Hope In Every Drop-WYTU
သွေးတစ်စက်မှာ မျှော်လင့်ချက်တွေ ရှိတယ် ။ အဲဒီ မျှော်လင့်ချက်ဟာ သင်တို့ဖြစ်နိုင်ပါတယ် ။
16/08/2026
Two Hearts, One Purpose 🩸
▪️ ယနေ့ ပြည်သူ့ဆေးရုံကြီး(ရန်ကုန်အနောက်ပိုင်း)တွင် အူမကြီးအကြိတ်ပေါက်ပြီး ခွဲစိတ်မှူပြုလုပ်ရ၍ အရေးပေါ်သွေးလိုအပ်နေသော အသက် (၆၈)နှစ်အရွယ် အဖွား ဒေါ်စန်းစန်းမြင့်အတွက် လိုအပ်နေသော A သွေးအား စေတနာအပြည့်ဖြင့် သွားရောက်လှူဒါန်းပေးခဲ့သော မောင်အောင်သက်ပိုင်ထွန်း (IV.BE – Civil) နှင့် မောင်မင်းဟိဏ်းခန့် တို့အား HIED – Hope In Every Drop Team က အထူးပင် ကျေးဇူးတင်ရှိပါသည်။
▪️ မိမိတို့၏အချိန်ကို ဖယ်ပေးကာ တစ်ပါးသူ၏အသက်နှင့် အကျိုးအတွက် ကိုယ်တိုင်သွားရောက်လှူဒါန်းပေးခဲ့ကြသော မွန်မြတ်သည့်စေတနာအတွက် HIED Team က အထူးလေးစားဂုဏ်ယူမိပါသည်။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ ရည်မှန်းထားသမျှ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပြီး ဘဝ၏ကဏ္ဍအသီးသီးတွင် အောင်မြင်ပျော်ရွှင်ခြင်းများဖြင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
▪️ ထိုသွေးဖြင့် ကုသမှုခံယူနေရသော လူနာလည်း အမြန်ဆုံး သက်သာကျန်းမာလာပြီး ချစ်ခင်ရသူများနှင့်အတူ အေးချမ်းပျော်ရွှင်စွာ ပြန်လည်နေထိုင်နိုင်ပါစေကြောင်း HIED Team မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
HIED – HOPE IN EVERY DROP
16 August 2026 (Sunday | 9:40 AM)
15/08/2026
From Our Veins to Someone’s Hope 🩸
▪️ ယနေ့ ပြည်သူ့ဆေးရုံကြီး(ရန်ကုန်အနောက်ပိုင်း)တွင် အူမကြီးအကြိတ်ပေါက်ပြီး ခွဲစိတ်မှူပြုလုပ်ရ၍ အရေးပေါ်သွေးလိုအပ်နေသော အသက် (၆၈)နှစ်အရွယ် အဖွား ဒေါ်စန်းစန်းမြင့်အတွက် လိုအပ်နေသော A သွေးအား သွားရောက်လှူဒါန်းပေးခဲ့သော Team ၏ Leader ကိုသက်ပိုင်မှူး (VI. BE - Mechanical) အား HIED – Hope In Every Drop Team က အထူးပင် ကျေးဇူးတင်ရှိပါသည်။
▪️ တစ်ပါးသူ၏အသက်ကို ကယ်တင်နိုင်ရန်နှင့် တစ်ပါးသူ၏အကျိုးအတွက် မိမိ၏အချိန်ပေးကာ စေတနာအပြည့်ဖြင့် သွားရောက်လှူဒါန်းပေးခဲ့ခြင်းအပေါ် HIED Team က အထူးလေးစားဂုဏ်ယူမိပါသည်။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ စိတ်ကူးရည်မှန်းထားသမျှ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပြီး ဘဝ၏ကဏ္ဍအသီးသီး၌ အောင်မြင်ခြင်း၊ ပျော်ရွှင်ခြင်း၊ ပြည့်စုံခြင်းတို့ဖြင့် အစဉ်ထာဝရ ပြည့်ဝပါစေကြောင်း HIED Team က ဆုမွန်ကောင်း တောင်းအပ်ပါတယ်ဗျ။
▪️ လက်ရှိကုသမှုခံယူနေရသော လူနာလည်း အမြန်ဆုံး သက်သာကျန်းမာလာပြီး ချစ်ခင်ရသူများနှင့်အတူ ပျော်ရွှင်စွာ ပြန်လည်နေထိုင်နိုင်ပါစေကြောင်း HIED Team က ဆုမွန်ကောင်းတောင်းအပ်ပါတယ်ဗျ။
HIED - HOPE IN EVERY DROP
15 August 2026 (Saturday | 10:00 A.M)
ရသွားပါပြီဗျ
🩸 Urgent Blood Request — A+
ပြည်သူ့ဆေးရုံကြီး (ရန်ကုန်အနောက်ပိုင်း) တွင် အူမကြီးခွဲစိတ်ကုသမှုအတွက် A+ သွေး ၂ လုံး အရေးပေါ်လိုအပ်နေပါသည်။
လိုအပ်ချက်
• Blood Type — A+
• Required — 2 Units
• Hospital — ပြည်သူ့ဆေးရုံကြီး (ရန်ကုန်အနောက်ပိုင်း)
A+ သွေး လှူဒါန်းပေးနိုင်သူများအနေဖြင့်-
📞 09799695051
💬 HIED Page Messenger
သို့ ဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
💭 HIED ၏ စာမျက်နှာဟောင်းများဆီ လွမ်းခြင်း၊ တမ်းခြင်း။
==================================
▪️ အချိန်သည် လူကို ပြောင်းလဲတတ်သော်လည်း၊ အမှတ်တရကို မဖျက်ဆီးနိုင်ခဲ့။ ခရီးလမ်းတစ်ခု၏ အဆုံးတွင် ကျန်ရစ်သည်မှာ ခြေရာများမဟုတ်၊ ခြေရာများထက် နက်ရှိုင်းသော အမှတ်တရများသာ ဖြစ်သည်။ ရယ်သံများ ရှိခဲ့ဖူးသည်။ ပင်ပန်းခြင်းများ ရှိခဲ့ဖူးသည်။ ပျော်ရွှင်ခြင်းများလည်း ရှိခဲ့ဖူးသည်။ သို့သော် ထိုအရာအားလုံး၏ အဆုံးသတ်တွင် ကျန်ရစ်ခဲ့သည်မှာ "HIED" ဟူသော အမည်တစ်ခုနှင့် အတူတကွ ဖြတ်သန်းခဲ့ကြသော အမှတ်တရများသာ ဖြစ်သည်။
▪️ တစ်နှစ်ပြီး တစ်နှစ် တစ်သုတ်ပြီး တစ်သုတ် တစ်ယောက်ပြီး တစ်ယောက်
လူတွေ ပြောင်းလဲခဲ့ကြသော်လည်း၊ "Hope In Every Drop" ဟူသော ယုံကြည်ချက်တစ်ခုကတော့ မပြောင်းလဲခဲ့။
▪️ယနေ့ (၁၁.၈.၂၀၂၆) တွင် HIED ၏ (၂) နှစ်ပြည့် အထိမ်းအမှတ်နေ့ကို ရောက်ရှိပြီဖြစ်ပါသည်။ နှစ်နှစ်တာ ခရီးလမ်းတစ်လျှောက် အချိန်ကာလ၏ စာမျက်နှာများကြားတွင် တိတ်တဆိတ် သိမ်းဆည်းထားခဲ့သော ရယ်သံများ၊ မောသံများ၊ ပျော်ရွှင်မှုများ၊ ပင်ပန်းနွမ်းနယ်မှုများ၊ မျှော်လင့်ချက်များနှင့် မလျော့သော စေတနာများ ကို တစ်ဖန်ပြန်လည် ဖော်ထုတ်ပေးနိုင်ရန်အတွက် Memory Video လေးတစ်ပုဒ်ဖြင့် အတိတ်ကာလများဆီသို့ ပြန်လည်လှည့်ကြည့်ခွင့် ပြုလိုက်ပါသည်။ တစ်ချိန်က သာမန်နေ့ရက်များဟု ထင်မှတ်ခဲ့ကြသော အခိုက်အတန့်များသည် ယနေ့တွင် ပြန်လည်မရနိုင်တော့သည့် အဖိုးတန်အမှတ်တရများ ဖြစ်လာခဲ့သကဲ့သို့၊ တစ်ယောက်ချင်းစီ၏ အပြုံး၊ အားထုတ်မှုနှင့် ပေးဆပ်မှုတိုင်းသည် HIED ၏ နှစ်နှစ်တာသမိုင်းတွင် မပျောက်ပျက်နိုင်သော ခြေရာများအဖြစ် ကျန်ရစ်နေပါသည်။ ထိုကြောင့် ဤ Memory Video လေးသည် အတိတ်ကို ပြန်လည်အသက်သွင်းရန်ထက်၊ တစ်ချိန်က အတူတူရှိခဲ့ကြောင်း၊ အတူတူကြိုးစားခဲ့ကြောင်းနှင့် အတူတူတည်ဆောက်ခဲ့ကြောင်းကို ပြန်လည်သတိရစေမည့် အမှတ်တရတစ်ခု ဖြစ်ပါသည်။
▪️ (၂) နှစ်တာ ခရီးစဉ်အတွင်း HIED နှင့်အတူ ယုံကြည်မှုဖြင့် လက်တွဲပေးခဲ့ကြသူများ၊ စေတနာဖြင့် အားဖြည့်ပေးခဲ့ကြသူများ၊ အခက်အခဲများကြားမှ ပခုံးချင်းယှဉ်ကာ ကူညီပေးခဲ့ကြသူများ၊ အကြံဉာဏ်ပေးခဲ့ကြသူများ၊ အချိန်နှင့် အင်အားကို ပေးဆပ်ပေးခဲ့ကြသူများနှင့် HIED ၏ လှုပ်ရှားမှုတိုင်းကို တစ်စုံတစ်ရာသော နည်းလမ်းဖြင့် အားပေးခဲ့ကြသူ တစ်ဦးချင်းစီတိုင်း ကြောင့်သာ ယနေ့ HIED သည် ဤနေရာအထိ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် Batch 1 မှ Batch 4 အထိ အတူတကွ ပါဝင်ခဲ့ကြသူများအပါအဝင် HIED ၏ နှစ်နှစ်တာ ခရီးလမ်းတွင် တစ်နည်းတစ်ဖုံ ပါဝင်ပေးခဲ့ကြသူအားလုံးကို HIED Team က အထူးကျေးဇူးတင်ရှိပါသည်။ မျှဝေပေးခဲ့သော စေတနာတိုင်း၊ ပေးဆပ်ခဲ့သော အချိန်တိုင်းနှင့် အတူတူဖန်တီးခဲ့သော အမှတ်တရတိုင်းကို HIED ၏ ရင်ထဲတွင် တန်ဖိုးထားသိမ်းဆည်းထားမည် ဖြစ်ပါသည်။
10/08/2026
သွေးတစ်စက်ထက်ပိုသော Hope In Every Drop ၏ ၂ နှစ်တာ
(From 11/08/2024 to 11/08/2026 )
~
August လရဲ့ မိုးစက်တွေနဲ့အတူ ပေါ်ပေါက်လာခဲ့တဲ့
ကျွန်တော်တို့ HIED Blood Donation Team ဟာ ယနေ့မှာဆိုရင်တော့ နှစ်နှစ်ဆိုတဲ့ အချိန်ကာလတစ်ခုကို ဖြတ်သန်းအောင်မြင်ခဲ့ပါပြီ။
HIED ရဲ့ Founder, First & Ever Leader ဖြစ်တဲ့ အကိုရဲမြတ်အောင်မှ မဖြစ်မနေသွေးလိုအပ်နေပေမယ့် ငွေကြေးအခြေအနေကြောင့် အလှူရှင်မရရှာတဲ့ ကလေးငယ်တွေအတွက် ရည်ရွယ်ပြီး စတင်တည်ထောင်ခဲ့တဲ့ သွေးလှူပွဲဟာ စတင်တည်ထောင်ချိန်မှစ၍ ယခုအချိန်ထိ နှစ်နှစ်တာအတွင်း လူနာပေါင်း (460) ကျော်အတွက် သွေးရှာဖွေ လှူဒါန်းပေးနိုင်ခဲ့တဲ့ အသင်းတစ်ခုအနေနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။
ဒီနှစ်နှစ်တာအတွင်းမှာ တစ်စထက် တစ်စ တိုးတက်လာတဲ့ volunteer အဖွဲ့ဝင်များနှင့် အခြားမိမိတတ်နိုင်သော တစ်ဖက်တစ်လမ်းမှ ကူညီပေးခဲ့ကြတဲ့ အလှူရှင်ညီအကိုမောင်နှမများကြောင့်သာ Batch 1 စတင်တဲ့အချိန်မှ စပြီး ယခု Batch 4 အောင်မြင်စွာပြီးခဲ့သည်အထိရပ်တည်နိုင်ခဲ့တာပါ။
ကျွန်တော်တို့ဟာ August မှာ လူတစ်ယောက်ကို ဆွဲမထားနိုင်ခဲ့ပေမယ့် လူပေါင်း 400 ကျော်ကို အသက်အန္တရာယ်မှ ကယ်တင်နိုင်ခဲ့တဲ့ သွေးလှူအသင်းကိုတော့ နှစ်နှစ်တာအထိ တည်မြဲစေနိုင်ခဲ့ပါတယ်။
နောက်ထပ်နှစ်များစွာအထိလဲ သွေးလိုအပ်မှုကြောင့်
အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ လူတွေကို ကယ်တင်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက် တစ်ခုတည်းနဲ့ ဆက်လက်ရပ်တည်သွားနိုင်ဖို့မျှော်လင့်ပါတယ်။
10/08/2026
▫️ ယနေ့ မင်္ဂလာဒုံပြည်သူ့ဆေးရုံကြီးတွင် ကျောက်ကပ်ဆေးကြောမှု ခံယူပြီးနောက် အရေးပေါ် O သွေးလိုအပ်နေသော အသက် (၃၅) နှစ်အရွယ် ဒေါ်ခင်ညိုညိုဝင်းအတွက် လိုအပ်သော သွေးအား စေတနာဖြင့် သွားရောက်လှူဒါန်းပေးခဲ့ကြသော ကိုမျိုးသက်ဦး နှင့် ကိုဇော်ထွေး တို့အား HIED – Hope In Every Drop Team မှ အထူးပင် ကျေးဇူးတင်ရှိပါသည်။ 🤍
▫️ တစ်ပါးသူ၏အသက်ကို ကယ်တင်နိုင်ရန် အချိန်ပေးကာ စေတနာအပြည့်ဖြင့် သွားရောက်လှူဒါန်းပေးခဲ့မှုအတွက် လွန်စွာလေးစားဂုဏ်ယူပါသည်။
▫️ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ရည်မှန်းထားသမျှ အကောင်အထည်ဖော်နိုင်ပြီး ဘဝ၏ကဏ္ဍအသီးသီးတွင် အောင်မြင်မှုများဖြင့် ပြည့်စုံပါစေကြောင်း HIED Team မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏
HIED – Hope In Every Drop Team
📅 10 Aug 2026 (Monday)
🕜 1:34 P.M
ွားပါပြီဗျ
🚨🩸 အရေးပေါ် O+ သွေး ၁ လုံး လိုအပ်နေပါသည် 🩸🚨
မင်္ဂလာဒုံဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော လူနာတစ်ဦးအတွက် ကျောက်ကပ်ဆေးရန် O သွေး ၂ လုံး အရေးပေါ်လိုအပ်နေပါသဖြင့် စေတနာရှင်များထံ အကူအညီတောင်းခံအပ်ပါသည်။ 🙏🏻
🩸 သွေးအမျိုးအစား — O+
🏥 ဆေးရုံ — မင်္ဂလာဒုံဆေးရုံကြီး
အခုလို အရေးပေါ်အချိန်မှာ သွေးတစ်လုံးဟာ လူနာတစ်ဦးအတွက် အလွန်တန်ဖိုးရှိပါတယ်။
O သွေးလှူဒါန်းပေးနိုင်ပြီး ကူညီပေးနိုင်သော စေတနာရှင်များအနေဖြင့်—
📞 09799695051 သို့ ဆက်သွယ်နိုင်ပါသည်။
💬 HIED Page Messenger မှတစ်ဆင့်လည်း ဆက်သွယ်နိုင်ပါတယ်။
မိမိကိုယ်တိုင် လှူဒါန်းနိုင်ခြင်းမရှိပါက လိုအပ်နေသူထံ ရောက်ရှိနိုင်အောင် ဒီ Post လေးကို Share ပေးခြင်းဖြင့်လည်း ကူညီပေးနိုင်ပါတယ်။ 🙏🏻❤️
လူနာအတွက် အရေးပေါ်လိုအပ်နေသော O သွေးရရှိနိုင်ရန် အားလုံးဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 🩸🤍
🩸 B− သွေး အရေးပေါ်လိုအပ်နေပါသည် 🩸
Grand Hantha Hospital တွင် ဆေးကုသမှုခံယူနေသော အသက်ကြီးအဖွားတစ်ဦးအတွက် ကျောက်ကပ်ဆေးရန်B− (B Negative) သွေး အရေးပေါ်လိုအပ်နေပါသဖြင့် စေတနာရှင်များထံ အကူအညီတောင်းခံအပ်ပါသည်။
🩸 သွေးအမျိုးအစား — B− (B Negative)
🏥 ဆေးရုံ — Grand Hantha Hospital
သွေးလှူဒါန်းပေးလိုသော စေတနာရှင်များအနေဖြင့်
📞 09799695051 သို့ ဆက်သွယ်နိုင်သလို
💬 HIED Page Messenger မှတစ်ဆင့်လည်း ဆက်သွယ်နိုင်ပါတယ်။
အရေးပေါ်လိုအပ်နေသော လူနာအတွက် မိမိတို့တတ်နိုင်သည့်အတိုင်း ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ❤️
06/08/2026
🩸 Responding to an Urgent Need ❤️
▫️ယနေ့ ဗဟိုအမျိုးသမီးဆေးရုံတွင် အရေးပေါ်ခွဲစိတ်ကုသမှုအတွက် လိုအပ်နေသော AB သွေးအား ကျွန်တော်တို့ Team ၏ Former Leader ဖြစ်သည့် ကိုရဲမြတ်အောင် (BE Mechanical) နှင့် မောင်သူရိန်ကျော်စွာ (I.BE - EP) တို့မှသွားရောက်လှူဒါန်းပေးခဲ့ကြပါသည်။
▫️အရေးပေါ်အခြေအနေတွင် မိမိတို့၏အချိန်ကို ဖယ်ထားပြီး အသက်တစ်ချောင်းကို ကယ်တင်နိုင်ရန် စေတနာအပြည့်ဖြင့် ပါဝင်လှူဒါန်းပေးခဲ့ကြသော ညီအစ်ကိုနှစ်ဦးအား HIED မိသားစုမှ အထူးလေးစားဂုဏ်ယူစွာဖြင့် ကျေးဇူးတင်ရှိပါသည်။
▫️ထို့အပြင် လူနာရှင်၏ ခွဲစိတ်ကုသမှု အောင်မြင်ချောမွေ့ပြီး အမြန်ဆုံး ကျန်းမာသက်သာ၍ မိသားစုနှင့်အတူ ပြန်လည်ပျော်ရွှင်စွာ နေထိုင်နိုင်ပါစေကြောင်း HIED မိသားစုမှ စိတ်ရင်းမေတ္တာဖြင့် ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏
HIED - Hope In Every Drop
6.8.2026 (Thursday | 12:21 PM)
02/08/2026
အထူးကျေးဇူးတင်ရှိခြင်း
31.7.2026 (သောကြာနေ့) တွင် Hope In Every Drop-WYTU Team မှ ဦးစီး၍ ကျင်းပပြုလုပ်ခဲ့သော ရန်ကုန်အနောက်ပိုင်းနည်းပညာ တက္ကသိုလ် စုပေါင်းသွေးလှူဒါန်းပွဲကြီး၌
သွေးအလှူရှင်များအတွက် Y-Si Pharmaceutical မှ ဆေးဝါးအလှူအဖြစ် သွေးအလှူရှင်များအတွက် သံဓာတ်အားဖြည့်ဆေး ( Y-Si FerroAid) နှင့် အာဟာရအလှူအဖြစ် လူအယောက် (၂၀၀) စာ ကြက်ဥ၊ ရေသန့်၊ ငှက်ပျောသီးတို့ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်လှူဒါန်းပေးခဲ့ပါတယ်။
ဒါ့အပြင် ကျွန်တော်တို့ ပွဲနေ့က ဝတ်ဆင်ခဲ့တဲ့ HIED volunteer T-shirt များအတွက်လည်း sponsor အဖြစ် တာဝန်ယူပေးခဲ့ပါတယ်။
ယခုကဲ့သို့ စုပေါင်းသွေးလှူပွဲကြီးတွင် အာဟာရဒါန၊ ဘေသဇ္ဇဒါန တို့ဖြင့် တစ်ဖက်တစ်လမ်းမှ စိတ်အားထက်သန်စွာ ပါဝင်အားဖြည့်ပေးခဲ့ပါသော Y-Si Pharmaceutical မှ တာဝန်ရှိသူလူကြီးမင်း များအားလုံးကို ကျွန်တော်တို့ Hope In Every Drop-WYTU Volunteer Team မှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် စီးပွားရေးလုပ်ငန်းများ ဒီထက်မက တိုးတက်အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ် ခင်ဗျာ။
နောင်လာမယ့် သွေးလှူဒါန်းပွဲများတွင်လည်း အတူတကွ လက်တွဲဆောင်ရွက်နိုင်မည်ဟု မျှော်လင့်မိပါတယ်ခင်ဗျာ။
လေးစားစွာဖြင့်
Hope In Every Drop-WYTU
Click here to claim your Sponsored Listing.