Myanmar Library Association
The Myanmar Library Association is Myanmar’s professional body in library and information services. It was founded in 1990 and granted its registration in
29/09/2026
မြန်မာနိူင်ငံစာကြည့်တိုက်အသင်းက ကြီးမှုးဖွင့်လှစ်သော အလယ်အလတ်တန်းအဆင့်( Intermediate Course/ 1.9.2026- 29.9.2026)- Library Education and Digital Information Literacy( Online)တစ်လ သင်တန်း ဆင်းပွဲ ကို၂၉.၉.၂၀၂၆နေ့တွင် Online ဖြင့်အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။
ရှေးဦးစွာ သင်တန်းဆင်းအမှတ်တရစကားများကိုအသင်း၏ နာယကဆရာ၊ ဆရာမကြီးများဖြစ်ကြသောဆရာကြီးဦးဥာဏ်ထွန်း၊ဆရာမကြီးဒေါ်အဝင်း၊ ဆရာမကြီးဒေါ်ခင်နှင်းဦးနှင့်အသင်းဥက္ကဌဆရာမဒေါ်မြတ်စန်းငြိမ်း၊ အတွင်းရေးမှုးဆရာမဒေါ်စန္ဒြာချစ်ဖို့ဒ်တို့ က ပြောကြား၍သင်တန်းဆင်းပွဲကို ဖွင့်လှစ်ခဲ့ကြပါသည်။
ထို့နောက်တက်ရောက်သူ သင်တန်းသူ၊သင်တန်းသားများက ကျေးဇူးတင်စကားပြောကြား၍ သင်ယူခဲ့သည့်အတွေ့အကြုံသင်ခန်းစာများအနက်မှ
၁။ အရည်အသွေးရှိသောပညာရေးကို စာကြည့်တိုက်မှတဆင့် မြှင့်တင်နိုင်ရေး၊
၂။ အနာဂတ်မြင်ကွင်းနှင့်ခေါင်းဆောင်နိုင်မူ့၊
၃။လက်တွေ့အသုံးချမှုနှင့်သက်ရောက်နိူင်မူ့၊
စသည့်ခေါင်းစဥ်များဖြင့်ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြပါသည်။
တက်ရောက်သူ သင်တန်းသူ/သားအားလုံး အထဲမှ The Most Active Participants Awards ရရှိသူ ( ၁၁) ဦးကို ရွေးချယ်ကြေညာ၍ MLA နှင့် British Council Library မှ ဆုများ ချီးမြှင့်မည်ဖြစ်ပါသည်။
ထို့အပြင် SaveThe Library မှ ဦးမောင်မောင်စိုး၊ Dawei Millennium Centre မှ Dr.Kyaw Lwin Soe တို့မှ မိမိတို့၏စာကြည့်တိုက်လုပ်ငန်းအတွေ့အကြုံ၊တိုးတက်အောင်မြင်ရေး အစီအစဉ်များ၊အခက်အခဲ ဖြေရှင်းနိူင်ရေး နည်းလမ်းကောင်းများကိုမျှဝေ ပေးသည့်အတွက် MLA မှ အထူးကျေးဇူးတင်ရှိပါသည်။
သင်တန်းကာလ တစ်လျှောက်လုံးတွင် စေတနာပြည့်ဝစွာဖြင့် စိတ်အားထက်သန်စွာ သင်ကြားပို့ချပေးသောဆရာ၊ ဆရာမ များအားလုံးနှင့်တကွ၊တက်ကြွစွာပါဝင်ဆွေးနွေးလေ့လာသင်ယူကြသောစာကြည့်တိုက်ပညာစိတ်ဝင်စားသူ နယ်ပယ်အသီးသီးမှ သင်တန်းသူသင်တန်းသားအားလုံးကို လည်း MLA မှ ဂုဏ်ယူစွာဖြင့် ကျေးဇူးတင်ရှိပါသည်။
ဝမ်းနည်းကြေကွဲခြင်း
စာကြည်တိုက်မိသားစုဝင်တစ်ဦးဖြစ်သူ ဆရာမ ဒေါက်တာဌေးဌေးဆင့်၏ မိခင်ကြီးဒေါ်အေးရွှေ အသက် ( ၉၁ နှစ်)သည် ၁၉. ၉. ၂၀၂၆ (စနေနေ့) ညနေ ၆ နာရီတွင် ကွယ်လွန်
အနိစ္စရောက်သွားသည့်အတွက်
ကျန်ရစ်သူမိသားစုများနှင့်ထပ်တူဝမ်းနည်းကြေကွဲပါသည်။
05/09/2026
⸻
📚 မြန်မာနိုင်ငံစာကြည့်တိုက်အသင်း (MLA) ၏ အဖွဲ့ဝင်များနှင့် လစဉ်အစည်းအဝေးကို ၅.၉.၂၀၂၆ နေ့တွင်
မြန်မာနိုင်ငံစာကြည့်တိုက်အသင်း (MLA) ခန်းမ ၌ ပြုလုပ်ခဲ့ပြီး အောက်ပါ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါသည် ။
✅၂၀၂၆ -၂၀၂၇ ခုနှစ်အတွက် School Library Projectစီစဥ်ဆောင်ရွက်နေမူ့အခြေအေနေ၊
✅ မြန်မာနိူင်ငံစာကြည့်တိုက်အသင်းမှစာကြည့်တိုက်ပညာရှင်ဆရာကြီးဦးသော်ကောင်းအားအမှတ်တရဂုဏ်ပြုခြင်းအထိမ်းအမှတ်စာစောင်ထုတ်ဝေရန်စာမူများဖိတ်ခေါ်ရန်အတွက်အကြံပြုဆွေးနွေးခြင်း၊
✅ Online ဖြင့်ဖွင့်လှစ်သင်ကြားလျှက်ရှိသောစာကြည့်တိုက်ပညာ Intermediate level သင်တန်းဆင်းလက်မှတ်နှင့်ဆုပေးအပ်ပွဲကျင်းပပြုလုပ်ရန်ညှိနိူင်းဆွေးနွေးခြင်း၊
✅ မြန်မာနိူင်ငံစာကြည့်တိုက်အသင်းနှင့်Hope Education Center တို့ ပူးပေါင်းဆောင်ရွက်မည့်ကျောင်း စာကြည့်တိုက်ပညာသင်တန်းဖွင့်လှစ်သင်ကြားနိူင်ရေးစီစဥ်ဆောင်ရွက်ခြင်း၊
✅ မြန်မာနိူင်ငံစာကြည့်တိုက်သတင်း၏ Website အတွက်Adminရွှေးချယ်ထားရှိရန်ကိစ္စရပ်များကို ဆွေးနွေးခဲ့ ကြပါသည်။
05/09/2026
မြန်မာနိူင်ငံစာကြည့်တိုက်အသင်းသို့ ကွယ်လွန်သူ ဖခင်ကြီး ဦးစိုးမြင့်အားရည်စူး၍ ကျန်ရစ်သူမိသားစု(လမ်းမတော်မြို့နယ်၊ရန်ကုန်မြို့) က မြန်မာစာအုပ်နှင့်အဂ်လိပ်စာအုပ်များကို(၅.၉.၂၀၂၆) နေ့တွင်လာရောက်လှူဒန်းပါသဖြင့် မြန်မာနိူင်ငံစာကြည့်တိုက်အသင်းမှ
အထူးပင်ကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင် ဂုဏ်ပြု ပါသည်။
02/09/2026
မြန်မာနိူင်ငစာကြည့်တိုက်အသင်းကကြီးမှုးဖွင့်လှစ်သောအလယ်အလတ်အဆင့်( Intermediate level)စာကြည့်တိုက်ပညာနှင့်စာကြည့်တိုက်နည်းပညာ( တစ်လ) သင်တန်းအမှတ်စဥ်(၁/၂၀၂၆)ကို online ဖြင့်(၁.၉.၂၀၂၆ )နေ့ နံနက် (၉) နာရီတွင် Zoom Meeting ဖြင့်ဖွင့်လှစ်ခဲ့ပါသည်။
ရှေးဦးစွာ သင်တန်းအဖွင့်အမှာစကားကိုအသင်း၏နာယက ဆရာမကြီးဖြစ်ကြသောဆရာမကြီးဒေါ်အဝင်း၊ ဆရာမကြီးဒေါ်ခင်နှင်းဦးတို့က ပြောကြားခဲ့၍အသင်းဥက္ကဌ ဆရာမ ဒေါ်မြတ်စန်းငြိမ်း၊ဆရာမဒေါ်စန္ဒြာချစ်ဖို့ဒ်နှင့်ဆရာ Dr.ထွန်းအောင်ကျော်တို့ကစာကြည့်တိုက်ပညာ၏ အကျိုးကျေးဇူးသက်ရောက်မူ့ကိုပြောကြား၍သင်တန်းကိုဖွင့်လှစ်ခဲ့ကြပါသည်။သင်တန်းကာလမှာ ၁.၉.၂၀၂၆ မှ ၃၀.၉.၂၀၂၆ ထိ (၁) လ ကြာမြင့်မည်ဖြစ်၍ သင်တန်းသူ သင်တန်းသားစုစုပေါင်း(၅၅ဦး )တက်ရောက်ကြမည်ဖြစ်ပါသည်။
29/08/2026
ဆရာကြီး ဦးသော်ကောင်း ကွယ်လွန်ခြင်း တစ်လပြည့် အမှတ်တရ
လေးစားရသော ဆရာကြီး ကွယ်လွန်သွားခဲ့သည်မှာ ယနေ့တွင် တစ်လပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။
ဆရာကြီးသည် မိမိ၏ဘဝတစ်လျှောက်လုံး ပညာရေး၊ မြန်မာစာပေဖွံ့ဖြိုးတိုးတက်ေရး၊ ရှေးလက်ရေးစာပေ၊ပုရပိုက်မှတ်တမ်းများကို ပြန်လည်စုဆောင်းပြီး သုတေသီများအတွက်ဝန်ေဆာင်မှုေပးခြင်း၊စာကြည့်တိုက်နှင့် လူငယ်မျိုးဆက်များ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖိုးမဖြတ်နိုင်သော အသိပညာနှင့် အတွေ့အကြုံများကို မျှဝေပေးခဲ့သူ ဖြစ်ပါသည်။ ဆရာကြီး၏ သင်ကြားဆုံးမမှုများ၊ အားပေးလမ်းညွှန်မှုများနှင့် မြင့်မြတ်သော စိတ်ဓာတ်သည် ဆရာကြီး၏ တပည့်များနှင့် စာကြည့်တိုက်အသိုက်အဝန်းအတွင်း အစဉ်ထာဝရ ရှင်သန်နေမည်ဖြစ်ပါသည်။
ဆရာကြီးသက်ရှိထင်ရှား မရှိတော့သော်လည်း ဆရာကြီး ပေးခဲ့၊သင်ပြခဲ့သော ပညာအမွေ၊ စာပေအမွေနှင့် လူသားအကျိုးပြု စိတ်ဓာတ်တို့သည် ကျွန်မတို့၏ ရင်ထဲတွင် အမြဲတမ်း တန်ဖိုးထားလျက်၊ လိုက်နာကျင့်သုံးနေမည်ဖြစ်ပါသည်။
ဆရာကြီး၏ ကျေးဇူးတရားများကို အောက်မေ့သတိရလျက် ဆရာကြီး အမြှော်အမြင်ကြီးစွာချမှတ်ပေးခဲ့သော လမ်းစဉ်ကောင်းများနှင့် ပညာအမွေများကို ဆက်လက်ထိန်းသိမ်း အကောင်အထည်ဖော်သွားကြမည်ဖြစ်ပါသည်။
ကွယ်လွန်ခြင်း တစ်လပြည့်နေ့တွင် လေးစားစွာ အောက်မေ့သတိရဂုဏ်ပြုအပ်ပါသည်။
တပည့်များ ရင်ထဲမှာအမြဲရှင်သန်နေသော...အမြဲတမ်း
လေးစားသတိရနေပါသော...ဆရာကြီး။
photo: dsslamara
Photo credit Amara
IntermediateLevel(1/2026) တက်ရောက်ခွင့် ရရှိသူများစာရင်း ကြေညာခြင်း
- 27.6.2026 ရက်နေ့ထိ ဖောင်လျှောက်ထားပြီး အမည်စာရင်းမပါသေးသူများ 09450627226(Ko Win Zaw Latt) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
- တစ်လတာ သင်ကြားမည့် ဘာသာရပ်များအတွက် Timetable, Zoom Link, Training Rule တို့ကို 30.8.2026 ရက်နေ့မှာ ပို့ပေးသွားပါမည်။
- သင်တန်းအတွင်း သင်ခန်းစာများမေးမြန်းနိုင်ရန်၊ အိမ်စာများပေးပို့ရန် Viber Group ရှိပါမည်။
တက်ရောက်ခွင့် ရရှိသူများစာရင်း
No. Name
1 Ashin Thar Ga Ra
2 Aye Sandar Myo
3 Aye Thein
4 Dr Nay Linn Wai
5 Ei Ei Su Hlaing
6 Ei Shwe Sin Win
7 Htar Htar Shwe
8 Htet Htet Hlaing
9 Htun Thu Aung
10 James La Ja
11 Kay Thi soe
12 Khin Maung Win
13 Khin Pa Pa Kyaw
14 Khin Su Hlaing
15 Kwee Bu
16 Lin Win Tun
17 Mar Li @ Mar R**t
18 May Zin Phyu
19 Myat Kay Khing
20 Nan Aye Nyein Aung
21 Nang San Moon
22 Nant Zin Moe Aung
23 Naw Shamari
24 Naw Tha Blay Paw
25 Nilar
26 Nyein Nyein Mon
27 Phyo Min Khaing
28 Pyae Hmue Paing
29 Pyin Nyar Sar Ri
30 San San Nwet
31 Sarmari
32 Saw Aung Naing Soe
33 Su Myat Phwe
34 Thinn Yanat Aung
35 Thu Zar Kyaw
36 Wu Li Sar
37 Yin Yin Oo
38 Yin Yin Win
39 Zam Khen Pau
40 Zin Me Mu May Win
# # # # # # # # # # # # #
နောက်ဆက်တွဲတက်ရောက်ခွင့်ရရှိသူများစာရင်း
41. အရှင် ၀ိလာသ
42. အရှင် ကောမလ
43. Naw Khet Wai San
44. Kwee Bu
45. Naw Serene Smile Win
46. Daw Nu Nu Win
47. Oo Aung Myint
48. Soe Thura Min
49. Shwe Yamin
50. Nan Ohnmar
51. Tin Saw Than
52. May Me Chit
53. Naw DeBora Thein
24/08/2026
“ဆရာကြီးဦးသော်ကောင်း အမှတ်တရ ဂါရဝပြု အထူး စာစောင်အတွက် စာမူဖိတ်ခေါ်ခြင်း”
(Special Honorary Edition of MLA newsletter to Sayagyi Sithu U Thaw Kaung)
မြန်မာနိုင်ငံစာကြည့်တိုက်အသင်းမှ စာကြည့်တိုက်ပညာရှင်ကြီး၊ ဆရာကြီးဦးသော်ကောင်းအား အမှတ်တရဂုဏ်ပြုခြင်းအထိမ်းအမှတ်စာစောင်ကို ထုတ်ဝေမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ဆရာကြီးဦးသော်ကောင်း၏ တပည့်တပန်းများဖြစ်ကြသော စာကြည့်တိုက်မှူးများ၊ စာကြည့်တိုက်ပညာရှင်များနှင့် ဆရာကြီးနှင့် ဆက်နွှယ်ခဲ့ကြသူများအနေဖြင့် ဆရာကြီး၏ ပညာရေး၊ စာကြည့်တိုက်ပညာနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအပေါ် ပေးအပ်ခဲ့သော အကျိုးကျေးဇူးများ၊ သင်ကြားလမ်းညွှန်မှုများနှင့် မိမိတို့၏ အမှတ်တရအတွေ့အကြုံများကို ဖော်ပြရေးသားထားသော စာမူများ ပေးပို့ပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
ဆရာကြီးဦးသော်ကောင်း၏ အမွေအနှစ်များနှင့် စာကြည့်တိုက်ပညာအပေါ် ထားရှိခဲ့သော အမြင်၊ စိတ်ဓာတ်နှင့် ပေးအပ်ခဲ့သည့် အဖိုးတန်ပညာများကို မှတ်တမ်းတင်ထိန်းသိမ်းနိုင်ရန်အတွက် မိမိတို့၏ အမှတ်တရစာမူများဖြင့် ပါဝင်ပေးကြပါရန် လေးစားစွာ တိုက်တွန်းဖိတ်ခေါ်အပ်ပါသည်။
မြန်မာနိုင်ငံစာကြည့်တိုက်အသင်း
ဆရာကြီးဦးသော်ကောင်း အမှတ်တရဂုဏ်ပြုခြင်းအထိမ်းအမှတ် စာစောင်အတွက် စာမူများကို (၃၀.၉.၂၀၂၆) နောက်ဆုံးထားပေးပို့ပါရန် မေတ္တာရပ်ခံပါသည်။
စာစောင်၏ရည်ရွယ်ချက်နှင့်ကွဲလွဲသောစာမူများအား ဖော်ပြမည်မဟုတ်ပါ။
စာမူများကို အေဖိုးအရွယ်ဖြင့် ၅ မျက်နှာထိ ရေးသားနိုင်ပါသည်။
မြန်မာ- အင်္ဂလိပ်နှစ်သက်ရာဘာသာဖြင့်ရေးသားနိုင်ပါသည်။
စာမူများကို ပြည်ထောင်စုစာလုံးဖြင့်ကွန်ပျူတာစာစီ၍ ပေးပို့ကြပါ။ လက်ရေးဖြင့်ရေးသားခြင်း၊ဓာတ်ပုံရိုက်ပို့ခြင်း၊စကင်ရိုက်ပို့ခြင်းများကို
ရွေးချယ်မည်မဟုတ်ကြောင်းအသိပေးအပ်ပါသည်။
ပေးပို့ရမည့် emails များမှာ
[email protected]
[email protected]
[email protected]
Lynn
18/08/2026
Join the world’s largest virtual cataloging meeting—now in two sessions—with OCLC and members of the library community to hear about the exciting work happening across the field. 🌐 Both sessions will offer unique insights, perspectives, and updates you won’t want to miss:
🔵 Tuesday, September 22: 11:00 a.m. to 12:30 p.m. EDT
🟢 Wednesday, September 23: 11:00 a.m. to 12:30 p.m. EDT
➡️ Register for each session here: https://oc.lc/4xduz92
---
ℹ️ Can’t attend live? All registrants will receive the recordings after the event.
Contact the school
Address
Yangon