Yulia

Yulia

Share

A Yote Sine

23/10/2024

လူတိုင်းမှာ အလှကိုယ်စီ ရှိကြပါတယ်။ ရုပ်ရည်သွင်ပြင်တခုတည်းသာ အလှမဟုတ်ဘဲ ဖက်ရှင်ရွေးချယ်မှုအပါအဝင် lifestyle တခုလုံးဟာ အလှအပရေးရာမှာ အကျုံးဝင်ပါတယ်။ ဒါ့အပြင် " စိတ်ပျိုကိုယ်နု" ဆိုတဲ့ ဆိုရိုးစကား ရှိတဲ့အတိုင်း စိတ်ကို ကြည်လင်လန်းဆန်းအောင်ထားမယ်၊ ဘဝကို မှန်ကန်စွာ ရှုမြင်မယ်ဆိုရင် ပိုပြီးတော့တောင် အလှတိုးဦးမှာပေါ့နော်။

လူတိုင်းကိုယ်စီဟာ မိမိတို့ရဲ့ အလှအပကို ကိုယ်တိုင်ရှာဖွေဖော်ထုတ်ပြနိုင်ဖို့လည်း လိုအပ်ပါတယ်။ တနေ့တာချင်းစီတိုင်းမှာ တကိုယ်ရေသန့်ရှင်းရေးကစပြီး သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်းလေး နေထိုင်မယ်၊ ကိုယ်နဲ့ လိုက်ဖက်မယ့် အဝတ်အစား အပြင်အဆင် အသုံးအဆောင်လေးတွေကို ရွေးချယ်မယ်၊ ဘယ်လိုအခက်အခဲတွေပဲ ကြုံရပစေ လုပ်စရာရှိတဲ့ကိစ္စတိုင်းကို ပြီးမြောက်အောင်မြင်အောင်လုပ်မယ်၊ သူ့အချိန်နဲ့သူ စိတ်ဖိစီးစရာတွေအားလုံးကို လွှတ်ချပြီး အနားယူမယ်၊ ဒီလိုဆိုရင် Yulia တို့ရဲ့ သဲငယ်လေးတိုင်းဟာ နေ့ရက်တိုင်းမှာ အလှပဆုံး အတောက်ပဆုံး ဖြစ်နေကြမှာပါနော်။

‌သဲငယ်လေးတို့ရဲ့ အလှအပရေးရာနဲ့ self-care ပိုင်းအတွက် လိုအပ်တဲ့ ပစ္စည်းအမျိုးမျိုးကို Yulia တို့ဆီမှာ မှာယူလို့ရနေပါပြီနော်။ သဲငယ်လေးတို့ကိုယ်တိုင်အတွက်သာမက ချစ်ရသူတွေအတွက်ပါ လက်ဆောင်ပေးဖို့ သင့်တော်တဲ့ ပစ္စည်းလေးတွေအားလုံး ပါဝင်မှာဖြစ်လို့ Stay tuned ပါလို့...

Website

Address

Yangon