Be-THiuM
Once BTHMers, Always Be THMers
24/02/2026
သင်က ခရီးသွားလုပ်ငန်းနယ်ပယ်ထဲမှာ ခြေလှမ်းစဖို့ စိတ်ကူးရှိသူတစ်ဦးဖြစ်ပြီး ခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှု နည်းစနစ်တွေကို စနစ်တကျ သင်ယူချင်တယ်ဆိုရင်တော့ ဒီ post က သင့်အတွက် အသုံးဝင်တဲ့ information တစ်ခုကို ယူလာပေးတာမို့ လုံးဝ ကျော်မသွားသင့်ဘူးနော်🫵🏻🤗
အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် (NMDC) မှ ဖွင့်လှစ်သွားမယ့် Diploma in Tourism Studies and Management (DTSM) ဆိုတဲ့ ဘွဲ့လွန်ဒီပလိုမာသင်တန်း တစ်ခု အကြောင်းကို ဒီ post မှာ ပြောပြပေးသွားမှာဖြစ်ပါတယ်😇💕
ဒီသင်တန်းမှာဆိုရင် Tourism Studies and Management ဆိုတဲ့အတိုင်း Tourism ကဏ္ဍမှာ သိသင့်သိထိုက်တဲ့အခြင်းအရာတွေ၊ ခရီးသွားလုပ်ငန်းနယ်ပယ်ရဲ့ လည်ပတ်ပုံ၊ ဒီလုပ်ငန်းတွေကို ဘယ်လိုကျွမ်းကျွမ်းကျင်ကျင် စနစ်တကျနဲ့ စီမံခန့်ခွဲမလဲ ဆိုတာတွေကို ပညာရှင် ဆရာကြီး၊ ဆရာမကြီးများထံမှ အသေးစိတ် သင်ကြားခွင့်ရရှိမှာဖြစ်ပါတယ်💯
တက်ရောက်ချင်တယ်ဆိုရင် ဘာတွေလိုအပ်မလဲ?🧐
✅သင်ဟာ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ (မည်သည့်ဘွဲ့မဆို) ရရှိပြီးသူတစ်ယောက် ဖြစ်တယ်ဆိုရင် ဒီသင်တန်းကို တက်ရောက်နိုင်ပါပြီ။
✅သင်တန်းကြေးအနေနဲ့ ၂၀၀၀၀ဝိ/- (နှစ်သိန်းကျပ်) ကျသင့်မှာဖြစ်ပါတယ်။
✅သင်တန်းစတင်ဖွင့်လှစ်မယ့် ရက်လေးကတော့ ၂၆-၃-၂၀၂၆ (ကြာသပတေးနေ့) ဖြစ်ပြီး
✅သင်တန်းကာလအနေနဲ့ (၁)နှစ် ကြာမြင့်မှာဖြစ်ပါတယ်။
✅သင်တန်းအချိန်နှင့် ရက်များကတော့ အပတ်စဉ်
Monday to Saturday (6:30 PM to 8:00 PM)
Sunday (4:30 PM to 8:00 PM) ဖြစ်ပြီး
Online မှ တက်ရောက်ရမှာ ဖြစ်ပါတယ်။
✅သင်တန်းလျှောက်ထားလိုသူများအနေဖြင့်
- အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် (NMDC)၊ ကုန်သည်လမ်း၊ (၆)ထပ်ပင်မဆောင်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့သို့
- (၂၁-၂-၂၀၂၆) ရက်နေ့မှ (၂၅-၃-၂၀၂၆) ရက်နေ့အထိ
- ရုံးချိန်အတွင်း လာရောက်လျှောက်ထားနိုင်ပါတယ်။
✅လျှောက်လွှာတင်တဲ့အခါမှာ
- မိမိရဲ့ လိုင်စင်ဓာတ်ပုံ (၃)ပုံ
- ဘွဲ့လက်မှတ်မိတ္တူ
- နိုင်ငံသားစိစစ်ရေး ကတ်ပြား မိတ္တူတို့ကို ပူးတွဲတင်ပြဖို့ လိုအပ်ပါတယ်။
အသေးစိတ် စုံစမ်းမေးမြန်းချင်ရင်တော့ ဖော်ပြပါဖုန်းနံပါတ်များဖြစ်သည့်
၀၁၈-၂၉၂၅၆၆
၀၉-၅၀၄၇၅၁၉
၀၉-၅၀၂၆၉၇၂
နံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်😌❣️
ကဲ ဒါဆိုရင်တော့ DTSM လို အတန်းမျိုးကို လက်မလွှတ်ရဖို့အတွက် အမြန်ဆုံး လျှောက်လွှာတင်လိုက်ဖို့ တိုက်တွန်းလိုက်ပါရစေရှင်🥳💗
01/02/2026
"THM က ဘာရောင်းမှာလဲ?"🤷🏻♀️❓
၄-၂-၂၀၂၆ (ဗုဒ္ဓဟူးနေ့) မှာ ကျင်းပပြုလုပ်မယ့် NMDC ရဲ့ တိုင်းရင်းသားဈေးရောင်းပွဲတော်မှာ မုန့်ပတ်စားဖို့အတွက် ဌာနအသီးသီးရဲ့ လက်မှတ်တွေ ဝယ်ထားပြီးကြပြီလားဗျို့?!🙋🏻♀️❣️
မင်မင်တို့ THM ဌာနကတော့ "ရှမ်း" ရိုးရာအစားအစာတစ်မျိုးဖြစ်တဲ့ "ငါးထမင်းနယ်" ကို ရောင်းချပေးသွားမှာပဲဖြစ်ပါတယ်။💁🏻♀️💗
"လက်မှတ်တစ်စောင် ဘယ်လောက်လဲ?" "ဘာ promotion တွေရှိမှာလဲ?" "ငါးထမင်းနယ် တစ်မျိုးတည်းရောင်းမှာလား?"
ဒီမေးခွန်းတွေကို ဖြေရရင်တော့ -
လက်မှတ် (၁) စောင်လျှင် ၃၀၀ဝိ/- ကျပ်သာ ရှိပြီး နှစ်စောင်ဝယ်လျှင် ခေါင်ရည်ချိုချိုလေး တစ်ခွက် FOC သောက်ရမှာဖြစ်ပါတယ်။😜💓
"လက်မှတ်မပါဘဲနဲ့ ခေါင်ရည်ဝယ်လို့ရလား?"
ရပါတယ်။ ခေါင်ရည် (၁)ခွက်ကို ၁၀၀ဝိ/- ကျပ်တည်းသာ ကျသင့်မှာဖြစ်ပြီး ခေါင်ရည်ဗူးလိုက်ဝယ်ချင်တယ်ဆိုရင်တော့ (၁)ဗူးကို ၃၀၀ဝိ/- ကျပ်သာ ကျသင့်မှာဖြစ်ပါတယ်။💯
ဒါ့အပြင် ခေါင်ရည် (၃)ဗူး ဝယ်ယူအားပေးသူများအတွက် DIY handmade gift လေးများကိုလည်း ပြင်ဆင်ပေးထားသေးတာမို့ ခေါင်ရည် out of stock မဖြစ်ခင် အမြန်လာဝယ်ဖို့တော့ လိုတယ်နော်🫵
လက်မှတ်လေးတွေကိုတော့ ပြီးခဲ့တဲ့သောကြာနေ့က အစောင် (၃၀၀) ရောင်းချခဲ့ပြီး (၃၀၀)လုံး sold out ဖြစ်သွားခဲ့ပေမယ့် ထပ်မံဝယ်ယူလိုသူများ ရှိနေတဲ့အတွက် မနက်ဖြန် (၂-၂-၂၀၂၆)ရက်မှာ ထပ်တိုးအနေနဲ့ လက်မှတ် အစောင်ရေ (၅၀) ကို ထပ်မံရောင်းချပေးသွားမှာဖြစ်ပါတယ်။ လက်မှတ်ကုန်သွားလို့ မရလိုက်တာမျိုး မဖြစ်ရလေအောင် မနက်ဖြန် ကျောင်းရောက်တာနဲ့ THM က Ticket Sale Team ကို လိုက်ရှာပြီး အမြန်ဝယ်ကြပါတော့ဗျို့👀❤️🔥
#တိုင်းရင်းသားဈေးရောင်းပွဲတော်
31/01/2026
Knock knock! THMers တွေကတော့ THMers တွေ ပီသစွာ ထပ် slay လိုက်ပြန်ပြီဆိုတာ သိပြီးကြပြီလားဗျို့ 🤭
၂၉-၁-၂၀၂၆ (ကြာသပတေးနေ့) မှာဆိုရင်တော့ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှာ Major ပေါင်းစုံ
Business Plan Competition,
Creative Video Competition, Impromptu Speaking Contest နှင့်
Students' Performance Competition: Quiz တို့ကို ကျင်းပပြုလုပ်ခဲ့ရာ Major ပေါင်းစုံမှ ကျောင်းသားကျောင်းသူများ အကြိတ်အနယ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး THM ကျောင်းသားကျောင်းသူများမှလည်း ထိုက်ထိုက်တန်တန်နဲ့ ဆုများကို ဆွတ်ခူးရရှိခဲ့ပါတယ် 🎉
ဆုများအနေဖြင့်
⭐ Business Plan Competition "3rd Prize 🥉" - DeiThaKhan (ဒေသခံ) Team
(THM 3rd Year မှ မောင်ဉာဏ်မင်းမောင်၊ မောင်အောင်မင်းခန့်၊ မစွဲ့အိမ်ဆုမွန်၊ မသစ်သစ်ဇော်၊ မမေမြတ်နိုး)
⭐ Creative Video Competition "3rd Prize 🥉" - "The Blooming of A Lonely Star!" Team
(THM 3rd Year မှ မဟန်နိုအိမ့်၊ မဆုသံသာထွန်း၊ မဝတိံထွန်း၊ မဆုရတီအောင်)
⭐ Impromptu Speaking Contest "2nd Prize 🥈" - မောင်ဉာဏ်မင်းမောင် (THM 3rd Year)
⭐ Students' Performance Competition: Quiz
"1st Prize 🥇" - မစွဲ့အိမ်ဆုမွန် (THM 3rd Year)
"2nd Prize 🥈" - မောင်ဉာဏ်မင်းမောင် (THM 3rd Year)
ဟူ၍ ဖော်ပြထားသည့်အတိုင်း စုစုပေါင်း ဆု (၅)ဆုကို အသီးသီးဆွတ်ခူးနိုင်ခဲ့ကြပါတယ် 🥳💯
ကဲ... THMers လေးတွေ တော်ချက်ကတော့ လက်ဖျားခါလောက်တယ် ဟုတ်😉
ဒီလို ထူးချွန်ထက်မြက်တဲ့ THMers လေးတွေရဲ့ အောင်မြင်မှုကို အသိအမှတ်ပြုရင်းနဲ့ မျိုးဆက်သစ် Junior လေးတွေလည်း စံနမူနာထားနိုင်စေဖို့အတွက် BeTHiuM မှ ယခုလို ဂုဏ်ပြုမှတ်တမ်းတင်ပေးလိုက်ပါရစေရှင် ✨
Once BeTHMers, Always Be THMers ✨
01/01/2026
NMDCမှ BTHM ကျောင်းသား၊ကျောင်းသူများ၏ 2026နှစ်သစ်အတွက် ဆုတောင်းစကား : ❣️
Certificate in Food & Beverage Services (CFB) သင်တန်းကို ၂၊၁၊၂၀၂၆ အထိ လာရောက်အပ်နှံလို့ရပါပြီရှင့်😇❣️
29/12/2025
🍽️ Certificate in Food & Beverage Services (၃ လကြာ သင်တန်း) 🍽️
Hospitality နယ်ပယ်အတွင်း ကိုယ်တိုင်ယုံကြည်မှုနဲ့ အလုပ်လုပ်နိုင်တဲ့ လူတစ်ယောက်ဖြစ်ချင်ပါသလား။😎
ဒါဆိုရင်တော့ NMDCမှ 2026ခုနှစ်မှစ၍ စတင်ပြီး ဖွင့်လှစ်သင်ကြားပို့ချ ပေးသွားမည့် Certificate in Food & Beverage Services သင်တန်းက လူကြီးမင်းတို့အတွက် အကောင်းဆုံး ခြေလှမ်းတစ်ခု ဖြစ်မှာ သေချာပါတယ်ရှင်💯
သင်တန်းကို လူဦးရေအကန့်အသတ်နဲ့ပဲ လက်ခံမှာဖြစ်တဲ့အတွက် ဒီလိုအခွင့်အလမ်းကို လက်မလွတ်အောင် ယနေ့မှစ၍ စတင်လျှောက်ထားနိုင်ပါပြီရှင်🤗❣️
CFBသင်တန်း တက်ရောက်လိုသူများအနေနဲ့😇
-မြန်မာနိုင်ငံသားဖြစ်ရပါမယ်။
-တက္ကသိုလ်ဝင်တန်း (Matriculation Examination) ဖြေဆိုဖူးသူဖြစ်ရပါမယ်။
-အသက်အရွယ် ကန့်သတ်ထားခြင်းမရှိပါ။
Courseမှာ သင်ကြားပို့ချပေးမည့် ဘာသာရပ်များကတော့ ✨
-ဧည့်ဝန်ဆောင်မှုနှင့်အစားအသောက်ဝန်ဆောင်မှုဆိုင်ရာအခြေခံပညာဘာသာရပ်၊
-အစားအသောက်နှင့်အဖျော်ယမကာဝန်ဆောင်မှုဆိုင်ရာကျွမ်းကျင်မှုဘာသာရပ်၊
-အစားအသောက်စာရင်းအင်းအသိပညာဘာသာရပ်၊
CFBသင်တန်းကို တက်ရှိလိုက်ခြင်းအားဖြင့်💫
Food & Beverage Service နယ်ပယ်တွင် လက်တွေ့အသုံးချနိုင်သော ကျွမ်းကျင်မှုများရှိလာပြီး 😎
Communication Skills နှင့် Interpersonal Skills တိုးတက်ကောင်းမွန်လာသူဖြစ်ကာ😇
Hospitality Industry အတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ပါတယ်ရှင်❤️🔥
CFBသင်တန်းကို ၅၊၁၊၂၀၂၅ မှစ၍ စတင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့တိုင်း နံနက် ၇:၀၀မှ ၉:၀၀အထိ ၃လတာ သင်ကြား ပို့ချပေးသွားမည်ဖြစ်ပါတယ်ရှင်💞
သင်တန်းကြေးအနေဖြင့် ၉၀,၀၀၀ ကျပ်ကျမည်ဖြစ်ပါတယ်ရှင်❣️
CFBသင်တန်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက သင်တန်းရေးရာဌာန (01-8292566) / [email protected] ကို ဆက်သွယ်၍ စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်🤗💞
ကိုယ်တိုင်လာရောက် စုံစမ်းလိုပါကအမှတ်(၂၇၃/၂၇၉) ကုန်သည်လမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့တွင် စုံစမ်းနိုင်ပါတယ်ရှင်💓
❗သင်တန်းလျှောက်ထားလိုသူများသည် သင်တန်းရေးရာဌာန၊ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၊ ကုန်သည်လမ်း၊ (၆) ထပ်ပင်မဆောင်၊ ဗိုလ်တထောင်မြို့နယ် ရန်ကုန်မြို့တွင် (၂၉-၁၂-၂၀၂၅)ရက်နေ့မှ (၂-၁-၂၀၂၆) ရက်နေ့အထိ ရုံးချိန်အတွင်း လာရောက် လျှောက်ထားနိုင်ပါတယ်ရှင်။❗
BTHM Student’s Memories
The court is set.
The teams are ready.
Are YOU? 🏐🔥
NMDC Volleyball Tournament 2025–2026
Are You READY for NMDC 2025-2026 Volleyball Tournament?🏐✨
Hello BTHMers 👋
အခုချိန်မှာဆိုရင် ကျောင်းရဲ့ စာသင်နှစ်အသစ်တစ်ခု ပြန်စတော့မယ့်အချိန်ရောက်လာပြီဆိုတော့
ဒီနှစ်မှ ကျောင်းစတက်ရမယ့် Fresher လေးတွေအပါအဝင် BTHMers တွေအားလုံး စိတ်လှုပ်ရှားနေကြပြီလားဗျို့?👀🔥
ဒီပို့စ်လေးမှာတော့ 2025-2026 ပညာသင်နှစ်အတွက် NMDCမှာ ကျောင်းအပ်ရက်ကဘယ်တော့လဲ? ဘယ်အချိန်ဖွင့်မှာလဲ? ဘာတွေ ဘယ်လိုပြင်ဆင်ရမလဲ? စသဖြင့် မေးခွန်းတွေကို ဖြေသွားပါ့မယ်ရှင့်😇💞
၁။ ကျောင်းဘယ်နေ့စအပ်ရမလဲ??💁♀️
ကျောင်းကို ဘယ်အချိန်ထိ နောက်ဆုံးထားအပ်လို့ရလဲ??
ကျောင်းက နို၀င်ဘာ ၁၇ရက်နေ့မှစပြီး အပ်လို့ရပါပြီရှင့်🫶🏻
တစ်လအတွင်း အပ်လို့ရပါတယ်ရှင့်
💥ဒီမှာ သိထားရမှာက Roll no.ကတော့ ကျောင်းအပ်ချိန်နဲ့လိုက်ပြီး ပေးတာပါရှင့်
၂။ ကျောင်းလာအပ်ဖို့ ဘာစာရွက်စာတမ်းတွေ ယူလာရမလဲ??🤔
ကျောင်းသားဟောင်းတွေကတော့
ဓာတ်ပုံ အနည်းဆုံး ၄ပုံ
ပိုက်ဆံ
အချက်အလက်ထဲမှာ ဖြည့်ဖို
အဖေအမေမှတ်ပုံတင် ကိုယ့်မှတ်ပုံတင် ID no. တွေ
Fresher တွေကတော့
ဓာတ်ပုံ အနည်းဆုံး ၄ပုံ
ပိုက်ဆံ
အမှတ်စာရင်းမူရင်း
မှတ်ပုံတင်မူရင်း/မိတ္တူ
အဖေအမေမှတ်ပုံတင်မိတ္တူ
အိမ်ထောင်စုစာရင်းမိတ္တူ
တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်
ခုံနံပါတ်
စာစစ်ဌာန
💥ဒီမှာ ထပ်သိထားရမှာက လိပ်စာကို ရှယ်ဖြည့်ရပါတယ်ရှင့်🤗❤️🔥
၃။ အဆောင်လျှောက်ဖို့ရော ဘာတွေ လိုအပ်လဲ??
🏢 နယ်မှ ပထမနှစ်ကျောင်းအပ်မယ်ဆိုရင် ကျောင်းအပ်ပြီးတာနဲ့ အဆောင်လျှောက်ထားနိုင်ပါတယ်ရှင့် 💞
ဒီစာရွက်စာတမ်းတွေကိုတော့ မမေ့မလျော့ဘဲ ယူလာရပါမယ်နော်💯
(၁)သန်းခေါင်စာရင်း မူရင်း၊မိတ္တူ
(၂) ရပ်ကွက်ထောက်ခံစာ မူရင်း၊မိတ္တူ
(၃) နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း၊မိတ္တူ
၄။ ကျောင်းအပ်ခက တစ်နှစ်လုံးစာလား?? အဲ့ထဲမှာ စာအုပ်ဖိုး ဘာညာရော ပါသလား??🙈✨
ကျောင်းက semအလိုက် ခွဲအပ်ရတာပါရှင့်🎉
တစ်semချင်းစီ ကျောင်းအပ်ခကတော့ မတူပါဘူးရှင့်✨
ကျောင်းအပ်ခထဲမှာစာအုပ်ဖိုး မပါပါဘူးရှင့်
စာအုပ်ဖိုးက အတန်းတက်မှ မေဂျာအလိုက် ရောင်းပါတယ်ရှင့်
ကျောင်းသားကဒ်ကလည်း first semမှာပဲ ပေးပါတယ်ရှင့် အဲ့ဖိုးကလည်း သပ်"ပေးရတာပါရှင့်
၅။ ကျောင်းကို ဘောင်းဘီနဲ့လာလို့ရလား??
🧍🧍♀️??
အဖြေကတော့ မရပါဘူးရှင့်🙅
ကျောင်းရဲ့ dress code က မြန်မာအင်္ကျီပါရှင့်
ယောက်ျားလေးဆို ပုဆိုးနဲ့
မိန်းကလေးဆို ထဘီနဲ့ပါရှင့်
💥ဒီမှာ ထပ်သိထားရမှာက လက်ပြတ်၊ဂျိုင်းပြတ်၊ရင်ဟိုက်တာ ၀တ်လို့မရပါဘူးရှင့်
၅။ ဆံပင်ဆေးဆိုးလို့ရလား??
မရပါဘူးရှင့် 🙅♀️
ဆံပင်ဆေးဆိုးထားတယ်ဆို အမဲပြန်ပြောင်းဆိုးပေးဖို့ ပြောပါတယ်ရှင့် 🗣️
၆။ ကျောင်းဘယ်နေ့ စတက်ရမှာလဲ??🤷♀️
နို၀င်ဘာ ၂၄ရက်ကနေစပြီး ကျောင်းစတက်ရမှာပါရှင့်🙆♀️💞
အဲ့ဒီတော့ နို၀င်ဘာ(၂၄)မှာ စစုံကြပါမယ်ရှင့် 🤗💞
အားလုံးပဲ ဖိုက်တင်းပါ🥳🎉
Category
Address
Yangon
Alerts
Be the first to know and let us send you an email when Be-THiuM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.