Hoshi
“Your jounery into jewels starts from here.”
Sharing knowledge of Gems & Jewelry field
08/09/2026
အပြိုင်အဆိုင်ထွက်ပေါ်လာလို့ ဈေးကွက်မှာရိုက်ခတ်ခြင်းခံကြတဲ့ ကျောက်မျက်များ..
- တစ်ခေတ်မှာ Mozambique Ruby ပေါ်လာလို့ မြန်မာ့ ပတ္တမြားဈေးကွက် ရိုက်ခတ်ခံရတယ်။
- သီရိလင်္ကာနီလာထွက်လာတော့ မြန်မာ့နီလာ ဈေးအေးသွားခဲ့တယ်။
- ဂွါတီမာလာကျောက်စိမ်း ထွက်လာတော့ မြန်မာ့ကျောက်စိမ်းဈေးကွက် ဂယက်ထနေတုန်းပဲ။
- ဓာတ်ခွဲခန်းထုတ်စိန်တွေကြောင့် သဘာဝစိန်လောကမှာလည်း ရိုက်ခတ်မှုကြီးကြီးမားမားခံခဲ့ရတယ်။
နောက်ဆုံးမှာတော့ Quality ဟာအရေးကြီးတယ်ဆိုတာ Premium Collector တွေက သက်သေပြနေဆဲပဲ။ User နဲ့ Collector ရဲ့ ကွာဟချက်တွေအလိုက် ကျောက်မျက်လိုအပ်ချက်ကလည်း ကွာဟနေအုံးမှာပါပဲ။ ကျောက်မျက်လေ့လာသူတွေအတွက် ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်ရှင်။
အားလုံးပဲ ဘေးအန္တရာယ်ကင်းကင်းနဲ့ အရောင်းအဝယ်ပြုလုပ်နိုင်ကြပါစေလို့
ဆုမွန်ကောင်းတောင်းပါတယ်။
ʏᴏᴜʀ ᴊᴏᴜʀɴᴇʏ ɪɴᴛᴏ ᴊᴇᴡᴇʟꜱ ꜱᴛᴀʀᴛꜱ ʜᴇʀᴇ.
𝗛𝗼𝘀𝗵𝗶
#ကျောက် #ကျောက်စိမ်း
ကျောက်စိမ်းအရောင်ဆွဲတာလေး တဖြတ်..
ʏᴏᴜʀ ᴊᴏᴜʀɴᴇʏ ɪɴᴛᴏ ᴊᴇᴡᴇʟꜱ ꜱᴛᴀʀᴛꜱ ʜᴇʀᴇ.
𝗛𝗼𝘀𝗵𝗶
#ကျောက်စိမ်း
31/08/2026
ဟိုတနေ့က အသိတယောက်က ကျောက်ဈေးကွက်အကြောင်း သူ့ဘက်ကစကားစလာတယ်။ အသိဆိုတာ မျက်မှန်းတန်းမိရုံ သိတဲ့အသိပေါ့။
ထုံးစံအတိုင်း ကြားနေကြစကားတွေပဲ။ မဂိုလမ်းကျောက်ဈေးကွက်ထဲ ကျောက်မဝယ်ရဲဘူးဆိုတဲ့ အကြောင်း။ ဂျင်းထဲ့ခံရမှာကြောက်တယ်။ လည်တဲ့သူတွေ ပေါတယ် ဘာညာပေါ့။
ဒီတခါတော့ အားမနာတမ်းပဲ အားရပါးရ ပြန်ရှင်းပြပေးဖြစ်ခဲ့တယ်။ ကျောက်ဈေးကွက်တွေဆိုတာ ကုန်သည်တွေ ဝယ်ရောင်း၊ လုပ်တဲ့နေရာပါလို့။ကုန်သည်နေရာကို အရပ်ကလူက ဘယ်လိုများ ဝယ်တတ်မှာတုန်း။
ကုန်သည်တွေထဲမှာတောင်မှကျောက်ဈေးကွက်ထဲ လူခံမရှိလို့ မတိုးနိုင်သေးတဲ့၊ ခြေမချနိုင်သေးတဲ့ ကုန်သည်တွေ ဒုနဲ့ဒေးရှိနေသေးတာ။ ဘယ်လိုလုပ် မိတ်ဆွေတို့လို အရပ်ကလူတွေက ဒီလို ကျောက်ဈေးကွက်ကြီးထဲ ဘယ်ကျောက်ကို ဘာကြည့်ပြီး ဝယ်တတ်မှာလဲ။
ဘယ်ကျောက်က အထည်ပေါ်ရောက်သွားရင် ဘယ်လိုလှသွားမယ်၊ စိန်ပတ်ရင် ဘယ်နှစ်ရည်တက်သွားမယ်၊ ရွှေပေါ်မှာ ဘယ်လောက်လှသွားမယ်ဆိုတာ မကြည့်တတ်တဲ့ အရပ်က မိတ်ဆွေတွေက အဆင်သင့်ခတ်ရောင်းတဲ့ ရတနာဆိုင်က အထည်တွေကိုသာ ဝယ်ဝတ်ပါလို့။
အဲ့ခါကျတော့ သူကပြန်ပြောသေးတယ် ဈေးပိုပေးရမှာပေါ့တဲ့။ ပေးရမှာပေါ့ သူ့မှာ ရင်းနှီးထားတာ စက္ကူတွေမှမဟုတ်ဘဲ၊ ပိုက်ဆံတွေ ရင်းထားရတာ။ လက်စွပ်တစ်ကွင်း၊ ကြိုးတစ်ကြိုး၊ လက်ကောက်တစ်ကွင်း ပန်းထိမ်က ထွက်ဖို့ ပေးထားရတဲ့ အချိန်အရင်းအနှီးတွေ ဒါတွေအကုန် သူအမြတ်ထဲ ထည့်ပေါင်းတာပဲ။ အမြတ်မရရင် ဘယ်သူမှ အလုပ်မလုပ်ဘူး မဟုတ်မလား။
မိတ်ဆွေက ကုန်သည်ဈေးကွက်ထဲကျတော့လည်း ဈေးချိုမလား လာနှိုက်ချင်သေးတယ်၊ ပြီးတော့လည်း မယုံပြန်ဘူး။ တကယ်တော့ ကုန်သည်မဟုတ်တဲ့သူတွေအတွက် ကုန်သည်ဈေးကွက်မှာ နေရာကိုမရှိတာ။ ကျောက်ကြည့်ရဖို့ကို မလွယ်တာလို့။ အရပ်ကလူတွေအတွက် အကောင်းဆုံးက အဆင်သင့်ခတ်ထားတဲ့ ရတနာထည်တွေပဲဆိုတော့လည်း ဒါဆိုရင်လည်း ဈေးများမှာပေါ့ဆိုထပ်ပြောတော့.. ကျမလည်း အဲ့ဒီလူကို ဘာမှထပ်မပြောဘဲ ပြုံးပြုံးလေးပဲ ကြည့်နေလိုက်တော့တယ်။
ကျမ ကြုံရတဲ့ ဒီအဖြစ်ကိုတော့ ကျောက်မျက်လုပ်တဲ့သူတော်တော်များ ကြုံရမယ်ထင်ပါတယ်။ တစ်ခုပြောချင်တာက ဂျင်းထည့်တယ်ဆိုတာ လုပ်ငန်းတိုင်းမှာရှိတယ်။ ကိုယ်မကျွမ်းကျင်တဲ့ လုပ်ငန်းမှာ ကိုယ်အားကိုးမိတဲ့ တစ်ဖက်လူက ဂျင်းထည့်တဲ့သူနဲ့တိုးရင်တော့ ကြုံရတဲ့ ဇာတ်လမ်းမလို့ ဒီကိစ္စကျောက်မျက်ရတနာလောကမှာပဲ ရှိနေတာမဟုတ်ဘူးဆိုတာပါပဲ။
ʏᴏᴜʀ ᴊᴏᴜʀɴᴇʏ ɪɴᴛᴏ ᴊᴇᴡᴇʟꜱ ꜱᴛᴀʀᴛꜱ ʜᴇʀᴇ.
𝗛𝗼𝘀𝗵𝗶
24/08/2026
Royal Blue တဲ့။
တကယ်ကို နန်းဆန်ပြီး၊ လှပလွန်းတဲ့ အခေါ်အဝေါ်။ Royal Blue အရောင်စံချိန်မီတဲ့၊ Royal Blue စစ်စစ် နီလာတစ်ပွင့်က အရမ်းကို လှပပြီး မျက်စိထဲ စွဲလွန်းတဲ့ ကျောက်တပွင့်ပဲ ဖြစ်တယ်။
Royal Blue တစ်ပွင့်ဖြစ်လာဖို့ ကာလာမှန်ဖ်ို့ ခက်ပါတယ်။
အပြာမှာ
၁) စိမ်းဘက်မသွားရဘူး။
၂) မရိပ်ရဘူး။
၃) အမဲဘက် မသွားရဘူး။
၄) ခရမ်းရောင် မသမ်းရဘူး။ (မဲနယ်ပြာကာလာ)
၅) မီးခိုး မရိပ်ရဘူး။
ဆိုတော့…
ဈေးကွက်ထဲ Royal Blueဆိုပြီး အလွယ်တကူအော်နေတဲ့ နီလာတွေတွေ့ရင် ဒီအချက်တွေနဲ့ တိုက်ကြည့်။ နောက်တစ်ချက်က ဈေးနားထောင်ကြည့်ပါ။ Royal Blue တစ်ပွင့်ဟာ ဈေးကြည့်ပါတယ်။ ဈေးကြီးပါတယ်။
Royal Blue ကာလာအမှန်က အပြာရောင်သန့်သန့် နဲ့ Deep Blue တကယ့်ကို နန်းဆန်တဲ့ အပြာရည် လှလှလေးပါပဲ။
ဒီပိုစ့်က တကယ့်ကို Royal Blue နီလာ တစ်ပွင့်ကို ရင်းနှီရမြုပ်နှံချင်သူတွေအတွက် အသုံးဝင်ဖို့ရည်ရွယ်ပါတယ်။
နောက် အဓိက အရေးကြီးဆုံးအချက်ကတော့ ကျောက်တပွင့်ဝယ်မယ်ဆို ကိုယ့်အိတ်ထဲက ကိုယ်သုံးမယ့် ငွေပမာဏကို ပြန်ကြည့်ပါ။
Budget နဲ့ကိုက်ညီတဲ့ ကျောက်ပဲ ရမယ်ဆိုတာကို အမြဲနှလုံးသွင်းပြီးမှ ကျောက်ဝယ်ကြပါလို့ လည်း မျှဝေပေးလိုက်ပါတယ်။
ʏᴏᴜʀ ᴊᴏᴜʀɴᴇʏ ɪɴᴛᴏ ᴊᴇᴡᴇʟꜱ ꜱᴛᴀʀᴛꜱ ʜᴇʀᴇ.
𝗛𝗼𝘀𝗵𝗶
20/08/2026
ပတ္တမြား၊ နီလာမှာ ဈေးကွက်တွင်း သုံးနှုန်းတဲ့ အခေါ်အဝေါ်အချို့…
ဖန်သား မှန်သား- ဖန်သား မှန်သားဆိုတာ ကျောက်သားကောင်းတာကို ပြောတာပါ။
ပွင့်ဆူ - ကျောက်သားတင်းလို့ အပွင့်လှတာကို ပြောတာပါ။
အရည်ထက် - ကာလာလှတဲ့အပွင့်၊ အရည်လှတဲ့အပွင့်ကို ပြောတာပါ။ အနီမှာဆို Intense၊ အပြာဆို Intense or Cornflower တစ်ပတ်ကျလောက်ပေါ့။
အရည်ချို - ကာလာမှာ ပတ္တမြားဆို ပန်းဘက်သွားတယ်၊ နီလာဆိုလည်း အပြာဖျော့တာကို ပြောတာပါ။
အရည်ကြီး - အနီဆိုလည်း အနီရည်များလို့ မဲတဲ့ဘက်သွားတာ၊ ရိပ်တာ အခေါ်အဝေါ်တူတူပါပဲ။
များသောအားဖြင့် PG တို့ Royal Blue တို့မှာ အရည်ကြီးတဲ့ အပွင့်မျိုး မြင်ရတတ်ပါတယ်။
အစား - inclusion များတဲ့ အပွင့်ပါ။ အရည်လှချင်လှနေမယ် အောင်းဝင်(တနည်း) အနာများသော အပွင့်။
Table clean - မျက်နှာပြင် မှန်ကွက်မှာ အနှာရှင်းတာကို ပြောတာပါ။ အတွင်းထဲမှာတော့ အနာပါ ပါတယ်။
တစ်ချက်ငြိ/ နှစ်ချက်ငြိ- အသန့်မဟုတ်ဘူး၊ ဒါပေမယ့် အနာလည်း အရမ်းမများဘူး။
အစင်အသန့် - အောင်းဝင်/ အနာ မပါတဲ့ ကျောက်ကို ပြောတာပါ။
ʏᴏᴜʀ ᴊᴏᴜʀɴᴇʏ ɪɴᴛᴏ ᴊᴇᴡᴇʟꜱ ꜱᴛᴀʀᴛꜱ ʜᴇʀᴇ.
𝗛𝗼𝘀𝗵𝗶
မြန့်မာ့ကျောက်စိမ်းလှလှကြည့်ရတဲ့အခါ အပြုံးတွေက အမြဲအသက်ဝင်နေသောပဲ။
ʏᴏᴜʀ ᴊᴏᴜʀɴᴇʏ ɪɴᴛᴏ ᴊᴇᴡᴇʟꜱ ꜱᴛᴀʀᴛꜱ ʜᴇʀᴇ.
𝗛𝗼𝘀𝗵𝗶
#ကျောက်စိမ်း
နည်းပညာလည်း တိုးတက်လာသလို၊ ကျွမ်းကျင်တဲ့ ပညာရှင်တွေလည်းပိုများလာပြီမလို့…
ʏᴏᴜʀ ᴊᴏᴜʀɴᴇʏ ɪɴᴛᴏ ᴊᴇᴡᴇʟꜱ ꜱᴛᴀʀᴛꜱ ʜᴇʀᴇ.
𝗛𝗼𝘀𝗵𝗶
#ပတ္တမြား #နီလာ #ကျောက်စိမ်း
လက်ဝတ်ရတနာကို ကိုယ်ဝတ်ဖို့ ကိုယ်လှဖို့ဝယ်တာနဲ့ စုဖို့ဝယ်တာမှာ….
ʏᴏᴜʀ ᴊᴏᴜʀɴᴇʏ ɪɴᴛᴏ ᴊᴇᴡᴇʟꜱ ꜱᴛᴀʀᴛꜱ ʜᴇʀᴇ.
𝗛𝗼𝘀𝗵𝗶
#ပတ္တမြား #နီလာ
12/08/2026
ကျောက်ဈေးကွက်တွင်း ကျောက်ပုံစံ အခေါ်အဝေါ်
1. Cabochon ဆိုတာ လုံးချောကို ခေါ်ပါတယ်။
2. တာပလာ၊ တာပလကာတော့ က အမြင့်ဆုံးနဲ့ ဈေးအရဆုံးပါပဲ။ Cushion ပုံစံ၊ ဘဲဝိုင်းပုံစံ၊ စိန်ချွန်းပုံစံ သွေးထားတာ မှန်သမျှ တာပလာပဲ။
3. Sugar loaf ဆိုတာ မျက်နှာပြင်ကို အောက်ခြေထားပြီး ၊ ချွန်းကို အပေါ်မှာထားတဲ့ ပုံစံပါ။ ချွန်းကလည်း ချွန်မနေဘဲ လုံးလုံးလေး သွေးထားတာပါ။
4. ဂေါ်ကြိုး ကတော့ လုံးချောမှာမှ သဘာဝအလျှောက် ကြိုးခြောက်ကြိုး ပေါ်တဲ့ ဖြစ်စဉ်ပါတဲ့ အတွက် ဂေါ်ကြိုးလို့ ခေါ်တာပါ။
5. Fancy cutting shape တခါတလေ ကျောက်ကို တာပလာကွက်သွေးလို့မရနိုင်လို့ ရပုံ သွေးလိုက်ရတာတွေလည်း ရှိပါတယ်။ အထူးသဖြင့် ပတ္တမြား နဲ့ နီလာမှာပေါ့။
တခြားကျောက်တွေမှာတော့ စပါးစေ့ပုံ၊ မိုးစက်ပုံ အစရှိသဖြင့် fancy shape တွေက်ို အထည်ခတ်တဲ့အခါ ပုံဖော်လို့ လှအောင် တကူးတက သွေးယူတာတွေလည်း ရှိတတ်ပါတယ်။
ဒါကတော့ ဈေးကွက်ထဲက ကျောက်မျက်ပုံစံ အခေါ်အဝေါ်တွေပဲဖြစ်ပါတယ်။ မသိသေးသူတွေ ဗဟုသုတအနေနဲ့ မှတ်ယူလို့ရအောင် မျှဝေပေးလိုက်ပါတယ်။
ʏᴏᴜʀ ᴊᴏᴜʀɴᴇʏ ɪɴᴛᴏ ᴊᴇᴡᴇʟꜱ ꜱᴛᴀʀᴛꜱ ʜᴇʀᴇ.
𝗛𝗼𝘀𝗵𝗶
11/08/2026
Jewelry တွေကို သင်ကိုယ်တိုင် ကြိုက်နှစ်သက်လို့ Fashion ကျကျ ဝတ်ဆင်ဖို့ ရွေးချယ် ဝယ်ယူနေတာလား၊ ဒါမှ မဟုတ်ရင် အမြတ်ရဖို့ ဝယ်ယူနေတာလား။
သင်က လက်ဝတ်ရတနာကို ဝယ်ယူတဲ့အခါ User Mindset နဲ့ ဝယ်ယူနေလား၊ investor Mindset နဲ့ ဝယ်ယူနေလား။
User mindset နဲ့ Investors Mindset ဘာတွေကွာခြားသလဲ။ ဒီအကြောင်းရာနဲ့ ပတ်သက်ပြီး Videos တင်ပေးသွားပါမယ်။
သင် ကိုယ်တိုင်ကရော ဘယ်လိုအမျိုးအစားထဲပါ ပါသလဲ။ Comments မှာ မန့်ပေးသွားလို့ရပါတယ်။
ʏᴏᴜʀ ᴊᴏᴜʀɴᴇʏ ɪɴᴛᴏ ᴊᴇᴡᴇʟꜱ ꜱᴛᴀʀᴛꜱ ʜᴇʀᴇ.
𝗛𝗼𝘀𝗵𝗶