Sakura Unity
Way to JAPAN
21/09/2026
၂၀၂၆ခုနှစ် အောက်တိုဘာလမှ စတင်ကျင်သုံးမည့်
ဂျပန်နိုင်ငံ တနာရီ အနိမ်ဆုံးလုပ်အားခ စာရင်း
Sakura Unity
အမှတ်(၇၈၁)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၇ရပ်ကွက်၊
မြောက်ဒဂုံ၊ ရန်ကုန်မြို့။ ဖုန်း ၀၉-၉၈၀ ၉၈၀ ၈၅၈
21/09/2026
ဂျပန်နိုင်ငံ Tokushimaခရိုင်အတွက် Training(အလုပ်သင်)ဗီဇာ ပေါင်မုန့်လုပ်ငန်း မိန်းကလေး(၄)ဦး အသေးစိတ်ကို QR (သို့) Commentက Google Form Linkတွင် ဝင်ရောက်ကြည့်ရှု့ ဖြည့်လျှောက်နိုင်ပါသည်။
16/09/2026
Congratulations!
ဂျပန်နိုင်ငံ Osakaမြို့ ကုန်ပစ္စည်းထုတ်ပိုးလုပ်ငန်းအတွက် အင်တာဗျူးအောင်မြင်သွားကြသော ညီမလေး ၁၂ယောက် ဖြစ်ပါတယ်။
ဂျပန်နိုင်ငံသို့ရောက်ရှိပြီးနောက်လည်း အစစအရာရာ အောင်မြင်မှုတွေ ရနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
မသွားခင်မှာလည်း ဂျပန်စာကို ကြိုးစားသင်ယူပြီး လူရောစိတ်ပါ ကျန်းမာသန်စွမ်းဖို့ ဂရုစိုက်ရန် အကြံပြုလိုက်ပါတယ်။
10/09/2026
၂၀၂၆ခုနှစ် စက်တင်ဘာလ ၁၀ရက်နေ့တွင် ဂျပန်နိုင်ငံသို့ ရောက်ရှိသွားသော Sakura Unity ကျောင်းသားဟောင်း(၁၄)ဦးအတွက် အထူးပင် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။
ဂျပန်မှာ စတင်မယ့် ဘဝအသစ်နဲ့ အလုပ်တွေ အားလုံး အဆင်ပြေပြီး ကြိုးစားအောင်မြင်နိုင်ပါစေကြောင်း Sakura Unity မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
05/09/2026
🇯🇵Tokutei Ginou 1 ဗီဇာ — ဘယ်လုပ်ငန်းတွေ လူပြည့်နေပြီလဲ?
ဘယ်လုပ်ငန်းတွေ လူပြည့်ဖို့ နီးနေပြီလဲ?
လက်ခံနိုင်တဲ့ လူဦးရေနဲ့ လက်ရှိရောက်ရှိနေတဲ့ လူဦးရေကရော?
လက်ရှိအခြေအနေကို ကြည့်ရအောင်!!!
Sakura Unity
အမှတ်(၇၈၁)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၇ရပ်ကွက်၊ မြောက်ဒဂုံ၊ ရန်ကုန်မြို့။ ဖုန်း ၀၉-၉၈၀ ၉၈၀ ၈၅၈
24/08/2026
အလုပ်တာဝန်နှင့် လျှောက်ထားရန်လိုအပ်ချက်များကို Commentရှိ Google Form Link မှတစ်ဆင့်ဖြစ်စေ၊ QR Code ကို Scanဖတ်၍ဖြစ်စေ ဝင်ရောက်ကြည့်ရှု ဖြည့်လျှောက်နိုင်ပါသည်။
24/08/2026
၂၀၂၆ခုနှစ် ဩဂုတ်လ ၂၄ရက်နေ့တွင် ဂျပန်နိုင်ငံသို့ ရောက်ရှိသွားသော Sakura Unity ကျောင်းသူဟောင်း( ၇ )ဦးအတွက် အထူးပင် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။
ဂျပန်မှာ စတင်မယ့် ဘဝအသစ်နဲ့ အလုပ်တွေ အားလုံး အဆင်ပြေပြီး ကြိုးစားအောင်မြင်နိုင်ပါစေကြောင်း Sakura Unity မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
10/08/2026
ဂျပန်နိုင်ငံ အိုဆာကာ
Training(အလုပ်သင်)ဗီဇာ ကုန်ပစ္စည်းထုပ်ပိုးမှုလုပ်ငန်း
မိန်းကလေး(၁၀)ဦး - အသက် ၁၈နှစ် ~ ၂၈နှစ်ကြား
အသေးစိတ်ကို QR (သို့) Commentက Google Form Linkတွင် ဝင်ရောက်ကြည့်ရှု့ ဖြည့်လျှောက်နိုင်ပါသည်
05/08/2026
Congratulations!
ဂျပန်နိုင်ငံ Osakaမြို့ ကုန်ပစ္စည်းထုတ်ပိုးလုပ်ငန်းအတွက် အင်တာဗျူးအောင်မြင်သွားကြသော ညီအကို ၃ယောက် နှင့် ညီမလေး ၁၀ယောက် ဖြစ်ပါတယ်။
ဂျပန်နိုင်ငံသို့ရောက်ရှိပြီးနောက်လည်း အစစအရာရာ အောင်မြင်မှုတွေ ရနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
မသွားခင်မှာလည်း ဂျပန်စာကို ကြိုးစားသင်ယူပြီး လူရောစိတ်ပါ ကျန်းမာသန်စွမ်းဖို့ ဂရုစိုက်ရန် အကြံပြုလိုက်ပါတယ်။
27/07/2026
ဂျပန်နိုင်ငံ၏ မော်တော်ယာဉ် ယာဉ်မောင်းလိုင်စင်များ အကြောင်း
ဂျပန်နိုင်ငံ၏ မော်တော်ယာဉ် ယာဉ်မောင်းလိုင်စင်တွင် အခြေခံအားဖြင့်
အမျိုးအစား၁လိုင်စင် (第一種運転免許)၊ အမျိုးအစား၂လိုင်စင် (第二種運転免許) ဟူ၍ ၂ မျိုးရှိပါတယ်။ အမျိုးအစား၁လိုင်စင်မှာ ကိုယ်ပိုင်ကား သို့မဟုတ် ကုန်တင်ယာဉ်များအတွက် ဖြစ်ပါတယ်။
အမျိုးအစား၂လိုင်စင်မှာ Bus၊ Taxi စတဲ့ လူတင်ပြီး အလုပ်လုပ်ရတဲ့ မော်တော်ယာဥ်များအတွက် ဖြစ်ပါတယ်။
ဒီနေ့ကတော့ အမျိုးအစား၁လိုင်စင် အကြောင်းကိုပဲ ပြောမှာဖြစ်ပါတယ်။
အမျိုးအစား၁လိုင်စင် အမျိုးအစားများ
• 普通免許 (Futsuu Menkyo/သာမန်လိုင်စင်) – အိမ်စီးကားစသည့် ကုန်နှင့်ယာဥ်အလေးချိန် ၃တန်ခွဲအောက်ကားများအတွက်
• 準中型免許 (Junchuugata Menkyo/ကုန်တင်ယာဥ်အသေးစားလိုင်စင်) – ကုန်နှင့်ယာဥ်အလေးချိန် ၇တန်ခွဲအောက်ကားများ (ကုန်တင်ယာဥ်အသေးစားများ)အတွက်
• 中型免許 (Chuugata Menkyo/ကုန်တင်ယာဥ်အလတ်စားလိုင်စင်) – ကုန်နှင့်ယာဥ်အလေးချိန် ၁၁တန်အောက်ကားများ (ကုန်တင်ယာဥ်အလတ်စားများ)အတွက်
• 大型免許 (Oogata Menkyo/ကုန်တင်ယာဥ်အကြီးစားလိုင်စင်) – ကုန်နှင့်ယာဥ်အလေးချိန် ၁၁တန်အထက်ကားများ (ကုန်တင်ယာဥ်အကြီးစားများ)အတွက်
နိုင်ငံခြားသားများ ဂျပန်လိုင်စင် ရယူနိုင်သလား?
ရနိုင်ပါတယ်။ နည်းလမ်းမှာ အဓိက ၂ မျိုးရှိပါတယ်။
① ဂျပန်တွင် အသစ်ဖြေဆို၍ ရယူခြင်း
• ယာဉ်မောင်းသင်တန်းကျောင်း တက်ရောက်ပြီး
• စာတွေ့နှင့် လက်တွေ့မောင်းနှင်မှု စာမေးပွဲကို အောင်မြင်ပါက လိုင်စင်ရရှိနိုင်ပါတယ်။
• ကုန်ကျစရိတ်များပေမဲ့ ရရှိနိုင်ဖို့ အခွင့်အလမ်းများနိုင်ပါတယ်။
② မိခင်နိုင်ငံ၏ လိုင်စင်ကို ဂျပန်လိုင်စင်သို့ ပြောင်းလဲခြင်း (外免切替)
လိုအပ်ချက်များမှာ-
• မိခင်နိုင်ငံတွင် ရရှိထားသော လိုင်စင်သည် သက်တမ်းရှိရမည်။
• ထိုလိုင်စင်ရပြီးနောက် မိခင်နိုင်ငံတွင် အနည်းဆုံး ၃ လ နေထိုင်ခဲ့ကြောင်း သက်သေပြနိုင်ရမည်။ (သာမန်လိုင်စင်အတွက်)
• နိုင်ငံပေါ်လိုက်ပြီး၊ ကိုယ်ဖြေရမဲ့ လိုင်စင်ရုံးပေါ်လိုက်ပြီး လိုအပ်တဲ့ စာရွက်စာတမ်းတွေ ကွာခြားနိုင်သလို၊ စာမေးပွဲနှင့် လက်တွေ့မောင်နှင်မှု လိုအပ်ချက်များလည်း ကွာခြားနိုင်ပါတယ်။
• သင်တန်းကျောင်းတက်ပြီး ဖြေဆိုတာထက် ကုန်ကျစရိတ်သက်သာပေမဲ့ ရရှိနိုင်ဖို့ အခွင်အလမ်းနည်းပါတယ်။ ၂၀၂၅ခုနှစ်စာရင်းဇယားအရ၊ လက်တွေ့စာမေးပွဲအောင်ရာခိုင်နှုန်းက ၁၃ရာခိုင်နှုန်းခန့်သာရှိပါတယ်။ အယောက် ၁၀၀ဖြေရင် ၁၃ယောက်လောက်ပဲ အောင်တာဖြစ်ပါတယ်။ ထို့အတွက်ကြောင့် တကြိမ်းတည်းဖြင့်မအောင်ခဲ့ပါက အကြိမ်ကြိမ်ဖြေဆိုနိုင်ရခြေများပါမယ်။
• မြန်မာနိုင်ငံမှာ (င)လိုင်စင်(ကုန်တင်ယာဥ်အကြီးစားလိုင်စင်)ရခဲ့သူတွေအနေနဲ့ ဂျပန်မှာ တိုက်ရိုက် ကုန်တင်ယာဥ်အကြီးစားပြောင်းလို့ရလားဆိုရင် အခြေခံအားဖြင့် မရနိုင်ပါဘူး။ အရင်ဦးဆုံး ဂျပန်သာမန်လိုင်စင်ကို အရင်ပြောင်းယူဖို့လိုပါမယ်။ ယာဥ်မောင်းလိုင်စင်ရုံးအပေါ်မှာ မူတည်နိုင်သလို၊ အခြားအချက်အလက်တွေပေါ်မှာ မူတည်ပြီး တိုက်ရိုက်ပြောင်းလို့ ရနိုင်တာမျိုးလည်းရှိပါတယ်။
Sakura Unity
အမှတ်(၇၈၁)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၇ရပ်ကွက်၊ မြောက်ဒဂုံ၊ ရန်ကုန်မြို့။ ဖုန်း ၀၉-၉၈၀ ၉၈၀ ၈၅၈
Category
Website
Address
Yangon
11421
Opening Hours
| Monday | 08:00 - 17:00 |
| Tuesday | 08:00 - 17:00 |
| Wednesday | 08:00 - 17:00 |
| Thursday | 08:00 - 17:00 |
| Friday | 08:00 - 17:00 |