Mala 36

Mala 36

Share

Discover Mala Goodness!

Photos from Mala 36's post 24/08/2026

မာလာငရုတ်ဆီမွှေးတစ်ဘူးရှိရုံနဲ့
မာလာဖက်ထုပ်လုပ်စားလို့လည်းရတယ်။
ကြာညို့အငန်လေးတစ်ဇွန်းနဲ့ရောပြီး အသားပြုတ်၊ ဖက်ထုပ်၊ ဒင်းဆမ်း၊ အရွက်ပြုတ်တွေ တို့စားလို့ရတယ်။
ရှမ်းခေါက်ဆွဲလည်းလုပ်စားလို့ရတယ်နော်။
ရှမ်းခေါက်ဆွဲအတွက်ဆို ခရမ်းချဥ်သီးနဲ့အသားချက်ထားတဲ့အနှစ်ပဲ ထပ်လုပ်စရာလိုတယ်။

Photos from Mala 36's post 16/08/2026

လွန်ခဲ့တဲ့ ၇ လ ၈ လ ကတည်းက ထုတ်ဖို့ပြင်ထားတဲ့ စီချွမ်မာလာဆီမွှေး အခုမှပဲ အကောင်အထည်ပေါ်တော့တယ်။

ခါတိုင်း ရှမ်းခေါက်ဆွဲ တစ်ခါ လုပ်စားရင်
ကြက်သွန်ဖြူဆီချက်၊ ချောက်ကောပါကောဆီမွှေး၊ ငရုတ်သီးဆီချက် စုံနေအောင် ချက်ရတာ အရမ်းလက်ဝင်လို့ အားလုံးတခါတည်းပါအောင် ကိုယ်စားဖို့ ချက်ထားရင်း တခါတည်း product အနေနဲ့ ထုတ်ဖို့အတွေးဝင်သွားတာ။

နောက်ပြီး ဈေးကွက်ထဲမှာ ရွေးချယ်စရာ မာလာအနှစ်ထုပ်၊ မာလာအမှုန့်အစုံရှိနေပေမယ့် ငရုတ်သီးမှိုကိုအရမ်းကြောက်တဲ့ကျွန်မ ကိုယ်တိုင်ပဲ အနှစ်ချက်လေ့ရှိတော့ ကိုယ့်လိုပဲ ကျန်းမာရေးလည်း လိုက်စားချင်တယ် မာလာအရသာလည်း မရှောင်နိုင်သူတွေ စိတ်ချလက်ချစားလို့ရမယ့် တစ်မျိုးတည်းနဲ့ ဘက်စုံသုံးလို့ရမယ့် ဆီမွှေး ထုတ်လိုက်တာဖြစ်ပါတယ်။

တိုဖူးသုပ်၊ ဖီတန်သုပ်၊ အသားသုပ်၊အသီးအရွက်သုပ်တွေသုပ်ရင် သုံးလို့ရသလို အသားပေါင်း၊ ဖက်ထုပ်၊ဒင်းဆမ်းတို့အတွက် dipping sauce အနေနဲ့လည်း သုံးလို့ရတယ်။ ရှမ်းခေါက်ဆွဲလုပ်စားမယ်ဆိုလည်း အသားနဲ့ဆား၊အရသာမှုန့်တွေပဲ ပြင်ဆင်စရာလိုတယ် ။
ငရုတ်သီးနဲ့အမွှေးအကြိုင်အတွက် ဒီဆီမွှေးရှိရင် လုံလောက်ပြီနော် ။
မာလာဟင်း၊ မာလာရှမ်းကောတွေချက်ရင် မာလာအနှစ်ထဲ ဒီဆီမွှေးလေးထည့်ကြော်ရင် အရမ်းမွှေးပါတယ်။

ငရုတ်သီးဆိုရင်လည်း မှို၊ဆိုးဆေး၊အရောအနှောမပါတာ အာမခံထားတဲ့ A1 family တံဆိပ်နဲ့ ရှမ်းပြည်တောင်ပိုင်းက ကယန်းငရုတ်သီးတောင့်တွေကို သုံးထားပြီး ဆီမွှေးထဲပါတဲ့ ချောက်ကောလုံး၊ နာနတ်ပွင့်တို့လို ကုန်ကြမ်းတွေကို မှိုနဲ့ဖုန်အမှိုက်သရိုက်တွေမပါအောင် သေချာကိုယ်တိုင် ရွေးဝယ်၊ ဆေးကြောသန့်စင်ပြီးမှ သုံးပါတယ်။
အထဲကအနှစ်အတွက် ပါဝင်ပစ္စည်းတွေကို မီးအေးအေးနဲ့ ကြော်ပြီး ဆီကိုလည်း smoke point မြင့်တဲ့ high grade ဟင်းသီးဟင်းရွက်ဆီသုံးထားပြီး သူ့ smoke point ထိမရောက်အောင် အပူချိန်ထိန်းပြီး ချက်ထားတာဖြစ်တဲ့အတွက် အရသာပိုင်းအတွက်အာမခံနိုင်ရုံသာမက ကျန်းမာရေးအရရော အဘက်ဘက်က စေ့ငှနေအောင် တွက်ချက်စမ်းသပ်ပြီးမှ ထုတ်ထားတာ ဖြစ်တဲ့အတွက် စိတ်ချစွာ သုံးစွဲနိုင်ပါတယ်ရှင့်။

*ဆားနဲ့အရသာမှုန့်တွေမပါဝင်ပါ။
*အထုံအစပ်မကဲဘဲ ပုံမှန်အနေအထားပါ။

ကျွန်မရဲ့ ကိုယ်ပိုင် authentic အရသာနဲ့ fully handcrafted မာလာငရုတ်ဆီမွှေးကို 25 ကျပ်သား တစ်ဘူး 16000 ကျပ်နဲ့ မှာယူထားလို့ရပါပြီရှင့်။

လာမယ့် ဗုဒ္ဓဟူးနေ့ကနေ စတင်ပို့ဆောင်ပါမယ်နော်။

12/08/2026

ကြက်မဲ menu တွေအစုံလာမယ်နော်🥰
#ကြက်မဲမာလာ
#ကြက်ခြေထောက်ဂျူးမြစ်

09/08/2026

#မာလာဟင်း #စမ်းချောင်းမြို့နယ်

02/08/2026

ဝက်ခေါက်မာလာထုံစပ်/
ဝက်ခေါက်ဂျူးမြစ်

Photos from Mala 36's post 01/08/2026

လုပ်ရတာလက်ဝင်သလောက် အရမ်းစားကောင်းတဲ့
ဝက်ခေါက်ဂျူးမြစ်/ ဝက်ခေါက်မာလာထုံစပ်
မနက်ဖြန်ရပါပြီနော်။

- ရေအထပ်ထပ်ဆေး၊ အခေါက်ကို ဓါးနဲ့ခြစ်ဆေးပြီးမှ အိနေအောင်ပြုတ်ပြီး အအေးခံပြီး အရသာနှပ်ပါတယ်။
- တစ်လ ၂ ကြိမ်လောက်ပဲ လုပ်ဖြစ်တဲ့ menu လေးမို့ ရတုန်းလေး မှာလို့ရပါပြ်ီရှင်။

ဝက်ခေါက်ဂျူးမြစ်/မာလာထုံစပ် 200g- 12000 Ks
450g - 25000 Ks

ကြက်ခြေထောက် + ဝက်ခေါက်အရောဂျူးမြစ် 200g - 12000 Ks ပါ။

☎️09:970794795 (viber)
09:750992896
📍အမှတ် ၃၇၊ ဂန္ဓမာလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
⏰ ဆိုင်ဖွင့်ချိန် မနက် ၁၀:၀၀ နာရီမှ ည ၇:၀၀ နာရီထိ
🚚 စမ်းချောင်းမြို့နယ်အတွင်းနဲ့ အနီးတဝိုက်မြို့နယ်တွေအတွက် နေ့စဥ် delivery ရှိပါတယ်ရှင့်။ကျန်မြို့နယ်တွေအတွက် deli စီစဥ်ရမှာဖြစ်တဲ့အတွက် တစ်ရက်ကြိုတင်မှာယူပေးပါရှင်။
‼️မြို့နယ်အလိုက် Delivery charges သပ်သပ်ရှိပါမယ်နော်။

Photos from Mala 36's post 30/07/2026

ကြက်ခြေထောက်ဂျူးမြစ် က မာလာအရသာ ထုံထုံစပ်စပ်ကြိုက်ရင် အရသာပြင်းလေ ပိုစားကောင်းလေ (အချို၊အချဥ် အရသာတွေလုံးဝမပါပါ)

ပန်ချိုင်သုပ်ကျတော့ မာလာအရသာရယ် ချဥ်စပ်အရသာရယ် မြေပဲနှစ်နည်းနည်းပါလို့ ဆိမ့်တဲ့အရသာ နည်းနည်းပါတော့ အရသာအစုံပါတဲ့ဟင်းပွဲလေးပေါ့။

Photos from Mala 36's post 09/07/2026

ဒီမိုးတွင်းတစ်တွင်းလုံး ငှက်ဆွတ်မှိုရနေသရွေ့တော့ ညောင်ရွှေ kitchen ကနေ မှိုဆီကြော်ပိဿာချိန် အများကြီး ဆက်တိုက်ထုတ်နေပါတယ် 🧡

02/07/2026

လားရှိုးမာလာဟင်း 🧡 #မာလာဟင်း #လားရှိုး #ရန်ကုန်

28/06/2026

#မာလာဟင်း #မာလာအနှစ် #ကြက်ခြေထောက်ဂျူးမြစ် #အစားတလိုင်း #စမ်းချောင်း

Category

Website

Address

အမှတ် ၂၉၊ မိုးမခလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်
Yangon
1111

Opening Hours

Monday 10:00 - 19:00
Tuesday 10:00 - 19:00
Wednesday 10:00 - 19:00
Thursday 10:00 - 19:00
Friday 10:00 - 19:00
Saturday 10:00 - 19:00
Sunday 10:00 - 19:00