Kindle Together

Kindle Together

Share

A network of people working together with the same passion for charity

Photos from Kindle Together 's post 05/08/2026

KT x Terra Nova
“Environmental Awareness & Upcycling Project" (Photo Recap)📸

ပြီးခဲ့တဲ့ July 25 နဲ့ 26 ရက်နေ့တွေမှာ KT နဲ့ Terra Nova တို့ ပူးပေါင်းပြီး "Environmental Awareness & Upcycling Project" လေးကို အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။ 🌍💚
ဒီနှစ်ရက်တာအတွင်း ရီမာ (July 25) နဲ့
ကုက္ကိုင်း (July 26) တို့မှာရှိတဲ့ ကလေးငယ်လေးတွေနဲ့အတူ ပျော်စရာကောင်းတဲ့ အချိန်တွေကို ဖန်တီးခဲ့ကြပါတယ်။
🧩 ပထမဦးဆုံး အမှိုက်အမျိုးအစားလေးတွေကို ခွဲရတဲ့ ပျော်စရာ Game လေးတွေနဲ့ စတင်ခဲ့ကြပါတယ်။
🎨 ပြီးရင်တော့ အသုံးမလိုတော့တဲ့ ပစ္စည်းလေးတွေကို ပန်းအိုးလေးတွေအဖြစ် ပြန်လည်
အသက်သွင်းရင်း ဆေးရောင်လေးတွေခြယ်ကြပါတယ်။
🌱 ပန်းအိုးလေးတွေပြီးသွားတဲ့အခါမှာတော့ မြေကြီးတွေထည့်၊ အစေ့လေးတွေစိုက်ပျိုးရင်း သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတတ်ဖို့ လက်တွေ့သင်ယူခဲ့ကြပါတယ်။

နောက်ဆုံးမှာတော့ ကလေးလေးတွေကို စာအုပ်
တစ်ယောက်တစ်အုပ်စီနဲ့ မုန့်လေးတွေဝေပေးပြီး Group photo လေးရိုက်ခဲ့ကြပါတယ်။
ဒီ Activity တစ်လျှောက်မှာ ကလေးလေးတွေကို နွေးနွေးထွေးထွေး ကူညီပေးခဲ့ကြတဲ့ Volunteers တွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။
ဒီလိုအဓိပ္ပာယ်ရှိတဲ့ Project လေးမှာ အတူတူလက်တွဲဖိတ်ခေါ်ပေးခဲ့တဲ့ Terra Nova ကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ နောက်ထပ်လည်း ဒီလိုမျိုး ပတ်ဝန်းကျင်ကို အကျိုးပြုမယ့် လှုပ်ရှားမှုတွေမှာ လက်တွဲသွားဖို့ မျှော်လင့်ပါတယ်နော်။ 🤝🍃

03/08/2026

🌊ဧရာဝတီတိုင်း ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ် အလှူငွေကောက်ခံခြင်း

လက်ရှိ ဧရာဝတီတိုင်းမှာ ရေဘေးဒဏ်ကြောင့် မိသားစုအများအပြားဟာ နေထိုင်ဖို့နေရာ၊ စားနပ်ရိက္ခာနဲ့ နေ့စဉ်လိုအပ်တဲ့ ပစ္စည်းတွေ အခက်အခဲမျိုးစုံကို ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

ရေကြီးမှုတစ်ခုက အိမ်တွေကိုသာ မျောပါသွားစေတာ မဟုတ်ပါဘူး။ နေ့စဉ်ဘဝတွေ၊ မျှော်လင့်ချက်တွေ၊ မိသားစုတွေရဲ့ အခြေခံလိုအပ်ချက်တွေကိုပါ ရုတ်တရက် ပြောင်းလဲသွားစေနိုင်ပါတယ်။💯

အဲဒီလို အမှန်တကယ်ထောက်ပံ့မှုလိုအပ်နေတဲ့ နေရာကို KT မိသားစုဝင်တွေရဲ့ စေတနာလေးတွေပါ တစ်စိတ်တစ်ပိုင်းအဖြစ် ရောက်ရှိနိုင်ဖို့ KT တွေကနေ အလှူငွေများ စုပေါင်းကောက်ခံနေပါတယ်။ 🩵

ဒီတစ်ကြိမ် ရရှိလာတဲ့ အလှူငွေတွေကို KT လေးတွေ ကိုယ်တိုင် မြေပြင်ဆင်း ကူညီပေးမှာဖြစ်တာကြောင့် အလှူရှင်တွေရဲ့ စေတနာဟာ လိုအပ်နေတဲ့ ပြည်သူတွေဆီ ထိရောက်စွာ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

📍ပါဝင်လှူဒါန်းရန် နည်းလမ်းများ

KPay
NANDAR MYAT MINN
09442044022
(ကိုယ်တတ်နိုင်သလောက် နည်းများမဆိုပါဝင်လှူဒါန်းနိုင်ပါတယ်နော်ရှင့်။)

အလှူငွေ လွှဲပြီးပါက Receipt လေးကို ထံ ပို့ထားပေးပါနော်။ ဂုဏ်ပြုအလှူရှင်ကတ်လေးကိုလည်း ပြန်လည်ပေးပို့ပေးသွားပါမယ်။🫶

အလှူငွေ မပါဝင်နိုင်သေးရင်တောင် ဒီအကြောင်းအရာလေးကို မျှဝေပေးခြင်းအားဖြင့် လိုအပ်နေတဲ့သူတွေအတွက် အကူအညီတွေ ပိုမိုရောက်ရှိလာအောင် လက်တွဲပေးလို့ရပါတယ်။

တစ်ယောက်တည်းရဲ့ စေတနာက အလင်းရောင်တစ်စင်း ဖြစ်နိုင်သလို၊ အားလုံးရဲ့ စေတနာတွေ စုပေါင်းလိုက်တဲ့အခါ မျှော်လင့်ချက်အသစ်တွေ ဖြစ်လာနိုင်ပါတယ်။✨



#ဧရာဝတီရေဘေးအရေးပေါ်ကူညီမှု

03/08/2026

🎥 ရန်ကုန်KTတို့တွေ “မေတ္တာနှောင်ကြိုး” Project အတွက်ဘာတွေလုပ်ခဲ့ကြလဲ🐾

July လရဲ့ “မေတ္တာနှောင်ကြိုး” Project လေးမှာ KT တို့ Volunteer (၁၀) ယောက်ဟာ မှော်ဘီမြို့မှာရှိတဲ့ Dog Villa ကို သွားရောက်ပြီး ပိုင်ရှင်မဲ့ခွေးလေးတွေအတွက် ဆန်အိတ် (၃) အိတ်ကို ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းပေးခဲ့ကြပါတယ်။ 🐾
သခင်မြပန်းခြံကနေ စတင်ခဲ့တဲ့ ဒီမေတ္တာခရီးစဉ်လေးဟာ နှစ်နာရီနီးပါး ခရီးနှင်ပြီးနောက်မှာ Dog Villa ကို ရောက်ရှိခဲ့ပါတယ်။ အဲဒီမှာ ခွေးလေးတွေရဲ့ မျက်ဝန်းလေးတွေထဲက မျှော်လင့်ချက်ကို မြင်တွေ့ရတဲ့ အခိုက်အတန့်တွေဟာ KT Volunteer တွေအတွက် အဓိပ္ပာယ်ရှိလှတဲ့ အမှတ်တရလေးတစ်ခု ဖြစ်ခဲ့ပါတယ်။
ဒါဟာ ရန်ကုန် KTတို့ရဲ့ ပထမဆုံး တိရစ္ဆာန်ကယ်ဆယ်ရေးဂေဟာသို့ သွားရောက်လှူဒါန်းတဲ့ Project ဖြစ်ခဲ့ပြီး၊ လှူဒါန်းခဲ့တဲ့ ပစ္စည်းတွေအပြင် မေတ္တာနဲ့ ဂရုစိုက်မှုတွေကိုလည်း အတူတကွ ပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီ Project လေး အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ အလှူငွေဖြင့် ပါဝင်အားဖြည့်ပေးခဲ့ကြတဲ့ စေတနာရှင်တစ်ဦးချင်းစီနဲ့ Volunteer အားလုံးကို KT မှ အထူးကျေးဇူးတင်ရှိပါတယ်။
ဒီ Video Recap လေးကနေတစ်ဆင့် “မေတ္တာနှောင်ကြိုး” ရဲ့ နွေးထွေးတဲ့ အခိုက်အတန့်လေးတွေကို အတူ ပြန်လည်ခံစားကြည့်လိုက်ရအောင်နော်။ 🩵

#မေတ္တာနှောင်ကြိုး

🎥 What Did Yangon KT Volunteers Do for the "Myittar Hnaung Kyoe (Bond of Kindness)" Project? 🐾
During our "Myittar Hnaung Kyoe (Bond of Kindness)" Project this July, 10 Kindle Together (KT) volunteers visited Dog Villa in Hmawbi Township and personally donated three bags of rice to help care for stray dogs. 🐾
Our journey began at Thakhin Mya Park, and after nearly two hours of traveling, we arrived at Dog Villa. Seeing the hope in the dogs' eyes became a truly meaningful and unforgettable moment for all of our volunteers.
This was Yangon KT's first donation project to an animal rescue shelter. Along with the donated supplies, we were also able to share our love, care, and compassion with the animals.
We would like to express our sincere gratitude to every donor and volunteer whose generous support made this project possible.
Now, let's relive the warm and heartfelt moments of the "Myittar Hnaung Kyoe (Bond of Kindness)" Project through this video recap. 🩵
#မေတ္တာနှောင်ကြိုး

Photos from Kindle Together 's post 02/08/2026

🐾 ရန်ကုန်KTတို့ရဲ့ “မေတ္တာနှောင်ကြိုး” Project Recap | Dog Villa သို့

တိရစ္ဆာန်လေးတွေဟာ စကားမပြောတတ်ကြပေမယ့် သူတို့ရဲ့ မျက်ဝန်းလေးတွေကတော့ ကျေးဇူးတင်မှုနဲ့ မျှော်လင့်ချက်တွေကို အပြည့်အဝ ဖော်ပြနေတတ်ကြပါတယ်။ 🩵
ဒီတစ်ခေါက်မှာ KT ရဲ့ “မေတ္တာနှောင်ကြိုး” Project အဖြစ် KTတို့ Volunteer (၁၀) ယောက်က မှော်ဘီမြို့မှာရှိတဲ့ Dog Villa သို့ သွားရောက်ပြီး ပိုင်ရှင်မဲ့ခွေးလေးတွေအတွက် ဆန်အိတ် (၃) အိတ်ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ကြပါတယ်။ 🐾

ဒီ Project ဟာ ရန်ကုန်မှာ KT ရဲ့ ပထမဆုံး တိရစ္ဆာန်ကယ်ဆယ်ရေးဂေဟာသို့ သွားရောက်လှူဒါန်းတဲ့ Project ဖြစ်တဲ့အတွက် KTတို့ Volunteer တွေအတွက်လည်း အမှတ်တရဖြစ်ခဲ့တဲ့ ခရီးစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။

ခွေးလေးတွေအတွက် အစာတစ်နပ်၊ နွေးထွေးတဲ့ စောင့်ရှောက်မှုတစ်ခုဖြစ်လာစေဖို့ ပါဝင်ကူညီပေးခဲ့တဲ့ မေတ္တာလေးတွေဟာ သူတို့အတွက်သာမက KT Volunteer တွေရဲ့ နှလုံးသားထဲမှာလည်း နွေးထွေးတဲ့ အမှတ်တရတစ်ခုအဖြစ် ကျန်ရှိနေမှာပါ။ခုလို Project လေး အောင်မြင်စွာ ပြုလုပ်နိုင်ဖို့ အလှူငွေနဲ့ ပါဝင်အားဖြည့်ပေးခဲ့ကြတဲ့ စေတနာရှင်တစ်ဦးချင်းစီကို KT မှ အထူးကျေးဇူးတင်ရှိပါတယ်နော်။🩵

#မေတ္တာနှောင်ကြိုး

31/07/2026

ရန်ကုန် KTတို့ရဲ့ "မောင်နှမ မေတ္တာရင်ခွင်" Project Recap 🩵🎥

တစ်နေ့တာအတွင်း ဖန်တီးခဲ့တဲ့အပြုံးလေးတွေ၊ ရယ်မောသံလေးတွေနဲ့ နွေးထွေးမှုတွေကို "မောင်နှမ မေတ္တာရင်ခွင်" Project မှာ ကျွန်မတို့တွေ တွေ့မြင်ခဲ့ရပါတယ်။
ဇူလိုင် (၁၈) ရက်နေ့က ကျွန်မတို့ Volunteer အယောက် (၃၀) ဟာ တွံတေးမြို့မှာရှိတဲ့ ဧဗနေဇာသနားခြင်းကရုဏာအိမ်လေးဆီ စွမ်းအင်အပြည့်နဲ့ ချီတက်ခဲ့ကြပါတယ်။ ရန်ကုန်KTတို့ရဲ့July Project 1 “မောင်နှမ မေတ္တာရင်ခွင်” မှာ ဘယ်လို Vibe လေးတွေနဲ့ ဖြတ်သန်းခဲ့လဲဆိုတာ ကြည့်လိုက်ရအောင်။

💃 Dance Battles & Fun Events(ပျော်ရွှင်စရာ အစီအစဉ်များ)

ဂေဟာရောက်တာနဲ့ အချိန်မဆွဲဘဲ Volunteer တွေက အုပ်စု (၅) စုခွဲလိုက်ပြီး ကလေးတွေနဲ့အတူ သီချင်းတစ်ပုဒ်စီ အပီအပြင်ကခုန်ခဲ့ကြတာတွေက ကလေးတွေရော Volunteer လေးတွေအတွက်ရောအရမ်းကိုပျော်စရာကောင်းတဲ့ ဖျော်ဖြေရေးအချိန်လေးတစ်ခု ဖြစ်ခဲ့ပါတယ်။

🍗 Treats & Gifts (အလှူအတန်းနှင့် လက်ဆောင်များ)

အကအခုန်တွေပြီးတော့ ကလေးတို့အကြိုက် KFC ကြက်ကြော်နဲ့ အအေးတွေကို ဝဝလင်လင် ကျွေးခဲ့သလို၊ အမှတ်တရအနေနဲ့ Merchandise အမွှေးပွအရုပ်လေးတွေကိုလည်း ကလေးတစ်ယောက်ချင်းစီတိုင်း လက်ထဲရောက်အောင် ပေးအပ်ခဲ့ပါတယ်။ ဒါ့အပြင် ဂေဟာအတွက် လိုအပ်နေတဲ့ ကြမ်းခင်းပြုပြင်စရိတ် ငွေကျပ် (၅) သိန်းကိုလည်း အားလုံးကိုယ်စား လှူဒါန်းခဲ့ပါတယ်နော်။

💙 Farewell with Love (နှုတ်ဆက်ခြင်းနှင့် ကျေးဇူးတင်စကား)

ပြန်ခါနီးမှာတော့ ကလေးတွေကို အလွမ်းပြေ Volunteer တွေက ထပ်မံကပြဖျော်ဖြေပေးခဲ့ပြီး အမှတ်တရဓာတ်ပုံတွေတူတူရိုက်ခဲ့ကြပါတယ်။ဒီ Project လေးမှာ အားတက်သရောပါဝင်@ပေးခဲ့တဲ့ Volunteer အယောက် (၃၀) နဲ့ အလှူရှင်အားလုံးကို KTတို့ကနေ အထူးပဲကျေးဇူးတင်ရှိပါတယ်။

နောက် Project တွေမှာလည်း အခုလို Vibe မျိုးနဲ့ တူတူ ပြန်ဆုံကြမယ်နော်။ 🩵💥

@ #မောင်နှမမေတ္တာရင်ခွင်Yangon KT's "Maung Hna Ma Mettar Yin Khwin" Project Recap 🩵🎥

In just one day, we shared countless smiles, laughter, and heartwarming moments through our "Maung Hna Ma Mettar Yin Khwin" project.

On July 18, our team of 30 Kindle Together (KT) volunteers traveled to Ebenezer Mercy Home in Twante Township with hearts full of enthusiasm and positive energy. Here's a look back at the wonderful memories and unforgettable vibes from Yangon KT's July Project 1 – "Maung Hna Ma Mettar Yin Khwin."

💃 Dance Battles & Fun Activities
As soon as we arrived, our volunteers split into five groups and teamed up with the children to perform fun dance routines together. The music, dancing, and laughter created an exciting atmosphere, making it a joyful and memorable experience for both the children and our volunteers.

🍗 Treats & Gifts
After the performances, we treated the children to their favorite meal KFC fried chicken and soft drinks. Each child also received a cute plush toy as a special keepsake. In addition, on behalf of everyone who supported this project, we donated 500,000 MMK to help repair the flooring at the home.

💙 A Heartfelt Farewell
Before saying goodbye, our volunteers performed one last dance for the children, shared warm hugs, and captured precious memories through group photos. We would like to express our heartfelt appreciation to all 30 volunteers and every generous donor whose support made this meaningful project possible.

We can't wait to see you all again and create even more beautiful memories together in our upcoming projects. 🩵💥

Photos from Kindle Together 's post 29/07/2026

ဘာလိုလိုနဲ့ Mandalay KT တွေရဲ့ (၃) ရက်တာ 𝐏𝐬𝐲𝐜𝐡𝐨𝐬𝐨𝐜𝐢𝐚𝐥 𝐒𝐮𝐩𝐩𝐨𝐫𝐭 (𝐏𝐒𝐒) 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 လေးပြီးဆုံးသွားခဲ့ပါပြီ။ 🎊

"တစ်ယောက်ယောက်ကို ကူညီချင်တယ်" ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ လုံလောက်ပြီလို့ ထင်လား။

တကယ်တော့ လူတစ်ယောက်အတွက် အလိုအပ်ဆုံးအရာက အမြဲတမ်းတော့ အဖြေတွေပေးတာ မျိုး မဟုတ်ပါဘူး။ ဘယ်အချိန်မှာ ဘယ်လိုနားထောင်ပေးရမလဲ၊ ဘယ်လိုအတူရှိနေပေးရမလဲဆိုတာကို သိထားဖို့ကလည်း အရေးကြီးပါတယ်။🩵

အဲ့ဒါကြောင့်ပဲ မန္တလေး KT လေးတွေက ဇူလိုင်လ (၁၃) ရက်၊ (၁၄) ရက်နဲ့ (၁၅) ရက်နေ့တွေမှာ 𝐏𝐬𝐲𝐜𝐡𝐨𝐬𝐨𝐜𝐢𝐚𝐥 𝐒𝐮𝐩𝐩𝐨𝐫𝐭 (𝐏𝐒𝐒) 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 လေးကို အတူတက်ရောက်ပြီး သုံးရက်တာ အချိန်တွေကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းခဲ့ကြပါတယ်။✨

ဒီ Training မှာတော့ စိတ်ဖိစီးမှုတွေကို ဘယ်လိုရင်ဆိုင်မလဲ၊ အခက်အခဲကြုံနေတဲ့သူတစ်ယောက်ကို ဘယ်လိုကူညီပေးနိုင်မလဲ၊ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေကြုံလာတဲ့အခါ ဘယ်လိုတုံ့ပြန်သင့်လဲဆိုတဲ့ အကြောင်းအရာလေးတွေကို လေ့လာခဲ့ကြရုံတင်မကဘဲ အချင်းချင်း ဆွေးနွေးခဲ့ကြတယ်၊ အမြင်တွေဖလှယ်ခဲ့ကြတယ်၊ Activity လေးတွေ အတူလုပ်ခဲ့ကြပါတယ်။

သုံးရက်တာဆိုတဲ့ အချိန်က သိပ်မရှည်ပေမယ့် ရခဲ့တဲ့ အသိပညာတွေ၊ အတွေ့အကြုံတွေ၊ ရယ်မောခဲ့ရတဲ့ အခိုက်အတန့်လေးတွေကတော့ KT Volunteer လေးတွေအတွက် အမှတ်တရကောင်းလေးတစ်ခုအဖြစ် ကျန်ရှိခဲ့ပါတယ်။🫶

ရှေ့ဆက်ပြီးလည်း ဒီသင်ယူခဲ့တဲ့အရာလေးတွေကို KT ရဲ့ လှုပ်ရှားမှုတွေမှာ အသုံးချရင်း လိုအပ်တဲ့နေရာတွေမှာ အားဖြည့်ပေးသွားကြဦးမှာပါ။

ဒီ Training မှာ စိတ်အားထက်သန်စွာ ပါဝင်သင်ယူပေးခဲ့တဲ့ KT Volunteer လေးတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်။

ဒါဆို KT Volunteer လေးတွေရဲ့ သုံးရက်တာ အမှတ်တရပုံရိပ်လေးတွေကို အတူတူ ကြည့်လိုက်ကြရအောင်။📸

Photos from Kindle Together 's post 28/07/2026

🐛 "ဘောက်ဖက်" Project 2: Hearts for Hope (Photo recap📸)

ဘောက်ဖက် Mental Health Project ရဲ့ ဒုတိယမြောက် ခြေလှမ်းဖြစ်တဲ့ "Hearts for Hope" အစီအစဉ်လေးကို သာကေတမြို့နယ်မှာရှိတဲ့ မှန်ကင်း အမှတ် (၁) ပရဟိတဂေဟာ မှာ အောင်မြင်စွာ ပြုလုပ်ခဲ့ပါတယ်။ 💖
အပြုံးတွေ၊ လှပတဲ့ သင်ခန်းစာတွေနဲ့ ပျော်စရာ အမှတ်တရတွေ ပြည့်နှက်နေခဲ့တဲ့ ဒီနေ့လေးရဲ့ အမှတ်တရ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်—

✨ ပထမဦးဆုံး ဂေဟာကို ရောက်ရောက်ချင်းဆရာတော်ဘုရားကို သွားရောက် ကန်တော့ပြီး စေတနာရှင်တွေရဲ့ စုပေါင်းအလှူငွေ ၅သိန်းကျပ်ကိုလဲဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။
ကလေးငယ်လေးတွေ ရောက်ရှိလာချိန်မှာတော့ သူတို့လေးတွေနဲ့ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး မိတ်ဆက်ပြီး အရင်ဆုံးရင်းနှီးမှု ရယူခဲ့ကြပါတယ်။

✨ပြီးရင်တော့ ကလေးငယ်တွေကို ၄ ဖွဲ့ ခွဲထိုင်စေပြီး ကိုယ်ချင်းစာစိတ်ထားတတ်အောင်၊ ရိုင်းပင်းကူညီတတ်အောင်၊ မကောင်းတဲ့အကျင့်ဆိုပြင်ပြီး မှန်မှန်ကန်ကန်နေတတ်အောင် ပညာပေးသင်ခန်းစာလေးတွေ ပါဝင်တဲ့ ပုံပြင်လေးတွေကို ပြောပြရင်း မေးခွန်းလေးတွေ မေးလိုက်၊ စိတ်ပါဝင်စားစွာ ဖြေကြားပေးတဲ့ ကလေးတွေကိုလည်း Stickers လေးတွေ လက်ဆောင်ပေးလိုက်နဲ့ အတူတူ ပျော်ရွှင်ခဲ့ကြပါတယ်။

✨နောက်ထပ် တန်းစီပြီး အရှေ့ဆုံးက ကလေးက ခန္ဓာကိုယ်လှုပ်ရှားပြီး ပြတဲ့အကောင်ပုံစံကို အနောက်ဆုံးက ကလေးက ခန့်မှန်းရတဲ့ Action Game လေးကိုလည်း ဆော့ခဲ့ကြပါသေးတယ်။

✨နောက်ဆုံးမှာတော့ Volunteers တွေနဲ့ ကလေးတွေအားလုံး အဝိုင်းဖွဲ့ပြီး Parcel Game အတူတူ ဆော့ခဲ့ကြပါတယ်။ "ရပ်" လို့ ပြောလိုက်ချိန်မှာ parcel ရှိနေတဲ့သူက အလယ်မှာ ကပြရပြီး ရှေ့ကဆော့ခဲ့တဲ့တွေထဲဘယ်တစ်ခုကပျော်ဖို့အကောင်းဆုံးလဲဆိုတာကိုလည်း မျှဝေခဲ့ကြပါသေးတယ်။

ပြီးရင်တော့ KT တို့ရဲ့ထုံးစံအတိုင်း ဒီတစ်ခဏတာအမှတ်တရတွေကို အမြဲထာဝရအမှတ်ရနေနိုင်ဖို့ စုပေါင်းဓာတ်ပုံရိုက်ကူးပြီး အောင်မြင်စွာနဲ့ အဆုံးသတ်ခဲ့ပါတယ်။📸

🙏ကလေးငယ်တွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ လုံခြုံနွေးထွေးမှု ရရှိစေဖို့နဲ့ ကိုယ်ချင်းစာစိတ် ဗီဇလေးတွေ တိုးပွားလာစေဖို့အတွက် ပါဝင်ကူညီပေးခဲ့ကြတဲ့ စေတနာရှင် အလှူရှင်များ၊ Volunteers တစ်ဦးချင်းစီတိုင်းကို Kindle Together မှ ကျေးဇူးတင်ရှိပါတယ်ရှင်။ 🫶🏻💌
#ဘောက်ဖက်

Project 2: Hearts for Hope - Photo Recap

The second activity of our Mental Health Project, Hearts for Hope, was successfully held at Mhankan No. (1) Charity Home in Thaketa Township.

The day was full of smiles, fun activities, and happy memories. Here are some highlights from the event

When we arrived, we first paid our respects to the monk and donated the contributions from our generous donors.
When the children arrived, we introduced ourselves and spent some time getting to know each other so everyone could feel comfortable.

Next, the children were divided into four groups. Our volunteers shared short stories that taught kindness, empathy, helping others, and making good choices. We also asked questions, and children who answered received sticker rewards.

We then played an Action Game, where the first child acted like an animal using body movements, and the last child in line guessed what it was. Everyone had lots of fun and laughter.

At the end of the program, all the volunteers and children gathered in a circle to play the Parcel Game. When the music stopped, the person holding the parcel danced in the middle and shared which activity they enjoyed the most.

Finally, we took a group photo together to remember this special day before saying goodbye.

Kindle Together would like to sincerely thank every donor and volunteer for your kindness, support, and time. Your help made this meaningful day possible and created a warm, safe, and joyful experience for the children.

Photos from Kindle Together 's post 27/07/2026

ရန်ကုန်Project 1ရဲ့ “မောင်နှမ မေတ္တာရင်ခွင်” မှာ ကျန်ရစ်ခဲ့တဲ့ အပြုံးလေးတွေကို ပြန်ပြောပြမယ်။ 🩵🪽

ဇူလိုင်လ (၁၈) ရက်နေ့မှာ KT ရဲ့ “မောင်နှမ မေတ္တာရင်ခွင်” Project အတွက် Volunteer (၃၀) ယောက်ဟာ တွံတေးမြို့နယ်မှာရှိတဲ့ ဧဗနေဇာသနားခြင်းကရုဏာအိမ်လေးကို သွားရောက်ခဲ့ကြပါတယ်။ အားလုံးရဲ့ ပါဝင်လှူဒါန်းမှုကြောင့် ကလေးတို့အတွက် KFC ကြက်ကြော်နဲ့ အအေးတွေကို ဝဝလင်လင်ကျွေးမွေးလှူဒါန်းနိုင်ခဲ့သလို၊ အဝတ်အစားတွေနဲ့ Merchandise အဖြစ် အမွှေးပွအရုပ်လေးတွေကိုလည်း ကလေးတစ်ယောက်ချင်းစီတိုင်းထံ လက်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဂေဟာအတွက် လိုအပ်နေတဲ့ ကြမ်းခင်းပြုပြင်စရိတ်အဖြစ် ငွေကျပ် (၅) သိန်းကိုလည်း KTတို့က လှူဒါန်းနိုင်ခဲ့ပါတယ်။

🩵ဒါပေမယ့် “မောင်နှမ မေတ္တာရင်ခွင်” ရဲ့ အမှတ်တရတွေက အလှူပစ္စည်းတွေပေးအပ်ပြီးချိန်မှာပဲ မပြီးဆုံးသွားခဲ့ပါဘူး။

KTတို့ Volunteer တွေဟာ အုပ်စု (၅) စုခွဲပြီး ကလေးတွေနဲ့အတူ သီချင်းဆိုခဲ့ကြတယ်၊ ကခုန်ခဲ့ကြတယ်၊ ရယ်မောခဲ့ကြတယ်။ နေ့တစ်နေ့တာအတွင်းမှာပဲ တစ်ယောက်နဲ့တစ်ယောက် စိမ်းကားနေတဲ့သူတွေ မဟုတ်တော့ဘဲ တကယ့်မောင်နှမတွေလို နီးစပ်လာခဲ့ကြပါတယ်။ Project ပြီးဆုံးသွားချိန်မှာတော့ Volunteer တစ်ယောက်ချင်းစီဟာ အမှတ်တရမျိုးစုံကို ကိုယ်စီသယ်ဆောင်ပြီး ပြန်လာခဲ့ကြပါတယ်။

တချို့ Volunteer တွေက ကလေးတွေရဲ့ အပြုံးတွေကိုမြင်ရတိုင်း ကိုယ့်ရင်ထဲအထိ ကြည်နူးခဲ့ရကြောင်း ပြောပြကြသလို၊ သီချင်းဆိုနေကြတဲ့ ကလေးတွေကိုကြည့်ရင်း သူတို့ရဲ့ဘဝအကြောင်းကို တွေးမိပြီး မျက်ရည်ဝဲခဲ့ရတဲ့အခိုက်အတန့်တွေလည်း ရှိခဲ့ကြပါတယ်။ တချို့ Volunteer တွေအတွက်တော့ ဒီ Project ဟာ ပထမဆုံးအကြိမ် ပါဝင်ခဲ့ရတဲ့ KT Project ဖြစ်ပေမယ့် နွေးနွေးထွေးထွေး ကြိုဆိုပေးတဲ့ အသင်းသားတွေနဲ့ ကလေးတွေရဲ့ ချစ်စရာအပြုံးတွေကြောင့် မိသားစုတစ်စုလို ခံစားခဲ့ရတယ်လို့ ဆိုကြပါတယ်။

Project ပြီးဆုံးသွားပေမယ့် Volunteer တော်တော်များများရဲ့ ရင်ထဲမှာတော့ “ဒီလိုအမှတ်တရလေးတွေကို နောက်တစ်ခေါက် ထပ်ဖန်တီးချင်သေးတယ်။” ဆိုတဲ့ တူညီတဲ့ဆန္ဒလေးတစ်ခု ကျန်ရစ်နေခဲ့ပါတယ်။

ဒီလိုတစ်ရက်တာProjectလေးက ကလေးတွေအတွက် တစ်နေ့တာပျော်ရွှင်မှုတစ်ခု ဖြစ်ခဲ့သလို Volunteer တွေအတွက်လည်း ဂရုစိုက်ကူညီပေးမှုနဲ့ လိုအပ်ရာအတွက် မျှဝေပေးခြင်းတွေရဲ့ တန်ဖိုးကို ပိုမိုနားလည်စေခဲ့တဲ့ နေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။
ဒီ Project လေး အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ ပါဝင်ပေးခဲ့ကြတဲ့ Volunteer တွေအပြင် အလှူရှင်အားလုံးကို KT မှ အထူးကျေးဇူးတင်ရှိပါတယ်နော်။🩵🪽

#မောင်နှမမေတ္တာရင်ခွင်

Looking Back on the Smiles We Shared at Yangon Project 1 – "Maung Hna Ma Mettar Yin Khwin" 🩵🪽

On July 18, 30 volunteers from Kindle Together (KT) visited Ebenezer Mercy Home in Twante Township as part of our "Maung Hna Ma Mettar Yin Khwin" project.

Thanks to everyone's generous support, we were able to treat the children to a delicious meal of KFC fried chicken and soft drinks. Each child also received a set of clothes and a cuddly plush toy as a special gift. In addition, KT donated 500,000 MMK to help cover the cost of repairing the home's flooring.

🩵 But the memories of "Maung Hna Ma Mettar Yin Khwin" didn't end with the donations.

Our volunteers were divided into five groups, where they spent quality time with the children singing, dancing, laughing, and playing together. By the end of the day, strangers had become like real brothers and sisters, creating genuine bonds filled with warmth and affection. Every volunteer returned home carrying unforgettable memories.

Many volunteers shared that seeing the children's bright smiles filled their hearts with joy. Others admitted that watching the children sing made them reflect on the children's lives, leaving them deeply moved and even bringing tears to their eyes. For some, this was their very first KT project, but the warm welcome from the team and the children's cheerful smiles made them feel like they had become part of one big family.
Although the project has come to an end, many volunteers left with the same heartfelt wish:
"We hope to create moments like these together again."
This one-day project brought happiness to the children while also reminding every volunteer of the true value of kindness, compassion, and sharing with those in need.
Finally, Kindle Together would like to extend our heartfelt gratitude to all of our dedicated volunteers and every generous donor whose support made this project possible. Thank you for helping us make this meaningful day a reality. 🩵🪽

22/07/2026

🌿 စိတ်အေးလက်အေးနဲ့ နားခိုနိုင်တဲ့ နေရာလေးတစ်ခုကို မန္တလေးမှာ အတူဖန်တီးကြရအောင်။

တစ်ခါတလေမှာ စိတ်ပင်ပန်းနေတာ၊ ဖိအားတွေများနေတာ၊ ခဏလောက် အနားယူချင်နေတာမျိုး ကြုံဖူးကြတယ်မဟုတ်လား။

အဲ့ဒီအခါ "စိတ်အေးအေးထားပါ" ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။

ဒါပေမဲ့ စိတ်မအေးနိုင်တဲ့နေ့တွေ ရှိလာတဲ့အခါ၊ အဲဒီစကားတစ်ခွန်းတည်းနဲ့ အဆင်ပြေသွားတာတော့ မဟုတ်ပါဘူး။ 💯

အဲဒီလိုအချိန်တွေမှာ တစ်ယောက်ယောက်က နားထောင်ပေးတာ၊ ကိုယ်စိတ်ဝင်စားတဲ့ activity လေးတစ်ခု လုပ်ရတာ၊ ဒါမှမဟုတ် ကိုယ်နဲ့အလားတူ အတွေ့အကြုံတွေရှိတဲ့သူတွေနဲ့ အချိန်ဖြုန်းရတာက စိတ်ကို နည်းနည်းတော့ ပေါ့ပါးသွားစေတတ်ပါတယ်။

ဒါကြောင့် မန္တလေး ကေသီတွေက လူငယ်တွေအတွက် စိတ်ကျန်းမာရေးနဲ့ စိတ်ချမ်းသာမှုကို အားပေးနိုင်မယ့် Mental Health Project လေးတစ်ခုကို စီစဉ်နေပါတယ်။

ဒါပေမယ့် ဒီ Project ကို KT တို့ စိတ်ကူးထားသလိုပဲ မဟုတ်ဘဲ မန္တလေးက လူငယ်တွေ တကယ်လိုအပ်တဲ့ Project ဖြစ်စေချင်ပါတယ်။💪

ဒါကြောင့် အရင်ဆုံး မိတ်ဆွေတို့ရဲ့ အမြင်ကို နားထောင်ချင်ပါတယ်။

ဘယ်လို Activity မျိုးဆိုရင် စိတ်အပန်းပြေစေမလဲ။ဘယ်လို Community မျိုးဆိုရင် ကိုယ်ကိုယ်တိုင် စိတ်လုံခြုံသလို ခံစားရပြီး ပါဝင်ချင်စိတ်ရှိမလဲ။

မိတ်ဆွေတို့ရဲ့ အဖြေလေးတွေက ဒီ Project ကို ပုံဖော်ရာမှာ တကယ်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာမှာပါ။

အချိန် မိနစ်အနည်းငယ်ပဲ ပေးရမယ့် Survey လေးဖြစ်တာကြောင့် အောက်က Link ကနေ ပါဝင်ဖြေဆိုပေးဖို့ ဖိတ်ခေါ်ပါတယ်။ 🤍

🗂️ Survey Form – https://docs.google.com/forms/d/e/1FAIpQLSd73mJFH8X_GSsfWip9fY60bOQ73AvoZwmlGO1aTZU8bpj3Zw/viewform?usp=publish-editor

Photos from Kindle Together 's post 22/07/2026

📣 Media Partnership Announcement 📣

Show Your Kindness (SYK) Organization ရဲ့ YEDTS program မှ ဦးဆောင်ကျင်းပမည့် “Essential Soft Skills for Youth and Project Management” ESSY Training ကို Kindle Together မှ Media Partner အနေနဲ့ပါဝင်ထားကြောင်းကိုလေးစားစွာ အသိပေးကြေညာလိုက်ပါတယ်။

ယနေ့ခေတ် လူငယ်များအတွက် မရှိမဖြစ်လိုအပ်သော Soft Skills များဖြစ်တဲ့

- Communication Skills
- Leadership Skills
- Teamwork Skills
- Problem Solving Skills
- Project Management စတာတွေကို မြှင့်တင်ပေးရန် ရည်ရွယ်၍ ဒီ Essy Training ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

📚 ESSY Batch - 4 မှာ ဘာတွေ လေ့လာရမလဲ? (Training Schedule)

1.8.2026 ကနေ 12.9.2026 အထိ စနေ၊ တနင်္ဂနွေ အားလပ်ရက်တွေမှာ ည 8:00PM to 9:30PM အထိသင်ကြားပေးသွားမှာဖြစ်ပါတယ်။ မိမိကိုယ်ကို continuous improvement လုပ်ချင်တဲ့ လူငယ်တွေအတွက်သတင်းကောင်းကြီးတစ်ခုဖြစ်ပါတယ်နော်။

သင်ကြားပေးသွားမယ့် ခေါင်းစဉ်ကြီးတွေကတော့ -

• Introduction to Non-Profit Organization
• Exploring Personal Identity & Purpose
• Speak & Connect: The Art of Communication
• The Art of Powerful Public Speaking
• Learn to Grow: Active Learning in Action
• Turning Conflict into Collaboration
• Impactful Presentation Skills
• Community Development Awareness
• From Idea to Action: How to Plan a Project
• Final Presentation or Final Report စတဲ့ ခေါင်းစဉ်တွေကို အတူတကွ ဆွေးနွေးလေ့လာသွားမှာဖြစ်ပြီး ရက်စွဲတွေကိုတော့ ပုံအတွင်းမှာ အသေးစိတ်ဖော်ပြပေးထားပါတယ်။

Assignment လည်းပုံမှန်ထပ်ရမှာဖြစ်ပြီး Training ကာလပြီးဆုံးအောင်တက်မယ်ဆိုရင်တော့ Certificate ပါရရှိမှာဖြစ်ပါတယ်။

Kindle Together အနေနဲ့ အဆိုပါ Training ကို လူငယ်များအထိ ကျယ်ပြန့်စွာ ရောက်ရှိစေရန် သတင်းမီဒီယာပံ့ပိုးမှု၊ Content မျှဝေခြင်းနှင့် မီဒီယာဆိုင်ရာ လုပ်ငန်းများကို တာဝန်ယူပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

လူငယ်များ၏ စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော အစီအစဉ်တစ်ရပ်တွင် SYK နှင့်အတူ ပူးပေါင်းပါဝင်ခွင့်ရရှိခြင်းကို Kindle Together အနေဖြင့် ဂုဏ်ယူဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။

Training အသေးစိတ်ကိုလည်း SYK page မှ Main Post တွင် သွားရောက်ဖတ်ရှုနိုင်ပါတယ်။

Main Content Link:https://www.facebook.com/share/p/1En6VoYVTx/?mibextid=wwXIfr

Telegram Content Link :https://t.me/sykgroup/1990

Training တက်ရောက်ရန်အတွက်အောက်က link ထဲမှာစာရင်းသွင်းလိုက်တော့နော်

Register link 👇🏻

https://docs.google.com/forms/d/e/1FAIpQLScrL6M1U2POAnw4Fk4zdQtuWi7WSZFWmZCgpsNmpJKXM8Jdbw/viewform

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon