Pawbie
we offer a wide range of premium pet accessories to keep your baby happy.
Hello everyone
Pawbie လေးကို စလုပ်ဖြစ်တဲ့အကြောင်းလေးပြောချင်လို့ပါ pawbie လေးကို လုပ်ချင်ခဲ့တာတော်တော်ကြာခဲ့ပါပြီ ဒါပေမယ့်လဲအရင်းအနီးမရှိလို့လဲမလုပ်ရဲခဲ့ပါဘူး ဒါမယ့်2025မှာတော့ admin diploma အတွက် project တစ်ခု လုပ်ပြီးတင်ရမှာမို့ pet food and accessories shopလေးတစ်ခုကို project လုပ်ပြီးတင်ဖြစ်ပါတယ် အဲ့အတွက် ဒီpageလေးကိုဖွင့်ဖြစ်ခဲ့ပါတယ် ဒါပေမယ့်လက်ထဲမှာအရင်းအနီးမရှိခဲ့ပါဘူး ဒါမယ့်လဲ admin အိမ်ကသားလေးအတွက်ပို၀ယ်ထားတဲ့ creamy လေးတွေကို တင်ရောင်းခဲ့ပါတယ် မထင်ထားခဲ့တာက admin pageလေးကို မ bootsထားတာတောင် customer တွေလာအားပေးကြတာပါပဲ admin ရဲ့လိုအပ်ချက်ကြောင့် Pawbie က customer တွေအတွက် ပြည့်စုံတဲ့ service ကိုမပေးနိုင်ခဲ့ပါဘူး 2025မှာတော့ pawbie မှာလိုအပ်ချက်တွေမပြည့်စုံမှုတွေများနေပေမယ့် 2026မှာ Admin ကြိုးစားပြီး pawbie လေးကသားသားမီးမီးလေးတို့အတွက် ပြည့်စုံပြီး လိုအပ်သမျှတစ်နေရာထဲ ရရှိနိုင်ပြီး ဈေးနှုန်းမှန်ကန်စိတ်ချရတဲ့ pawbie လေးအဖြစ် တစ်နေ့ရပ်တည်နိုင်အောင်ကြိုးစားပါ့မယ်လို့ အသိပေးလိုပါတယ်
အားပေးမှုအတွက်ကျေးဇူးတင်ပါတယ်❤️
01/05/2025
👉စျေးချိုပြီး Qualityကောင်းတဲ့ခရမ်မီ အသစ် One Tail 🐈 အရသာစုံရရှိပါပြီ
10pcs - 4,000 MMK
#ကြောင်စာ #ခွင်မီ
making my cat a birthday cake 🎂🐱
07/04/2025
ငလျင်အပါအဝင် အခြားသော သဘာဝဘေးအန္တရာယ်တွေနဲ့ မမျှော်လင့်ဘဲ ကြုံလာရချိန်မှာ ကိုယ့်ရဲ့ တိလေးတွေကို ဘယ်လိုမျိုး ဘေးကင်းအောင် ပြင်ဆင်ပေးထားသင့်လဲဆိုတာ မျှဝေပေးချင်ပါတယ်နော်။
၁။ တိလေးအတွက် အရေးပေါ်အိတ်တစ်လုံး သက်သက်ထားပါ။
ဒီအိတ်ထဲမှာဆိုရင် အစာနဲ့ ရေကို (၃) ရက်ကနေ (၇) ရက်စာအထိ ထားသင့်ပါတယ်။ သူတို့ စားတတ်တဲ့ ခရင်မီလေးတွေလည်း ထည့်ထားပေါ့နော်။ ပြီးရင် သူတို့အတွက် ပုံမှန် အသုံးပြုနေရတဲ့ ဆေးတွေ၊ ခြုံစောင်သေးသေးလေးတွေ ထည့်ထားနိုင်ပါတယ်။
၂။ အရေးပေါ် ရှောင်တိမ်းရမယ့် နေရာတွေကို ကြိုတင်ပြင်ဆင်ထားပါ။
မဖြစ်မနေ ရွှေ့ပြောင်းရတော့မယ့် အခြေအနေ ရောက်လာတဲ့အခါ တိလေးတွေနဲ့ အဆင်ပြေမယ့် ဟိုတယ်၊ အိမ်ခန်းတွေ ဒါမှမဟုတ် Pet Hotel တွေကိုလည်း ကြိုတင်စဉ်းစားပြီး စာရင်းလုပ်ထားဖို့ လိုအပ်ပါတယ်။ အချို့သော အရေးပေါ် တိမ်းရှောင်ရာနေရာတွေက တိလေးတွေကို လက်မခံတာမျိုး ရှိတတ်လို့ပါနော်။
၃။ လိုအပ်တဲ့ ကာကွယ်ဆေးများကို သတ်မှတ်ရက်အတိုင်း ထိုးထားပါ။
တိလေးတွေကို ပုံမှန်ထိုးပေးနေကျ ကာကွယ်ဆေးတွေ ရှိတယ်ဆိုရင်လည်း ဒါတွေကို ပုံမှန်အတိုင်း ထိုးထားဖို့ လိုအပ်ပါတယ်။ အခု ကြုံနေရတဲ့ ငလျင်ဘေးမှာဆိုရင် ဘယ်အချိန်မှာ တိလေးတွေအတွက် ကာကွယ်ဆေး ပြန်ထိုးနိုင်မယ်ဆိုတာကိုတောင် ကြိုစဉ်းစားလို့ မရတဲ့ အနေအထားမျိုး ဖြစ်နေတာကြောင့်ပါ။
၄။ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပါ။
ငလျင်ဘေးတင်မဟုတ်ဘဲ မုန်တိုင်း၊ ရေကြီးတာ အစရှိတဲ့ သဘာဝဘေးတွေနဲ့ ကြုံလာတဲ့အခါလည်း စိတ်ကို အေးအေးထားပြီး ပြင်ဆင်ပါ။ တိလေးတွေကလည်း ဟူးမန်းတို့ရဲ့ စိတ်ခံစားချက်တွေ၊ ကြောက်တတ်တာတွေကို နားလည်နိုင်စွမ်း ရှိပါတယ်။
သဘာဝ ဘေးအန္တရာယ်ဆိုတာ ရှောင်လွှဲလို့မရတဲ့ အရာပါ။ အဲ့ဒါကြောင့် ကြုံတွေ့လာရတဲ့အခါ ဘယ်လိုရင်ဆိုင်မယ်၊ ပြင်ဆင်ချိန်ရှိရင်လည်း ဘယ်လိုပြင်ဆင်မယ်ဆိုတာ သေချာ စဉ်းစားဆုံးဖြတ် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်နော်။
05/04/2025
ခွေးလေးတွေ လူကိုကို၊က်မိရင် အန္တရာယ်ရှိတယ်ဆိုပြီးအဆိ၊ပ်ချ ရို၊က်သ၊တ်ပြီးအပြစ်ပေးကြတယ်။ လူတွေက ခွေးလေးတွေအပေါ် အန္တရာယ်ပြုခဲ့ရင်လည်း ထိရောက်တဲ့အပြ၊စ်ဒ၊ဏ်ခံယူဖို့လိုအပ်ပါတယ်.. စကားမပြောတတ်တဲ့ကလေးတွေဘက်ကနေ ရပ်တည်ပေးမှသာ နောက်ထပ်ဒီလိုတွေထပ်မဖြစ်တော့မှာဖြစ်ပါတယ်..
28/03/2025
❗ အားလုံးဘေးကင်းကြရဲ့လား။ ❗
ဆက်စပ်လာနိုင်တဲ့ ဘေးအန္တရာယ်တွေကနေ ကာကွယ်နိုင်ဖို့ ဆောင်ရန် ရှောင်ရန်လေးတွေကို ပြောပြချင်ပါတယ်။
📌တိမွေးထားတဲ့ ပိုင်ရှင်တွေအနေနဲ့ ငလျင်လှုပ်နေချိန် အရမ်းတုန်လှုပ်ပြီး ကြောက်သွားတာမျိုး မလုပ်သင့်ပါဘူး။
ပထမဆုံး စိတ်အေးအေးထားပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်ပါ။
🐱 ဘာကြောင့်လဲဆိုရင် တိလေးတွေက သူတို့သခင်ရဲ့ စိုးရိမ်ပူပန်မှုကို ခံစားမိပြီး ပိုကြောက်လန့်တတ်ကြလို့ပါ။
📍ဘေးကင်းတဲ့နေရာကို ထွက်ပြေးတိမ်းရှောင်တဲ့အခါ တိလေးတွေကို လုံလုံခြုံခြုံနဲ့ ခေါ်သွားနိုင်အောင် ခြင်းတောင်း၊ Carrier Bag လေးတွေ အသင့်ပြင်ထားပေးပါ။
Snacks လေးတွေ၊ ရေဘူးတွေကိုလည်း hi တပါတည်း ဆောင်ထားပေးပါနော်။
📍နောက်တစ်ချက်က တိလေးတွေကြောက်နေတဲ့အခါ အတင်းအကြပ်ဖက်ထားတာမျိုးလည်း မလုပ်သင့်ပါဘူးနော်။ အသံတိုးတိုးနဲ့ အားပေးစကားလေးတွေ ပြောပေးပါ။
📍 ငလျင်လှုပ်ခတ်ပြီးသွားရင်တော့ တိလေးတွေရဲ့ အမူအရာကို သတိထားစောင့်ကြည့်ပေးပါ။ (တုန်လှုပ်နေတာမျိုး၊ အစာမစားတာမျိုး ရှိ၊ မရှိ သတိထားပေးဖို့ လိုပါတယ်။)
📍ကြောက်လန့်နေတာတွေ လျော့သွားအောင် အရုပ်လေးတွေနဲ့ ဆော့ပေးတာမျိုး၊ သူတို့လေးတွေကြိုက်တဲ့ Snacks လေးတွေ ကျွေးပေးတာမျိုး ပြုလုပ်ပေးပါ။
အပျောက်အရှကင်းအောင် လည်ပတ်နောက်လေးတွေမှာ ပိုင်ရှင်နဲ့ ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်လေးတွေ ထည့်ပေးထားရင်တော့ ပိုအဆင်ပြေပါတယ်။
တိလေးတွေက ကြောက်လန့်ပြီး ကုတင်အောက်တွေ၊ ဗီဒိုအောက်တွေလို ချောင်ချတဲ့ နေရာတွေမှာ ပုန်းတတ်ကြတာပါတယ်။
အရေးပေါ်အခြေအနေမှာ သူတို့လေးတွေကို မထားခဲ့ဘဲ တပါတည်းခေါ်သွားပေးပါနော်။ 🥺
အားလုံးပဲ ဘေးကင်းလုံခြုံကြပါစေ။❤️🐾
#ငလျင်အရေးပေါ်အခြေအနေ #ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး #ငလျင်မှာခွေးကြောင်လေးဘေးကင်းစေဖို့ #အိမ်မွေးတိရစ္ဆာန်နဲ့ငလျင်
Category
Website
Address
11041
Alerts
Be the first to know and let us send you an email when Pawbie posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.