LINN Education - 2

LINN Education - 2

Share

Nursing & Pharmacy Assistant Training Center

10/09/2026

💊 ဆေးဆိုင်ဖွင့်ချင်တာ ကြာပြီ…
ဒါပေမယ့် အခုထိ မဖွင့်ဖြစ်သေးဘူးလား?

ပိုက်ဆံမရှိလို့ချည်း မဟုတ်ပါဘူး။

တချို့က အရင်းအနှီးလည်းရှိတယ်။
ဆေးအကြောင်းလည်း သိတယ်။
ဆိုင်ဖွင့်ဖို့လည်း တကယ်စိတ်ဝင်စားတယ်။

ဒါပေမယ့်—

“ဘယ်ကစရမလဲ?”

ဒီတစ်ချက်မှာပဲ ရပ်နေတတ်ကြပါတယ်။

ဆိုင်ခန်းကို အရင်ရှာရမလား?
Budget ကို အရင်ချရမလား?
Supplier ကို အရင်ရှာရမလား?
ဆေးတွေ ဘယ်လောက်စုံအောင် တင်ရမလဲ?
ဘာတွေကို အရင်ဝယ်သင့်လဲ?
ဆိုင်ဖွင့်ပြီးရင် နေ့စဉ်ဘယ်လိုစီမံရမလဲ?

မေးခွန်းတွေများလာလေလေ
စလုပ်ဖို့ ပိုခက်လာလေလေပါပဲ။

တကယ်တော့ ဆေးဆိုင်တစ်ဆိုင် စတင်ဖို့အတွက်
အရာအားလုံးကို တစ်ပြိုင်တည်း သိနေဖို့ မလိုပါဘူး။

ဘာကို အရင်လုပ်မလဲ →
ပြီးရင် ဘာလုပ်မလဲ →
ဘယ်အဆင့်မှာ ဘာဆုံးဖြတ်မလဲ

ဆိုတဲ့ လမ်းကြောင်းတစ်ခု ရှင်းနေဖို့ပဲ လိုပါတယ်။

ဒါကြောင့် LINN Education ရဲ့
PHARMACY MANAGEMENT WORKSHOP မှာ

“ဆေးဆိုင်ဘယ်လိုဖွင့်ရမလဲ” ဆိုပြီး စာတွေသင်ပေးရုံထက်—

ကိုယ့်လက်ရှိအခြေအနေကနေ စပြီး
ကိုယ့် Pharmacy ကို ဘယ်လိုတည်ဆောက်သွားမလဲဆိုတဲ့ Roadmap ကို ရှင်းသွားအောင် လုပ်ပေးမှာပါ။

Workshop ပြီးတဲ့အချိန်မှာ—

❌ “ဆေးဆိုင်ဖွင့်ချင်တယ်… ဒါပေမယ့် ဘယ်ကစရမလဲမသိဘူး”

ဆိုတဲ့နေရာမှာ ရပ်မနေတော့ဘဲ—

✅ “ငါ အခု ဒီအဆင့်မှာရှိတယ်။ နောက်တစ်ဆင့် ဒါလုပ်ရမယ်”

ဆိုတာ သိနေစေချင်ပါတယ်။

စတင်ဖို့အတွက် အရာအားလုံး Ready ဖြစ်လာမယ့်နေ့ကို စောင့်နေစရာမလိုပါဘူး။

ကိုယ်သွားရမယ့်လမ်းကို အရင်ရှင်းအောင်လုပ်ပါ။

💊 PHARMACY MANAGEMENT WORKSHOP
📅 25–27 September 2026
⏰ 9:00 AM – 4:30 PM
📍 LINN EDUCATION

Launch Special ၅ ယောက် ပြည့်ပြီးပါပြီ။
လက်ရှိ Next 10 Seats — 219,000 Ks

Workshop စဖို့ 18 ရက်ပဲ ကျန်ပါတော့တယ်။

ဆေးဆိုင်ဖွင့်ချင်ပေမယ့်
“ဘယ်ကစရမလဲ?” ဆိုတဲ့နေရာမှာ ရပ်နေတယ်ဆိုရင်—

Messenger မှာ “START” လို့ ပို့ထားပါ။

ကကိုယ့်လက်ရှိအခြေအနေကို မေးပြီး ဒီ Workshop က ကိုယ့်အတွက် တကယ်အသုံးဝင်မဝင် ရှင်းပြပေးပါ

10/09/2026

🩸 မနေ့က သင်တန်းပြီးတယ်… ဒီနေ့ Interview သွားဖြေမယ် 💪

သွေးဖောက်သင်တန်းပြီးတာနဲ့
ကိုယ်တိုင် ယုံကြည်မှုရှိရှိ သွေးဖောက်နိုင်ပြီ ဖြစ်တဲ့
ညီမလေး မရတနာဌေး ❤️

ဒီနေ့တော့ LINN Education မှ အခမဲ့ချိတ်ဆက်ပေးထားတဲ့ အလုပ်အင်တာဗျူး ကို သွားဖြေဖို့ အသင့်ဖြစ်နေပါပြီ။

သင်ယူပြီးရင် လက်တွေ့လုပ်နိုင်ဖို့၊ အလုပ်အကိုင်အခွင့်အလမ်းရဖို့အထိ ဆက်လက်ပံ့ပိုးပေးတာ LINN Education ပါ။ 💙

မရတနာဌေးရေ…
ဒီနေ့ Interview မှာ အကောင်းဆုံးဖြေဆိုနိုင်ပြီး သတင်းကောင်းကြားရပါစေ။ ✨

09/09/2026

💊 “ဆေးဝါးသင်တန်းတော့ တက်ပြီးပြီ… ပြီးရင် ဘာဆက်လုပ်မလဲ?”

အလုပ်လျှောက်မယ်ဆိုရင်
အလုပ်ရဖို့ ဘယ်ကစရမလဲ?

ကိုယ်ပိုင်ဆေးဆိုင်ဖွင့်မယ်ဆိုရင်
ဆေးသိရုံနဲ့ ဆိုင်တစ်ဆိုင်ကို တကယ်စီမံနိုင်ပါ့မလား?

ဒီမေးခွန်းတွေက ဆေးဝါးသင်တန်းတက်ဖို့ စဉ်းစားနေသူတွေရဲ့ အကြီးဆုံး Pain Point တွေထဲက တစ်ခုပါ။

ဒါကြောင့် LINN Education မှာ
“သင်တန်းပြီးတာနဲ့ ပြီးသွားတဲ့ သင်တန်း” မဖြစ်စေချင်ပါဘူး။

🎓 အလုပ်ဝင်ချင်သူတွေအတွက် — Career Support

သင်တန်းပြီးဆုံးပြီး အလုပ်လုပ်ချင်တဲ့ သင်တန်းသား/သူတွေကို
LINN Education မှ အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေချိတ်ဆက်ပေးပြီး
Interview ချိတ်ဆက်ပေးခြင်းအထိ အခမဲ့ Career Support ပေးနေပါတယ်။

အခုလည်း LINN မှာ သင်တန်းပြီးထားတဲ့ သင်တန်းသား/သူတွေကို
သင့်တော်တဲ့ အလုပ်နေရာတွေနဲ့ ဆက်လက်ချိတ်ဆက်ပေးနေပါတယ်။ ❤️

ဒါပေမယ့် လူတိုင်းရဲ့ ရည်မှန်းချက်က အလုပ်ဝင်ဖို့တစ်ခုတည်း မဟုတ်ပါဘူး။

🏪 “ကိုယ်ပိုင်ဆေးဆိုင် ဖွင့်ချင်တယ်” ဆိုရင်ရော?

ဆေးအကြောင်းသိတာနဲ့
ဆေးဆိုင်တစ်ဆိုင်ကို အောင်မြင်အောင် စီမံခန့်ခွဲနိုင်တာက မတူပါဘူး။

❓ ဘယ်ဆေးတွေကို အရင် Stock တင်မလဲ?
❓ ကိုယ့် Budget ကို Stock အတွက် ဘယ်လိုခွဲမလဲ?
❓ Supplier ဘယ်လိုရွေးမလဲ?
❓ Expiry နဲ့ Dead Stock မဖြစ်အောင် ဘယ်လိုထိန်းမလဲ?
❓ နေ့စဉ် အရောင်း၊ အမြတ်၊ Stock အဝင်အထွက်ကို ဘယ်လိုစနစ်တကျ ထိန်းမလဲ?
❓ ဆိုင်ဖွင့်ပြီး ရောင်းအားရှိပေမယ့် ငွေမကျန်တာမျိုး မဖြစ်အောင် ဘယ်လိုစီမံမလဲ?

ဒီလို ဆေးဆိုင်တကယ်ဖွင့်တဲ့အချိန် ကြုံရမယ့် ပြဿနာတွေကို လက်တွေ့ကျကျ ဖြေရှင်းနိုင်ဖို့ LINN Education မှာ
Pharmacy Management Workshop အစီအစဉ်ကိုပါ ထပ်မံဖန်တီးထားပါတယ်။

ဒါကြောင့် LINN မှာ ဆေးဝါးပညာသင်ယူခြင်းဟာ
Certificate တစ်စောင်ရဖို့တင် မဟုတ်ပါဘူး။

သင်တန်းတက် → ကျွမ်းကျင်မှုရ → အလုပ်ဝင်
ဒါမှမဟုတ်
သင်တန်းတက် → ကျွမ်းကျင်မှုရ → ဆေးဆိုင်ဖွင့် → စနစ်တကျ စီမံခန့်ခွဲ

ကိုယ်သွားချင်တဲ့ Career Path အတိုင်း ဆက်လျှောက်နိုင်ဖို့ပါ။ 💙

━━━━━━━━━━━━━━

📚 LINN Education တွင် တက်ရောက်နိုင်သော သင်တန်းများ

💊 အဆင့်မြင့် ဆေးဝါးကျွမ်းကျင် သင်တန်း
👩‍⚕️ သူနာပြုအကူ (အခြေခံ + အဆင့်မြင့်) သင်တန်း
🩸 သွေးဖောက် လက်တွေ့သင်တန်း
💻 Zoom Online ဆေးဝါးသင်တန်း
🎥 Video Lecture ဆေးဝါးသင်တန်း
📅 Sunday Only ဆေးဝါးသင်တန်း
🏪 Pharmacy Management Workshop

သင်တန်းတစ်ခုရွေးတာထက်
ကိုယ့်အနာဂတ်အတွက် လမ်းကြောင်းတစ်ခုရွေးပါ။

သင်နဲ့ကိုက်ညီမယ့် သင်တန်းနဲ့ Career Path ကို သိချင်ရင်
Page Messenger မှာ “စိတ်ဝင်စားပါတယ်” လို့ ပို့ထားနိုင်ပါတယ်။

📞 09 268 272 117
📞 09 763 838 074
💬 LINN Education Messenger

https://m.me/linnedu2

LINN Education Training Center
ပညာပြည့်ဝ • အနာဂတ်လှ

09/09/2026

💊 ဆေးဆိုင်တစ်ဆိုင် ဖွင့်ချင်တယ်…
ဒါပေမယ့် “ဘယ်ကစရမလဲ” မသေချာသေးဘူးလား?

ဆိုင်ခန်းရှိပြီ။ အရင်းအနှီးလည်းရှိပြီ။
ဒါပေမယ့်—

📦 ဘယ်ဆေးတွေကို အရင် Stock တင်ရမလဲ?
💰 Budget ကို ဘယ်လိုခွဲသုံးရမလဲ?
🏪 Supplier ဘယ်လိုရွေးရမလဲ?
🧮 ရောင်းဈေးနဲ့ အမြတ်ကို ဘယ်လိုတွက်ရမလဲ?
⏳ Expiry မဖြစ်အောင် Stock ဘယ်လိုထိန်းရမလဲ?
📊 နေ့စဉ်အရောင်း၊ အမြတ်၊ Cash Flow ကို ဘယ်လိုစီမံရမလဲ?

ဒီမေးခွန်းတွေရှိနေတယ်ဆိုရင်—

LINN Education ရဲ့
PHARMACY MANAGEMENT WORKSHOP ကို လေ့လာကြည့်ပါ။

ဒီ Workshop က
ဆေးအမည်တွေ ပြန်သင်ပေးမယ့် သင်တန်းမဟုတ်ပါဘူး။

ဆေးဆိုင်တစ်ဆိုင်ကို “Business တစ်ခု” အနေနဲ့ ဘယ်လိုစတင်ပြီး ဘယ်လိုစီမံမလဲဆိုတာ လက်တွေ့လေ့လာမယ့် Workshop ပါ။

တက်ရောက်သူတွေက စာထိုင်နားထောင်ရုံမဟုတ်ဘဲ—

✅ ကိုယ့် Budget နဲ့ Stock Plan ဆွဲမယ်
✅ Cost / Selling Price / Margin / Profit တွက်မယ်
✅ Fast / Slow Moving Stock ခွဲခြားမယ်
✅ Reorder & Expiry System တည်ဆောက်မယ်
✅ Supplier ရွေးချယ်ပုံ လေ့လာမယ်
✅ Cash In / Cash Out စီမံမယ်
✅ Pharmacy Business Case Study တွေကို ကိုယ်တိုင်ဖြေရှင်းမယ်
✅ နောက်ဆုံး ကိုယ့်ဆိုင်အတွက် Action Plan တစ်ခု ပြန်ယူသွားမယ်။

ဒီ Workshop ကို အထူးသဖြင့်—

ဆေးဆိုင်ဖွင့်ဖို့ စီစဉ်နေသူ
ဆေးဆိုင်ဖွင့်ထားပြီး System မကျသေးသူ
ရောင်းအားရှိပေမယ့် Profit ဘယ်လောက်ကျန်လဲ မသေချာသူ
Pharmacy Business ကို စနစ်တကျ လေ့လာချင်သူ

တွေအတွက် ရည်ရွယ်ထားပါတယ်။

ဆေးဆိုင်ဖွင့်ဖို့ “ငွေရှိတာ” က အစပါ။

အဲ့ဒီငွေကို အမြတ်ဖြစ်လာအောင် “စီမံတတ်တာ” က Business ပါ။

💊 PHARMACY MANAGEMENT WORKSHOP

📅 25–27 September 2026
⏰ 9:00 AM – 4:30 PM
📍 LINN Education

🔥 Launch Special ၅ ယောက် ပြည့်ပြီးပါပြီ။
လက်ရှိ Next 10 Seats — 219,000 Ks

Workshop စဖို့လည်း အချိန်မကြာတော့ပါဘူး။

ကိုယ်တိုင်ဆေးဆိုင်ဖွင့်ဖို့ စီစဉ်နေတယ်၊
ဒါမှမဟုတ် ဖွင့်ထားပြီးသားဆိုင်ကို ပိုစနစ်ကျအောင် ပြန်တည်ဆောက်ချင်တယ် ဆိုရင်—

📩 Messenger မှာ “PHARMACY” လို့ ပို့ထားပါ။

Workshop အသေးစိတ်၊ သင်ကြားမယ့်အကြောင်းအရာနဲ့ အပ်နှံပုံကို LINN Education Team က ပြန်လည်ရှင်းပြပေးပါမယ်။

09/09/2026

🩸 နေ့တိုင်း လေ့ကျင့်ခဲ့တဲ့ ရလဒ်က… တကယ်ကို အားရစရာပါ ❤️

အစပိုင်းမှာ
“Vein ဘယ်နားမှာလဲ?”
“အပ်ထိုးရမှာ ကြောက်တယ်…”
ဆိုပြီး မရဲမဝံ့ဖြစ်ခဲ့ကြတဲ့ သင်တန်းသားတွေ…

အခုတော့ 👇

💉 Vein ကို သေချာရှာတတ်လာပြီ
💉 လက်ကိုင်ပုံ၊ အပ်ကိုင်ပုံ ပိုမှန်လာပြီ
💉 Step by Step ကို စနစ်တကျ လုပ်တတ်လာပြီ
💉 အရေးကြီးဆုံးက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာပြီ 💪

တစ်ရက်တည်းနဲ့ ကျွမ်းကျင်လာတာ မဟုတ်ပါဘူး။

နေ့တိုင်း လက်တွေ့လုပ်တယ်၊
မှားတာကို ပြန်ပြင်တယ်၊
ထပ်ခါထပ်ခါ လေ့ကျင့်တယ်။

အဲ့ဒီနေ့စဉ် Practice တွေရဲ့ ရလဒ်ကို
ဒီနေ့ Highlight Video လေးမှာ မြင်ရပါပြီ 🥰🩸

ကြည့်ရင်းနဲ့ ဘယ်လောက်တိုးတက်လာလဲ Comment မှာ အမှတ်ပေးခဲ့ပါဦး 👇
10/10 ပေးမယ့်သူရှိလား? 😍

📍 LINN Education
သင်တန်းပြီးရုံမဟုတ်ဘဲ — လက်တွေ့မှာ တကယ်လုပ်တတ်အောင် သင်ပေးပါတယ်။

08/09/2026

🎉 Congratulations ပါ ညီမလေး မမြမြသန်းရေ 💐

LINN Education မှာ ဆေးဝါးသင်တန်း တက်ရောက်ပြီးနောက်
အခုဆိုရင် Yangon Pharmacy Wholesale မှာ
Stock Assistant ရာထူးနဲ့ အလုပ်ရရှိသွားပါပြီ။ 💊📦

သင်တန်းတက်ပြီး သင်ယူခဲ့တဲ့ ပညာတွေကို
တကယ့်လုပ်ငန်းခွင်ထဲမှာ ဆက်လက်အသုံးချနိုင်တော့မယ့်အတွက်
LINN Education မှလည်း အရမ်းဝမ်းသာဂုဏ်ယူပါတယ်။ ❤️

မမြမြသန်းအတွက် ဒီအလုပ်အကိုင်ကိုလည်း
LINN Education မှ တိုက်ရိုက်ချိတ်ဆက်ပေးခဲ့တာဖြစ်ပြီး အလုပ်ချိတ်ဆက်ပေးမှုအတွက် မည်သည့်ဝန်ဆောင်ခမှ ပေးစရာမလိုပါဘူး။

LINN မှာတော့ သင်တန်းပြီးရုံနဲ့ မပြီးပါဘူး။

🎓 သင်တန်းပြီး → အလုပ်လျှောက်ချင်တယ်ဆိုရင် → သင့်တော်တဲ့အလုပ်အကိုင်တွေနဲ့ အခမဲ့ချိတ်ဆက်ပေးပါတယ်။

သင်တန်းပြီးပြီးချင်း အလုပ်အကိုင်လမ်းကြောင်းကို ဆက်လျှောက်နိုင်အောင်
ကျောင်းသားတွေရဲ့ Career အထိ တတ်နိုင်သလောက် ဆက်ပြီး Support ပေးနေပါတယ်။

မမြမြသန်းလည်း အခုအလုပ်ကနေ အတွေ့အကြုံကောင်းတွေ ရရှိပြီး
ဒီထက်ပိုကောင်းတဲ့ Career အခွင့်အလမ်းတွေ ဆက်လက်ရရှိပါစေလို့
LINN Education မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 🎉💐

သင်တန်းတက်ပြီး အလုပ်အကိုင်အထိ ဆက်လျှောက်ချင်သူတွေအတွက် — LINN Education 💙

08/09/2026

“ဆေးဆိုင်ဖွင့်ဖို့ ငွေရှိရုံနဲ့ ဆေးဆိုင်တစ်ဆိုင် အောင်မြင်နိုင်ပြီလား?”

တကယ်တမ်း ဆေးဆိုင်တစ်ဆိုင် စဖွင့်တော့မယ်ဆိုရင်
ဆိုင်ခန်းရပြီ၊ အရင်းအနှီးရှိပြီဆိုတာနဲ့ မပြီးသေးပါဘူးရှင်။

💊 ဘယ်ဆေးတွေကို အရင် Stock တင်ရမလဲ?
💰 ကိုယ့် Budget နဲ့ Stock ကို ဘယ်လိုခွဲဝယ်မလဲ?
📦 ဆေးတွေ Expire မဖြစ်အောင် ဘယ်လိုစီမံမလဲ?
📊 နေ့စဉ် အရောင်း၊ အမြတ်၊ Stock အဝင်အထွက်ကို ဘယ်လိုထိန်းမလဲ?
🏪 Supplier ကို ဘယ်လိုရွေးမလဲ?
💵 ရောင်းအားရှိပေမယ့် လက်ထဲမှာ အမြတ်မကျန်တာမျိုး မဖြစ်အောင် ဘယ်လိုလုပ်မလဲ?

ဒီအရာတွေက ဆေးဝါးအကြောင်းသိရုံနဲ့ မလုံလောက်ဘဲ
ဆေးဆိုင်တစ်ဆိုင်ကို Business တစ်ခုအနေနဲ့ စနစ်တကျ စီမံတတ်ဖို့ လိုအပ်ပါတယ်။

ဒါကြောင့် LINN Education မှာ
Pharmacy Management Workshop ကို ဖွင့်လှစ်ပေးထားပါတယ်ရှင်။

ဒီ Workshop က ဆေးဝါး Theory တွေ ပြန်သင်ပေးမယ့် သင်တန်းမျိုးမဟုတ်ဘဲ
ကိုယ်တိုင်ဆေးဆိုင်ဖွင့်ချင်သူ၊ ဖွင့်ဖို့စီစဉ်နေသူ၊ ဖွင့်ထားပြီး စနစ်တကျ Management လုပ်ချင်သူတွေအတွက် လက်တွေ့အသုံးချနိုင်မယ့် Workshop ဖြစ်ပါတယ်။

ဆေးဆိုင်ဖွင့်ဖို့ စဉ်းစားနေတယ်ဆိုရင်
အရင်းအနှီးမချခင်ကတည်းက ဘာတွေပြင်ဆင်ထားသင့်လဲ သိထားတာက ပိုကောင်းပါတယ်။

အသေးစိတ်သိချင်ရင် Comment မှာ “Workshop” လို့ ရေးခဲ့ပါ၊ ဒါမှမဟုတ် LINN Education Page Messenger မှာ လာမေးလို့ရပါတယ်ရှင်။

07/09/2026

💊 ဆေးဆိုင်ဖွင့်ချင်တာ ကြာပြီ…
ဒါပေမယ့် အခုထိ မဖွင့်ဖြစ်သေးဘူးလား?

ပိုက်ဆံမရှိလို့ချည်း မဟုတ်ပါဘူး။

တချို့က အရင်းအနှီးလည်းရှိတယ်။
ဆေးအကြောင်းလည်း သိတယ်။
ဆိုင်ဖွင့်ဖို့လည်း တကယ်စိတ်ဝင်စားတယ်။

ဒါပေမယ့်—

“ဘယ်ကစရမလဲ?”

ဒီတစ်ချက်မှာပဲ ရပ်နေတတ်ကြပါတယ်။

ဆိုင်ခန်းကို အရင်ရှာရမလား?
Budget ကို အရင်ချရမလား?
Supplier ကို အရင်ရှာရမလား?
ဆေးတွေ ဘယ်လောက်စုံအောင် တင်ရမလဲ?
ဘာတွေကို အရင်ဝယ်သင့်လဲ?
ဆိုင်ဖွင့်ပြီးရင် နေ့စဉ်ဘယ်လိုစီမံရမလဲ?

မေးခွန်းတွေများလာလေလေ
စလုပ်ဖို့ ပိုခက်လာလေလေပါပဲ။

တကယ်တော့ ဆေးဆိုင်တစ်ဆိုင် စတင်ဖို့အတွက်
အရာအားလုံးကို တစ်ပြိုင်တည်း သိနေဖို့ မလိုပါဘူး။

ဘာကို အရင်လုပ်မလဲ →
ပြီးရင် ဘာလုပ်မလဲ →
ဘယ်အဆင့်မှာ ဘာဆုံးဖြတ်မလဲ

ဆိုတဲ့ လမ်းကြောင်းတစ်ခု ရှင်းနေဖို့ပဲ လိုပါတယ်။

ဒါကြောင့် LINN Education ရဲ့
PHARMACY MANAGEMENT WORKSHOP မှာ

“ဆေးဆိုင်ဘယ်လိုဖွင့်ရမလဲ” ဆိုပြီး စာတွေသင်ပေးရုံထက်—

ကိုယ့်လက်ရှိအခြေအနေကနေ စပြီး
ကိုယ့် Pharmacy ကို ဘယ်လိုတည်ဆောက်သွားမလဲဆိုတဲ့ Roadmap ကို ရှင်းသွားအောင် လုပ်ပေးမှာပါ။

Workshop ပြီးတဲ့အချိန်မှာ—

❌ “ဆေးဆိုင်ဖွင့်ချင်တယ်… ဒါပေမယ့် ဘယ်ကစရမလဲမသိဘူး”

ဆိုတဲ့နေရာမှာ ရပ်မနေတော့ဘဲ—

✅ “ငါ အခု ဒီအဆင့်မှာရှိတယ်။ နောက်တစ်ဆင့် ဒါလုပ်ရမယ်”

ဆိုတာ သိနေစေချင်ပါတယ်။

စတင်ဖို့အတွက် အရာအားလုံး Ready ဖြစ်လာမယ့်နေ့ကို စောင့်နေစရာမလိုပါဘူး။

ကိုယ်သွားရမယ့်လမ်းကို အရင်ရှင်းအောင်လုပ်ပါ။

💊 PHARMACY MANAGEMENT WORKSHOP
📅 25–27 September 2026
⏰ 9:00 AM – 4:30 PM
📍 LINN EDUCATION

Launch Special ၅ ယောက် ပြည့်ပြီးပါပြီ။
လက်ရှိ Next 10 Seats — 219,000 Ks

Workshop စဖို့ 18 ရက်ပဲ ကျန်ပါတော့တယ်။

ဆေးဆိုင်ဖွင့်ချင်ပေမယ့်
“ဘယ်ကစရမလဲ?” ဆိုတဲ့နေရာမှာ ရပ်နေတယ်ဆိုရင်—

Messenger မှာ “START” လို့ ပို့ထားပါ။

ကိုယ့်လက်ရှိအခြေအနေကို မေးပြီး ဒီ Workshop က ကိုယ့်အတွက် တကယ်အသုံးဝင်မဝင် ရှင်းပြပေးပါမယ်။

07/09/2026

သင်တန်းပြီးတာနဲ့ အလုပ်ရှာတာ သင်တန်းသားကိုယ်တိုင်ပဲလား? 🤔

LINN Education မှာတော့ မဟုတ်ပါဘူး။

သင်တန်းသားတစ်ယောက် “အလုပ်လျှောက်ချင်ပါတယ်” လို့ ပြောလိုက်တဲ့အချိန်ကစပြီး
နောက်ကွယ်မှာ Admin Team က ဒီလိုတွေ လုပ်ဆောင်ပေးနေပါတယ် 👇

📌 အလုပ်ရှင်တွေနဲ့ ချိတ်ဆက်ပေးတယ်
သင်တန်းသားနဲ့ သင့်တော်မယ့် အလုပ်အကိုင်အခွင့်အလမ်းတွေ ရှာဖွေပြီး အလုပ်ရှင်တွေနဲ့ ချိတ်ဆက်ပေးပါတယ်။

📌 သင်တန်းသားကို ဖုန်းဆက်ပြီး အလုပ်အခြေအနေ မေးတယ်
ဘယ်နေရာမှာ အလုပ်လုပ်ချင်လဲ၊
အလုပ်ချိန် ဘယ်လိုအဆင်ပြေလဲ၊
သွားလာရေးအဆင်ပြေမပြေ
စတာတွေကို သေချာမေးပြီးမှ အလုပ်နဲ့ Match လုပ်ပေးပါတယ်။

📌 Interview ကိုယ်တိုင် ချိတ်ပေးတယ်
အလုပ်ရှင်နဲ့ သင်တန်းသားကြား Interview အခွင့်အရေးရအောင် ချိတ်ဆက်ပေးပြီး လိုအပ်တာတွေကို Admin Team က Follow-up လုပ်ပေးပါတယ်။

📌 အလုပ်နေရာကိုလည်း သေချာစစ်တယ်
အလုပ်ရှိရုံနဲ့ မပြီးပါဘူး။
လုပ်ငန်းက တကယ်လည်ပတ်နေသလား၊ အလုပ်ပတ်ဝန်းကျင် ဘယ်လိုလဲ၊ အလုပ်ချိန် ဘယ်လိုလဲဆိုတာတွေကို သင်တန်းသားတွေအတွက် အဆင်ပြေစေဖို့ တတ်နိုင်သမျှ စစ်ဆေးပြီးမှ အလုပ်အခွင့်အလမ်းတွေကို မျှဝေပေးပါတယ်။

📌 “အလုပ်တစ်ခုရရင်ပြီးပြီ” ဆိုတဲ့ Mindset မဟုတ်ဘူး
တကယ်ကြိုးစားပြီး Career တိုးတက်ချင်တဲ့ သင်တန်းသားတွေအတွက်တော့
ကိုယ့်ရဲ့ Skill နဲ့ အနာဂတ် Career Growth ကို ထည့်သွင်းစဉ်းစားပြီး သင့်တော်တဲ့အလုပ်ကို ရှာပေးဖို့ ကြိုးစားပါတယ်။

ဒါတွေအားလုံးကို
Management က ချမှတ်ထားတဲ့ Career Support System အတိုင်း
Admin Team က တစ်ယောက်ချင်းစီအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးနေပါတယ်။

တစ်ခါတလေ…

သင်တန်းသားဘက်က ကတိမတည်လို့
Interview ချိန်းထားပြီး မသွားတဲ့အခါ
အလုပ်ရှင်ဘက်ကိုပါ Admin တွေက တောင်းပန်ပေးရပါတယ်။ 😅

Career Change လုပ်ချင်တဲ့ သင်တန်းသားတွေဆိုလည်း
“တစ်ခါရှာပြီး မရရင်ပြီးပြီ” မဟုတ်ပါဘူး။

အဆင်ပြေမယ့်အလုပ်ကို ရှာတွေ့တဲ့အထိ
အကြိမ်ကြိမ် ပြန်လည်ရှာဖွေ၊ ချိတ်ဆက်ပေးနေပါတယ်။

အရေးကြီးဆုံးက—

ဒီ Career Support Service တွေကို
သင်တန်းသားတွေအတွက် အခမဲ့ ဆောင်ရွက်ပေးနေတာပါ။ ❤️

LINN Education မှာ
သင်တန်းတက်ပြီး Certificate ရဖို့တင်မဟုတ်ဘဲ
သင်ယူထားတဲ့ Skill နဲ့ Career တစ်ခု တည်ဆောက်နိုင်ဖို့အထိ
နောက်ကွယ်က Team တစ်ခုလုံးက အတူတူ Support လုပ်ပေးနေပါတယ်။

ဒါကြောင့် LINN မှာ သင်တန်းတက်တဲ့အခါ
“သင်တန်းပြီးရင် ဘာလုပ်ရမလဲ?” ဆိုတာကို တစ်ယောက်တည်း စဉ်းစားနေစရာမလိုပါဘူး။

LINN Education ရှိပါတယ်။ 🤍

06/09/2026

💊 ဆေးဆိုင်မှာ တစ်နေ့ ၅ သိန်းဖိုး ရောင်းရတာနဲ့ တစ်နေ့ ၅ သိန်း အမြတ်ရတာ မတူပါဘူး။

ဆေးဆိုင်ပိုင်ရှင်တချို့က
“ဒီလ ရောင်းအားကောင်းတယ်” လို့ပြောပေမယ့်
လကုန်တဲ့အခါ လက်ထဲမှာ ငွေမကျန်တာ ကြုံတတ်ပါတယ်။

ဘာကြောင့်လဲ?

① Margin မတွက်ဘဲ ရောင်းနေတာ
ဆေးတစ်မျိုးနဲ့တစ်မျိုး အမြတ်နှုန်းမတူပါဘူး။ Sales တက်တာနဲ့ Profit တက်တာ မဟုတ်ပါဘူး။

② Stock ထဲမှာ ငွေပိတ်နေတာ
မလည်တဲ့ဆေးတွေ အများကြီးဝယ်ထားရင် ငွေက ဆိုင်ထဲမှာ Stock အဖြစ်ပိတ်နေပါတယ်။

③ Expiry Loss ကို မတွက်ထားတာ
ရောင်းမထွက်ခင် Expired ဖြစ်သွားတဲ့ Stock က အမြတ်ကို တိုက်ရိုက်စားသွားနိုင်ပါတယ်။

④ Discount ကို မတွက်ဘဲ ပေးနေတာ
Customer ရဖို့ Discount ပေးပေမယ့် ကိုယ့်ရဲ့ Actual Profit ဘယ်လောက်ကျန်လဲ မတွက်ထားရင် ရောင်းလေလေ အမြတ်နည်းလေလေ ဖြစ်နိုင်ပါတယ်။

⑤ Cash Flow ကို Profit လို့ထင်နေတာ
Counter ထဲမှာ ငွေရှိနေတာက အမြတ်ရထားတာလို့ မဆိုလိုပါဘူး။

👉 ဒါကြောင့် Pharmacy Business မှာ
“ဘယ်လောက်ရောင်းရလဲ?” ထက်
“တကယ်ဘယ်လောက်ကျန်လဲ?” ဆိုတာ ပိုအရေးကြီးပါတယ်။

ဆေးဆိုင်ကို Business တစ်ခုအနေနဲ့ စီမံမယ်ဆိုရင်
Sales, Cost, Margin, Stock, Expiry နဲ့ Cash Flow တွေကို သီးခြားစီ ကြည့်တတ်ဖို့လိုပါတယ်။

သင့်ဆေးဆိုင်မှာ ရောင်းအားကောင်းပေမယ့် လကုန်တိုင်း ငွေမကျန်တာမျိုး ကြုံဖူးလား?
Comment မှာ “ကြုံဖူးတယ်” လို့ ရေးခဲ့ပါ။ 👇

Category

Website

Address

No. 204, Kyiek Ka San Road, Tamwe
Yangon
11211

Opening Hours

Monday 08:30 - 05:30
Tuesday 08:30 - 05:30
Wednesday 08:30 - 05:30
Thursday 08:30 - 05:30
Friday 08:30 - 05:30
Saturday 08:30 - 05:30
Sunday 08:30 - 05:30

Alerts

Be the first to know and let us send you an email when LINN Education - 2 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.