SPTS - Solar Inverter Service Center
Off grid/ On grid/ Hybrid Solar Inverter Service
03/07/2026
ငွေကုန်ကြေးကျခံပြီး တပ်ဆင်ထားတဲ့ဆိုလာစနစ်မှာ Error အသေးအမွှားလေးတက်လို့ ကျွမ်းကျင်တဲ့သူတွေနဲ့ သေချာမပြင်ခဲ့ဖူးဆို ပိုပျက်စီးသွားနိုင်ပါတယ်။ ❗️ဒါကြောင့် ကိုယ့်ရဲ့အိမ် ဒါမှမဟုတ် လုပ်ငန်းမှာတပ်ဆင်ထားတဲ့ ဆိုလာစနစ်က အမှားအယွင်းတစ်ခုခုဖြစ်လို့ သေချာပြန်လည်ပြင်ဆင်ချင်တယ်ဆိုရင်တော့ Solar Power Technology Service Center ကိုသာ သတိရလိုက်ပါနော်။ 👨🔧✨
Solar Power Technology Service Center မှာဆိုရင် အတွေ့အကြုံရင့်ကျက်တဲ့ Solar Technician တွေကိုယ်တိုင် အသေးစိတ် စစ်ဆေးပြုပြင်ပေးတာဖြစ်လို့ ဝန်ဆောင်မှုအပိုင်းမှာ ရာနှုန်းပြည့် အာမခံပါတယ်။ ဒါ့အပြင် Original Spare Parts တွေကိုသာ အသုံးပြုပေးလို့ ပြုပြင်ပြီးတာနဲ့ စက်ရဲ့သက်တမ်းကို ပိုမိုအသုံးခံစေမှာ အသေအချာပါပဲ။ ဒါတင်မက အာမခံသက်တမ်းကာလအတွင်း ပြုပြင်မယ်ဆို ပစ္စည်း၊လက်ခ အခမဲ့ရမှာဖြစ်တဲ့အပြင် ကျန်ရှိနေတဲ့အာမခံသက်တမ်းကိုလည်း ဆက်လက်ခံစားခွင့်ရဦးမှာနော်။
ဒီတော့ ဆိုလာပြဿနာတွေကို အမြန်ဆုံးနဲ့ အထိရောက်ဆုံး ဖြေရှင်းဖို့ဆိုရင် Solar Power Technology ကိုသာ လှမ်းခဲ့လိုက်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ 🤗
🏡 Solar Power Technology Service Center (သို့) Customer Service & Support ဆိုင်ရာဝန်ဆောင်မှုများအတွက်
အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်👇
📱 Service Reception YGN ~ 09880903989 /09880919260
📱Service Reception MDY ~ 09982415725
📱Customer Service & Technical Support ~09944033933 / 09693888200 /09751522622
📍 Customer Service & Technical Support ဖုန်းနံပါတ်များကို
⏰ မနက် 9:00 နာရီမှ ည 9:00 နာရီအထိ ပိတ်ရက်မရှိ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သတင်းကောင်းလေး ပါးလိုက်ပါရစေ🥰
14/06/2026
ဆိုလာစနစ်သုံးစွဲသူတွေကြားမှာ LiFePO4 Battery က သက်တမ်းအရှည်ဆုံး နဲ့ အန္တရာယ်ကင်းတဲ့ Battery အမျိုးအစား ဖြစ်ပေမယ့် အသုံးပြုတဲ့နည်းလမ်း မမှန်ရင်တော့ အချိန်တိုအတွင်း ပျက်စီးသွားနိုင်ပါတယ်။ ဒါဆို LiFePO4 Battery တွေကို မြန်မြန်ပျက်စီးစေတဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ?
🔋 အားအလွန်အကျွံသွင်းမိခြင်း
LiFePO4 Battery Cell တစ်လုံးရဲ့ အမြင့်ဆုံးဗို့အားက 3.65 V ဖြစ်ပြီး အမျိုးအစားမတူတဲ့ Charger နဲ့သွင်းမိလို့ ဒါမှမဟုတ် BMS ချို့ယွင်းလို့ အားအလွန်အကျွံသွင်းမိတယ်ဆိုရင် Battery ဖောင်းထွက်လာတတ်ပါတယ်။
🔋 အားအကုန်သုံးမိခြင်း
LiFePO4 Battery Cell တစ်လုံးက 2.5 V ေအာက်မကျသင့်လို့ အားကို 0% အထိကုန်အောင်သုံးလိုက်မယ်ဆိုရင် Battery ထဲက Internal Resistance မြင့်တက်လာပြီး အားသွင်းရခက်တာ၊ လုံးဝအားမသွင်းနိုင်တော့ဘဲ ပျက်စီးသွားတတ်ပါတယ်။ ဒါကြောင့် Battery အားကို 20% ချန်ပြီး သုံးပေးသင့်ပါတယ်။
🔋 အရည်အသွေးမကောင်းတဲ့ BMS ပါတဲ့ Battery ကို သုံးမိခြင်း
BMS (Battery Management System) ဆိုတာ Battery System တစ်ခုလုံးကို ထိန်းချုပ်ပေးပြီး Battery Cell တစ်ခုချင်းစီရဲ့ ဗို့အားတွေညီမျှအောင် လုပ်ပေးတာမို့ အရည်အသွေးမကောင်းတဲ့ BMS ပါတဲ့ Battery ကို သုံးလိုက်မိရင် အားတွေမညီမမျှဖြစ်လာပြီး သုံးမရဖြစ်သွားတတ်ပါတယ်။
🔋 အပူချိန်လွန်ကဲခြင်း
LiFePO4 က အပူဒဏ်ခံနိုင်တယ်ဆိုပေမယ့် လေဝင်လေထွက်မကောင်းတဲ့နေရာ၊ နေပူတဲ့နေရာမျိုးမှာ ထားလိုက်မယ်ဆိုရင်တော့ Battery သက်တမ်းတိုနိုင်ပါတယ်။ ပိုပြီးဆိုးတာက အေးခဲနေတဲ့နေရာမျိုးမှာ High Current နဲ့ သွင်းလိုက်မိမယ်ဆိုရင်တော့ Battery အတွင်းမှာ Short Circuit ဖြစ်ပြီး ချက်ချင်းပျက်စီးနိုင်ပါတယ်။
🔋 Load အလွန်အကျွံသုံးခြင်း
အမြန်အားပြည့်အောင်လို့ Ampere ပိုများတဲ့ Charger နဲ့ အမြဲအားသွင်းမိတာ ဒါမှမဟုတ် Battery ရဲ့ခံနိုင်ရည်အားထက် ပိုပြီး Load သုံးတာတွေက Battery အပူလွန်ကဲပြီး သက်တမ်းတိုစေပါတယ်။
ဒါကြောင့် စျေးကြီးပေးဝယ်ထားရတဲ့ LiFePO4 Battery လေး သက်တမ်းကြာကြာခံဖို့အတွက် စနစ်တကျသုံးစွဲဖို့ Solar Power Technology Service Center မှ တိုက်တွန်းလိုက်ပါတယ်နော်။
🏡 Solar Power Technology Service Center (သို့) Customer Service & Support ဆိုင်ရာဝန်ဆောင်မှုများအတွက်
အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်👇
📱 Service Reception YGN ~ 09880903989 /09880919260
📱Service Reception MDY ~ 09982415725
📱Customer Service & Technical Support ~09944033933 / 09693888200 /09751522622
📍 Customer Service & Technical Support ဖုန်းနံပါတ်များကို
⏰ မနက် 9:00 နာရီမှ ည 9:00 နာရီအထိ ပိတ်ရက်မရှိ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သတင်းကောင်းလေး ပါးလိုက်ပါရစေ🥰
12/06/2026
ဆိုလာခေတ်ကြီးထဲ ရောက်နေပြီဆိုတော့ အိမ်မှာ ဆိုလာတပ်ဖို့ စဉ်းစားနေတဲ့သူတွေအတွက် အမေးအများဆုံး မေးခွန်းလေးတစ်ခုကို ဖြေပေးမယ်နော်။ အဲ့ဒါကတော့ Inverter ဝယ်ရင် အနည်းဆုံး ဘယ်လောက် KW ကနေ စဝယ်သင့်လဲ ဆိုတာပဲပေါ့။
အမှန်ကတော့ အနည်းဆုံး ဘယ်လောက်ကနေ စသုံးရမလဲဆိုတာထက် ကိုယ့်အိမ်မှာသုံးမယ့် လျှပ်စစ်ပစ္စည်းတွေပေါ်မူတည်ပြီး ဘယ်လောက် KW လိုအပ်မလဲ ဆိုတာက အဓိကကျပါတယ်။ ဒီတော့ ဘယ်လောက် KW သုံးရင်ကောင်းမလဲ အကြမ်းဖျင်း တွက်ကြည့်လိုက်ကြရအောင်နော်။ 👇
💡 1KW - 2KW
မီးသီး၊ ပန်ကာ၊ ဖုန်း/ Laptop အားသွင်းတာနဲ့ TV ကြည့်တာလောက်ပဲ သုံးမယ်ဆိုရင်တော့ ဒီ Capacity လေးက အခြေခံအကျဆုံးနဲ့ အသင့်တော်ဆုံးပါပဲ။
💡 3KW - 5KW
ပုံမှန်အိမ်သုံးပစ္စည်းတွေဖြစ်တဲ့ ရေခဲသေတ္တာ၊ မီးပူ နဲ့ ထမင်းပေါင်းအိုး၊တွေပါ တွဲသုံးချင်တယ်ဆိုရင်တော့ 3KW ကနေ 5KW လောက်ဆို အဆင်ပြေဆုံးပဲနော်။
💡 5KW နဲ့အထက်
Aircon တွေပါ ဖွင့်မယ်၊ လျှပ်စစ်မီးဖို တွေပါ အားရပါးရ သုံးမယ်ဆိုရင်တော့ 5KW နဲ့ အထက်ကို သွားမှသာ Inverter ပေါ် ဝန်မပိဘဲ စိတ်ချလက်ချ သုံးလို့ရမှာပါ။
Inverter ရွေးတဲ့အခါ ကိုယ်တကယ်သုံးမယ့် ဝပ်အား ထက် 20% - 30% လောက် ပိုကြီးတဲ့ Capacity ကို ရွေးချယ်တာက Inverter သက်တမ်းကို ရေရှည်ပိုခံစေပါတယ်။ 💯
ဒီတော့ ကိုယ့်အိမ်မှာရှိတဲ့ လျှပ်စစ်ပစ္စည်းတွေနဲ့ ဘယ်လောက် KW က အကိုက်ညီဆုံးဖြစ်မလဲဆိုတာ သေချာတွက်ချက်ပြီးတပ်ဆင်ဖို့ Solar Power Technology Service Center မှ အကြံပြုလိုက်ပါတယ်နော်။ 🤗
🏡 Solar Power Technology Service Center (သို့) Customer Service & Support ဆိုင်ရာဝန်ဆောင်မှုများအတွက်
အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်👇
📱 Service Reception YGN ~ 09880903989 /09880919260
📱Service Reception MDY ~ 09982415725
📱Customer Service & Technical Support ~09944033933 / 09693888200 /09751522622
📍 Customer Service & Technical Support ဖုန်းနံပါတ်များကို
⏰ မနက် 9:00 နာရီမှ ည 9:00 နာရီအထိ ပိတ်ရက်မရှိ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သတင်းကောင်းလေး ပါးလိုက်ပါရစေ🥰
06/06/2026
After Sale Service အတွက်စိတ်ချချင်ရင်
SPT ကိုသာ လှမ်းခဲ့ပါရှင်။
#𝐒𝐨𝐥𝐚𝐫𝐏𝐨𝐰𝐞𝐫𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲
⚡ Product ကောင်းရုံနဲ့ မပြီးသေးပါဘူး။
ယုံကြည်စိတ်ချရတဲ့ Service ကလည်း အရေးကြီးပါတယ်။
Deye Authorized Distributor အဖြစ် 2024 ခုနှစ်မှ စတင်ပြီး ယနေ့တိုင် စဥ်ဆက်မပြတ် Product & Service ကို အကောင်းဆုံး တာဝန်ယူကာဖြန့်ချီပေးလျက်ရှိပါတယ်။ ပစ္စည်းသက်သက် ရောင်းချရုံသာမက Customer များ၏ Energy Investment ကို တာဝန်ယူကာ ရေရှည်တန်ဖိုးရှိသော ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပါသည်။
✅ 100% Genuine Deye Products
✅ Official Warranty & Technical Support
✅ Commercial & Industrial Project Solutions
✅ Experienced Technical Team
✅ Fast & Reliable After-Sales Service
✅ Long-Term Maintenance & Support
Deye ကို ရွေးချယ်သော Customer များအတွက် Product Quality၊ System Reliability နှင့် After-Sales Service တို့ကို အကောင်းဆုံး စံနှုန်းများဖြင့် ပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။
🔹 Trusted Product
🔹 Professional Service
🔹 Reliable Partner
စွမ်းအင်အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုကို ယုံကြည်စိတ်ချစွာ စတင်လိုပါက SPT (Deye Authorized Distributor) နှင့်အတူ လက်တွဲလိုက်ပါ။
📢တစ်ဆင့်ပြန်လည်ရောင်းချလိုတဲ့ ကိုယ်စားလှယ်ကြီးများအတွက်လည်း သီးသန့်အထူးစျေးနှုန်းနဲ့ SPT (Solar Power Technology) မှာအသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
☎️ဆက်သွယ်စုံစမ်းရန် :
ရန်ကုန်: အမှတ် (၂၁၁)၊ မဟာဗန္ဓုလပန်းခြံလမ်း (ဘားလမ်း)၊ အလယ်ဘလောက်၊ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
09-880914661,09-880575882,09-880914658
မန္တလေး: အမှတ် (၂၂၀)၊ ၆၃ လမ်း၊ ၂၆ x ၂၇ လမ်းကြား၊ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
09-940063511,09-783533375
#𝐒𝐨𝐥𝐚𝐫𝐏𝐨𝐰𝐞𝐫𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲
30/05/2026
မိုးဦးကျကာလ မိုးရွာတဲ့အခါ မိုးရေနဲ့အတူ ဆိုလာပြားတွေ သန့်ရှင်းသွားမယ်လို့ ထင်ရပေမယ့် တကယ်တမ်းတော့ မိုးသက်လေပြင်းနဲ့အတူပါလာတဲ့ ဖုန်မှုန့် နဲ့ သဲမှုန်တွေကြောင့် တပ်ဆင်ထားတဲ့ ဆိုလာပြားတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါဆို မိုးဦးကျချိန်မှာ ဆိုလာပြားတွေကို ဘယ်လိုထိန်းသိမ်းကြမလဲ?
☀️ ဆိုလာပြားမျက်နှာပြင်ကို နူးညံ့တဲ့အဝတ်စဖြင့် သန့်ရှင်းရေးလုပ်ပေးပါ
ဆိုလာပြားပေါ်တက်နေတဲ့ ဖုန်မှုန့်တွေက မိုးရေနဲ့ထိတွေ့တဲ့အခါ ရွှံ့စေးလိုမျိုးကပ်စေးစေးဖြစ်သွားနိုင်ပြီး နေရောင်ခြည်စုပ်ယူမှုမှာ အပြည့်အဝမရနိုင်ဘဲ ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် ဆိုလာပြားတွေမှာ အစင်းကြောင်းတွေမထင်စေဖို့ နူးညံ့တဲ့အဝတ်စကိုသုံးပြီး ပုံမှန်သန့်ရှင်းရေးလုပ်ပေးရပါမယ်။
☀️ ရေစိမ့်ဝင်မှု ရှိ/မရှိ စစ်ဆေးပေးပါ
မိုးရေထဲမှာပါလာတဲ့ အက်ဆစ်ဓာတ် နဲ့ စိုထိုင်းဆတွေကြောင့် ဆိုလာပြားကို ထောက်ထားတဲ့ ဒေါက်တိုင်နဲ့ ဝါယာကြိုးဆက်ကြောင်းတွေမှာ သံချေးတက်တတ်ပါတယ်။ ဒီလို သံချေးတက်ခြင်းက လျှပ်စစ်စီးမှုကိုအနှောက်အယှက်ဖြစ်စေတဲ့အတွက် သန့်ရှင်းရေးလုပ်ပြီးတဲ့အခါ သံချေးမတက်နိုင်တဲ့ ဆေးတစ်မျိုးမျိုးသုံးပေးရပါမယ်။
☀️ ဆိုလားပြားပေါ်အုပ်နေတဲ့ သစ်ကိုင်းတွေကို ခုတ်ထွင်ရှင်းလင်းပေးပါ
မိုးသက်လေပြင်း တိုက်ခတ်တဲ့အခါ ဆိုလာပြားအနီးမှာရှိတဲ့ သစ်ကိုင်းတွေကျိုးကျပြီး ဆိုလာပြားကို ထိခိုက်စေနိုင်တာမို့ သစ်ကိုင်းတွေကို ခုတ်ထွင်ရှင်းလင်းပေးသင့်ပါတယ်။
☀️ Battery နဲ့ Inverter ကိုဂရုစိုက်ပေးပါ
မိုးရာသီမှာ စိုထိုင်းဆများတဲ့အတွက် Battery Terminal တွေမှာ ချေးတက်တာမျိုး ဖြစ်နေတတ်တဲ့အတွက် Battery ခေါင်းတွေကို သေချာသန့်ရှင်းအောင် ထားပေးရပါမယ်။ ဒါ့အပြင် Inverter ကိုလည်း လေဝင်လေထွက်ကောင်းပြီး မိုးရေလွတ်တဲ့နေရာမှာ ထားပေးပါ။
☀️ မိုးကြိုးကာကွယ်ရေးစနစ်တပ်ဆင်ထားပေးပါ
မိုးရာသီမှာ အရေးကြီးဆုံးအပိုင်းက မိုးကြိုးကာကွယ်ရေးစနစ်ကောင်းကောင်း တပ်ဆင်ထားဖို့ပါပဲ။ ဘာကြောင့်ဆို မိုးကြိုးအန္တရာယ်က ဆိုလာစနစ်တစ်ခုလုံးကို စက္ကန့်ပိုင်းအတွင်း ပျက်စီးသွားနိုင်ပါတယ်။ ဒါကြောင့် Earthing System နဲ့ မိုးကြိုးကာကွယ်ရေးစနစ် တပ်ဆင်ထားတာ မှန်/မမှန်ကို ကျွမ်းကျင်ပညာရှင်တွေနဲ့ စစ်ဆေးပါ။
ဒါကြောင့် မိုးဦးကျချိန်မှာ အိမ်မှာတင်ဆင်ထားတဲ့ ဆိုလာပြားတွေ မထိခိုက်စေဖို့အတွက် အထက်ပါနည်းလမ်းလေးတွေ လုပ်ဆောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေနော်။
🏡 Solar Power Technology Service Center (သို့) Customer Service & Support ဆိုင်ရာဝန်ဆောင်မှုများအတွက်
အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်👇
📱 Service Reception YGN ~ 09880903989 /09880919260
📱Service Reception MDY ~ 09982415725
📱Customer Service & Technical Support ~09944033933 / 09693888200 /09751522622
📍 Customer Service & Technical Support ဖုန်းနံပါတ်များကို
⏰ မနက် 9:00 နာရီမှ ည 9:00 နာရီအထိ ပိတ်ရက်မရှိ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သတင်းကောင်းလေး ပါးလိုက်ပါရစေ🥰
29/05/2026
အသစ်နီးပါးအတိုင်း အကောင်းပကတိ ပြန်ဖြစ်သွားစေမယ့် Solar Power Technology Service Center ရဲ့ ပြုပြင်မှု 🛠️✨
Solar, Inverter နဲ့ Battery တွေ ပျက်သွားလို့၊ Board တွေလောင်သွားလို့ အသစ်ပြန်ဝယ်ရတော့မလားဆိုပြီး စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ အသစ်မဝယ်ဘဲ Solar Power Technology Service Center ဆီ အရင်ဆုံးဖုန်းဆက်ပြီး အကျိုးအကြောင်း မေးမြန်းကြည့်လိုက်ပါ။
Solar Power Technology Service Center မှာဆိုရင် -
👨🔧 အတွေ့အကြုံရှိ ကျွမ်းကျင်ပညာရှင်တွေကိုယ်တိုင် အသေးစိတ် ပြုပြင်ပေးပြီး
⚙️ အရည်အသွေးပြည့်မီတဲ့ Original အပိုပစ္စည်းတွေကိုသာ အသုံးပြုပေးတဲ့အပြင်
🔍 ပြင်ဆင်ပြီးပါကလည်း စိတ်ချယုံကြည်စွာ ရေရှည်အသုံးပြုနိုင်ဖို့ စနစ်တကျ စမ်းသပ်စစ်ဆေးပေးပါတယ်။
Service Center ကို ပြုပြင်ဖို့ ရောက်ရှိလာတဲ့ Inverter တစ်လုံးရဲ့ မပြင်ရသေးခင် အခြေအနေနဲ့ ပြင်ဆင်ပြီးစီးသွားတဲ့ပုံစံလေးကို ပုံလေးထဲမှာ အသေးစိတ်ကြည့်လိုက်တော့နော်။ 🤗
လူကြီးမင်းတို့ရဲ့ တန်ဖိုးကြီး Solar ပစ္စည်းတွေ ချို့ယွင်းမှု တစ်စုံတစ်ရာပေါ်လာတဲ့အခါ Solar Power Technology Service Center နဲ့သာ ချိတ်ဆက်လိုက်ပါ။ 🤝
🏡 Solar Power Technology Service Center (သို့) Customer Service & Support ဆိုင်ရာဝန်ဆောင်မှုများအတွက်
အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်👇
📱 Service Reception YGN ~ 09880903989 /09880919260
📱Service Reception MDY ~ 09982415725
📱Customer Service & Technical Support ~09944033933 / 09693888200 /09751522622
📍 Customer Service & Technical Support ဖုန်းနံပါတ်များကို
⏰ မနက် 9:00 နာရီမှ ည 9:00 နာရီအထိ ပိတ်ရက်မရှိ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သတင်းကောင်းလေး ပါးလိုက်ပါရစေ🥰
28/05/2026
ဆိုလာစနစ်တွေ ချို့ယွင်းလာရင် အသစ်လဲဖို့ချည်းပဲ မစဉ်းစားပါနဲ့... တကယ်ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ အရင်ဆုံး စစ်ဆေး ပြုပြင်ကြည့်ပါ 🛠️
ဆိုလာ၊ ဘက်ထရီ နဲ့ အင်ဗာတာတွေဆိုတာ အချိန်ကြာလာတာနဲ့အမျှ System Error တက်တာ၊ အားအဝင်နည်းလာတာ၊ Inverter ပျက်တာမျိုးတွေ ကြုံလာရတတ်ပါတယ်။ ဒီလိုအချိန်မှာ တကယ်တတ်ကျွမ်းတဲ့ပညာရှင်တွေနဲ့ သေသေချာချာ ပြင်ဆင်မှသာ ကြာရှည်အသုံးခံနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဝယ်ယူထားတဲ့ ဆိုလာ၊ အင်ဗာတာ နဲ့ ဘက်ထရီတွေပျက်လို့ ပြင်ချင်တယ်ဆိုရင်တော့ Solar Power Technology Service Center ကိုသာ သတိရလိုက်ပါ။ 😉
ဒီတော့ Solar Power Technology Service Center မှာ လာရောက်ပြင်ဆင်ပြီး စိတ်ကျေနပ်မှုအပြည့်ရရှိသွားတဲ့ Customer တွေရဲ့ ရင်တွင်း စကားသံလေးတွေကို ပုံတစ်ပုံချင်းစီမှာ ဖတ်ကြည့်လိုက်ရအောင်နော်👇
🏡 Solar Power Technology Service Center (သို့) Customer Service & Support ဆိုင်ရာဝန်ဆောင်မှုများအတွက်
အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်👇
📱 Service Reception YGN ~ 09880903989 /09880919260
📱Service Reception MDY ~ 09982415725
📱Customer Service & Technical Support ~09944033933 / 09693888200 /09751522622
📍 Customer Service & Technical Support ဖုန်းနံပါတ်များကို
⏰ မနက် 9:00 နာရီမှ ည 9:00 နာရီအထိ ပိတ်ရက်မရှိ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သတင်းကောင်းလေး ပါးလိုက်ပါရစေ🥰
27/05/2026
Growatt သုံးစွဲသူ Customers များသို့ အသိပေးပန်ကြားချက်
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း VPP Protocol (System Communication Protocol) အသစ်ကြောင့် Datalogger တွေဖက်က Support မလုပ်နိုင်ဘဲ Inverter တွေ Freeze ဖြစ်ပြီး Output မထွက်တဲ့ အခြေအနေအချို့ ဖြစ်ပွားခဲ့ပါတယ်။
အခုအချိန်မှာတော့ Growatt ရုံးချုပ်မှ လိုအပ်တဲ့ ပြင်ဆင်မှုတွေကို လုပ်ဆောင်ပေးပြီးပြီ ဖြစ်တဲ့အတွက် ဖြုတ်ထားတဲ့ Datalogger များကို ပုံမှန်အတိုင်း ပြန်လည်တပ်ဆင်ပြီး အသုံးပြုနိုင်ပါပြီခင်ဗျာ။
ဖြစ်ပွားခဲ့တဲ့ အဆင်မပြေမှုတွေအတွက်လည်း Growatt မိသားစုဝင် Customers များအားလုံးကို အထူးပင် တောင်းပန်အပ်ပါတယ်ခင်ဗျာ။
ဆက်လက်အသုံးပြုရင်း လိုအပ်ချက်တစ်စုံတစ်ရာ ရှိလာပါက Growatt Service Phone - 09-427407745 သို့ ဆက်သွယ်မေးမြန်း အကူအညီတောင်းခံနိုင်ပါတယ်။
Growatt ကို အမြဲတမ်း ယုံကြည်အားပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ
26/05/2026
အိမ်ကအင်ဗာတာပျက်သွားလို့ လွယ်လွယ်ကူကူဆိုပြီး အနီးအနားကဆိုင်မှာ ပြင်မယ်လို့ စိတ်မကူးနဲ့နော်။ ကိုယ်ဝယ်ထားတဲ့ အင်ဗာတာအမှတ်တံဆိပ်နဲ့ တပ်ဆင်လိုက်တဲ့ Spare Parts မကိုက်ညီတဲ့အခါ ဒါမျိုးလေးတွေ ဖြစ်တတ်လို့ပါ။
✨ Voltage, Current & Frequency မကိုက်ညီတဲ့အတွက် လျှပ်စစ်စနစ်လုံးဝအလုပ်မလုပ်တာ၊ ခဏခဏ ဖွင့်လိုက် ပိတ်လိုက်ဖြစ်တာမျိုး ကြုံရနိုင်ပါတယ်။
✨ အင်ဗာတာတစ်ခုချင်းစီမှာ Input Voltage Range ရှိပြီး Spare Part မှားတပ်လိုက်ရင် Overvoltage သို့မဟုတ် Undervoltage ဖြစ်ပြီး အင်ဗာတာပျက်စီးသွားနိုင်ပါတယ်။
✨ Wire, Fuse, Controller မကိုက်ညီဘူးဆိုရင်လည်း အပူလွန်ကဲပြီး မီးဘေးအန္တရာယ်ဖြစ်နိုင်ပါတယ်။
✨ Original Spare Part ကို မသုံးဘဲ အခြားအမျိုးအစား Spare Part ကို သုံးလိုက်မယ်ဆို အာမခံသက်တမ်းပါ ပျက်သွားနိုင်ပါတယ်။
ဒါကြောင့် အင်ဗာတာပြင်တော့မယ်ဆို ယုံကြည်စိတ်ချရပြီး Original Spare Parts အသုံးပြုပေးတဲ့ Solar Power Technology Service Center က အကောင်းဆုံးပဲနော်။ Solar Power Technology Service Center မှာဆိုရင် ကျွမ်းကျင်ပညာရှင်တွေကိုယ်တိုင် စနစ်တကျပြင်ဆင်ပေးတာမို့ စိတ်ချရတဲ့အပြင် Warranty ကာလအတွင်းမှာဆို ပစ္စည်းလက်ခ အခမဲ့ရဦးမှာနော်။ ဒါတင်မက အာမခံသက်တမ်းကိုလည်း ကုန်ဆုံးသည်အထိ အပြည့်အဝခံစားရမှာပါ။
အဲ့တော့ ဆိုလာ၊ အင်ဗာတာ နဲ့ ဘက်ထရီတွေ ပျက်တယ်ဆို အကောင်းဆုံးဝန်ဆောင်မှုတွေပေးတဲ့ Solar Power Technology Service Center ဆီ လာခဲ့လိုက်ပါ။
🏡 Solar Power Technology Service Center (သို့) Customer Service & Support ဆိုင်ရာဝန်ဆောင်မှုများအတွက်
အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်👇
📱 Service Reception YGN ~ 09880903989 /09880919260
📱Service Reception MDY ~ 09982415725
📱Customer Service & Technical Support ~09944033933 / 09693888200 /09751522622
📍 Customer Service & Technical Support ဖုန်းနံပါတ်များကို
⏰ မနက် 9:00 နာရီမှ ည 9:00 နာရီအထိ ပိတ်ရက်မရှိ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သတင်းကောင်းလေး ပါးလိုက်ပါရစေ🥰
25/05/2026
🛠️ Growatt SPF6000ES (6KW) အသုံးပြုသူများအတွက် Output Error ယာယီဖြေရှင်းရန် နည်းကောင်းများ!
Growatt Off-Grid Inverter အသုံးပြုတဲ့အခါ Output Error မထွက်ဘဲ ဖြစ်နေလို့ စိတ်ညစ်နေပါသလား? စိတ်မပူပါနဲ့၊ ဆိုင်သွားစရာမလိုဘဲ အိမ်မှာတင် ယာယီအလွယ်တကူ ဖြေရှင်းလို့ရမယ့် နည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်။
👨🔧 ပြုလုပ်ရမယ့် အဆင့်ဆင့် -
၁။ မိမိတို့အိမ်က DB Box ထဲမှာ တပ်ဆင်ထားတဲ့ Breaker တွေကို အကုန် ချ (OFF) လိုက်ပါ။
၂။ ပြီးရင် Inverter အောက်ခြေက ပါဝါခလုတ်ကို ပိတ် (OFF) ပေးပါ။
၃။ ခဏစောင့်ပြီး ခုဏက ချထားတဲ့ breaker တွေကို ပြန်တင် (ON) ပါ။
၄။ နောက်ဆုံးမှာတော့ Inverter ကို ပြန်ဖွင့် (ON) လိုက်ရုံနဲ့ ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
💡 Extra Tip:
ဒီလိုမျိုး Error ခဏခဏ ဖြစ်ပေါ်နေတတ်ရင်တော့ Inverter ရဲ့ အောက်ခြေမှာ တပ်ထားတဲ့ Wifi Stick ကို (၃) ရက်လောက် ခဏဖြုတ်ထားပေးပါ။ (၃) ရက်ပြည့်ရင် ပြန်တပ်ဆင်ပြီး ပုံမှန်အတိုင်း ဆက်လက်အသုံးပြုနိုင်ပါတယ်။
⚠️ မှတ်ချက်။ ။ ယခုနည်းလမ်းသည် Error ကို ယာယီဖြေရှင်းနိုင်သော နည်းလမ်းကောင်းသာ ဖြစ်ပါသည်။
Website
Address
Yangon
11182
Opening Hours
| Monday | 09:30 - 17:00 |
| Tuesday | 09:30 - 17:00 |
| Wednesday | 09:30 - 17:00 |
| Thursday | 09:30 - 17:00 |
| Friday | 09:30 - 17:00 |
| Saturday | 09:30 - 17:00 |