Climate Proof - Waterproofing

Climate Proof - Waterproofing

Share

Provide Waterproofing solutions and services for residential, commercial, and industrial projects.

19/06/2026

Injection ထိုးတယ်ဆိုတာ

Waterproofing Solutions များနှင့်ပတ်သတ်၍သိရှိလိုပါက Climate Proof ထံသို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ ကျွမ်းကျင်ပညာရှင်များမှ သင့်အဆောက်အဦးအတွက် Survey အခမဲ့ဆင်းပေးနိုင်မှာဖြစ်သလို Waterproofing Solutions နဲ့ Quotation များပံ့ပိုးပေးမှာဖြစ်ပါတယ်။
📞 ဆက်သွယ်ရန် – (09-795816604)
လိပ်စာ - အမှတ် (၅၈၀), ဇာနည် (၁၁) လမ်း၊ (၉) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
#ရေလုံဆေး #ရေတားဆေး

16/06/2026

ရေယိုနေတဲ့ နံရံကို မိုးတွင်းမှာ အထိရောက်ဆုံး ဘယ်လိုပြုပြင်ကြမလဲ။

လေနဲ့ မိုးနဲ့ ဆက်တိုက်ရွာနေတဲ့ ရန်ကုန်မိုးတွင်းမှာ အဖြစ်များဆုံး ရေယိုတဲ့ ပုံစံတခုက Crack တွေများလွန်းတဲ့ နံရံတွေက ယိုတာပါ။

ဒီလိုမျိုး ယိုစိမ့်မှုတွေဖြစ်လာရင် အထိရောက်ဆုံး ဘယ်လို ပြန်ပြင်ကြမလဲ???

၁။ နားလည်တဲ့ ကျွမ်းကျင်ပညာရှင်ကို ခေါ်ပြပါ။

Online က လွန်လွန်ကဲကဲ ကြော်ငြာထားတဲ့ ပစ္စည်းတွေက အမှန်တကယ် ရေယိုတာကို ရပ်ပေးနိုင်ဖို့ မလွယ်ကူပါဘူး။ နှစ်ခါကုန်မဖြစ်ရအောင်နဲ့ ပိုမဆိုးလာအောင် နားလည်တက်ကျွမ်းတဲ့ လူနဲ့ တိုင်ပင်ပါ။

၂။ ရေယိုတာ အသိသာဆုံးနေရာကို ဦးစားပေးပြီး ပြင်ပါ။

ဥပမာ အဝတ်တွေခံထားရလောက်တဲ့အထိ၊ ယိုတဲ့ရေတွေကို သုတ်ပြီး အိပ်ရေးအပျက်ခံ ညစ်ရလောက်တဲ့ အထိဖြစ်နေတဲ့ နေရာတွေကို အရင်ပြင်ရပါမယ်။

ဒီလိုနေရာတွေကို ပြင်ဖို့ အထိရောက်ဆုံးနည်းလမ်းက Injection ထိုးတဲ့ နည်းလမ်းပါ။ (အပြင်ဖက်ကနေ ရေလုံဆေးကို မိုးတွင်းမှာသုတ်တာက Curing ရော၊ Quality ကော ကောင်းဖို့မလွယ်တဲ့ အတွက်ပါ) Injection နည်းလမ်းကသာ မိုးတွင်း အတွက် အသင့်လျော်ဆုံးဖြစ်ပြီး မြန်မြန်ဆန်ဆန်နဲ့ ကြာကြာခံအောင် ယိုနေတဲ့ Crack ကို ပြင်ပေးနိုင်မှာပါ။

၃။ အတွင်းထဲထိ ရေမယိုလာပဲ စိုရုံစိုနေတဲ့ နေရာတွေကို မှတ်သားထားပါ။

Injection ထိုးခြင်းက သာမန်ဆေးသုတ်ခြင်းထပ် ကုန်ကျစရိတ်များနိုင်တာကြောင့် မိုးကုန်ပြီး ပွင့်လင်းရာသီရောက်မှသာ ယခုမိုးတွင်း ယိုစိမ့်မှုပေါ်မူတည်ပြီး သင့်လျော်တဲ့ ရေလုံဆေးနည်းစနစ်ကို အသုံးပြုနိုင်ဖို့ ဖြစ်ပါတယ်။

Waterproofing Solutions များနှင့်ပတ်သတ်၍သိရှိလိုပါက Climate Proof ထံသို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ ကျွမ်းကျင်ပညာရှင်များမှ သင့်အဆောက်အဦးအတွက် Survey အခမဲ့ဆင်းပေးနိုင်မှာဖြစ်သလို Waterproofing Solutions နဲ့ Quotation များပံ့ပိုးပေးမှာဖြစ်ပါတယ်။

📞 ဆက်သွယ်ရန် – (09-795816604)

လိပ်စာ - အမှတ် (၅၈၀), ဇာနည် (၁၁) လမ်း၊ (၉) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
#ရေလုံဆေး #ရေတားဆေး

03/06/2026

Waterproofing ဆိုတာက DIY လား။

DIY ရဲ့ ဆိုလိုရင်း အရှည်ခေါက်က Do it Yourself လို့ဆိုတာပါ။ အကြောင်းအရာ တခုခုရဲ့ အသုံးပြုပုံအကြောင်း ရှင်းပြတာကို ကြည့်ပြီး သူ့ပြောထားတဲ့ အတိုင်း နောက်က လိုက်လုပ်လို့ ရတာမျိုးကို ဆိုလိုတာပါ။

ဥပမာ ကိုယ်က Facebook အကောင့်တခု ဖွင့်ချင်တယ်။ ဘယ်လိုဖွင့်ရမှန်းလဲ မသိဘူးဆိုရင် AI, YouTube နဲ့ အခြားတခုခုကို မေးပြီး သူတို့ ပြောတဲ့ အဆင့်တွေကို နောက်ကလိုက်လုပ်ကြည့်ရုံနဲ့ Facebook အကောင့်တခုကို အလွယ်တကူ ဖန်တီးလို့ ရနိုင်တာမျိုးပါ။

ဒီလိုမျိုး DIY တွေကရိုးရှင်းလွန်းလို့ လိုက်လုပ်ရတာ အဆင်ပြေပေမယ့် တချို့ ရှုပ်ထွေးလွန်းတာတွေကျ ဘယ်လောက် ရှင်းပြထားတာကို ကြည့်ကြည့် လိုက်လုပ်ဖို့ မအောင်မြင်တာတွေမျိုးကို လူအများစု ကြုံဖူးတက်ကြပါတယ်။

ဒီလိုမျိုးထဲမှာ Waterproofing လုပ်ငန်းတွေကလဲ တခုအပါအဝင်ဖြစ်ပါတယ်။

ဥပမာ Social Media (Facebook) တွေပေါ်မှာ ရေလုံဆေး ကြော်ငြာ Video တခုကျနော်ကြည့်ဖူးတာကို နှိုင်းယှဥ်ကြည့်ပါမယ်။ အဲ့ Video ထဲမှာ ရေလုံဆေး တမျိုးကို အပေါက်တွေအများကြီးပါတဲ့ ဇကာတလုံးရဲ့ အတွင်းထဲကို သုတ်ပြလိုက်တယ်။ ရေလုံဆေး ခြောက်သွားတဲ့ အခါကျ အဲ့ ဇကာထဲကို ရေထည့်ပြတဲ့ အချိန်မှာ ရေက အောက်ကို လုံးဝ မကျတာကို ပြပြီး ဘယ်နေရာတွေမှာ သုတ်လို့ရတယ်ဆိုတာကို ကြော်ငြာပြသွားတာပါ။

ဒီ Video ကို ကြည့်ပြီး လိုက်လုပ်ကြည့်တဲ့ Client တွေ တကယ်ရှိမှန်း ရေယိုတာတွေကို လိုက်ပြင်ပေးရင်းနဲ့ သိလာတာပါ။ Client တစ်ယောက်ဆို သူ့အိမ်ရှေ့ Construction Joint ပေါ်မှာရှိနေတဲ့ ကြွေပြားတွေပေါ်မှာ အပေါ်က ကြော်ငြာထားတဲ့ ရေလုံဆေးကို သုံးကြည့်ပေမယ့် ရေမလုံ လို့ Injection ကိုအောက်က CJ ကနေ ထိုးပေးလိုက်မှ ရေယိုတာ ရပ်သွားတာပါ။
ဆိုတော့ ဒီနေရာမှာ အချက် နှစ်ချက်ကို သတိထားမိပါတယ်။

ပထမ တချက်က Waterproofing ပစ္စည်းရောင်းတဲ့ Company အဖွဲ့ အစည်းတွေ အနေနဲ့ Target ထားတာ မမှားစေချင်ပါဘူး။ နောက် အလွန်အကျွံ ကြော်ငြာတာတွေလဲ မဖြစ်သင့်ပါဘူး။ အများအားဖြင့် Waterproofing ဆေးရောင်းတဲ့ လူတွေရဲ့ ပိုစ့်တွေ၊ Content တွေက Client ကို တိုက်ရိုက် Target ထားတာမျိုးထပ် Service provider တွေကိုသာ Target ထားသင့်ပါတယ်။ ပစ္စည်းရဲ့ အသုံးဝင်ပုံကို မျှဝေတာ မှန်ပေမယ့် ဒီ ပစ္စည်းမျိုးတွေက နားလည် တက်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး သုံးသင့်တယ်ဆိုတာလေးကို သာဖော်ပြပေးနိုင်ရင် ကိုယ်တိုင်ဝယ်သုံးမိပြီး အဆင်မပြေဖြစ်လို့ Waterproofing ပစ္စည်းတွေကို အယုံအကြည် နည်းသွားတဲ့ Client မျိုး၊ နှစ်ခါကုန် မဖြစ်တော့တဲ့ Client မျိုးတွေ အတော်နည်းသွားမှာ ဖြစ်ပါတယ်။

နောက်တချက်က Client/ Enduser/Developer တွေ သတိထားသင့်တာပါ။ Waterproofing ဆိုတာ အိမ်မှာ အနည်းအကျင်းလေး ရေယိုလို့ ကိုယ်တိုင် ဘိလပ်မြေလေး၊ Sealant လေး၊ လိုင်းပေါ်က ကြော်ငြာတဲ့ ဆေးလေးကို သုံးရုံနဲ့ အဆင်ပြေသွားဖို့ ရာခိုင်နှုန်းက အတော်လေးနည်းပါတယ်။ (ရေလုံဆေးအကြောင်း ကျွမ်းကျင်တဲ့ လူကိုမဆိုလိုပါဘူး)
နောက်အဆောက်အဦး ဆောက်တဲ့ Contractor တွေ ကိုယ်တိုင်က နောက်ပိုင်းမှာ Waterproofing ကို ကိုယ်တိုင် (အများအားဖြင့် အဖြစ်သဘော) လုပ်လာကြတာတွေများပါတယ်။ QA/QC Policy အတိအကျ မရှိတဲ့ ကျွန်တော်တို့ နိုင်ငံမှာ ဒီလိုလုပ်လို့ ရတယ်ဆိုပေမယ့် နောက်ဆုံး ဆောက်လက်စ တိုက်အသစ်က ရေယိုလာရင် အရင်ဆုံး ခံရတာ အိမ်ပိုင်ရှင် Client တွေပါ။ Contractor ကိုယ်တိုင်လဲ လွှဲချစရာ အဖွဲ့မရှိတော့ နာမည်ပျက်ရပါတယ်။ ဆိုတော့ Contractor တွေ အနေနဲ့လည်း Waterproofing Scope ကို Client တွေကို သေချာရှင်းပြပြီး ယုံကြည်ရတဲ့ Waterproofing Company တွေကို Sub-con ပြန်ပေးတာမျိုးက ရေရှည်မှာ Client, Main-Con ရော Sub-con ပါ အဆင်ပြေစေမှာပါ။

Waterproofing Solutions များနှင့်ပတ်သတ်၍သိရှိလိုပါက Climate Proof ထံသို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ ကျွမ်းကျင်ပညာရှင်များမှ သင့်အဆောက်အဦးအတွက် Survey အခမဲ့ဆင်းပေးနိုင်မှာဖြစ်သလို Waterproofing Solutions နဲ့ Quotation များပံ့ပိုးပေးမှာဖြစ်ပါတယ်။

📞 ဆက်သွယ်ရန် – (09-795816604)

လိပ်စာ - အမှတ် (၅၈၀), ဇာနည် (၁၁) လမ်း၊ (၉) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

#ရေလုံဆေး #ရေတားဆေး

waterproofing knowledge

18/05/2026

Earthquake in Yangon, Myanmar

ရန်ကုန်မှာ အင်အားသိသာပြင်းတဲ့ငလျင်လှုပ်ခတ်

ဒီကနေ့ မနက်ပိုင်း ၈ နာရီ ၃၆ မိနစ်က ရန်ကုန်မြို့ ကမြို့နယ်အများစုမှာ အင်အားသိသာတဲ့ငလျင်အချို့ လှုပ်ခတ်သွားတယ်လို့ မြို့ခံတွေက ဘီဘီစီကိုပြောလာပါတယ်။

သာကေတ၊ သင်္ဃန်းကျွန်းနဲ့ ကမာရွတ်၊ ကြည့်မြင်တိုင်၊ ရွှေပြည်သာတို့အပြင် တခြားမြို့နယ်တွေမှာပါ သိသိသာသာလှုပ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

"အရမ်းကြမ်းတယ်၊ လူတွေအော်ပြီးပြေးကြတာ" လှုပ်တာကြာတယ်။ရပ်တော့မလားရပ်တော့မလားနဲ့ မရပ်ဘူး အနည်းဆုံး တစ်မိနစ်ခွဲ လှုပ်သွားတာ။ အိပ်နေတုန်း နိုးပြီးပြေးရတာအောက်
ရောက်တဲ့အထိလှုပ်တုန်း"လို့ သာကေတမြို့နယ် မှာနေထိုင်သူတစ်ဦးကပြောပါတယ်။

နောက်ထပ်ရန်ကုန်မြို့ခံတစ်ဦးကလည်း "တော်တော်ပြင်းတယ်။ သိသာတယ်။ စားပွဲတွေ။ ကွန်ပျူတာပါလှုပ်တာ။ လူတွေပါယိုင်ကုန်တယ်။ အကုန်ပြေးဆင်းကြတာ” လို့ ရန်ကုန်မြို့လယ်က ကုမ္ပဏီဝန်ထမ်းတစ်ဦးကပြောပါတယ်။

ငလျင်ပြင်းအားဖော်ပြတဲ့ အပလီကေးရှင်းတွေမှာတော့ ရန်ကုန်မှာ အနည်းဆုံး ၃ ကြိမ်ခန့်လှုပ်ခဲ့ပြီး
ပြင်းအား ၅ ဒသမ ၃ မဂ္ဂနီကျူ အထိရှိခဲ့တယ်လို့ဖော်ပြပါတယ်။

ဘီဘီစီပရိသတ်တွေအနေနဲ့ ဒီနေ့မနက်ငလျင်ဒဏ်ကိုဘယ်လိုကြုံခဲ့ရလဲ။ မှတ်ချက်ပေးမျှဝေပေးနိုင်ပါတယ်။

#ဘီဘီစီမြန်မာပိုင်း #ငလျင် #ရန်ကုန်

20/04/2026

အုတ်ကျွတ်အမိုးများနှင့် Waterproofing

မြန်မာနိုင်ငံထဲမှာရှိတဲ့ တချို့သော Traditional ဆန်ဆန် vintage ဆန်ဆန် ဆောက်လုပ်ခဲ့ကြတဲ့ အိမ်၊ အဆောက်အဦး တော်တော်များများမှာ အုတ်ကျွတ်အမိုးတွေကို သုံးပြီးဆောက်ခဲ့ကြပါတယ်။ သဘာဝဆန်ပြီး Classic Look မျိုးရကြတဲ့ အပြင် အောက်ပါအတိုင်း အားသာချက်မျိုးတွေရှိကြပါတယ်။

• သဘာဝဆန်မူနဲ့ architectural ပိုင်းအရ သွပ်အမိုးတွေထပ်စာရင် အားသာချက်တွေရှိတယ်။

• Heat Insulation လေးပိုင်းကို ကောင်းမွန်စေလို့ သွပ်အမိုးတွေထပ် အိမ်အတွင်းပိုင်းကို ပိုအေးမြစေတယ်။

• ပြင်းထန်တဲ့ ထိခိုက်မူမရှိမချင်း ရိုးရိုးသွပ်အမိုးတွေထပ် ကြာရှည်ခံတယ်၊ သံချေးကိုက်မှာကို စိုးရိမ်ရတာမျိုးမရှိဘူး။

• ကောင်းမွန်တဲ့ လေဝင်၊ လေထွက်ကို ရရှိစေတာမျိုး စတာတွေ ဖြစ်ပါတယ်။

သို့သော်လည်း အုတ်ကျွတ်မိုး ပိုင်ရှင်တွေအတွက် ခုနောက်ပိုင်းကြုံရတဲ့ ပြသနာတွေလဲ ရှိနေပါသေးတယ်။

• အုတ်ကျွတ်မိုး တခုခု ကျိုးပဲ့သွားတာမျိုးဖြစ်ခဲ့ရင် အစားထိုးဖို့ ခက်ခဲတာ

• ကိုယ်သုံးခဲ့တဲ့ Design ကဟောင်းလေလေ Stock အသစ်ရဖို့ ခက်လေလေဖြစ်တာနဲ့

• ကောင်းမွန်တဲ့ Maintenance မျိုးတွေမရှိခဲ့ခြင်းကြောင့် မိုးတွင်းမှာ မိုးရေယိုစိမ့်မူတွေ ကြုံရတာမျိုးတွေ ဖြစ်ပါတယ်။

ဒီလို ရေယိုနေတဲ့ အုတ်ကျွတ်အမိုးတွေကို မဆလာနဲ့ ဖာတာ၊ သာမန် Silicon တွေနဲ့ ပိတ်တာလောက်နဲ့တော့ မလုံလောက်နိုင်ပါဘူး။ ရေယိုတဲ့ နေရာတွေသာ များရင် ပိုလို့တောင် စိတ်မချရပါဘူး။ ကိုယ်က Budget တက်နိုင်လို့ အုတ်ကျွတ်မိုးတခုလုံးကို လဲနိုင်တယ်ဆိုရင် ပြသနာမရှိပေမယ့် ဒီအုတ်ကျွတ်မိုးပေါ်ကပဲ Waterproofing တခုခုသုံးပြီး ပြန်ပြင်ချင်တာမျိုး စိတ်ကူးရှိတယ်ဆိုရင်တော့ နားလည်တက်ကျွမ်းတဲ့ Waterproofing ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးခြင်းက အကောင်းဆုံးဖြစ်မှာပါ။

ကျွန်တော်တို့ Climate Proof အဖွဲ့ကို ဒီလို အုတ်ကျွတ်အမိုးတွေကို Waterproofing လုပ်ချင်လို့ မေးမြန်းတဲ့ အခါ အများအားဖြင့် အောက်ကအတိုင်း Solution ထုတ်ပေးဖြစ်တာများပါတယ်။

a) အုတ်ကျွတ်အမိုးမျက်နှာပြင်ကို သန့်ရှင်းရေ လုပ်ဖို့ Water Jet နဲ့ ထိုးပါမယ်။ (ရေနဲ့ ထိုးတဲ့အချိန် ဘယ်နေရာတွေက ရေယိုများလည်းဆိုတာ တခါတည်းကြည့်ထားနိုင်ပါလိမ့်မယ်)

b) သံချိတ်နဲ့ တွဲထားတဲ့ အုတ်ကျွတ်အမိုးဆိုရင် သံချပ်ပတ်လည်ကို သန့်ရှင်းရေးလုပ်၊ Sealant နဲ့ Mesh တွဲထည့်ပြီး အပေါ်က Exposed Type တမျိုးသုတ်ပါမယ်။

c) နောက် Horizontal နဲ့ Vertical Lapping တွေကို Sealant နဲ့ ဇကာလိုအပ်သလိုတွဲပြီး သုံးပေးပါမယ်။

d) နောက် Exposed Type Waterproofing ကို နီညိုရောင် အနည်းဆုံးနှစ်ကုတ်သာ သုံးပေးလိုက်မယ်ဆိုရင် သက်တမ်းအတော်ကြာ ရေလုံပြီး လှပသပ်ရပ်တဲ့ အုတ်ကျွတ်မိုးတခုကို ပြန်လည်ရရှိမှာပဲဖြစ်ပါတယ်။

Waterproofing Solutions များနှင့်ပတ်သတ်၍သိရှိလိုပါက Climate Proof ထံသို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ ကျွမ်းကျင်ပညာရှင်များမှ သင့်အဆောက်အဦးအတွက် Survey အခမဲ့ဆင်းပေးနိုင်မှာဖြစ်သလို Waterproofing Solutions နဲ့ Quotation များပံ့ပိုးပေးမှာဖြစ်ပါတယ်။

📞 ဆက်သွယ်ရန် – (09-795816604)

လိပ်စာ - အမှတ် (၅၈၀), ဇာနည် (၁၁) လမ်း၊ (၉) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
#ရေလုံဆေး #ရေတားဆေး

waterproofing knowledge

Photos from Climate Proof - Waterproofing's post 19/03/2026

သင့်အဆောက်အဦးရဲ့ ဘယ်နေရာတွေက ရေယိုနိုင်ခြေ အများဆုံးလဲ။

အဆောက်အဦးရယ်လို့ ဆောက်ပြီးရင် Waterproofing လုပ်ခဲ့သည်ဖြစ်စေ မလုပ်ရသေးဘူးဖြစ်စေ အချိန်တခုရောက်လာခဲ့ရင် ရေယိုနိုင်ခြေ ရှိပါတယ်။

အဲ့လို ရေယိုစိမ့်မူတွေက သင့်အဆောက်အဦးရဲ့ ဘယ်လိုနေရာတွေမှာ အဖြစ်များလဲဆိုတာကို ကျနော်တို့ တောက်လျှောက်ကြည့်ခဲ့တဲ့ Survey တွေနဲ့၊ ပြင်ဆင်ပေးခဲ့ရတဲ့ Project Reference တွေပေါ်မူတည်ပြီး ပြန်လည်မျှဝေပေးပါ့မယ်။

၁။ Roof Slab (ကွန်ကရစ် အမိုး)

အဆောက်အဦးရဲ့ ရေယိုနိုင်ခြေအများဆုံး ပထမနေရာကတော့ Roof Slab တွေပါ။ နောက်ပိုင်း အဆောက်အဦးတွေမှာ သွပ်အမိုးတွေနေရာကို Roof Slab တွေအစားထိုးသွားပါပြီ။ Space တခုပိုထွက်လာပြီးတော့ Design အရလည်း အားသာချက်တွေရှိပါတယ်။

ဆောက်ကတည်းက တိကျတဲ့ Waterproofing ကို ထည့်မဆောက်ခဲ့ရင်တော့ Roof Slab ရှိခြင်းက အားနည်းချက်ဖြစ်လာပါလိမ့်မယ်။ ဒီနေရာမှာ Waterproofing ကလုပ်ဖို့လိုလို့လား၊ Roof Slab ကို Topping လောင်း(သို့) ကြွေပြားကပ်လိုက်ရင် ရေယိုမှာမှ မဟုတ်တော့တာလို့ တွေးထားရင် သင်လုံးဝမှားနေပါပြီ။

ဘာလို့လဲဆိုတော့ Topping လောင်းထား၊ ကြွေပြားကပ်ထားပြီးရေယိုလာလို့ ပြင်ပေးရတဲ့ အိမ်ပေါင်းမနည်းတော့ဘူးမို့ပါ။ Waterproofing ရဲ့ ကုန်ကျစရိတ်က အဆောက်အဦးတခုလုံးရဲ့ ကုန်ကျစရိတ်ရဲ့ ၁% တောင်မရှိလောက်ပေမယ့် နှမြောခဲ့တဲ့ အိမ်ရှင်တွေအတွက် ရေယိုလာတဲ့အခါ စိတ်ဆင်းရဲရတာနဲ့ နှစ်ခါကုန်တာက အတော်ခံရခက်စေပါလိမ့်မယ်။

၂။ Beam နဲ့ အုတ်နဲ့ အစပ်နေရာတွေ။

နောက်ရေယိုတဲ့နေရာ အများဆုံးဆိုရင် Beam ဒါမှမဟုတ် Column ရဲ့ဘေး အုတ်နဲ့ စပ်နေတဲ့ နေရာတွေက ယိုတာပါ။ (ခုရက်ပိုင်းဆို အဲ့လိုယိုလို့ လိုက်ကြည့်ပေးရတာတွေက ပိုတောင်များလာသလိုပါပဲ)

သဲ၊ ဘိလပ်မြေ စတဲ့ ပစ္စည်း Quality တွေကိုမကောင်းလို့လား၊ Workmanship တွေပဲ အားနည်းလာလို့လား မသိပေမယ့် အုတ်နဲ့ Beam အစပ်တွေက ရေယိုတာတွေက တိုက်ခန်းပဲ ဖြစ်ဖြစ်၊ လုံးချင်းပဲ ဖြစ်ဖြစ် ဆောက်ပြီး နှစ်ပိုင်းအတွင်းကို ရေယိုတာမျိုးတွေဖြစ်နေကြတာပါ။

တကယ်တော့ ဒီလိုနေရာတွေဟာ ဆောက်တည်းက မဖြစ်မနေကို Waterproofing ကို ထည့်ဖို့စဥ်းစားသင့်နေပါပြီ။ ဥပမာ Beam နဲ့ အုတ်အစပ် ဟနေတဲ့ နေရာနားမှာ မဆာလာနဲ့ ပေါက်ချောလိုက်တာထပ် Mortar တမျိုးမျိုးကို လက်လုပ် Pump တွေနဲ့ ထည့်တာ ဒါမှမဟုတ် Backer Rod ထည့် Sealant ထိုးပြီးမှ အပေါ်က Plaster သာပြန်ချောတာမျိုးလုပ်နိုင်ခဲ့ရင် ကုန်ကျစရိတ်လဲ သက်သာပြီး အနာဂတ် ဒီပြသနာတွေအတော်လေးလျော့သွားမယ်ထင်ပါတယ်။

အဲ့လိုမှ မလုပ်ခဲ့လို့ ဆောက်ပြီးမှ ရေယိုခဲ့မယ်ဆိုရင် ဆေး၊ ပလာစတာ ပြီးပြီးသားနေရာကို ခွဲထုတ်ပြီး ရေလုံအောင် ပြန်ပြင်ရတာက အသစ်အတိုင်းပြန်ရဖို့ဆိုရင် ကုန်ကျစရိတ်အတော်လေးများပါတယ်။

ခိုင်မာတဲ့ Policy တွေမရှိတာကြောင့် ရေယိုတာမျိုးတွေဖြစ်လာရင် Client တွေပဲ စိတ်ညစ်ရတာများပါတယ်။ တာဝန်ယူပြီး ပြန်ပြင်ပေးတာမျိုးတွေရှိတယ်ဆိုပေမယ့် အခက်အခဲတွေ အများကြီးရှိနေဆဲပဲမို့ ကိုယ်က အဆောက်အဦး ဆောက်တော့မယ်ဆို ဒီလိုနေရာတွေကို နားလည်တဲ့ လူတွေကို Q/C ပဲ ဖြစ်ဖြစ် Service ပြန်ပေးတာမျိုးမျိုးဖြစ်ဖြစ်လုပ်နိုင်ခဲ့မယ်ဆိုရင် အတော်လေးအဆင်ပြေနိုင်မယ့်အကြောင်းပါ မျှဝေပေးချင်ပါတယ်။

Waterproofing Solutions များနှင့်ပတ်သတ်၍သိရှိလိုပါက Climate Proof ထံသို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ ကျွမ်းကျင်ပညာရှင်များမှ သင့်အဆောက်အဦးအတွက် Survey အခမဲ့ဆင်းပေးနိုင်မှာဖြစ်သလို Waterproofing Solutions နဲ့ Quotation များပံ့ပိုးပေးမှာဖြစ်ပါတယ်။

အသေးစိတ်စုံစမ်းမေးမြန်းလိုပါက

☎️Phone– 09-795816604, 09-799239786

🏡Address - အမှတ် (၅၈၀), ဇာနည် (၁၁) လမ်း၊ (၉) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

#ရေလုံဆေး #ရေတားဆေး

waterproofing knowledge

18/03/2026

ပဲခူးမြို့မှာရှိတဲ့ မဟာစေတီမွန်ကျောင်းရဲ့ ကျောင်းဆောင်သစ်ပေါ် Exposed Type Waterproofing သုတ်ခြင်း

Waterproofing Solutions များနှင့်ပတ်သတ်၍သိရှိလိုပါက Climate Proof ထံသို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ ကျွမ်းကျင်ပညာရှင်များမှ သင့်အဆောက်အဦးအတွက် Survey အခမဲ့ဆင်းပေးနိုင်မှာဖြစ်သလို Waterproofing Solutions နဲ့ Quotation များပံ့ပိုးပေးမှာဖြစ်ပါတယ်။
📞 ဆက်သွယ်ရန် – (09-795816604)
လိပ်စာ - အမှတ် (၅၈၀), ဇာနည် (၁၁) လမ်း၊ (၉) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
#ရေလုံဆေး #ရေတားဆေး

waterproofing knowledge

13/03/2026

အဆောက်အဦးရဲ့ ရေယိုတာအများဆုံးနေရာတွေ

📞 ဆက်သွယ်ရန် – (09-795816604)
လိပ်စာ - အမှတ် (၅၈၀), ဇာနည် (၁၁) လမ်း၊ (၉) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
#ရေလုံဆေး #ရေတားဆေး

waterproofing knowledge

11/03/2026

ပစ္စည်းပို့ခြင်း အနုပညာ

Road to Bago

📞 ဆက်သွယ်ရန် – (09-795816604)

လိပ်စာ - အမှတ် (၅၈၀), ဇာနည် (၁၁) လမ်း၊ (၉) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

#ရေလုံဆေး #ရေတားဆေး

waterproofing knowledge

11/03/2026

Cementitious Flexible Type သုတ်ဖြစ်တဲ့ သာကေတက ဆိုဒ်

📞 ဆက်သွယ်ရန် – (09-795816604)
လိပ်စာ - အမှတ် (၅၈၀), ဇာနည် (၁၁) လမ်း၊ (၉) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
#ရေလုံဆေး #ရေတားဆေး

waterproofing knowledge

Want your business to be the top-listed Contractor in Yangon?
Click here to claim your Sponsored Listing.

Website

Address

No. 580
Yangon