Explosix Media Records

Explosix Media Records

Share

“Since 2018, Explosix Media Records has stood as Myanmar’s first and leading media platform dedicated to the metal music industry.”

23/07/2026

တိတ်ဆိတ်ငြိမ်သက်ခြင်းတွေကြားထဲက စစ်မှန်တဲ့အရာတစုံတခုကိုမဖြစ်မနေစတင်ဖို့အတွက် ကြုံးဝါးလိုက်တဲ့ အသံတစ်သံနဲ့အတူ Metal Scene ထဲကို ကလဲ့စားချေဖို့ပြန်လည်ရောက်ရှိလာပြီဖြစ်တဲ့ မန္တလေးအ‌ခြေစိုက်
UG band Never Fear The Silence

Hell Of The World Album ထွက်ရှိခဲ့ပြီး ၆ နှစ်အကြာမှာ
နောက်ထပ် single သီချင်းတစ်ပုဒ်ဖြစ်တဲ့ "Final Revenge" ဟာ ဇူလိုင် ၁ ရက်နေ့မှာ ထွက်လာခဲ့တယ်။
ဒီတစ်ခါပြန်ရောက်လာတာက "အသက်ကြီးလာလေ
ပိုကြမ်းချင်လာလေ" ဖြစ်တာကြောင့် Melodic Metalcore ကနေ Deathcore ဘက်ကို ပြောင်းလဲဖန်တီးထားတယ်လို့ Frontman အောင်ပြည့်ဖြိုးကပြောခဲ့ပါတယ်။

ဒီသီချင်းရဲ့ Theme ကတော့ Fantasy ရုပ်ရှင်တစ်ကားကို အခြေခံထားတာဖြစ်ပြီး နတ်ဆိုးတွေအပေါ်ထားရှိတဲ့ နတ်ဘုရားတွေရဲ့ အမျက်ဒေါသနဲ့ကလဲ့စားခြေခြင်းအကြောင်းကို နားထဲမှာကြားနေရတဲ့ အသံအတိုင်း ပုံဖော်ထားတာပါ။ ဒီသီချင်းရဲ့ Process အားလုံးနဲ့ Song Writing / Production ပိုင်းကို Band အဖွဲ့သားတွေအလုပ်မအားကြတာကြောင့် တစ်ယောက်တည်း အစအဆုံးတာဝန်ယူ တီးခတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီသီချင်းတစ်ပုဒ်လုံးရဲ့ အသက်ကတော့ Breakdown ဖြစ်ပါတယ်။ Riff အကျဲကြီးတွေ Drop-tunning အလေးကြီးတွေနဲ့ Tempo ကိုနှေးချလိုက်တယ် အဲ့ဒါကိုမှ
High-pitched Scream ကနေ Low Growl အထိ Vocal Range အစုံကို ကစားထားပြီး သီချင်းရဲ့ Theme ဖြစ်တဲ့ နတ်ဘုရားတွေရဲ့ ဒေါသကိုပေါ်လွင်အောင် သီချင်းတစ်ပုဒ်လုံးကို aggressive ဆန်တဲ့ ကာလာနဲ့သွားထားတယ်။

အောင်ပြည့်ဖြိုးအနေနဲ့ လောလောဆယ်မှာတော့ တခြား Band မှာ Lead Guitarist အဖြစ် ပါဝင်အားဖြည့်ပေးနေပေမဲ့ ရှေ့ဆက်ပြီးတော့လည်း Never Fear The Silence ရဲ့ သီချင်းအသစ်တွေကို ထပ်ပြီးသွင်းနေသလို နောက်ပိုင်းမှာ လူစုံတက်စုံနဲ့ UG Stage ပေါ် ပြန်လည်ရောက်ရှိလာဖို့လည်း ပြင်ဆင်နေပါတယ်။

မြန်မာနိုင်ငံရဲ့ Metal Music History ထဲမှာ NFTS ဆိုတဲ့ Band တစ်ခု ရှိခဲ့ကြောင်း အသိအမှတ်ပြုခံရဖို့အတွက် Metal ဂီတအပေါ် ဖြူစင်တဲ့ ရူးသွပ်တွေမှုနဲ့ လျှောက်လှမ်းနေတဲ့ Never Fear The Silence ရဲ့
Final Revenge သီချင်းကို အောက်ပါ Link မှာ နားဆင်နိုင်ပါပြီ...။

Never Fear The Silence - Final Revenge👇

https://www.facebook.com/share/v/1GcztYALnY/

⚡The Future of Metal Music starts now!⚡

21/07/2026

Breakdown မှာ DJ Scratch သံတွေနဲ့အတူ... ၉၀ ခုနှစ်တွေရဲ့Old School Nu Metal ရွှေရောင်ခေတ်ကြီးထဲကို ပြန်လည်ခေါ်ဆောင်သွားမဲ့ CHAME

လူတစ်ယောက် ဒုက္ခရောက်နေချိန်မှာ လက်တွဲတွန်းတင်ပေးဖို့ထက် ဘေးကနေ ဝိုင်းကြည့်ပြီး ပိုနစ်မွန်းသွားအောင် ရိုက်ချတတ်တဲ့ ပတ်ဝန်းကျင်ကလူတွေကို မင်းတို့ရှက်တတ်စမ်းပါ လို့ သီချင်းရဲ့ Chorus မှာ "Hit me , motherfcker ဆိုပြီး အော်ဟစ်ဆဲဆိုလိုက်တဲ့ "Chame" ရဲ့ "Shame" သီချင်းက ဇွန်လ ၂၀ ရက်နေ့မှာ lyrics video နဲ့အတူထွက်ရှိခဲ့ပါတယ်။ သီချင်းထွက်ထွက်ပြီးချင်း ဇူလိုင်လ ၁၂ ရက်နေ့ Music Studio 52 မှာလုပ်ခဲ့တဲ့ Noise Pollution မှာ ပထမဆုံးပွဲဦးထွက်အနေနဲ့ ပရိတ်သတ်တွေနဲ့အတူတူ ဝုန်းခဲ့တယ်။

Chame ဆိုတဲ့ နာမည်ကလည်း တကယ့်ကို အိမ်သာထဲကနေ ထူးထူးခြားခြား ဖြစ်လာခဲ့တာပါ။ Music Producer ကိုဖိုးဇော်ဆီက Mixing & Mastering Process အပြီး Final Master ဖိုင် ဝင်လာတဲ့အချိန်မှာ Guitarist အားသစ် တစ်ယောက်အိမ်သာထဲရောက်နေခဲ့ပြီး အပေါ်ကိုမော့ကြည့်လိုက်ရာကနေ မြင်တွေ့လိုက်ရတဲ့ “Champ” ဆိုတဲ့ စကားလုံးလေးကို အစပြုပြီး “Chame” ဆိုတဲ့ နာမည်ကိုယူခဲ့တာ ဖြစ်ပါတယ်။ Band lineup တွေအနေနဲ့ Frontman Kelvin Guitarist အားသစ်၊ Bassist ဝိုင်း နဲ့ Drummer အဖြစ် Noctem Lamb မှ ခ‌ကွေးတို့က အချိတ်အဆက်မိမိပါဝင်ထားကြပါတယ်။

ဒီသီချင်းကို Band ရဲ့ Guitarist ဖြစ်သူ အားသစ်ရဲ့ Personal Experience တွေကိုပါထည့်ပြီးနဲ့ Kelvin နဲ့နှစ်ယောက်အတူတူ ရေးထားပါတယ်။ အထူးသဖြင့် Social Media ပေါ်မှာ အဆိပ်အတောက်ဖြစ်စေတဲ့ လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းကိုရည်ညွန်းတယ်။ သီချင်းထဲက ဇာတ်ကောင်ဟာ ပတ်ဝန်းကျင်ရဲ့ ဝိုင်းရိုက်ချမှုတွေကြောင့် အောက်ထပ်တွေကို တစ်လွှာပြီးတစ်လွှာ ပြုတ်ကျပြီး နစ်မွန်းသွားခဲ့ပေမဲ့... သီချင်းရဲ့ အကြမ်းဆုံး Breakdown အပိုင်းမှာတော့ စုစည်းထားသမျှ ခွန်အားတွေအကုန်လုံးနဲ့ အပေါ်ကိုရုန်းကန်တက်လာပြီး သူ့ကိုရက်ရက်စက်စက် ရိုက်ချခဲ့တဲ့ကောင်တွေကို တစ်ယောက်မကျန် ကလဲ့စားပြန်ချေမှုန်းတဲ့ပုံစံကို ပုံဖော်ထားပါတယ်။

သီချင်းရဲ့ ဖန်တီးမှုအပိုင်းမှာ Chame ရဲ့ သီးသန့် Signature တစ်ခုဖြစ်လာမဲ့ Nu-Groove စတိုင်က နားထောင်တဲ့သူတွေကို အလိုလို ခုန်ပေါက်ချင်စိတ်
သောင်းကျန်းချင်စိတ် ဖြစ်လာအောင်ဖမ်းစားထားတာ
ကိုလဲ တွေ့ရတယ်။

Chame ဟာလာမဲ့နှစ်ထဲမှာ သီချင်း ၆ ပုဒ်အထိပါဝင်တဲ့ သူတို့ရဲ့ ပထမဆုံး EP Album ကိုပါ ဆက်လက်ထုတ်ဝေသွားဖို့ ရှိနေပါတယ်။ ဒါ့အပြင် နိုင်ငံခြားက Old School Nu Metal Band တစ်ခုဖြစ်တဲ့ Street Breed နဲ့အတူ နိုင်ငံတကာအဆင့် Collaboration တွေ လုပ်ဆောင်သွားဖို့ ရှိနေသလို ပြည်တွင်းက Rapper တွေနဲ့လည်း Nu Metal ရဲ့ ထုံးစံအတိုင်း Rap တူတူရွတ်ပြီး Cross-Genre Collaboration အမိုက်စားတွေ ဖန်တီးသွားဖို့ ရည်ရွယ်ထားပါသေးတယ်။

သီချင်းရဲ့ Breakdown မှာ ပါဝင်တဲ့ DJ Scratch သံတွေဟာ Old School Nu Metal ခေတ်ကို ပြန်ရောက်သွားသလိုပဲ။ တကယ့် ကို Nu Metal ကြိုက်သူစစ်စစ်တွေဆိုရင် နားကိုနားထောင်သင့်တဲ့ Band တစ်ခု ဖြစ်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်းအတုအယောင်တွေနဲ့ ပြည့်နေတဲ့ လူ့ပတ်ဝန်းကျင်က မျက်နှာဖုံးတွေကိုခွာချပြီး မြန်မာပြည်ရဲ့ Metal Underground လောကကို ပုံစံသစ်နဲ့ လှုပ်ခတ်လာမဲ့ Chame က နောက်ထပ် ဘယ်လို ဂီတတော်လှန်မှုတွေ ယူဆောင်လာဦးမလဲဆိုတာ စောင့်ကြည့်ရမဲ့ Band တစ်ခုဖြစ်ပါတယ်။

Follow & Support👇

Facebook
https://www.facebook.com/share/v/18vKRx25LA/

Tik Tok https://www.tiktok.com/?_r=1&_t=ZS-986rWs5xSl8
YouTube link

https://youtu.be/9HqFtiml1h8?si=aNpZ3z3OEI6PqO-o

⚡The Future of Metal Music starts now!⚡




Photo credits to original owners.

26/06/2026

Sintician ပြောထားသလိုပါပဲ။ အခုနောက်ပိုင်း Online ပေါ်မှာ လည်ချောင်းကွဲမတတ် အော်ပြပြီး Extreme Vocal နည်းစနစ်တွေဆိုပြီး Techniques အမှားတွေကိုအော်ပြနေတာတွေ ရပ်ဖို့အချိန်တန်ပါပြီ🤫❌

🗣️Metal Vocal ဆိုတာ Vocal Science (အသံပိုင်းဆိုင်ရာ သိပ္ပံပညာ) ဖြစ်ပါတယ်။ မှန်ကန်တဲ့ Extreme Vocalist တစ်ယောက်ဟာ သာမန် လည်ပင်းအားကို သုံးပြီးအော်တာမဟုတ်ပါဘူး။ မိမိရဲ့ Anatomy (ခန္ဓာကိုယ် ကြွက်သားစနစ်) ကို သိပ္ပံနည်းကျနားလည်ပြီး စနစ်တကျ အသုံးချနိုင်တာဖြစ်ပါတယ်။ အခြေခံနည်းစနစ်မရှိဘဲ စွတ်အော်နေရင် Vocal Cord မှာ အဖုအကျိတ်ဖြစ်ပြီးကြာရင် Vocal Cords (အသံကြိုး) တွေ ပျက်စီးသွားနိုင်ပါတယ်။

‼️အဲ့ဒီအတွက်ကိုလဲ Quadrigo မှာ Sintician ကနေ သူ အကျွမ်းကျင်ဆုံး Advanced Vocal Techniques တစ်ခုဖြစ်တဲ့ Tunnel Throat နည်းစနစ်အပြင်တခြား Vocal Techniques တွေကို ကိုယ့်ရဲ့အသံအိုး မထိခိုက်စေဘဲ စနစ်တကျ သင်ကြားပေးမှာဖြစ်ပါတယ်။

📢ဒါနဲ့တစ်ဆက်တည်းအားလုံးကိုအသိပေးချင်တာကတော့.......

🚨Quadrigo ရဲ့ Extreme Vocal သင်တန်းတွေကို စအပ်လို့ ရပါပြီ!‼️

ကျွန်တော်တို့က သင်တန်းသားတစ်ဦးချင်းစီကို အချိန်ကာလ ကန့်သတ်ထားတာမျိုးမရှိဘဲ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုပေါ်မူတည်ပြီး Techniques မှန်မှန် စနစ်တကျ လေ့ကျင့်ပေးပြီး ကိုယ်ကြိုက်နှစ်သက်ရာ Vocal Coach တွေဆီမှာ တစ်ဦးချင်းစီ သီးသန့် အနီးကပ် One-by-One Coaching ဖြင့် သင်ကြားပေးသွားမှာဖြစ်ပါတယ်။

⚠️ ဒါပေမယ့်... တစ်ခုတော့ ကြိုပြောပါရစေ
ကျွန်တော်တို့သင်တန်းက ပိုက်ဆံပေးရုံနဲ့ အပျော်တမ်း အော်ကြည့်ရုံသက်သက် လာတက်မဲ့သူတွေအတွက် မဟုတ်ပါဘူး။ တကယ် Metal ဂီတအပေါ် Passion အပြည့်ရှိပြီး စိတ်ရောလူပါ နှစ်မြှုပ်ပြီးတော့မှ ကိုယ်တိုင်လဲ ဆရာတွေသင်ကြားလေ့ကျင့်ပေးတဲ့အတိုင်း အမြဲလေ့ကျင့်နိုင်မယ် ကိုယ်လိုချင်တဲ့အသံ ထွက်လာအောင် ကြိုးစားချင်စိတ်ရှိတဲ့သူတွေပဲ လာသင့်ပါတယ်။ စနစ်တကျနဲ့ Extreme Vocal Techniques တွေကို အော်တက်ချင်တဲ့သူ‌တွေအတွက်ပဲ တံခါးဖွင့်ထားပါတယ်။

🤘အခြေခံ လုံးဝမရှိတဲ့သူတွေလည်း အစကနေ နည်းစနစ်မှန်မှန်နဲ့ တက်ရောက်သင်ယူနိုင်ပါတယ်။

🚨ဆရာတစ်ဦးချင်းစီရဲ့ One-by-One Coaching အချိန်တွေက ကန့်သတ်ချက်ရှိတာမို့... အမြန်ဆုံးသင်တန်းအပ်ချင်သူ‌တွေ အနေနဲ့ အသေးစိတ်ကို Page Messenger မှာ တိုက်ရိုက် စုံစမ်းအပ်နှံနိုင်ပါတယ်! 🤘🔥

​ ​ ​

05/06/2026

"ကျွန်တော်တို့တုန်းက ဆရာလည်းမရှိ သင်တန်းလည်းမရှိတော့... တကယ့်ကို ခက်ခက်ခဲခဲ လေ့လာခဲ့ရတယ်။ နောက်လာမဲ့ မျိုးဆက်သစ်လူငယ်တွေကိုတော့ အဲ့ဒီလို မလိုအပ်ဘဲ အချိန်ကုန်တာမျိုးတွေ လေ့ကျင့်တဲ့နည်းလမ်းတွေ မှားပြီး အသံပျက်စီးတာမျိုးတွေ လုံးဝမဖြစ်စေချင်တော့ဘူး Metal ရဲ့ အနာဂတ်က နောက်လာမယ့် အနာဂတ်လူငယ်တွေရဲ့ လက်ထဲမှာပဲ ရှိတယ်..."

_ Abaddon

Nightmare Band ရဲ့ Frontman တစ်ယောက်ဖြစ်တဲ့ ကျော်ဖြိုးခိုင် (Abaddon) ကတော့... သူ့ရဲ့ အတွေ့အကြုံတွေနဲ့ Quadrigo မှာ အခြေခံ Metal Vocal Techniques တွေကို မှန်ကန်တဲ့ နည်းစနစ်တွေနဲ့ စနစ်တကျ မျှဝေပေးသွားမှာပါ🤘

‼️QUADRIGO မှာ သင့်ရဲ့ အသံကို Level Up လုပ်ဖို့ အချိန်တန်ပြီ။🤘🔥

📢အသေးစိတ်ကို မကြာခင်မှာ ကြေညာပေးသွားပါမယ်။🤘




Disclaimer - Some videos credit to original

18/05/2026

QUADRIGO ရဲ့ ဒုတိယမြောက် Vocal Master အဖြစ် မိတ်ဆက်ပေးချင်တာကတော့... 📢

🔥လက်ရှိ Sacrifice for Doom ရဲ့ Frontman တစ်ယောက်ဖြစ်ပြီး ၂၀၁၆ ဝန်းကျင် Retribution Band နဲ့အတူ Metal လောကထဲကို စတင်ခြေချခဲ့တဲ့ DUTCHMAN ပဲ ဖြစ်ပါတယ်။ 💀🤘

Metal Vocal ကို ၂၀၁၃ ကတည်းက ရူးရူးမူးမူး တစိုက်မတ်မတ် လေ့လာခဲ့တဲ့ Dutchman အတွက်တော့... Metal ဆိုတာ အကောင်းဆုံး Practice ဖြစ်သလို၊ စိတ်ထွက်ပေါက် တစ်ခုလည်း ဟုတ်ပါတယ်။

"ကိုယ်လုပ်ချင်တဲ့ Music ကို ကိုယ်တိုင် စိတ်တိုင်းကျ ဖန်တီးရတာ အားရဖို့အကောင်းဆုံးပဲ။ ကျွန်တော့်အမြင်မှာတော့ Metal Vocal တစ်ယောက်အတွက် Technique က အရမ်းအရေးကြီးတယ်။ ဒါမှလည်း ကိုယ်ကိုယ်တိုင် သီချင်းတွေရေးပြီး ဖန်တီးတဲ့အခါမှာ ကိုယ်လုပ်ချင်တဲ့ပုံစံ၊ ကိုယ်ဆိုချင်တဲ့ပုံစံမျိုးကို သေချာ ချပြလို့ရမှာ။
🎤Techniques ဆိုတဲ့နေရာမှာ အများကြီး တတ်ထားတာတော့ အကောင်းဆုံးပေါ့။ ကိုယ်ပိုင်ခံယူချက်အရ အဓိကကတော့... ကိုယ်ဖန်တီးထားတဲ့ သီချင်းတစ်ပုဒ်ကို နားထောင်လိုက်တာနဲ့ Audience က 'ဒီကောင်ပဲ' လို့ တန်းသိစေမယ့် ကိုယ်ပိုင် Vocal Technique တစ်ခုတော့ ရှိထားသင့်တယ်။" _ Dutchman

🎙️အခြေခံ Techniques တွေက တူတူပဲဆိုပေမဲ့ တစ်ယောက်နဲ့တစ်ယောက် အသံ Color တွေ၊ Force တွေနဲ့ Vocal Power တွေ ကွဲထွက်သွားအောင်၊ ပြီးတော့ ကိုယ်ပိုင် Signature အသံတစ်ခု ထွက်လာအောင် Dutchman က သူ့ရဲ့ နှစ်ပေါင်းများစွာ စုဆောင်းခဲ့တဲ့ Vocal Techniques တွေနဲ့ အတွေ့အကြုံတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ 🤘

🔥​Generation အသစ်တွေ ပိုကြမ်းလာတဲ့ Metal ဂီတခေတ်ထဲမှာ မင်းတို့ရဲ့ အသံကို ပိုပြီး Level Up ဖြစ်လာအောင်လုပ်ဖို့ အဆင်သင့်ပဲလား?

​DUTCHMAN နဲ့အတူ QUADRIGO မှာ နောက်ထပ် Vocal Master တစ်ယောက်ကဘယ်သူဖြစ်မလဲဆိုတာကို ဆက်လက် စောင့်မျှော်ပေးကြပါဦး။ ⚡🤘🔥

22/04/2026

NIGHTMARE at Metal Fest The Rising 2026

09/04/2026

Metal Engine ရဲ့ သတ္တုအင်ဂျင်
Live at Metal Fest The Rising 2026

02/04/2026

မနေ့က Metalfest The Rising မှာစင်ပေါ်တက်ပြီးအကဲလွန်သွားလို့ပြန်ဆင်းခိုင်းရတဲ့သူတွေ ဘယ်သူတွေလဲသိချင်မိတယ်😂🤘👊

31/03/2026

April ၁ ရက်နေ့ နေ့လည် (၁) နာရီကနေ (၅) နာရီ မှာကျင်းပမဲ့ Metalfest The Rising အတွက် အားလုံးအသင့်ဖြစ်ပြီလား! 🤘

𝐋𝐢𝐧𝐞𝐮𝐩……𝐍𝐈𝐆𝐇𝐓𝐌𝐀𝐑𝐄 | 𝐕𝐄𝐋𝐎𝐂𝐈𝐓𝐘 | 𝐁𝐋𝐎𝐎𝐃 𝐎𝐅 𝐂𝐄𝐍𝐓𝐔𝐑𝐘 | 𝐁𝐑𝐄𝐀𝐊 𝐓𝐇𝐄 𝐂𝐔𝐑𝐒𝐄 | 𝐌𝐄𝐓𝐀𝐋 𝐄𝐍𝐆𝐈𝐍𝐄 | 𝐋𝐎𝐀𝐓𝐇𝐒𝐎𝐌𝐄𝐍𝐄𝐒𝐒 | 𝐁𝐎𝐑𝐍 𝐅𝐎𝐑 𝐘𝐎𝐔

တို့က အင်တိုက်အားတိုက်နဲ့ Sound Check လုပ်ပြီး စင်မြင့်ထက်မှာ ပေါက်ကွဲဖို့ ပြင်ဆင်နေကြပါပြီ။ အခုထိ တစ်ခါမှမကြုံဖူးသေးတဲ့ Metal Live Show ကို ခံစားဖို့ အဆင်သင့်ပြင်ထားကြပါ။ April fool နေ့မှာ ရူးခါနေအောင် ဝုန်းကြမယ်ကွာ! 🔥🤘

Early Bird tickets တွေကတော့ ကုန်သွားမဲ့ ဝင်ပေါက်မှာဝယ်ပြီး ခေါင်းတွေလာခါလို့ရပါသေးတယ်🤘

🎟️Entry Ticket price - 30,000 ks

📅 1 April, 2026 (Wednesday)
🕐 1 PM – 5 PM
📍 Judson Entertainment Bar

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address

Yangon