Ad Ascent
Live Sale Boost လုပ်သူများခင်ဗျာ $50 အထက် ငွေကြိုချေရပါမည်။
30/08/2026
ဒီဂျစ်တယ်မားကတ်တင်းဆိုတာ data နဲ့ logic ပေါ်မှာ ရပ်တည်နေတဲ့ စနစ်တစ်ခုပါ။ ဒါပေမဲ့ မြေပြင်လက်တွေ့မှာတော့ ဒီစနစ်ရဲ့ အနှစ်သာရကို သဘောမပေါက်ဘဲ အလွယ်တကူ ပုံတူကူးလုပ်ကိုင်နေကြတဲ့ အလွှာနှစ်ခုကို နေ့စဉ်လိုလို တွေ့နေရပါတယ်—တစ်ခုက ရည်မှန်းချက် (Goal) ကိုယ်တိုင်က ဘာမှန်းမသိဘဲ ငွေဖြုန်းနေတဲ့ Client တွေ၊ နောက်တစ်ခုကတော့ ခေတ်မီတဲ့ attribution တွေ၊ algorithm အပြောင်းအလဲတွေကို လိုက်မမီတော့ဘဲ ပုံစံဟောင်းအတိုင်း လျှောက် run နေတဲ့ Service Provider (Run တဲ့သူ) တွေ ပါပဲ။
၁။ Target Goal ကိုယ်တိုင်က မသဲကွဲဘဲ Budget ပစ်ထည့်နေကြတဲ့ Client များ
ပထမဆုံး တွေ့ရတဲ့ အကြီးမားဆုံး အမှားကတော့ Business Goal နဲ့ Campaign Objective ကို ရောထွေးနေတာပါပဲ။ Client အများစုဟာ "Like များရင် ပစ္စည်းရောင်းရမယ်" ဆိုတဲ့ ရှေးရိုးစွဲ အမြင် (Vanity Metrics Mindset) ကနေ လုံးဝမလွတ်မြောက်သေးပါဘူး။ Post တစ်ခုကို Like တွေ၊ View တွေ အများကြီးဝင်လာတာနဲ့ Business Conversion တန်းဖြစ်လာမယ်လို့ ထင်နေကြဆဲပါ။
တကယ်တမ်းမှာတော့ Like ဆိုတာ Engagement သက်သက်သာ ဖြစ်ပြီး၊ Purchase သို့မဟုတ် Lead ဆိုတာကတော့ Conversion Funnel ရဲ့ လုံးဝခြားနားတဲ့ အဆင့်တစ်ခုပါ။ အပေါ်ယံ အလှပြ ဂဏန်းတွေ (Vanity Metrics) များနေရုံနဲ့ ROI (Return on Ad Spend) ကောင်းလာစရာ အကြောင်းမရှိပါဘူး။ ကိုယ့်ရဲ့ အမှတ်တံဆိပ်ကို လူသိများအောင် (Brand Awareness) လုပ်ချင်တာလား၊ တကယ်တမ်း ဝယ်ယူမယ့်သူတွေကို ဦးတည်ချင်တာလား (Conversion / Sales Objective) ဆိုတာကို ကွဲကွဲပြားပြား မသိဘဲ "Boost လိုက်ရင် ပြီးရော" ဆိုတဲ့ ပုံစံနဲ့ ဘတ်ဂျက်တွေကို ရေစုန်မျောနေကြတာဟာ လက်ရှိအကြီးဆုံး ဆုံးရှုံးမှုပါပဲ။
၂။ လုပ်သက်သာကြာပြီး ခေတ်နောက်ကျနေတဲ့ Service Provider တွေရဲ့ နည်းနာမှားများ
ဒီနေရာမှာ ပိုဆိုးတာကတော့ တချို့သော service provider တွေ (လုပ်သက်အရမ်းကြာပြီလို့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေကြတဲ့သူတွေအထိပါ) ရဲ့ အလုပ်လုပ်ပုံပါပဲ။ ရိုးရှင်းတဲ့ Engagement Campaign တွေ (သို့) Reach Campaign တွေကိုပဲ ပုံစံခွက်ထဲထည့်ပြီး အမြဲတမ်း run ပေးနေတတ်ကြပါတယ်။
Algorithm က အမြဲတမ်း ပြောင်းလဲနေတယ်။ Meta ရဲ့ Attribution Models တွေ၊ Machine Learning က အလုပ်လုပ်ပုံတွေ တိုးတက်လာချိန်မှာ
တစ်ချို့ကအခုချိန်ထိခေတ်နောက်ကျတဲ့ တူညီတဲ့ နည်းလမ်းဟောင်းအတိုင်းပဲ ဆက်လုပ်နေကြဆဲပါ။
* Audience ရဲ့ Buying Behavior ကို လေ့လာပြီး Custom Audience နဲ့ Lookalike Audience တွေကို data-driven ဖြစ်ဖြစ် တည်ဆောက်ဖို့ ပျက်ကွက်နေတယ်။
Funnel Marketing ရဲ့ သဘောတရားကို နားမလည်ဘဲ လူတိုင်းကို ပစ္စည်းပြတင်းပေါက် တန်းပြနေတာကြောင့် Cost Per Acquisition (CPA) တွေ မြင့်တက်လာပြီး ရလဒ်ကတော့ သုညပါပဲ။
တကယ်တမ်း မှန်ကန်တဲ့ Media Buying Approach က ဘယ်လိုဖြစ်သင့်သလဲ?
ကျွမ်းကျင်တဲ့ Media Buyer တစ်ယောက်ရဲ့ ပုံစံက အပေါ်ယံ Like တွေကို လိုက်လိုက်ဖမ်းနေတာမျိုး မဟုတ်ပါဘူး။ အောက်ပါ Technical Framework တွေအတိုင်း စနစ်တကျ ချဉ်းကပ်ရပါတယ်—
* Full-Funnel Strategy: Awareness, Consideration, Conversion ဆိုတဲ့ အဆင့်သုံးဆင့်ကို ပရိသတ်ရဲ့ Buyer Journey နဲ့ ကိုက်ညီအောင် အပိုင်းလိုက် ခွဲထုတ် run ရပါတယ်။
* Data-Driven Optimization: ရလာတဲ့ CBO (Campaign Budget Optimization) data တွေ၊ ROAS metrics တွေကို အခြေခံပြီး A/B testing တွေနဲ့ အမြဲတမ်း တုံ့ပြန်ပြောင်းလဲနေရပါတယ်။
* Audience Segmentation: ကျယ်ပြန့်လွန်းတဲ့ Cold Audience တွေဆီ လေထဲတိုက်ိမ်ဆောက်တာထက်၊ Retargeting နဲ့ Custom Audiences တွေကို အဓိက အသုံးချပြီး Conversion Rate ကို မြင့်မားလာအောင် တည်ဆောက်ရပါတယ်။
ဈေးကွက်ထဲမှာ ငွေကုန်ကြေးကျများပြီး အကျိုးအမြတ်မထွက်တာဟာ ကံတရားကြောင့် မဟုတ်ပါဘူး။ မှားယွင်းတဲ့ ရည်မှန်းချက်နဲ့ မှားယွင်းတဲ့ နည်းပညာပိုင်းဆိုင်ရာ ချဉ်းကပ်မှုတွေ ပေါင်းစပ်သွားလို့ပါပဲ။ တကယ်တမ်း ရေရှည်ရှင်သန်ချင်တယ်ဆိုရင်တော့ အပေါ်ယံ ဂဏန်းလှလှလေးတွေနောက်ကို လိုက်မယ့်အစား တကယ့် Data-Driven ဖြစ်တဲ့ Digital Marketing စနစ်ဆီကို ဦးတည်ပြောင်းလဲကြဖို့ အချိန်တန်ပါပြီ။
24/08/2026
Live Sale ရောင်းနေရက်နဲ့ ဈေးမရောင်းရတာ၊ အဝယ်မလိုက်တာတွေ ကြုံနေရပြီလား? 📉💔
Views တွေသာ တက်နေပြီး Comment မန့်တဲ့သူ၊ ဝယ်ယူသူ မရှိလို့ ကင်မရာရှေ့မှာ စိတ်ဓာတ်ကျနေတယ်ဆိုရင် ဒီ Post က သင့်ရဲ့အခက်အခဲတွေကို တိကျတဲ့ နည်းလမ်းနဲ့ ဖြေရှင်းပေးပါလိမ့်မယ်။ ✨💡
(ဒီ Post က အခက်အခဲဖြစ်နေတဲ့ Online Seller တွေအတွက် ဦးတည်ပြီး အသေးစိတ် ရေးထားတာဖြစ်လို့ စာရှည်နိုင်ပါတယ်။ မလိုအပ်တဲ့သူများ ကျော်သွားနိုင်ပါတယ်ခင်ဗျာ။) 📌
Live Boosting သက်တမ်း ၂ နှစ်ကျော်အတွင်း လက်လီ၊ လက်ကား ဒိုင်ကြီးများစွာရဲ့ Campaign တွေကို နေ့စဉ်မပြတ် Run ပေးနေတဲ့ လက်တွေ့အတွေ့အကြုံအရ — Live တစ်ခု အောင်မြင်ဖို့ဆိုတာ အဝယ်မပါတဲ့ Views အပေါ်ယံ အရေအတွက် များပြားရုံနဲ့ ဘယ်တော့မှ မလုံလောက်ပါဘူး။ 📊❌
အများစု မှားတတ်ကြတဲ့ Video Views Campaign တွေဆိုတာ Meta Algorithm က ဗီဒီယိုကို စက္ကန့်အနည်းငယ် ကြည့်ပြီး အလွယ်တကူ Scroll Down လုပ်သွားတတ်တဲ့သူတွေဆီကိုပဲ အဓိက ပို့ပေးတာပါ။ သူတို့ဆီမှာ စိတ်ဝင်တစား Comment မန့်မယ့်သူ (သို့) အမှန်တကယ် ဝယ်ယူမယ့် Buyer Intent (ဝယ်လိုအား) မရှိကြပါဘူး။ 📱🚫
ဒီတော့ ငွေကုန်လူပန်းမဖြစ်စေဘဲ တကယ့် Buyer အစစ်တွေဆီ ဘယ်လိုရောက်အောင် လုပ်မလဲ? 🎯🔥
ကျွန်တော်တို့ဆီမှာ ရိုးရိုး Boost ခလုတ်လေး နှိပ်ပြီး Run ပေးတာမျိုး မဟုတ်ပါဘူး။ Technical & Data-Driven ဆန်ဆန် စနစ်တကျ အခုလို Plan ချပြီး လုပ်ဆောင်ပေးတာပါခင်ဗျာ —
၁။ ပထမဆုံးအနေနဲ့ ကိုယ့် Product ကို တကယ်စိတ်ဝင်စားပြီး ဝယ်ယူနိုင်ခြေအရှိဆုံး Active Buyer တွေကို ရှာဖွေဖို့ နည်းပညာအရ Meta ရဲ့ Audience Segmentation (Audience Segments) စနစ်ကို အသုံးပြုပြီး စိတ်ဝင်စားသူနဲ့ တကယ့်ဝယ်လက် စတဲ့ အလွှာအလိုက် တိကျစွာ ခွဲခြားသတ်မှတ် (Segment) ပြုလုပ်ပေးပါတယ်။ 🎯👥
၂။ အလဟဿဖြစ်စေတဲ့ Views သက်သက် Objective မျိုး မသုံးဘဲ Productsကိုစိတ်ဝင်စား
သူ၊ Engagement နဲ့ High Purchase Intent (ဝယ်လိုအား) အမှန်တကယ်ရှိတဲ့ Audience တွေဆီ တိုက်ရိုက်ရောက်အောင် Algorithm နဲ့ Campaign Structure ကို အဆင့်ဆင့် ချိတ်ဆက်ပေးပါတယ်။ ⚙️📈
၃။ Live စလွှင့်တာနဲ့ ကင်မရာရှေ့မှာ ပစ်မထားဘဲ Real-Time Traffic စောင့်ကြည့်ပြီး Budget နဲ့ Bidding တွေကို အချိန်နဲ့တစ်ပြေးညီ ချိန်ညှိ (Adjust) ပေးတာကြောင့် အလေအလွင့်မရှိစေပါဘူး။ ⏱️📊
၄။ Commentမန့်သူ၊ ဈေးမေးသူနဲ့ အမှာစာ (Orders) အမှန်တကယ် ပေးမယ့်သူတွေဆီကိုပဲ ဦးတည်ပြီး Run ပေးတာမို့ Conversion Rate ကို အမြင့်ဆုံး ရရှိစေမှာပါ။ 💬📦
၅။ Campaign တိုင်းကို Data Tracking စနစ်တကျ ပြုလုပ်ပြီး အကြိမ်ကြိမ် စမ်းသပ်လေ့လာထားတဲ့ အကောင်းဆုံး Strategy တွေနဲ့သာ Run ပေးတာဖြစ်လို့ စိုက်ထုတ်ရတဲ့ Budget တိုင်းအတွက် အထိရောက်ဆုံး ရလဒ်ကို ပြန်ရစေပါတယ်။ 🧪📑
စမ်းတဝါးဝါးနဲ့ Ad Budget တွေ အလဟဿဖြစ်မယ့်အစား သင့်ရဲ့ Live Sale ကို ပရော်ဖက်ရှင်နယ်ကျကျ Scale လုပ်ပြီး ရောင်းအားတက်ချင်တယ်ဆိုရင်တော့ အခုပဲ Page Messenger ကနေ အသေးစိတ် ဆက်သွယ်တိုင်ပင်နိုင်ပါပြီခင်ဗျာ။ 📥🚀
19/07/2026
လက်ရှိမှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ Meta ရဲ့ Ads Manager System (PC Version ရော Mobile App ပါ) Global Server Outage (ဆာဗာပြတ်တောက်မှု) နဲ့ Technical Glitch (စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု) ဖြစ်ပေါ်နေပါတယ်။
ဒါကြောင့် လက်ရှိ run ထားတဲ့ Like Campaign တွေ၊ Ads Campaign တွေရဲ့ Metrics dashboard ကို ဝင်ရောက်စစ်ဆေးလို့မရသလို၊ Campaign အသစ်တွေ Boost ဖို့နဲ့ Setup လုပ်ဖို့ပါ လုံးဝဝင်ရောက်လို့မရဘဲ System Downtime ဖြစ်နေပါတယ်။
ဒီအခြေအနေက ကျွန်တော်တို့ page ဘက်က error မဟုတ်ဘဲ Facebook (Meta) ရဲ့ ဗဟိုဆာဗာပိုင်းဆိုင်ရာ အမှားအယွင်း (Platform-wide Issue) ဖြစ်တဲ့အတွက် Meta နည်းပညာအဖွဲ့ကနေ ပြန်လည်ပြုပြင်ပြီး normal server status ပြန်ရသည်အထိ ခေတ္တစောင့်ဆိုင်းရမယ့် အနေအထား ဖြစ်နေပါတယ်။
Ads အပ်နှံထားတဲ့ လူကြီးမင်းတို့အနေနဲ့ လုပ်ငန်းအခြေအနေများ ကြန့်ကြာမှုမရှိစေရန်အတွက် Facebook ဘက်က စနစ်ပြန်ပွင့်တာနဲ့တစ်ပြိုင်နက် လုပ်ငန်းစဉ်များကို အမြန်ဆုံး ဆက်လက်လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအခြေနေမတိုင်ခင်က Live Sale တွေ Run ထားတဲ့သူတွေအတွက်လည်း Ad Pause လုပ်မရတာကို နားလည်ပေးစေချင်ပါတယ်ခင်ဗျာ။
အဆင်မပြေမှုများအတွက် အားနာမိပါတယ်ခင်ဗျာ။ စနစ်ပြန်လည်ကောင်းမွန်လာပါက ထပ်မံအကြောင်းကြားပေးပါမည်။
19/07/2026
"တစ်လစာအတွက် Contentအပုဒ် (၂၀) ရေးပေးမယ့်အပြင်၊ $30 ဘတ်ဂျက်စာ Ads ပါ တစ်ခါတည်း စနစ်တကျ Run ပေးမယ့် All-in-One Package သတင်းကောင်းပါရှင်။" 📢
ကုန်ပစ္စည်း ဘယ်လောက်ကောင်းကောင်း Marketing ပိုင်းကို အချိန်မပေးနိုင်ဘဲ လမ်းကြောင်းမှားနေရင် ရောင်းအားက တက်မလာပါဘူး။ ❌ ဒါကြောင့် အစ်ကိုတို့၊ အစ်မတို့ရဲ့ ဒီ Pain Point တွေကို အမြစ်ပြတ်သွားအောင် Marketing အပိုင်းကို Ad Ascent က အခုလို တာဝန်ယူပေးပါရစေ။🤝
📌 ဒီ Package ထဲမှာ ဘာတွေပါမလဲ?
📝 ၁ လစာ Content အပုဒ်(၂၀) တင်ပေးခြင်း:
အလုပ်ရှုပ်နေတဲ့ အစ်ကိုတို့၊ အစ်မတို့ အချိန်ကုန်သက်သာစေဖို့ Customer တွေ ဖတ်လိုက်တာနဲ့ ရင်ထဲရောက်သွားမယ့် စိတ်ဝင်စားစရာ Storytelling စာသားတွေကို စနစ်တကျ ရေးသားပေးမှာပါ။
🚀 ၁ လစာ Full Boost Service ($30 ဘတ်ဂျက်အပါအဝင်):
Ads Run ရတာ ခေါင်းမကိုက်ပါနဲ့တော့ $30 တိတိကိုလည်း သက်ဆိုင်ရာ Content တွေအလိုက် အချိုးကျ Run ပေးမှာဖြစ်လို့ ရောင်းအားမတက်မှာ မပူရတော့ဘူး။
✨ Ad Ascent နဲ့ လက်တွဲရင် ဘာတွေ ပိုကောင်းသွားမလဲ?
၁။ အချိန်ပိုတွေ အများကြီး ထွက်လာမယ် ⏳ - Content ဘာရေးရမလဲ တွေးရတဲ့ အချိန်တွေကို သက်သာသွားစေပြီး လုပ်ငန်းတိုးချဲ့ဖို့နဲ့ အော်ဒါ Confirm လုပ်ဖို့ပဲ အေးဆေး အာရုံစိုက်လိုက်ပါ။
၂။ ရောင်းအားနဲ့ Engagement သိသိသာသာ တက်လာမယ် 📈 - Target မှန်မှန်နဲ့ Ads ရောက်သွားတဲ့အတွက် Page မှာ Message တွေ ပုံမှန်ဝင်လာပြီး အလုပ်တွေ ပိုတွင်လာမယ်။
၃။ Page ရဲ့ ယုံကြည်မှု တိုးလာမယ် ⭐ - စနစ်တကျရှိပြီး ဆွဲဆောင်မှုရှိတဲ့ တင်ဆက်မှုတွေကြောင့် Customer တွေက Page ကို မြင်တာနဲ့ ပိုပြီး ယုံကြည်လာပါလိမ့်မယ်။
Marketing မှာ အချိန်တွေ၊ ပိုက်ဆံတွေ ထပ်ပြီး အလဟဿ အဆုံးရှုံးမခံပါနဲ့တော့။ ⏳ ဒီအခွင့်အရေးက အချိန်အကန့်အသတ်ရှိလို့ အခုပဲ လက်ဦးမှု ယူလိုက်ပါ။
အသေးစိတ်နဲ့ စျေးနှုန်းလေးတွေ သိချင်တာရှိရင် Comment မှာ ( C20 ) မန့်ခဲ့ပေးပါ၊ Messenger မှာ အပြည့်အစုံ Auto ဖြေကြားပေးသွားမှာဖြစ်ပါတယ်ရှင်။ 💬
☎ 09774514542
05/07/2026
လူတိုင်း Meta ဆီမှာ Ad Budget တွေ ပုံအော၊ Live Boost ဖိုးတွေ အဆမတန် သုံးပြီး ရုန်းကန်နေရတဲ့အချိန်မှာ ထူးထူးဆန်းဆန်း အမှတ်မထင်ပဲတွေ့လိုက်ရတာတခုရှိတယ်။တစ်ခြားပလက်ဖောင်းတခုတည်းပေါ်မှာပဲ Ecosystem တစ်ခုဘက်ကို လမ်းကြောင်းခွဲပြီး စနစ်တကျတည်ဆောက်ပြီးကြိုးစားသွားတာ။
ပိုပြီးစိတ်ဝင်စားပြီးလေ့လာကြည့်တော့
အချိန် "၂ လ" အတွင်းမှာတင် Live လွှင့်တာကို ကြော်ငြာခ (Paid Ads) တစ်ပြားမှ မပေးရဘဲ အရှိန်ရအောင် လုပ်သွားတာ ကိုယ်တောင်မျက်လုံးပြူးသွားတယ်။ မြန်မာပြည်မှာအဲ့လို Run တဲ့လူလည်း လက်တစ်ဖက်မပြည့်သေးဘူးပြောရဲတယ်။Platform ရဲ့ Search Algorithm နဲ့ Evergreen Recommendation Engine ကို Leverage လုပ်ပြီး Target Audience ဆီ Auto ရောက်အောင် တွန်းပို့ထားတာ။ ရေရှည်အတွက် Asset တစ်ခုကို အခြေခိုင်အောင် စနစ်တကျ အချိန်ပေး တည်ဆောက်သွားတာ မြင်ရတာလည်းတကယ် သဘောကျဖို့ကောင်းတယ် သူတို့အတွက်မြင်နေရယုံနဲ့ပီတိဖြစ်တယ်။ကျွန်တော့်ဆီ အလုပ်လာအပ်တဲ့ Client တွေအကုန်လုံးကိုလည်း စျေးကွက်ထဲက ဒီလို ကစားကွက်မျိုးတွေကို မြင်စေချင်တာ။ Business တစ်ခု တည်ဆောက်တယ်ဆိုတာ ချက်ချင်းလုပ် ချက်ချင်းရလဒ်ထွက်ဖို့ထက် ရေရှည်ခိုင်မာမယ့် လမ်းကြောင်းကို စနစ်တကျ မြော်မြင်တတ်ဖို့က ပိုအရေးကြီးတယ်။
ဒါပေမဲ့ စိတ်ပျက်ဖို့ကောင်းတာတစ်ခုက (လူတိုင်းကို မဆိုလိုပါဘူး)၊ အချို့သူတွေကျတော့ ကိုယ့်လုပ်ငန်းအတွက် အချိန်ရော Energy ပါ ရင်းနှီးဖို့ တွန့်တိုနေကြတာ။ ကြားဖူးနားဝ အပေါ်ယံ အသိဉာဏ်လေးတွေနဲ့ လာလာဆရာလုပ်၊ ခေါင်းမာနေကြမှန်းမသိဘူး။ ကိုယ့်ဘက်က လုပ်ငန်းတိုးတက်စေချင်လို့ Strategy အသစ်တွေ အကြံပေးရင်လည်း အချိန်ကုန် လေကုန်တာပဲ အဖတ်တင်တယ်။ စေတနာနဲ့ သူတို့အကြိုက် လိုက်လုပ်ပေးနေရတာ ကြာတော့ ကိုယ်ပါ စိတ်ပင်ပန်းရတယ်။
ဒါကြောင့် နောက်ပိုင်းတော့ အရောမဝင်တော့ဘဲ Process တိုင်းကို ခပ်တန်းတန်းပဲ သွားပါတယ်။
ကြော်ငြာဖိုးတွေ အလဟဿ မဖြုန်းဘဲ နည်းပညာကို စနစ်တကျ ဘယ်လို Leverage လုပ်ရမလဲဆိုတာ သိတဲ့သူတွေအတွက်တော့ လမ်းကြောင်းက အမြဲရှင်းပါတယ်။ ဒီနေ့ တွေ့လိုက်ရတဲ့ Case Study ကတော့ မြန်မာပြည်က Online Business သမားတွေ အတုယူသင့်တဲ့ အခင်းအကျင်းသစ်တစ်ခုပါပဲ။
20/06/2026
March 17, 2026 ကစပြီး Meta ရဲ့ Ad ရလဒ်တွေ တိုင်းတာတဲ့ စနစ်မှာ အပြောင်းအလဲကြီးတစ်ခု ရှိလာပါတယ်။ အဓိကကတော့ အရင်က Post တစ်ခုကို Like, Share, Comment လုပ်တာတွေနဲ့ Website သို့မဟုတ် Messenger ဆီ သွားမယ့် Link ကို နှိပ်တာတွေ အားလုံးကို ရလဒ်တစ်ခုတည်းအနေနဲ့ စုပြီး ပြနေရာကနေ၊ အခုဆိုရင် Website/Messenger ဆီ တိုက်ရိုက်ဝင်ရောက်တဲ့ **Link Clicks** တွေကိုပဲ **Click-Through Attribution** အဖြစ် သီးသန့် ခွဲထုတ်လိုက်တာပါ။ ကျန်တဲ့ Like, Share, Comment စတဲ့ Social interaction တွေကိုတော့ **Engage-Through Attribution** ဆိုပြီး ပိုမို ရှင်းလင်းတိကျတဲ့ စနစ်သစ်အဖြစ် ခွဲခြားပေးလိုက်ပါတယ်။ ဒါတင်မကသေးဘူးနော်၊ အခုခေတ် လူတွေက Reels နဲ့ Video တွေကို မြန်မြန်ဆန်ဆန် ကြည့်ပြီး ဆုံးဖြတ်ချက် ချလာကြတဲ့အတွက်၊ ဗီဒီယို ကြည့်ရှုမှုအဆင့် (Engaged View) သတ်မှတ်ချက် ကာလကိုလည်း ၁၀ စက္ကန့်ကနေ **၅ စက္ကန့်** အထိ လျှော့ချပေးလိုက်ပါတယ်။ ဒီပြောင်းလဲမှုဟာ Google Analytics တို့လို Third-party tools တွေနဲ့ Data ချင်း ပိုမို ကိုက်ညီလာစေပြီး၊ Meta Algorithm ကလည်း ဘယ်သူက စိတ်ဝင်စားမှု အစစ်အမှန် ရှိလဲဆိုတာကို ပိုမို မြန်ဆန်စွာ သိရှိနိုင်စေတဲ့အတွက် ကမ်ပိန်းတွေရဲ့ ရလဒ်ပိုင်း (Performance) ကို ပိုမို ကောင်းမွန်အောင် Optimize လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။
19/06/2026
Meta က လက်ရှိ Ads Manager ထဲမှာ "Customer lifecycle strategy"ဆိုပြီး Dynamic Feature အသစ်တစ်ခုကို Ecosystem ထဲ ထည့်သွင်းပေးလိုက်ပြီ။ဒါကအရင်က Business Manager ရဲ့ နောက်ကွယ်မှာပဲ အလုပ်လုပ်ခဲ့တဲ့ Machine Learning optimization တွေကို အခု ကြော်ငြာရှင်တွေ တိုက်ရိုက် Command ပေးလို့ရအောင် Interface ပေါ် ဆွဲတင်ပေးလိုက်တဲ့ စနစ်သစ်တစ်ခုပါ။ ဒီအထဲက Get conversions from all audiencesဆိုတာ လက်ရှိ Ad Account ရဲ့ Pixel နဲ့ CAPI (Conversions API) ထဲမှာ ရှိနေတဲ့ Data stack တွေကို အခြေခံပြီး လူဟောင်း (Retention) ရော လူသစ် (Cold Audience) ကိုပါ AI က ဘက်မျှအောင် Mix လုပ်ပြီး စျေးအသက်သာဆုံး ရလာဒ် (Lowest CPR) ရအောင် Optimized လုပ်ပေးမယ့် ML Model သစ် ဖြစ်ပါတယ်။
နောက်ထပ် Options သစ်ဖြစ်တဲ့ Acquire new customers ကတော့ Ad Account ထဲက Data Hub ကို သုံးပြီး ဝယ်ဖူးသူတွေကို စနစ်တကျ ညှပ်ထုတ် (Exclude) ကာ "မဝယ်ဖူးသေးတဲ့ လူစိမ်း" သက်သက်ကိုပဲ AI ကို Hard Targeting လိုက်ခိုင်းတဲ့ အဆင့်မြင့် စနစ်သစ် ဖြစ်ပါတယ်။ ဒါက လုပ်ငန်းချဲ့ထွင်ဖို့ ဒေတာသစ် (Fresh Data) စုဆောင်းချင်တဲ့ Scale Up အဆင့်တွေအတွက် သီးသန့် ထည့်ပေးထားတာဖြစ်လို့ Machine Learning ရဲ့ လေလံစျေးနှုန်း (Auction Cost) ပိုကြီးတတ်ပြီး CPM နဲ့ CPR တက်လာနိုင်ပါတယ်။ ဒါကြောင့် အသစ်ပါလာတဲ့ Setting တွေထဲမှာ အရောင်းအမြန်ဆုံးတက်ပြီး Cost-Effective အဖြစ်ဆုံး ဖြစ်အောင် ပထမ option ဖြစ်တဲ့ Get conversions from all audiences ကိုပဲ ရွေးချယ်ပြီး Data Engine ကို အလုပ်လုပ်ခိုင်းမလား CPM များချင်ရင်များပါစေ ဖောက်သည်အသစ်တွေ ရလာနိူင်ချေရှိတဲ့ Acquire new customers နဲ့ Run မလား လုပ်ငန်းပေါ်မူတည်ပြီးဆုံးဖြတ်ပါလေ။ ဒါနဲ့ Ad acc တိုင်းရမရမသေချာဘူးနော် ကိုယ်တွေ Acc မှာတော့ ရနေလို့ လက်ရှိ Run ပေးနေပါပြီခင်ဗျ။ ✌
09/06/2026
အခုရက်ထဲမှာ Mobile ကနေ Ad Run ရင် Duration မပေါ်တဲ့ Error လေးတက်နေပါတယ်ခင်ဗျာ။ ဖြေရှင်းနည်းကလည်းအရမ်းလွယ်ပါတယ် Browser တခုခုကနေ Desktop Site ချိန်းပြီး ဖြေရှင်းလို့ရပါတယ်ခင်ဗျာ။
06/06/2026
အခုအချိန်မှာ အရင်ကလို "Boost" ခလုတ်လေး နှိပ်ရုံတင်၊ ဒါမှမဟုတ် Target ကို အလွယ်တကူ ရွေးရုံတင်နဲ့ Live View တက်ဖို့ ရောင်းအားတက်ဖို့တွေကမလွယ်ကူတော့ပါဘူး။Live Sale ရဲ့ တကယ့်အရသာက တစ်ခါမှ ကိုယ့်ဆီက မဝယ်ဖူးတဲ့ (Cold Audience) တွေကို Ads မဟာဗျူဟာ မှန်မှန်ကန်ကန်နဲ့ ဆွဲခေါ်ပြီး အဝယ်အမြန်ဆုံးဖြစ်အောင် သိမ်းသွင်းရတာပါ။ Target ယူပုံယူနည်း လွဲနေရင် (သို့) ရောင်းချတဲ့ ကုန်ပစ္စည်းနဲ့ လိုက်ဖက်တဲ့ Ads Format မသုံးရင် ပိုက်ဆံသာ ကုန်သွားမယ်၊ Live လွှင့်ရင် လူကြည့်မှာ မဟုတ်ပါဘူး။
"ဒါဆိုရင် ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ?"
Ad Ascent အနေနဲ့ သင့် Page ရဲ့ လက်ရှိ Ads အခြေအနေ ဘာတွေလွဲမှားနေလဲဆိုတာကို အချက်အလက် (Data) တွေနဲ့ သေသေချာချာ အခမဲ့ စစ်ဆေး (Ads Audit) ပေးချင်ပါတယ်။
ကျွန်တော်တို့ဘက်က လုပ်ငန်းကို လာအပ်ပါလို့ လုံးဝ တိုက်တွန်းမှာ မဟုတ်ပါဘူး။ သင့် Page ရဲ့ တကယ့်အားနည်းချက် (၃) ချက်ကိုပဲ Professional ဆန်ဆန် ထောက်ပြပေးမှာ ဖြစ်ပါတယ်။
သင့် Page ရဲ့ ရောင်းအားနဲ့ Live View ကို ပြန်လည်မြှင့်တင်ဖို့ အခမဲ့ Ads Audit စစ်ဆေးချင်တယ်ဆိုရင်တော့...
👉 ဒီပို့စ်ရဲ့အောက်မှာ [Audit] လို့ ကွန်မန့်ပေးခဲ့ပါ (သို့မဟုတ်)
👉 ကျွန်တော်တို့ရဲ့ Messenger သို့ "Audit" ဟု စာပို့ပြီး အခမဲ့ လာရောက်တိုင်ပင်နိုင်ပါတယ်ခင်ဗျာ။
တစ်ခေါက်ပဲစမ်းအပ်ကြည့်ပြီး Ad Ascent နဲ့အမြဲလက်တွဲဖြစ်တဲ့ Customer တွေက အခုချိန်ထိ Ad Ascent ကိုရပ်တည်နိူင်အောင် ကူညီပေးကြတဲ့ထမင်းရှင်တွေပါ။
Facebook ရဲ့ Algorithms ပြောင်းလဲမှုတွေ၊ Target Audience တွေရဲ့ Behavior တွေ၊ Market Trend တွေ အပေါ်မူတည်ပြီး အမြဲတမ်း 'Adjust' လုပ်၊ 'Optimize' လုပ်ပြီးတော့မှ အကောင်းဆုံး Result ကို ရအောင်အမြဲ ကြိုးစားဖန်တီးပေးနေပါတယ်။
ဒါကြောင့် Live Boost အပ်မယ်ဆိုရင်
စိတ်ချယုံကြည်ယုံကြည်ရပြီး၊ရလဒ်ကောင်းတွေ ဖန်တီးပေးနိုင်တဲ့၊ စိတ်ရှည်လက်ရှည် ကူညီပေးနိုင်တဲ့ Ad Ascent ကို သတိရလိုက်ပါ။
Category
Address
Alerts
Be the first to know and let us send you an email when Ad Ascent posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.