Social Science Department LAP - MIT
Social Science Department, Liberal Arts Program, Myanmar Institute of Myanmar, Yangon, Myanmar.
18/08/2026
မင်္ဂလာပါ ဆိုရှယ်မေဂျာက စီနီယာတို့ရေ...
ကျောင်းတံခါးတွေပိတ်၊ ဆွေးနွေးသံတွေတိတ်သွားတာ နှစ်၊လတွေ ကြာခဲ့ပြီပေါ့နော်...
ဘယ်လုပ်ငန်းခွင်သွားသွား BARS ကကျောင်းသားပါလို့ပြောရုံနဲ့ ကောင်းကောင်းမွန်မွန်ဆက်ဆံခံရတိုင်း စီနီယာတွေရဲ့ပုံရိပ်ကောင်းကို မြင်ယောင်လျက်ပါ...
"Social ကျောင်းသား အကောင်းစား" ဆိုတဲ့ ဆောင်ပုဒ်က ဒီမေဂျာကို ရွေးချယ်ဖို့ ဆုံးဖြတ်ချက်တွေကို ပိုခိုင်မာစေခဲ့တာလေ...
ကျောင်းပြီးတာနှစ်တွေကြာသွားပေမယ့် မေဂျာနဲ့ကျောင်းအပေါ်ထားတဲ့ ချစ်မေတ္တာတွေဟာ မကုန်ခမ်းဘူးဆိုတာ လုပ်ယူစရာမလိုတဲ့ ယုံကြည်မှုပါပဲ...
ကျွန်မတို့ 24th Batch က ကျောင်းသားတွေစုပြီး Research လုပ်ဖြစ်ကြတယ်... ဦးနှောက်ကပြောတဲ့ ရည်ရွယ်ချက်ကတော့ တို့မေဂျာဟာ သူ့ရင်ခွင်မှာ လာနားခိုတဲ့ကျောင်းသားတွေကို ဘယ်လောက်ထိ ကူညီတွန်းတင်ပေးခဲ့လဲ သိချင်တာကြောင့်ပါတဲ့... နှလုံးသားထဲမှာတော့ တို့စီနီယာတွေ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိနေကြရဲ့လား၊ အလုပ်ခွင်မှာ ပျော်နေကြရဲ့လား သိချင်တာကြောင့်ပါ စီနီယာ...
အချိန်လေး ၁၅ မိနစ်လောက်သာ ရမယ်ဆို သိပ်လွတ်လပ်ခဲ့တဲ့ အတိတ်တွေကို ပြန်သွားရင်း ဆိုရှယ်မေဂျာအကြောင်း သတိရခြင်းများစွာနဲ့ အောက်မှာ Google Form လေးဖြည့်ဖို့ တခုတ်တရ တောင်းဆိုပါရစေ... ကျေးဇူးအများကြီးတင်ပါတယ်...ကိုယ်ရောစိတ်ရော လုံခြုံကျန်းမာပါစေ...
https://forms.gle/N5erGKc6S991STkKA
#ချွင်းချက်လေးက လိုအပ်ချက်အရ Batch 2015-2021 အတွင်းက စီနီယာတွေပဲ ဖြည့်နိုင်မှာဆိုပေမယ့် တခြား Batch က စီနီယာတွေကိုလည်း ထပ်တူထပ်မျှ လေးစားလျက်ပါ...
လေးစားချစ်ခင်စွာဖြင့်
LAP 24th Batch
Social Science Major
Research Group 6
28/07/2026
📣📣Calling all Social Majors! Wednesday ညအတွက် Plans ရှိနှင့်ပြီးပြီလား?
Spoiler alert! 🚨 ဒီဗုဒ္ဓဟူးနေ့ (29.7.2026) ည (9-10) PM မှာ ကျွန်တော်တို့ Social Department ရဲ့ Online Gathering လေးရှိတယ်နော်။ Paper Deadline တွေ presentation တွေ ခဏမေ့ထားပြီး Chill ကြမယ်လေ! 🥂
ဒီ gathering လေးမှာ ဘာတွေပါမလဲဆိုတော့…
🎮 Game On: ဂိမ်းတွေဆော့ပြီး ပျော်ပျော်ပါးပါး အိတ်သွန်ဖာမှောက် အတူဆုံမယ်။
🎁 Prize Drops: prize တွေကလည်း အသင့်စောင့်နေပြီဆိုတော့ လက်လွှတ်မခံနဲ့တော့နော်။
ဒါ့အပြင် ဒီတစ်ခေါက် Gathering ရဲ့ Highlights တွေထဲမှာ အမိုက်ဆုံးကတော့ Tr. Paw ကိုယ်တိုင် ပါဝင်အားဖြည့်ပေးမှာပဲ ဖြစ်ပါတယ်။ Tr. Paw နဲ့ တွေ့ဆုံပြီး ကိုယ်မေးချင်တာတွေ မေးလို့ရမယ့် Session လည်း ပါသေးတာဆိုတော့ ကိုယ်သိချင်တာတွေ အကုန်ထုတ်မေးလို့ရပြီပေါ့ဗျာ 😎
Vibe ကတော့ အလန်းစားဖြစ်မှာမို့လို့ လက်လွှတ်မခံနဲ့နော်!
ဒီဗုဒ္ဓဟူးနေ့ည ၉ နာရီတိတိနော် See ya! 👋🔥
Zoom information ကို comment boxမှာ ချန်ထားပါမယ်။
03/07/2026
"ဆိုရှယ်ကောင်းကင်အလှဆင်" 🌤
ဆိုရှယ်ကျောင်းသား၊ ကျောင်းသူများ တွေ့ဆုံပွဲကြီးကတော့ ပျော်ရွှင်စရာ အမှတ်တရများစွာနဲ့ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ။ ✨
အလုပ်တွေ၊ စာတွေ များပြားနေတဲ့ကြားကနေ အချိန်ပေးပြီး အားတက်သရော ပါဝင်တက်ရောက်ပေးခဲ့ကြတဲ့ ဆရာ၊ ဆရာမများ၊ Senior များ၊ Junior များ၊ သူငယ်ချင်းများ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။ 💕
ဒီတွေ့ဆုံပွဲလေးကနေ လူစုံတက်စုံနဲ့အတူ ဂိမ်းတွေကစားရင်း၊ ရယ်မောပျော်ရွှင်ရင်း၊ အစားထိုးမရနိုင်တဲ့ အမှတ်တရကောင်းများစွာ ရရှိခဲ့ကြမယ်လို့ ယုံကြည်ပါတယ်။ ✨🔥
အထူးသဖြင့် "ရင်ဖွင့်မယ်" အစီအစဉ်လေးကတော့ အားလုံးအတွက် အဓိပ္ပာယ်အရှိဆုံး အစီအစဉ်တစ်ခု ဖြစ်ခဲ့မယ်လို့ မျှော်လင့်ပါတယ်။ ဤအစီအစဉ်တွင် Dr. Paw Lar Say အပါအဝင် ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများ၏ အမြင်များ၊ စိုးရိမ်ပူပန်မှုများ (concerns) ကို စိတ်ရှည်လက်ရှည် နားထောင်ပေးခဲ့ကြသလို၊ အမေးအဖြေကဏ္ဍမှတစ်ဆင့်လည်း ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအကြား ပိုမိုရင်းနှီးနားလည်မှုနှင့် အပြန်အလှန် ယုံကြည်မှုများကို တည်ဆောက်နိုင်ခဲ့တာဟာ ဒီပွဲရဲ့ တန်ဖိုးအရှိဆုံး အခိုက်အတန့်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။
ဒီလိုမျိုး တွေ့ဆုံပွဲလေးတွေ၊ စိတ်ဝင်စားဖွယ် Activities တွေကို နောင်မှာလည်း ဆက်လက်ကျင်းပသွားဦးမှာဖြစ်လို့ ဒီတစ်ခေါက် မပါဝင်ဖြစ်ခဲ့သူများလည်း နောက်လာမယ့်ပွဲတွေမှာ အတူတူပါဝင်ပြီး အမှတ်တရကောင်းတွေကို ဖန်တီးကြဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်။ 🤍
အောက်မှာတော့ ကျွန်တော်တို့ရဲ့ "ဆိုရှယ်ကောင်းကင်အလှဆင်" ပွဲလေးရဲ့ ပျော်ရွှင်စရာ အမှတ်တရအခိုက်အတန့်များကို မှတ်တမ်းတင်ထားတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးထားပါတယ်။ 📸✨
နောက်ထပ်တွေ့ဆုံမယ့်ပွဲတွေမှာလည်း အားလုံးနဲ့ ပြန်လည်ဆုံတွေ့ရဖို့ မျှော်လင့်နေပါတယ်။ 🌿
#ဆိုရှယ်ကောင်းကင်အလှဆင်
03/07/2026
FYI
📢 Upcoming Entrance Exam Information Session
Myanmar Institute of Theology, Liberal Arts Program is organizing an Information Session for MIT Entrance Examination.
During this session, we will cover critical logistics, rules, and strategies to help you navigate exam day with confidence.
Event Details:
Date: 7th July 2026
Time: 1:00 PM to 3 PM
What We Will Cover:
Exam Day Logistics: Arrival times, identification requirements, and permitted items.
Center Guidelines: Security protocols, dress code, and exam room regulations.
Q&A Session: Get live answers to your specific questions from our center coordinators.
26/06/2026
"ဆိုရှယ်ကောင်းကင်အလှဆင်" မေဂျာစုံညီပွဲတော်ကြီး - နေရာနဲ့ အချိန် ကြေညာချက် 📍💥
Assignment တွေကြားထဲမှာ လမ်းပျောက်နေကြတဲ့ Social Science သမားတို့ရေ... မနက်ဖြန်ကျရင်တော့ ပွဲလုပ်မယ့်နေရာကို ရောက်အောင်လာခဲ့ကြတော့နော်။
ကျွန်တော်တို့ တူတူဆုံပြီး ဂိမ်းဆော့မယ်၊ ဆရာတွေကို ထိုင်ညည်းကြမယ်၊ ပြီးမှ ဗိုက်အဝ ဖြည့်ကြမယ့် နေရာနဲ့ အစီအစဉ် ကတော့ -
ဘယ်နေရာလဲ 🏫 : ကျောင်းက GEB 1 အခန်း (ရောက်အောင်လာခဲ့ပါ၊ မေဂျာသားအချင်းချင်း လမ်းမပျောက်စေရဘူး)
ဘယ်အချိန် စုကြမလဲ ⏰ : မနက်ဖြန် မနက် ၉:၀၀ တိတိ စတင်စုဆုံပါမယ်။ (မနက်ကတည်းက အားရပါးရ ဂိမ်းဆော့၊ ကွန်ပလိန်းတက်ဖို့ အိပ်ယာ စောစောထခဲ့ကြပါဦး)
အရေးကြီးဆုံး အစားအသောက်အချိန် (Refreshment) 🍔 : နေ့လယ် ၁၂:၀၀ နာရီ တိတိမှာ ကျွေးမွေးမှာဖြစ်လို့ မနက်ပိုင်း အာပြဲအောင် အော်ပြီး ဒေါသထွက်သမျှကို နေ့လယ်ကျမှ အကောင်းစား အစားအသောက်တွေနဲ့ ပြန်ဖိသိပ်ပစ်ကြတာပေါ့။
အိမ်မှာ ပျင်းနေမယ့်အစား မနက်ဖြန် မနက် ၉ နာရီ GEB 1 မှာ မျက်နှာစုံညီ တွေ့ကြမယ်။
"အာမချောင်ရ!" ဆိုပေမယ့် မနက် ၉ နာရီကတည်းက အားရပါးရ အပြုသဘော အာလာချောင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်! 🤫🔥
25/06/2026
"ဆိုရှယ်ကောင်းကင်အလှဆင်" မေဂျာစုံညီပွဲတော်ကြီး ဖိတ်ကြားလွှာ 📣💀
လောကကြီးက လူတွေအကြောင်း လေ့လာနေရပေမယ့် ကိုယ့်ဘဝကိုယ်တောင် ဘာဖြစ်နေမှန်းမသိဘဲ မျက်စိလည်နေကြတဲ့ Social Science သမားများခင်ဗျာ...
ကိုယ့်မေဂျာအမည်ကို သူများလာမေးလို့ ရှင်းပြရတာ မောလှပြီမို့... ဒီတစ်ခါတော့ ရှင်းမပြနေနဲ့တော့၊ လာစုပြီး တူတူပေါက်ကွဲလိုက်ကြရအောင် Assignment တွေ ခဏပစ်ထားပြီး လာခဲ့ဖို့ တိုက်တွန်းပါရစေ။
တူတူဂိမ်းဆော့မယ် 🎮 : အချစ်ရေးမှာပဲ အမြဲရှုံးနေတာ... ဂိမ်းထဲမှာတော့ နိုင်အောင် လာဆော့လှည့်ပါ။
လောကကြီးကို Complain တက်မယ် 😤 : နေ့တိုင်း စိတ်ဆင်းရဲစရာကောင်းနေတဲ့အရာတွေ၊ ဆရာမတွေ ပေးတဲ့ Grade တွေနဲ့ ကိုယ့်မေဂျာအကြောင်းကို တဝကြီး ထိုင်ပွစိပွစိပြောမယ်။ (တစ်ယောက်တည်း စိတ်မဆင်းရဲပါနဲ့၊ တူတူဆင်းရဲရအောင်)
ဗိုက်အဝစားမယ် 🍔 : အလကားကျွေးမယ့် အစားအသောက်က ပိုတန်ဖိုးရှိတာမို့ ဗိုက်အဝဖြည့်ဖို့သာ အဆင်သင့်ပြင်ထားပါ။
ဖိတ်ကြားချင်တဲ့သူ - Social Science Major ထဲက စာလုပ်ရလွန်းလို့ ရူးတော့မလို ဖြစ်နေသူများ၊ ပွစိပွစိပြောဖို့ အားအဖော်ရှာနေသူများနဲ့ အစားအသောက်မြင်ရင် မနေနိုင်သူများအားလုံး ကြွခဲ့ပါ။
"အာမချောင်ရ!" လို့မလိုလားအပ်တဲ့ပြဿနာ တွေမဖြစ်အောင် သတိပေးဆိုင်းဘုတ်ပြထားပေမယ့်... လာပြီး အကျိုးရှိတဲ့ကိစ္စတွေ အာချောင်၊ ပေါက်ကွဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 🤫🔥
လာမဲ့သူများအနေနဲ့ အောက်က Formမှာ မဖြစ်မနေဖြည့်ပေးကြပါနော်။
https://forms.gle/JTiGZHXyTymh7bqH9
22/06/2026
Deepest Condolences 💐
ဝမ်းနည်းကြောင်းမှတ်တမ်း
ကျွန်တော်တို့ချစ်ခင်လေးစားရပါသောလုပ်ဖေါ်ဆောင်ဖက်ဆရာနာသနေလ (အသက် ၅၇ နှစ်) သည် ယနေ့ ဇွန်လ ၂၀ ရက်၊ ၂၀၂၆ ခုနှစ် နံနက် ၆:၂၆ နာရီတွင် ဘုန်းတော်ဝင်စားသွားပြီဖြစ်ကြောင်း အားလုံးကိုညှိုးငယ်စွာအကြောင်းကြားအပ်ပါသည်။
ဆရာနာသနေလသည် မြန်မာနိုင်ငံဓမ္မတက္ကသိုလ်တွင် ၂၀၀၃ ခုနှစ်မှစ၍ Judson Research Center တွင် Research Communication and Coordinator အနေနှင့်သော်လည်ကောင်း၊ အမျိုးသားအဆောင်မှူးအနေနှင့်သော်လည်းကောင်း တာဝန်လုပ်ငန်းအမျိုးမျိုးတွင်ပါဝင်ဆက်ကပ်ခဲ့ပါသည်။
၂၀၁၂ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဘုန်းတော်ဝင်စားချိန်အထိ သင်ကြားခြင်းအမှုတော်မြတ်တွင် သစ္စာရှိစွာတာဝန်ထမ်းဆောင်ခဲ့သည့် စာချပုဂ္ဂုလ်တစ်ဦးလည်း ဖြစ်ကြောင်း ကျောင်းတော်ကြီးမှ ဂုဏ်ယူစွာ မှတ်တမ်းတင်အပ်ပါသည်။
ဆရာကွယ်လွန်သွားချိန်တွင် ချစ်ဇနီးဖြစ်သူဆရာမဒေါ်ကြည်ကြည်ကျော် (စာချပုဂ္ဂိုလ်၊ ပိုးကရင်ဓမ္မတက္ကသိုလ်) နှင့် သားဖြစ်သူစောဘနားယာ (Banaiah) တို့ကျန်ရစ်ခဲ့ပါသည်။
01/04/2026
Bachelor of Social Science & Master in Social Science program are available now!
📣📣📣
LAP Admission for B.A./Sc. and M.A. programs
☑️ Forms opening: 15 May 2026
☑️ Forms closing: 31 July 2026
Stay tune for more details.
-27
07/03/2026
The registration for summer certificate and bridging courses are closed now. We do not accept any applications longer. We truly appreciate for your interests in our summer programs. Moreover, there is a special program announcement in very soon. So, please kindly wait and see the update information about our program.
19/01/2026
Bridging Course ရဲ့ တတိယမြောက် ဖွင့်လှစ်မဲ့ ဘာသာကတော့ Social Psychology ဖြစ်ပါတယ်။
တက်ရောက်သင့်သူများ-
Academic field ထဲဝင်ချင်သူများ
ဘွဲ့ကြိုကျောင်းသား/သူများ
လူမှုစိတ်ပညာ အပေါ် စိတ်ဝင်စားသူများ
လူတစ်ဦး၏ အတွေးအခေါ်၊ ခံစားချက်နှင့် အပြုအမူများကို လေ့လာလိုသူများ
သင်တန်းတက်ရောက်ခြင်းအားဖြင့် ရရှိမည့်အကျိုးကျေးဇူးများ-
လူမှုရေးပြဿနာများ (လူမျိုးရေးခွဲခြားမှု၊ အကြမ်းဖက်မှု) ၏ ဇစ်မြစ်ကို သိရှိကာ ဖြေရှင်းနိုင်ခြင်း။
မိမိကိုယ်တိုင်နှင့် အခြားသူများ၏ အပြုအမူအပေါ် နက်ရှိုင်းစွာ နားလည်နိုင်ခြင်း။
လူတစ်ဦးချင်းစီနှင့် လူ့အဖွဲ့အစည်းကြားရှိ အပြန်အလှန် သက်ရောက်မှုများကို လူမှုစိတ်ပညာရူထောင့်မှ သုံးသပ်နိုင်ခြင်း။
ပညာရေးနယ်ပယ်အတွက် မရှိမဖြစ်လိုအပ်သော analytical thinking နဲ့ critical reasoning ကို တိုးတက်ကောင်းမွန်လာစေခြင်း။
သင်ကြားပုံစံ-
Online သင်တန်း (Zoom မှတစ်ဆင့်)
သင်ကြားမည့်သူများ-
1. Dr. Paw Lar Say
2. Sayama Aye Thiri Myint
သင်တန်းအချိန်ဇယားနဲ့ ကြေး -
သင်တန်းကာလ – ၆ ဧပြီ ၂၀၂၆ (တနင်္လာနေ့) မှ ၂၅ ဧပြီ ၂၀၂၆ (စနေနေ့) အထိ
သင်တန်းနေ့များ – တနင်္လာမှ စနေနေ့အထိ (အပတ်စဉ် ၆ ရက်)
သင်ချိန် – နေ့စဉ်ညနေ ၆ နာရီမှ ၉ နာရီအထိ
သင်တန်းကြေး – ၂၀၀,၀၀၀ ကျပ် (ငွေပေးချေပြီးမှ စာရင်းသွင်းပြီးဖြစ်မည်)
(*၁၂ရက်နေ့မှ ၁၉ရက်နေ့ ထိ သင်္ကြန်ကာလဖြစ်သောကြောင့်ပိတ်မည်။)
လိုအပ်သောပစ္စည်းများ
Laptop သို့မဟုတ် Desktop Computer
Internet Connection ကောင်းမွန်မှု
စာရင်းသွင်းရန်လိုအပ်ချက်များ-
ကျောင်းသားအမည်အပြည့်အစုံ
ဆက်သွယ်ရန်ဖုန်းနံပါတ်
ငွေပေးချေပြီးကြောင်း ဘဏ်အတည်ပြုချက် (ဖြတ်ပိုင်း) ဓာတ်ပုံ
နောက်ဆုံးစာရင်းသွင်းရက် – ၆ မတ်လ ၂၀၂၆ (သောကြာနေ့)
အခြားအသေးစိတ်အတွက် ဆက်သွယ်နိုင်သည့်နေရာ –
လူမှုရေးသိပ္ပံဌာန (Social Science Department)
မြန်မာနိုင်ငံဓမ္မတက္ကသိုလ် (MIT)
ဖုန်း – +၉၅ ၉၇၅၈၁၁၃၁၆၄ (နေ့လည် ၁နာရီမှ ၅နာရီအတွင်းသာ ဆက်သွယ်နိုင်ပါသည်)
မှတ်ချက် – လူဦးရေအကန့်အသတ်ရှိသဖြင့် စိတ်ဝင်စားသူများ မြန်မြန်စာရင်းပေးသွင်းပါနော်။
Category
Website
Address
Yangon
11011
Opening Hours
| Monday | 09:00 - 16:00 |
| Tuesday | 09:00 - 16:00 |
| Wednesday | 09:00 - 16:00 |
| Thursday | 09:00 - 16:00 |
| Friday | 09:00 - 16:00 |
Alerts
Be the first to know and let us send you an email when Social Science Department LAP - MIT posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.