K One Tips
ယူဆာအကျိုးပြု သုံးသပ်ချက်များကိုတင်ဆက်သွားပါမည်
06/05/2026
မနေ့ညတုန်းက အာဆင်နယ်အသင်းရဲ့ပရိသတ်တချို့ဟာ တစ်ဂိုးအသာနဲ့အနိူင်ရနေတဲ့အချိန်မှာ ပွဲအမြန်ဆုံးပြီးဖို့ရာအတွက် ရင်ခုန်တုန်လှုပ်ခြင်းများစွာနဲ့ ဖြစ်စဉ်ပါ။ ဒီလိုဖြစ်ရခြင်းမှာ အိပ်မက်တွေ၊ မျှော်လင့်ခြင်းတွေ၊ နာကျည်းခြင်းတွေ၊ ငိုကြွေးခြင်းတွေ၊ အရှက်တကွဲလှောင်ပြောင်ခံရမှုတွေ၊ လဲပြိုခြင်းတွေ ကို အချိန်ရဲ့တပြေးညီတိုက်စားခြင်းခံလိုက်ရတဲ့ ဘဝတွေရှိပါတယ်။ ဟုတ်တယ် မြောက်လန်ဒန်ဟာ မှောင်မိုက်အတိဖုံးလွှမ်းခံခဲ့ရတယ်။ ဂန်းနားတို့ “အနှစ်(၂၀)ထိကြာအောင့်စောင့်ခဲ့ရတာ ရောက်ရှိလာပြီပဲဟေ့” ဆိုပြီး မျက်ရည်တွေကျခဲ့ရတဲ့ ညတစ်ညပါ။ နောက်ဆုံးဆိုက်ကပ်ရမယ့်ဘူတာဟာ "ဘူဒါပက်စ်" ပါ။
26/03/2026
ခံစစ်မာတဲ့ အသင်းတွေမို့ အခုပွဲက ဂိုးအောက် အားကောင်းနေတယ်
အီတလီ - မြောက်အိုင်ယာလန်
သောကြာနေ့အပိုင်တစ်ကွက်ကို ကမ္ဘာ့ဖလားခြေစစ်ပွဲ (ဥရောပဇုန်) play-off ပွဲစဥ်ဖြစ်တဲ့ အီတလီ -မြောက်အိုင်ယာလန် ပွဲကနေ ရွေးချယ်ပေးချင်ပါတယ်၊၊
အီတလီက လတ်တေလာ တိုက်စစ်ပိုင်းမှာ ထင်ထင်ရှားရှား အားကိုးရမယ့်သူမျိုး မတွေ့ရပါဘူး၊၊ အက်စ်ပိုဆီတို၊ ရက်စ်ပါဒိုရီနဲ့ ရီတီဂူတို့က တကယ့်အရေးအကြောင်းဆို ကြောင်ပျောက်သွားတာ နော်ဝေကိုရှုံးခဲ့တဲ့ပွဲမှာ သိသိသာသာတွေ့ခဲ့ရပါတယ်၊၊
ဒါကြောင့် အခုပွဲမှာလည်း ခံစစ်မာတဲ့ မြောက်အိုင်ယာလန်ကိုထိုးဖောက်ဖို့ ခက်ခဲနိုင်ပါတယ်၊၊
မြောက်အိုင်ယာလန်ကတော့ အခုပွဲမှာ အီတလီကို ခံစစ်အသေပိတ်ပြီး တန်ပြန်တိုက်စစ်တွေနဲ့သာ ရင်ဆိုင်မှာ အသေအချာပါပဲ၊၊
လတ်တလောမှာလည်း ခံစစ်ပိုင်းစွမ်းဆောင်ရည်ကောင်းနေပြီး နောက်ဆုံး ၄ပွဲဆက်လည်း ဂိုးအောက်ဝင်ခဲ့တာပါ၊၊ အီတလီ အနိုင်ရနိုင်ပေမယ့် ဂိုးများများမတွေ့ရနိုင်သလို ခံစစ်ပိတ်လာမယ့် မြောက်အိုင်ယာလန်ကြောင့်လည်း အခုပွဲက ဂိုးအောက် အားကောင်းနေတယ်လို့ သုံးသပ်မိပါတယ်၊
22/03/2026
ဒီတစ်ပတ်မှာ တနင်္ဂနွေညအတွက် တစ်ကွက်ကောင်းကိုလည်း ပရီးမီးယားလိဂ်က ဆက်ရွေးထားပြီး ဗီလာနဲ့ ဝက်စ်ဟမ်းတို့ရဲ့ပွဲကို သုံးသပ်ကြည့်ချင်ပါတယ်။
ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲဝင်နေတဲ့ အဆင့် ၄ နဲ့ တန်းဆင်းဇုန်တိုက်ပွဲဝင်နေတဲ့ အဆင့် ၁၈ တို့ရဲ့တွေ့ဆုံမှုလို့ ဆိုရင်လည်း မမှားပါဘူး။ ဗီလာက ထိပ်ဆုံး ၄ နေရာထဲ မြဲနေဆဲ ဆိုပေမယ့် နောက်ဆုံးပရီးမီးယားလိဂ် ၇ ပွဲမှာ ၁ ပွဲသာ နိုင်ခဲ့တာပါ။ ဒါ့အပြင် အမ်မရီရဲ့အသင်းဟာ ပရီးမီးယားလိဂ်မှာ ၃ ပွဲဆက်တောင် ရှုံးထားပါတယ်။ ဒီကြားထဲ ယူရိုပါလိဂ်ကန်ရသေးလို့ ဗီလာဟာ ဝက်စ်ဟမ်းလို အင်ပြည့်အားပြည့် ဖြစ်မနေဘူး။
ဝက်စ်ဟမ်းကတော့ လက်ရှိအချိန်မှာ ရုန်းအား အတော်လေး ကောင်းနေတာပါ။ ဟမ်းမားတွေဟာ ပြီးခဲ့တဲ့အပတ်တုန်းကဆို မန်စီးတီးကို သရေကန်နိုင်ခဲ့တယ်။ နောက်ဆုံးပရီးမီးယားလိဂ် ၉ ပွဲမှာဆို အသင်းကြီးတွေဖြစ်တဲ့ လီဗာပူးနဲ့ ချဲလ်ဆီးတို့ကိုပဲ ဝက်စ်ဟမ်း ရှုံးခဲ့တာပါ။ ဒါ့အပြင် ဝက်စ်ဟမ်းဟာ ဗီလာကွင်း သွားကန်တဲ့ နောက်ဆုံးပရီးမီးယားလိဂ် ၇ ပွဲမှာလည်း ၁ ပွဲသာ ရှုံးခဲ့ပါတယ်။
ဒါကြောင့်မို့လည်း ဗီလာရဲ့အကျောပေးမှုဟာ စတင်ဈေး ၁+၇၀ ကနေ =၁၀၀ ကို ကျသွားတာပါ။ အဲဒီအတွက် တနင်္ဂနွေညအတွက် တစ်ကွက်ကောင်းအဖြစ် ဗီလာပါ့ခ်မှာ အမှတ်ခွဲယူနိုင်တဲ့ လန်ဒန်သားတွေကို ရွေးချယ်ပေးလိုက်ပါတယ်။
ရွေးချယ်မှု - ဝက်စ်ဟမ်း
21/03/2026
ONE SHOT/ONE TARGET ဆိုတာ ဖွင့်လှစ်မှုနဲ့ ခြေစွမ်းအရ ဖြစ်နိုင်ခြေအရှိဆုံး ပစ်မှတ်ပွဲတစ်ပွဲကို ရွေးထုတ်တဲ့အစီအစဉ်လေးပါ။
ဒီတစ်ပတ်မှာ စနေညအတွက် တစ်ကွက်ကောင်းကို ပရီးမီးယားလိဂ်က ရွေးချယ်ထားပြီး ဘရိုက်တန်နဲ့ လီဗာပူးတို့ရဲ့ပွဲကို သုံးသပ်ကြည့်ချင်ပါတယ်။
၉ မှတ်ကွာ အဆင့် ၁၂ နဲ့ အဆင့် ၅ တို့ရဲ့တွေ့ဆုံမှုလို့ ဆိုရင်လည်း မမှားပါဘူး။ နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲနိုင်ပြီး အာဆင်နယ်နဲ့တစ်ပွဲသာ ရှုံးခဲ့တဲ့ ဘရိုက်တန်ကတော့လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပါတယ်။
ဒါတောင် ရှုံးခဲ့တဲ့ အာဆင်နယ်နဲ့ပွဲမှာ သူတို့က အသားစီးကစားနိုင်ခဲ့တာပါ။
လီဗာပူးကတော့ ဘရိုက်တန်ကို အာဆင်နယ်လို ခပ်ကျစ်ကျစ် ရင်ဆိုင်မှာ မဟုတ်ပါဘူး။ သူတို့ထုံးစံအတိုင်း လီဗာပူးက ဂိုးစရရ၊မရရ ဘရိုက်တန်ကို တိုက်နေမှာပါ။
ချန်ပီယံလိဂ်မှာ ကွာတားတက်သွားပေမယ့် လီဗာပူးရဲ့ဒီရာသီအဝေးကွင်းခြေကတော့ ယုံကြည်လို့ မရပါဘူး။ လီဗာပူးရဲ့နောက်ဆုံး ၆ ပွဲမှာတော့ ၄ ပွဲက နှစ်ဖက်သွင်းဂိုး ၃ ဂိုးနဲ့အထက် ရှိထားတယ်။
နောက်ဆုံး ၅ ပွဲမှာ အာဆင်နယ်နဲ့ တစ်ပွဲပဲ မသွင်းနိုင်ခဲ့တဲ့ ဘရိုက်တန်ကလည်း ဂိုးသွင်းခြေမှန်နေတာပါ။
အစဉ်အလာအရလည်း ဘရိုက်တန်နဲ့လီဗာပူးတို့ရဲ့နောက်ဆုံးတွေ့ဆုံမှု ၁၀ ပွဲမှာ ၉ ပွဲက နှစ်ဖက်သွင်းဂိုး ၃ ဂိုးနဲ့အထက် ရှိခဲ့တယ်။
၃+၅၀ ဆိုတဲ့ ဂိုးပေါင်းဈေးကလည်း မနိမ့်တာကြောင့် စနေညအတွက် တစ်ကွက်ကောင်းအဖြစ် ဘရိုက်တန်ဂိုးပေါ်ကို ရွေးချယ်ပေးလိုက်တာပါ။
ရွေးချယ်မှု - ဘရိုက်တန်ဂိုးပေါ်
20/03/2026
လန်းစ်-အန်ဂါးစ်
သောကြာ(ည ၂း၁၅နာရီ)
သောကြာနေ့အပိုင်တစ်ကွက်ကို ပြင်သစ်လီဂူးပွဲစဥ်ဖြစ်တဲ့ လန်းစ်-အန်ဂါးစ် ပွဲကနေ ရွေးချယ်ပေးချင်ပါတယ်၊၊
ပီအက်စ်ဂျီကို အကောင်းဆုံးဖိအားပေးထားနိုင်ဖို့ဆိုရင် လက်ကျန်ပွဲတွေမှာ လန်းစ် လုံးဝမှားလို့မရပါဘူး၊၊
အထူးသဖြင့်အခုလို အိမ်ကွင်းပွဲမှာ ရနိုင်သလောက်အမှတ်တွေ သိမ်းကြုံးယူရမှာမို့ ဇယားအလယ်နားက အန်းဂါးစ်ကိုလည်း ဖိဖိစီးစီးနဲ့ အသာစီးယူကစားပြလာဦးမှာပါ၊၊
အန်ဂါးစ်က လတ်တလောတိုက်စစ်အားကျနေပြီး နောက်ဆုံး ၅ပွဲမှာ ၄ပွဲအထိရှုံးခဲ့သလို ရဂိုးစုစုပေါင်းကလည်း ၁ဂိုးသာရှိခဲ့ပါတယ်၊၊
အခုလိုအနေအထားနဲ့တော့ လန်းစ်ကွင်းမှာ ဂိုးပြတ်မရှုံးအောင်သာ ခံကန်ရနိုင်ပါတယ်၊၊
ဒီရာသီအိမ်ကွင်းခြေစွမ်းအကောင်းဆုံးပုံစံရှိတဲ့ လန်းစ်ပဲ အနိမ့်ဆုံး ၂ဂိုးပြတ် နိုင်ပွဲရယူသွားပါလိမ့်မယ်၊၊
Choice- လန်းစ်
17/03/2026
မန်စီးတီး-ရီးရဲလ်
အင်္ဂါနေ့အပိုင်တစ်ကွက်ကို ချန်ပီယံလိဂ်ပွဲစဥ်ဖြစ်တဲ့ မန်စီးတီး-ရီးရဲလ် ပွဲကနေ ရွေးချယ်ပေးချင်ပါတယ်၊၊
ပထမအကျော့ ရီးရဲလ်ကွင်းမှာ ခံစစ်အမှားတွေကြောင့် ၃-၀ နဲ့ မန်စီးတီးကျခဲ့ပါတယ်၊၊ ဒါကြောင့် အခုပွဲမှာ တိုက်စစ်ပြီး တိုက်စစ်ဆိုတဲ့ ကစားကွက်ကို နည်းပြဂွါဒီယိုလာ ထုတ်သုံးလာတော့မှာပါ၊၊
ဟာလန်း၊ ဆီမီညိုတို့ကလည်း ပထမအကျော့က အမှားတွေကို သင်ခန်းစာယူပြီး အိမ်ကွင်းမှာ ခြေစွမ်းပြဖို့ အထူးပြင်ဆင်လာမှာပါ၊၊
ရီးရဲလ်ကလည်း အဝေးကွင်းဆို ဂိုးပေးကြမ်းတာ အားလုံးအသိပါပဲ၊၊ မီလီတာအို မပါနိုင်သေးသလို ဟုဂျ်ဆန်ကလည်း ဖျက်ထုတ်ပုံတွေ အမှားများတာမို့ မန်စီးတီးတိုက်စစ်ကို ပွဲချိန်ပြည့်ထိန်းဖို့ မလွယ်နိုင်ပါဘူး၊၊
အခု အိမ်ကွင်းမှာတော့ မန်စီးတီးအနိုင်သေချာပြီး ဂိုးပြတ်၊ မပြတ်သာ စောင့်ကြည့်ရမယ်လို့ သုံးသပ်မိပါတယ်၊၊
အင်္ဂါ Choice - မန်စီးတီး
15/03/2026
မန်ယူ - ဗီလာ
နယူးကာဆယ်နဲ့ပွဲမှာ ရှုံးပွဲစပါပြီ။ ပေါလ်စခိုးလ် ပြောတာ မမှားဘူး။ နောက်ဆုံး ၄ ပွဲမှာ မန်ယူခြေစွမ်းညံ့နေတာ အမှန်ပဲ။
နိုင်ခဲ့တဲ့ အဲဗာတန်ကွင်းမှာ၊ ပဲလေ့စ်ကို ၁ ယောက် အသာနဲ့ နိုင်ခဲ့တာတွေကလည်း ကံကောင်းလို့ ပြောရမယ်။
အခု နယူးကာဆယ်ထက် ပိုကောင်းနေတဲ့ ဗီလာနဲ့မှာ ကာရစ် စာမေးပွဲ အစစ်ခံရပြီ။
ပြီးတော့ ချန်ပီယံလိဂ်ဝင်ခွင့်ပြိုင်ဘက်ဖြစ်နေတော့ ပိုအရေးကြီးတယ်။ တစ်ခုပဲ၊ ဗီလာက ကြားရက် ချန်ပီယံလိဂ်ပွဲပန်းထားချိန်မှာ မန်ယူကတော့ တစ်ပတ်လုံးလုံး အနားရထားတယ်။
ကစားသမား အင်အားချင်း တူညီတယ် ဆိုတောင် မန်ယူအတွက် ဒီအချက်က အသုံးချစရာပါ။ အိမ်ကွင်းလည်း ဖြစ်နေတယ်။
ပြောလို့သာပြောတာ၊ ဗီလာကလည်း ခြေစွမ်းညံ့နေချိန်ခါဖြစ်ပြီး လိုင်လီကွင်းမှာမနိုင်ခင် ရှေ့မှာ ချဲလ်ဆီးနဲ့ ဝုဗ်ကိုရှုံးပြီး လိဒ်စ်ကို သရေကျခဲ့တယ်။
အက်ဖ်အေကနေလည်း ထွက်လိုက်ရလို့ အကျဘက်ရောက်နေတဲ့ ဗီလာကို မန်ယူ နိုင်သင့်ပါတယ်။
14/03/2026
ဒီတစ်ပတ်မှာ စနေညအတွက် တစ်ကွက်ကောင်းကို စီးရီးအေက ရွေးချယ်ထားပြီး အင်တာမီလန်နဲ့ အတ္တလန္တာတို့ရဲ့ပွဲကို သုံးသပ်ကြည့်ချင်ပါတယ်။
အမှတ်ပေးဇယားဦးဆောင်သူနဲ့ အဆင့် ၇ တို့ရဲ့တွေ့ဆုံမှုလို့ ဆိုရင်လည်း မမှားပါဘူး။ ပြီးခဲ့တဲ့အပတ်တုန်းက မီလန်ဒါဘီအရှုံးနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အင်တာဟာ ဇယားထိပ်မှာ ၇ မှတ်ဖြတ် ဦးဆောင်နေဆဲပါ။
ချန်ပီယံလိဂ်က ထွက်ခဲ့ရပြီမို့ စီးရီးအေမှာ ချန်ပီယံဖြစ်ရေးဟာ သူတို့အတွက် ပိုပြီးတော့လည်း အရေးပါသွားတယ်။ လက်ရှိမှာလည်း အင်တာဟာ နောက်ဆုံးစီးရီးအေအိမ်ကွင်း ၇ ပွဲမှာ ၆ ပွဲနိုင်ထားတာပါ။
တစ်ဖက်မှာ အတ္တလန္တာကတော့ ချန်ပီယံလိဂ်က ထွက်ရတော့မယ့် အခြေအနေ ရောက်နေသလို စီးရီးအေမှာလည်း ရလဒ်ယိမ်းယိုင်လာတယ်။ အတ္တလန္တာဟာ ပြိုင်ပွဲစုံနောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲပျောက်ခဲ့တာပါ။
ဒါ့အပြင် အတ္တလန္တာခံစစ်ဟာ နောက်ဆုံးအဝေးကွင်း ၃ ပွဲစလုံးမှာ ၂ ဂိုးစီ ပေးခဲ့ရပါတယ်။ တွေ့ဆုံမှုအစဉ်အလာကို ကြည့်မယ်ဆိုရင်လည်း အတ္တလန္တာဟာ အင်တာရဲ့ငယ်နိုင်လို ဖြစ်ခဲ့တာပါ။
အတ္တလန္တာနဲ့ နောက်ဆုံးတွေ့ဆုံမှု ၉ ပွဲစလုံးမှာ အင်တာ နိုင်ခဲ့တာ ဖြစ်ပါတယ်။လောလောဆယ်တော့ အင်တာရဲ့အကျောပေးမှုဟာ မူလ ၁+၅၀ ကနေ ၁= အထိ မြင့်တက်လာတာပါ။
ဒါကြောင့် စနေညအတွက် တစ်ကွက်ကောင်းအဖြစ် မီလန်ဒါဘီအရှုံးကနေ ရုန်းထမယ့် အင်တာကို ရွေးချယ်ပေးလိုက်ပါတယ်။
ရွေးချယ်မှု - အင်တာမီလန်
တချို့နေ့တွေမှာ Facebook မှာ မတင်ဆက်ပေမယ့် Telegram မှာနေ့စဉ် တင်ဆက်ပေးနေတာမို့ Channel လေးကို Join ထားပေးပါဗျ
https://t.me/konetips2
11/03/2026
ဘိုဒိုဂလင့် နှင့် စပို့တင်း(ည ၂း၃၀)
နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ် ၄ ပွဲမှာ အင်တာ(နှစ်ကျော့စလုံး)၊ အက်သလက်တီကိုနဲ့ မန်စီးတီးတို့ကို ဆက်တိုက်အနိုင်ရခဲ့တဲ့ ဘိုဒိုဂလင့်ရဲ့စွမ်းဆောင်မှုက မယုံနိုင်စရာတောင် ကောင်းပါတယ်။
နော်ဝေချန်ပီယံဟာ ဒီရာသီ ချန်ပီယံလိဂ်က အိမ်ကွင်း ၄ ပွဲစလုံးမှာလည်း အနိမ့်ဆုံး ၂ ဂိုးနှုန်းသွင်းနိုင်ခဲ့ပြီး အဲဒီထဲမှာ ဂျူဗင်တပ်နဲ့တစ်ပွဲပဲ ရှုံးခဲ့တာပါ။
ဒါ့အပြင် ဘိုဒိုဂလင့်ဟာ မြက်ခင်းတုကွင်းအားကိုးနဲ့ သူတို့အိမ်ကွင်းမှာ အသင်းတိုင်းကို ဒုက္ခပေးနိုင်နေတယ်။ စပို့တင်းကတော့ ဒီရာသီ ချန်ပီယံလိဂ်က အဝေးကွင်း ၄ ပွဲမှာ ၁ ပွဲသာ နိုင်ခဲ့တာပါ။
ဒဲ့ဆိုတဲ့ ဖွင့်လှစ်မှုမှာ နော်ဝေသားတွေရဲ့အိမ်ကွင်းအစွမ်းကိုရဲရဲသာ ယုံလိုက်။
ရွေးချယ်မှု- ဘိုဒိုဂလင့်
တချို့နေ့တွေမှာ Facebook မှာ မတင်ဆက်ပေမယ့် Telegram မှာနေ့စဉ် တင်ဆက်ပေးနေတာမို့ Channel လေးကို Join ထားပေးပါဗျ
https://t.me/konetips2
08/03/2026
ဒီတစ်ပတ်မှာ တနင်္ဂနွေညအတွက် တစ်ကွက်ကောင်းကို စီးရီးအေက ရွေးချယ်ထားပြီး ဘိုလော့ဂ်နာနဲ့ ဗီရိုနာတို့ရဲ့ပွဲကို သုံးသပ်ကြည့်ချင်ပါတယ်။
အဆင့် ၈ နဲ့ ဇယားအောက်ခြေအသင်းတို့ရဲ့တွေ့ဆုံမှုလို့ ဆိုရင်လည်း မမှားပါဘူး။ ဘိုလော့ဂ်နာက ပြိုင်ပွဲစုံ ၅ ပွဲဆက်အနိုင်နဲ့အတူ ပုံစံကောင်းပြန်ရနေတာပါ။
စီးရီးအေမှာဆို ဘိုလော့ဂ်နာဟာ ၃ ပွဲဆက် နိုင်ထားတာ ဖြစ်ပါတယ်။ အဲဒီအရှိန်ကို ဆက်ထိန်းနိုင်မှသာ သူတို့အတွက် ဥရောပဝင်ခွင့်မျှော်လင့်ချက်ရှိမှာပါ။
ဒီရာသီ စီးရီးအေမှာတော့ ဘိုလော့ဂ်နာဟာ ဇယားအောက်ဆုံးနားအသင်းတွေနဲ့ဆို ဂိုးသွင်းခြေစွမ်းပြတတ်ပါတယ်။ အခုရာသီ အောက်ဆုံး ၅ သင်းနဲ့ တွေ့ဆုံခဲ့တဲ့ ၇ ပွဲစလုံးမှာ သူတို့ အနိမ့်ဆုံး ၂ ဂိုးနှုန်း သွင်းနိုင်ခဲ့တာပါ။
ဗီရိုနာကတော့ နောက်ဆုံးစီးရီးအေ ၉ ပွဲမှာ ၇ ပွဲအရှုံးနဲ့ အတော်အခြေအနေဆိုးနေပါတယ်။ အဝေးကွင်းဆို ဗီရိုနာခံစစ်က ပိုဆိုးပြီး နောက်ဆုံးအဝေးကွင်း ၃ ပွဲမှာ စုစုပေါင်း ၉ ဂိုးပေးခဲ့ရတာပါ။ head-to-head ကြည့်တော့လည်း နောက်ဆုံးတွေ့ဆုံမှု ၅ ပွဲမှာ ဘိုလော့ဂ်နာ ၄ ပွဲနိုင်ထားတယ်။
၁+၁၅ ဆိုတဲ့ ဘော်ဒီဈေးကလည်း မနိမ့်တာကြောင့် တနင်္ဂနွေညအတွက် တစ်ကွက်ကောင်း
အဖြစ် ဘိုလော့ဂ်နာဘော်ဒီကို ရွေးချယ်ပေးလိုက်တာပါ။
ရွေးချယ်မှု - ဘိုလော့ဂ်နာ
Category
Website
Address
11011