Prevent HIV

Prevent HIV

Share

HIV, ART, PEP, PrEP, Counselling...

27/09/2026

လိင်အပျော်အပါးရှိရင် သတိထားပါ၊

အိပ်ချ်အိုင်ဗွီပိုး အပါအဝင် လိင်မှတဆင့်
ကူးစက်တဲ့ ရောဂါတွေ ကူးစက်နိုင်ပါတယ်၊

အိပ်ချ်အိုင်ဗွီပိုးရှိသူကို အပြင်ပန်းကြည့်ပြီး
မသိနိုင်ပါဘူး၊ ကိုယ်တိုင် ကူးနေရင်တောင်
သွေးစစ်ကြည့်မှ သေချာသိနိုင်ပါတယ်၊

ဒါကြောင့် မသိတဲ့သူနဲ့ လိင်ဆက်ဆံမယ်ဆို
ရင် အကာအကွယ် စနစ်တကျသုံးပါ၊

အကာအကွယ် မသုံးမိတာ၊ ပေါက်ပြဲတာ
ဖြစ်ခဲ့ရင် အချိန်မှီ PEP ဆေးနဲ့ ကာကွယ်ပါ၊

Hotline ☎ 09775292602

25/09/2026

ကူးစက်ဖို့ မလွယ်ပေမယ့်
ကာကွယ်ရမယ့် အိပ်ချ်အိုင်ဗွီပိုး၊

အိပ်ချ်အိုင်ဗွီပိုးရှိသူနဲ့ အတူနေထိုင်
စားသောက်ခြင်း၊ ပွေ့ဖက်နမ်းရှုံ့ခြင်း၊
စတဲ့အခြေအနေတွေမှ မကူးနိုင်ပါဘူး၊
(ဒါကြောင့်လည်း လွယ်လွယ်မကူးစက်
နိုင်ဘူးလို့ ဆိုလိုတာပါ၊)

အကာအကွယ်မဲ့ လိင်ဆက်ဆံမိတာ၊
သွေးပေပစ္စည်းတွေ မျှဝေသုံးစွဲရာမှ
ထိမိရှမိတာတွေက ကူးနိုင်ပါတယ်၊

အကာအကွယ်မဲ့ လိင်ဆက်ဆံတဲ့အခါ
လိင်ဆက်ဆံဖော်က အိပ်ချ်အိုင်ဗွီပိုးရှိ
နေပြီး အေအာတီဆေးသောက်နေတာ
ကြာနေပြီ၊ အိပ်ချ်အိုင်ဗွီပိုး ကောင်ရေ
လည်း မရှိသလောက်ဖြစ်နေရင် မကူး
နိုင်ပေမယ့် ကိုယ်တိုင်က ကူးနေလား
မကူးနေလားမသိပဲ သွေးလည်းမစစ်
ကြည့်သူတွေမှာ တကယ်လို့ကူးစက်
နေခဲ့ရင် အန္တရာယ်များပါတယ်၊

အိပ်ချ်အိုင်ဗွီပိုး ကူးစက်နေပြီး ကိုယ်တိုင်
လည်းမသိပဲ ကျန်းမာနေတဲ့အချိန် တခြား
သူတွေနဲ့ လိင်ဆက်ဆံနေသူတွေရှိပါတယ်၊
သူတို့ကြောင့်ပဲ အသစ်အသစ်သောကူးစက်
မှုတွေ ဖြစ်ပွားနေပါတယ်၊

ဒါကြောင့် အကြောင်းသေချာမသိတဲ့သူနဲ့
လိင်ဆက်ဆံမယ်ဆိုရင် ကွန်ဒုံးစနစ်တကျ
အသုံးပြုပါ၊ ကွန်ဒုံးသုံးပေမယ့် ပေါက်ပြဲခဲ့
ရင် PEP ဆေးနဲ့ (၇၂) နာရီအတွင်းကာကွယ်
ရပါမယ်၊ အိပ်ချ်အိုင်ဗွီပိုး ကူးစက်မှုဆိုတာ
အချိန်မှီရင် PEP ဆေးနဲ့ စိတ်ချရတဲ့အထိ
ကာကွယ်လို့ရနေပါပြီ၊

ကူးစက်ဖို့မလွယ်တဲ့ အခြေအနေတွေရှိနေ
သလို ကူးစက်နိုင်တဲ့အခြေအနေတွေလည်း
ရှိနေတာဖြစ်တဲ့အပြင် ကူးစက်မှုနှုန်းလည်း
ရှိနေတာဖြစ်လို့ သတိထားပြီး ကာကွယ်ပါ၊

PEP ဆေး ဘယ်အမျိုးအစား သောက်ရမယ်၊
ဘယ်လိုသောက်ရမယ်၊ ဘယ်မှာဝယ်ယူရမယ်၊
ဆောင်ရန်၊ ရှောင်ရန်တွေ လိုက်နာရမှာတွေကို
မေးမြန်းဆွေးနွေးလို့ရပါတယ်၊

Hotline ☎ 09775292602

Prevent HIV HIV, ART, PEP, PrEP, Counselling...

24/09/2026

အေအာတီဆေးယဥ်ပါးခြင်း၊

ဖြစ်ရတဲ့ အကြောင်းရင်း (၂)ချက်ရှိပါတယ်၊

(၁) စတင် ကူးစက်ခံရတည်းက ဆေးယဥ်နေတဲ့
ပိုးများ ကူးစက်ခံရခြင်း၊

(၂) အေအာတီ (ပိုးထိန်းဆေး) မှန်မှန်မသောက်ခြင်း၊
အကြောင်းကြောင်းကြောင့် ဆေးပြတ်ခြင်း၊

စတင်ကူးစက်ခံရချိန်မှာ ဆေးယဥ်နေတဲ့ ပိုးတွေကူး
စက်လာတာကြောင့် အေအာတီဆေးသောက်ပေမယ့်
ထိရောက်မှုမရှိခြင်း၊ ဆေးမတိုးခြင်းတွေဖြစ်တတ်ပါ
တယ်၊ ဒါပေမယ့် တော်တော်ရှားပါတယ်၊

အေအာတီဆေးကို သောက်လိုက်မသောက်လိုက်လုပ်
တာ ဆေးအချိန် မမှန်တာတွေကြောင့် သောက်နေတဲ့
ဆေးမတိုးတာ၊ ဆေးယဥ်တာတွေအဖြစ်များပါတယ်၊
ဆေးပမာဏ မမှန်တာ၊ ဆေးကိုချိုးဖဲ့သောက်တာတွေ
လည်း ပါဝင်ပါတယ်၊

ဒါကြောင့် ဆေးမရနိုင်ဘူး၊ ဆေးပြတ်သွားပြီဆိုရင်
ကျန်တဲ့ဆေးအနည်းငယ်ကို ခွဲခြမ်းသောက်တာတွေ၊
ရက်ခြားသောက်တာတွေမလုပ်ပါနဲ့၊ ရှိတဲ့ဆေးတွေကို
ကုန်အောင်သောက်ပါ၊ ဆေးမရှိရင် လုံးဝမသောက်ပဲ
နေပါ၊ ဆေးပြန်ရမှ အချိန်မှန်မှန် ပြန်သောက်ပါ၊

ဆေးလုံးဝပြတ်နေတဲ့အချိန်မှာ ကိုယ်ခံအားကောင်း
စေရန် အစာအာဟာရပြည့်ဝစွားစားပါ၊ အိပ်ရေးဝဝ
အိပ်ပါ၊ ခွန်အား အလွန်သုံးရတဲ့အလုပ်တွေရှောင်ပါ၊
ကူးစက်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပါ၊
စိတ်ဖိစီးမှုတွေ၊ စိုးရိမ်စိတ်တွေ လျော့ချပါ၊

ဒီလိုအချက်တွေကို သေချာလိုက်နာလုပ်ဆောင်ရင်
ဆေးပြတ်နေလည်း ကျန်းမာနေနိုင်ပါတယ်၊
အတွေ့အကြုံအရပြောရရင် အနည်းဆုံး (၃) နှစ်မှ
(၅) နှစ်အတွင်း ကျန်းကျန်းမာမာရှိနေနိုင်ပါတယ်၊

Hotline ☎ 09775292602

Prevent HIV HIV, ART, PEP, PrEP, Counselling...

18/09/2026

အိပ်ချ်အိုင်ဗွီပိုး ကူးစက်နိုင်တဲ့
အန္တရာယ်ရှိ အပြုအမူများ၊

အိပ်ချ်အိုင်ဗွီပိုးရှိသူရဲ့ သွေး၊ သုက်ရည်၊
လိင်အင်္ဂါအရည် စတဲ့တာတွေနဲ့ တိုက်ရိုက်
ထိတွေ့မိနိုင်တဲ့အပြုအမူ၊ အခြေအနေဖြစ်ပါတယ်၊

မူးယစ်ဆေးအကြောတွင်း ထိုးသွင်းသုံးစွဲရာမှာ
အသုံးပြုတဲ့ ဆေးထိုးအပ်များ၊ ဆေးထိုးပြွန်များ
မျှဝေသုံးစွဲခြင်း၊

အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊

စတဲ့အပြုအမူတွေမှာ တဖက်လူရဲ့ အိပ်ချ်အိုင်ဗွီပိုး
ပါဝင်တဲ့ သွေး၊ သုက်ရည်တို့နဲ့တိုက်ရိုက်ထိတွေ့ခြင်း၊
မှတဆင့် ကူးစက်နိုင်ချေရှိပါတယ်၊

အိပ်ချ်အိုင်ဗွီပိုးရှိသူရဲ့ သွေး၊ သုက်ရည်၊ လိင်အင်္ဂါမှ
အရည်တွေမှာ ပိုးပါဝင်မှုနှုန်း များပြားပါတယ်၊

ဒါကြောင့် ကူးစက်နိုင်ချေရှိတဲ့ အန္တရာယ်ရှိ အပြုအမူ
များကို ရှောင်ကြဉ်ခြင်းဖြင့် အိပ်ချ်အိုင်ဗွီပိုး ကူးစက်မှု
ကို ကာကွယ်ကြပါ၊

12/09/2026

အိပ်ချ်အိုင်ဗွီပိုး စစ်ဆေးခြင်းဆိုင်ရာ
စိတ်ချရတဲ့ လုပ်ဆောင်နည်းအဆင့်များ၊

အိပ်ချ်အိုင်ဗွီပိုး ကူးစက်နိုင်တဲ့ အပြုအမူ
ပြုလုပ်ပြီးချိန်မှ (၁လခွဲ)နှင့် (၃လ)အရမှာ
စတင်စစ်ဆေးလို့ရပါတယ်၊

ပထမဆုံးစစ်ဆေးတဲ့ Test ကို A1 လို့သတ်
မှတ်ပြီး ပိုးမရှိအဖြေရရင် ပိုးမကူးတာ သေ
ချာသလောက်ရှိပြီး တကယ်လို့ ပိုးရှိတယ်လို့
အဖြေရရင် သေချာဖို့ရန် ဆက်လက်စစ်ဆေး
ရမှာဖြစ်ပါတယ်၊

ပထမဆုံး စစ်ဆေးတဲ့ ပဏာမစစ်ဆေးခြင
ပိုးရှိတယ်လို့ အဖြေရရင် ဒုတိယစစ်ဆေးခြင်း
ကို မတူတဲ့ Test (၂) မျိုးနဲ့ အပြိုင်စစ်ဆေးရပါ
မယ်၊ A2 Test နဲ့ A3 Test လို့သတ်မှတ်ပါတယ်၊

A2 နဲ့ A3 မတူတဲ့ Tslest (၂)မျိုးလုံးမှာ ပိုးရှိတဲ့
အဖြေရရင် ပိုးရှိတာသေချာပါပြီ၊ A2 နဲ့ A3 နှစ်ခု
လုံးမှာ ပိုးမရှိအဖြေရရင် ပိုးမရှိတာသေချာပါပြီ၊

A2 နဲ့ A3 စစ်ဆေးရာမှာ တစ်ခုက ပိုးရှိတယ်လို့
အဖြေရပြီး တစ်ခုက ပိုးမရှိ အဖြေရရင် သွေး
အသစ် ထပ်ဖောက်ပြီး A1 A2 A3 စစ်ဆေးမှု
အားလုံးကို အစမှ ပြန်စစ်ကြည့်သင့်ပါတယ်၊

အထက်က လုပ်ဆောင်နည်း အဆင့်အတိုင်း
စစ်ဆေးကြည့်ရင် (၁လခွဲမှ ၃လ) အတွင်းမှာ
ပိုးရှိ /မရှိ စိတ်ချရတဲ့အဖြေကို ရနိုင်ပါတယ်၊

Hotline ☎ 09775292602

05/09/2026

အိပ်ချ်အိုင်ဗွီပိုးကူးစက်ခံရတဲ့သူတွေမှာ
အခုဖော်ပြထားတဲ့ အခြေအနေတွေကို
ကြုံတွေ့ရတယ်ဆိုတာ ဆွေးနွေးမှုတွေ
ပြုလုပ်တိုင်း ရရှိတဲ့အချက်တွေပါ၊

Hotline ☎ 09775292602

02/09/2026

အိပ်ချ်အိုင်ဗွီပိုး ကူးစက်မှုတွေများနေတဲ့
အချိန်မှာ PEP ဆေးနဲ့ ကာကွယ်ပါ၊

အိပ်ချ်အိုင်ဗွီပိုး ဘယ်သူ့မှာရှိနေလဲဆိုတာကို
အပြင်ပန်းကြည့်ပြီး မသိနိုင်ပါဘူး၊ သွေးစစ်
ကြည့်မှသာ သေချာသိနိုင်ပါတယ်၊

လိင်ဆက်ဆံတိုင်း ကွန်ဒုံးစနစ်တကျအသုံးပြုပါ၊
ကွန်ဒုံးပေါက်ပြဲရင် မသုံးမိရင် (၇၂) နာရီအတွင်း
PEP ဆေးသောက်ပါ၊ (၂၈) ရက် နေ့စဥ်အချိန်မှန်
သောက်ရပါတယ်၊

လိင်ဆက်ဆံဖော်မှာ အိပ်ချ်အိုင်ဗွီပိုးရှိနေတယ်ဆိုရင်
ကူးစက်လို့ မရအောင် PEP ဆေးက တားဆီးပေးပါ
တယ်၊ တကယ်လို့ အိပ်ချ်အိုင်ဗွီပိုး မရှိနေရင်လည်း
ဆေးကြောင့် ဘေးထွက်ဆိုးကျိုး မရှိနိုင်ပါဘူး၊

PEP ဆေးသောက်ပြီး အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခဲ့သူ
ယနေ့အချိန်အထိ မရှိသေးပါဘူး၊ ဆေးရဲ့အာနိသင်
က ထိရောက်မှုရှိပါတယ်၊ မှန်ကန်တဲ့ ဆေးဝါးအတွဲ
ရရှိဖို့ အရေးကြီးပါတယ်၊

စိတ်ချရတဲ့ ထိရောက်တဲ့ PEP ဆေးဝါးရရှိဖို့အတွက်
ဆက်သွယ်မေးမြန်းလို့ရပါတယ်၊ PEP ဆေးသောက်
ဖို့ လိုအပ်/ မလိုအပ်ပါ ဆွေးနွေးပေးပါတယ်၊

Hotline ☎ 09775292602

01/09/2026

အေအာတီဆေး ဘယ်အချိန်သောက်သင့်သလဲ?

Efavirenz ပါဝင်တဲ့ဆေးတွဲ သောက်နေသူဆိုရင်
ညဘက် သောက်သင့်ပါတယ်၊ အစာနဲ့အချိန်ခြား
ပြီး သောက်ရတဲ့ဆေးဖြစ်တဲ့အပြင် မူးတတ်တဲ့
ဘေးထွက်ဆိုးကျိုး ရှိလို့ဖြစ်ပါတယ်၊

Dolutegravir ပါဝင်တဲ့ဆေးတွဲ သောက်နေသူဆို
မနက်ဘက် သောက်သင့်ပါတယ်၊ အစာနဲ့နီးလေ
ကောင်းလေဖြစ်တဲ့အပြင် ညဘက်သောက်ရင်
အိပ်မပျော်တဲ့ ဘေးထွက်ဆိုးကျိုး ရှိပါတယ်၊

Lopinavir ပါဝင်တဲ့ဆေးတွဲက မနက်ညသောက်ရ
တာဖြစ်လို့ မနက်ရော ညရော သောက်ရပါတယ်၊
အဆီပါဝင်မှုများတဲ့ အစားအသောက်နဲ့ အချိန်ခြား
သောက်သင့်ပါတယ်၊

Atazanavir ပါဝင်တဲ့ဆေးတွဲ ဆိုရင် အစာနဲ့အတူ
သောက်သင့်ပါတယ်၊ မနက် ညအဆင်ပြေတဲ့အချိန်
သောက်လို့ရပြီး အစာစားပြီး သောက်သင့်ပါတယ်၊

မြန်မာနိုင်ငံမှာ အဓိက အသုံးပြုနေတဲ့ ဆေးဝါးတွေ
ထဲမှ အဓိက ဦးဆောင်ပါဝင်တဲ့ ဆေးဝါး (၄) မျိုးကို
ဖော်ပြပေးလိုက်ပါတယ်၊ သောက်သင့်တဲ့အချိန်တွေ
လည်းဖော်ပြပေးထားပါတယ်၊

အိပ်ချ်အိုင်ဗွီအထူးကု သမားတော်ကြီးတွေနဲ့ပြချင်
လို့ ဖြစ်စေ၊ အိပ်ချ်အိုင်ဗွီ ကုသတဲ့ ဆရာဝန်တွေနဲ့
ပြချင်လို့ဖြစ်စေ မေးမြန်းဆက်သွယ်လို့ရပါတယ်၊

Hotline ☎ 09775292602

31/08/2026

အိပ်ချ်အိုင်ဗွီပိုးရဲ့ အားနည်းချက်
အားသာချက်များအကြောင်း၊

လူတစ်ဦးမှ တစ်ဦးကို သွေး၊ သုတ်ရည်၊
မိန်းမကိုယ်အရည်များမှတဆင့် ကူးစက်
တတ်တဲ့ ဗိုင်းရပ်စ်ပိုး ဖြစ်ပါတယ်၊

ပေါက်ပြဲမှုမရှိတဲ့ အရေပြားကို ဖောက်ထွင်း
ဝင်ရောက်တာမျိုးမရှိပေမယ့် ပိုးပါဝင်မှုများ
တဲ့ သွေး၊ သုတ်ရည်၊ မိန်းမကိုယ်အရည်များ
နှင့် ထိတွေ့ရာမှ ပွတ်တိုက်မှုရှိ​ပြီး ပွန်းပဲ့နေတဲ့
အရေပြားမှတဆင့် ဝင်ရောက်ကူးစက်ပါတယ်၊

ကူးစက်ဝင်ရောက်လာတဲ့ အိပ်ချ်အိုင်ဗွီပိုးတွေ
က ခန္ဓာကိုယ်ရဲ့ ရောဂါတိုက်ဖျက်ရေးစနစ်ဖြစ်
တဲ့ သွေးဖြူဥတွေကို အဓိကဖျက်ဆီးပြီး မျိုးပွား
ပါတယ်၊ တနေ့တနေ့ကို ပိုးကောင်ရေ သန်းနဲ့ချီ
မျိုးပွားနိုင်ပါတယ်၊

မျိုးပွားမှု အလွန်များပြားတာ​ကြောင့် ပိုးအသစ်
တွေရဲ့ (၂၅) ရာခိုင်နှုန်းလောက်က မူလနဲ့မတူတဲ့
မျိုးကွဲတွေ ပါဝင်လာပါတယ်၊ ဒီလိုမျိုးကွဲတွေပါ
လာတာကြောင့်ပဲ အိပ်ချ်အိုင်ဗွီပိုးကို ပျောက်တဲ့
ဆေး မပေါ်နိုင်သေးတာဖြစ်ပါတယ်၊

ပိုးအသစ်တွေ ပွားများလာတိုင်း မူလနဲ့မတူတဲ့
ပိုးတွေပါလာတာကြောင့် အေအာတီဆေးကုသ
မှုမှာလည်း ဆေးကို အချိန်မှန်မှန် သောက်ဖို့လို
အပ်လာတာဖြစ်ပါတယ်၊

ဆေးသောက်မမှန်တာဖြစ်ရင် ဆေးနဲ့ထိတွေ့နေ
တဲ့ အိပ်ချ်အိုင်ဗွီပိုးတွေ (တနည်းအားဖြင့်) ဆေး
နဲ့ မျိုးပွားလို့မရအောင် ထိန်းချုပ်ထားတဲ့ ပိုးတွေ
ထဲမှ ဆေးကိုသိနေတဲ့ (တနည်းအားဖြင့်) ဆေးကို
ခံနိုင်ရည်ရှိနေတဲ့ ပိုးအသစ်တွေ ပွားများလာနိုင်လို့
ဖြစ်ပါတယ်၊

ဒါပေမယ့် ဆေးကိုလုံးဝမသောက်တော့ပဲ ရပ်လိုက်
ပြီးမှ ပြန်သောက်တဲ့သူတွေမှာ မူလသောက်နေကြ
ဆေးနဲ့ပဲ အဆင်ပြေတာကိုလည်း တွေ့နေရပါတယ်၊
ဒါဟာလည်း အိပ်ချ်အိုင်ဗွီပိုးရဲ့ မူလနဲ့မတူတဲ့ မျိုးကွဲ
တွေကြောင့် ဖြစ်ပါတယ်၊

အေအာတီဆေးကို အချိန်မှန်မှန်မသောက်ပဲ သောက်
လိုက် မသောက်လိုက်လုပ်သူတွေမှာ ဆေးယဥ်ပါးတဲ့
ပိုးတွေ မွေးဖွားလာနိုင်ပေမယ့် ဆေးကိုလုံးဝမသောက်
ပဲ (၂) နှစ် (၃) နှစ်ကြာမှ ပြန်သောက်သူတွေမှာတော့
ဆေးယဥ်ပါးတာမျိုး မတွေ့ရပါဘူး၊

အိပ်ချ်အိုင်ဗွီပိုးရဲ့ အားသာချက်က မျိုးပွားမှုများတယ်၊
မျိုးကွဲတွေပါဝင်လာတယ်၊ အများကြီးမျိုးပွားပြီး သက်
တမ်းတိုတယ်၊ ဒီအားသာချက်တွေကြောင့် ပျောက်ဆေး
မပေါ်နိုင်ပေမယ့် ဒါတွေကပဲ အေအာတီဆေးနဲ့ကုသတဲ့
အခါမှာ အားနည်းချက်တွေ ဖြစ်သွားပါတယ်၊

အိပ်ချ်အိုင်ဗွီပိုးအရှင်းမပျောက်ပေမယ့် အေအာတီဆေး
နဲ့ ကုသနိုင်တာကြောင့် ဆီးချို၊ သွေးတိုးလို ဆေးမှန်မှန်
သောက်ပြီး ထိန်းထားလို့ရတဲ့ နာတာရှည်ရောဂါအဆင့်
ဖြစ်နေပါပြီ၊

ကမ္ဘာပေါ်က ဆေး Company တွေက အေအာတီဆေး
တွေကို ဘယ်နှစ်နှစ်စာလောက် ကြိုတင်ထုတ်ထားပြီး
ပြီလို့ထင်သလဲ? ပျောက်ဆေးပေါ်တာနဲ့ အဲ့ဒီ့ဆေးဝါး
တွေကို ဘာလုပ်ပြစ်ရမလဲ? သူတို့လက်ထဲမှာ ပုံနေတဲ့
ဆေးဝါးတွေကို ဘယ်သွားသုံးရမလဲ? ဒါတွေကိုဖြေလို့
ရရင် အိပ်ချ်အိုင်ဗွီပိုး အရှင်းပျောက်တဲ့ ဆေးဆိုတာ
ဘယ်တော့ပေါ်မလဲ စဥ်းစားလို့ရနိုင်ပါလိမ့်မယ်၊

Hotline ☎ 09775292602

30/08/2026

အကာအကွယ်မဲ့ လိင်ဆက်ဆံမယ်ဆိုရင်၊

လိင်ဆက်ဆံဖော်မှာ လိင်မှတဆင့်ကူးစက်တဲ့
ရောဂါတွေရှိနေရင် ကူးစက်လာမှာဖြစ်ပါတယ်၊

ကာလသားရောဂါ၊ ဂနို၊ ကလင်မိုင်ဒီးယားပိုး၊
ကြွက်နို့၊ ရေယုန်၊ အိပ်ချ်အိုင်ဗွီပိုး၊ ဘီပိုး စတဲ့
ရောဂါတွေ ကူးစက်လာနိုင်ပါတယ်၊

အချို့သောရောဂါတွေကို ပျောက်ကင်းအောင်
ကုသလို့ရနိုင်ပေမယ့် အချို့သောရောဂါတွေကို
ထိန်းထားလို့ပဲရနိုင်ပါတယ်၊

ဒါကြောင့် အကြောင်းမသိတဲ့သူနဲ့ လိင်ဆက်ဆံ
မယ်ဆိုရင် အကာအကွယ် စနစ်တကျသုံးပါ၊
အကာအကွယ်ပေါက်ပြဲသွားရင် မသုံးဖြစ်ရင်
(၇၂) နာရီအတွင်း လိုအပ်တဲ့ကာကွယ်မှုတွေ
ရရှိအောင် ဆောင်ရွက်ရပါမယ်၊

Hotline ☎ 09775292602

Website

Address

Yangon