PACE Education

PACE Education

Share

Improve your Japanese language skills at a rapid pace.

Photos from PACE Education 's post 26/07/2025

🏥 ဂျပန်မှာ ဆေးရုံ၊ ဆေးခန်းပြတဲ့အခါ အဆင်ပြေစေဖို့ နေမကောင်းဖြစ်တဲ့အချိန်မှာ သုံးတဲ့ ဂျပန်စကားစုလေးတချို့ကို Sharing လုပ်ပေးလိုက်ပါတယ်နော် ❤️

24/07/2025

🎌 ဂျပန်မှာ အလုပ်ရှာတော့မယ်ဆိုရင် ပထမဆုံး လိုအပ်တာ​က CV (Curriculum Vitae) ပါ။ CV Form ကပြည့်ပြည့်စုံစုံနဲ့ အမှားအယွင်းမရှိမှသာ ကိုယ့်ကို အင်တာဗျူးခေါ်မှာပါ။

ကဲ ဒီတော့ CV Form ကို အလွယ်ကူဆုံးနဲ့ အရှင်းလင်းဆုံးဖြစ်အောင် ဘယ်လိုရေးကြမလဲ 💁🏻

𝐏𝐀𝐂𝐄 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 နဲ့အတူ လေ့လာကြည့်ရအောင်ပါ။


🪪 ပထမဆုံး သတိထားရမယ့်အချက်ကတော့ ဓာတ်ပုံပါ။ ဓာတ်ပုံက အနည်းဆုံး (၃)လကနေ (၆)လအတွင်း ရိုက်ထားတဲ့ပုံဖြစ်ရပါမယ်။

ရိုက်တဲ့အခါမှာလည်း အဝတ်အစား၊ ဆံပင်ပုံစံကအစ သေသေသပ်သပ် ရှင်းရှင်းလင်းလင်း ဖြစ်နေဖို့ အရေးကြီးပါတယ် 💯

✅ နာမည်၊ မွေးနေ့၊ နေရပ်လိပ်စာ

- 氏名 (နာမည်)ကို English စာလုံးအကြီးတွေနဲ့ပဲ ရေးရပါမယ်။

- ふりがな ဆိုတဲ့နေရာမှာတော့ နာမည်ကို Katakana နဲ့ရေးပေးပါ။

- 生年月日 (မွေးနေ့) ရေးတဲ့အခါ နှစ်/လ/ရက် ဆိုပြီး ရေးရပါမယ်။

- 現在住所 (နေရပ်လိပ်စာ) မှာ လက်ရှိနေထိုင်နေတဲ့လိပ်စာကိုရေးရမှာပါ။ ရေးတဲ့အခါ ကိုယ်နေထိုင်တဲ့ မြို့နယ်ရဲ့ စာတိုက်နံပါတ်ကိုပါ ထည့်ရေးပေးဖို့လိုပါတယ်။

✅ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ

လက်ရှိအသုံးပြုနေတဲ့ ဖုန်းနံပါတ်နဲ့ Email Address ကို သေချာလေး မှန်မှန်ကန်ကန် ရေးပေးပါ။

✅ အတန်းပညာအရည်အချင်း/ အလုပ်ရာဇဝင်

- 学歴 (အတန်းပညာအရည်အချင်း) နေရာမှာ ကိုယ်ကျောင်းစတက်တဲ့တဲ့နှစ်၊ ကျောင်းပြီးတဲ့နှစ်၊ ကိုယ်လေ့လာခဲ့တဲ့ ဘာသာရပ်တွေကို ရေးသားရမှာပါ။

- 職歴 (အလုပ်ရာဇဝင်) မှာဆိုရင်တော့ ကိုယ်အလုပ်လုပ်ခဲ့တဲ့ Company နာမည်၊ အလုပ်ဝင်တဲ့နှစ်၊ ထွက်တဲ့နှစ်၊ လုပ်ကိုင်ခဲ့တဲ့ အလုပ်တာဝန်တွေအကြောင်းကို ရေးရပါမယ်။

✅ လိုင်စင်၊ အသိအမှတ်ပြု အောင်လက်မှတ်

- ကိုယ့်မှာရှိတဲ့ လိုင်စင်ရယ် ရရှိခဲ့တဲ့ အချိန်ကာလ ခုနှစ်ရယ်ကို ရေးရပါမယ်။
- 資格 ကတော့ ကိုယ့်မှာရှိတဲ့ အသိအမှတ်ပြု အောင်လက်မှတ်အားလုံးကို ခုနှစ်နဲ့တကွ ရေးပေးရမှာပါ။

✅ ဝါသနာ၊ ကျွမ်းကျင်မှု ( 趣味、特技)

- ကိုယ် ဝါသနာပါတဲ့အရာတွေ၊ ကျွမ်းကျင်တဲ့အရာတွေကို ရေးပေးရမှာ ဖြစ်ပါတယ်။

✅ မိမိဘက်မှတောင်းဆိုချက် (本人希望 )

- အလုပ်ကို ဘာတွေတောင်းဆိုချင်လဲဆိုတာကို ရေးရမှာပါ။ (ဥပမာ- မျှော်မှန်းလစာ ဘယ်လောက်လိုချင်ကြောင်း၊ အလုပ်ရတဲ့အခါ ဘယ်လိုထောက်ပံ့မှုတွေ လိုချင်ကြောင်း)

ဒါတွေသိပြီသွားဆိုရင်တော့ ဂျပန် CV Form တစောင်ကို အခက်အခဲမရှိ ရေးနိုင်ပြီ ဖြစ်ပါတယ် ✍🏻

နောက်ရက်တွေမှာလည်း ဂျပန်နဲ့ ပတ်သက်တဲ့ အခြားသိမှတ်စရာတွေကို မျှဝေပေးသွားမှာဖြစ်လို့ 𝐏𝐀𝐂𝐄 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 ရဲ့ page လေးကို Like & Follow လုပ်ထားဖို့မမေ့ပါနဲ့နော် ❤️





ေးနည်း

Photos from PACE Education 's post 22/07/2025

💁🏻 ဂျပန်နိုင်ငံမှာ အချိန်ပိုင်းအလုပ်လုပ်ချင်တဲ့ မီနစံတို့အတွက် အချိန်ပိုင်းအလုပ်ရှာလို့ရတဲ့ Application နဲ့ Website လေးတွေကို မျှဝေပေးလိုက်ပါတယ်ရှင် 📲

ပုံလေးတွေအောက်မှာ Download Link, Website Link တွေလည်း ထည့်ပေးထားပါတယ်နော်။

Minasan တို့မှာ တခြား သုံးဖြစ်နေတာလေးတွေရှိရင်လည်း ပြန်ပြီးမျှဝေပေးခဲ့ပါဦး ❤️

Photos from PACE Education 's post 21/07/2025

🍽 စားသောက်ဆိုင် ရောက်တဲ့အခါ ဂျပန်လို ယုံကြည်မှုရှိရှိ ပြောနိုင်ဖို့ သိထားသင့်တဲ့ အခြေခံစကားပြောလေးတွေကို 𝐏𝐀𝐂𝐄 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 ကမျှဝေပေးလိုက်ပါတယ်။

အလေ့အကျင့်ဖြစ်အောင် များများလိုက်ပြောကြည့်ပါနော် 🥰

Photos from PACE Education 's post 14/07/2025

Kotoba လေးတွေရဲ့ အဓိပ္ပာယ်က ဘာဖြစ်မလဲ 👀

N5 လေ့လာနေတဲ့ ဆရာကြီး ဆရာ​မကြီးတို့ ဖြေခဲ့ကြပါဦး 💬❤️

Photos from PACE Education 's post 13/07/2025

🎌 𝐏𝐀𝐂𝐄 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 နဲ့အတူ နေ့ရက်အချိန်အခါနဲ့ ပတ်သက်တဲ့ အခေါ်အဝေါ်လေးတွေကို လေ့လာကြည့်ရအောင် 🗓️

အခြေခံ စာလုံးလေးတွေဖြစ်လို့ သေချာလေး ရေးမှတ်ထားဖို့ မမေ့ပါနဲ့နော် ❤️

11/07/2025

📝 COE ဆိုတာဘာလဲ 🔎

COE (Certificate of Eligibility) ဆိုတာ ဂျပန်နိုင်ငံရဲ့ Immigration Services Agency (入国管理局) က ထုတ်ပေးတဲ့ စာရွက်စာတမ်းတစ်စောင်ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ တရားဝင်နေထိုင်နိုင်ကြောင်း အသိအမှတ်ပြုတဲ့ စာရွက်စာတမ်းဖြစ်ပြီး ဗီဇာ လျှောက်တဲ့အခါ သေချာပေါက်လိုအပ်ပါတယ်။


📝 COE ရဖို့ ဘာတွေလုပ်ရမလဲ 🔎

✅ COE ကို ကိုယ်တက်ချင်တဲ့ ကျောင်းဒါမှမဟုတ် အလုပ်လုပ်မယ့် ကုမ္ပဏီက တာဝန်ယူပြီး လျှောက်ပေးတာပါ။

✅ အဲ့ဒီ COE ကို Immigration Office က တင်သွင်းပြီး စစ်ဆေးပါတယ်။

✅ COE လျှောက်တာက အနည်းဆုံး တပတ်ကနေ (၁)လ၊ (၂)လ အထိ ကြာနိုင်ပါတယ်။

✅ COE ထုတ်ပြီးတာနဲ့ (၃) လအတွင်း ဂျပန်သံရုံးမှာ ဗီဇာတင်သွင်းရပါမယ်။

📝 COE က မဖြစ်နေလိုတာလား 🔎

ဟုတ်ပါတယ်။ COE မရှိရင် ဂျပန်သံရုံးက ဗီဇာလုပ်မပေးပါဘူး။ အဲ့အတွက်ကြောင့် ပြည်ပထွက်ခွာခွင့်လည်း ရမှာ မဟုတ်ပါဘူး။


📝 COE Reject ထိရင် ဘာလုပ်ရမလဲ 🔎

✔️ အချိန်ပေးပြင်ဆင်ပြီး ထပ်လျှောက်ပါ။ အကယ်၍ ကုမ္မဏီအသစ်နဲ့ COE ထပ်တင်မယ်ဆိုရင်တော့ အချိန်ပိုပေးရမယ်။ စိတ်ရှည်ရပါမယ်။

✔️ ကျောင်းနဲ့ Reject ထိတာဆိုရင်တော့ Reject ထိရတဲ့ အကြောင်းအရင်းကို ကျောင်းဘက်ကို ပြန်မေးပြီး လိုအပ်ချက်ကို သေချာပြန်ပြင်ဆင်ပါ။ လုံးဝ မလောဘဲနဲ့ စိတ်အေးအေးထားပြီး ထောင့်စေ့အောင် ပြင်ဆင်နိုင်မယ်ဆိုရင် ဒါကို ကျော်ဖြတ်နိုင်မှာပါ။

အားလုံးပဲ Good Luck ပါရှင်။ အခက်အခဲမရှိဘဲ တကြိမ်တည်းနဲ့ COE ရပါစေလို့ 𝐏𝐀𝐂𝐄 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 ကလည်းဆုတောင်းပေးလိုက်ပါတယ် ☘️

Photos from PACE Education 's post 10/07/2025

🏮 ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် Gion Matsuri 💕

祇園祭 (Gion Matsuri) ပွဲတော်ဟာ UNESCO ရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် ပွဲတော်တစ်ခုပြီး ဇူလိုင်လ တစ်လပတ်လုံး ကျင်းပတဲ့ ကြီးကျယ်ခမ်းနားတဲ့ ပွဲတော်တစ်ခု ဖြစ်ပါတယ်။

📌 Gion Matsuri ရဲ့ အစ ပထမ

သမိုင်းကြောင်းတွေအရ Gion Matsuri ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၁၀၀) ကျော်က စတင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက ဂျပန်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ကျိုတိုမြို့မှာ ကပ်ရောဂါဆိုးကြီး တစ်ခု ဖြစ်ပွားခဲ့ပြီး အဲ့ဒီ ကပ်ရောဂါဆိုးကြီး ရပ်တန့်ဖို့အတွက် Yasaka ဘုရားကျောင်းမှာ ဂျပန်ရဲ့ ဒေသ (၆၆) ခုကို ကိုယ်စားပြုတဲ့ လှံတံ (၆၆) ချောင်းကို စိုက်ထူပြီး နတ်ဘုရားတွေကို ပူဇော်ပသ ဆုတောင်းရာကနေ စတင်ခဲ့တာလို့ သိမှတ်ရပါတယ်။

အစပထမှာ ကပ်ရောဂါ ကင်းဝေးဖို့ ရည်ရွယ်ချက်နဲ့ ဆုတောင်းပွဲ ကျင်းပခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ရိုးရာယဥ်ကျေးမှုတွေနဲ့အတူ လူချမ်းသာတွေရဲ့ ဥစ္စာဓန ပြသရာ ပွဲတော်တစ်ခုအဖြစ် ဆင့်ကဲပြောင်းလဲလာခဲ့တာပါ။

📌 Gion Matsuri ပွဲတော် ကျင်းပပုံ

ဇူလိုင်လ တစ်လလုံးနီးပါး ကျင်းပကြတာဖြစ်ပြီး ပွဲရဲ့ အဓိက အခမ်းအနားတွေကိုတော့ ဇူလိုင်လလယ်မှာ ကျင်းပကြပါတယ်။

Gion Matsuri မှာ အထင်ရှားဆုံးကတော့ Yama နဲ့ Hoko လို့ ခေါ်တဲ့ ရထားလှည်းကြီးတွေကို လှည့်လည်တဲ့ ပွဲဖြစ်ပါတယ်။

အဲ့ဒီရထားလှည်းကြီးတွေကို အထည်အလိပ်၊ ပန်းပုလက်ရာတွေနဲ့ ခမ်းခမ်းနားနား ပြင်ဆင်ထားပြီး လှည့်လည်ပြသကြတာပါ။ အဓိက လှည့်လည်ပွဲ နှစ်ခုက​တော့ Saki Matsuri နဲ့ Ato Matsuri ပါ။

ဇူလိုင်လ (၁၇)ရက်နေ့လို အချိန်မျိုးမှာဆိုရင်တော့ Yasaka နတ်ကွန်းမှာရှိတဲ့ နတ်ဘုရားတွေကို ရွေ့လျားနတ်ကွန်းတွေပေါ် တင်ပြီး မြို့အနှံ့ လှည့်လည် အပူဇော်ခံကြတာ ဖြစ်ပါတယ်။

📌 Gion Matsuri ပွဲတော်ရက်

ပွဲတော်ရက်မှာဆိုရင် ပွဲကျင်းပရာ လမ်းမတလျှောက် စားသောက်ဆိုင်တွေ၊ မုန့်စျေးတန်းတွေ၊ ရိုးရာလက်မှုပစ္စည်းအရောင်းဆိုင်တွေ၊ ကုန်ပစ္စည်းအရောင်းဆိုင်တွေ၊ နဲ့ စည်ကားသိုက်မြိုက်နေတာကို တွေ့ရမှာပါ။

ဒါတင်မကသေးဘဲ ဂျပန်ရိုးရာဝတ်စုံ (Yukata) ဝတ်ဆင်ထားတဲ့ လူတန်းကြီးကိုလည်း ချစ်စဖွယ်တွေ့မြင်ရဦးမှာပါ။

Kyoto မြို့ခံတွေဟာလည်း သူတို့ရဲ့ မိသားစုအမွေအနှစ်၊ ရိုးရာပစ္စည်းတွေကို ကြည့်ရှူ​လေ့လာနိုင်ဖို့ ရိုးရာအိမ်တွေကို ဖွင့်လှစ်ပေးထားမှာ ဖြစ်ပါတယ်။


အနှစ်ချုပ်ဆိုရရင် Gion Matsuri ဟာ ဂျပန်နိုင်ငံရဲ့ ရိုးရာယဥ်​ကျေးမှု၊ ရှေးဟောင်းအမွေအနှစ်၊ လက်မှုပညာနဲ့ ဘာသာရေးယုံကြည်မှုတွေကို ပြသနေတဲ့ မြတ်နိုးတန်ဖိုးထားစရာ ပွဲတော်တစ်ခုလို့ ဆိုရပါမယ် 🖤

ဒါကြောင့် ဂျပန်ရောက် မီနစံတို့အနေနဲ့ အခွင့်ကြုံကြိုက်တဲ့အခါ Gion Matsuri ကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွှဲကြည့်ဖို့ 𝐏𝐀𝐂𝐄 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 ကလည်း တိုက်တွန်းလိုက်ပါတယ်ရှင်💁🏻

09/07/2025

🪷 ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) မှာ ပြည်သူပြည်သားအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပြီး ကောင်းခြင်းအဖြာဖြာ ရရှိပိုင်ဆိုင်နိုင်ပါစေကြောင်း 𝐏𝐀𝐂𝐄 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 က ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် 🙏🏻🤍

#ဝါဆိုလပြည့်နေ့ #ဆုမွန်ကောင်း

Photos from PACE Education 's post 08/07/2025

𝐏𝐀𝐂𝐄 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 နဲ့အတူ မြည်သံစွဲ စကားလုံးလေးတွေကို လေ့လာကြည့်ရအောင် ✍🏻

နောက်ရက်တွေမှာလည်း ဂျပန်စာနဲ့ ပတ်သက်တဲ့ သိမှတ်စရာတွေကို မျှဝေပေးသွားမှာဖြစ်လို့ Page လေးကို Like & Follow လုပ်ထားဖို့ မမေ့ပါနဲ့နော် ❤️






#မြည်သံစွဲစကားလုံးများ

Category

Website

Address

Yangon

Alerts

Be the first to know and let us send you an email when PACE Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.