့ အတူသွားရောက်လှူဒါန်းခဲ့ပါတယ်။

ပြည်သူတွေနဲ့အတူ ကာလဝမ်းရောဂါကို အမြန်ဆုံးကျော်လွှားနိုင်ဖို့ အီလက်ထရယ် ဖို့(တ်)က တတပ်တအား အမြဲပါဝင်နေမှာပါ။

#ဝမ်းပျက်ဝမ်းလျှော

23/08/2026

ရာသီဥတု အပြောင်းအလဲမြန်နေတဲ့ အချိန်မှာ ကိုယ်ခံအားနည်းသူတွေအနေနဲ့ "အအေးမိခြင်း" ဝေဒနာကို အလွယ်တကူ ခံစားရနိုင်ပါတယ်။❗️

နေထိုင်မကောင်းဖြစ်တော့မယ်ဆိုရင် ခန္ဓာကိုယ်က ကြိုတင်အချက်ပေးလေ့ရှိလို့ အောက်ပါလက္ခဏာတွေ ပြလာတိုင်း သတိပြုမိဖို့ လိုပါတယ်👇

နှာချေခြင်းနှင့် နှာစေးခြင်း 🤧
နှာခေါင်းထဲက ယားကျိကျိဖြစ်ပြီး ခဏခဏ နှာချေတာ၊ နှာရည်ယိုတာတွေက အအေးမိခြင်းရဲ့ အစောဆုံးလက္ခဏာတွေပဲ ဖြစ်ပါတယ်။

လည်ချောင်းနာပြီး ချောင်းဆိုးခြင်း 😷
လည်ချောင်းထဲက တစ်ခုခု ခံနေသလိုမျိုး နာကျင်တာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာနဲ့အတူ တဟွတ်ဟွတ် ချောင်းဆိုးတာမျိုးတွေ ကြုံရတတ်ပါတယ်။

ကိုယ်လက်မအီမသာဖြစ်ပြီး ကိုယ်ပူခြင်း 🔥
တစ်ကိုယ်လုံး ကိုက်ခဲညောင်းညာတာ၊ နုံးချိနေတာနဲ့အတူ အဖျားငွေ့ငွေ့လေး ရှိနေတတ်ပါတယ်။

ခေါင်းကိုက်ခြင်း 🤕
မျက်လုံးတစ်ဝိုက်နဲ့ နားထင်တွေက လေးလံပြီး ခေါင်းတုံ့တုံ့နဲ့ ကိုက်ခဲတာမျိုး ခံစားရနိုင်ပါတယ်။

ဒီလိုလက္ခဏာတွေ ပြလာပြီဆိုရင်တော့ အလုပ်တွေ ခဏနား၊ အာဟာရရှိတာလေးတွေစားပြီး အနားယူဖို့ လိုအပ်နေပြီဆိုတာ မမေ့ပါနဲ့နော်။

✨ အအေးမိခြင်းကြောင့် ဖြစ်ပေါ်တတ်တဲ့ နှာစေး၊ နှာပိတ်၊ ချောင်းဆိုးနဲ့ ကိုယ်လက်မအီမသာဖြစ်ခြင်းတွေကို အမြန်ဆုံး သက်သာစေဖို့အတွက် "Flusafe" ရှိပါတယ်။
Flusafe ကို ပါရာစီတမော၊ Dextromethorphan၊ Phenylephrine HCl အစရှိတဲ့ အဓိက ဆေးဝါးတွေနဲ့ ပေါင်းစပ်ထုတ်လုပ်ထားလို့ ဒီဝေဒနာတွေကို ထိရောက်စွာ သက်သာလျော့ပါးစေမှာပါ။

ဆေးသောက်ပြီး မူးဝေတာမျိုး၊ အိပ်ငိုက်တာမျိုး မဖြစ်စေလို့ ရုံးသမား ကျောင်းသမားတွေအတွက်လည်း အရမ်း အဆင်ပြေပါတယ်။

အအေးမိလက္ခဏာတွေ ခံစားရတာနဲ့ Flusafe ကို သတိရလိုက်ပါနော် ✨

#ဖျားနာ #တုပ်ကွေး

Photos from JDS - Over The Counter's post 21/08/2026

လိုအပ်တဲ့ အချိန်မှာ အမြဲအသင့်ရှိနေမှာ အီလက်ထရယ်ဖို့(တ်)-မြန်မာ ပါ

လေးမျက်နှာမြို့နယ်မှ ရေဘေးသင့်ပြည်သူတွေအတွက် JDS ဝိုင်းတော်သားတွေ၊ နွားဦးတိုက် ဆရာတော်ကြီးနဲ့ ဆရာ ဒေါက်တာစိုပြေတို့မှ စုစုပေါင်း ကျပ်သိန်း(၃၂၀) ကျော်တန်ဖိုးရှိ ထောက်ပံ့ရေးပစ္စည်းတွေကို အထိရောက်ဆုံးနဲ့ အမြန်ဆုံးရောက်အောင်လို့ မြေပြင်အထိ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းဖြစ်ခဲ့ပါတယ်။

ရေဘေးသင့်ပြည်သူတွေအတွက် အဓိက မရှိမဖြစ်လိုအပ်တဲ့ အီလက်ထရယ်ဖို့(စ်) ဓါတ်ဆား အပါအဝင် စားသောက်ဖွယ်ရာများဖြစ်တဲ့ ငါးပိကြော်၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ အာဟာရမုန့်ခြောက်၊ စတာတွေအပြင် လူသုံးကုန်ပစ္စည်းတွေဖြစ်တဲ့ ဖယောင်းတိုင်၊ T shirt အစရှိတဲ့ လှူဖွယ်ပစ္စည်းတွေကို မျှဝေရင်း တက်အားသရွေ့ဖေးကူခဲ့တဲ့ ပုံရိပ်လေးတစ်ချို့ကို အီလက်ထရယ်ဖို့(တ်)-မြန်မာ ကို အားပေးနေတဲ့ မိဘပြည်သူတို့ သာဓုခေါ်ဆိုနိုင်ရန်အတွက် မျှဝေဖော်ပြပေးလိုက်ပါတယ်ရှင်။

WHO recommended formula နဲ့ လုပ်ထားတဲ့ လိမ္မော်အရသာ ဓါတ်ဆား အီလက်ထရယ်ဖို့(တ်)ကြောင့် ရေကြီးမှုနဲ့အတူ ရေညစ်ညမ်းမှုကြောင့် ဖြစ်လာနိုင်တဲ့ ဝမ်းပျက် ဝမ်းလျှောရောဂါကို ကြိုတင်ကာကွယ်နိုင်ဖို့ မျှော်လင့်ပါတယ်ရှင်။

#ဝမ်းပျက်ဝမ်းလျှော

16/08/2026

ခုတလော ရာသီဥတုက အေးလိုက်၊ ပူလိုက်နဲ့မို့ လူတိုင်းလိုလို နှာစေး၊ ချောင်းဆိုး ဝေဒနာတွေ အဖြစ်များနေကြပါတယ်။

နှာရည် ဆက်တိုက်ကျနေတာ၊ ချောင်းတဟွတ်ဟွတ်ဆိုးနေရတာတွေက တနေ့တာမှာ နေရခက်ပြီး မအီမသာဖြစ်စေပါတယ်။ 😷

ဒီလို အခိုက်အတန့်မျိုးမှာ သင့်ကို ကူညီပေးမယ့် သူငယ်ချင်းကောင်းကတော့ Flusafe ပါပဲ။

🌟 ဘာကြောင့် Flusafe ကို ရွေးချယ်သင့်သလဲ?
FluSafe ရဲ့ ထိရောက်ကောင်းမွန်တဲ့ ဆေးအာနိသင်က သာမန် နှာစေး၊ ချောင်းဆိုးတာက အစပြုလို့ အအေးမိဖျားနာတာ၊ တုပ်ကွေးမိတာတွေအထိ မြန်မြန်ဆန်ဆန် သက်သာလျော့ပါးစေပါတယ်။

အိမ်မှာဖြစ်ဖြစ်၊ ရုံးမှာဖြစ်ဖြစ် Flusafe ကို ဆောင်ထားရုံနဲ့ နေမကောင်းဖြစ်တဲ့အခါတိုင်း စိတ်ပူပန်စရာ မလိုတော့ဘူးပေါ့😃

#တုပ်ကွေး #ဖျားနာ

12/08/2026

ခေါင်းကိုက်တာကြောင့် အာရုံစူးစိုက်မှုတွေ ပျက်ပြားပြီး အလုပ်မတွင်တာမျိုး အဖြစ်မခံသင့်ပါဘူးနော်❗️

Professional ပီပီ အလုပ်တွေကို အရှိန်မပျက် ပြီးမြောက်စေဖို့ PoldanMig ရှိပါတယ်။💚
PoldanMig က ခေါင်းတခြမ်းကိုက်ခြင်းဝေဒနာကို အမြန်ဆုံး သက်သာစေပြီး အလုပ်စွမ်းဆောင်ရည်ကို ပြန်လည်မြင့်တင်ပေးမှာပါ။

#ခေါင်းကိုက် #ခေါင်းတခြမ်းကိုက်

07/08/2026

ရေခဲရေသောက်ရင် ချောင်းပိုဆိုးနိုင်တယ်ဆိုတာ ဟုတ်ရဲ့လား❓

ရေခဲရေက ချောင်းဆိုးတာကို တိုက်ရိုက် ဖြစ်စေတဲ့ အကြောင်းရင်း မဟုတ်ပါဘူး။

ဒါပေမဲ့ ရေခဲရေသောက်လိုက်တဲ့အခါ လည်ချောင်းထဲက သွေးကြောလေးတွေ ကျုံ့သွားပြီး ခုခံအားစနစ်ကို ခဏတာ အားနည်းသွားစေပါတယ်။
အအေးဓာတ်က လည်ချောင်းထဲက ချွဲတွေကို ပိုပြီးပျစ်သွားစေတဲ့အတွက် ချောင်းဆိုးတဲ့အခါ အပြင်ကို ထွက်ရခက်သွားပြီး ပိုဆိုးသလို ခံစားရတာပါ။

ဒါကြောင့် ချောင်းဆိုးနေချိန်မှာတော့ လည်ချောင်းလမ်းကြောင်း ရှင်းလင်းသွားအောင် ရေနွေးနွေးလေးပဲ သောက်ပေးတာ အကောင်းဆုံးပါပဲ။✅

#ချောင်းဆိုး

03/08/2026

လူတိုင်းက အလုပ်ကြောင့်ပဲဖြစ်ဖြစ်၊ အပန်းဖြေဖို့ပဲဖြစ်ဖြစ် ဖုန်း၊ ကွန်ပျူတာ Screen တွေရှေ့မှာ အချိန်အကြာကြီး ကုန်ဆုံးနေကြရပါတယ်။
❗️ဒီလို Screen ကြည့်ချိန် များလာတာနဲ့အမျှ ခေါင်းတခြမ်းကိုက်ဝေဒနာ ခံစားရသူတွေလည်း ပိုများလာပါတယ်။

ဒါက ဘယ်လိုကြောင့် ဖြစ်ရတာလဲ?

📍 Screen တွေကထွက်တဲ့ Blue Light က မျက်လုံးကို ပင်ပန်းစေရုံတင်မကဘဲ ဦးနှောက်ရဲ့ အာရုံကြောတွေကို လှုံ့ဆော်မှုဖြစ်စေပြီး ခေါင်းကိုက်ခြင်းကို ဖြစ်စေပါတယ်။

📍စာသားသေးသေးလေးတွေကို အာရုံစိုက်ဖတ်ရတာ၊ အလင်းအမှောင် မညီညာတာတွေကြောင့် မျက်စိကြွက်သားတွေ ပင်ပန်းလာပြီး ထိုကနေတဆင့် ခေါင်းတခြမ်းကိုက်ဝေဒနာ စတင်လာတတ်ပါတယ်။

📍ဖုန်းကြည့်တဲ့အခါ ခေါင်းငုံ့ကြည့်တာ၊ ကွန်ပျူတာရှေ့မှာ ပုံစံမမှန်ဘဲ ထိုင်တာတွေက ဇက်ကြောတက်စေပြီး ခေါင်းကိုက်ခြင်းကို ပိုဆိုးစေပါတယ်။

#ခေါင်းကိုက်ပျောက်ဆေး

Category

Website

Address

No. 6 (A) , Dawbon Jute Carpet Product Factory Compound, Min Nandar Road, Dawbon Township
Yangon
11241

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00