MEF Task Force
MEF (Myanmar Equestrian Federation) task force for the Development of New Generation Athletes and Competition Horses.
10/08/2026
မလေးရှားဝန်ကြီးချုပ်ဖလား လူငယ်တန်းခုန်ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သည့် မြန်မာမြင်းစီးအားကစားအဖွဲ့အတွက် ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ခြင်း (၂၀၂၆ ခုနှစ် ဩဂုတ်လ ၉ ရက်)
၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ မလေးရှားနိုင်ငံ၌ ကျင်းပပြုလုပ်သည့် မလေးရှားဝန်ကြီးချုပ်ဖလား CSIJ-B မြင်းစီးအားကစား ပြိုင်ပွဲသို့ နိုင်ငံပေါင်း (၁၄)နိုင်ငံမှ အားကစားသမား (၁၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ရာတွင် မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်၏ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းဖွံ့ဖြိုးတိုးတက်ရေးအလုပ်အဖွဲ့ (Task Force)မှ အားကစားသမား ပိုးပိုးဟန် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ဒုတိယဆု ငွေတံဆိပ် ရရှိခဲ့ခြင်းအတွက် ဂုဏ်ပြုပွဲအခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် မြင်းစီးအားကစားကွင်းရှိ Club House အဆောက်အဦ၌ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့ နံနက် ၀၉၃၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပြုံးမောင်မောင် ၊ ဒုတိယဥက္ကဋ္ဌ ဦးအေးချို၊ အထွေထွေအတွင်းရေးမှူး ဦးဌေးကျော်၊ ဂုဏ်ထူးဆောင်အလုပ်အမှုဆောင် အကယ်ဒမီ ဒေါ်ခင်သီတာထွန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်များ၊ ဆုရအားကစားသမား မပိုးပိုးဟန်နှင့် မိသားစုဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မျိုးဆက်သစ်အားကစားသမားများပေါ်ထွန်းဖွံ့ဖြိုးတိုးတက်ရေးအလုပ်အဖွဲ့ (Task Force) မှ သင်တန်းသားများ၊ The Great Success ကိုယ်ပိုင်အထက်တန်းကျောင်း မှ ကျောင်းအုပ်ဆရာမကြီးနှင့် မြင်းစီးအားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြပါသည်။
ပထမဦးစွာ ဂုဏ်ပြုပွဲအခမ်းအနားအား မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်၊ ဒုတိယဥက္ကဋ္ဌ ဦးအေးချို၊ အထွေထွေအတွင်းရေးမှူး ဦးဌေးကျော်နှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး-၁ ဦးသန်းဝင်း တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပါသည်။ ထို့နောက် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပြုံးမောင်မောင် က ငွေတံဆိပ်ဆုရ အားကစားသမား ပိုးပိုးဟန်၏ ဂုဏ်ပြုဓာတ်ပုံနှင့် Plaque အား MEF Hall of Fame တွင် ဂုဏ်ပြုတပ်ဆင်ပေးခဲ့ပါသည်။ ဆက်လက်၍ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်နှင့် အကယ်ဒမီ ဒေါ်ခင်သီတာထွန်း မိသားစု က ဆုရအားကစားသမား ပိုးပိုးဟန် အား ၂၀၂၇- ၂၀၂၈ ပညာသင်နှစ် နှင့် ၂၀၂၈-၂၀၂၉ ပညာသင်နှစ် (၂)နှစ်စာအတွက် ပညာသင်ဆု အပြင် (၃၄)လအတွက် လစဉ်တစ်လလျှင် (၁)သိန်းနှုန်းဖြင့် (၃၄)သိန်းအပါအဝင် စုစုပေါင်း ပညာသင်ဆုကြေး (၇၄)သိန်းကျပ်တိတိအား ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။
ထို့နောက် အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဦးဌေးကျော် က သွားရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာမြင်းစီးအားကစားအဖွဲ့ခေါင်းဆောင် ဦးချမ်းမြေ့ဝင်း အား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုလက်ဆောင် ပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီး အဖွဲ့ချုပ် ဂုဏ်ထူးဆောင်အလုပ်အမှုဆောင် အကယ်ဒမီ ဒေါ်ခင်သီတာထွန်းက ပြိုင်ပွဲကာလ အနီးကပ်နည်းပြခဲ့သည့် နည်းပြ ဒေါ်အိသက်မွန် အား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုလက်ဆောင် ပေးအပ်ခဲ့ပါသည်။ ထို့နောက် Show Jumping/Dressage/ Eventing ကော်မတီဥက္ကဋ္ဌ ဒေါ်ခင်နှင်းပွင့်ပြုံးက ဆုရအားကစားသမား ပိုးပိုးဟန်အား အနီးကပ်လေ့ကျင့်သင်ကြားပေးခဲ့သည့် တွဲဖက်နည်းပြ ဦးအောင်သူထွန်းအား ဂုဏ်ပြုချီးမြှင့်ငွေ (၁၀)သိန်းကျပ်တိတိနှင့် ဂုဏ်ပြုလက်မှတ်တို့အား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် MEF Hall of Fame ရှေ့တွင် ဆုရအားကစားအဖွဲ့နှင့် ဗဟိုအလုပ်အမှုဆောင်၊ ဂုဏ်ထူးဆောင်အလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်များ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြပါသည်။
ဆက်လက်၍ ဂုဏ်ပြုပွဲအခမ်းအနား ဒုတိယပိုင်းအား ကျင်းပပြုလုပ်ခဲ့ရာ ဆုရအားကစားသမား မပိုးပိုးဟန်၏ ပြိုင်ပွဲကာလတစ်လျှောက် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ပုံနှင့် လှုပ်ရှားမှုမှတ်တမ်း Video Clip အား ပြသခဲ့ပါသည်။ ထို့နောက် ပြိုင်ပွဲဝင်ခဲ့ခြင်းနှင့်ပါတ်သက်၍ အားကစားအဖွဲ့ခေါင်းဆောင် ဦးချမ်းမြေ့ဝင်းမှ ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲအတွေ့အကြုံနှင့် နောင်လာမည့်ပြိုင်ပွဲများအတွက် ဆောင်ရန်၊ ရှောင်ရန် သုံးသပ်ချက်များကို နည်းပြ ဒေါ်အိသက်မွန် က အကြုံပြုဆွေးနွေးတင်ပြခဲ့ပါသည်။ ဆက်လက်၍ ဆုရအားကစားသမား ပိုးပိုးဟန် က ပြိုင်ပွဲအတွေ့အကြုံနှင့် ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးအေးချို တို့က ဂုဏ်ပြုချီးကျုးစကားပြောကြားခဲ့ကာ ဂုဏ်ပြုပွဲအခမ်းအနားအား အောင်မြင်စွာဖြင့် ရုပ်သိမ်းခဲ့ပါသည်။
-B2026
မလေးရှားနိုင်ငံ၊ Kuala Lumpur Polo Club ၌ ကျင်းပသည့် မလေးရှားဝန်ကြီးချုပ်ဖလား လူငယ်တန်းခုန် (၉၀)စင်တီမီတာ - (၁၀၀)စင်တီမီတာ (Malaysia Prime Minister Cup Borrowed Horse, CSIJ-B 90-100 cm) ပြိုင်ပွဲတွင် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် မျိုးဆက်သစ်အားကစားသမားများပေါ်ထွန်းဖွံ့ဖြိုးတိုးတက်ရေးအလုပ်အဖွဲ့ (Task Force )မှ ပြိုင်ပွဲဝင် မြင်းစီးအားကစားသမား ပိုးပိုးဟန် ဒုတိယဆု(ငွေတံဆိပ်) ရရှိခဲ့ကြောင်း MRTV မှ ထုတ်လွှင့်သည့် မှတ်တမ်း
28/07/2026
မလေးရှားဝန်ကြီးချုပ်ဖလား Malaysia Prime Minister Cup Borrowed Horse, CSIJ-B 90-100 cm ပြိုင်ပွဲ သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ မြင်းစီးအားကစားအဖွဲ့ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ
၂၀၂၆ခုနှစ် ဇူလိုင်လ (၂၄) ရက်နေ့မှ (၂၆) ရက်နေ့အထိ မလေးရှားနိုင်ငံ၌ ကျင်းပပြုလုပ်သည့် Malaysia Prime Minister Cup Borrowed Horse, CSIJ-B 90-100 cm ပြိုင်ပွဲ တွင် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်၏ မျိုးဆက်သစ်အားကစားသမားများပေါ်ထွန်းဖွံ့ဖြိုးတိုးတက်ရေးအလုပ်အဖွဲ့ (Task Force) မှ မျိုးဆက်သစ်မြင်းစီးအားကစားသမား ပိုးပိုးဟန် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ဒုတိယဆု ငွေတံဆိပ်အား ရရှိခဲ့ပြီး အဆိုပါ အောင်ပွဲရ မျိုးဆက်သစ် အားကစားသမား ပိုးပိုးဟန်၊ အုပ်ချုပ်သူ ဦးချမ်းမြေ့ဝင်း ၊ လက်ထောက်နည်းပြ ဦးအောင်သူထွန်း တို့ အဖွဲ့သည် ၂၀၂၆ ခုနှစ် ဇူလိုင်လ (၂၇) ရက်နေ့ နေ့လည် (၁၃း၂၀) နာရီခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ရာ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဌေးကျော်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဦးသန်းဝင်း နှင့်တကွ ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များ၊ MEF Task Force မှ သင်တန်းသားများ နှင့် အားကစားသမား၏ မိသားစုဝင်များမှ လာရောက်ကြိုဆိုခဲ့ကြပါသည်။
25/07/2026
မလေးရှားဝန်ကြီးချုပ်ဖလား လူငယ်တန်းခုန် ၉၀ စင်တီမီတာ - ၁၀၀ စင်တီမီတာ (၂၅-၇-၂၀၂၆) ရက်နေ့ ပြိုင်ပွဲတွင် မျိုးဆက်သစ်အားကစားသမားများပေါ်ထွန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်အဖွဲ့ (Task Force) မှ မျိုးဆက်သစ်မြင်းစီးအားကစားသမား ပိုးပိုးဟန် က ဒုတိယဆု (ငွေတံဆိပ်) ကို ဆွတ်ခူးရရှိခဲ့
မလေးရှားနိုင်ငံ Kuala Lumpur Polo Club ၌ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် မလေးရှားဝန်ကြီးချုပ်ဖလား လူငယ်တန်းခုန် ၉၀ စင်တီမီတာ - ၁၀၀ စင်တီမီတာ (Malaysia Prime Minister Cup Borrowed Horse, CSIJ-B 90-100 cm, Table A, 1 round Against the Clock.) ပြိုင်ပွဲသို့ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ မွန်ဂိုးလီးယား၊ ထိုင်း၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ တရုတ်၊ တရုတ်တိုင်ပေ၊ ဟောင်ကောင်၊ ကိုရီးယား၊ အိုမန်၊ ဥဘက္ကစ္စတန်၊
ကမ္ဘောဒီးယား နိုင်ငံ စုစုပေါင်း (၁၄) နိုင်ငံမှ ပြိုင်ပွဲဝင် မြင်းစီးအားကစားသမား (၁၇) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်၏ မျိုးဆက်သစ်အားကစားသမားများပေါ်ထွန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်အဖွဲ့ (Task Force) မှ မျိုးဆက်သစ်မြင်းစီးအားကစားသမား ပိုးပိုးဟန် က ဒုတိယဆု (ငွေတံဆိပ်) ကို ရရှိခဲ့ပါသည်။
အဆိုပါပြိုင်ပွဲတွင် ပထမ - တရုတ်နိုင်ငံ၊ ဒုတိယ- မြန်မာနိုင်ငံ ၊ တတိယ- စင်္ကာပူနိုင်ငံ တို့မှ အသီးသီး ဆွတ်ခူးရရှိခဲ့ပါကြောင်း ဝမ်းမြောက် ဂုဏ်ယူစွာဖြင့် မှတ်တမ်းတင် ဖော်ပြအပ်ပါတယ်ခင်ဗျာ။
24/07/2026
Prime Minister Cup CSIJ-B Show Jumping 100 cm ပြိုင်ပွဲ သို့ MEF Task force မှ သင်တန်းသူ မြင်းစီးအားကစားသမား မပိုးပိုးဟန် သွားရောက်ယှဉ်ပြိုင်
မလေးရှားနိုင်ငံ Kuala Lumpur Polo Club တွင် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၄ ရက်မှ ၂၆ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် Prime Minister Cup CSIJ-B Show Jumping 100 cm (ဝန်ကြီးချုပ်ဖလား လူငယ်တန်းခုန်ပြိုင်ပွဲ) သို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ တွဲဖက်အထွေထွေအတွင်းရေးမှူး -၂ ဦးချမ်းမြေ့ဝင်း ဦးစီး ၊ နည်းပြ ဒေါ်အိသက်မွန်၊ လက်ထောက်နည်းပြ ဦးအောင်သူထွန်း၊ အလုပ်အမှုဆောင် ဦးရဲသီဟ နှင့် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်၏ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းဖွံ့ဖြိုးတိုးတက်ရေးအလုပ်အဖွဲ့ (Task Force) မှ ပြိုင်ပွဲဝင် မြင်းစီးအားစားသမား ပိုးပိုးဟန် တို့သည် ၂၃-၇-၂၀၂၆ ရက်နေ့ မနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မလေးရှားနိုင်ငံသို့ ထွက်ခွာသွားခဲ့ကြပါသည်။
၂၄ - ၇ - ၂၀၂၆ ရက်နေ့တွင် ပြိုင်ပွဲနှင့်ပတ်သက်သည့် Technical Briefing အား တက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲဝင်မြင်းများအား Borrowed Horse စနစ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မဲနှိုက်ခဲ့ရာတွင် မြန်မာအသင်းမှ ပြိုင်ပွဲဝင်မြင်းစီးအားကစားသမား ပိုးပိုးဟန် သည် မြင်းအမည် Utars VD Langvroot Z အား စီးနင်း၍ ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။
၂၅-၇-၂၀၂၆ ရက်နေ့နှင့် ၂၆- ၇-၂၀၂၆ ရက်နေ့တွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ နည်းပြ ဒေါ်အိသက်မွန် နှင့်ပြိုင်ပွဲဝင်မြင်းစီးအားကစားသမား ပိုးပိုးဟန် ၏ လေ့ကျင့်နေမှု မှတ်တမ်းများအား ဖော်ပြအပ်ပါတယ်ခင်ဗျာ။
20/07/2026
မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် FEI 1* Endurance Qualification (40 km) ခရီးရှည်မြင်းစီးအားကစား အရည်အချင်းစစ် ပြိုင်ပွဲ ကျင်းပမည့် ကြေညာချက်
02/07/2026
မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းဖွံ့ဖြိုးတိုးတက်ရေးအလုပ်အဖွဲ့ ( Task Force) မှ သင်တန်းသား လင်းပြည့်သူ၊ ကျော်တိုးလင်း၊ အောင်မြတ်ဇော်၊ ပိုးပိုးဟန် နှင့် ထူးထက်လွင် တို့မှ ၁-၇-၂၀၂၆ ရက်နေ့တွင် Endurance Training လေ့ကျင့်နေမှု မှတ်တမ်းများအား ဖော်ပြအပ်ပါသည်။
02/07/2026
22/06/2026
ကမ္ဘာ့မြင်းစီးအားကစားအဖွဲ့ချုပ် (FEI) မှ ကြီးမှူးဖွင့်လှစ်မည့် FEI ဒေသန္တရအုပ်စု (၈) အတွက် နှစ်စဉ်ကျင်းပမည့် တိုးတက်ဖွံ့ဖြိုးရေးအစီအစဉ်တွင် (၁၅-၆-၂၀၂၆) ရက်နေ့မှ (၂၀-၆-၂၀၂၆) ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ပတ္တယားမြို့ Thai Polo & Equestrian Club ၌ ဖွင့်လှစ်သည့် ဒုတိယအကြိမ်မြောက် Asia - Pacific Rising Star Academy (APRA) (Leg 2) အာရှ-ပစိဖိတ် မျိုးဆက်သစ်ကြယ်ပွင့် အကယ်ဒမီသို့ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ မျိုးဆက်သစ်မြင်းစီးအားကစားသမား ကျော်ဝဏ္ဏအောင် သွားရောက်လေ့ကျင့်ခဲ့ရာ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ နည်းပြ ဒေါ်အိသက်မွန်လိုက်ပါခဲ့သည့် မှတ်တမ်းဓာတ်ပုံများအား ဖော်ပြအပ်ပါတယ်ခင်ဗျာ။
Category
Website
Address
Yangon