YM Japanese Language Center

YM Japanese Language Center

Share

YMJLCမှ နွေး‌ထွေးစွာကြိုဆိုပါတယ်ရှင်

28/09/2026

JLPT အောင်လက်မှတ်ထုတ်ယူမည့်‌ ကျောင်းသား/သူများ သိစေရန်
၁၂.၁၀.၂၀၂၆ရက်နေ့ နောက်ဆုံးထားပြီး
ကျောင်းသို့
(1)Test Voucher စာရွက်
(2)မှတ်ပုံတင်မိတ္တူ ၁စောင်
လာပေးကြရှင့်📣📣

၂၀၂၆ ခုနှစ်၊ ဇူလိုင်လတွင် ဖြေဆိုထားသော JLPT စာမေးပွဲ ရလဒ်များ ထုတ်ယူခြင်းနှင့်ပတ်သတ်၍

၂၀၂၆ ခုနှစ်၊ ဇူလိုင်လတွင် ဖြေဆိုထားသော JLPT စာမေးပွဲ ရလဒ်များအား အောက်ဖော်ပြပါအတိုင်း ထုတ်ယူနိုင်မည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ လာရောက်ထုတ်ယူရာတွင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) မူရင်း ယူဆောင်လာရမည်ဖြစ်ပြီး ပျောက်ဆုံး၊ ပျက်စီးပါက ခုံနံပါတ် ရေးသားထားသော မှတ်ပုံတင်မိတ္တူတစ်စောင် ယူဆောင် လာရပါမည်။

သင်တန်း​ကျောင်းအလိုက်ထုတ်ယူမည့်ကျောင်းများ နှင့် (၁၀)ဦးအထက် ကိုယ်စားထုတ်ယူမည့်သူများ အ​နေဖြင့်
1) Levelတစ်ခုချင်းစီအလိုက်ခွဲထားသော ခုံနံပါတ်နှင့် အမည် ပါရှိသည့် စာဖြေသူများစာရင်း၊
2) စာဖြေသူများ၏ Test Voucher မူရင်းများ
3) စာဖြေသူများ၏ မှတ်ပုံတင်မိတ္တူများကို ပြည့်စုံစွာယူ​ဆောင်လာပြီး ထုတ်ယူနိုင်ပါသည်။

(ရန်ကုန်စာဖြေဌာနတွင်လျှောက်ထားသူများထုတ်ယူရန်)
၅.၁၀.၂၀၂၆ မှ ၁၂.၁၀.၂၀၂၆ ရက်နေ့အတွင်း (ပိတ်ရက်မရှိ)
နေရာ
- ရန်ကုန်ပညာရေးတက္ကသိုလ် (Learning Hub)
အမှတ် ၃၁၇၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။ (ဂိတ် ၄ မှ ဝင်ရန်။)
အချိန်
- မနက် ၉း၀၀ နာရီ မှ ညနေ ၃း၀၀ နာရီအထိ

၁၂.၁၀.၂၀၂၆ ရက်နေ့နောက်ပိုင်း (တနင်္လာ မှ သောကြာနေ့ အထိ။ အစိုးရရုံးပိတ်ရက် နှင့် စနေ၊တနင်္ဂနွေ ပိတ်ပါသည်။)
နေရာ
- JLPT Centre
အမှတ်(၂ဘီ-၃)၊ နှင်းဥယျာဥ်အိမ်ရာ ၊ သုမင်္ဂလာလမ်း၊ သင်္ဃန်းကျွန်း မြို့နယ်၊ ရန်ကုန်မြို့။
အချိန်
- မနက် ၉း၀၀ နာရီ မှ ညနေ ၄း၀၀ နာရီအထိ (ထမင်းစားနားချိန် - နေ့လည်၁၂း၀၀ နာရီမှ ၁း၀၀ နာရီအထိ)

(မန္တလေးစာဖြေဌာနတွင်လျှောက်ထားသူများထုတ်ယူရန်)
၅.၁၀.၂၀၂၆ မှ ၁၂.၁၀.၂၀၂၆ ရက်နေ့အတွင်း (ပိတ်ရက်မရှိ)
နေရာ
- MAJA Office (Mandalay)
အမှတ်(၂၇၀)၊ ၆၂လမ်း၊ ၂၆လမ်းနှင့် ၂၇လမ်းကြား၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
အချိန်
- မနက် ၉း၃၀ နာရီ မှ ညနေ ၄း၀၀ နာရီအထိ

၁၂.၁၀.၂၀၂၆ ရက်နေ့နောက်ပိုင်း (တနင်္လာ မှ သောကြာနေ့ အထိ။ အစိုးရရုံးပိတ်ရက် နှင့် စနေ၊တနင်္ဂနွေ ပိတ်ပါသည်။)
နေရာ
- MAJA Office (Mandalay Branch)
အမှတ်(၂၇၀)၊ ၆၂လမ်း၊ ၂၆လမ်းနှင့် ၂၇လမ်းကြား၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
အချိန်
- မနက် ၉း၃၀ နာရီ မှ ညနေ ၄း၀၀ နာရီအထိ (ထမင်းစားနားချိန် - နေ့လည်၁၂း၀၀ နာရီမှ ၁း၀၀ နာရီအထိ)

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း
ဆက်သွယ်ရန် -
01-757 10 15 (Ext- 1) ရန်ကုန်
09-255 162 533 မန္တလေး

外国政府認定送出機関一覧(育成就労制度) | 外国人技能実習機構 21/09/2026

၂၀၂၇ခုနှစ် ၄လပိုင်းကစပြီးတော့ မြန်မာနိူင်ငံအတွက် Training Visaအစား ESDလို့ခေါ်တဲ့ Ikusei Visaအမျိုးအစားသစ်နဲ့ အလုပ်တွေပြန်ခေါ်မည့် ဒီစနစ်သစ်နဲ့ ပို့လို့ရမယ့် မြန်မာအေဂျင်စီစာရင်းကို ဂျပန်အစိုးရ(OTIT)ကနေ ထုတ်ပြန်ထားပါတယ်။

အောက်က linkမှာလည်း အသေးစိတ်ကြည့်နိုင်ပါတယ်။

📌

外国政府認定送出機関一覧(育成就労制度) | 外国人技能実習機構 外国人技能実習機構 - 技能実習制度による人材育成を通じた国際協力を推進します。

Photos from YM Japanese Language Center 's post 21/09/2026

🇯🇵 ESD Visa ဆိုတာဘာလဲ?
ESD = Employment for Skill Development
မြန်မာလိုဆိုရင် “ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်ခြင်း” လို့ အဓိပ္ပါယ်ရပါတယ်။
အရင် Technical Intern Training (技能実習- ぎのうじっしゅせい)စနစ်က “ဂျပန်မှာ နည်းပညာသင်ယူပြီး မိမိနိုင်ငံကို ပြန်လည်အသုံးချရန်” ဆိုတဲ့ ရည်ရွယ်ချက်ကို အဓိကထားခဲ့ပါတယ်။
ESD (育成就労 - いくせいしゅうろう)စနစ်ကတော့ အဲဒီအစား—
ဂျပန်နိုင်ငံမှာ အလုပ်လုပ်ရင်း ကျွမ်းကျင်မှုနဲ့ ဂျပန်ဘာသာစကား တိုးတက်အောင်လုပ်ပြီး၊ နောက်ပိုင်း Specified Skilled Worker (特定技能 / SSW) သို့ ကူးပြောင်းနိုင်ရန်
ဆိုတဲ့ Career Path ကို အဓိကထားပါတယ်။

🇯🇵 ESD Visa အကျဉ်းချုပ်
ESD (育成就労) က ဂျပန်ရဲ့ Training Visa (技能実習) ကို အစားထိုးမယ့်စနစ်ဖြစ်ပြီး 2027 ဧပြီ 1 ရက် စတင်ဖို့ သတ်မှတ်ထားပါတယ်။
မြန်မာနိုင်ငံသားတွေအတွက် အဓိကအလုပ်တွေက—
• 🏭 စက်ရုံထုတ်လုပ်ရေး
• 🍱 အစားအသောက်စက်ရုံ
• 🍜 စားသောက်ဆိုင်
• 🌾 စိုက်ပျိုးရေး
• 🏗️ ဆောက်လုပ်ရေး
• 👵 သက်ကြီးရွယ်အိုစောင့်ရှောက်ရေး
• 🏨 ဟိုတယ်
• 🚗 ကားပြုပြင်ရေး
• 🚢 သင်္ဘောတည်ဆောက်ရေး
• 📦 ဂိုဒေါင်/Logistics
• 🧹 အဆောက်အအုံသန့်ရှင်းရေး
• 🌲 သစ်တော/သစ်သားလုပ်ငန်း
• 🎣 ငါးလုပ်ငန်း
• ♻️ Recycling
• 🚆 Railway စတဲ့ စုစုပေါင်း 17 ကဏ္ဍ ရှိပါတယ်။
အဓိကလမ်းကြောင်းက
ESD → 3 နှစ်အထိ အလုပ်လုပ် + Japanese/Skill တိုးတက် → SSW (i) ဖြစ်ပါတယ်။
⚠️ Truck Driver နဲ့ Aviation စတဲ့အလုပ်တွေက လက်ရှိ ESD အလုပ်စာရင်းထဲ မပါသေးပါဘူး။
အရေးကြီးဆုံးက ESD ရောက်တာနဲ့ အလုပ်အားလုံး လုပ်လို့ရတာမဟုတ်ဘဲ သတ်မှတ်ထားတဲ့ field/occupation အတွင်းမှာပဲ လုပ်ရတာ ဖြစ်ပါတယ်။

လိုအပ်ချက်
************
အသက် — 18 နှစ်ပြည့်ပြီးသူ

ဂျပန်စာ — ESD ဝင်ချိန်မှာ A1 အဆင့် လိုပါတယ်။ JLPT N5 / NAT 5Q ကို လက်ခံမှုက သတ်မှတ်ချက်အလိုက် စစ်ရပါမယ်။

ပညာအရည်အချင်း — ဘွဲ့ရရှိထားဖို့ အထွေထွေမလိုပါ။

ကုန်ကျစရိတ် — Sending Organization က ကောက်ခံနိုင်တဲ့ပမာဏမှာ သတ်မှတ်ထားတဲ့ limit ရှိပါတယ်။

ESD ကာလ — ပုံမှန် 3 နှစ်

(3 နှစ်အတွင်း Skill + Japanese တိုးတက်အောင်လုပ်ပြီး
နောက်ဆုံး Tokutei 1号 ပြောင်းဖို့ Skill + A2/N4 အဆင့် Japanese လိုပါတယ်။)

21/09/2026

🇯🇵✨ Japan ကိုသွားဖို့ စိတ်ကူးရှိတယ်… ဒါပေမယ့် ဘယ်ကနေစရမလဲ?
အဖြေကတော့ — ဂျပန်စာ N5 ကနေ စလိုက်ပါ။ 📚🇯🇵
ဂျပန်နိုင်ငံမှာ အလုပ်လုပ်ချင်တာလား? 💼
ကျောင်းတက်ပြီး ပညာဆက်သင်ချင်တာလား? 🎓
ဘယ်လိုရည်မှန်းချက်ပဲဖြစ်ဖြစ်
ပထမဆုံးလိုအပ်တာက ဂျပန်ဘာသာစကားရဲ့ အခြေခံကောင်းကောင်း တစ်ခုပါ။ ✨
ဒါကြောင့် N5 Class (ရုံးချိန်လွတ် Weekend Class) ကို ဖွင့်လှစ်ပေးထားပါတယ်။
🌸 N5 CLASS
📅 Start Date — 10.10.2026
🗓️ Saturday & Sunday
⏰ 3:00 PM ~ 5:00 PM
💰 40,000 Ks / Month
📚 Duration — 4 Months
အလုပ်လုပ်နေရင်းနဲ့ ဂျပန်စာလေ့လာချင်သူတွေအတွက်
Weekend Class ဖြစ်လို့ အချိန်ညှိပြီး တက်ရောက်နိုင်ပါတယ်။ 🙌
🇯🇵 Japan ကို ရည်မှန်းထားသူတွေအတွက်…
ကျွန်ုပ်တို့သင်တန်းကျောင်းဟာ ဂျပန်နိုင်ငံသို့ အလုပ်အကိုင်နဲ့ သွားရောက်လိုသူများ နဲ့ ကျောင်းတက်ပြီး ပညာဆက်လက်သင်ယူလိုသူများ အတွက် သက်ဆိုင်ရာ Agency များနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ပေးနေတဲ့ သင်တန်းကျောင်းဖြစ်ပါတယ်။
💼 Work in Japan
🎓 Study in Japan
📚 Learn Japanese
🚀 Build Your Future
မင်းရဲ့ Goal က ဘာပဲဖြစ်ဖြစ်
ဒီနေ့စတဲ့ သေးသေးလေးတစ်လှမ်းက မနက်ဖြန်ရဲ့ အခွင့်အရေးတစ်ခု ဖြစ်လာနိုင်ပါတယ်။ 🌱
Start from N5. Dream bigger. 🇯🇵✨
ယခုပဲ စာရင်းပေးသွင်းလိုက်ပါ။
📍 သင်တန်းနေရာ
အမှတ် (၆၂)၊ ၄ လွှာ၊
နဝရတ် (၁၁) လမ်း၊ (၈) ရပ်ကွက်၊
သာကေတမြို့နယ်။
📞 အသေးစိတ်စုံစမ်းရန် — 09 450 036 010
📌 October 2026 Intake – Seats are open!
#ဂျပန်စာ #ဂျပန်စာသင်တန်း #သာကေတ

19/09/2026

🎉🎉 Tokutei ဘိုးဘွားစောင့်ရှောက် အောင်လက်မှတ်ရှိသူများအတွက် အလုပ်ခေါ်စာ ရောက်ရှိနေပါတယ်ရှင့်🎉🎉
🇯🇵 JAPAN JOB OPPORTUNITY 🇯🇵
🧑‍🦽 AICHI ခရိုင်
မသန်စွမ်းသူများအတွက်
ပြုစုစောင့်ရှောက်ရေးလုပ်သား
👩 အမျိုးသမီး (၆) ဦး ခေါ်ယူမည်
💙 အသိဉာဏ်ချို့ယွင်းသူ / မသန်စွမ်းသူများအား
နေ့စဉ်ဘဝတွင် လိုအပ်သော ပြုစုစောင့်ရှောက်မှုနှင့်
ထောက်ပံ့ကူညီမှုများ ပြုလုပ်ပေးရမည်။
🎓 အလယ်တန်းအောင်နှင့်အထက်
🇯🇵 N3 အောင်မြင်သူ ဦးစားပေး
💴 အခြေခံလစာ ¥170,000
💰 စုစုပေါင်းလစာ ¥200,000
📅 တစ်နှစ်ပိတ်ရက် 108 ရက်
🌙 အရည်အချင်းပြည့်မီပါက ညဆိုင်း + ညဆိုင်းခံစားခွင့်
━━━━━━━━━━━━━━
⚠️ အရေးကြီး 🚫 Tattoo မရှိရ
🚫 Colorblind မဖြစ်ရ
🚫 ခြေချောင်း/လက်ချောင်း ချို့ယွင်းမှု မရှိရ
🚫 အူကျ/အူကျွံ မရှိရ
🚫 ခါးခွဲစိတ်ဖူးခြင်း / ခါးထိခိုက်ဒဏ်ရာရှိခြင်း မဖြစ်ရ
📌 အသက်နှင့် အိမ်ထောင်ရေး ကန့်သတ်ချက်မရှိပါ။
✈️ လေယာဉ်လက်မှတ်ကို ဂျပန်ဘက်မှ တစ်စိတ်တစ်ပိုင်း စိုက်ပေးမည်။
🏥 အင်တာဗျူးအောင်မြင်ပြီးနောက် သတ်မှတ်ဆေးခန်းတွင် TB စစ်ဆေးရမည်။
💰 TB စစ်ဆေးခမှာ ခန့်မှန်း 350,000 ကျပ်ဝန်းကျင် ဖြစ်နိုင်ပြီး ကာယကံရှင်မှ ကျခံရမည်။
📩 စိတ်ပါဝင်စားသူများ
၂၆.၉.၂၀၂၆ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ပါသည်။


#09450036010

17/09/2026

Tokutei ဘိုးဘွားစောင့်ရှောက် အောင်လက်မှတ်ရှိသူများအတွက် အလုပ်ခေါ်စာ ရောက်ရှိနေပါတယ်ရှင့်🎉🎉

တည်နေရာ - Osaka ခရိုင်
ခေါ်ယူမည့်လူဦးရေ - ကျား (3) ဦး
လုပ်ငန်းအမျိုးအစား - ပြုစုစောင့်ရှောက်ရေးလုပ်သား
ပညာအရည်အချင်း - အလယ်တန်းအောင်နှင့်အထက်
ဂျပန်စာအရည်အချင်း - N3 အောင်နှင့် အထက်
အခြေခံလစာ - 197,300 ယန်း
ခံစားခွင့်ပါ စုစုပေါင်း လစာ - 227,800 ယန်း
တစ်နှစ်ပိတ်ရက် - 120 ရက်
လေယာဥ်လက်မှတ် - မိမိဘာသာကျခံရမည် ။
အပိုဆုကြေး - တစ်နှစ်လျှင် 2 ကြိမ်
လစာတိုးမြှင့်မှု - တစ်နှစ်လျှင် 1 ကြိမ်

လိုအပ်ချက်များ
-ဂျပန်စာအရည်အချင်း ဂျပန်စာ N3 နှင့် တိုခုတေးအိ ဘိုးဘွားစောင့်ရှောက် အောင်လက်မှတ်ကိုင်ဆောင်ထားသူ ဖြစ်ရမည်။
-Tattoo မရှိသူ ဖြစ်ရမည်။
- ဆေးလိပ်မသောက်သူ
- အိမ်ထောင်သတ်မှတ်ထားခြင်းမရှိပါ
-Colorblind မရှိသူ ဖြစ်ရမည် ။
-အူကျခြင်း ၊ အူကျွံခြင်း ၊ ခါးနာသည့်ရောဂါကြောင့် ခွဲစိတ်ကုသဖူးသူ ၊ အက်စီးဒင့် တစ်ခုခုကြောင့် ခါးထိခိုက်ဒဏ်ရာရဖူးသူမဖြစ်ရပါ ။

လုပ်ငန်းအကြောင်းအရာ
** အစားအသောက်စားသောက်ခြင်း ၊ အိမ်သာတက်ခြင်း ၊ ရေချိုးခြင်း စသည်တို့ကို ကူညီပံ့ပိုးခြင်း / အသိဉာဏ်ချို့ယွင်းသူ ၊ မသန်စွမ်းသူများအား စောင့်ရှောက်ရသောအလုပ်ဖြစ်သောကြောင့် လျှောက်ထားခြင်းမပြုမီ လုပ်ငန်းအကြောင်းအရာနှင့် လုပ်ငန်းဗီဒီယို URL ကိုသေချာစစ်ဆေးပေးပါရန် **

စိတ်ပါဝင်စားသူများ
၂၀.၉.၂၀၂၆ရက်နေ့ နောက်ဆုံးထားလျှောက်ထားရန်။


#09450036010

14/09/2026

Tokutei ဘိုးဘွားစောင့်ရှောက် အောင်လက်မှတ်ရှိသူများအတွက် အလုပ်ခေါ်စာ ရောက်ရှိနေပါတယ်ရှင့်🎉🎉

တည်နေရာ - Kochi
ခေါ်ယူမည့်လူဦးရေ - မ(5)ဦး
လုပ်ငန်းအမျိုးအစား - ပြုစုစောင့်ရှောက်ရေးလုပ်သား
ပညာအရည်အချင်း - အထက်တန်းအောင်နှင့်အထက်
ဂျပန်စာအရည်အချင်း - N4 အောင်နှင့် အထက်
အခြေခံလစာ - 154,950 ယန်း
ခံစားခွင့်ပါ စုစုပေါင်း လစာ - 195,350ယန်း
တစ်နှစ်ပိတ်ရက် - 112ရက်
လေယာဥ်လက်မှတ် - ကုမ္ပဏီမှ ကျခံမည် ။

လိုအပ်ချက်များ
-ဂျပန်စာအရည်အချင်း ဂျပန်စာ N4 နှင့် တိုခုတေးအိ ဘိုးဘွားစောင့်ရှောက် အောင်လက်မှတ်ကိုင်ဆောင်ထားသူ ဖြစ်ရမည်။
-Tattoo မရှိသူ ဖြစ်ရမည်။
-အသက် သတ်မှတ်ထားခြင်း မရှိပါ ။
-Colorblind မရှိသူ ဖြစ်ရမည် ။
-အူကျခြင်း ၊ အူကျွံခြင်း ၊ ခါးနာသည့်ရောဂါကြောင့် ခွဲစိတ်ကုသဖူးသူ ၊ အက်စီးဒင့် တစ်ခုခုကြောင့် ခါးထိခိုက်ဒဏ်ရာရဖူးသူမဖြစ်ရပါ ။

**ဆေးရုံများ ၊ ရေရှည် ပြုစုစောင့်ရှောက်ရေးလုပ်ငန်းများ ဆေးဘက်ဆိုင်ရာလုပ်ငန်းများနှင့် ပြင်ပလူနာ ပြန်လည် သန်စွမ်းရေး စင်တာများရှိ ပြုစုစောင့်ရှောက်ရေး ဝန်ထမ်းများ၏ တာဝန်များ **

စိတ်ပါဝင်စားသူများ
၁၅.၉.၂၀၂၆ ရက်နေ့နောက်ဆုံးထား လျှောက်ထားနိုင်ပါသည်။


#09450036010

14/09/2026

Tokutei စိုက်ပျိုးရေးအလုပ်ခေါ်စာ မျှော်နေသူတွေအတွက် သတင်းကောင်း 📣

တည်နေရာ - Hokkaido ခရိုင်
လုပ်ငန်းအမျိုးအစား - စိုက်ပျိုးရေးလုပ်ငန်း
ခေါ်ယူမည့် လူဦးရေ - မ 1 ဦး

လုပ်ငန်းအကြောင်းအရာ - စပါး ရေသွင်းစိုက်ပျိုးခြင်းနှင့် ပန်းအိုးထိုး ပန်းစည်းသုံးပန်းများ စိုက်ပျိုးပြုစုထိန်းသိမ်းခြင်း ၊ ရိတ်သိမ်းခြင်း ၊ ဆွတ်ခူးခြင်း ၊ အရည်အသွေး အရွယ်စားအလိုက် ‌ရွေးချယ်ခွဲခြားခြင်း ၊ ပြုပြင်ထိန်းသိမ်းခြင်း ၊ ထုပ်ပိုးခြင်း ၊ တင်ပို့ခြင်း ၊ စိုက်ခင်းထိန်းသိမ်းခြင်း ၊ စိုက်ပျိုးရေးပစ္စည်းကိရိယာများ သယ်ယူပို့ဆောင်ခြင်း ၊ သန့်ရှင်းရေးပြုလုပ်ခြင်းစသည်

>> လိုအပ်ချက်များ

14/09/2026

🇯🇵2027-April Intake Language School 🇯🇵
Tokyo ကျောင်းဝင်ခွင့် အင်တာဗျူး အောင်မြင်ခဲ့တဲ့‌
ညီမလေး NANG SHOON LETT EAIN さん
おめでとうございます🎉🎉🎉👏👏👏
COEကို အခက်ခဲမရှိအောင်မြင်ပါစေရှင့်🙏💕💕
YMJapaneseLanguageCenter
#09450036010

12/09/2026

Tokutei ဘိုးဘွားစောင့်ရှောက် အောင်လက်မှတ်ရှိသူများအတွက် အလုပ်ခေါ်စာ ရောက်ရှိနေပါတယ်ရှင့်🎉🎉

တည်နေရာ - Aichi
ခေါ်ယူမည့်လူဦးရေ - မ(4)ဦး
လုပ်ငန်းအမျိုးအစား - ပြုစုစောင့်ရှောက်ရေးလုပ်သား
ပညာအရည်အချင်း - သတ်မှတ်ထားခြင်းမရှိပါ
ဂျပန်စာအရည်အချင်း - N2-N3-N4 အစီအစဥ်တိုင်း ဉီးစားပေးမည် ။
အခြေခံလစာ - 210,000 ယန်း
ခံစားခွင့်ပါ စုစုပေါင်း လစာ - 218,400 ယန်း
တစ်နှစ်ပိတ်ရက် - 105ရက်
အချိန်ပို - 4နာရီ
လေယာဥ်လက်မှတ် - ဂျပန်ဘက်မှ တစ်စိတ်တစ်ပိုင်း စိုက်ပေးမည် ။

လိုအပ်ချက်များ
-ဂျပန်စာအရည်အချင်း ဂျပန်စာJLPT N4/N3/N2 နှင့် တိုခုတေးအိ ဘိုးဘွားစောင့်ရှောက် အောင်လက်မှတ်ကိုင်ဆောင်ထားသူ ဖြစ်ရမည်။
-Tattoo မရှိသူ ဖြစ်ရမည်။
-အသက် သတ်မှတ်ထားခြင်း မရှိပါ ။ (25နှစ်အောက်ဦးစားပေးမည် )
-Colorblind မရှိသူ ဖြစ်ရမည် ။
-‌ခြေချောင်း လက်ချောင်းများ ချို့ယွင်းနေသူ မဖြစ်ရပါ ။
-အူကျခြင်း ၊ အူကျွံခြင်း ၊ ခါးနာသည့်ရောဂါကြောင့် ခွဲစိတ်ကုသဖူးသူ ၊ အက်စီးဒင့် တစ်ခုခုကြောင့် ခါးထိခိုက်ဒဏ်ရာရဖူးသူမဖြစ်ရပါ ။

**သက်ကြီးရွယ်အိုများအတွက် အဝတ်အစား လဲလှယ်ပေးခြင်း ၊ ရေချိုးပေးခြင်းနှင့် ကိုယ်လက်သန့်စင်ပေးခြင်း ၊ အစားအသောက်ကျွေးမွေးခြင်း ၊ သန့်စင်ခန်းသွားရာတွင် (သို့ ) ဒိုင်ပါလဲလှယ်ရာတွင် ကူညီပေးခြင်း အပြင် နေထိုင်မှု ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် နေ့စဥ်လိုအပ်ချက် များကူညီလုပ်ဆောင်ပေးခြင်း ။ **

အင်တာဗျူး အောင်မြင်ပြီးပါက သတ်မှတ်ထားသော ဆေးခန်းတွင် တီဘီရောဂါစစ်ဆေးမှု (QuantiFERON TB Gold Plus ) ကို မဖြစ်မနေ သွားရောက်စစ်ဆေးရမည် ဖြစ်ပါသည် ။
ယင်းစစ်ဆေးမှု အတွက်ကုန်ကျစရိတ်မှာ ခန့်မှန်းခြေအားဖြင့် 350,000 ကျပ်ဝန်းကျင်ခန့် ရှိနိုင်ပြီး ၊ အမှန်တကယ် ကုန်ကျစရိတ်ကို မိမိကိုယ်တိုင်သာ ကျခံရမည် ဖြစ်ကြောင်း ကြိုတင် အသိပေးအပ်ပါသည် ။

စိတ်ပါဝင်စားသူများ
၁၄.၉.၂၀၂၆ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးပေးပါရန်။


#09450036010

Category

Website

Address

အမှတ်(၆၂)/၄လွှာ၊ န၀ရတ်(၁၁)လမ်း၊ (၈)ရပ်ကွက်၊သာကေတမြို့နယ်
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when YM Japanese Language Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.