YTD Rescue Organization
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from YTD Rescue Organization, Emergency rescue service, Tharkayta Township, Yangon.
01/09/2026
31.8.2026 02:00
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် (၁၀/တ)၁၄ရပ်ကွက်တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် YTD RESCUE မှ အသင်းအဖွဲ့များထွက်ခွါခဲ့ရာ ထိခိုက်ဒဏ်ရာရ (ကျား၂/မ၁) လူနားအား ပြုံးပန်းဝေ လူမှုကူညီရေအသင်း လူနာတင်ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ပါသည်။
YTD RESCUE (ရုံးချုပ်)
်းနှင့်ပြန်ကြားရေးဌာန
01/09/2026
31.8.2026 02:00
မီးလောင်မှုဖြစ်ပွါးခြင်း
ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် ယမုံနာ (၂) ရပ်ကွက် ရွာမလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် YTD RESCUE မှ အသင်းအဖွဲ့များ ထွက်ခွါကူညီခဲ့ပါသည်။
Update
02:05 မီးထိန်းပါသည်။
02:10 မီးငြိမ်းပါသည်။
YTD RESCUE (ရုံးချုပ်)
်းနှင့်ပြန်ကြားရေးဌာန
23/08/2026
23.8.2026
ရေနစ်DBအားဆယ်ယူခြင်း
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ၃ရန်ပြေရပ်ကွက် ၆လမ်းနှင့်၇လမ်းကြား ကန်ထဲတွင် လူတစ်ဦးပြုတ်ကျသေဆုံး ကြောင်းသတင်းရရှိသဖြင့် ည(၁၁:၃၀pm)ဝန်းကျင်ခန့်တွင် YTD RESCUEမှအသင်းအဖွဲ့များ ထွက်ခွါပြီးရှာဖွေခဲ့ရာ ညနက်ပိုင်းဖြစ်သည့်အတွက် ရှာဖွေရေးကိုရပ်တန့်ခဲ့ကြပါသည်။
နံနက်(၉:၀၀am)တွင် YTD RESCUE မှအသင်းအဖွဲ့များရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအားဆက်လက်လုပ်ဆောင်ခဲ့ကြရာ (၁၁:၃၀am)အချိန်တွင် သေဆုံးသူ(ကျား)ရုပ်လောင်းအားဆယ်ယူနိုင်ခဲ့ပါသည်။
YTD RESCUE (ရုံးချုပ်)
သဘာဝဘေးရှာဖွေကယ်ဆယ်ရေးအဖွဲ့
်းနှင့်ပြန်ကြားရေးဌာန
23/08/2026
22.8.2026(SAT)
ယာဉ်တိုက်မှုဖြစ်ပွါးခြင်း
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ဧရာဝဏ်လမ်းမကြီး မြန်မာ့ဂုဏ်လမ်းထိပ်တွင် ယာဉ်တိုက်မှုဖြစ်ပွါးကြောင်းသတင်းရှိသဖြင့် YTD RESCUE မှအသင်းအဖွဲ့များထွက်ခွါခဲ့ပါသည် အဆိုပါယာဉ်တိုက်မှုတွင် ထိခိုက်ဒဏ်ရာရ (ကျား)လူနာ အား အေးမေတ္တာ လူမှုကူညီးရေးအသင်း လူနာတင်ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ပါသည်။
ဖြစ်ပွါးချိန် (၁၁:၁၇pm)
YTD RESCUE (ရုံးချုပ်)
#သတင်းနှင့်ပြန်ကြားရေးဌာန
23/08/2026
22.8.2026(SAT)
ယာဉ်တိုက်မှုဖြစ်ပွါးခြင်း
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ဧရာဝဏ်လမ်းမကြီး လျှံဖြိုးစားသောက်ဆိုင်အရှေ့တွင် ယာဉ်တိုက်မှုဖြစ်ပွါးကြောင်းသတင်းရှိသဖြင့် YTD RESCUE မှအသင်းအဖွဲ့များထွက်ခွါခဲ့ပါသည် အဆိုပါယာဉ်တိုက်မှုတွင် ထိခိုက်ဒဏ်ရာရ (ကျား)လူနာ အား မနောဖြူလူမှုကူညီးရေးအသင်း လူနာတင်ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ပါသည်။
ဖြစ်ပွါးချိန် (၈:၃၇pm)
YTD RESCUE (ရုံးချုပ်)
#သတင်းနှင့်ပြန်ကြားရေးဌာန
07/08/2026
7.8.2026(Fri)
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ဇိနာမရ်အောင်စေတီဝန်း YTD RESCUE သဘာဝဘေးရှာဖွေကယ်ဆယ်ရေးအဖွဲ့ မှ ဧရာဝတီတိုင်းဒေသကြီး ရေဘေးသင့်ဒေသအသီးသီးသို့ ဒုတိယအကြိမ် ကူညီထောင်ပံ့နိုင်ရေးအတွက် သာကေတမြို့နယ် ရပ်မိရပ်ဖများ၊ဘုရားဂေါဘာဂအဖွဲ့များ၊ရပ်ကွက်နေပြည်သူများနှင့် YTD RESCUE အဖွဲ့သားများ စုပေါင်းကာ သာကေတမြို့နယ် ရပ်ကွက်အသီးသီးသို့ အလှူငွေကောက်ခံခြင်းများပြုလုပ်လျက်ရှိပါသည်။
ယခုလိုအလှူငွေကောက်ခံသည့်အခါတွင် သာကေတမြို့နယ်အတွင်းနေထိုင်ကြသော မိဘပြည်သူများ၏တပိုင်တနိုင်ချွေးနည်းစာလေးများထဲမှပါဝင်လှူဒါန်းပေးကြသော အလှူငွေများအား ဧရာဝတီတိုင်းဒေသကြီး ရေဘေးသင့် ခံစားနေရသော မြို့/ရွာများသို့သွားရောက်ကာ လှူဒါန်းသွားကြမည်ဖြစ်ပါသည်။
လှူဒါန်းပေးကြပါသော ရပ်ကွက်/လမ်းအသီးသီးမှ မိဘပြည်သူများအား အထူးပင်ကျေးဇူးတင်ရှိပါသည်။အလှူငွေများကောက်ခံသည့်အချိန်တွက်အဘက်ဘက်မှပံ့ပိုးပေးကြပါသော ရပ်ကွက်နေရပ်မိရပ်ဖများ၊ဘုရားဂေါဘာဂလူကြီးများ၊YTD မှ နယကကြီးများအပါ ဥက္ကဌများ အတွင်းရေးမှူးများနှင့် YTDအသင်းသူ/အသင်းသားများအား YTD RESCUE ဘက်မှအထူးပင်လိုက်လှဲစွာကျေးဇူးတင်ရှိပါသည်။
YTD RESCUE
သဘာဝဘေးရှာဖွေကယ်ဆယ်ရေးအဖွဲ့
ရုံးချုပ်တည်နေရာ - ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် မြင်တော်သာလမ်းမကြီး ၇အနောက်ရပ်ကွက် ဇိနာမရ်အောင်စေတီတော်မြတ်ကြီးဝန်းအတွင်း
်းနှင့်ပြန်ကြားရေးဌာန
03/08/2026
3.8.2026(MON)
ရေဘေးသင့်ဒေသများသို့ ကူညီကယ်ဆယ်ရေးနှင့်ထောင်ပံ့ရေးလုပ်ငန်းဆောင်ရွက်နေမှု
ဧရာဝတီတိုင်းဒေသကြီး ဟသ်ာတခရိုင် လေမျက်နှာမြို့ ၊ အိုင်သပြုမြို့ ၊ ငသိုင်းချောင်းမြို့ စသည့်ဒေသများအတွင်း ရေဘေးသင့်ဒဏ်ကိုခံစားနေရသော ဒေသခံပြည်သူများအား YTD RESCUE သဘာဝဘေးရှာဖွေကယ်ဆယ်ရေးအဖွဲ့ ရုံးချုပ်မှ ကယ်ဆယ်ရေးယာဉ်၂စီး၊အင်းအား၁၀ဦးသည် ယနေ့မနက်မှစတင်ကာ ကူညီကယ်ဆယ်ရေးနှင့်ထောက်ပံ့ရေးလုပ်ငန်းများကို ဆက်တိုက်ဆောင်ရွက်လျက်ရှိပါသည်။
YTD RESCUE
သဘာဝဘေးရှာဖွေကယ်ဆယ်ရေးအဖွဲ့
်းနှင့်ပြန်ကြားရေးဌာန
03/08/2026
3.8.2026(Mon)
စက်လှေလှူဒါန်းခြင်းအားဂုဏ်ပြုကျေးဇူးတင်ရှိခြင်း
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် သာကေတမြို့နယ် YTD RESCUE သဘာဝဘေးရှာဖွေကယ်ဆယ်ရေးအဖွဲ့ ရုံးချုပ်အား YTD နယကဖြစ်သော [ ဦးမောင်လှ စစ်သူကြီးဆောက်လုပ်ရေး ] မှ ၂၇ပေ မြင်းကောင်ရေ၂၅ကောင် ရှိသော စက်တပ်လှေအား လှူဒါန်းပေးခဲ့ပါသည်။
ယခုလိုလှူဒါန်းပေးပါသော YTD နယက ဦးမောင်လှ စစ်သူကြီးဆောက်လုပ်ရေးအား YTD RESCUE ရုံးချုပ်မှ အထူးပင်ကျေးဇူးတင်ရှိစွာဖြင့်မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
YTD RESCUE
သဘာဝဘေးရှာဖွေကယ်ဆယ်ရေးအဖွဲ့
်းနှင့်ပြန်ကြားရေးဌာန
02/08/2026
2.8.2026 (Sunday)
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ငါးသိုင်းချောင်းမြို့နယ်၊မြို့သစ်ရပ်ကွက် လက်ရှိဖြစ်ပေါ်လျှက်ရှိသော ရေဘေးသင့်ဒေသအခြေပြု ကယ်ဆယ်ရေးနားစခန်း သို့ YTD RESCUE သဘာဝဘေးကယ်ဆယ်ရေးအဖွဲ့မှ ကယ်ဆယ်ရေးယာဉ် (၂)စီး၊လူအင်အား (၁၀)ဦးတို့ ယနေ့ (ည၈:၃၀)နာရီအချိန်တွင် ရောက်ရှိနေပြီဖြစ်ပါသည်။
မနက်ဖြန် ၃.၈.၂၀၂၆ ရက်နေ့ ဒေသတွင်းအခြေပြုအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကယ်ဆယ်ရေးစခန်းမှစတင်ကာ ကူညီထောက်ပံ့ရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများစတင်ဆောင်ရွက်ကြမည်ဖြစ်ပါသည်။
YTD RESCUE
သဘာဝဘေးရှာဖွေကယ်ဆယ်ရေးအဖွဲ့
#သတင်းနှင့်ပြန်ကြားရေးဌာန
02/08/2026
2.8.2026 (Sunday)
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်တွင် လက်ရှိဖြစ်ပေါ်နေလျှက်ရှိသော ရေဘေးသင့်ဒေသများသို့ နာယကကြီးများ၏ လမ်းညွှန်ချက်နှင့်အညီ ကူညီကယ်ဆယ်ရေး နှင့် ကူညီထောက်ပံ့ရေးဆောင်ရွက်နိုင်ရန် အတွက် YTD RESCUE သဘာဝဘေးကယ်ဆယ်ရေးအဖွဲ့မှ ကယ်ဆယ်ရေးယာဉ် (၂)စီး၊လူအင်အား (၁၀)ဦးတို့ ယနေ့ (၉:၀၀)နာရီအချိန်တွင် YTD RESCUE ရုံးချုပ်မှ စတင်၍ ထွက်ခွါလျှက်ရှိပါသည်။
YTD RESCUE
သဘာဝဘေးရှာဖွေကယ်ဆယ်ရေးအဖွဲ့
#သတင်းနှင့်ပြန်ကြားရေးဌာန
Category
Website
Address
Yangon
11231