Myat Collection

Myat Collection

Share

Welcome to Myat Collection

13/03/2025

ဘေဘီလေးတွေနဲ့ ဖေဖေမေမေတို့အတွက် Myat Collection ရောက်ရှိလာပါပြီ။

ဘေဘီလေးတွေနဲ့အတူ အလန်းလွန် အလွန်လန်း ချင်ကြတဲ့ ဖေဖေမေမေတို့အတွက် Myat Collection ကနေ -

• စတိုင်ကျပြီး သက်သောင့်သက်သာဖြစ်စေမယ့် baby clothings,

• ဖေဖေမေမေ တို့အတွက် ခေတ်စားနေတဲ့ trendy outfit တွေနဲ့

• ဘေဘီလေးတွေအတွက် အထူး essential items လေးတွေအပါအဝင် High Quality ဖြစ်ပြီး နှုန်းထားလည်း သင့်တင့်တဲ့ product လေးတွေကို မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ချစ်မွှေးပါတဲ့ ကလေးလေးတွေအတွက် မရှိမဖြစ်တဲ့ items ကအစ ဖေဖေမေမေတို့အတွက် ဖက်ရှင်ကျတဲ့ clothings လေးတွေအထိ စုံစုံလင်လင် ဖော်ပြ ပေးသွားမှာပါ။

ဒီတော့ အရမ်းတန်တဲ့ offer အတွက် Myat Collection Page ကို Like and Follow လုပ်ထားကြပါဦးနော်။

ဪ ဒါနဲ့ ကိုယ့်ရဲ့ သားသားမီးမီးတွေအတွက် လိုချင်တာရှိရင် comment ကနေ စာလေးချန်ထားပေးခဲ့ကြအုံးနော်။

31/12/2024

Happy New Year 🥰🥰

02/12/2024

🥰🥰🥰

မိခင်နို့တိုက်ခြင်း၊ နို့ဖြတ်ခြင်းနှင့်ပတ်သက်၍အမေးများသောမေးခွန်းများ

▪️ကလေးကို ၆လအထိ မိခင်နို့တမျိုးတည်းပဲတိုက်ရင် ကလေးအတွက် အာဟာရလုံလောက်ပါ့မလား?

မိခင်နို့တစ်မျိုးတည်းကိုသာတိုက်ခြင်းဟာ ကလေးရဲ့ဘဝပထမခြောက်လအတွက် လိုအပ်တဲ့အစာနဲ့ရေ (အာဟာရ)အားလုံးကို ပေးစွမ်းနိုင်ပါတယ်။ ကလေးငယ်များဟာ အသက်ခြောက်လအထိ မိခင်နို့မှလွဲပြီး မည်သည့်အစားအစာ/အရည်မှ သောက်သုံးဖို့မလိုအပ်ပါဘူး။ ဒါကို Exclusive Breastfeeding လို့ခေါ်ပါတယ်။ ကလေးအသက် ခြောက်လအတွက် မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးမယ်ဆိုရင် အကောင်းဆုံးကြီးထွားမှု၊ ဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးတို့ရရှိမှာဖြစ်ပါတယ်။

▪️ပူအိုက်တဲ့ရာသီမှာ ကလေးကိုရေတိုက်လို့ရလား?

အလွန်ပူပြင်းတဲ့ရာသီမှာတောင် အသက်ခြောက်လအောက် ကလေးငယ်ကို ရေမတိုက်သင့်ပါဘူး။ မိခင်နို့မှာ ကလေးလိုအပ်သော ရေဓာတ် ပြည့်စုံတဲ့အတွက် ရေသီးသန့်တိုက်ဖို့ မလိုအပ်ပါဘူး။ မိခင်နို့မှာ ရေဓာတ် 80% ကျော်ပါပါတယ်။ ပူလို့ရေဆာနေတယ်လို့ထင်ရင် မိခင်နို့သာများများတိုက်ပါ။

ခြောက်လအောက်ကလေးကို ရေတိုက်ပေးခြင်းဟာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ အာဟာရချို့တဲ့မှုကိုဖြစ်စေပါတယ်။ အလွန်အကျွံတိုက်မယ်ဆိုရင် Water Intoxication ဖြစ်ပြီးတော့ ကလေးရဲ့ဦးနှောက်ကိုပါထိခိုက်စေပါတယ်။ အဲဒီလောက်မဆိုးရင်တောင် ရေသောက်လို့ဗိုက်ပြည့်သွားပြီး တကယ်အာဟာရဖြစ်စေမယ့် မိခင်နို့မစို့နိုင်တော့တာကြောင့် အာဟာရချို့တဲ့ခြင်းဖြစ်စေနိုင်ပါတယ်။

▪️ကလေးကို ဘယ်အရွယ်ထိ နို့တိုက်သင့်ပါသလဲ?

WHO က မိခင်များအနေနဲ့ ကလေးကို နှစ်နှစ်နှင့်အထက်ထိ နို့တိုက်ကျွေးဖို့အကြံပြုထားပါတယ်။ နှစ်နှစ်အောက်မှာတော့ နို့မဖြတ်သင့်ပါဘူး။ အကယ်၍ ကလေးက နှစ်နှစ်ကျော်သွားသည့်တိုင် မိခင်ရောကလေးပါ အဆင်ပြေနေသေးပါက ကလေးကို နို့ဖြတ်စရာမလိုဘဲ ဆက်လက်တိုက်ကျွေးနိုင်ပါတယ်။

နှစ်နှစ်အထိနို့တိုက်သင့်တယ်လို့ပြောခြင်းဟာ နှစ်နှစ်ပြည့်တာနဲ့ တန်းပြီးနို့ဖြတ်ရမယ်လို့ဆိုလိုခြင်းမဟုတ်ပါဘူး။ အနည်းဆုံးတိုက်ကျွေးပေးရမယ့် ကာလအပိုင်းအခြားကိုဆိုလိုတာသာဖြစ်ပါတယ်။ မိခင်ကလည်းဆက်လက်တိုက်ကျွေးနိုင်ခြင်း၊ ကလေးကလည်း လိုအပ်ခြင်းရှိပါက နို့ဖြတ်ခြင်းကို ကလေးနဲ့မိခင်ရဲ့ အခြေအနေပေါ်မူတည်ပြီး ဆုံးဖြတ်နိုင်ပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)မာမီ

✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်။

Website

Address

Myinthar 1st, 15 Yds, South Okkalapa
Yangon
11091

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 08:00 - 21:00

Alerts

Be the first to know and let us send you an email when Myat Collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.