GuGu & KitKit
Everything About Sun Conures
24/07/2026
ပိုင်ရှင်တွေ့အောင်ရှဲပေးကြပါဦး
ဒီနေ့ Site Office မှာ အလုပ် လုပ်နေရင်း မျက်စိလည် လမ်းမှား ရောက်လာတဲ့ ကြက်တူရွေးလေး ☺️☺️
စာရွက်တွေ ကော်ပီကူးနေတုန်း ပုခုံးပေါ်လာနားတာ 😍😍
ရုံးက Admin က အမှတ်တရ ရိုက်ပေးတာလေး 😊😊
ပုခုံးပေါ်က အကြာကြီးပဲ မဆင်းဘူးရယ် 🥰🥰
12/07/2026
အိမ်ကစန္ဒာဝင်းနဲ့အေးသူဇာ စာမသင်ချင်လို့ ဘူနေပုံ
#စန္ဒာဝင်း #အေးသူဇာ
ဒူးရင်းသီးက ကောင်းသားပဲနော် 🥹
#ဒူးရင်းသီး #အရမ်းကြိုက်ပါတယ်ဗျာ
12/06/2026
ငှက်ပေါက်လေးအသိုက်ကပြုတ်ကျခဲ့ရင်…
အခုတစ်လော လေပြင်းတွေတိုက်ပြီး ငှက်ပေါက်လေးတွေအသိုက်ကပြုတ်ကျတာများလာလို့
အရေးပေါ်ပြုစုနည်းလေးပြောပြပေးပါမယ်
ငှက်ပေါက်ကလေးတွေဟာ မိခင်ရင်ငွေ့ရှိမှသာအသက်ရှင်နိုင်ပြီး ၂ နာရီခြားတစ်ခါ အစာကျွေးရတာမို့လို့ ဖြစ်နိုင်ရင် အသိုက်ရှာပြီးပြန်ထည့်ပေးတာအကောင်းဆုံးပါပဲ
အကယ်၍ အသိုက်ရှာမတွေ့ဘူး / အသိုက်ကလက်လှမ်းမမှီဘူးဆိုရင်
အရေးကြီးဆုံးက
(၁) အပူငွေ့ပေးထားရပါမယ်
အလင်းရောင်မထွက်တဲ့ အပူသီးသန့်မီးသီးရှိရင် အဲ့မီးသီးလေးဖွင့်ထားပေးပါ
Reptile ( တွားသွားသတ္တဝါ ) နဲ့ ကြက်တူရွေးမွေးတဲ့သူဆိုရင်တော့သိကြပါတယ်
မီးသီးမရှိရင်
✅ ပုလင်းထဲရေနွေးထည့်ပြီး အဲ့ပူနေတဲ့ပုလင်းကို အဝတ်ပတ်ပြီး ငှက်ပေါက်ဘေးနားမှာထားပေးပါ
✅ ရေအေးသွားရင် ရေပူပြန်လဲပေးပါ အမြဲအပူနဲ့လဲပေးနေရပါမယ်
✅ အပူမရှိတော့ရင် ငှက်ပေါက်ကသေနိုင်ပါတယ်
< အဝတ်ပတ်ရတဲ့အကြောင်းရင်းက ပုလင်းနဲ့ငှက်ပေါက်ထိမိပြီး အပူလောင်မှာစိုးလို့ပါ >
(၂) အစာကို ၂ နာရီခြားတစ်ခါကျွေးရပါမယ်
ငှက်ပေါက်စာတံဆိပ်အစုံရှိပါတယ်
A21 တံဆိပ်ကတော့ အကောင်းဆုံးပါ
အဲ့အစာမှုန့်ကို ရေနွေးပူပူနဲ့ကျေညက်အောင်ဖျော်ပြီး
✅ ကြက်သီးနွေးလေးဖြစ်တဲ့အခါ ငှက်ပေါက်ကိုဆေးထိုးအပ်ကို အပ်ဖြုတ်ပြီး တိုက်ရပါမယ်
✅ မပူလွန်း မအေးလွန်း အခြေအနေ
လက်ဖမိုးပေါ်အစက်ချကြည့်ရင် နွေးနွေးလေးဖြစ်နေရင် ကျွေးလို့ရပါပြီ
( ပူရင် ဇလုပ်အပူလောင်ပြီး ပေါက်ပြီး သေတတ်ပါတယ် / အေးစက်နေရင် အစာမကြေပဲ ဇလုပ်ခဲပြီး သေတတ်ပါတယ် )
✅ မပျစ်မကျဲအခြေအနေ မှာ ကျွေးရပါမယ်
✅ ပမာဏက တစ်ခါကျွေးရင်
စာကလေးတစ်ကောင်ဆိုရင် 1cc ရဲ့ တစ်ဝက်
ဇရက်ပေါက်လေးဆိုရင် 1cc လောက် ကျွေးလို့ရပါတယ်
✅ တစ်ခါကျွေးပြီး ပိုနေရင် သိမ်းထားလို့မရပါဘူး သွန်ပစ်ရပါမယ် အချဉ်ဖောက်သွားလို့ပါ
(၃) ဘယ်နေရာမှာထားရမလဲ
✅ အပေါက်တွေပါတဲ့ခြင်း / အဖုံးပါတဲ့ခြင်းထဲ အဝတ်ခင်းပြီး အပူပုလင်းတွေဘေးမှာထားရပါမယ်
< အပေါက်က လေဝင်လေထွက်ရှိအောင် >
< အဖုံးက ခွေး/ ကြောင် / ကျီး / ကြွက်ရန်က ကာကွယ်ပေးဖို့ >
(၄) ကြီးလာရင် ဘာကျွေးရမလဲ
✅ ငှက်ပေါက်က ကြီးလာရင် ငှက်ပေါက်စာအပြင် အစာအစုံစကျွေးလို့ရပါတယ်
စာကလေးပေါက်လေးဆိုရင် ..
ထမင်းလေးတွေခြေကျွေးလို့ရပါတယ်
ချိုတဲ့သစ်သီးလေးတွေကျွေးလို့ရပါတယ်..
ငှက်ပျော/ သင်္ဘော / စပျစ် / သရက် / ပန်းသီး
✅ သေးသေးလေးတွေဖဲ့ပြီး စိတ်ပြီးကျွေးရပါမယ် ( သူ့နှုတ်သီးထက်ပိုသေးတဲ့ဆိုဒ်ဖြစ်အောင်ဖဲ့ပြီးကျွေးရပါမယ် )
( ❌ ထောပတ်သီးမတည့်ပါ / ❌ သစ်သီးအစေ့တွေမတည့်ပါ )
ဆက်ရက်ပေါက်လေးဆိုရင် အပေါ်မှာပြောထားတဲ့အစာတွေအပြင်
✅ အသားဓာတ်ရအောင်ကျွေးရပါမယ်
အသားပြုတ်လေးတွေ / အင်းဆက်ပိုးကောင် / ဝါးပိုးအရှင် / ဝါးပိုးအခြောက် / ပုရစ်လေးတွေ ကျွေးရပါမယ်
(၅) ငှက်ပေါက်လေးက အစာအကုန်စားတတ်ပြီ ပျံတတ်ပြီဆိုရင် သဘာဝထဲပြန်လွှတ်ပေးမလား မွေးထားမလား ရွေးရပါမယ်
ပြန်လွှတ်ပေးရင် ငှက်လေးက အရမ်းယဉ်နေရင် သွားလိုက်ပြန်လိုက်လုပ်ပြီး အစာလာတောင်းနိုင်ပါတယ်
မွေးထားမယ်ဆိုရင်တော့
ခွေး/ကြောင်/ ကြွက်ရန်က ကာကွယ်ပေးရပါမယ်
ညဘက်ဆို လှောင်အိမ်ထဲထားပြီး သိပ်ရပါမယ်
( ကြွက်လာဆွဲတတ်လို့ )
ထပ်ပြီးသိချင်တာရှိရင် လာမေးလို့ရပါတယ်
ငှက်ပေါက်စာဝယ်ရမယ့်နေရာတွေက
https://www.facebook.com/share/1DsqC61YNA/?mibextid=wwXIfr
https://www.facebook.com/share/1EmY5enGJJ/?mibextid=wwXIfr
https://www.facebook.com/share/1AThMyB8wX/?mibextid=wwXIfr
https://www.facebook.com/share/18df2QF1su/?mibextid=wwXIfr
https://www.facebook.com/share/1BkA7aitzt/?mibextid=wwXIfr
အပူမီးသီးဝယ်ချင်ရင် ငှက်ပေါက်စာရောင်းတဲ့ဆိုင်တွေမှာ ပစ္စည်းပြတ်နေရင် Reptile ဆိုင်တွေမှာပါရောင်းတတ်ပါတယ်
https://www.facebook.com/share/1KgcziwGgK/?mibextid=wwXIfr
08/06/2026
ကစ်ကစ်လေးကိုယ်တိုင်ဖုတ်ထားတဲ့ cheese lava cake လေး ဘယ်သူစားမလဲ ??
05/06/2026
UK မှာ ကျောင်းသွားတက်နေပြီနော်
မကြာခင်မှာ ဘွဲ့ရပညာတတ်ကြီးဖြစ်ပြီးမှ ပြန်တွေ့ကြမယ် ဘိုင့်ရီးး…
Hello 🥰🥰
11/10/2025
လူပေါ်မှာ ရရင်ရသလို ရတဲ့နေရာ ကပ်သတ်ပြီးနေကြတဲ့အဖွဲ့ ပါ 😍
Good night
Category
Website
Address
Alerts
Be the first to know and let us send you an email when GuGu & KitKit posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.