Pyodine
ထိခိုက်ရှနာ မြန်စွာပျောက်ကင်း (Pyodine) ပိုင်ရိုဒင်း
07/09/2026
“တောင်ကြီး Trail လမ်း, Pyodine နဲ့ဖြတ်သန်း” Campaign Winner (၃)ယောက်ပေါ်ထွက်လာခဲ့ပါပြီ။ ဒီ Campaign လေးကို စိတ်ဝင်တစားနဲ့ အချိန်ပေး Join ပေးကြတဲ့ Runner တို့ကိုလည်း Pyodine မှ ကျေးဇူးအထူးတင်ရှိပါတယ်။
Winner လေးတွေကတော့-
First Place- Phyo Myat Pan
Second Place- Thar Nyan
Third Place- Yee Yee Lwin တို့ပဲဖြစ်ပါတယ် ။
Winner လေးတွေအနေနဲ့ Pyodine Page Messenger မှာ လာရောက်ဆုမဲထုတ်ယူလို့ရပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။
03/09/2026
"တောင်ကြီး Trail လမ်း, Pyodine နဲ့ဖြတ်သန်း” Photo Campaign လေးကို Join ဖို့ နောက်ထပ် (၃)ရက်ပဲ ကျန်တော့တယ်နော် ။
ဒီ Campaign လေးမှာ ဘာဆုလက်ဆောင်တွေရမှာလဲ၊ ဘယ်လိုပါဝင်ရမလဲဆိုတာကို အောက်က Link က Post မှာ ပြည့်ပြည့်စုံစုံဖော်ပြထားပါတယ်။
ကဲ… အချိန်ဘယ်လောက်မှ သိပ်မကျန်တော့တာမို့ ပျော်ရွှင်စရာကောင်းတဲ့ Campaign ကြီးကို လက်မလွှတ်ရလေအောင် ခုပဲပါဝင်လိုက်တော့နော် ။
Campaign Post Link- https://www.facebook.com/share/p/19bBK25nqz/
31/08/2026
အိမ်တိုင်းလိုလိုရဲ့ ဆေးသေတ္တာထဲမှာ Pyodine လို (Povidone-Iodine)ပါဝင်တဲ့ ဒဏ်ရာပျောက်ဆေးတွေကို ဆောင်ထားလေ့ရှိကြပါတယ်။ ဒါပေမဲ့ ဆေးရည် (Solution) နဲ့ ဆေးညှစ်တောင့် (Gel Type) နှစ်မျိုးလုံးမှာ အာနိသင်တူပေမဲ့ ဘယ် ဒဏ်ရာမျိုးမှာ ဘာကို သုံးရမယ်ဆိုတာကို သေချာသိထားရင် ပိုပြီးကောင်းမွန်တဲ့ Result ကိုရရှိမှာပါ။
Pyodine ဆေးရည်: အရည်ပုံစံ ဖြစ်တာကြောင့် ပွန်းပဲ့ဒဏ်ရာတွေ၊ ရှရာနဲ့ ထိခိုက်ဒဏ်ရာ သေးသေးမွှားမွှားတွေကို ဆေးကြော သန့်စင်ဖို့နဲ့ ပိုးသတ်ဖို့အတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။
Pyodine ညှစ်တောင့်: Gel Type ပုံစံရှိပြီး ဒဏ်ရာပေါ်မှာ ကြာရှည် ငြိတွယ် ပျံ့နှံ့နေနိုင်တာကြောင့် အပူလောင် ဒဏ်ရာတွေနဲ့ အရေပြား ပေါက်ပြဲရာတွေမှာ ပိုးမဝင်အောင် ကာကွယ်ပေးဖို့ သင့်တော်ပါတယ်။
အိမ်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ထိခိုက် အပူလောင် ဒဏ်ရာ အမျိုးမျိုးအတွက် အချိန်မရွေး မှန်မှန်ကန်ကန် သုံးနိုင်အောင် Pyodine ဆေးရည်ရော ညှစ်တောင့်ပါ ဆေးသေတ္တာထဲမှာ အဆင်သင့် ဆောင်ထားလိုက်တော့နော်။
“Play Hard…Stay Safe with Pyodine”
#ဒဏ်ရာကျန်းမာရေး #ဆေးသေတ္တာဆောင်ဆေး
29/08/2026
ဝေးခဲ့တဲ့နေရာတိုင်းမှာ အမှတ်တရတွေ ရှိကြတယ် မဟုတ်လား?
စတာပါ၊ နောက်တာပါ Typing Error လေးပါ 🤭
ပြေးခဲ့တဲ့ နေရာတိုင်းမှာ မမေ့နိုင်တဲ့ အမှတ်တရလေးတွေ ရှိတယ်မဟုတ်လားလို့ ပြောချင်တာပါ။
ပြေးခဲ့သမျှတိုင်းမှာ ကိုယ့်ရဲ့ အကြိုက်ဆုံး Running Photo တစ်ပုံနဲ့ အဲဒီပုံနောက်ကွယ်က ပျော်စရာ၊ ရယ်စရာ၊ အားတက်စရာ အမှတ်တရလေးကို မျှဝေပြီး Free Taunggyi Trail Run Ticket ရယူနိုင်ပြီနော်။
ပါဝင်ဖို့ကလည်း လွယ်လွယ်လေးပါပဲ !!
✅ Pyodine page ကို Like & Follow လုပ်ပါ။
✅ ဒီ Post ကို Like လုပ်ပြီး Public နဲ့ Share ပေးပါ။
✅ ကိုယ့်ရဲ့ အမှတ်တရ Running Photo တစ်ပုံကို Facebook မှာ Public Post တင်ပါ။
✅ Caption မှာ ဓာတ်ပုံနောက်ကွယ်က အမှတ်တရ Story လေးနဲ့အတူ
“တောင်ကြီး Trail လမ်း၊ Pyodine နဲ့ ဖြတ်သန်း” လို့ ရေးပေးပြီးတော့
✅ ကို မဖြစ်မနေ ထည့်ပေးရပါမယ်။
✅ ကိုယ်တင်ထားတဲ့ Post Link ကို ဒီ Campaign Post အောက်မှာ Comment ပေးခဲ့ရုံပါပဲ။
ပါဝင်သူတွေရဲ့ Post တွေထဲက Reaction အများဆုံး ၃ ယောက်ကို Free Taunggyi Trail Runners အဖြစ်ရွေးချယ်သွားမှာ ဖြစ်ပါတယ်။
Running Photo လေးတွေ ဖုန်းထဲမှာပဲ သိမ်းမထားနဲ့တော့နော်။ အမှတ်တရ Story လေးနဲ့အတူ မျှဝေပြီး Taunggyi Trail ကို အတူတူဖြတ်သန်းလိုက်ကြရအောင်!!
ဟင်းချက်ရင်း ဆီပူစင်တာ၊ ရေနွေးပူလောင်တာ ဒါမှမဟုတ် ပူနေတဲ့ အရာတစ်ခုခုကို မှားထိမိလို့ အရေပြား အပူလောင်သွားတဲ့အခါ ချက်ချင်းဆိုသလို သွားတိုက်ဆေးတွေ၊ သနပ်ခါးတွေ၊ ရေခဲတွေကို ယူပြီး လိမ်းမိတတ်ကြပါတယ်နော်။
ဒါပေမဲ့ အပူလောင်ဒဏ်ရာပေါ် ဒါတွေလုပ်တာက အပူတွေကို အပြင်မထွက်နိုင်အောင် ပိတ်လှောင်လိုက်သလိုဖြစ်ပြီး အရေပြားကို ပိုပြီး နက်နက်ရှိုင်းရှိုင်း လောင်ကျွမ်းသွားစေနိုင်ပါတယ်။
ဒါတင်မကဘဲ ပိုးမွှားတွေ ပိုမို ဝင်ရောက်သွားနိုင်တာကြောင့် အနာ ပြည်တည်ပြီး ပိုဆိုးသွားတတ်ပါတယ်နော်။
အပူလောင်သွားတဲ့အခါ အမှန်တကယ် လုပ်ပေးရမှာကတော့
✔️ ရေအေးအေးနဲ့ အရင်ဆေးကြောပါ
ဒဏ်ရာကို ရေခဲ မကပ်ဘဲ သာမန် စီးဆင်းနေတဲ့ ရေအေးနဲ့ ၁၀ မိနစ်ကနေ ၁၅ မိနစ်မက အေးသွားသည်အထိ အေးအေးဆေးဆေး လောင်းဆေးပေးပါ။
✔️ Pyodine ညှစ်တောင့် လိမ်းပေးပါ
ရေလောင်းပြီးရင် အနာပေါ်မှာ စပ်ဖျင်းဖျင်း ခံစားချက် မဖြစ်စေတဲ့ Pyodine ညှစ်တောင့် ကို သေချာလေး လိမ်းပေးပါ။
Pyodine ညှစ်တောင့် ဟာ ဒဏ်ရာပေါ်မှာ ကြာရှည် ငြိတွယ် ပျံ့နှံ့နေနိုင်တာကြောင့် ပိုးဝင်တာကို သေချာ ကာကွယ်ပေးပြီး အရေပြား အရည်ကြည်ဖုထတာနဲ့ အနာကျက် မြန်စေဖို့ ကူညီပေးပါတာမို့ အပူလောင်ရင် ကြုံရာလျှောက်မလိမ်းဘဲ မှန်ကန်တဲ့ ရှေးဦးသူနာပြုစုနည်းအတိုင်း အမြန်ဆုံး လိမ်းပေးလိုက်ပါနော်။
”Play Hard, Stay Safe with Pyodine”
#အပူလောင်ဒဏ်ရာ #ရှေးဦးသူနာပြု #အနာဆေးထည့်
27/08/2026
အိမ်မှာ ဟင်းချက်ရင်း ဆီပူစင်တာ၊ ရေနွေးပူလောင်တာ ဒါမှမဟုတ် ကလေးတွေ ဆော့ရင်း လဲကျ ပွန်းပဲ့သွားတာမျိုးတွေက မထင်မှတ်ဘဲ ရုတ်တရက် ဖြစ်တတ်ကြပါတယ်နော်။
ဒီလို မတော်တဆ ထိခိုက်မှုတွေ ဖြစ်လာပြီဆိုမှ အိမ်ထဲမှာ ဘာဆေးရှိလဲ လိုက်ရှာ၊ အရက်ပြန်နဲ့ ဆေးအဟောင်းတွေ လိုက်မွှေနေရရင် အချိန်လည်း ကုန်သလို ဒဏ်ရာအတွက်လည်း အဆင်မပြေလှပါဘူး။
ဒါကြောင့် အိမ်တိုင်းရဲ့ ဆေးသေတ္တာထဲမှာ Pyodine ဆေးရည်ရော ညှစ်တောင့်ပါ အဆင်သင့် ဆောင်ထားဖို့ လိုတာပါ။
Pyodine ဆေးရည် - အရည်ပုံစံမို့ ကလေးတွေ၊ လူကြီးတွေ လဲကျ ပွန်းပဲ့ရာတွေနဲ့ ရှရာ သေးသေးမွှားမွှားတွေကို စပ်ဖျင်းဖျင်း မဖြစ်စေဘဲ ချက်ချင်း ပိုးသတ် သန့်စင်ပေးဖစို့ သင့်တော်ပါတယ်။
Pyodine ညှစ်တောင့် - ပျစ်ပျစ်လေးမို့ ဒဏ်ရာပေါ် ငြိတွယ်ပြီး ကြာရှည် ကာကွယ်ပေးနိုင်တာကြောင့် ဟင်းချက်ရင်း ဆီပူစင်တာ၊ အပူလောင်တာနဲ့ အရေပြား ပေါက်ပြဲရာတွေအတွက် လုံးဝ ကောင်းမွန်ပါတယ်။
အရေးကြုံမှ လိုက်ရှာမနေရအောင် အိမ်မှာ အဖြစ်များတဲ့ ထိခိုက်ဒဏ်ရာမှန်သမျှအတွက် Pyodine ဆေးရည်ရော ညှစ်တောင့်ပါ ဆောင်ထားလိုက်တော့နော်။
“Play Hard…Stay Safe with Pyodine”
#အိမ်သုံးဆေးသေတ္တာ #အရေးပေါ်ဆေး
26/08/2026
ဘောလုံးကစားရင်း ပြေးကြလွှားကြတဲ့အခါ ကွင်းပြင်မှာ လဲကျပြီး ဒူးခေါင်းနဲ့ လက်မောင်းတွေ ပွန်းပဲ့ဒဏ်ရာ ရသွားတာမျိုး ဘောလုံးသမားတိုင်းလိုလို ကြုံဖူးကြမှာပါပဲ။
ဘောလုံးပွဲ အရှိန်ကောင်းနေတုန်း မတော်တဆဖြစ်တဲ့ ဒဏ်ရာတွေကြောင့် ဆက်မကစားနိုင်တော့ဘဲ ဘေးမှာ ခဏနားလိုက်ရတဲ့ ခံစားချက်က တကယ်ကို စိတ်ပျက်စရာပါ။
အထူးသဖြင့် ဘောလုံးကွင်းထဲက ဖုန်တွေ၊ သဲတွေ အနာထဲ ဝင်သွားရင် ပိုးဝင်ပြီး ပြည်တည်တာမျိုးအထိ ပိုဆိုးသွားနိုင်ပါတယ်။
ဒီလို ဘောလုံးကစားရင်း လဲကျပွန်းပဲ့သွားတဲ့ ဒဏ်ရာတွေအတွက် Pyodine ဆေးရည်ကို အသုံးပြုပေးလို့ ရပါတယ်နော်။ Pyodine ဆေးရည်ဟာ ဒဏ်ရာပေါ် ရောက်သွားတာနဲ့ အနာထဲက ဖုန်နဲ့ ပိုးမွှားတွေကို နာကျင်မှုမရှိဘဲ ချက်ချင်း ပိုးသတ်သန့်စင်ပေးနိုင်တာကြောင့် ဘောလုံးကစားရတာကို နှစ်သက်တဲ့သူတွေ၊ အားကစားသမားတွေအတွက် အိတ်ထဲမှာ Pyodine ဆေးရည်လေး အခုပဲ ဆောင်ထားလိုက်တော့နော်။
“Play Hard…Stay Safe with Pyodine”
#ဘောလုံး #ပွန်းပဲ့ဒဏ်ရာ #အနာဆေးထည့်
25/08/2026
ထိခိုက်ဒဏ်ရာတစ်ခုခု ရသွားပြီဆိုရင် အနာထက် ပိုကြောက်တာက ဆေးထည့်ရင် စပ်မှာကိုပါ။
ဒဏ်ရာကို ဆေးထည့်တော့မယ်ဆိုတာနဲ့ အရက်ပြန် ဒါမှမဟုတ် အနာဆေးတွေကြောင့် ဖြစ်လာမယ့် စပ်ဖျင်းဖျင်း ခံစားချက်ကို တွေးပြီး ကလေးတင်မကဘူး လူကြီးတွေပါ တွန့်ဆုတ်သွားကြတာ အဆန်းမဟုတ်ပါဘူး။
ဒါပေမဲ့ စပ်မှာ ကြောက်လို့ဆိုပြီး ဆေးမထည့်ဘဲ ပစ်ထားရင် အနာထဲ ပိုးဝင်ပြီး ပြည်တည်တာ၊ ရောင်ရမ်းတာတွေအထိ ပိုဆိုးသွားနိုင်ပါတယ်။
ဒီလိုအခါမျိုးမှာ Pyodine ရဲ့ ဆေးရည် နဲ့ ညှစ်တောင့်ကို သုံးပေးလို့ ရပါတယ်နော်။ Pyodine က အနာပေါ် လိမ်းလိုက်တဲ့အခါ စပ်ဖျင်းဖျင်းနဲ့ နာကျင်သွားတာမျိုး လုံးဝမဖြစ်စေဘဲ အနာကို သက်သောင့်သက်သာ ဆေးထည့်နိုင်အောင် ကူညီပေးပါတယ်။
ဒါ့အပြင် အနာထဲက ပိုးမွှားတွေကို သန့်စင်ပေးပြီး ပိုးမဝင်အောင် သေချာ ကာကွယ်ပေးတဲ့အတွက် ဒဏ်ရာတွေကိုလည်း မြန်မြန်ဆန်ဆန် အနာကျက်စေပါတယ်။
အနာဆေးထည့်ရင် စပ်မှာ ကြောက်တတ်တဲ့သူတွေနဲ့ ကလေးတွေအတွက်တော့ အိမ်မှာ Pyodine လေး ဆောင်ထားရင် အတော်လေး အဆင်ပြေသွားမှာပါနော်။
“Play Hard…Stay Safe with Pyodine”
#မိုးရာသီအားကစား #ရှေးဦးသူနာပြု
ပွဲပြီးခါနီး မိနစ် ၉၀ မှာ ရင်ခုန်စရာအကောင်းဆုံးက ၃၀ စက္ကန့်အတွင်း သွင်းလိုက်တဲ့ "အနိုင်ဂိုး" ပါပဲ ⚽⏱️
အနာတွေကို ပိုးမွှားတွေရန်ကနေ အမြန်ဆုံး ကာကွယ်ဖို့ဆိုရင်လည်း အချိန်အကြာကြီး စောင့်နေစရာမလိုတော့ပါဘူး။
Pyodine က အနာပေါ်မှာရှိတဲ့ ပိုးမွှားတွေကို ၃၀ စက္ကန့်အတွင်း အပြတ်အသတ် ချေမှုန်းပေးပြီး အနိုင်ဂိုး သွင်းပေးမှာပါ။
အနာဖြစ်လို့ ပိုးဝင်မှာ စိတ်ပူနေရတဲ့ပွဲကို Pyodine နဲ့ပဲ အမြန်ဆုံး အဆုံးသတ်လိုက်ပါ 🏆
”Play Hard, Stay Safe with Pyodine”
Category
Website
Address
Yangon