BAGAN Consultancy Service

BAGAN Consultancy Service

Share

We are consulting with complinace, confident, and competents.

01/09/2026

လုပ်ငန်း တိုးတက်ချင်ပေမဲ့ ဝန်ထမ်းရေးရာ
မကြာခဏ ရှုပ်ထွေးနေပါသလား………..?

လုပ်ငန်းရှင်အများစုဟာ Sales နဲ့ Revenue တိုးဖို့
အာရုံစိုက်နေချိန်မှာ မသိမသာ ယိုစီးနေတဲ့ HR
ယိုပေါက်တွေ ကြောင့် အမြတ်ငွေ နစ်နာနေရလေ့
ရှိပါတယ်။

ခဲရာခဲဆန်း ရှာရတဲ့ ဝန်ထမ်းကောင်းတွေ ခဏခဏ
အလုပ်ထွက်သွားတာတွေ၊ SOP မရှင်းလင်းလို့
အလုပ်တစ်ခုပြီးဖို့ အချိန်ကုန် ကြန့်ကြာနေတာတွေ
တိကျတဲ့ Performance တိုင်းတာမှု မရှိလို့ ဝန်ထမ်း
တွေအကြား မကျေနပ်မှုများပြားနေတာတွေ၊ အရင်
ကတည်းက ဒီလိုပဲ လုပ်လာတာပဲ ဆိုတဲ့ စနစ်ဟောင်း
တွေဟာ အပြောင်းအလဲမြန်တဲ့ စီးပွားရေးလောကမှာ
မိတ်ဆွေတို့ လုပ်ငန်းရဲ့ ကြီးထွားမှုကို တားဆီးနေတဲ့
အဓိက အကြောင်းရင်း ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် စိတ်မပူပါနဲ့……………

ဒါတွေကို Bagan Consultancy Service ရဲ့
HR Audit & Restructuring နဲ့ စနစ်တကျ
ပြန်လည်ပြင်ဆင်နိုင်ပါတယ်…………။

Bagan Consultancy Service ရဲ့ အတွေ့အကြုံရှိတဲ့
HR Experts တွေက မိတ်ဆွေတို့ လုပ်ငန်းခွင်အတွက်

HR Audit ပြုလုပ်ပေးခြင်းတွေဖြစ်တဲ့ လက်ရှိ HR
အခြေအနေတွေနဲ့ SOP လစ်ဟာမှုတွေကို အသေးစိတ်
စစ်ဆေးပေးခြင်း………

Process Restructuring ဖြစ်တဲ့ လုပ်ငန်းနဲ့ ကိုက်ညီတဲ့
Org Structure, SOPs, JDs များနှင့် KPIs မူဘောင်တွေ
ပြန်လည်ရေးဆွဲပေးခြင်း………

Talent Strategy ဖြစ်တဲ့ လူတော်လူကောင်းတွေကို
ဆွဲဆောင်/ထိန်းသိမ်းနိုင်မယ့် Remuneration & Benefits
စနစ်များ တည်ဆောက်ပေးခြင်း…………

စတဲ့ "ခိုင်မာတဲ့ HR Structure တွေကို တည်ဆောက်ပေး
လျက်ရှိနေပါပြီ……..

🎁 Exclusive Offer for Decision Makers

ဒီ Post ကနေ တဆင့် စာရင်းပေးသွင်းတဲ့ လုပ်ငန်း (၅) ခု
အတွက် Initial HR Health Check Assessment နဲ့
Free Consultation အခွင့်အရေးကို ပေးအပ်နေပါတယ်။

👇 မိတ်ဆွေတို့ လုပ်ငန်းရဲ့HR စနစ်ကို ခေတ်မီစနစ်ကျ
စေဖို့ရန် အတွက် အောက်ပါ Sign Up သို့မဟုတ် Send
Message ကို နှိပ်ပြီး ယခုပဲ စာရင်းပေးသွင်းနိုင်ပါပြီ။

27/08/2026

Mergers Vs Acquisitions

စီးပွားရေးလုပ်ငန်းစုကြီးတွေဟာ
ဈေးကွက်ဝေစု Market Share ချဲ့ထွင်ဖို့၊
ပြိုင်ဘက်ကို ကျော်တက်ဖို့နဲ့ နည်းပညာ
သို့မဟုတ် အရင်းအမြစ်သစ်တွေ ရယူဖို့အတွက်
Mergers and Acquisitions နည်းဗျူဟာကို
တွင်ကျယ်စွာ အသုံးပြုကြပါတယ်။ ဒီစကားလုံး
နှစ်ခုကို တွဲသုံးလေ့ရှိပေမဲ့ မဟာဗျူဟာမြောက်
သဘောတရားနဲ့ ဖွဲ့စည်းပုံအရ ကွဲပြားမှုများစွာ
ရှိတယ်ဆိုတာကို Bagan Consultancy Services
ကနေပြီးမျှဝေပေးလိုက်ပါတယ်။

Merger ဆိုတာကတာ့ ကုမ္ပဏီနှစ်ခု ပူးပေါင်းခြင်း
ပေါင်းစည်းခြင်း လို့အဓိပ္ပါယ်ရပါတယ်။ Merger
ရဲ့ သဘောတရား ကတော့ အရွယ်အစားနဲ့ အင်အား
အဆင့်အတန်း တူညီတဲ့ ကုမ္ပဏီနှစ်ခုက အပြန်အလှန်
သဘောတူညီမှုနဲ့ ပူးပေါင်းပြီး တရားဝင် ကုမ္ပဏီ
အသစ်တစ်ခု New Entity အဖြစ် ပေါင်းစည်းဖွဲ့စည်း
လိုက်ခြင်း ဖြစ်ပါတယ်။ စီမံခန့်ခွဲမှု အပိုင်းမှာတော့
ပိုင်ဆိုင်မှု၊ အစုရှယ်ယာနဲ့ စီမံခန့်ခွဲမှု အာဏာကို
နှစ်ဖက် မျှတစွာ ညှိနှိုင်းခွဲဝေကြပါတယ်။ အများအား
ဖြင့် Merger လုပ်ရခြင်းရဲ့ ရည်ရွယ်ချက် ကတော့
နှစ်ဖက်လုံးရဲ့ အားသာချက်တွေကို ပေါင်းစပ်ပြီး
ကုန်ကျစရိတ် လျှော့ချဖို့ရန်နှင့် စွမ်းဆောင်ရည်
မြှင့်တင်ဖို့ရန် Synergy Effect ရရှိဖို့ရန်ပဲဖြစ်ပါ
တယ်။

Acquisition ရဲ့ အဓိပ္ပါယ်ကတော့ ကုမ္ပဏီတစ်ခုက
အခြားတစ်ခုကို ဝယ်ယူသိမ်းပိုက်ခြင်းပဲဖြစ်ပါတယ်။
Acquisition ရဲ့ သဘောတရား ကတော့ ငွေကြေး
အင်အား သို့မဟုတ် ဈေးကွက်အင်အား ပိုကြီးတဲ့
ကုမ္ပဏီတစ်ခုက အခြားကုမ္ပဏီတစ်ခုရဲ့ အစုရှယ်ယာ
အများစု ယေဘုံယျအားဖြင့် ၅၁% နှင့်အထက် သို့မ
ဟုတ် ပိုင်ဆိုင်မှုအားလုံးကို တိုက်ရိုက် ဝယ်ယူသိမ်းပိုက်
လိုက်ခြင်း ဖြစ်ပဲပါတယ်။ Acquisition ရဲ့စီမံခန့်ခွဲမှု
ပိုင်းမှာတော့ ဝယ်ယူလိုက်တဲ့ မိခင်ကုမ္ပဏီကသာ
ဆုံးဖြတ်ချက်ချပိုင်ခွင့်နှင့် စီမံခန့်ခွဲမှု အာဏာအားလုံးကို
အပြည့်အဝ ထိန်းချုပ်ပါတယ်။ အဝယ်ခံရတဲ့ ကုမ္ပဏီဟာ
မိခင်ကုမ္ပဏီအောက်က လက်အောက်ခံ Subsidiary
ဖြစ်သွားခြင်း သို့မဟုတ် နာမည်ပျောက်သွားခြင်း ဖြစ်
နိုင်ပါတယ်။ Acquisition ရဲ့ ရည်ရွယ်ချက် ကတော့
ဈေးကွက်ထဲ အချိန်တိုအတွင်း ချက်ချင်း နေရာရယူရန်၊
ပြိုင်ဘက်ကို ဖယ်ရှားရန် နဲ့ သီးသန့် နည်းပညာ နဲ့ မူပိုင်ခွင့်
တွေကို အပိုင်ရယူရန်ပဲဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းစုကြီးများအတွက် Merger ကအင်အား
ချင်းတူညီတဲ့အချိန်မှာ ရေရှည်ပူးပေါင်းမဟာဗျူဟာ
အဖြစ် သင့်တော်ပြီး၊ Acquisition ကတော့ ဈေးကွက်
သစ်သို့ အမြန်ဆုံး ထိုးဖောက်သိမ်းပိုက်လိုချိန် တွင် အသုံး
ပြုရတဲ့နည်းဗျူဟာ ပဲဖြစ်ပါတော့တယ်။

25/08/2026

Active Business Vs Passive Business

စီးပွားရေးတစ်ခု တည်ထောင်တော့မယ်ဆိုရင်
ဝင်ငွေစီးဆင်းပုံနဲ့ လုပ်အားစိုက်ထုတ်ရမှုအပေါ်
မူတည်ပြီး Active Business နဲ့ Passive Business
ဆိုပြီး အဓိက နှစ်မျိုး ခွဲခြားနိုင်ပါတယ်။ ဘဝနေထိုင်
မှုပုံစံ Lifestyle နဲ့ ကိုက်ညီတဲ့ စီးပွားရေးပုံစံကို
ရွေးချယ်နိုင်ဖို့ ဒီနှစ်ခုရဲ့ အဓိက ကွာခြားချက်တွေကို
Bagan ConsultancyService ကနေပြီး နှိုင်းယှဉ်
ဖော်ပြပေးလိုက်ပါတယ်။

Active Business ဆိုတာကတော့ တိုက်ရိုက် လုပ်အား
စိုက်ထုတ်ရတဲ့ စီးပွါးရေးဖြစ်ပြီးတော့ သဘောတရား
ကတော့ ကိုယ်တိုင် အချိန်နဲ့ လုပ်အားကို နေ့စဉ် တိုက်ရိုက်
စိုက်ထုတ်လုပ်ကိုင်မှသာ ဝင်ငွေရရှိတဲ့ လုပ်ငန်းပုံစံ ဖြစ်ပါ
တယ်။ လုပ်ငန်း လည်ပတ်ပုံ ကတော့ ကိုယ်တိုင် အလုပ်
လုပ်နေမှသာ လုပ်ငန်းလည်ပတ်ပြီး ဝင်ငွေစီးဆင်းပါတယ်။
အလုပ်နားလိုက်ရင် ဝင်ငွေပါ ရပ်တန့်သွားနိုင်ပါတယ်။
ဥပမာအနေနဲ့ကတော့ Professional Consultancy တို့
Coaching၊ ဆေးခန်းဖွင့်လှစ်ခြင်း၊ ရိုးရာ လက်လီ
လက်ကားဆိုင် ဖွင့်လှစ်ခြင်းတွေနဲ့၊ Freelance ဝန်ဆောင်
မှုတွေပါဝင်ပါတယ်။ အားသာချက် အနေနဲ့ကတော့ လုပ်ငန်း
စတင်ချိန်မှာပဲ အမြတ်ငွေကို မြန်မြန်ဆန်ဆန် မြင်တွေ့ရ
လွယ်ပြီး လုပ်အားအပေါ် မူတည်ပြီးချက်ချင်း ရလဒ်
ထွက်ပေါ်ပါတယ်။ လူတစ်ယောက်မှာ တစ်နေ့ကို ၂၄ နာရီ
သာ ရှိတာကြောင့် လုပ်ငန်းချဲ့ထွင်နိုင်စွမ်း Scalability နဲ့
ဝင်ငွေရရှိမှုမှာ အကန့်အသတ် တော့ရှိပါတယ်။

Passive Business စနစ် သို့မဟုတ် အရင်းအနှီးနဲ့ လည်
ပတ်ရတဲ့ စီးပွါးရေး လုပ်ငန်းတွေရဲ့သဘောတရား ကတော့
အစပိုင်းမှာ အချိန်၊ ငွေကြေး သို့မဟုတ် စနစ်တစ်ခုကို သေချာ
တည်ဆောက်ထားပြီးနောက်ပိုင်း ကိုယ်တိုင် နေ့စဉ် တိုက်ရိုက်
ပါဝင်စရာမလိုဘဲ အလိုအလျောက် ဝင်ငွေရရှိစေတဲ့ လုပ်ငန်း
ပုံစံ ဖြစ်ပါတယ်။လုပ်ငန်း လည်ပတ်ပုံ ကတော့စနစ် System၊
နည်းပညာ Automation သို့မဟုတ် ကျွမ်းကျင်တဲ့ အဖွဲ့အစည်း
Team က လုပ်ငန်းကို မောင်းနှင်ပါတယ်။ အိပ်ပျော်နေချိန်
သို့မဟုတ် ခရီးသွားနေချိန်မှာတောင် ဝင်ငွေ ဆက်လက် စီးဆင်း
နေနိုင်ပါတယ်။ Online Courses/E-books ရောင်းချခြင်းတွေ၊
အိမ်ခြံမြေ ငှားရမ်းခ ရယူခြင်းတွေ၊ Software/SaaS Platform
တွေနဲ့၊ Franchising စနစ် စတဲ့ လုပ်ငန်းစုတွေပါဝင်ပါတယ်။
အချိန်နှင့် နေရာဒေသ ကန့်သတ်ချက် မရှိဘဲ လုပ်ငန်းကို အဆ
ပေါင်းများစွာ ချဲ့ထွင်နိုင်ခြင်း ဆိုတဲ့ High Scalability နဲ့
ငွေကြေး/အချိန် လွတ်လပ်ခွင့် ရရှိခြင်းတွေကတော့ အားသာ
ချက်တွေဖြစ်ပါတယ်။ ကန့်သတ်ချက် အနေနဲ့ကတော့အစပိုင်း
မှာ စနစ်တည်ဆောက်ဖို့အတွက် အချိန်၊ ငွေကြေးနဲ့ ကြိုးစား
အားထုတ်မှု အမြောက်အမြား ရင်းနှီးမြှုပ်နှံရပြီး ရလဒ်ထွက်
ပေါ်ဖို့ရန်အတွက် အချိန်ယူရပါတယ်။

ရေရှည်တည်တံ့တဲ့ စီးပွားရေးအင်ပါယာတစ်ခု တည်ဆောက်
ရာမှာ အစပိုင်းမှာ Active Business နဲ့ ကျွမ်းကျင်မှုတွေ
ငွေကြေးအရင်းအနှီးတွေကို ရှာဖွေပြီး၊ ရရှိလာတဲ့ အရင်းအမြစ်
တွေကို Passive Business / Automated Systems တွေအဖြစ်
အဆင့်ဆင့် အသွင်ပြောင်းလဲ ချဲ့ထွင်သွားခြင်းက အထိရောက်
ဆုံး မဟာဗျူဟာ ပဲဖြစ်ပါတော့တယ်။

18/08/2026

Consultant တစ်ယောက်ဆိုရင်………..
သိသင့်တတ်သင့်တဲ့ Skills တွေ ………..
==========================

Professional Consultant တစ်ယောက်
အဖြစ် ရပ်တည်နိုင်ဖို့ဆိုတာ သက်ဆိုင်ရာ
နယ်ပယ်ဗဟုသုတ Subject Matter
Expertise တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။
Client တွေရဲ့ ပြဿနာကို အမြစ်ပြတ် ဖြေရှင်း
ပေးနိုင်ပြီး ရလဒ်ကောင်းတွေ ထွက်ပေါ်လာ
အောင် မောင်းနှင်ပေးနိုင်မယ့် Core Consulting
Skills တွေကို ဖြည့်ကျင့်ထားဖို့ လိုအပ်ပါတယ်။
ဒီလိုအပ်တဲ့ Skills တွေကို Bagan Consultancy
Serviceကနေပြီးမျှဝေပေးလိုက်ပါတယ်။

ပထမဦးဆုံးအရေးကြီးတဲ့ Skill ကတော့
Analytical Skills နဲ့ Problem-Solving Skills
ဆိုတဲ့ ခွဲခြမ်းစိတ်ဖြာ နိုင်စွမ်းနဲ့ ပြဿနာ ဖြေရှင်း
နိုင်စွမ်း ပဲဖြစ်ပါတယ်။ပြဿနာတစ်ခုရဲ့ အပေါ်ယံ
လက္ခဏာကို မကြည့်ဘဲ ဇစ်မြစ် ဆိုတဲ့ Root Cause
ကို ရှာဖွေနိုင်ရပါမယ်။Data တွေ၊ လုပ်ငန်းစဉ်
တွေကို အခြေခံပြီး လက်တွေ့ကျတဲ့ မဟာဗျူဟာ
မြောက် ဖြေရှင်းနည်း Actionable Solutions တွေ
ကို ဖော်ထုတ်ပေးနိုင်ရပါမယ်။

ဒုတိယ Skills ကတော့ Active Listening နဲ့
Communication ဆိုတဲ့ နားထောင်ခြင်းစွမ်း
ရည် နဲ့ ထိရောက်စွာ ပြောဆိုဆက်ဆံနိုင်စွမ်း ပဲ
ဖြစ်ပါတယ်။Client တွေ ရင်ဖွင့်တဲ့ စကားတွေ
ထဲက အဓိက နာကျင်မှု Pain Points တွေကို
သေချာ ဂရုတစိုက် နားထောင်တတ်ရပါမယ်။
ရှုပ်ထွေးခက်ခဲတဲ့ သီအိုရီတွေ၊ Strategy တွေကို
Decision Maker တွေ အလွယ်တကူ နားလည်
သဘောပေါက်အောင် ရှင်းလင်းပြတ်သားစွာ
တင်ပြ နိုင်စွမ်းဆိုတဲ့Presentation Skills ပါပိုင်
နိုင်ရပါမယ်။

Change Management & Empathy ဆိုတဲ့ စာနာ
နားလည်မှုနဲ့ အပြောင်းအလဲကို စီမံနိုင်စွမ်း ကတော့
Consultation ရဲ့အသက်ပါပဲ။ နည်းပညာ သို့မဟုတ်
စနစ်အသစ်တွေကို မူဝါဒ ချမှတ်ပေးတဲ့အခါ ဝန်ထမ်း
တွေရဲ့ ခုခံတွန်းလှန်မှု Resistance ကို လျှော့ချပြီး
အပြောင်းအလဲကို အားလုံး လက်ခံလာအောင် စိတ်
ပညာသဘောတရားနဲ့ ချဉ်းကပ် စည်းရုံးနိုင်ရပါမယ်။

Business Acumen နဲ့ Strategic Thinking ဆိုတဲ့
စီးပွားရေးဆိုင်ရာ အမြင်ကျယ်မှု နဲ့ မဟာဗျူဟာ
မြောက်တဲ့ စဉ်းစားတွေးခေါ်မှုပုံစံတွေကတော့
Consultant တစ်ယောက်အတွက်မရှိမဖြစ် Skill
ပါပဲ။ သီးသန့် ကဏ္ဍတစ်ခုတည်း ဥပမာ HR သို့မဟုတ်
IT ကိုသာ မကြည့်ဘဲ လုပ်ငန်းတစ်ခုလုံးရဲ့ Finance,
Operations, Marketing စတဲ့ ဘက်ပေါင်းစုံ ဟန်ချက်
ညီမှုအပေါ် သက်ရောက်မယ့် အကျိုးအမြတ် (ROI) ကို
ကြိုတင်တွက်ချက် တွေးခေါ်နိုင်ရပါမယ်။

Adaptability & Continuous Learning ဆိုတဲ့
လိုက်လျောညီထွေရှိမှုနှင့် အမြဲတစေ လေ့လာ
သင်ယူမှု ကလည်းစီးပွားရေးခေတ်ရေစီးကြောင်း၊
AI နှင့် ဒစ်ဂျစ်တယ် နည်းပညာအသစ်တွေကို
အမြဲမပြတ် လေ့လာစောင့်ကြည့်ပြီး မတူညီတဲ့
လုပ်ငန်းနယ်ပယ်အသီးသီးနဲ့ လိုက်လျောညီထွေ
ချိတ်ဆက် အသုံးချနိုင်တာကြောင့် မရှိမဖြစ်လို့
ပဲဆိုပါရစေ။

Consultant ကောင်းတစ်ယောက်ဆိုတာ အကြံပေး
ရုံသက်သက် မဟုတ်ဘဲ Client ရဲ့ လုပ်ငန်းကို
အမှန်တကယ် တိုးတက်ပြောင်းလဲသွားအောင်
ကူညီပေးနိုင်တဲ့ "ယုံကြည်စိတ်ချရတဲ့ မဟာဗျူဟာ
မြောက် လက်တွဲဖော် Trusted Strategic Partner
ဖြစ်လာနိုင်ကြောင်းမျှဝေလိုက်ပါတယ်။

13/08/2026

Change Management

လုပ်ငန်းတစ်ခုမှာ စနစ်အသစ်၊
နည်းပညာအသစ် ဒါမှမဟုတ်
Strategy အသစ်တွေကို စတင်
ကျင့်သုံးတဲ့အခါ အောင်မြင်နိုင်ဖို့
နည်းပညာကောင်းရုံနဲ့ မလုံလောက်
ပါဘူး။ အပြောင်းအလဲကို လက်တွေ့
စတင်လုပ်ဆောင်ရမယ့် "ဝန်ထမ်းတွေ
People" ရဲ့ အဆင်သင့်ဖြစ်မှုကို
စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့ လိုအပ်ပါတယ်။
ဒါကြောင့်မို့လို့ လုပ်ငန်းခွင်အတွင်း
အပြောင်းအလဲတွေကို ချောမောစွာ
အကောင်အထည်ဖော်နိုင်မယ့်
Change Management Process နဲ့
ကြုံတွေ့ရလေ့ရှိတဲ့ Challenges
စိန်ခေါ်မှုတွေ ကို BCS
Bagan Consultancy Service
ကနေပြီး လိုတိုရှင်း စုစည်း
ဖော်ပြပေးလိုက်ပါတယ်။

ပထမဦးဆုံးအဆင့်ကတော့
အပြောင်းအလဲအတွက်
ကြိုတင် ပြင်ဆင်ခြင်း
Prepare for Change ပဲ
ဖြစ်ပါတယ်။ဘာကြောင့်
ပြောင်းလဲရတာလဲ ဆိုတဲ့
အကြောင်းအရင်း (Business Case)
ကို ရှင်းလင်းစွာ သတ်မှတ်ဖို့လို
ပါတယ်။အပြောင်းအလဲအတွက်
ဦးဆောင်မယ့် Change Leadership Team နဲ့
သင့်တော်တဲ့ မဟာဗျူဟာကို ရေးဆွဲရပါမယ်။

ဒုတိယအဆင့်ကတော့ စနစ်တကျ
စီမံခန့်ခွဲ အကောင်အထည်ဖော်ခြင်း
Managing the Change ဖြစ်ပါတယ်။
အဲ့ဒီမှာ Communication အရေးကြီးလာပါပြီ။
ဝန်ထမ်းတွေဆီ ကို အပြောင်းအလဲရဲ့
အကျိုးကျေးဇူးနဲ့ ရည်ရွယ်ချက်ကို
ပွင့်လင်းမြင်သာစွာ အကြိမ်ကြိမ်
အသိပေးဖို့လိုလာပါပြီ။ပြီးတော့
Training & Upskilling ဆိုတဲ့
နည်းပညာ သို့မဟုတ် စနစ်အသစ်ကို
ဝန်ထမ်းတွေ ကျွမ်းကျင်စွာ
အသုံးပြုနိုင်အောင် သင်တန်းပေးရပါမယ်။

အပြောင်းအလဲကို ခိုင်မာအောင်
လုပ်ဆောင်ခြင်း ဆိုတဲ့ Reinforce & Sustain
ကတော့ရေရှည်အတွက်အကျိုးများစေပါတယ်။
အပြောင်းအလဲသစ်အတိုင်း
ကျင့်သုံးဆောင်ရွက်နေမှုတွေကို
စောင့်ကြည့်စစ်ဆေးပြီး Feedback
Collection လုပ်ရပါမယ်။စနစ်သစ်ကို
ကောင်းမွန်စွာ လိုက်ပါဆောင်ရွက်သူတွေကို
အသိအမှတ်ပြု ချီးမြှင့်တဲ့
Recognition လိုလာပါတယ်။

Change Management မှာ
ကြုံတွေ့ရလေ့ရှိတဲ့ Challenges တွေကတော့
ဝန်ထမ်းတွေရဲ့ အပြောင်းအလဲကို
ခုခံတွန်းလှန်မှု Employee Resistance ပါ။
အရင်ကတည်းက ဒီလိုပဲ လုပ်လာတာ
အဆင်ပြေနေတာပဲ လူအများစုက
ကိုယ့်ရဲ့ Comfort Zone ထဲကနေ
ထွက်ရမှာကို ကြောက်ရွံ့ကြပြီး
အပြောင်းအလဲကို ငြင်းဆန်လေ့ရှိကြပါတယ်။
ဒါကတော့ Change Management မှာ
အကြီးမားဆုံး စိန်ခေါ်မှုဖြစ်ပါတယ်။

ခေါင်းဆောင်ပိုင်းရဲ့ အားပေးထောက်ခံမှု
အားနည်းခြင်း Lack of Leadership Alignment
ကလည်း စိန်ခေါ်မှုတစ်ရပ်ပါပဲ။
အထက်လူကြီးတွေ သို့မဟုတ်
Management Team ကိုယ်တိုင်က
အပြောင်းအလဲကို တန်းတူညီမျှ မထောက်ခံဘဲ၊
နမူနာပြ ခေါင်းဆောင်မှု
Leading by Example မပြနိုင်ပါကလည်း
အောက်ခြေ ဝန်ထမ်းတွေ
ပါဝင်လာရန် ခက်ခဲပါလိမ့်မည်။

မရှင်းလင်းတဲ့ ဆက်သွယ်ပြောဆိုမှု
Poor Communication ကလည်း
အပြောင်းအလဲ လုပ်ရတဲ့
အကြောင်းအရင်း Why ကို ရှင်းပြခြင်း မရှိဘဲ၊
ဘာလုပ်ရမယ်ဆိုတဲ့ What ဆိုကိုပဲ
အမိန့်ပေးစေခိုင်းပါက ဝန်ထမ်းတွေအကြား
စိုးရိမ်ပူပန်မှုနဲ့ သံသယ တိုးပွားလာစေပါတယ်။

သင်တန်းနဲ့ အဓိက အထောက်အပံ့ လိုအပ်ခြင်း
ကလည်းစိန်ခေါ်မှုတစ်ခုပဲဖြစ်ပါတယ်။
Insufficient Training & Resources ဆိုတဲ့
စနစ်သစ်ကို ပြောင်းလဲလိုက်ပေမယ့်လည်း
ဝန်ထမ်းတွေ အသုံးပြုနိုင်ဖို့ လုံလောက်တဲ့
Training သို့မဟုတ် အထောက်အကူပြု Tools
တွေမပေးနိုင်ပါက စွမ်းဆောင်ရည် ကျဆင်းပြီး
အပြောင်းအလဲ ပျက်စီးသွားနိုင်ပါတယ်။

"Change Management ဆိုတာ
စနစ် သို့မဟုတ် နည်းပညာကို
ပြောင်းလဲတာ မဟုတ်ပါဘူး။ အဲဒီ စနစ်နဲ့
နည်းပညာကို အသုံးပြုမယ့် 'လူတွေရဲ့
အပြုအမူနဲ့ အလေ့အထ
Behavior နဲ့ Mindset ကို
ပြောင်းလဲပေးတာ ဖြစ်ပါတယ်။

မိတ်ဆွေတို့လုပ်ငန်းမှာ HR Transformation၊
HR Restructuring သို့မဟုတ်
System/Strategy အပြောင်းအလဲတွေကို
ချောမောစွာ အကောင်အထည်ဖော်လိုပါက
Bagan Consultancy Service သို့ အခုပဲ
ဆက်သွယ်တိုင်ပင်နိုင်ပါတယ်။

📩 Direct Message (DM): Bagan Consultancy Service
📞 Contact: [09 4 222 88 703]

10/08/2026

Business Ethics & Core Value Creation
=============================

စီးပွားရေးလုပ်ငန်းတစ်ခု ရေရှည်ရပ်တည်
အောင်မြင်ဖို့ဆိုတာ အမြတ်အစွန်း Profit
ရရှိရုံတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။
လုပ်ငန်းရဲ့ ဂုဏ်သိက္ခာ၊ ယုံကြည်မှု Trust နဲ့
သုံးစွဲသူတွေအတွက် အမှန်တကယ် ပေးစွမ်းနိုင်တဲ့
Core Value အဓိကတန်ဖိုး ရှိဖို့ လိုအပ်ပါတယ်။
ကျင့်ဝတ်နဲ့အညီ လုပ်ကိုင်တဲ့ လုပ်ငန်းတွေဟာ
စားသုံးသူတွေရဲ့ ယုံကြည်မှုကို ပိုမိုရရှိသလို၊
လူတော် ဝန်ထမ်းတွေကိုလည်း ရေရှည် ဆွဲဆောင်
ထားနိုင်ပါတယ်။

Business Ethics နဲ့ Core Value Creation ရဲ့
အဓိက မဏ္ဍိုင် တွေထဲမှာ ရိုးသားဖြောင့်မတ်မှု
Integrity ဆိုတာက လုပ်ငန်းတစ်ခုအတွက်
အရေးကြီးဆုံးဖြစ်ပြီး ကတိတည်ဖို့လိုအပ်ပါတယ်။
ကိုယ့်ရဲ့ ထုတ်ကုန် နဲ့ ဝန်ဆောင်မှု တွေနဲ့ ပတ်သက်ပြီး
မဟုတ်မမှန် ကြော်ငြာခြင်း မပြုဘဲ ပြောတဲ့အတိုင်း
တကယ်ဖြစ်အောင် လုပ်ဆောင်နိုင်ခြင်းက ခိုင်မာတဲ့
Integrity ကို ဖြစ်စေပါတယ်။

တရားမျှတမှု ဆိုတဲ့ Fairness ဆိုတာမှာလည်း
HR နဲ့ပါတ်သပ်တဲ့ မူဘောင်တွေမှာ ဝန်ထမ်းတွေကို
ခွဲခြားဆက်ဆံမှုမရှိဘဲ တန်းတူ အခွင့်အရေးပေးခြင်း၊
မျှတတဲ့ လစာနဲ့ ခံစားခွင့်ပေးခြင်းတို့ ပါဝင်ပါသည်။
ထို့ပြင် Partner တွေ၊ Supplier တွေနဲ့ ဆက်ဆံရာ
မှာလည်း မျှတမှုရှိဖို့ရန် လိုအပ်ပါတယ်။

ပွင့်လင်းမြင်သာမှု Transparency ဆိုတာကလည်း
လုပ်ငန်းရဲ့ ဆုံးဖြတ်ချက်တွေ၊ မူဝါဒတွေနဲ့ ပတ်သက်ပြီး
သက်ဆိုင်သူ Stakeholders တွေကို ပွင့်ပွင့်လင်းလင်း
ချပြခြင်း ဖြစ်ပါတယ်။ ပြဿနာတစ်ခုခု ကြုံလာပါကလည်း
ဖုံးကွယ်မထားဘဲ တာဝန်ယူမှုအပြည့်နဲ့ ဖြေရှင်းခြင်းက
ယုံကြည်မှုကို ပိုမို တိုးတက်စေပါတယ်။

Customer တွေအတွက် တန်ဖိုးဖန်တီးပေးခြင်း ဆိုတဲ့
Core Value Creation မှာလည်းValue = Benefit - Cost
ဆိုသလို တန်ဖိုး ဆိုတာက Customer ဆီကရရှိမယ့်
အကျိုးကျေးဇူးတွေထဲကနေ ပေးလိုက်ရတဲ့ စရိတ်ကို
နှုတ်လိုက်ခြင်း ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဝန်ဆောင်မှုကြောင့်
Customer တွေ အတွက် အချိန် သက်သာသွားသလား?
အမြတ်စွန်း ပိုထွက်လာသလား? ပြဿနာ ပြေလည်သွား
သလား? စတဲ့ အကျိုးကျေးဇူး Benefit တွေ ပေးနိုင်လေ
လေ ကိုယ့် Brand ရဲ့ Core Value က ပိုမို ခိုင်မာလာလေ
လေ ဖြစ်ပါတယ်။

Bagan Consultancy Service ရဲ့ Insights ကတော့
Business Ethics ဆိုတာ ဘယ်သူမှ မမြင်တဲ့ အချိန်မှာ
တောင် မှန်ကန်တာကို လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။
အမြတ်အစွန်း တစ်ခုတည်းကို အဓိက မထားဘဲ စေတနာ၊
ကျင့်ဝတ်နဲ့ အမှန်တကယ် တန်ဖိုးဖန်တီးပေးမှုကို အရင်းခံရင်
အောင်မြင်မှုက နောက်ကနေ အလိုလို လိုက်လာပါလိမ့်မယ်
ဆိုတာပါပဲ။

မိတ််ဆွေတို့ လုပ်ငန်းမှာ ကျင့်ဝတ်နဲ့အညီ ဝန်ထမ်းတွေကို
စီမံခန့်ခွဲနိုင်ရန်နဲ့ ခိုင်မာတဲ့ Corporate Culture တည်ဆောက်
နိုင်ရန်အတွက် Bagan Consultancy Service ကနေကူညီပေး
ဖို့ အသင့်ရှိနေပါတယ်။

📩 Direct Message (DM): Bagan Consultancy Service
📞 Contact: [09 4 222 88 703, 09 4 222 88 734]

07/08/2026

Netflix Culture

ဒီနေ့မှာတော့ Bagan Consultancy Service
ကနေပြီးတော့ဝန်ထမ်းတွေကို လွတ်လပ်ခွင့်
ပေးပြီး အမြင့်ဆုံး ရလဒ်ထွက်အောင် ဘယ်လို
Drive လုပ်ရမလဲဆိုတာနဲ့ပါတ်သပ်ပြီး မျှဝေ
ပေးချင်ပါတယ်။ကမ္ဘာကျော် Netflix ရဲ့ စိတ်
ဝင်စားစရာ ကောင်းတဲ့HR Strategy တွေကို
ပြောပြပေးသွားပါမယ်။တခြားကုမ္ပဏီတွေလို
စည်းမျဉ်း စာအုပ်အကြီးကြီးတွေ မထားဘဲ၊
တော်တဲ့သူတွေကိုပဲ စုစည်းပြီး အောင်မြင်မှုရ
အောင် မောင်းနှင်နေတဲ့ Netflix ရဲ့ HR Culture
ထဲက မြန်မာ့ စီးပွားရေးလုပ်ငန်းတွေအတွက်
သင်ခန်းစာယူရမယ့်အချက် အလက်တွေရှိပါ
တယ်။

Netflix HR ဆီကယူရမည့် ပထမဦးဆုံး Lessons
ကတော့"Keep Only Our Highly Effective
People ပဲဖြစ်ပါတယ်။Netflix မှာ ဝန်ထမ်းတွေ
ကို မိသားစုလိုမျိုး မသတ်မှတ်ဘဲ အကောင်းဆုံး
ကစားသမားတွေချည်း စုထားတဲ့ Pro-Sports
Team တစ်ခု လို သတ်မှတ်ပါတယ်။ Manager
တွေက ဝန်ထမ်းတွေကို ဒီဝန်ထမ်း အလုပ်ထွက်ရင်
ငါ မထွက်အောင် တားမှာလား? ဆိုတဲ့ Keeper Test နဲ့
အမြဲ စစ်ဆေးပါတယ်။ တားမှာ မဟုတ်ရင် လျော်
ကြေးအများကြီး ပေးပြီး နှုတ်ထွက်ခွင့် ပေးပါတယ်။
သူတို့က အလယ်အလတ် Performance ပဲ ရှိတဲ့သူ
တွေကို မချန်ထားဘဲ လူတော် High Performers
တွေကိုပဲ သီးသန့် စုဆောင်းတာပါ။

နောက်တစ်ခုကတော့ Freedom & Responsibility
ဆိုတဲ့လွတ်လပ်ခွင့်နဲ့ တာဝန်ယူမှု ညီတူမျှတူပေးပါ
တယ်။Netflix မှာ ခွင့်ရက် Leave Policy သီးသန့်
မရှိသလို၊ ခရီးစရိတ် သုံးရာမှာလည်း အဆင့်ဆင့်
လက်မှတ်ထိုး ခွင့်ပြုချက် တောင်းစရာ မလိုပါဘူး။
စည်းကမ်းချက်က တစ်ခုတည်းပါပဲ။ "Act in Netflix's
Best Interest" ဆိုတဲ့ Netflix အတွက် အကောင်းဆုံး
ဖြစ်မယ့်အရာကိုပဲ လုပ်ပါ ဆိုတာပါပဲ ။ ဝန်ထမ်းကို
လွတ်လပ်ခွင့် အပြည့်ပေးထားသလို၊ အမှားအယွင်း
ရှိလာရင်လည်း တာဝန်ယူမှု Responsibility အပြည့်
ရှိရပါတယ်။

အကြိုက်ဆုံးအချက်ကတော့ Radical Candor
ဆိုတဲ့ ပွင့်လင်းရိုးသားစွာ ဝေဖန်ထောက်ပြခြင်း ပါ။
ကွယ်ရာမှာ အတင်းပြောခြင်းကို လုံးဝ မနှစ်သက်ပါဘူး။
အထက်လူကြီး၊ အောက်ဝန်ထမ်း မခွဲခြားဘဲ အလုပ်နဲ့
ပတ်သက်ရင် မျက်နှာချင်းဆိုင် ပွင့်ပွင့်လင်းလင်း
တိုက်ရိုက် Feedback ပေးတဲ့ ယဉ်ကျေးမှုကို တည်
ဆောက်ထားပါတယ်။

Bagan Consultancy Insights ကတော့ Netflix ရဲ့
စနစ်ကို တစ်ထေရာတည်း လိုက်လုပ်ဖို့က လက်တွေ့မှာ
ခက်ခဲနိုင်ပေမဲ့ သူတို့ဆီက ယူရမယ့် အဓိက သင်ခန်း
စာတွေကတော့ "ဝန်ထမ်းတွေကို စည်းကမ်း စာအုပ်
တွေနဲ့ ချုပ်နှောင်ထားတာထက်၊ မှန်ကန်တဲ့ လူတော်
တွေကို ရွေးချယ်ပြီး လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပေး
ခြင်းက ပိုမို ဆန်းသစ်တဲ့ ရလဒ်တွေကို ထွက်ပေါ်စေ
တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

❓ မိတ်ဆွေတို့ လုပ်ငန်းမှာရော ဝန်ထမ်းတွေကို စည်း
ကမ်းတွေ လျှော့ချပြီး လွတ်လပ်ခွင့်နဲ့ တာဝန်ယူမှု ကို
ပိုပေးမယ့် စနစ်မျိုး စမ်းသပ်ကြည့်ဖို့ အဆင်ပြေနိုင်
ပါသလား? ဆိုတာကွန်မန့်မှာ ဆွေးနွေးခဲ့ပါဦး။

💡 မိတ်ဆွေတို့ လုပ်ငန်းနဲ့ ကိုက်ညီမည့် ခေတ်မီ
HR Strategy တွေ၊ Performance Appraisal System
တွေနဲ့ ခိုင်မာတဲ့ Corporate Culture တည်ဆောက်ရေး
အတွက် Bagan Consultancy Service ကနေ အမြဲတမ်း
အကြံပေး ပံ့ပိုးပေးဖို့ အသင့်ရှိနေပါတယ်။

📩 Direct Message (DM): Bagan Consultancy Service
📞 Contact: [09 4 222 88 734]

05/08/2026

Fishbone Theory

ပြဿနာတွေရဲ့ ဇစ်မြစ် (Root Cause) ကို ဘယ်လိုရှာမလဲ?

လုပ်ငန်းခွင်မှာ ပြဿနာတစ်ခုခုဖြစ်လာရင်
အပေါ်ယံ Symptoms ကိုပဲ လိုက်ပြင်နေရလို့
နဂိုအတိုင်း ပြန်ပြန်ဖြစ်နေတာမျိုး ကြုံဖူးကြမှာပါ။
အဲဒီလိုအခါမျိုးမှာ ပြဿနာရဲ့ ဇစ်မြစ် Root Cause
ကို ရှာဖွေဖို့ ကမ္ဘာကျော်တဲ့ နည်းလမ်းတစ်ခုရှိပါတယ်။
အဲဒါကတော့ Fishbone Theory သို့မဟုတ်
Ishikawa Diagram ပါပဲ။ ဒီနည်းလမ်းဟာ ပြဿနာ
တစ်ခုရဲ့ အကြောင်းရင်းခံတွေကို ငါးရိုးပုံစံနဲ့ အကိုင်း
အခက်လေးတွေခွဲပြီး မြင်သာအောင် ရှင်းလင်းပေး
ပါတယ်။

Fishbone Diagram ကို ဘယ်လို အသုံးပြုရမလဲ
ဆိုတော့ငါးခေါင်းနေရာမှာ ဖြစ်နေတဲ့ ပြဿနာ The Effect
ကို ထားပြီး၊ ငါးရိုးအကိုင်းအခက်တွေမှာတော့ အကြောင်းရင်း
Causes တွေကို များသောအားဖြင့် 6M လို့ခေါ်တဲ့ အချက်
အလက်တွေကို အခြေခံပြီး ဝိုင်းဝန်းစဉ်းစားကြပါတယ်။

Man ဆိုတဲ့ ဝန်ထမ်းတွေမှာ ကျွမ်းကျင်မှု လိုအပ်နေတာ
လား? ဒါမှမဟုတ် Burnout ဖြစ်ပြီး စိတ်ဓာတ်ကျနေတာ
လား? Machine ဆိုတဲ့ စက်ပစ္စည်း/နည်းပညာ မှာအသုံး
ပြုနေတဲ့ Software ဒါမှမဟုတ် စက်ကိရိယာတွေက
ခေတ်နောက်ကျနေတာလား? နှေးကွေးနေတာလား?
Method ဆိုတဲ့ လုပ်ထုံးလုပ်နည်း တွေမှာ လက်ရှိသွား
နေတဲ့ SOP ခေါ်တဲ့ Standard Operating Procedurန
တွေမှာ အားနည်းချက် ရှိနေတာလား? မရှင်းလင်းတာလား?
Material ခေါ်တဲ့ ကုန်ကြမ်း/အချက်အလက် တွေ Data
တွေက မမှန်ကန်တာလား? သို့မဟုတ် ကုန်ကြမ်းတွေက
အရည်အသွေး မပြည့်မီတာလား? Measurement ဆိုတဲ့
တိုင်းတာမှု မှာ သတ်မှတ်ထားတဲ့ KPIs တွေ ဒါမှမဟုတ်
Performance တိုင်းတာတဲ့ စံနှုန်းတွေက မှားယွင်းနေတာ
လား? လက်တွေ့မကျတာလား? Mother Nature ဆိုတဲ့
ပတ်ဝန်းကျင် ရုံးခန်းပတ်ဝန်းကျင်က ဆူညံလွန်းတာလား?
ဒါမှမဟုတ် ပြင်ပ နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေ
ကြောင့်လား? ဆိုတာတွေကို တဆင့်ခြင်းစဉ်းစားရပါတယ်။

Bagan Consultancy ရဲ့ Insights ကတော့ ဥပမာ HR
Management မှာဆိုရင် ကုမ္ပဏီမှာ ဝန်ထမ်းတွေရဲ့
Performance ကျဆင်းနေတယ် ဆိုတဲ့ ပြဿနာရှိတယ်
ဆိုကြပါစို့။ ဒါကို ငါးခေါင်းမှာထားပြီး 6M နဲ့ စဉ်းစားရင်...
Method ဖြစ်တဲ့ JDs နဲ့ KPIs တွေက မရှင်းလင်းလို့လား?
Man ဖြစ်တဲ့ ဝန်ထမ်းတွေအတွက် နည်းပညာအသစ် သို့
Training လိုအပ်နေလို့လား? Measurement ဖြစ်တဲ့
Feedback ပေးတဲ့စနစ် မရှိလို့လား? စသဖြင့် အကွက်ချပြီး
အဖြေထုတ်နိုင်မှသာ ထိရောက်တဲ့ Solution ကို ပေးနိုင်မှာ
ဖြစ်ပါတယ်။

ပြဿနာတစ်ခုကို ဖြေရှင်းတဲ့အခါ ဘယ်သူ့ကြောင့်လဲ လို့
ရှာတာထက် 'ဘာကြောင့်လဲ' ဆိုတာကို Fishbone Theory နဲ့
ရှာဖွေတာက ပိုမိုထိရောက်တဲ့ ခေါင်းဆောင်မှုပုံစံ ဖြစ်ပါတယ်။

မိတ်ဆွေတို့လုပ်ငန်းခွင်မှာရော အခုလောလောဆယ် ဘယ်လို
အဖြေရှာရခက်တဲ့ ပြဿနာမျိုးကို Fishbone နဲ့ အဖြေရှာ
ကြည့်ချင်ပါသလဲ? ကွန်မန့်မှာ ပြောပြခဲ့ပါဦးနော်။

မိတ်ဆွေတို့လုပ်ငန်းရဲ့ HR နဲ့ Operations ပိုင်းက ရှုပ်ထွေးနေတဲ့
ပြဿနာတွေကို Management Tools တွေအသုံးပြုပြီးစနစ်
တကျ ဖြေရှင်းနိုင်ဖို့အတွက် Bagan Consultancy Service ကနေ
ကူညီပေးဖို့ အသင့်ရှိနေပါတယ်။

📩 Direct Message (DM): Bagan Consultancy Service
📞 Contact: [09 4 222 88 703, 09 4 222 88 734]

03/08/2026

HRIS Software တစ်ခု မဝယ်ခင် စဉ်းစားရမှာတွေက

၂၀၂၆ ခုနှစ်ရဲ့ ခေတ်သစ် စီးပွားရေးလောက
မှာ ဝန်ထမ်းရေးရာ ဒေတာတွေကို စက္ကူဖိုင်
တွေ၊ Excel တွေနဲ့ပဲ ကိုင်တွယ်နေရတာဟာ
အချိန်ကုန် လူပင်ပန်းစေရုံတင်မကဘဲ
လုပ်ငန်းရဲ့ တိုးတက်မှုကိုပါ နှောင့်နှေးစေ
ပါတယ်။ ဒါကြောင့် လုပ်ငန်းအတော်များများ
ဟာ အလုပ်တွေ ပိုမိုမြန်ဆန် သွက်လက်လာဖို့
HRIS (Human Resource Information System)
စနစ်တွေကို ပြောင်းလဲ အသုံးပြုလာကြပါပြီ။

စျေးကွက်ထဲက HRIS Software တစ်ခုခုကို
မဝယ်ယူခင် ဒါမှမဟုတ် Digital Transformation
မလုပ်ခင်မှာ မဖြစ်မနေ ထည့်သွင်းစဉ်းစားရမယ့်
အဓိက အချက် တွေကို BCS ကမျှဝေပေးလိုက်ပါ
တယ်။

HRIS မရွေးချယ်မီ စိစစ်ရမည့် Core Checklist
တွေကတော့ လုပ်ငန်းရဲ့ တကယ့် Pain Point ကို
ဖြေရှင်းနိုင်စွမ်း (Core Features) တွေပါပဲ။
စျေးကွက်ထဲမှာ Function တွေ စုံလင်လှတဲ့
စနစ်တွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ မိတ်ဆွေ
လုပ်ငန်းက အခုလောလောဆယ် ဘယ်စနစ်ကို
အဓိက လိုအပ်နေတာလဲ? ဥပမာ - Payroll
တွက်တာ အမှားနည်းချင်တာလား၊ Attendance/
Leave Management လား၊ ဒါမှမဟုတ် Recruitment
လား၊ စသဖြင့် ကိုယ့်လုပ်ငန်းရဲ့ လိုအပ်ချက်နဲ့
ကွက်တိကျမယ့် Features တွေ ပါ၊ မပါ အဓိက
စစ်ဆေးရပါမယ်။

နောက်တစ်ခုကတော့ အသုံးပြုရ လွယ်ကူမှု ဆိုတဲ့
User Experience & Mobile Readiness ပါပဲ။
စနစ်တစ်ခုက ဘယ်လောက်ပဲ ကောင်းကောင်း၊
သုံးရတာ ရှုပ်ထွေးနေရင် ဝန်ထမ်းတွေက သုံးချင်
ကြမှာ မဟုတ်ပါဘူး။ HR Team တင်မကဘဲ ဝန်
ထမ်းတိုင်း ကိုယ့်ဖုန်းကနေ ခွင့်တိုင်တာ၊ လစာစာရွက်
Payslip ကြည့်တာတွေ အလွယ်တကူ လုပ်နိုင်မယ့်
Employee Self-Service (ESS) ပါဝင်မှုက အဓိက
ကျပါတယ်။

လက်ရှိ အသုံးပြုနေတဲ့ စနစ်တွေနဲ့ ချိတ်ဆက်နိုင်
စွမ်းကလည်းအရေးကြီးပါတယ်။ မိတ်ဆွေ ရွေးချယ်
မယ့် HRIS က လက်ရှိ ကုမ္ပဏီမှာ သုံးနေတဲ့ Biometric
Devices တွေဖြစ်တဲ့ Fingerprint/Face Scan၊
Accounting Software သို့မဟုတ် ERP System တွေနဲ့
အလွယ်တကူ ချိတ်ဆက်လို့ ရ၊ မရ စဉ်းစားရပါမယ်။

ဒေတာ လုံခြုံရေးနှင့် ဥပဒေ နဲ့ကိုက်ညီမှု ကတော့
အရေးအကြီးဆုံးပါပဲ။ Data Security ပိုင်းဆိုတဲ့
ဝန်ထမ်းတွေရဲ့ ကိုယ်ရေးအချက်အလက်နဲ့ လစာ
ဒေတာတွေ မပျောက်ပျက်ဖို့ ကလည်းအရေးကြီးပါ
တယ်။ Data Encryption ကောင်းမွန်မှု၊ Cloud
Security နဲ့အတူ မြန်မာနိုင်ငံရဲ့အလုပ်သမားဥပဒေ
ခွင့်ခံစားခွင့်၊ အချိန်ပိုကြေး တွက်ချက်မှုတွေ နဲ့
ကိုက်ညီအောင် ပြင်ဆင် Customize လို့ ရ မရ
ကိုလည်း စစ်ဆေးရပါမယ်။

Vendor ရဲ့ နည်းပညာ ထောက်ပံ့မှုနဲ့ ရေရှည် အသုံး
ပြုနိုင်မှု Vendor Support & Scalability ကအခု
ဝန်ထမ်း ၃၀ ရှိချိန်မှ နောက်နှစ်တွေမှာ ဝန်ထမ်း၊ ၃၀၀
ဖြစ်လာပြီဆိုပါက စနစ်က လိုက်ပါနိုင်မှာလားဆိုတဲ့
Scalability ဆိုတာကို တွေးထားရပါမယ်။ အရေးကြီး
ဆုံးကတော့ Software ဝယ်ယူပြီးနောက်ပိုင်း ပြဿနာ
တစ်ခုခု ရှိပါက အချိန်မီ ဖြေရှင်းပေးနိုင်မည့် Vendor
Support ကောင်းမွန်မှုပါပဲ။

Bagan Consultancy Insights ကတော့ HRIS ဆိုတာ
Tool တစ်ခုပဲ ဖြစ်ပါတယ်။ သေချာ စနစ်မကျတဲ့ HR
Process တွေပေါ်မှာ နည်းပညာ သွားတင်ရင် ရှုပ်ထွေးမှု
တွေပဲ ပိုများလာမှာပါ။ စနစ်သစ် မပြောင်းမီ HR Structure
နဲ့ Process များကို အရင်ဆုံး Standardize ဖြစ်အောင်
ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

🎯 မိတ်ဆွေတို့ လုပ်ငန်းနဲ့ အကိုက်ညီဆုံးဖြစ်မည့် HRIS
ရွေးချယ်မှု၊ HR Digital Transformation နဲ့ Process
Optimization တွေအတွက် Bagan Consultancy
Service သို့ အခုပဲ ဆက်သွယ် တိုင်ပင်နိုင်ပါတယ်။

📩 Direct Message (DM): Bagan Consultancy Service
📞 Contact: 09 4 222 88 734

30/07/2026

မိတ်ဆွေ လုပ်ငန်းရဲ့ HR Process တွေက
Business ကြီးထွားမှုကို ပံ့ပိုးနေသလား?
ဒါမှမဟုတ် နှောင့်နှေးစေနေသလား?

လုပ်ငန်းတော်တော်များများဟာ တိုးတက်ဖို့
အတွက် Sales နဲ့ Marketing အပိုင်းတွေကိုပဲ
အာရုံစိုက်နေတတ်ကြပါတယ်။ ဒါပေမဲ့
လက်တွေ့မှာ လုပ်ငန်းမလိုလားအပ်ဘဲ နှောင့်နှေး
နေရတာ၊ အမြတ်စွန်းနည်းနေရတာနဲ့ ဝန်ထမ်း
ထွက်နှုန်း မြင့်မားနေရတာတွေဟာ အတွင်းပိုင်း
HR Process အားနည်းချက်တွေ ကြောင့်ဆိုတာကို
သတိမထားမိတတ်ကြပါဘူး။

အရင်ကတည်းက ဒီလိုပဲ လုပ်လာတာပဲ" ဆိုတဲ့ စနစ်ဟောင်း
တွေနဲ့ ၂၀၂၆ ရဲ့ အပြောင်းအလဲမြန်တဲ့ စီးပွားရေးလောကမှာ
ယှဉ်ပြိုင်ဖို့ ခက်ခဲပါတယ်။

Hidden Costs တွေကို လျှော့ချနိုင်ခြင်း စနစ်မကျတဲ့
အလုပ်ခန့်အပ်မှုတွေ၊ အလုပ်ထွက်နှုန်းမြင့်မားခြင်း High
Turnover နဲ့ အမှားအယွင်းများတဲ့ Payroll စနစ်တွေဟာ
လုပ်ငန်းရဲ့ ဘတ်ဂျက်တွေကို မသိမသာ ယိုစီးစေပါတယ်။
ဒါတွေကို HR Audit ပြုလုပ်ခြင်းဖြင့် ဒီယိုစီးမှုတွေကို တိတိ
ကျကျ ရှာဖွေတားဆီးနိုင်ပါတယ်။

Legal Compliance ဖြစ်ဖို့ လည်း အရေးကြီးပြီးတော့
အလုပ်သမားဥပဒေ၊ ခွင့်ခံစားခွင့်နဲ့ စာချုပ်စာတမ်းပိုင်း
ဆိုင်ရာ အားနည်းချက်တွေကြောင့် ဖြစ်လာနိုင်တဲ့ ဥပဒေ
ကြောင်းအရ နစ်နာမှုနဲ့ ဒဏ်ကြေးတွေကို ကြိုတင်ကာကွယ်
ပေးပါတယ်။

Operational Efficiency ဖြစ်ဖို့အတွက် မလိုလားအပ်တဲ့
လုပ်ငန်းစဉ် Red Tape တွေကို လျှော့ချပြီး ရှင်းလင်းတဲ့
SOP တွေ၊ Org Structure တွေနဲ့ Job Descriptions
JDs တွေကို ပြန်လည်ရေးဆွဲပေးတာကြောင့် ဝန်ထမ်းတွေရဲ့
Performance ကို တိတိကျကျ မြှင့်တင်ပေးနိုင်ပါတယ်။

Talent Retention နဲ့ မျှတတဲ့ Performance Appraisal
System နဲ့ Clear Career Path တွေကို စနစ်တကျ တည်
ဆောက်ပေးနိုင်မှသာ ထိပ်တန်း Talent တွေက သင့်လုပ်ငန်းမှာ
ရေရှည်လက်တွဲမှာ ဖြစ်ပါတယ်။

💡 Bagan Consultancy Service ရဲ့HR Restructuring
ချဉ်းကပ်ပုံကတော့ အကြံပြုချက်များ သာမကဘဲ

* မိတ်ဆွေ လုပ်ငန်းရဲ့ လက်ရှိ HR Health ကို အသေးစိတ် Audit ပြုလုပ်ပေးခြင်း။
* လုပ်ငန်းအမျိုးအစားနှင့် ကိုက်ညီမယ့် Customized HR Framework များ ရေးဆွဲပေးခြင်း။
* လက်တွေ့ အကောင်အထည်ဖော်နိုင်သည်အထိ Management Team နှင့် ပူးပေါင်းဆောင်ရွက်ပေးခြင်း စသည့် အဆင့်ဆင့်သော ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိပါသည်။

🎯 မိတ်ဆွေလုပ်ငန်းရဲ့ HR Process တွေကို ခေတ်မီစနစ်ကျအောင် ပြန်လည်ဆန်းစစ်ရန် အချိန်တန်ပါပြီ။
ခိုင်မာတဲ့ Management System တစ်ခု တည်ဆောက်ရန်အတွက် BCS ရဲ့ Expert Team နဲ့ Initial Consultation ရယူလိုပါက Messenger (DM) သို့မဟုတ် ဖုန်းမှတဆင့် အခုပဲ ဆက်သွယ်နိုင်ပါသည်။

📩 Direct Message (DM): Bagan Consultancy Service
📞 Contact: [09 4 222 88 734]

Website

Address

Room/306, Building/3, Aung Myay Tharsi 1st Street, Aung Myay Tharsi Housing, Kamaryut Township
Yangon

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Alerts

Be the first to know and let us send you an email when BAGAN Consultancy Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.