Tech Attic

Tech Attic

Share

Your Trusted IT Electronic Store 🛒💻

Photos from Tech Attic's post 21/06/2026

🦖Midrange Killer Laptop လို့ခေါ်ရမဲ့ ASUS Vivobook Go 15 > ❗Instock [SALE]

ကျွန်တော်တို့ရပ်ကွက်လဲ ဒါပဲသုံးတယ်လို့ပြောလို့ရလောက်တဲ့ထိ လူသုံးများတဲ့ model ပါ။ 😆

✅အခုမှစသုံးတဲ့သူအတွက်လည်း ဈေးနှုန်းသင့်သလို ကျောင်းသုံး၊ ရုံးသုံးအတွက်လည်း အဆင်ပြေပါတယ်။

🧧ဈေးကွက်ထဲမှာ သိန်း20 ကျော်ပေါက်နေတဲ့ model ပါ။ Tech Attic မှာ Sale Price နဲ့ instock ရပါမယ်။

⭐Asus Vivobook Go series က တော်တော်များများ သဘောကျတဲ့ series ပါ။ စျေးတန်တန်နဲ့ premium ဒီဇိုင်းကာလာ ရပါတယ်။ ‌‌

🎖️Build Quality ကလဲ Military Standard MIL-STD-810H နဲ့လာတာမို့ အကြမ်းခံပါတယ်။


⚙️ Intel N305
● 8GB DDR4 ● 512GB PCIE SSD
🖥️ Full HD 15.6" Display - 1080p
(180° Hinge)
🛜 Wifi 6E , BT 5.3
🔌 IO Ports
2x USB, USB-C, HDMI, Audio

Price - 1,900,000 MMK

📦 Official Sealed ပါကင်ပိတ်ပါ။
🚛 ရန်ကုန်မြို့တွင်းဆို cash on delivery ရပါတယ်။
✅ Direct from Thailand Official Asus 🇹🇭

📌 Warranty 1 Year
ASUS Official Warranty ၁နှစ် ပေးပါတယ်။ အာမခံ ကာလ အတွင်း ကွဲကြေတာမျိုး မဟုတ်ဘဲ တစ်ခုခုဖြစ်ရင် Thailand ကို ပြန်ပို့ပေးပြီး အာမခံ ပြန်ယူပေးလို့ စိတ်ချလက်ချ ဝယ်ယူနိုင်ပါတယ်။

Photos from Tech Attic's post 18/06/2026

Sony XM6 | ‼️ SALES - PREORDER

ထိုင်းမှာ SONY ရဲ့ နောက်ဆုံးပေါ် flagship XM6 ကို SALE ချထားပါတယ်။ PRE-ORDER လက်ခံနေပါပြီ။

Noise Cancellation headphones ကောင်းကောင်းရှာနေတဲ့သူ‌တွေအတွက် ဒီဈေးနဲ့ကရှယ်ပါပဲ။ အရောင် 5 ရောင်ရပါမယ်။ အလုပ်ကို ကိုယ်အာရုံနဲ့ကိုယ် လုပ်ချင်တဲ့သူဖြစ်ဖြစ်၊ သီချင်းကောင်းကောင်းနားထောင်မဲ့သူဖြစ်ဖြစ် သဘောကျမှာပါ။

Price - 1,630,000 Ks
[50% Prepaid]
✅ ဦးဆုံး 3 လုံးကို COD အပြည့်ပေးပါမယ်။
✅ Official Warranty 2 Years
✅ Official SONY

Official Warranty အပြည့်အဝ ပါဝင်တာမို့ အာမခံကာလအတွင်း တစ်စုံတစ်ရာ ချို့ယွင်းမှုရှိပါက သက်ဆိုင်ရာ Official Service Center / Store တွေမှာ အာမခံ (Warranty) Claim ပေးပါတယ်။ စစ်မှန်ကြောင်း ရာနှုန်းပြည့် အာမခံတာမို့ ယုံကြည်စိတ်ချစွာ အားပေးနိုင်ပါတယ်ဗျာ။

⚠️ မှတ်ချက်: အကန့်အသတ်နဲ့ပဲ လက်ခံမှာမို့ Order တင်ချင်တယ်ဆိုရင် Message Box (သို့) ဖုန်းနံပါတ် 09762225100 ကို အမြန်ဆုံး ဆက်သွယ်လိုက်ပါဗျာ။

Photos from Tech Attic's post 09/06/2026

ဒီနှစ် DELL XPS.13 လေး လှချက်ပဲ 😘
Macbook NEO ရဲ့ ပြိုင်ဖက်လေး $699 နဲ့ဈေးဖွင့်

အဝယ်ဖွင့်လို့ Sale price နဲ့‌ ပေးရင် လူကြီးမင်းတို့ကို တကယ်တန်တဲ့ဈေးနဲ့ ရောင်းပေးပါမယ်။

08/06/2026

Computer အသစ်ဝယ်ပြီဆိုတာနဲ့ သွင်းကိုသွင်းသင့်တဲ့ software 5မျိုး

ဒီ applications တွေဟာ computer သုံးပြီဆိုတာနဲ့ တချိန်မဟုတ် တချိန်အသုံးတည့်မဲ့ အလွန်အသုံးဝင်တဲ့ applications တွေပါ။ Free လဲဖြစ်ရမယ်၊ official လဲဖြစ်ရမယ်၊ reliable လဲဖြစ်ရမယ်ဆိုတဲ့ဟာတွေပါ။
Ads မပါတဲ့ လုံးဝ အခမဲ့ software တွေလဲဖြစ်ပါတယ်။

> Chrome
ပထမဆုံးသွင်းသင့်တဲ့ software ပါ။
ပါပြီးသား Edge browser က ကောင်းလာတယ်ဆိုပေမဲ့ Google Chrome ကတော့ Extension အစုံအလင်ရရှိမှုနဲ့ Google Ecosystem တစ်ခုလုံး ချိတ်ဆက်အသုံးပြုနိုင်မှုတို့မှာတော့ မယှဉ်နိုင်ပါဝူး။
Google account တစ်ခုထဲနဲ့ Log in ဝင်လိုက်ရုံနဲ့ လူကြီးမင်းရဲ့ ဖုန်း ဒါမှမဟုတ် အခြားdevices တွေမှာ သိမ်းထားခဲ့တဲ့ Bookmarks တွေ၊ Passwords တွေ History တွေနဲ့ ဖွင့်ထားတဲ့ Tab‌ တွေပါ Sync လုပ်ပြီးသား ဖြစ်သွားစေပါတယ်။
> VLC
Windows မှာ ပါပြီးသား Media Player က ဗီဒီယိုဖိုင် အမျိုးအစား အကုန်ဖွင့်မရပါဝူး။
VLC က ဘယ်လို ဗီဒီယိုဖိုင်မျိုးမဆို (ပျက်စီးနေတဲ့ ဖိုင်တွေအပါအဝင်) အကုန်လုံးကို ဖွင့်ပြနိုင်စွမ်း ရှိပါတယ်။

> 7Zip
OS ကဖိုင်တွေကို ZIP ချုံ့တာ၊ ဖြေတာလောက်ပဲ လုပ်နိုင်ပြီး အင်တာနက်က ဒေါင်းလုဒ်ဆွဲလို့ရတဲ့ .rar သို့မဟုတ် .iso ဖိုင်အမျိုးအစားတွေကို မဖွင့်တတ်ပါဘူး။
7Zip နဲ့ဆို compression တိုင်းကို Right-click menu ထဲမှာတင် အလွယ်တကူ ချုံ့တာ၊ ဖြေတာ လုပ်လို့ရပါတယ်။

> GSuite
လူကြီးမင်းရဲ့ အရေးကြီးဖိုင်တွေကို စက်ထဲမှာတင် သိမ်းမထားဘဲ Cloud ပေါ်မှာ Backup (အရန်သိမ်း) လုပ်ဖို့နဲ့ သူငယ်ချင်းတွေနဲ့ တစ်ချိန်တည်း တွဲဖက်အလုပ်လုပ်နိုင်ဖို့ လိုအပ်ပါတယ်။
Google ရဲ့ (Docs, Sheets, Drive) ကို သုံးခြင်းအားဖြင့် သင့်ဖိုင်တွေကို စက်ပျက်သွားရင်တောင် မပျောက်ပျက်အောင် Cloud ပေါ်မှာ အလိုအလျောက် သိမ်းဆည်းပေးထားပြီး ဖုန်းကနေဖြစ်စေ၊ တခြားကွန်ပျူတာကနေဖြစ်စေ အလွယ်တကူ ပြန်ဖွင့်သုံးနိုင်ပါတယ်။

> ရုံးလုပ်ငန်းသုံး အတွက် Office Software
- Microsoft Office သို့မဟုတ် LibreOffice

စာရိုက်တာ၊ စာရင်းတွက်တာနဲ့ Presentation ပြုလုပ်ဖို့အတွက် ရုံးလုပ်ငန်းသုံးဆော့ဖ်ဝဲက ကွန်ပျူတာတိုင်းမှာ မရှိမဖြစ်လိုအပ်ပါတယ်။ GSuite နဲ့လဲ အဆင်ပြေပါတယ်။ ကျွန်တော်တော့ MS Office ထက် GSuite သုံးရတာပိုကြိုက်ပါတယ်။ Microsoft Office ကတော့ လစဉ်ကြေးပေးသွင်း ရပါတယ်။ ဒီမှာ အများစုက ဖောက်ပြီးသုံးကြပါတယ်။
LibreOffice ကတော့ လုံးဝ Free ရတဲ့ Open-source အမျိုးအစားဖြစ်ပြီး စက်ထဲမှာတင် Offline သုံးနိုင်ပါတယ်။ Word နဲ့ Excel ဖိုင်တွေကို ပိုက်ဆံတစ်ပြားမှ ပေးစရာမလိုဘဲ အဆင်ပြေပြေ ဖွင့်ဖတ်/ပြင်ဆင်နိုင်ပါတယ်။ Crack မသုံးချင်တဲ့ သူတွေအဖို့တော့ အားထားရာပါပဲ။

Photos from Tech Attic's post 24/04/2026

Headphones တွေထဲမှာ အရေးကြီးဆုံးက ဘာလဲဆိုရင် comfort ပါပဲ။

Ear pads က quality မကောင်းရင် နား ၂ ဖက်ကို အပြည့်အုပ်ထားတဲ့အခါ အရမ်းကျပ်ပြီး နာတဲ့အထိ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မင်မင်ဆို headphones ဝယ်ရင် design နဲ့ material ကို အရမ်း ဂရုစိုက်ဝယ်ရပါတယ်။

အခု ကိုယ်တိုင်သုံးနေပြီး တကယ်လဲ အဆင်ပြေတဲ့ headphones က Sony ရဲ့ WH-CH520 Bluetooth headphones ပါ။ Sony ဆိုတော့ sound quality က ပြောစရာမလိုအောင် ရှယ်ပဲလေ။ ဒီကောင်လေးက ဈေးလဲ သိပ်မကြီးပဲ ကိုယ်ပြန်ရတာနဲ့ တန်တယ်ပြောရမယ်။ နိုင်ငံခြားမှာဆို လှပြီး ပေါ့လို့ နာမည်ကြီးတဲ့ design ပါ။ Battery life က နာရီ ၅၀ ထိခံပြီး ၃ မိနစ်အားသွင်းတာက ၁ နာရီခွဲတောင် ပြန်သုံးလို့ရပါတယ်။

အကြိုက်ဆုံးကတော့ အိစက်နေတဲ့ ear pads ပါ။ ဘာလို့လဲဆို တစ်နေကုန် တပ်ထားတာတောင် နားမနာလို့ပါ။

Sony ဆိုတဲ့အတိုင်း သူတို့သုံးထားတဲ့ DSEE technology ကြောင့် သီချင်းသံတွေက အပြင်မှာ တကယ်ကြားနေရသလို ကြည်လင်တဲ့ထိပါပဲ။

Price: 250,000 MMK
Available colours: white, black, pink, blue, beige, yellow
📌 Warranty: 1 year

🎯 Pre-order မို့လို့ half-prepaid ပါရှင့်
waiting time: 1 week

✅ Full packaging and Sealed ပါကင်ပိတ်ပါရှင့်
✅ 100% authentic
✅ Direct from Official SONY Thailand

04/04/2026

တလောက ပစ္စည်းကုန်သွားတဲ့ အလှလေး ဒီနေ့ပဲ ပစ္စည်းပြန်ဝင်ပါပြီ။

Asus ရဲ့ best seller ဖြစ်တဲ့

Asus Vivobook Go 15
Intel core i3
8GB/512GB
Instock ❗

✅ Full packaging and Sealed ပါကင်ပိတ်ပါရှင့်
✅ 100% authentic
✅ Direct from Official ASUS Thailand

27/03/2026

Rate လေးတက်လို့ စျေးနှုန်းအပြောင်းအလဲရှိပါတယ်ရှင်။

Photos from Tech Attic's post 04/03/2026

Apple က အသစ် မိတ်ဆက်လိုက်တဲ့ MacBook Neo

$600 နဲ့ စ‌ရောင်းတာမို့ Mid range နေရာကို ဦးတည်ပြီးထွက်လာတဲ့ ကောင်လေးပါ။ A18 pro chip ကိုသုံးထာပါတယ်။
Windows Mid-range Killer ဖြစ်လာမှာပါ။
Aluminum body ၊ Liquid Ratina Display
Port တွေကတော့ Type C နဲ့ နာကြပ်ပေါက်ပါ ပါတယ်။

Apple Silicon Chip တွေက Intel, AMD တို့ထက် battery နဲ့ efficiency ပိုင်းမှာ အပြတ်အသတ်အနိုင်ရထားတာမို့ daily usage ကနေ professional usage ထိ ‌အဆင်ပြေပါတယ်။ 27သိန်းဝန်းကျင်မှာ Windows, Linux သုံးရမဲ့ အကြောင်းပြချက်မရှိရင် သူ့ပဲရွေးသင့်‌ လောက်အောင်ထိ ကြမ်းတဲ့ကောင်ပါ။

အရောင် ၄ ရောင်နဲ့လာမယ်လို့‌ ပြောပါတယ်။
Silver, Blush, Vitrus, Indigo

Apple က ‌စဝယ်လို့ရပြီးဆိုရင် ကျွန်တော်တို့ဆိုင်မှ ဈေးတန်တန်နဲ့ ရအောင် ရောင်းပေးပါမယ်။

Photos from Tech Attic's post 26/02/2026

ပုံမှန်ဆို ၁ သိန်းကျော်တဲ့ နာမည်ကြီး ပန်ကာကို ၆ သောင်းကျော်နဲ့ရမဲ့ SALE ပါ‼️

JisuLife Bladeless Neck Fan Life1 SALE‼️

ရုပ်ရှင်တွေထဲမှာ တွေ့နေကျ လည်ပင်းမှာ တပ်ထားလို့ရတဲ့ hands-free ပန်ကာပါ။ မင်းသား၊ မင်းသမီး တော်တော်များများ သုံးတာလဲ တွေ့ဖူးမှာပါ။
နွေရာသီလဲ ရောက်တော့မှာမို့လို့ ပန်ကာတွေလဲ ဈေးတက်တော့မယ်။ Sale ရှိတုန်း ဝယ်ထားသင့်တဲ့ ပစ္စည်းပါနော်။

Speed 4 ဆင့်နဲ့ ကြိုက်သလို ချိန်ညှိလို့ရတယ်။ ခေါက်လို့လဲရတယ်။ လှည့်လို့လဲရတယ်။ Type C နဲ့လဲ အားသွင်းလို့ရတယ်။ ပေါ့ပါးတဲ့အပြင် ပုံမှန် fan တွေလို blade မပါတာမို့ ပိုလုံခြုံပါတယ်နော်။

ဒီ rechargeable fan လေးက hands-free မို့လို့ အပြင်သွားရင် လွှတ်လွှတ်လပ်လပ် ယူသွားလို့ရတယ်။ တစ်ခုခုလုပ်နေတာတို့ဆိုလဲ လေအေးလေး တဖြူးဖြူးနဲ့ လုပ်လို့ရပါတယ်။

Available colours: silver gray, mint green, desert brown
Price: 65,000 MMK

🎯 Pre-order မို့လို့ half-prepaid ပါရှင့်
waiting time: 1 week

✅ Full packaging and Sealed ပါကင်ပိတ်ပါရှင့်
✅ 100% authentic
✅ Direct from Official JisuLife Thailand

Photos from Tech Attic's post 21/02/2026

ဒီပစ္စည်းလေး အရမ်းအမေးများနေလို့

Fantech Cruiser WG11 silent pro gaming mouse
ကို sale price 60,000 ကျပ် နဲ့ ဝယ်လို့ရနေပါပြီ။

Gaming mouse အမိုက်စား wireless ကိုမှ ရှယ်မြန်တာ လိုချင်တယ်၊ budget သိပ်အများကြီးလဲ မသုံးချင်ဘူးဆိုတဲ့သူတွေ အတွက် အသင့်တော်ဆုံး mouse ပါ။
Response မြန်တဲ့အပြင် silent click လဲ ဖြစ်လို့ gamers တွေကြား နာမည်ကြီးတဲ့ mouse ဆိုတာ အထူးတလည် ပြောစရာမလိုတော့ပါဘူး။
Dpi ကို 800-1600-2400 dpi ဆိုပြီး ကြိုက်သလို ချိန်ညှိလို့ရပါတယ်။ Fantech ရဲ့ အထူးနည်းပညာဖြစ်တဲ့ PIXART gaming sensor သုံးထားလို့ တိကျမြန်ဆန်ပြီး battery ပိုကြာကြာခံပါတယ်။

Price: 60,000 MMK
Available colours: white, black
📌 Warranty: 2 years

🎯 Pre-order မို့လို့ half-prepaid ပါရှင့်
waiting time: 1 week

✅ Full packaging and Sealed ပါကင်ပိတ်ပါရှင့်
✅ 100% authentic
✅ Direct from Official Fantech Thailand

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon