Easy YBS

Easy YBS

Share

"လိုရာခရီးအမြန်ရောက်ဖို့
Easy YBS သုံးကြစို့"

03/10/2026

EasyYBS ရဲ့ Powerful Map System နဲ့ မိတ်ဆက်ပေးမလို့ပါ

Huawei. Honor ဖုန်းတွေမှာ Map ကြည့်လို့မရလို့ အဆင်မပြေဖြစ်နေလား

Redmi Stable ဖုန်းတွေကိုင်ထားလို့ Google Map မပါဘဲ တိုင်ပတ်နေလား

EasyYBS Map မှာဆိုရင် ရန်ကုန်က လမ်းအများစုကို မြန်မာလို ရေးသားဖော်ပြထားပြီး Google Map ထက် လမ်းသွယ် လမ်းမ အချက်အလက် ပိုမိုစုံလင်တဲ့ Opemstreet Map နဲ့ Google Satellite View ထက်ပိုကြည်လင်ရှင်းလင်းတဲ့ AI Powered Satellite View ကို အသုံးပြုထားပါတယ်

Search ဘားတန်းမှာဆိုရင်လည်း ကားမှတ်တိုင်တွေအပြင် ရပ်ကွက်၊ လမ်းသွယ်၊ မြို့နယ် နဲ့ အထင်ကရနေရာအများစုကိုပါ ရိုက်ရှာနိုင်ပါတယ်

Sidenote အနေနဲ့တော့ မနှစ်က ထုတ်ဝေခဲ့တဲ့ error တွေပါနေတဲ့ version တွေကို ပိတ်သိမ်းလိုက်ပြီဖြစ်ပြီး လက်ရှိမှာတော့ ပိုမိုကောင်းမွန်ပြီး lag လုံး၀မဖြစ်တဲ့ version 2.3 နဲ့ အထက်ဗားရှင်းတွေကိုသာ ဆက်လက်အသုံးပြုနိုင်မှာဖြစ်တာကြောင့် အသုံးပြုမရဖြစ်နေခဲ့ရင် အပ်ဒိတ်တင်လိုက်ပါ။

Photos from Easy YBS's post 18/07/2026

EasyYBS အနေနဲ့ စနစ်တစ်ခုကို စတင်အသက်သွင်းနေတာမို့ ဒီရက်ပိုင်းထဲ တချို့သူတွေ App ဝင်လို့ရလိုက် မရလိုက်ဖြစ်နေတာလေးကို သည်းခံပေးပါလို့ တောင်းဆိုချင်ပါတယ်

Version 2.2.6 မှာတော့ Server ရော Client ရော Stable ဖြစ်သွားပါပြီ

ဗားရှင်းအသစ်မှာ ပါဝင်လာတဲ့ Bus Track And Report စနစ်လေးအကြောင်းကို ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်

Tracker အဖြစ် Volunteer လုပ်ပေးချင်ရင် EasyYBS Telegram Channel မှ တဆင့် Admin တွေဆီ ဆက်သွယ်နိုင်ပါတယ်

Tracking စနစ်အဓိကရည်ရွယ်ချက်ကတော့ အရမ်းရှားတဲ့ ဘယ်အချိန်လာမှန်းမသိတဲ့ကားတွေကို တွေ့လိုက်တဲ့သူတစ်ယောက်က ကူညီပြီးလှမ်းပြောပေးချင်စေတာမျိုးပါ

နောက်ကားရှိသေးမှန်းသိရရင် အရမ်းကြပ်နေတဲ့ကားပေါ် အတင်းတိုးစရာမလိုတော့ဘူးပေါ့

လောလောဆယ်တော့ Tracker နည်းနေပေမယ့် တဖြည်းဖြည်းများလာတဲ့အခါ ကားစီးရ ပိုအဆင်ပြေလာမှာပါ

ဒီရက်ပိုင်း Server Error တက်နေလို့ မငြိုငြင်ကြပါနဲ့ဦးနော် 🥺🥺

ပုံမှာ တဆင့်ခြင်းရှင်းပြထားပါတယ်

16/07/2026

EasyYBS App ကို install ပေးကြသူ 500K ပြည့်သွားပါပြီ

လူပမာဏ အများကြီး အသုံးပြုပေးကြတဲ့အတွက် အင်မတန်မှပဲ ဝမ်းမြောက်မိပါတယ်

အသုံးပြုရတာ အဆင်ပြေအောင်လည်း အမြဲတမ်း အပ်ဒိတ်လုပ်ပေးနေမှာပါ

500k install နဲ့အတူ Version 2.2 Update လည်းထွက်ရှိလာပါပြီ

Version 2.2 မှာဆိုရင်တော့

Bus Tracker အဖြစ် လျှောက်ထားလို့ရမယ်

Bus ကားတွေ ဘယ်မှတ်တိုင်ကို ဘယ်အချိန်ဖြတ်သွားလဲဆိုတာ အသိပေးနိုင်မယ်

အသိပေးလိုက်တာနဲ့ နိုတီယူထားတဲ့သူတွေဆီ ချက်ချင်းအသိပေးမှာဖြစ်သလို APP ထဲမှာလည်း အသိပေးထားတဲ့ ကားချိန်တွေပေါ်နေမှာပါ

Bus Tracker တွေအနေနဲ့လည်း ကူညီတဲ့အတွက် ပွိုင့်ရရှိမှာဖြစ်ပြီး ရတဲ့ ပွိုင့်ကို လက်ဆောင်တွေနဲ့ လဲလှယ်နိုင်မှာ ဖြစ်ပါတယ်

အသေးစိတ်ကို Telegram EasyYBS Community Group မှာ မေးမြန်းနိုင်ပါတယ်

EasyYBS ကို အသုံးပြုပေးကြတဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ် ❤️❤️❤️

06/07/2026

အထင်ကရနေရာများကို EasyYBS မြေပုံတွင် တိုက်ရိုက်ရှာဖွေနိုင်ပါတယ်

မှတ်တိုင်ရှာကြည့်တဲ့အကွက်မှာပဲ ကိုယ်သိချင်တဲ့နေရာတွေကို ရိုက်ထည့်ပြီးရှာလို့ရပါတယ်

ဥပမာ မယ်လမုဘုရား
မြောင်းတကာ
ဦးဘဟန်လမ်း အစရှိသဖြင့်ပေါ့

Google Map နဲ့ယှဉ်ရင်တော့ အားသာချက် အားနည်းချက်လေးတွေရှိနေမှာပါ

ကိုယ်သွားချင်တဲ့နေရာရဲ့ အနီးဆုံးမှတ်တိုင်လေးတွေ ရှာကြည့်လို့ရအောင် ထည့်ပေးထားတာပဲ ဖြစ်ပါတယ်

26/06/2026

YBS ကဒ်တွေကို ဘယ်နားမှာဝယ်ပြီး ဘယ်မှာငွေဖြည့်ရမလဲ

EasyYBS ကိုခနခန လာမေးကြတာကတော့ YBS ကဒ်တွေ လုပ်ဖို့ မှတ်ပုံတင်လိုအပ်လား ဘာတွေလိုအပ်လဲ ဆိုတာမျိုးတွေပေါ့

ဘာမှ မလိုပါဘူး
မှတ်ပုံတင် သန်းခေါင်စာရင်း ဘာတစ်ခုမှမလိုပါဘူး

Pay အကောင့်တွေ ဖွင့်ပြီး ပရိုမိုးရှင်းယူတာရင်တော့ Pay account ဖွင့်ဖို့ မှတ်ပုံတင်လိုအပ်ပေမယ့် အဲဒါက ကဒ်ဝယ်ဖို့ လိုအပ်တာမဟုတ်ပါဘူး

လက်ရှိ သိထားသလောက်ဆိုရင် ကဒ်ဖိုး 9000 ကျပ်နဲ့ ကားခ ကြိုက်သလောက်ထည့်လို့ရပါတယ်

ပရိုမိုးရှင်းကာလတွေမှာတော့ ကဒ်ဖိုးသက်သာစွာနဲ့ ရောင်းချတာရှိတတ်တာမို့ YPS Official page ကို စောင့်ကြည့်ပေးပါ

အသေးစိတ်သိရှိလိုတာတွေကိုလည်း YPS Official Page ကိုတိုက်ရိုက်မေးမြန်းလို့ရပါတယ်

ကဒ်ဝယ်လိုရတဲ့နေရာတွေနဲ့ ဘေလ်ဖြည့်လို့ရတဲ့နေရာတွေကိုတော့ EasyYBS မြေပုံမှာ အလွယ်တကူကြည့်လို့ရပါတယ်

ပြထားတဲ့ပုံကတော့ EasyYBS မြေပုံထဲက ကဒ်ဝယ်လို့ရတဲ့နေရာ ဘေလ်ဖြည့်လို့ရတဲ့နေရာလေးတွေပဲ ဖြစ်ပါတယ်

22/06/2026

ဒီနေ့ဟာ အားလုံးရဲ့ YBS ခရီးသွားဖော်လေးဖြစ်တဲ့ EasyYBS ရဲ့ တနစ်ပြည့်နေ့လေးပဲဖြစ်ပါတယ်

စထွက်တဲ့အချိန်မှာ ဒေတာမပြည်စုံမှုတွေနဲ့ အခက်တွေ့ခဲ့ရပေမယ့် အချိန်နဲ့အမျှ တိုးတက်မှန်ကန်လာအောင် ဆောင်ရွက်ပေးခဲ့ပါတယ်

တနှစ်တာအတွင်းမှာ အများကြီး ကူညီလမ်းရှာပေးနိုင်ခဲ့တာကို ဝမ်းမြောက်ရပါသလို အနာဂတ်ကာလမှာလည်း ပိုကောင်းတဲ့ အစီအစဉ်တွေနဲ့ ဆက်လက်ကူညီပေးသွားမှာပါ

EasyYBS app လေးကို အသုံးပြုပေးကြတဲ့အတွက် အထူးပဲကျေးဇူးတင်ရှိကြောင်းလည်း ပြောချင်ပါတယ်

EasyYBS ရဲ့ အထိန်းအမှတ်နေ့လေးတွေမှာ မုန့်ဖိုးပေးလေ့ရှိတဲ့ ထုံးစံအတိုင်း ဒီတစ်ခေါက်လည်း ကံထူးရှင် ၁၀ ယောက်ကို မု့န့်ဖိုးပေးသွားဦးမှာဖြစ်ပါတယ်

အသေးစိတ်ကို comment မှာရေးပေးမယ်နော်

Reward ကိစ္စနဲ့ပတ်သတ်ပြီး ပြဿနာပေါ်ခဲ့လျှင် EasyYBS ရဲ့ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ပါမည်။

Ps.

တစ်ယောက်ကို 2 ခုမထုတ်ပေးပါ .2 ခု ဆိုလျှင် 1 ခုသာရမည်ဖြစ်ပါ်သည်

Photos from Easy YBS's post 15/06/2026

EasyYBS ရဲ့ ကား ၃ ဆင့် လမ်းရှာစနစ် အသုံးပြုနိုင်ပါပြီ

အရင်ကတော့ YBS လမ်းကြောင်းတွေက ကား ၂ ဆင့်နဲ့တင် ကြိုက်တဲ့နေရာသွားဖို့လုံလောက်ပါတယ်

ဒါပေမယ့် အခုဆိုရင်
အရှေ့ပိုင်းမှာ သုခဒဂုံ
မြောက်ပိုင်းမှာ ဥက္ကံ
တောင်ပိုင်းမှာ ကျောက်တန်း
မြစ်တစ်ဖက်ကမ်းမှာ တွံတေးအထိ

လမ်းကြောင်းတွေ တိုးချဲ့ပြေးဆွဲနေပြီမို့ ကား ၃ ဆင့်ရှာစနစ်က မဖြစ်မနေလိုအပ်တဲ့အနေအထားရောက်လာပါပြီ

ဒါပေမယ့် မပူပါနဲ့
EasyYBS မှာ လမ်း ၃ ဆင့်အထိ အလွယ်တကူ ရှာလို့ရနေပါပြီ

ပုံမှာပြထားတာကတော့ သုခဒဂုံကနေ တွံတေးမြို့မဈေးကို ရှာပြပေးထားတာပဲ ဖြစ်ပါတယ်

15/06/2026

YBS ကားတွေ ဘယ်အချိန်ထိနောက်ဆုံးထွက်သလဲ

EasyYBS ကို ခနခနလာမေးကြတာကတော့ ဘယ်အချိန်ထိ ကားရှိသေးသလဲဆိုတာပါပဲ

ကားလိုင်းအားလုံးအတွက် ထွက်ချိန်သိမ်းချိန် အတိအကျပြောလို့မရသေးပေမယ့်
ယေဘုယျသတ်မှတ်ရမယ်ဆိုရင်တော့

လိုင်းတို
တာလတ်လိုင်း နဲ့
ဟိုင်းဝေးဆိုပြီး ၃ ပိုင်းပြောရမယ်

63, 75 လို မီနီဘတ်စ် (ကားပိစိလေးများ) လိုင်းတိုတွေက မနက် 5 - 5:30 ဆို စပြေးပြီ
ညဆိုလည်း 7:30 လောက်ထိကို ဂိတ်ရင်းက ထွက်သေးတယ်

25, 110 စတဲ့တာလတ်လိုင်းတွေကတော့
မနက် 6 - 7 ကြားမှာစပြီးပြေးပါတယ်
ညဆိုရင်တော့ ဂိတ်ရင်းကနေ 6 - 7 နာရီနောက်ဆုံးထွက်ပါတယ်

ဟိုင်းဝေးတွေဖြစ်တဲ့ 107 တို့ဘာတို့ကတော့ မနက် 5 - 8 ကြား ဂတ်စ်အဆင်ပြေသလိုပြေးပြီး ညနေ ၃ နာရီလောက် မြို့ထဲဘက်ကနေ နောက်ဆုံးထွက်တယ်လို့ အကြမ်းဖျင်းယူဆနိုင်ပါတယ်

သိထားတဲ့ ကားထွက်ချိန် ကားသိမ်းချိန်လေးတွေသိရင်လည်း comment မှာ ဝေမျှပေးသွားနိုင်ပါတယ်
အချက်အလက်တွေကို စစ်ဆေးပြီး အများသူငါအသုံးပြုနိုင်ဖို့ EasyYBS app မှာထည့်သွင်းဖော်ပြပေးသွားမှာပါ

ပုံမှာမြင်ရတာကတော့ အရှည်ဆုံးလမ်းကြောင်းတွေထဲက တစ်ခုဖြစ်တဲ့ YBS 106 ရဲ့လမ်းကြောင်းဖြစ်ပါတယ်

07/06/2026

ရန်ကုန်မှာ ဟိုဟိုဒီဒီသွားဖို့ YBS အပြင်ရွေးစရာ မရှိပါဘူး

ပြတင်းပေါက်ကြီးကြီးပါတဲ့ကားတွေကတော့ အဲကွန်းမဖွင့်ပေးလည်း အဆင်ပြေပေမယ့်

ပြတင်းပေါက် ပိစိလေးတွေနဲ့ အလုံပိတ်ကားတွေမှာ လူအပြည့်ဖြစ်နေရင် အဲကွန်းလေး ဖွင့်ပေးဖို့ စဉ်းစားပေးစေချင်ပါတယ်။

ရုံးတက်ရုံးဆင်းချိန်လေးပဲ ဖွင့်ပေးရင်တောင် အတော်များများ အဆင်ပြေသွားမှာပါ

05/06/2026

ခရုဆာဗာ မှ ကျားသစ်ဆာဗာအဖြစ်သို့ 🔥🚀

Server အကြီးစား ပြင်ဆင်မှုပြီးသွားတဲ့နောက် App အဝင်အထွက် ၊ လမ်းကြောင်းရှာဖွေမှုစနစ်တွေ အရင်ထက်အများကြီး ပိုမြန်သွားမယ်လို့ ထင်ပါတယ်

Feedback လေးတွေ ပေးခဲ့ကြပါဦး

Website

Address

Yangon

Alerts

Be the first to know and let us send you an email when Easy YBS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.