Mufti Muhammad Nurullah
Islam and Comparative Religion, Islam knowledge Sharing
#ပြုပြင်ရမယ့်အကျင့်စရိုက်များ #မွဖ်သီနူရွလ္လာဟ်
25/09/2026
https://youtu.be/UNfCscGkoIA?si=2sislV2dP_9xMSsC
#နဗီ၏စီရသ်တော်နှင့်ကျွန်ုပ်တို၏လူမှုကျင့်ဝတ်#မွဖ်သီနူရွလ္လာဟ် ***inurullah #မွဖ်သီနူရွလ္လာဟ် ***i nurullah myanmar #ဗယာန် 2026...
23/09/2026
ကအ်ဗဟ်ကို ဖြိုဖျက်ဖို့လာခဲ့တဲ့ #အဗ်ရဟဟ် ကို တော်တော်များများက #ယမန်ဘုရင် ဆိုပြီး သိကြတယ်။
အဗ်ရဟဟ်က ယမန်ဘုရင်ဆိုပေမယ့် ယမန်လူမျိုးမဟုတ်ဘူး။
အာဖရိကအနွယ် ဟဗ်ရှီ ကပ္ပလီ တစ်ယောက်ဖြစ်တယ်။
အဲ့ဒီအချိန်က ယမန်ကို ဟဗ်ရှဟ်က ကိုလိုနီလုပ် အုပ်ချုပ်ထားတယ်။
အဗ်ရဟဟ်က ဟဗ်ရှဟ်ဘုရင်က ခန့်ထားတဲ့ ဘုရင်ခံ ဖြစ်တယ်။
အဲ့ဒီတုန်းက ဟဗ်ရှဟ်က နဆွ်ရာနီနိုင်ငံ အဗ်ရဟဟ်ကလည်း နဆွ်ရာနီ ဘုရင် ဖြစ်တယ်
ယမန်မှာနေတဲ့သူအများစုက နဆွ်ရာနီမဟုတ်ကြဘူး။
အဗ်ရဟဟ်က သူတို့ရဲ့ ဘုရင်ချုပ်ဖြစ်တဲ့ ဟဗ်ရှဟ် ဘုရင်ကို မျက်နှာလုပ်ဖို့အတွက် ယမန်မှာ နဆွ်ရာနီ ဘုရားကျောင်း အကြီးကြီးဆောက်တယ်။
ဆောက်တဲ့နေရာမှာလည်း ယမန်ပြည်သားတွေကို အဓမ္မ နိုင်ထက်စီးနင်း ခိုင်းခဲ့တယ်။
နေမထွက်ခင် အလုပ်စ လုပ်ရတယ်။
နည်းနည်းနောက်ကျရင် လက်ဖြတ်တယ်။
ယမန်တွေ မြတ်နိုးတန်ဖိုးထားတဲ့ ဘိလ်ကိစ်ဘုရင်မနန်းတော်ကို အုတ်တစ်ချပ်ချင်း ဖြိုပြီး အဲ့ဒီကရတဲ့ ရွှေငွေ ကျောက်တွေနဲ့ စီခြယ်ပြီး အဲ့ဒီ အဆောက်အဦးကို ဆောက်ခဲ့တယ်။
ဆောက်ပြီးတဲ့နောက် ဟဗ်ရှဟ် ဘုရင်ချုပ်ဆီကို စာပို့တယ်။
“အာရဗ်တွေ ဟဂျ်လုပ်ဖို့ ဒီအဆောက်အဦးဆီကို မလာမချင်း ကျုပ်စိတ်အေးချမ်းစွာ နေနိုင်မှာမဟုတ်ဘူး” ဆိုပြီး။
တကယ်တမ်း ဘယ်အာရဗ် အဗ်ရဟဟ်ဆောက်တဲ့ အဆောက်အဦးဆီ မလာကြဘူး။
နောက်ဆုံးမှာ အဗ်ရဟဟ်က ဒေါသတကြီး ကအ်ဗဟ်ကိုဖျက်မယ် ဆိုပြီး ချီတက်လာတယ်။
အလ္လာဟ်အရှင်မြတ်က အဗ်ရဟဟ် တစ်ဖွဲလုံးဆီ ငှက်အုပ်ကို စေလွှတ်ပြီး ဖျက်စီးပစ်လိုက်တယ်။
အဗ်ရဟဟ်ရဲ့ ခန္ဓာကိုယ်က အသားတွေ ပဲ့ထွက် အရိုးတွေကြေပြီး နှလုံးကိုပါ မြင်နေရတယ်။
အဗ်ရဟဟ်က ချက်ချင်းမသေသွားဘူး။
ယမန် ပြန်ရောက်ပြီး ယမန်ပြည်သူပြည်သားတွေ အရှေ့မှာ သေသွားတယ်။
အဗ်ရဟဟ် ကအ်ဗဟ်ကိုဖျက်ဖို့ သွားတာ ယမန်ပြည်သူတွေ ကိုယ်တိုင် မကျေနပ်ကြဘူး။
အဲ့ဒီအချိန် ယမန်တွေက မွရှ်ရိက်ဆိုပေမယ့် ကအ်ဗဟ်ရဲ့ ချစ်စိတ် သူတို့ဆီမှာရှိကြတယ်။
အဗ်ရဟဟ် ဒီလိုဖြစ်ပြီး သေသွားတဲ့အခါ ယမန်ပြည်သားတွေ ပျော်ကြတယ်။ ယမန်တွေလည်း သူတို့ကို ကိုလိုနီလုပ်အုပ်ချုပ်နေတဲ့သူတွေကို တော်လှန်ဖို့ နိုးကြားလာတယ်။
အဗ်ရဟဟ်သေတော့ သူ့သားအကြီးက ဆက်အုပ်ချုပ်တယ်။ သိပ်မကြာဘူး။ အသတ်ခံလိုက်ရတယ်။
နောက်သားတစ်ယောက် ဆက်အုပ်ချုပ်တယ်။ ယမန်ပြည်သား တော်လှန်ရေးခေါင်းဆောင် စိုင်ဖ်ဗင်န်ဇီယဇန်က အီရန် ဘုရင်ကို အကူအညီ သွားတောင်းတယ်။ အီရန်ဘုရင်က စစ်တပ်ထည့်ပေးပြီး တိုက်ထုတ်လိုက်တာ (၇၂) နှစ်တာ ဟဗ်ရှဟ်ရဲ့ ကိုလိုနီလုပ်ခြင်းကနေလွတ်မြောက်ပြီး ယမန်တွေ လွတ်လပ်ရေးရသွားတယ်။
အဲ့ဒီအချိန် တမန်တော်မြတ်ﷺရဲ့ အဖိုး အဗ်ဒွလ်မွသ်သွလိဗ်သခင်က ယမန်သွားပြီး သူတို့ရဲ့ လွတ်လပ်ရေးရရှိမှုကို သွားရောက်ဂုဏ်ပြုပေးခဲ့တယ်။
ဒါပေမယ့် အဲ့ဒီလွတ်လပ်ရေးက ယမန်တို့အတွက် ၁၅ နှစ်ပဲ ခံလိုက်တယ်။ ယမန်ခေါင်းဆောင် စိုင်ဖ်ဗင်န်ဇီယဇန် ကွယ်လွန်သွားတော့ အီရန်တွေက သူတို့ကူညီလို့ လွတ်လပ်ရေးရတာဆိုပြီး ယမန်ကို ပြန်ပြီး ကိုလိုနီလုပ်အုပ်ချုပ်လိုက်တယ်။
အဲ့ဒီနောက်ပိုင်း နှစ် (၅၀) ခန့်အကြာမှာတော့ ယမန်ကို အုပ်ချုပ်နေတဲ့ အီရန်ဘုရင်ခံ ဘာဇားန်က တမန်တော်မြတ်ﷺရဲ့ ဖိတ်ခေါ်မှုကို လက်ခံပြီး အစ္စလာမ်သာသနာဝင် ဖြစ်လာခဲ့တယ်။ အဲ့ဒီလိုနဲ့ တစ်ဖြေးဖြေး ယမန်ပြည်သားတွေလည်းအစ္စလာမ်သာသနာကို လက်ခံလာကြတယ်။
(تاریخ امت مسلمہ ، جلد ۱)
မွဖ်သီ နူရွလ္လာဟ်
22/09/2026
https://youtu.be/j0KG-VtWNxY?si=LKSdoPy3zkDmzhow
#တမန်တော်မြတ်ﷺ၏အတ္ထုပ္ပတ္တိ#Part17#ခန်ဒက်စစ်ပွဲ#မွဖ်သီနူရွလ္လာဟ် ***inurullah #မွဖ်သီနူရွလ္လာဟ် ***i nurullah myanmar #ဗယာန် 2026...
18/09/2026
https://youtu.be/rGAgP3AIkFo?si=EfsWJvW7pLwDLCj4
#ကုရ်အာန်ကျမ်းတော်မြတ်အပေါ် ကျွန်ုပ်တို၏ လျစ်လျူရှုမှု#မွဖ်သီနူရွလ္လာဟ် ***inurullah #မွဖ်သီနူရွလ္လာဟ် ***i nurullah myanmar #ဗယာန် 2026...
15/09/2026
https://youtu.be/cK3kQ53NQb4?si=PGB5VJZH_hZ0LY1O
#တမန်တော်မြတ်ﷺ၏အတ္ထုပ္ပတ္တိ#မွဖ်သီနူရွလ္လာဟ် ***inurullah #မွဖ်သီနူရွလ္လာဟ် ***i nurullah myanmar #ဗယာန် 2026...
13/09/2026
တမန်တော်မြတ်ﷺ ရဲ့ အနေအထိုင် အပြောအဆိုတွေမှာ နူးညံ့မှုဟာ လွှမ်းမိုးနေပါတယ်။
တမန်တော်မြတ်ﷺ ဟာ ကိုယ်တိုင်လည်း နူးညံ့စွာ အခြားသူတွေကို ပြောဆို ဆက်ဆံလေ့ရှိသလို
နူးညံ့မှုကို လက်ကိုင်ပြုဖို့ ဆွာဟာဗဟ်တွေကိုလည်း အမြဲတိုက်တွန်းလေ့ရှိပါတယ်။
တစ်ခါတရံ ဒီးန်နဲ့ပါတ်သက်လာရင် အချို့ အခြေအနေတွေမှာ တမန်တော်မြတ်ﷺဟာ ခပ်ပြင်းပြင်း မိန့်တော်မူလေ့ရှိတာကိုလည်း တွေ့ရတတ်ပါတယ်။
ဒါပေမယ့် တမန်တော်မြတ်ﷺ ဟာ ဘယ်သောအခါမှ ရိုင်းပျတဲ့စကား ညစ်ညမ်းတဲ့စကား ပြောဆိုလေ့လည်း မရှိသလို
ရိုင်းပျညစ်ညမ်းတဲ့ အသုံးအနှုံးနဲ့ အခြားသူတွေကို ဆုံးမလေ့လည်းပဲ မရှိပါဘူး။
ဒါကြောင့်
မိဘ က သားသမီး ကို
ဆရာ က တပည့် ကို
အလုပ်ရှင် က အလုပ်သမား ကို
လူကြီး က လူငယ် ကို
ရှေ့ဆောင်လမ်းပြတွေ က နောက်လိုက်တွေ ကို
ဆုံးမတဲ့အခါ
နူးညံ့မှုကို ရှေ့တန်းတင်ပါ။
သိပ်လိုအပ်ရင် လေသံ ခပ်ပြင်းပြင်း
ဆုံးမခွင့် ရှိပါတယ်။
သို့ပေမယ့် ရိုင်းပျ ညစ်ညမ်းတဲ့ ပုံစံနဲ့ ဆုံးမခွင့် လုံးဝမရှိပါဘူး။
ရိုင်းပျ ညစ်ညမ်းတဲ့ အသုံးအနှုံးနဲ့ ဆုံးမတာဟာ တမန်တော်မြတ်ﷺ ရဲ့ လမ်းစဉ်နဲ့ ရာနှုံးပြည့် ဆန့်ကျင်နေပါတယ်။
#မွဖ်သီနူရွလ္လာဟ်
12/09/2026
https://youtu.be/J7VoKTECLX8?si=X8knQwE9uR0hOSJ8
#တမန်တော်မြတ်ﷺ၏အတ္ထုပ္ပတ္တိ#မွဖ်သီနူရွလ္လာဟ် ***inurullah #မွဖ်သီနူရွလ္လာဟ် ***i nurullah myanmar #ဗယာန် 2026...
11/09/2026
တမန်တော်မြတ်ﷺ ရဲ့ ထူးခြားချက်တွေထဲမှာ တစ်ချက်က
ကမ္ဘာ့သမိုင်းမှာ ဘယ်သူ့ရဲ့ အတ္ထုပ္ပတ္တိမှ အဲ့ဒီလောက်အထိ အသေးစိတ် မရှိထားဘူး။
တမန်တော်မြတ်ﷺ ရဲ့ အတ္ထုပ္ပတ္တိက ဒီလောက် အထိ အသေးစိတ်ရှိတယ်။ တစ်ဦးတစ်ယောက်က ကြိုတင် စီစဉ်ကာ တမန်တော်မြတ်ﷺ ရဲ့ နေ့စဉ် ဘဝကို လိုက်လံမှတ်တမ်း ယူထားသလိုပဲ။
ရေဝါယသ်တွေမှာ တမန်တော်မြတ်ﷺ က မိန့်ခြွေထားတဲ့ စကားရပ်တွေချည်းသက်သက်ပဲ မှတ်တမ်းတင်ထားတာ မဟုတ်ဘူး။ ဘယ်စကားကို မိန့်တဲ့ အချိန် ထိုင်ပြီး မိန့်တာ၊ မက်တတ်ရပ်ရင်း မိန့်တာ၊ မိန့်နေရင်းနဲ့ မှီနေရာကနေ ရုပ်တရက် ထိုင်လိုက်တာ၊ ဘယ်ကိစ္စကို ကြားသိလိုက်တဲ့အခါ မျက်နှာတော် ဘယ်လိုနီမြန်းသွား၊ မျက်နှာတော် နီးမြန်းပုံလေးက ဘယ်လိုပုံစံလေး ၊ ဘယ်အချိန်မှာ ဘယ်လိုပြုံးတော်မူလိုက်တာ စသဖြင့် အဲ့ဒီလောက်အထိ အသေးစိတ် မှတ်တမ်းရှိထားတယ်။
ဒီလို သေချာပေါက် ပြောလို့ရတယ်။ လောကမှာ နောက်ထပ် ဘယ်လူတစ်ဦးတစ်ယောက်မှ သူတို့ရဲ့ မှတ်တမ်း အဲ့ဒီလောက်အထိ အသေးစိတ် နောက်လိုက်တွေက မှတ်တမ်းတင်ထားတာမျိုး မရှိထားဘူး။
နောက်ဆုံး အရင်ခေတ်က ထားပါအုံး။ အခုလို တိုးတက်နေတဲ့ခေတ် ကင်မရာတွေ video record တွေ နေရာတိုင်းမှာ ရှိနေတဲ့ ခေတ်မှာတောင် လူတစ်ယောက်ရဲ့နေထိုင်လှုပ်ရှားမှုကို အဲ့ဒီလောက်အထိ အသေးစိတ် မှတ်တမ်းတင်တာမျိုး မရှိကြဘူး။
ဒါက ဘာကြောင့်လဲဆိုတော့ တမန်တော်မြတ်ﷺ က လူသားထုတစ်ရပ်လုံးအတွက် နမူနာဖြစ်တယ်။ ဒါကြောင့် တမန်တော့်ရဲ့ အကြောင်းအရာတွေကို အကျယ်တဝင့် အလ္လာဟ်အရှင်ကိုယ်တိုင် ထိိန်းသိမ်းထားတယ်။
လူတွေချည်း လက်ဆင့်ကမ်းထိန်းသိမ်းခဲ့ရုံသက်သက်သာဖြစ်ပြီး နောက်ကွယ်မှာ အလ္လာဟ်ရဲ့အကူအညီသာ မပါဘူးဆိုရင် တမန်တော်မြတ်ကြီးရဲ့ မှတ်တမ်းမှတ်ရာတွေဟာ အဲ့ဒီလောက် ကြာကြာအထိ ရှိမနေနိုင်ဘူး။
ဘာကြောင့်လဲဆိုရင် လွန်ခဲ့တဲ့ နှစ် ၃၀၀/၄၀၀ အရင်က သမိုင်းမှာ အလွန်ကျော်ကြားခဲ့တဲ့ ဘုရင်တစ်ယောက်အကြောင်းတောင် ဒီနေ့ခေတ်မှာ အဲ့ဒီလောက် အသေးစိတ် မှတ်တမ်းမှတ်ရာ မရှိကြတော့ဘူး။
အလ္လာဟ်အရှင်မြတ်ကိုယ်တိုင်က အလ္လာဟ်အချစ်တော် တမန်တော်မြတ်ﷺ ရဲ့ အတ္ထုပ္ပတ္တိတွေ မိန့်ခြွေချက်တွေ စွန္နသ်တော်တွေကို ခေတ်တိုင်းမှာ ထင်ရှားစွာ ကျန်ရစ်နေစေလိုတယ်။
လူတွေ ဘယ်လောက်ပဲ တမန်တော့်ရဲ့ မိန့်ခြွေချက်တွေကို ဖျောက်ဖျက်ဖို့ ကြိုးစားပါစေ၊ အဲ့ဒီသူတွေရဲ့ နာမည်တွေ အမှတ်အသားတွေသာ ပပပျောက်သွားမယ်။
ဒါပေမယ့် တမန်တော့်ရဲ့ အကြောင်းအရာတွေ လမ်းစဉ်တွေ ဩဝါဒတွေဟာ လောကမှာ ခေတ်တိုင်း ခေတ်တိုင်းမှာ လိုက်နာလိုသူတွေအတွက် အထင်အရှား ကျန်ရစ်နေမှာ ဖြစ်တယ်။
#မွဖ်သီနူရွလ္လာဟ်
10/09/2026
https://youtu.be/-W503yFVvzw?si=sHdOKIqcgyjFz48v
#အလ္လာဟ်ရဲ့အဇားဗ်ကိုမစိန်ခေါ်ပါနဲ့#မွဖ်သီနူရွလ္လာဟ် ***inurullah #မွဖ်သီနူရွလ္လာဟ် ***i nurullah myanmar #ဗယာန် 2026...
Category
Contact the public figure
Address
Alerts
Be the first to know and let us send you an email when Mufti Muhammad Nurullah posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.